Pages

Saturday, August 11, 2012

မုဒိန်းမှုကျူးလွန်ခံခဲ့ရတဲ့ အပြစ်မဲ့တဲ့ပန်းလေးများအတွက်

Jul 6, '12 4:16 PM
for everyone
ခေတ်စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ  ၀တ်စားဆင်ယင်မှုတွေ ပြောင်းလဲလာတယ်
အတွေးအခေါ်တွေ ပြောင်းလဲလာတယ် နည်းပညာတွေ တိုးတက်ပြောင်းလဲလာတယ်
စာပေယဉ်ကျေးမှု လူတွေနေထိုင်မှုပြုမူပြောဆိုမှုတွေပြောင်းလဲလာတယ်

စိတ်ဓါတ် အတွေးအခေါ် ၀တ်ဆင်မှု နည်းပညာ စာပေ ယဉ်ကျေးမှု
ပြောင်းလဲပြီး ဥာဏ်ပညာ ရင့်သန်လာ
တာနဲ့အမျှ လူနေမှုစနစ် အဆင့်အတန်း မြင့်မားလာပါတယ်
အလွယ်တကူ စားသောက်ဖို့ ကြည့်ရှုဖို့တွေ လွန်စွာမှလွယ်ကူလာပါတယ်
နည်းပညာများနဲ့အသင့်အလွယ်တကူ စားသောက်ရအောင် တခါထဲ အဆင်သင့် စားသုံးသော စားသောက်ကုန်များထဲတွင် စားသုံးလာတာ များလာတာနဲ့
အမျှ  ကျန်းမာရေးကို ထိခိုက်စေပြီး မထင်မှတ်သော ရောဂါဝေဒနာများ ရရှိစေပါတယ်
အချို့အဆင်သင့်စားသောက်ကုန်များဟာ သန့်ရှင်းပြီး အဟာရကိုရရှိစေသလို
အချို့အဆင်သင့် စားသောက်ကုန်များဟာ ရေရှည်စားသုံးသူ လူတွေရဲ့ကျန်းမာရေးကို ဆိုးရွားစွာ ဒုက္ခပေးတတ်ပါတယ်
ထို့အတူပဲ အလွယ်တကူ ကြည့်ရှုဖို့တွေလွယ်ကူလာတာနဲ့အမှ
ျ တချို့ ကြည့်ရှုတာတွေဟာ  လူသားတွေကို  အတတ်ပညာ နည်းပညာ တွေးခေါ်မှု
ယဉ်ကျေးမှုတွေ အတုယူပြီး တိုးတက်ထွန်းကား လာစေသလို
တဖန် အလွယ်တကူ ကြည့်ရှုဖို့တွေလွယ်ကူလာတာနဲ့အမျှ တချို့ကြည့်ရှုတာတွေဟာ
အတုယူမှားပြီး မကောင်းသောဖက်ကိုပို့ဆောင်ပေြး
ပီး လူသားတွေအတွက် အဆိပ်ဖြစ်စေပါတယ်  မောင်နဲ့နှမ  အမိနဲ့သား ပတ်ဝန်းကျင်ကို  ရိုသေလေးစားမှုတွေ
ပျောက်ကွယ်သွားစေရုံမျှမကပဲ ရိုင်းစိုင်းစွာ ပြောဆိုခြင်း ရိုင်းစိုင်းစွာပြုမူ နေထိုင်ခြင်းတွေကို  ဖြစ်ပေါ်စေပါတယ်

ခေတ်နဲ့အညီ ကြည့်ရှု ၀တ်စားဆင်ယင်ခြင်းတွေ နိုင်ငံတကာ အဆင့်မှီဝတ်စားတတ်

ကြည့်ရှုတတ်လာတာနဲ့အမျှ မုဒိမ်းမှုတွေကို ကျူးလွန်ဖို့ဖြစ်ပေါ်လာစေပါတယ်
အရွယ်မရောက်သေးသော ကလေးသူငယ်များမှအစ  အရွယ်ရောက်သောသူများ
အရွယ်လွန်သောလူကြီးများ အထိမုဒိမ်းမှုများကိုပေါ်ပေါက်လာ
စေပါတယ်

မြိုကရွာအနှံ့အပြားမှာ စိတ်ဆန္ဒကိုထကြွစေသောပုံများ ဇာတ်ကားများ ညစ်ညမ်း

စာပေများ ၀တ်စားဆင်ယင်မှုများကိုကြည့်ရြှု
ပီး
လူစစ်စစ်မှ   တိရစ္ဆာန်စိတ် အသွင်ကူးပြောင်းပြီး ကာမရာဂကို မထိန်းသိမ်းနိုင်ပဲ

နှမသားခြင်း စာနာမှုကင်းမဲ့စွာ မုဒိန်းမှုတွေ ကျူးလွန်စော်ကားခဲ့ပြီး
မုဒိန်းသမားတချို့ဟာ သတ်ဖြတ်တဲ့အထိပြုမှု လုပ်ဆောင်ကြတယ်
မုဒိန်းမှုကျူးလွန်ခဲခဲ့ရတဲ့  အရွယ်မရောက်သေးသော ကလေးသူငယ်များ အရွယ်ရောက်သူများဟာ အလွန်အင်မတန်မှသနားစရာကောင်းပါ
တယ်
 သူတို့၏ မိဘ မောင်နှမ ဆွေမျိုးသားခြင်းများဟာလည်း
သူတို့အတွက် စိတ်ထိခိုက်ကြေကွဲကြရပါတယ်
ပြစ်မှုကျူးလွန်သူကတော့  သူကျူးလွန်တဲ့ အပြစ်အတွက်  ဥပဒေကချမှတ် ပေးသလောက်
  အချိန်ကာလသာ ပေးဆပ်ကြရပေမဲ့
မုဒိန်းမှုကျူးလွန်ခံခဲ့ရတဲ့ အပြစ်မဲ့တဲ့ပန်းလေးများဟာ အသက်ရှင်သမျှကာလပတ်လုံး

 စိတ်ဒဏ်ရာ အနာတရ စိတ်နာကျင်မှု တွေနဲ့ လူလောကမှာ နေထိုင်ရှင်သန်ကြရင်း
သေသည့်အထိစိတ်ဒဏ်ရာတွေနဲ့နြေ
ကရပါတယ်
တချို့ မုဒိန်းသမားများဟာ ကျူးလွန်ယုံမျှမကပဲ ပစ္စည်းယူ လူပါသတ် ထားခဲ့ကြတဲ့အတွက်
သူတို့ကိုဒေါသထွက်  ပြစ်မှုကျူးလွန်သူအတွက် တရားဥပဒေက အမိန်ချမှတ်ချိန်အထိ မစောင့်စားနိုင်ကြပဲ  စိတ်လိုက်မာန်ပါ  တစ်ဖက်နှင့်တစ်ဖက် အခြင်းများပြီး မထင်မှတ်သောပြသနာများကြီးထွားလာစေပါတယ်

ဒါကြောင့်မြို့ရွာ  တိုင်းပြည့်အနှံ့  အတုယူမှားပြီး

မကောင်းသောဖက်ကိုပို့ဆောင်ပေးေ
သာ အညီအဟောက် ညစ်ညမ်းကားများ
ကြည့်ရှုခြင်းနှင့် အညီအဟောက် ညစ်ညမ်းစာပေများ
မလုံတလုံ မပေါ်တပေါ် ၀တ်စားဆင်ယင်မှုများ ကိုအတတ်နိုင်ဆုံးထိန်းသိမ်း
ရှောင်ရှားကြပြီး
လူလောကမှာ အဖိုးတန်လူသားများ အဖြစ်နေထိုင် လုပ်ကိုင်ပြုမှုပြောဆို ထိန်းသိမ်းပြီး
လူသားအခြင်းခြင်းစောင့်ရှောက်နိ
ုင်ကြပါစေ
တိုင်းပြည်မြို့ရွာကျေးလက်ပါမကျ
န်ရောင်းဝယ်ဖောက်ကားနေသည့်
မြန်မာပြည်မှ ညစ်ညမ်းအခွေများ  ပုံများပါမက နိုင်ငံတကာ မှလာသော
ညစ်ညမ်းအခွေများ ပုံများ ရောင်းချခြင်းကို  ထိရောက်စွာ တားမြစ်သင့်သည်
တိုင်းပြည်မြို့ရွာ ကျေးလက်ပါမကျန်
ပြသသည့်ဆိုင်များကိုလည်း ထိရောက်စွာ အရေးယူ ပိတ်ပင် တားဆီး ထိန်းသိမ်း သင့်သည်  အင်တာနက်သုံးနေချိန်များတွင်လဲ မိမိအကောင့်ထဲမှ မိုက်ရိုင်းစွာ
ညစ်ညမ်းစွာ တင်ထားသောပုံများတွေ့ရှိပါကလဲ သတိပေးအသိပေးပြုပြင် ဆုံးမပေးပါ
အင်တာနက်ဆိုင်များတွင်လည်း ညစ်ညမ်းကားများ ပုံများကြည့်ရှုခြင်းကို တတ်နိုင်သလောက် တားမြစ်ပေးပါ
ညစ်ညမ်းစာပေများတင်ခြင်း ညစ်ညမ်းသောပုံများ ဇာတ်ကားများ  ရောင်းချသောဆိုင်များ  ညစ်ညမ်းစာပေများ  ညစ်ညမ်းသောပုံများ ဘလောခ်ဆိုဒ်များကိုလည်း  တတ်နိုင်သောဖက်မှနေ
သတိပေး အသိပေး၍ တားဆီး ထိန်းသိမ်းခြင်းများ ပြုလုပ်ပေးနိုင်ကြပါစေ ....
 မုဒိမ်းမှုများ ကင်းဝေးအောင် မိမိတတ်နိုင်သည့်ဖက်မှ
 အရွယ်ရောက်သူ အရွယ်မရောက်သူ မိတ်ဆွေ အပေါင်းအသင်း
အမျိုးသားများအား ဆုံးမပဲ့ပြင် အသိပေးကာကွယ် စောင်ရှောက်ပေးနိုင်ကြပါစေ

Photobucket

မဖူးခင်ချွေ  မငုံခင်နမ်း
အပြစ်မဲ့ ပန်း
နေထိတော့ မလန်း
စိတ်ဒဏ်ရာ ရင်ဝယ်ပွေ့ပိုက်
အဆိပ်မိတဲ့ သားကောင်ပမာ
  အပြစ်မဲ့ပန်းများ နွမ်းကြေကျရှာ

0 comments:

Post a Comment