Pages

Monday, August 13, 2012

ကြောက်တယ် ကြောက်တယ်


.


ကြောက်တယ်
ကြောက်တယ်သီလမြဲတဲ့အမေ့မှာ ဥပုဒ်သီလမယူနိုင်ပါဝါဆိုဝါခေါင် ရေဖောင်ဖောင်အိမ်အောက်မှာ ရေတွေကြီးမျှော့နက်မဲကြီး တွယ်တတ်တယ်ထမင်းထုပ်တောင်မ၀သေးလို့မျှော့ ပြုတ်စားဘို့ ဆင်းဖမ်းမယ်ကယ်မဲ့သူရယ် ကူမဲ့သူရယ်ဘယ်ချိန်လာမလဲ စောင့်နေရတာမောလှတယ်ဝါတွင်း ရောက်ရင်အိမ်ပြင်မိုးဖို့သက်ကယ်ရိတ်လေး ထွက်ကြမယ်တောထဲမှာလေ မြွေနဂါးတဲ့သေနတ်ကြီးတွေ  လွယ်ထားတယ်ကြောက်တယ်ကြောက်တယ်NGO ရယ်အမြန်လာလို့အိမ်မိုးလေးတွေမိုးပေးကွယ်ရွှေသွေးရင်နှစ် မေ့သားချစ်တွေအပေါ်မိုးမလုံ အောက်မိုးစိုလို့ အိပ်ရတယ်ကျန်းမာရေးတွေချို့တဲ့ကြလို့နာဖျားကြတာများနေတယ်ကမ္ဘာ အရပ်ရပ်ရေတွေကြီးတော့ရေဘေးကယ်ဆယ် ကူညီစောင့်ရှောက်အသင်းလေးတွေ ထားပေးကွယ်ဝါဆိုဝါခေါင်ရေတွေကြီးလို့ဝါတွင်းရောက်မှာကြောက်လှတယ်ကြောက်တယ်ကြောက်တယ်.

0 comments:

Post a Comment