Pages

Sunday, February 28, 2010

အင်တာနက်ပေါ်တွင် စိတ်မဆိုးရင်ပြောလိုက်ချင်.....(--ါ--တော့)ဖြစ်ပြီထင်..♥အွန်လိုင်းပေါ်၌ ခင်မင်သူ♥

အင်တာနက်ပေါ်တွင်ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုများ အတွက်
''မ..မ"စေတနာစကားပါးလိုက်တယ်

ကောင်မလေးဆိုးတာ မပြောချင်ပါဘူးလိမ္မာလား ဟင့်အင်းမပြောတတ်ဘူး
သူတို့ဘ၀ သူတို့ပုံစံမျိုးစုံနဲ့လေနော်

ဘယ်သူမှမဆိုးပါဘူး

ဒါပေမဲ့မကြိုက်တာတော့ အမှန်လေနော် ရည်းစားတစ်ယောက်နဲ့vzo
ပြောတယ်ငိုပြနေတယ် မမ ဘေးကနေကြည့်ရင်း  သနားနေတယ်သူရည်းစားလေးက
ဘာပြောလဲဆိုပြီး  သူငိုနေတာ မမ  တော်တော်လေး  စိတ်မကောင်းဖြစ်နေတယ် VZO
ချက်နေရင်း သူရည်းစားကောင်လေးက ငွေပို့မယ်ပြောတော့  သူဒီဖက်လှည့်ပြီးပါလာတဲ့
သူ့သူငယ်ချင်းကိုလက်မလေး ထောင်ပြတယ်ပြီးတော့ရီယ်နေတယ်
တစ်ခါကောင်လေးဖက်လှည့်ငိုပြတယ်

အယ်တော့........မမသူကြည့်ပြီးစိတ်တိုမိတယ်
ပြီးတော့သူတို့ သူငယ်ချင်း၂ယောက်နောက်နေ့ငွေရရင် ၀ယ်မယ် သုန်းမယ်နဲ့  ပြောနေကြတယ်
  ပျော်မြူးလို့ပေါ့နော် ကောင်မလေးက   ရည်းစား၃ယောက်လောက်ကို   ထားတာ တစ်ဖက်နိုင်ငံကကောင်လေးကိုလည်း   စိတ်တိုလိုက်တာနော်
သူများတိုင်းပြည်မှာ   ရှာဖွေနေတာကို   ပင်ပမ်းလား မပင်ပမ်းလားတော့
မသိပါဘူးသူ့ကောင်မလေးကို  ယုံကြည်နေတာ ကောင်မလေးသုန်းဖို့ဖြုန်းဖို့
ငွေလွဲနေတာ သိတော့မမ တစ်ဖက်က   ကောင်လေးကို   မသိဘဲနဲ့သနားနေတယ်
ရိုက်ချင်တယ်  အဲ့ကောင်လေးကိုနော်
ကောင်မလေးက ရုပ်လေးကလဲ ချောမှချော လှမှလှလေနော် သူကောင်မလေးက လှလို့သူချစ်တာနေမှာ
မမကိုယ်ဘာသာ  စိတ်ဖြေနေရတယ်  သူတိုကိုမြင်ရတာ ကြားရတာ စိတ်တိုလိုက်သနားလိုက်နဲ့ မမမှာနောက်နေ့ကောင်လေးတစ်ယောက်ကသူ့ကို
အင်တာနက်ဆိုင်ကနေကောင်မလေးကိုကားနဲ့လာခေါ်တယ်
ဒီကောင်လေးကလဲ  ချောလိုက်တာ ဒါလဲသူ့ရည်းစားတဲ့ လေနားကိုမလည်တော့ဘူး
မမ ကောင်မလေးကိုမေးမိတယ်   ချစ်လားသူ့ကိုဆိုတော့ အင်းချစ်တယ်
ဲ့ချောတယ်တဲ့  သူ့ကိုလိုအပ်တာ ဖြည့်ဆည်းပေးတယ်တဲ့လေ  ဟိုဖက်ကကောင်လေးကလဲ
ငွေပို့ပေးတယ်တဲ့  မမဘယ်လိုမှ  မတွေးတတ်တော့ဘူးလေနော်
မိကောင်းဖခင်သားသမီးပါ   ဒီကြားထဲဖုန်းနဲ့ ရည်းစားစကား လှမ်းပြောနေသေးတာ
မမ   ဘယ်လိုမှမတွေးတတ်တော့ဘူး         ဟော့       နောက်တစ်ယောက်ကလည်း
အသက်လေးကြည့်တော့ ၁၇နှစ်လောက်ရှိမယ်   ခုမှသိတဲ့လူကိုချိန်းနေတယ်လေ
ဟဲ့ကောင်မလေးနင်    သူတို့ချိန်းတာနဲ့ တွေ့မို့ လားဆိုတော့   အင်းဟုတ်ကဲ့တဲ့လေ
ဟာနင့်ဟာ       ချက်ခြင်းမတွေ့နဲ့လေသူတို့  အထင်သေးမယ် ဆိုတော့ရတယ်
ကိစ္စမရှိပါဘူးတဲ့  သမီးသိတယ်တဲ့       ဘာမှန်းကို  မသိတော့ဘူး  ယ္ခုအကောင့်အပ်  ခုလက္ခံ ခုချိန်းတွေ့နဲ့  မောတယ် သူတို့ကြည့်ရင်း ရင်မောတယ် ပေါသလားဟင်

အဲ့ဒီလောက်တောင် ပေါကုန်ပြီလားဟာ  ကိုယ်အပူမပါပဲနဲ့  စိတ်တွေပူလိုက်တာ
သူကတော့     ပျော်မြူးလို့လေနော်
မမ       သာစိတ်ပူနေတာ      နောက်တစ် ယောက်က စင်တင်က ညမှာ  သီချင်းဆိုတာလေ
သူကိုကားနဲ့ လာပို့လာကြိုနေတာ နေ့ခင်းလာခေါ်ပေါ့   နော်အကိုကြီးလေတဲ့သူ
့မှာပိုင်ရှင်ရှိတယ်တဲ့ သမီးမိဘတွေကို သူကအကုန်လောက်ငှအောင် ထောက်ပံနေရတာတဲ့ 

အော်      အေးအေး   အကိုကြီးက သဘောကောင်းတယ်နော်လို့  အလိုက်အထိုက်ပြောရတာပေါ့နော်
ခုချက်တင်ထိုင်နေတာက     သမီးရည်းစားလေ
သူ့ကိုအချစ်ဆုံးတဲ့       ချစ်သူလေတဲ့    သမီးကချစ်တဲ့သူတဲ့       နယ်မှာကျန်ခဲ့တယ်တဲ့
အော်    အင်းအင်း     အင်းပါဆိုနားထောင်နေရတယ်လေနော်      ဒီအချိန်မှာ
၁၇နှစ်ကောင်မလေးဝင်လာတယ်   သူပါအံ့အားသင့်       သွားတယ်
်ကောင်မလေးက       ခုမှတွေ့တဲ့လူကိုခုချိန်းနေတာ မြင်တော့  ဟယ်ပေါလိုက်တာတဲ့
သူမျက်လုံးလေးပြူးနေတယ်လေ   ၁၇နှစ်ကောင်မလေးထွက်သွားတော့
ဟယ်လွယ်လိုက်တာနော်တဲ့      မမ         စိတ်တိုလာတာနဲ့  အေးဟေ့ အေးဟ
မကောင်းတာ      လုပ်စားနေတဲ့မိန်းတွေ သူတို့ကြောင့်(--ါ)     ဈေးကျတာနေမှာ
မိန်းမကောင်းလေး       တွေမြင်လဲ သူတို့ကြောင့်      အကုန်မကောင်းတဲ့ မိန်းမတွေလို့မြင်ကုန်နေပြီ   ရည်းစား၃ယောက်  ၄ယောက်တပြိုင်တည်းထားတဲ့ သူ့ကျတော့လဲ  တန်ဖိုးရှိနေလိုက်တာနော်
သူဝတ်တာ စားတာလှပနေတော့ မိဘဆွေမျိုး   ချမ်းသာနေတော့
ကောင်လေးတွေက  မသိဘဲငွေကုန်ခံနေကျတယ်  ချစ်နေတယ်
နင်တို့ကျတော့လည်း       မိဘတွေအတွက်  ရင်းနေကျတယ်ဘ၀ကို သူတို့တွေ့နဲ့စာရင်

နင်က  တန်ဖိုးရှိပါတယ် ဟာနော်
်နင်ကမြတ်ပါတယ်  မိဘကို    လုပ်ကျွေးနေရလို့လေနော်  လို့ မမပြောမိတယ် ကောင်မလေးတွေပေါမှပေါ        တောတစ်ရာ    ခြောက်ဆယ်ဖြစ်နေကုန်ပြီနော် စင်တင်က ကောင်မလေးကျတော့လဲ    သနားတယ် ချမ်းသာပြည့်စုံတဲ့ ကောင်မလေးကျတော့ရော ၁ရနှစ်ရွယ် ကောင်မလေးကျတော့ရော တူတူပါပဲမြင်ရ တွေ့ရဘ၀င်မကျနိုင်ပါဘူး  နောက်ဆိုသူတို့တွေ    ဘာပြောနေနေမမ နောက်ဆို  မသိချင်ရောင် မမစိတ်ကို  ထိမ်းပြီးနေနေရတယ်

    ကြည့်နေရတယ် ပိုက်ဆံညာယူချစ်တဲ့လူနဲ့     ပိုက်ဆံမယူချစ်တဲ့လူနဲ့   မိဘတွေကိုဘ၀နဲ့ ရင်းချစ်တဲ့လူနဲ့
မမသူတို့ကိုကြည့်ရင်း  သနားလိုက်  စိတ်တိုလိုက် စိတ်မကောင်းဖြစ်လိုက်နဲ့ဖြစ်နေတယ်နော် 

စဉ်းစားပါ    လေ့လာပါ  ကောင်မလေးတွေရေ ကိုယ်ဘာလုပ်မိနေလဲ      သတိထားပါ  ထိမ်းသိမ်းပါ     ကိုယ်ဘာသာကိုယ် အုပ်မှနိုင်မယ့် ခေတ်မှာ  မိအုပ်လို့မနိုင် ဖအုပ်လို့မနိုင်  ဖြစ်နေတာလေနော်
ဒီလိုမျိုး  မိန်းမတွေကြောင့်  မိန်းမကောင်း   ဆိုတာ။          
မိန်းမ  ကောင်းတာ။   ဆိုးတာ။       ဝေးနေလဲမသိ
နီးတော့လဲ     မမြင်မကြည့်တတ်။       အကုန်ဝါးလုံးသိမ်းရမ်းပြီး
မိန်းမတွေကို      အဆိုးမပြောရအောင်  မကောင်းကြောင်းတွေ      မပြောရအောင်
်ကောင်မလေးတွေ  ထိမ်းသိမ်း     နေထိုင်သင့်ပါတယ်နော်။
ဒါကြောင့်မမဆိုးတယ်လဲ         မပြောချင်ပါဘူးနော်  ကောင်းတယ်လဲ မပြောချင်ပါဘူး

လိမ္မာလားဆိုတော့လဲ    ဟင့်အင်း   ပြောတတ်တော့ပါဘူးနော်
သူတို့  အကုန်မှန်နေတယ်လေနော်..........။


ယ္ခုလဲ...........................


အွန်လိုင်းပေါ်တွေ့တာကို  အပြင်မှာ ဘယ်နေရာမှသုံးတာပါ  ဘယ်ဆိုင်မှာသုံးနေတာပါဆိုပြီး ပြောတော့ ကောင်လေးကရောက်ရှိလာပြီးလ္ဘက်ရည်သောက်  မုန့်စားဆိုခေါ်ဆောင်ရင်းအဖျက်စီးခံလိုက်ရတဲ့အကြောင်းလေးဖတ်မိရင်း
ဒီစာကိုပြန်တင်လိုက်ရခြင်းဖြစ်ပါတယ်နော်....................။
ကမ္ဘာပျက်မပျက်မသိပါ။

လူတွေပျက်တာအမှန်ပါ။

ဗိုလ်ချုပ်ပြောတဲ့(--ါ)နိုင်ငံတကယ်ဖြစ်နေလား။

လျှပ်ပေါ်လော်လီမ၀တ်တာ။

အထင်ကြီးစရာမလိုပါ။

ရုပ်ရည်လေးကလှပနေအထင်ကြီးစရာမလိုပေ။

နုနုငယ်ငယ်ကလေးလဲကြောက်ခမန်းလိလိပဲ။

ဘ၀များစွာ့အမေတော်။မိန်းမတိုင်းကနော်။

သံသရာမှာတော်ဘူးလို့ထိမ်းသိမ်းကြနော်

အမျိုးကာင်းသားတို့။


ထိမ်းသိမ်းကြနော်အမျိုးကောင်းသမီးတို့
အင်တာနက်ပေါ်တွင်
  စိတ်မဆိုးရင်ပြောလိုက်ချင်.....(--ါ--)တော့ဖြစ်ပြီထင်.....???????????

ကိုသက်

အွန်လိုင်းပေါ်၌ ခင်မင်သူက သွေးဆောင်ဖျားယောင်း၍

အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်လိုက်သော

ဖြစ်ရပ်တစ်ခု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့

http://www.fusarshinlay.com/forum/topics/6384739:Topic:729517

Saturday, February 27, 2010

မ.......သခင်

မ.......သခင်...
သခင် သိစေ မြင် ကြည့် လေ...
စိတ် ၀ယ် ပင်ပမ်း.
......ရင် ၀ယ် နွမ်း..
.မိန်းမသား ဘ၀ စိတ်နာတယ်..
နှလုံး ကြေကွဲ ရှိုက်သံမစဲ....
မေတ္တာ မပျက် သုန်း..
မမုန်းဘူး တကယ်......
လမင်း နဲ့ကြယ် ကောင်းကင် ထက်မှာ...
တူ ရှိနေလဲ..ကြွေတတ်တာ ကြယ်တာရာ....
တိတ်တိတ် ကျေကွဲ တိုးတိုးလေးငို သံသရာတကွေ့....
တဖန်တွေ့မှ ထပ် ချစ်နိုင် မယ် သခင်ရယ်...
သခင် သိစေ မြင် ကြည့် လေနော်...
သခင်..အတွက်...
ရင်နင့် လျှက်..


Thursday, February 25, 2010

ကြိုက်လို့လုပ်တဲ့လူမရှိဘူး လုပ်ရင်းနဲ့ကြိုက်သွားတာနော်

 ကောင်လေး အလုပ်ရှာနေတယ် သတင်းစာဝယ် စာစောင်တွေဝယ်နဲ့ အလုပ်လျှောက်နေတာ သူအလုပ်လုပ်ချင်လို့တဲ့ သူ့အိမ်က ဆူရင်ပြောရင် သူအလုပ်လုပ်ဖို့စိတ်ကူးတယ် ကျန်တဲ့အချိန်မှာ အလုပ်လုပ်ဖို့စိတ်ကူးမရှိပါဘူး သူငယ်ချင်းတွေနဲ့ ဘီယာဆိုင်သွား ထန်းတောချိန်း ကလပ် သွား စင်တင်သွားနဲ့ ပျော်မြူးနေတာပေါ့။
အိမ်မှာ မကူညီ မိဘ လုပ်ငန်းလဲ စိတ်မ၀င်စားဘူး တနေ့ တနေ့ သွားလာ လည်ပါတ်နေတာမြင်ရတဲ့ သူက ဘ၀င်မကျဘူး သူ့ကိုပြောလိုက်ရင် ယောင်္ကျားလေး အကုန်တတ်ထားရမယ် အကုန်သိထား သင့်တယ်တဲ့ သူ့ရဲ့ ပါတ်လည်မှာ မိန်းမလေးတွေလဲ ပေါမှ ပေါ ချော မှချော ပေါ့နော်
ကဲ မှ ကဲ စင်တင် မှ အပြန်သူငယ်ချင်းတစ်ယောက် ရဲ့အကိုက ဆိုင်ကယ် နဲ့ဂျစ်ကား တိုက်မိလို သေဆုံးသွားတယ် ကောင်လေး သူငယ်ချင်း တစ်စု ခဏတော့ငြိမ်နေကြသေးတယ်။
နောက်တော့လဲ စင်တင် ထပ်သွားတယ်လေ ကောင်မလေးတွေ နဲ့ ထန်းတော သွား ထန်းရည်သောက် ပြန်လာတော့ ဆိုင်ကယ်နဲ့ကားကို ၀င်တိုက်
နောက်မှာထိုင်စီးပြီးပါလာတဲ့ ကောင်မလေး ခြေထောက်ကျိုးနဲ့ပေါ့
သူ့ရဲ့သူငယ်ချင်း တွေကလဲ ဆိုင်ကယ်ငှားစီး ဘီယာဆိုင်မှာ ပန်းကုံးဖိုးမပေးနိုင်ရင် ဆိုင်ကယ်ထားခဲ့ ကောင်လေး မိဘတွေကလိုက်ရွေးနဲ့ တော့်တော်ကိုဆိုးတယ်
အရက်သောက်။ဘီယာသောက်။ဆေးချ။ကွမ်းစား။တက်တူးထိုးနဲ့
သူမလုပ်တတ်တာ မလုပ်ဘူးတာ မရှိတော့ဘူး စုံနေအောင်စမ်းသပ်တယ် ဘာကိုမှမကျန်ဘူး အကုန် စမ်းသပ် တယ်လေ စမ်းသပ်ရင်းနဲ့ စွဲလမ်း တယ်လေ သူ့ကို မမ ပြောမိတယ် မကောင်းတာလုပ်တဲ့ လူ မှန် သမျှ ကကြိုက်လို့လုပ်တဲ့ လူ မရှိဘူး လုပ်ရင်နဲ့ကြိုက်သွားတာလို့ မမ သူကိုမေးတယ်ကြိုက်လို့ နှစ်သက်လို့
လုပ်တဲ့ လူမရှိဘူး မင်းလုပ်တာ ကောင်းသလား ဆိုးသလား အရက်
ကြိုက်လိုသောက်တာလား မိန်းမ ။ ဖဲ ။ ဆေးချ ။ ကွမ်းစား
မကောင်းမှု့မှန်သမျှကြိုက်လို့လုပ်တဲ့ လူမရှိဘူး လုပ်ရင်းနဲ့ ကြိုက်ကုန်တာ ကောင်းမှု့မှန် သမျှ စမ်းမလုပ်ကြည့် ချင်ကျဘူးလေ လူ့သဘာဝ(လူတိုင်းမဆိုလိုဘူး) နော်
မကောင်းမှု့မှာ မွေ့ လျှော်တယ် တကယ်အလုပ်လုပ်ချင်တဲ့ သူကငွေရမှ မဟုတ်ဘူး အိမ်မှာလဲတတ်နိုင်သ၍ ကူညီတတ်တယ်
ပါတ်ဝန်းကျင်မှာလဲ တတ်နိုင်သ၍ ကူညီတတ်တယ်

တကယ် အလုပ်လုပ် ချင်တဲ့သူက အမြင်မတော်ရင် ကူညီဖို့ဝန်မလေးဘူး
အလုပ်လုပ်ချင် စိတ်ရှိသူလို့ သူ့ကို သတ်မှတ်တယ် အလုပ်တန်ဖိုးကို ငွေကြေး နဲ့တိုင်းတာ သတ်မှတ်မှ အလုပ်လုပ်တယ် ထင်ရင်ဘယ်သူကို မှ ကူညီ့ဖို့စိတ်ကူး ရှိမှာမဟုတ်ဖူး
အလုပ် မ လုပ်လို့ မိဘဆွေမျိုး ပါတ်ဝန်း ကျင်က ကောင်လေးကို အပြစ်ပြော နေရင် သေချာတာက ကောင်လေး မင်းကအိမ်မှာ တတ်စွမ်း သ၍ မကူညီဖူး ပါတ်ဝန်းကျင် မှာလဲ အကူ အညီမရ တဲ့သူမို့အပြစ်ပြောတာဖြစ်တယ်လေနော်။

ကောင်လေးရဲ့ မိသားစု ပါတ်ဝန်းကျင် ဆွေမျိုး အသိုင်း အ၀ိုင်း ကကောင်လေး ရဲ့နေထိုင်ပြု မူ ပြောဆိုနေတာကို အလုပ်တခု လိုစောင့်ကြည်နေတတ်တယ် ဘာလို့လည်းဆိုတော့ ကောင်လေး က  လူဖြစ်နေလို့လေနော်
လူတွေရဲ့သဘောထားက ကိုယ်စွမ်း ရှိသ၍ ဥာဏ်စွမ်းရှိ သ၍ ကူညီ လုပ်ကိုင်နေထိုင်နေရင် အလုပ်လုပ်ေ နတဲ့လူလို့ သတ်မှတ်တယ် လေနော်။

ဒါကြောင့် ကောင်လေးရေ အလုပ်လုပ်ချင်စိတ် တကယ်ရှိခဲ့ရင်အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင်
 ဇွဲရှိ စွာနဲ့လုပ် ပါစိတ်ရှည်စွာ လုပ်ကိုင်ဆောင်ရွက်နော်

တနေ့ အောင်မြင် လာနိုင်ပါတယ် ကောင်လေး
ရွေးလုပ်နေသ၍ အလုပ်ရွေးနေ သ၍ ဘာ အလုပ်မှ ရှိမလာနိုင်ပါဘူး မင်းအလုပ် လုပ်ချင်စိတ် တကယ် မရှိသေးဘူး လေနော် လူ ထဲက လူ မို့လို့ကောင်လေး မိသားစု
ပါတ်ဝန်းကျင် မှာ တတ်နိုင်သ၍ ကူညီ လုပ်ကိုင် နေထိုင်ရင် ကောင်လေး အလုပ်လုပ်နေတဲ့ လူ တစ်ယောက်တကယ်ဖြစ်ပါတယ်လို့  မမ ပြောမိပါတယ် ကောင်လေး တစ်ယောက် နားလည်နိုင်ပါစေ။

Thursday, February 18, 2010

မ ရင်ထဲမှာ မင်း ရှိနေတယ် ချစ်သူရယ်

အခန်းလေးထဲမှာ

တိတ်ဆိတ် ငိုကျွေး


ရင်မှာလွမ်းတာ

မင်း သိသင့်တယ်ချစ်သူရယ်


ရေမြေကွာဝေး

အတွေးလေးထဲမှာ နီးစပ်နေ


မင်း ကိုချစ်တဲ့

မ ရဲ့စိတ်က ကိုယ်ကိုတိုင်


မသိလိုက်ဘူး ချစ်မိသွားတယ်

ချစ်သူရယ်


မင်း နဲ့ဝေးမှ ငါသိလိုက်တယ် ချစ်သူရယ်

ချစ်နေတုန်းလဲ မမုန်းပါဘူး

မုန်း သွားတော့လဲ ချစ်နေဆဲလေ

အချိန်ဆိုတာမသိ နာရီလဲမကြည့်

စားချိန် အိပ်ချိန် မေ့ နေမိ

မ...ရင်ထဲမှာ မင်း အချစ် ပဲရှိနေမိ

ကိုယ် ကိုတိုင်တောင် အံသြမိ

အချစ် ဆိုတာ ကြောက်နေမိ

အတွေး လေးထဲမှာ

မင်း ရှိနေတယ်


ချစ်သူ ရယ်

မိုင်တွေ ထောင် သောင်း


ဝေး ကွာ နေလဲ

မ ရင်ထဲမှာ


မင်း ရှိနေတယ် ချစ်သူရယ်

ကျိန်စာ သင့် တဲ့ အချစ်

အိမ်မက် ဆိုးမက်

လန့် ပြီးနိုးတော့


ညအိပ်ဖို့ တောင် ကြောက်နေတယ်

ဆုံးရှုံးမှု့အနိုင်ယူ

အလွမ်း အပိုင်သိမ်း

ပျော်ရွင်မှု့ပျောက်ကွယ်

အချစ် ဆိုတာ ခဏလေးနဲ့ 

ချစ်မိ တာတောင် မပျောက်ကွယ်

သခင် မြင်လှည့်

ကိုယ့်ကိုကိုယ်
မုန်းမိ နေတယ်

ရင်မှာ နာကျင်


ဒဏ်ရာ တွေကြည့် ပြည်နှက်နေ

အိမ်မက် ထဲထိ

အချစ် တစ္ဆေ


နှောက်ယှက်နေ

Tuesday, February 16, 2010

သတိ တရား လက်ကိုင်ထား ♥မ..မ ♥ပြောတာချစ်လို့နော်.....

"

ညီမလေးတွေနဲ့ ""မမ ""အတူတူနေရသည့် ခဏတာမှာ ညီမလေးတွေမှ ခဏခဏ သတိမေ့တတ်ကြသည်။

တစ်ယောက်က ကော်ဖီ သောက်ရင်း တစ်ဝက်နှင့် ထားသွားတတ်သည် တစ်ခါတရံ ကော်ဖီဖျော်ပြီး လုံးဝ မသောက်ပဲ ဒီအတိုင်းထားခဲ့တတ်သည်။
အပြင်ထွက်လျှင်လည်း ဟိုပစ္စည်းကျန်ခဲ့လို့ ဒီပစ္စည်းကျန်ခဲ့လို့နှင့် အပြင်ရောက်မှ
သတိရပြီး ပြန်ယူရသည်။
ခဏခဏ မေ့ကျန်ခဲ့တတ်ကြသည် တစ်ယောက်ကလည်း ""မမ ""ထံသို့လှမ်းဖုန်းဆက်ပြီး ""မမ ""ရေသော့ကျန်ခဲ့တယ် MRT ကဒ် ကျန်ခဲ့တယ် ""မမ ""လာပို့ပေးပါနော် လမ်းထိပ်ကစောင့်နေမယ်နှင့် ပြော၍ လိုက်ပို့ပေးရသည် တစ်ယောက်ကဖုန်းကျန်ခဲ့နှင့် သတိမေ့တတ်လိုက်ကျတာ ""မမ "" ညီမလေးများ သတိမေ့တတ်တာကို မည်ကဲ့သို့ပြောင်းလဲပေးရမည်လဲမသိဘဲ ဖြစ်နေတယ်

ကိုယ်ပြောလိုက်ရင်လည်း နားထောင်ရင်တော်သေးတယ် ""မမ "" ပြောဆိုဆုံးမတာကို
နားမလည်ရင်ကိုယ့် ပြောမည့်စကား အလကားအဖြစ်မခံနိုင် ""မမ "" စင်္ကာပူ ခဏ သွားလည်တာ
""မမ ""ကဧည့်သည် ချက်ချင်းပြောလျှင် စိတ်ဆိုး မယ်လေနော် အချိန်ယူရသည်။

သူတို့၏ ယုံကြည်လေးစားမှု့လိုအပ်သည်  ""မမ ""
စင်္ကာပူကို အသွားအပြန်
တစ်လ  နေမယ်ဆိုပြီး လေယာဉ်လက်မှတ် တစ်ခါထဲဝယ်ထားတာပါ
ညီမလေးများနှင့် ""မမ ""ရင်းနှီးလာတော့သူတို့ကို ""မမ ""
သိထားသင့်တယ်
ထင်တာလေးတွေကို ပြောရတော့တယ်
၊ညီမလေး ""မမ ""
ပြောမယ့်စကား သေချာနားထောင်မှာလား သေချာစိတ်ဝင်စားစွာ နားထောင်ရင်တော့ ပြောပြမယ်နော့်....

ဆိုတော့ ဘာပြောမှာလဲဟင်တဲ့ ဘာပြောပြော ဂရုစိုက်နားထောင်ရမယ်နော် သိလား ညီမလေးဆိုတော့ ဟုတ်ကဲ့ ""မမ "" တဲ့
""မမ "" ပြောတာ မဟုတ်ပါဘူး ""ဗုဒ္ဓဘုရားမှ"" ဟောပြောခဲ့တဲ့တရားတော်ပါ
ညီမလေးတွေကို ချစ်လို့ခင်လို့ပြောပြမှာနော် ညီမလေးတို့ ခဏခဏ မေ့တတ်
နေတယ်နော် သိလား သတိထားမိလားဟင်.....
ဟုတ်တယ် ""မမ ""ရယ်
ဟီးဟီးး ဆိုရယ်နေတယ်လေရီ(ယ်)မနေဲ့သေချာမှတ်ထားနော်..

""ဘုရားစကားနော်""
ငှက်လေး ကြက်လေး တွေကိုကြောင်ကဘယ် အချိန်မှာ စားလဲဆိုတော့သူတို့ 
သတိလွတ် တဲ့အချိန်မှာ စားတယ်လေ
ဘယ်အချိန်မှာ
သတိလွတ်တတ်လဲဆိုရင် စားနေချိန် သွားနေချိန် မြူးထူး ပျော်ပါးချိန်

ကာမဂုဏ်ခံစားနေချိန် တွေမှာ သတိလွတ်တယ် အဲ့ဒီအချိန်မှာ စောင့်ဖမ်းပြီးစားသောက် ပြစ်လိုက်တယ်လေ
ကျား တွေလဲဒီအတိုင်းပဲ မုဆိုးကလဲ စောင့်ဖမ်းပြီး စားသောက် သတ်ဖြတ်တယ် ။

လူတွေကိုလဲ ဒီအတိုင်းပဲ သေမင်းက သတိလွတ်တဲ့ အချိန်မှာ ခေါ်ဆောင်သွားတတ်တယ်လေနော်။
သွားသတိ လာသတိ စားသတိ...

သတိလေးနဲ့ ကိုယ်လုပ်ကိုင် နေထိုင်တဲ့ အပေါ်မှာ သတိထားလုပ်ကိုင် နေထိုင်ရတယ် နော်

တရားမှတ်ရာလဲရောက်တယ် မေ့မေ့ လျှော့လျှော့လည်း မနေမိတော့ဘူးပေါ့ သတိလွတ်တော့ ဖိနပ်လွဲစီးတတ်တယ်
သတိမထားတတ်ပဲမေ့မေ့လျှော့လျှော့ နေခဲ့မိတော့ ကြက်သွန်လှီးရင်တောင် ဓါးထိတယ်လေနော် သတိမေ့ သွားလာနေတော့
ရထားကြိတ်တယ် ကားတိုက်တယ် သေချင်းဆိုးနဲ့သေရတာပေါ့နော် သစ်ပင်ပေါ်တက်လဲ
သတိတစ်ချက်လွတ်တာနဲ့ တစ်ပြိုင်ထဲ ၀ုန်းဆိုပြုတ်ကျတော့ သေရော....

သတိမေ့တတ်ရင် အသက်သာရှုနေတာ သေတဲ့လူနဲ့ ဘာမှ မထူးပါဘူး ရှင်ရင်းနဲ့ သေ နေတဲ့ လူသေနဲ့ အတူတူပဲလေနော် သတိလွတ်နေရင် အကောင်း အဆိုး မဝေဖန်နိုင်ဘူး မခွဲခြားနိုင်ဘူး သတိလွတ်တာနဲ့ အမှားကြုံနိုင်တယ် အမှန်နဲ့ လွဲနိုင်တယ် သတိမထားကြပဲ လုပ်ကိုင် နေထိုင် နေကြရင် ဘယ်အခါမှ မအောင်မြင်နိုင်ဘူး အရာရာ သတိထားလုပ်ကိုင် နေထိုင် ဆောင်ရွက်ရတယ် ဒါမှ အောင်မြင်နိုင်မှာနော်
ဟင်းချက်တော့ ဆား မပါသလိုပေါ့နော် ပေါ့တည်း ပေါ့ပျက် နိုင်တယ်နော့
စားသတိ သွားသတိ လာသတိ အိပ်သတိ နေသတိ ထိုင်သတိနဲ့ ဂရုစိုက်ရတယ်.....

သတိ ဆိုတာ ဘယ်တော့မှ မလွန်ဘူး။
 ၀ီရိယ လွန်တတ်တယ် ။
သမာဓိ လွန်တတ်တယ်
ပညာ လွန်တတ်တယ်တဲ့ ၀ီရိယလွန်တော့(ဥဒ္ဓိစ ပျံလွင့်တတ်တာ)
သမာဓိလွန်တော့(ထိနမိတ္ထငိုက်မြည်းတာ)
ပညာလွန်တော့(ကောက်ကျစ်တတ်တယ်) လေနော်
``ဘုရား´´
မှအဲ့လိုဟောတာ ဒါကြောင့်သတိထားနော်
မအိုချင် မနာချင် မသေချင်ပဲ အဖန်ဖန်
သေနေရတာ သတိပဌာန်တရား အားထုတ်မှု့နည်းနေကြလို့.....

အိုဘေး နာဘေး သေဘေးမှ အကြိမ်ကြိမ် လွတ်မြှောက်ချင်ကြရင် တရားရှုမှတ်တဲ့ ၀ိပါသနာရှုမှတ်ပါတဲ့
သတိ ထားလုပ်ပါတဲ့ ဘာလုပ်လုပ်ပေါ့နော် ခွေးလေးတွေ ပုရွက်ဆိတ်ကလေးတွေ
ခြကလေးတွေ ငါးကလေးတွေက လူဘ၀မှ သေတော့ ဘ၀ပြောင်းပြီး ရောက်နေကြတာလေနော်    ""မမ ""
တို့ ဒီခန္ဓာကြီးက စားချင်ကြတယ် လာချင်တယ် အိပ်ချင်တယ် သွားချင်တယ်
လိုအပ်နေတာတွေကြည့်ပဲလေနော် ပြီးပြည့်စုံတယ်လို့ကို မရှိကြဘူး....

ဒီခန္ဓာကြီးက ဒုက္ခအသး ဒုက္ခအလတ် ဒုက္ခအကြီး အမြဲတန်း တောက်လောင်နေကြတာနော်
""ရဟန်းငယ်တစ်ပါးမှ"" တောမီးလောင်နေတာကြည့်နေရင်းနဲ့ မြက်ပင်အသေး မြက်ပင်အလတ် မြက်ပင်အကြီး

သစ်ပင်အသေး သစ်ပင်အလတ် သစ်ပင်အကြီး
အကုန်လုံး တောမီးလောင်မြှိက်နေတာ
ကိုမြင်မိတော့ကြည့်နေရင်းနဲ့
ပျောက်ပျက်ကုန် တာ
မီးလောင်မြိုက်ရင်းနဲ့ မီးဝါးမျို ကုန်နေတာတွေ့တော့
အဲ့ဒီအချိန်မှာ တောမီးလောင်တဲ့ဘက်ကို မျက်နှာမူပြီး ""ရဟန်းငယ်မှ"" သူ့
ခန္ဓာကိုယ်မှ လောဘ အသေး အလတ် အကြီး
ဝေဒနာ အသေး အလတ် အကြီး
ကိလေသာ အသေး အလတ်
အကြီးတွေကို ဥာဏ်နဲ့ရှု့နေတာပေါ့ အဲ့ဒါကို
""ဘုရားမှ"" သိတော့ ကျောင်းတော်ရာမှနေပြီး
အသံတော်နဲ့အားပေးနေတယ်.......

"" ရဟန်းတော်ကလည်း ""ဥာဏ်နဲ့ ရှု့နေရင်း ရှု့နေရင်း
မဂ်ဥာဏ်မှ ဝေဒနာကြီး ငယ် လတ် အကုန်လောင်နေတာကြည့်ပြီး
သံယောဇဉ် ကြီး လတ် ငယ် အကုန်လောင်သလို သတိရှေ့ထားပြီး ရှု့မှတ်လိုက်တာ
""ဘုရားရှင်"" ကျောင်းတော်ကနေ သတိနဲ့ရှု့ဖို့ သတိမလွတ်ဖို့
အသံတော်နဲ့ ဟောကြားနေတယ်
""ရဟန်းတော် ""ကိလေသာကြီး ကိလေသာ လတ် ကိလေသာငယ်ပြတ်လို့
""ရဟန္တာ"" ဖြစ်သွားတယ်နော်...အဲ့ဒါကြောင့် ညီမလေးတို့ ဘာလုပ်လုပ် ဘယ်အရာမဆို
သတိတရားလေး လက်ကိုင်ထားပြီး သတိလေးနဲ့လုပ်ပါနော်
သတိ ကတော့ဘယ်တော့မှ  မမေ့သင့်တဲ့အရာပေါ့နော် ဆိုပြီး  ""မမ ""
နာကြားဘူးတဲ့ တရားလေးကိုပြောပြဖြစ်ပါတယ် သူတို့ကိုဒီ တရားတော် ပြောပြတဲ့ အချိန်ကစပြီး ညီမလေးတွေက မေ့တတ်တာ ကျန်တတ်တာ မဖြစ်တော့ပါဘူး မေ့သွားလို့နော်ဆိုတဲ့ စကားလည်း မကြားရတော့ပါဘူး
အရာရာ သတိထားလုပ်ကိုင်တတ်သွားကြပါတယ်။

တစ်လနေမည့် ""မမ ""
ညီမလေးတွေနဲ့ စင်္ကာပူမှာ နှစ်လကြာ နေဖြစ်ခဲ့ပါတယ်။
သူတို့အလုပ်အားလပ်ခဲ့ရင်လဲ ""မမ "" ညီမလေးတို့နဲ့အတူတူ

တိုပိုင်းရိုး)ဘုန်းကြီးကျောင်း ကိုသွားဖြစ်ပါတယ်။

ညီမလေးများသို့ အမှတ်တရ (မ..မလွမ်းနေပါတယ်)

Thursday, February 11, 2010

My New Year present for all of you "ဘ၀အတွက် စာတိုလေးများ..."




























































သူငယ်ချင်းပို့ တာလေးပါ။

ဗိုလ်ချူပ်အောင်ဆန်း မွေးနေ့ အမှတ်တရ MP3 file link မျာ

Asia Hero Aung San.mp3<http://ifile.it/f5b1gdk/Asia%20Hero%20Aung%20San.mp3>
Bo Aung San.mp3 <http://ifile.it/xjywoz3/Bo%20Aung%20San.mp3>

ဗိုလ်ချူပ် မိန့်ခွန်း
<http://ifile.it/hskun92/Bo%20Gyoke%20-1.mp3>*-1.mp3<http://ifile.it/hskun92/Bo%20Gyoke%20-1.mp3>
*

<http://ifile.it/cn29u6z/Bo%20Gyoke%20-2.mp3>*ဗိုလ်ချူပ် မိန့်ခွန်း
-2.mp3 <http://ifile.it/cn29u6z/Bo%20Gyoke%20-2.mp3>
*

<http://ifile.it/m654nsx/Bo%20Gyoke%20-3.mp3><http://ifile.it/hskun92/Bo%20Gyoke%20-1.mp3>ဗိုလ်ချူပ်
မိန့်ခွန်း -3.mp3 <http://ifile.it/m654nsx/Bo%20Gyoke%20-3.mp3>

ဗိုလ်ချူပ် မိန့်ခွန်း -4 ကတော့ မရှိဘူးဗျ သူငယ်ချင်းပို့ လာကတဲက subject
ထဲမှာပဲ 4 က ပါပီး attachment မှာ မပါလာဘူး

ဗိုလ်ချူပ် မိန့်ခွန်း -5.mp3<http://ifile.it/4rjmyuk/Bo%20Gyoke%20-%205.mp3>

<http://ifile.it/hskun92/Bo%20Gyoke%20-1.mp3>ဗိုလ်ချူပ် မိန့်ခွန်း
-6.mp3<http://ifile.it/c0i468v/Bo%20Gyoke%20-6.mp3>

<http://ifile.it/hskun92/Bo%20Gyoke%20-1.mp3>ဗိုလ်ချူပ် မိန့်ခွန်း
-7.mp3<http://ifile.it/wm8epgs/Bo%20Gyoke%20-7.mp3>

<http://ifile.it/hskun92/Bo%20Gyoke%20-1.mp3>ဗိုလ်ချူပ် မိန့်ခွန်း
-8.mp3<http://ifile.it/l7c3dmq/Bo%20Gyoke%20-8.mp3>

Tuesday, February 9, 2010

ilikephoto,2




ချစ်သူပျောက် ကိုရှာနေမယ်..



နာမည်တူတွေပေါနေတယ်...

သီဟ. သီဟ .သီဟ. သီဟ..
ဘိုဘို. .ဘိုဘို...
ဘို................
မောင်မောင်..........မောင်မောင်
...မောင်...........ကို.ကို.........ကို.ကို............ကို.........
အချစ် ............ချစ်ချစ် ................ ချစ်
အသဲ .......... အသဲ သဲ သဲ........
အသက်........သက်...........သက်သက်......
တူလိုက်တဲ့ နာမည်..........ဘေးနားပတ်လည်.........

လူခြင်းမတူ မူခြင်းမတူ .......
လူတော့လူဘဲ...............ဆရာဝန်တဲ့....လူအသက်ကယ်......
လူတော့လူဘဲ အင်္ဂျီနီယာ စက်မှု့ပညာသူတတ်တယ်...

လူတော့လူဘဲ စစ်သားကြီးတဲ့ တိုင်းပြည်အကျိုးသယ်ပိုးတယ်
လူတော့လူဘဲ ပညာနဲ့ စာတတ် အောင်သင်ပါ....ချစ်သူရယ်
ဗဟုသုတ မခေါင်းပါးမှ လောကအလယ်အောင်မြင်နိုင်မယ်..
ဘယ်သူ ညာညာ မင်းသိနိုင်တယ် ...

ချစ်သူရယ်...

ဟန်ဆောင်လိမ်ညာ.....ရှောင်ကျဉ်နိုင်တယ်....
ချစ်သူသိအောင် ပြောပြချင်တယ်....
မုသားမပါလင်္ကာမချော....ညာတတ်တာကလူ မနော....
မမ..ပြောတာချစ်လို့နော်....

မမတွေလဲပေါမှပေါ...........

ညီမတွေလဲ ချောမှချော
စရိုက်ခြင်းမတူ မူခြင်းမတူ..
စာတွေတော့တတ်ပါတယ် ဗဟုသုတခေါင်းပါးတယ်.....
ပညာတွေတော့တတ်ပါတယ် စာတွေလဲဖတ်ပါတယ်...
ချစ်သူမမှားအောင် ရှာပါကွယ်....
မမ ပုန်းပြီးစောင့်နေမယ်....

ကမ္ဘာ ကိုပတ်

ပင်လယ် ဖြတ်လို့ ချစ်သူပျောက် ကိုရှာနေမယ်

ilikephoto,3




Monday, February 8, 2010

မ..မ အမှတ်တမဲ့ မှ အမှတ်တရ ilikephoto,







IMG_0001.jpg
IMG_0008.jpg





``မ.မ ´´ကောက်တွေ့  ထားတာလေးတွေပါ။
ခလုတ်တိုက်ရင်သူ
များတွေကဖနောင့်လေး ပေါက်ပြီးဖတ်ဖတ်နဲ့ပြုလုပ်ကျတယ်

``မမ´´ ခလုပ်တိုက်ရင်သေချာကြည်လိုက် ခလုပ်တိုက်တဲ့နေရာမှာ ပစ္စည်းတစ်ခုခုအမြဲတွေ့ ရတယ်။


ခုလဲ``မမ´´တွေ့ ထားတဲ့ ဒင်္ဂါးလေးတွေတင်ပေးထားတာပါ ရေခဲနန်းတော်ထဲက မောင်လေးတယောက်နဲ့


ဂျီတော့မှာစကားပြောဖြစ်တော့သူက

"မမ"တန်ဖိုးရှိတာလေးတွေရေးပေးပါ။
တရားအကြောင်းလေးတွေရေးပေးပါနော်ဆိုတာနဲ့
``မမ``သူနဲ့စကားပြောနေရင်း

'' မမ''မှာ မင်းတုန်းမင်း လက်ထက်က ဒင်္ဂါးလေး တွေရှိတယ်

ဆိုတော့သူကြည့်ချင်တယ် ရေခဲနန်းတော်ထဲထည့် ပေးပါဆိုတာနဲ့ `` မမ ´´ဒင်္ဂါးလေး
တွေကြည့်ချင်တဲ့သူ ၀ါသနာပါတဲ့သူ ကြည့်ရအောင်ပြဖြစ်တာပါ။
"'မမ ""ထူးထူးဆန်းဆန်းလေးတွေ အမြဲကောက်ရတတ်ပါတယ်။

ဟင်္သာ အလေးတစ်ခုလဲ ကောက်ရဘူးတယ် မိုးတွင်းကြီး "မမ"

မိုးရွာရင် ရေထွက်ဆော့တယ် ရေချိုးတယ်။မိုးရွာရင်``မမ
´´
ပျော်တယ်မိုးရေထွက်ဆော့တော့ ချေထောက်ခလုပ်တိုက်တယ်
ဘာလဲကြည့်လိုက်တော့ ဟသာင်္ရုပ်လေး နန်းတွင်းထဲ သွားလည်တယ်

ကြေးပြားလေးကောက်ရတယ် ဘာမှန်းမသိဘူး ဒီတိုင်း ဘုရားစင်ပေါ်တင်ထားလိုက်တယ် တစ်ခါကောက်ရ
တစ်ခါတင်ထားတာလေ အားနေတုန်းမို့  ဘာလေးတွေလဲဆိုပြီး ကျောက်ခဲနဲ့ တိုက်ကြည့်တာ``မင်းတုန်းမင်း ´´
လက်ထက်က ပိုက်ဆံလေးတွေဖြစ်နေပါတယ် ယခု``မမ´´ရှိတဲ့ရှေးဟောင်းပုံလေးတွေ တင်ပေးထားတာလေနော်။

အမှတ်တမဲ့ ..မှ..

အမှတ်တရ