Pages

Tuesday, August 28, 2012

♥ငရဲ ဓားထမ်း စောင့်နေသည်♥





♥ငရဲ ဓားထမ်း စောင့်နေသည်♥
လူဘုံကာမ လောကတွင်းမှာ
ပိုးထိုး လောက်ကိုက် ကာမ အမှောင်တိုက်
သူကျော် ငါ့နင်း အပါယ်ဘုံအတွင်း
လောကီအလုပ် အစုပ်အနုတ် ဒီအထုတ်ကို
ပြုံးပျော်မြူးထူး ကာမဘုံတွင်း လှည့်လည်ရင်းပေါ့
သူဗိုလ်ငါလုပ် ငါ့ဗိုလ်သူလုပ်
ကြီးနိုင်ငယ်ညှင်း သတ္တ၀ါ အခြင်းခြင်း
အာရုံကျရာ ကျက်စား နေထိုင်
လူ့ဘလချာ လူ့ငနာတို့
မယားဝရေး သားသမီးအရေး ဆွေမျိုးအတွက်
ဘယ်သူကိုမှ မငဲ့ကွက်ပါ
သေမည့်ရက်လဲ မကြည့်တတ်ပါ မသိတတ်စွာ
သားစဉ်မြေးဆက် တစ်ဝမ်း အပြင်အထုတ်ဆင်လို့
ဘယ်သူ့ဘယ်လို ညစ် ဘယ်သူ့ဘယ်လိုပြစ်
သူရှိသည်ကားလူရွာညစ်၏
နောင်မှနောင်တ ရမည်မထင် ငရဲသွားဖို့သူကပြင်
ဘယ်လိုစကား ဘယ်လိုသူထား
လူပြည်နတ်ရွာ လက်မခံပါ
လူငနွားများသွားရာ လမ်းကား
ငရဲ ဓားထမ်း စောင့်နေသည်.....


10 CommentsChronological   Reverse   Threaded

nyeinsoeoo wrote on Dec 14, '11
နောင်မှနောင်တ ရမည်မထင် ငရဲသွားဖို့သူကပြင် ... ( အမှန်ပါ မမရေ ... )

yinminkhine wrote on Dec 14, '11
နောင်မှနောင်တ ရမည်မထင် ငရဲသွားဖို့သူကပြင် ... ( အမှန်ပါ မမရေ ... )
လူ ဆိုရင်တော့ အမှန်တရား သိပါတယ် ဆရာရယ်....

ကျေးဇူးတင်စွာဖြင့် လေးစားနေပါတယ်

ဆရာကျန်းမာပျော်ရွှင်ပါစေ

thitauu wrote on Dec 14, '11
ဖတ်သွားပါတယ်....

yinminkhine wrote on Dec 14, '11
thitauu said
ဖတ်သွားပါတယ်....
ကျေးကျေးညီမလေး

generalzinminko wrote on Dec 16, '11
နောင်မှာ ဘာဖြစ်မလည်းဆိုတာသိလည်းသိကြတယ် ...
ဒါပေမဲ့ ဒီလောကမှာကိုက မမပြောတဲ့ အကြောင်းအရာတော်တော်များများတွေနဲ့
လူတွေက ကျင်လယ်နေကြတယ်ဗျာ ....

yinminkhine wrote on Dec 16, '11
နောင်မှာ ဘာဖြစ်မလည်းဆိုတာသိလည်းသိကြတယ် ...
ဒါပေမဲ့ ဒီလောကမှာကိုက မမပြောတဲ့ အကြောင်းအရာတော်တော်များများတွေနဲ့
လူတွေက ကျင်လယ်နေကြတယ်ဗျာ ....
မျက်ကန်းတဇ္ဆေ
ဘာဖြစ်ဖြစ်လေ

snowlike wrote on Dec 16, '11
အားပေးခဲ့ပါတယ် မ.မ ရေ...

yinminkhine wrote on Dec 21, '11
snowlike said
အားပေးခဲ့ပါတယ် မ.မ ရေ...
ကျေးကျေးညီမလေး

mizzuri09clysna wrote on Dec 16, '11
သူဗိုလ်ငါလုပ် ငါ့ဗိုလ်သူလုပ်
ကြီးနိုင်ငယ်ညှင်း သတ္တ၀ါ အခြင်းခြင်း
အာရုံကျရာ ကျက်စား နေထိုင်
လူ့ဘလချာ လူ့ငနာတို့
မယားဝရေး သားသမီးအရေး ဆွေမျိုးအတွက်
Go To HELL !!!!!

yinminkhine wrote on Dec 21, '11
Go To HELL !!!!!
သူကျော် ငါ့နင်း အပါယ်ဘုံအတွင်း
လောကီအလုပ် အစုပ်အနုတ် ဒီအထုတ်ကို
ပြုံးပျော်မြူးထူး ကာမဘုံတွင်း လှည့်လည်ရင်းပေါ့
ဘယ်သူကိုမှ မငဲ့ကွက်ပါ
သေမည့်ရက်လဲ မကြည့်တတ်ပါ မသိတတ်စွာ
သားစဉ်မြေးဆက် တစ်ဝမ်း အပြင်အထုတ်ဆင်လို့
ဘယ်သူ့ဘယ်လို ညစ် ဘယ်သူ့ဘယ်လိုပြစ်
သူရှိသည်ကားလူရွာညစ်၏
Add a Comment

   

Viewing History

Viewed 19 times by 12 people, latest on Dec 21, '11
Viewing History
View This Page as Another User

0 comments:

Post a Comment