Pages

Thursday, August 23, 2012

ပြောပါရစေ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးလည်းပုတ်နေတယ်

http://k0gyi.multiply.com/journal/item/135

စာရေးသူ - ဒီနေရာမှာ ကျနော်ပြောချင်တာက မြန်မာလူမျိုးတစ်ခုကိုပဲ ရည်ရွယ် တာပါ။ (တိုင်းရင်းသားတွေအပါအဝင် မြန်မာနိုင်ငံမှာမွေးဖွားပြီး မြန်မာ လူမျိုးခံယူထားသော တရုတ် ကုလား အားလုံးကို ဆိုလိုပါသည်။) မြန်မာပက်စပိုစ့်ကိုင်ထားသမျှ အားလုံးဟာဘယ်နေရာ ရောက်ရောက် မြန်မာပါပဲ။


ကိုရီး{ကိုကြီး}

{လာရောက်ဖတ်ရှုကြတဲ့ ညီ ညီမငယ်များ စေတနာနှင့် အသိပေးခြင်းဟု မှတ်ယူကြ စေချင်ပါသည်}

ကိုကြီးရေးထားတာမှန်ပါတယ်
မြန်မာ
အမျိုးသမီးကောင်းလေးတွေပါ ဒီလိုမျိုးအမျိုးသမီးတွေကြောင့်
မြန်မာချင်းတွေ့ ရင်တောင် ကိုယ်ကိုမသိသူကိုယ်မသိ လာနုပ်ဆက်ရင်
ရင်းရင်းနှီးနှီး မပြောဖြစ်တော့ပါဘူး မခင်ချင်တော့ ဘူးလေနော်
တော်ကြာလူတန်းစားပေါင်းစုံဆိုတော့

ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုတ်နေကြတော့
အမျိုးကောင်းသမီးတွေက မြန်မာမြန်မာခြင်းတွေ့ လို့ လာနုပ်ဆက်ရင်

အော်မြန်မာမလေးတွေဆိုသူတပါးနိုင်ငံမယ်အကောင်းမမြင်ကြတော့ဘူးဆိုတဲ့ 
အတွေးအခေါ်ဝင်လာပါတယ် ဒါကြောင့်မြန်မာအမျိုးသမီးကောင်းတွေက
မြန်မာချင်းတွေ့ ရင်တောင် အချင်းချင်းမရင်းနှီးချင်ကျတော့ပါဘူး
ကိုယ့်ပတ်ဝန်းကျင်က သူငယ်ချင်းချင်းဘဲခင်တော့ပါတယ်
အမျိုးသမီးကောင်းလေးတွေကိုတွေ့ ချင်ရင်တော့ တိုပိုင်းယိုးဘုန်းကြီးကျောင်းမှာ
စနေေ န့ညနေခင်းဆိုဝတ်ရွတ်ကျပါတယ် တိုင်းရင်းသားလူမျိုးပေါင်းစုံပေါ့နော်
အမျိုးသမီးကောင်းတွေနဲ့အမျိုးသားတွေပါ လာပါတယ် သူငယ်ချင်းအုပ်စုလိုက်ဘုန်းကြီးကျောင်းမယ်ပိတ်ရက်တွေ မှာပြန်တွေ့ ဖြစ်ကျပါတယ်

တိုင်းပြည်အနှံ နိုင်ငံအနှံ မြန်မာမိန်းမလေးတွေ ဒေါ်လာစားလို့  အဖော်သဟာထားပြီး
တော်ရာတင်မဟုတ်ဘူးလူမြင်ကွင်းမှာပါ မရှက်ကျပါဘူး ယိုသူမရှက် မြင်သူရှက် နေရာအနှံမျက်နှာလွဲလို့ နေကြရပါတယ် ဂုဏ်သရေရှိလူကြီးမင်းများနဲ့  လူတန်းစားပေါင်းစုံ ဖျက်တဲ့လူကဖျက် ပျက်တဲ့လူကပျက်ပေါ့နော် ကလေးပေါက်စလေးတွေပါကစားစရာအောင့်မေ့ကုန်ပြီကိုကြီးရေ

မြတ်စွာဘုရားရှင်လက်ထက်ထဲက သိရိမာဆိုတဲ့ ပြည့်တန်ဆာမ ရှိခဲ့ တယ်လေနော်

ဒါကြောင့်ဘယ်သူကိုမှအပြစ်မဆိုချင်ပါဘူး ကိုယ်တိုင်ကမိန်းမဘ၀မို့ လေနော်

ပုံပြင်လေးထဲမှာလည်း ကြက်တောင်ရှင်မဆိုတာ ကြားခဲ့ ဘူးတော့

မမ ဘယ်သူမှမဝေဖန်ပါဘူး တတ်နိုင်ရင်ခေတ်ကိုက ပျက်စီးနေတာမဟုတ်ဘဲလူတွေကိုက

ပျက်စီးနေကြတာမို့  မြန်မာအမျိုးကောင်းသားတွေက စောင့်ရှောက်ပေးမှ ကူညီနိုင်မှ

ထိမ်းသိမ်းနိုင်မှတန်ကာကျမှာလေနော် မိန်းမလေးအားလုံးကဘ၀ ဘ၀ တွေမှာ အမေတော်ခဲ့ကြဘူးပါတယ် ဒါ့ကြောင့် ဘ၀ပေါင်းများစွာသံသရာမှာအမေတော်ခဲ့ ကြပါတယ်
ငွေမရှိလို့ ဆင်းရဲလို့ ပျက်စီးနေတယ်မထင်လိုက်ပါနဲ့ 

ငွေရှိ ဂုဏ်ရှိ ရာထူးရှိတဲ့ လူတွေလည်းပျက်စီးကြပါတယ်
ခက်တယ်နော် တော်တော်လေးကိုခက်နေတယ် နဲ့ 
မမ----ါင်ငံတော့ဖြစ်ပြီထင်ရေးတင်ထားပါတယ် မောင်လေးတွေသိအောင်လို့ ညီမလေးတွေ စဉ်းစားဆင်ချင်နိုင်အောင်လို့ ပါ သူတပါးတိုင်းပြည်တင်ဘယ်ကပါ့မလည်းမြန်မာမှာလည်း

ဒေါ်လာစားလို့ တိုင်းတပါးသားနဲ့  ပျော်ပါးကြပါတယ်

မော်ဒယ်တွေလည်း အဖော်သဟာနဲ့ တော်ရာသွားလို့ ဒေါ်လာစားပါတယ်

သိတော့သိတယ်မမြင်ကြဘူးဖြစ်နေတယ်

မြင်တော့မြင်တယ် မပြောတတ်ဘူးဖြစ်နေတယ်

ခက်နေတာမှတော်တော်လေးကိုခက်နေတယ်

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးလည်းပုတ်နေတယ်

ပြောသာပြောရ မမ ရှက်ပါတယ်

မသိတဲ့ လူကမြန်မာမဆိုရင်အထင်သေးလို့ကြည့်ပါတယ်

တိုင်းပြည်အနှံကျော်ငြာ နေသလားမေးချင်တယ်နော်

မိန်းမသားဘ၀မို့  မြန်မာဆိုရင်အထင်သေးမှာကြောက်နေတယ်

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးလည်းပုတ်နေတယ်



မမရေ

အကြောင်းအရာတွေက စုံလင်လှသမို့ ကျနော့်အနေနဲ့ ဖြည့်စွက် ပြင်ဆင်စရာ မရှိပါဘူးဗျာ။

ကျေးဇူးတင်စွာဖြင့်
ကိုရီး{ကိုကြီး}

ပြောပါရစေ May 21, '10 12:55 PM
for everyone
အပြင်မထွက်တာ ကြာပြီဖြစ်တဲ့ ကျနော် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မဖြစ်မနေ ရေအလှူကိစ္စအ
တွက်ငွေ လွှဲစရာ ရှိလို့ ပင်နီဆူလာပလာဇာကို ထွက်လာခဲ့တယ်။ ဒီနိုင်ငံမှာ ရွှေ(မြန်မာ)တွေ အများဆုံးနေထိုင်ရာ လေးနေရာလောက် ရှိပေမယ့် အများအားဖြင့် ဆုံရပ်ကတော့ ဒီပလာဇာပဲဖြစ်ပါတယ်။


မြိုရဲ့ အချက်အချာမှာ တည်ရှိတဲ့အပြင် သွားလာရေးအားဖြင့် လွယ်ကူခြင်း မြန်မာပြည်
ကတင်ပို့တဲ့ အစားအစာ ကွမ်းယာ/ရွက် ငါးပိ ရည် မှစ မြန်မာပြည်ကအတိုင်း လိုချင်တာဝယ်
လို့ရနိုင်(မှတ်ချက်-ဈေးကြီးသည်မှအပ) တာကြောင့် နေ့စဉ်စည်စည်ကားကား ရှိနေတဲ့ နေရာတစ်ခုပါ။


လွန်ခဲ့တဲ့ ၈နှစ်ကဆို တတိယထပ်မှာသာ မြန်မာဆိုင်အနည်းငယ် ရှိပေမယ့် ၂၀၀၆ ခုနှစ်လောက်ကစပြီး တိုးပွားလာလိုက်တာ အခုဆိုရင် မြေအောက်ထပ် မှ ပဉ္စမ ထပ်အထိ မြန်မာဆိုင်တွေ လက်ညှိုးထိုးမလွဲ သောက်သောက်လဲ။ စနေ တနင်္ဂနွေ နေ့မျိုးမှာဆို အလှူအတန်းပေးနေတယ်လို့ ဆိုရလောက်အောင် ရှိသမျှဆိုင်တွေအားလုံး ပြည့်လျှံပြီး လကုန်ရက်များဆိုရင်တော့ ကြက်ပျံမကျလို့ ပြောရမလောက်ပါပဲ။



ဒါကြောင့် အများအားဖြင့် အဲဒီရက်တွေကို ကျနော်တတ်နိုင်သမျှ ရှောင်တယ်။ ဈေးဝယ်လို့မကောင်း စကားပြောလို့မကောင်း မျက်စိ နားရှုပ်လွန်းတာကြောင့်ပါ။ ခုန ကျနော်သွားဖြစ်ခဲ့တဲ့နေ့ အကြောင်း ပြန်ဆက်ကြရအောင်ဗျာ။



မဆုံတာကြာတဲ့ သူငယ်ချင်းနဲ့လည်း ချိန်းထားတာမို့ တက္ကစီပေါ်က ဆင်းဆင်းချင်း ဖုန်းခေါ်လိုက်တယ်။ ခဏစောင့်နေပါဦးလို့ ဆိုလာလို့ တက္ကစီကားဂိတ်နားမှာ ရပ်စောင့်
နေတုန်းနင်ပဲငဆ ဆဲဆိုသံတွေကြားလို့ ပတ်ဝန်းကျင်ကို နားစွင့်မိတော့ ဖြတ်လျှောက် သွားတဲ့ အတွဲတစ်တွဲနောက်ကို ချာတိတ်တစ်ယောက်က လိုက်ဆဲနေပါလား။


ခဏနေတော့ ချာတိတ်နောက်ကိုသူ့ သူချင်းဖြစ်ဟန်ရှိသူ နှစ်ယောက်နောက်က လိုက်ပြီး ဆွဲခေါ်လာကြတယ်။ သူတို့သူငယ်ချင်းတွေ စုထိုင်နေတဲ့နေရာက ကျနော်ရပ် စောင့်နေတဲ့ နေရာနဲ့ နီးတာမို့ ဆက်နားစွင့်ကြည့်မိတော့

* သူငယ်ချင်းများ - မင်းနဲ့ ဆိုင်တဲ့ ကိစ္စမို့လားကွ၊
* ချာတိတ် - အေး... ငါနဲ့တော့ မဆိုင်ဘူး၊ ဒါပေမယ့်မြန်မာလူမျိုး
* တစ်ယောက်အနေနဲ့ ဆိုရင်တော့ ငါနဲ့ဆိုင်တယ်ကွ၊
* သူငယ်ချင်းများ- ကဲ... လုပ်စမ်းပါဦး
* ချာတိတ် - ငါနဲ့ ရထား အတူစီးလာခဲ့တာကွာ၊ ငါလဲ မြန်မာမှန်းတော့ မသိ ဘူးကွာ၊ ဒါပေမယ့် လမ်းမှာ သူ့ကိုခေါ်တဲ့ ဖုန်းတွေကို မြန်မာ လို ပြန်ပြောနေမှ မြန်မာဆိုတာ ငါသိတာ၊ လူတော်တော်များများရဲ့ အကြည့်တွေ
ကလဲ သူတို့နှစ်ယောက်ထံမှာကွ။ ပထမတော့ ငါလည်းမင်းတို့နဲ့ မြန်မာလိုချိန်းချက် နေတာပဲ။ နောက်တော့ ငါလဲရှက်ပြီး သူတို့နဲ့ ဝေးရာကိုပြောင်းလိုက်တယ်။ ဒါပေ
မယ့်ကွာ မျက်လုံးရှိတော့မြင်နေရတာပေါ့။ သဲနေ ကဲနေကြတာ ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့တာကွ။ မင်းတို့ကြည့်ဦး..သူတွဲနေတဲ့ကောင်က "ဘ" ဘ ကုန်းကွ၊ (ဘင်္ဂလားလူမျိုးကို ပြောတာပါ)
*

* စာရေးသူ - ဒီနေရာမှာ ကျနော်ပြောချင်တာက မြန်မာလူမျိုးတစ်ခုကိုပဲ ရည်ရွယ် တာပါ။ (တိုင်းရင်းသားတွေအပါအဝင် မြန်မာနိုင်ငံမှာမွေးဖွားပြီး မြန်မာ လူမျိုးခံယူထားသော တရုတ် ကုလား အားလုံးကို ဆိုလိုပါသည်။) မြန်မာပက်စပိုစ့်ကိုင်ထားသမျှ အားလုံးဟာဘယ်နေရာ ရောက်ရောက် မြန်မာပါပဲ။

* ချာတိတ် - ပြီးတော့ကွာ ဒီနေရာ မြန်မာလူမျိုးတွေ စုပြုံပြီးရှိနေတဲ့ ဒီနေရာကို လာစ ရာလားကွာ။ သူတို့ဟာ သူတို့မနေနိုင် မထိုင်နိုင်ရင် တစ်နေရာရာ သွားလိုက်ကြ ပါလား။

ကျနော် လေပူတစ်ချက် မှုတ်ထုတ်မိတယ်။ ကျန်ခဲ့တဲ့ လကလည်း
ဘလောဂ့်ဂါ ကိုမိုးမောင်ရဲ့ "ရေဆန်လမ်း" http://happycloud1000.mmgenius .com/?p=675 - ဆိုတဲ့ပိုစ့်မှာဒီလို ဖတ်လိုက်ရတယ်။

လွန်ခဲ့တဲ့အပတ်က yard ထဲတွင် ကရင်သူငယ်ချင်း တစ်ယောက်သည် ဘင်္ဂလား တစ်ကောင်အား ထိုးကြိတ်မှုဖြင့် ဂိုဏ်းစတားနှင့်လေဆိပ်အထိ ချက်ခြင်းပို့ကာပြည်တော် ပြန်ခွင့် ပြုလိုက်သည်။


ရန်ဖြစ်ရသည့်အကြောင်းမှာ ထိုဘင်္ဂလားက ဖုန်းဇာတ်လမ်းမှ အရင်းပြုပြီး မြန်မာ အိမ်ဖော်မတစ်ယောက်နှင့် လစဉ် ဟိုတယ်တွင် စခန်းသွားနေကြောင်း ထိုကရင်အား ပြောပြသည်။ ထိုကရင်လည်း တအံ့တသြဖြင့် ကိုယ့်လူမျိုးတွေရဲ့ ဇာတ်လမ်းကို အောင့်အီးနားထောင်နေရာမှ ထိုမြန်မာအိမ်ဖော်မရဲ့ နာမည်နှင့် အသက်ကို မေးလိုက်သောအခါ ဒီနိုင်ငံတွင်ပင် အိမ်ဖော်လုပ်နေသော သူ့ညီမ အရင်း၏ နာမည်နှင့်အသက်ပါတူနေသဖြင့် စိုးရိမ်သွားမိသည်။


ထို့ကြောင့်ထိုကုလားအား အချိုသပ်၍ ပုံရှိလျှင်ပြရန် တောင်းလိုက်သော အခါ ထိုကုလားက သူ့ဖုန်းဖြင့်မှတ်တမ်းတင်ထားသော ဟိုတယ်တွင်းပုံများကို ထိုကရင်အား အားပါးတရပြလေသည်။ ထိုကုလားဖြင့် ပျော်မြူးနေသော အနှီး သူငယ်မမှာ ကရင်၏ ညီမအရင်းခေါက်ခေါက်ဖြစ်နေသည်ကို မြင်ရသောအခါ ကရင်လည်းစိတ်မထိန်းနိုင်တော့ပဲ ထိုကုလားအား နှာခေါင်းရိုးကျိုးလို့ မျက်စိ တဖက်မှ သွေးကျတဲ့အထိ ထိုးလေသည်။ ကံကောင်းသည်မှာ ကုမ္ပဏီက နာမည် ပျက်မည်စိုးသဖြင့် အထိုးခံရတဲ့ ကိုရွှေကုလားကို ကျေနပ်အောင်ငွေပေး၊ ဆေးကု လုပ်ပြီး ကရင်အားစောစောပြန်လွှတ်လိုက်သည်။ သို့မဟုတ်ပါက ကရင်လည်းဒီနိုင် ငံတွင် ကြိမ်ဒဏ်သို့မဟုတ် ထောင်အနည်းဆုံးခြောက်လကျနိုင်သည်။ ကျန်ရစ် သော သူ့ညီမကတော့ ဘယ်လိုဆက် စခန်းသွားအုံးမည် မသိပေ။


ဒီနိုင်ငံမှာ တရားဝင်ခွင့်ပြုထားတဲ့ နေရာတွေမှာ အများအားဖြင့် ယိုးဒယား ဖိလစ်ပိုင်
သူတွေ ကျန်းမာရေးဆေးစစ်ပြီး အသက်မွေးဝမ်းကျောင်း ခွင့်ပြုထားပါတယ်။ အခြား
တရားမဝင်တာတွေက ဖိလစ်ပိုင်သူ တရုတ် အင်ဒို တွေပါပဲ။ အဲဒီ တရားဝင်ခွင့်ပြုထားတဲ့ နေရာတွေမှာ အခကြေးငွေပေးပြီး ဝင်ရောက်ပျော်ပါးခွင့်ရှိပေမယ့် "ဘ" တွေဆိုရင် အဲဒီ
နေရာတွေမှာတောင် လုံးဝပျော်ပါးခွင့်မရကြပါဘူး။ ပိုင်ရှင်တွေက "ဘ" တွေကို လုံးဝလုံးဝ
လက္မခံတာပါ။ တွင်ကျယ်တဲ့ စကားတစ်ခွန်းရှိတယ်။ စားတော့ ငရုပ်သီးနဲ့ (ပလာတာ နဲ့
တွဲဖက်စားရတဲ့ ) ပဲဟင်းရည်။ မိန်းမနဲ့ ပတ်သတ်ရင် ဘဏ်ကဒ်တောင် ထိုးအပ်တဲ့ကောင် တွေတဲ့။ ကမ္ဘတစ်ဝှမ်းက အိမ်ဖော်တွေမှာ ဖိလစ်ပိုင် နဲ့ အင်ဒိုသူတွေက အများဆုံးလို့ ကျနော် နားလည်ထားရပါတယ်။


မြန်မာနိုင်ငံမှာတော့ ပြည်ပကို အိမ်ဖော်အလုပ် အကိုင်နဲ့ သွားရောက် လုပ်ကိုင်ခွင့်
ကို တရားဝင်ခွင့်ပြုထားတာ မရှိပါဘူး။ ဒါပေမယ့် ပွဲစားလူလိမ် ကိုယ်ကျိုးရှာသူတွေ ရဲ့
စနက်ကြောင့် သူနာပြုအကူသင်တန်း ဆိုတဲ့ခေါင်းစဉ်တွေပေါ်လာပြီး သကာလ ရန်ကုန် မှာလအနည်းငယ် သင်တန်းတက်ပြီး အောင်လက်မှတ်ရပြီးတာနဲ့ ထိုက်သင့်တဲ့ဝန်ဆောင် ခတွေ ပေးပြီးတာနဲ့ ဒီနိုင်ငံမှာ လူအိုရုံ (သို့) အိမ်ဖော်အဖြစ် တစ်လ $ 300 (သို့) $ 400 နဲ့ရောက်ရှိလာကြတဲ့ထဲမှာ ဘွဲ့ရ ပညာတတ်လူတန်းစားတွေ သိသိ မသိသိ ရောက်လာခဲ့ ကြပါတယ်။ အိမ်ရှင်ပေါ်မူတည်ပြီး တစ်ချို့က တစ်ပတ်တစ်ရက် အများအားဖြင့်တော့ တစ်လကို တစ်ရက် အပြင်ထွက်ခွင့် ရကြပါတယ်။


အခြား အခြားသော နိုင်ငံခြားသူတွေအတွက် ဟိုဟိုဒီဒီ ကိစ္စတွေမှာ ထမင်းစား ရေသောက်သဘောမို့ အထူးအဆန်း မဟုတ်ပေမယ့် ကျနော်တို့ လူမျိုးတွေအတွက်
ကတော့ အင်မတန် တန်ဖိုးထားရမဲ့ လူ့ကျင့်ဝတ် စည်းကမ်းတစ်ခုပါပဲ။ ဒီတော့ "ဘ" လူမျိုးတွေကလည်း $ 5 / $ 10 တန်အဝတ်အစားကို ကိုးလိုးကန့်လန့်ဝတ်လို့ ကျီးကန်းကို ဘဲဥချီကာ (နန်းဆု သီချင်းလေးနဲ့) မိုးမမြင် လေမမြင် ဆိုကြပါစို့။ ဒီလို သူတို့ကို အရေးတ ယူ အဖက်လုပ်နေတာကိုက သူတို့အတွက် မဟာအခွင့်အရေး ဆိုတော့ဗျာ.......



ကျနော် ဒီနေရာမှာပြောချင်တာက လူတိုင်းမှာ အခက်အခဲ ကိုယ်စီရှိကြပါတယ်။ သူ့အပူ ကိုယ့်အပူ ကျနော်လဲ မကူညီနိုင်သလို ဘယ်သူမှလည်း မကူညီနိုင်ကြပါဘူး။ ဒါပေမယ့် အခက်အခဲဆိုတာကို လမ်းမှားလိုက်ပြီး ဒီလိုနည်းတွေနဲ့ မဖြေရှင်းစေချင်ပါဘူး။ ရရှိလာတဲ့ ငွေကြေးလေးတွေနဲ့ ထိုက်သင့်တာလေးတွေနဲ့ ရင်းနှီးလုပ်ကိုင်ပြီးရိုးရိုးရှင်းရှင်း နဲ့ ဖြေရှင်းစေချင်ပါတယ်။နိုင်ငံခြားတောင်ရောက်နေ ကြပြီပဲဗျာ။ မျက်စိ နားတွေ ကန်းမ နေတော့ပါဘူး။ "ရေဆန်လမ်း"က အဖြစ်မျိုးလို ခန္ဓာကိုယ်လဲ အရင်းပြုရသေးတယ်၊ မသိ
နားမလည်ရင်ထားပါအုံး။



ခင်ဗျားတို့သာယာလို့ပဲ ဖြစ်ဖြစ် ရုန်းကန်ရလို့ပဲ ဖြစ်ဖြစ် ကြည်ကြည်ဖြူဖြူနဲ့ တယ်လီ ဖုန်းတွေ ဗွီဒီယို ကင်မရာတွေနဲ့ မှတ်တမ်းတင် မခံကြပါနဲ့လားဗျာ။ အင်တာနက်ကနေ တစ်ဆင့်ပြီး တစ်ဆင့် ကမ္ဘာ့ရွာကြီးမှာ မိမိရဲ့ ပတ်ဝန်းကျင် ဆွေမျိုးသားချင်း မိဘမောင် ဘွားတွေက ဘယ်လို မျက်နှာဘယ်လို အရှက် ဘယ်လို အသက်တွေနဲ့ ရင်ဆိုင်ကြရမှာလဲ။


နိုင်ငံခြားထွက်ချင်တာ တစ်ခုနဲ့တော့ ဒီလို အဖြစ်မျိုးတွေကို ဆင်ခြင်ကြစေချင် တယ်လို့ သတိပေးပါရင်းနဲ့ ကျနော်ပြောပါရစေလားဗျာ။ အဆင်ပြေရင် နောက်ဆက်
အပိုင်းလေးတွေကို တင်ပြပေးပါရစေတော့။ ။


ကိုရီး{ကိုကြီး}

{လာရောက်ဖတ်ရှုကြတဲ့ ညီ ညီမငယ်များ စေတနာနှင့် အသိပေးခြင်းဟု မှတ်ယူကြ စေချင်ပါသည်}

http://k0gyi.multiply.com/journal/item/135

0 comments:

Post a Comment