Pages

Saturday, August 11, 2012

အမေနေ့ မိဘဂုဏ် (၁၂)ပါးဂုဏ်တွေသိတော့ပိုပြီးလေးစားတက် လာတာပေါ့။


မ..မ ♥အမေနေ့♥ကံကောင်းခြင်းယတြာ မိဘဂုဏ်(၁၂)ပါး ဂုဏ်တွေသိတော့ပိုပြီးလေးစားတက် လာတာပေါ့။
Jan 9, '12 12:26 AM
for everyone
 အမေ့ကို တန်ဖိုးထားလေးစားရာရောက်အောင်

အမေနေ့  ဆိုပြီး  အမှတ်ရနေလျှင် အမေနေ့ကိုမမေ့သလို

အမေကို ယ္ခုအချိန်ထိ ထမင်းခူးကြွေး မခိုင်းပါနဲ့။

အမေကိုအင်္ကျီ လုံခြည် လျှော်ဖွတ်မခိုင်းပါနဲ့။

အမေကို ဥပုဒ်သီလ  ဘာဝနာပွားများနိုင်အောင် 

တစ်ဖက်တစ်လမ်းမှနေ၍  စောင့်ရှောက် တိုက်တွန်းပို့ဆောင်လမ်းပြပေးပါ။

အမေကိုချစ်ရာရောက်အောင် ကိုယ့်တာဝန်ကိုယ် ယူနိုင်တတ်အောင်လေ့ကျင့်ပါ။

 မိမိ ဝေယာဝစ္စ  မိမိဘာသာလုပ်ကိုင်ပါ။

အမေကိုပြုစုစောင့်ရှောက်ရာ ရောက်ပါတယ်။

မိမိဝေယာဝစ္စ ကိုမိဘမှလုပ်ပေးနေရသော သားသမီးများသည်

အောင်မြင်သင့်သလောက် မအောင်မြင်ပေ။

ကောင်းမွန်သော အလုပ်အကိုင် ရရှိနိုင်သော လဘ်လာဘ နည်းပါး၏။

ချက်ချင်းလက်ငင်း သူတပါးနည်းတူ ကံမကောင်းနိုင်ပေ။

 မိဘမှ
ဝေယာဝစ္စ သား၊ သမီးအား ချစ်လို့ပြုမူ ဆောင်ရွက်လုပ်ပေးနေခြင်းကြောင့်

မိမိ၏ ဘုန်းကံမှာ မိဘများ အားစောင့်ရှောက်သောသူနှင့်မယှဉ်ပြိုင်နိုင်ပါ။

မိမိကံကောင်းချင်လျှင် မိခင် ဖခင် အားမခိုင်းစေပါနှင့် မိမိဝေယာဝစ္စ

မိမိသာလုပ်ကိုင်ဆောင်ရွက်ပါ။


အချိန်မအားဘူးဆိုသော လူဖျင်းစကားကို မပြောပါနှင့် မအားသည့်ကြားမှ

တာဝန်ယူလုပ်ဆောင်ကြည့်ပါ၊


အမေနှင့်မှီသော   ကုသိုလ်ကို အမေအဖေရှိသော အခါတွင်အရယူပါ။

ကံကောင်းချင်လျှင် ယတြာမလိုပါ။

မိမိ၏ အမေ  အဖေကို  မိမိ၏ဝေယာဝစ္စ ဘာမှမလုပ်ပဲ

သင်တာဝန် သင်ယူပြီး စောင့်ရှောက်ပါ။

မကောင်းသောကံများ မကောင်းသောဂြိုလ်များသည်  သင့်ဘေးမှ  ရှောင်ရှား၍

သူများထက် သာလွန်သော ကောင်းမွန်သော လုပ်ငန်းဆောင်တာ

 စည်းစိမ်ဥစ္စာ ကံကောင်းခြင်းများရရှိမည်မှာ မြေကြီးလက်ခတ် ဧကန်မလွဲအမှန်ပင်  ရရှိပါလိမ့်မည်။

မိတ်ဆွေ
သင် ကံကောင်းချင်လျှင်အမေ၊အဖေကို တန်ဖိုးထားလေးစား  မိမိတာဝန်မှန်သမျှ

သင့်ဝေယာဝစ္စကို  သင်ကိုယ်တိုင်ယူဖြစ်အောင် ယူနိုင်ပါစေ

ဆန္ဒပြုဆုချွေပြီးအမေနေ့မှာ


အမေနှင့် ဆက်စပ်ပတ်သက်သော ကံကောင်းခြင်းများရရှိနိုင်ပါစေမိတ်ဆွေ။
မ..မမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။

၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။

၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။

၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။

၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။

၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။

၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။

၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။

၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။

၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။

၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။

၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။

၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။


မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။

အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ ဘိုးဘွားရိပ်သာ သို့ပို့ထားကြသည်။

အချို့ သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက

မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။

ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါ
သည်။

အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ

၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်.

၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။

၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။

၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။

၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။

၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။

၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။

၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။

၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။

၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။

၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။

၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။
ဤစာပေနှင့် မွေးမေကျေးဇူးဆပ်ခြင်းပါ။





♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥ချစ်မြတ်နိုးခြင်းပြိုင်ဘက်ကင်း♥



၁.......။ချစ်သူ ..ရည်းစားကို  ချစ်တော့ချစ်နော် သတိလေးတော့ ထားပေါ့
ကိုယ့်ထက်ပိုမချစ်မိစေနဲ့နော်
မိမိကို ချစ်ပါတယ်ဆိုတဲ့ ချစ်သူရည်းစားမှ သူရဲ့သေရေးရှင်ရေး  အရေးကိစ္စကြုံလာရင်
သူကိုယ်သူထက် ကိုယ့်ကို  ပိုမချစ်ပေးနိုင်ပါဘူး


၂.......။ ချစ်သူ...ရည်းစား   အချစ်ကဘ၀ မဟုတ်သလို  ဘ၀ကလည်း  အချစ်ဖြစ်မလာနိုင်ပါဘူး


၃......။ချစ်သူ...ရည်းစား   ဘယ်လောက်ပဲချစ်ချစ်   မွေးထဲကအတူတူမဟုတ်ခဲ့လို့

သေတော့လည်းတူတူလိုက်မသေနိုင်ကြပါဘူး


၎..။။။။ချစ်သူ...ရည်းစား  အချစ်အတွက်ရူးမိုက်တယ်ဆိုရင်လဲ   မွေးထားတဲ့
မိဘ ဆွေမျိုး ဂုဏ်ကိုတော့

ကြည့်တတ်သိတတ်ပါ။

၅.....။။။။။ ချစ်သူ...ရည်းစား   အသိဥာဏ်  စိတ်ကူးမှောက်မှားလာရင်လဲ  စိတ်

ထွက်ပေါက်မရှိအောင်

ကိုယ့်ကိုကိုယ် မမိုက်မှားမိအောင် မိမိကိုးကွယ်ရာ ဘာသာတရားကိုခဏလေးဖြစ်ဖြစ်ပေါ့

နာယူလိုက်တာ  ကျင့်မှတ်လိုက်တာကမှ  မိမိရဲ့စိတ်နှလုံးကို
အေးချမ်းမှူ့ဖြစ်စေတဲ့အပြင်

 စိတ်ဓါတ်ကျနေတာ စိတ်ဆင်းရဲနေတာတွေကို ကောင်းရာမွန်ရာ ဘက်ကို
ပို့ဆောင်ပေးပါတယ်.....

၆......။။။ချစ်သူ...ရည်းစားဟာ   ပေါက်လွတ်ပဲစားလား  ကိုယ်ကျင့် သီလ
မကောင်းသူလားဆိုတာတော့

သိထားသင့်အောင် လေ့လာပါ  အယုံလွယ်တာ   ဘ၀ပျက်တတ်တယ်

၇.......။။။။ချစ်သူ...ရည်းစား   ကိုယ့်ချစ်သူဟာ  ကိုယ့်ကိုချစ်သူဟာ

သူလမ်းသူလျှောက်နေသလို

ကိုယ်ကလည်း ကိုယ်လမ်းကိုလျှောက်နိုင်အောင်ကြိုးစားပါ  အမှီအတွယ်စိတ်ထဲမှာ
 အားကိုးမိပြီဆိုမှ

သူက မိမိတွဲလိုက်တဲ့လက်ကို လက်တွဲဖြုတ်လိုက်ရင် လမ်းမလျှောက်တတ်တဲ့

ကလေးငယ်တစ်ယောက်လိုပြုတ်ကျကျန်ရစ်တတ်ပါတယ်


ကိုယ်မထင်မှတ်ထားတဲ့အချိန်ဖြုတ်ချခံရရင်  အခန့်မသင့်ရင် သူရူးတစ်ယောက်လို

ဦးနှောဏ်မှာပါစိတ်ခံစားမှူ့မူမှန်မဟုတ်တော့ပဲ  ထိခိုက်မိပြီး  လောကကို
ဇောက်ထိုးမိုး မျှော်သလို ဘ၀ပါ  မှောက်ခုံကျတတ်ပါတယ်

၈......။ချစ်သူ..ရည်းစား   မိဘထက်ပိုချစ်သလို  ပတ်ဝန်းကျင်ထက်ပိုချစ်တယ်

အဖေ  အမေထက်ချစ်တဲ့ မောင်မောင်ရယ်   သီချင်းလေးလို   စိတ်ခံစားမှူတွေ
အလေးအနက်ထားပြီး

မိမိအတွက် အသက်ပေးမွေးဖွားပေးသော အမေ အဖေကိုမေ့

မိမိကိုရှာဖွေစောင့်ရှောက်ထိန်းသိမ်းပေးသောမိဘ  မောင်ဘွားများကိုမေ့ပြီး

လောကမှာတစ်ယောက်ထဲ

နေထိုင်ရှင်သန်နေသလို  ဆွေမျိုး  ဘာသာ  သာသနာကိုပါမေ့ပြီး  လက်လွတ်စပါယ်

ချစ်သူ......ရည်းစားအတွက်  ခံစားနေထိုင်မှူ့များကို  လူထဲမှလူသားများ

မိမိကိုယ်ပိုင် အသိမှာ ဥာဏ်ကပ်မှ မြင့် မြတ် သောလူဖြစ်မည်  ဖြစ်သည့်အတွက်

မြင်သိနားလည်သဘောပေါက်နိုင်ကြပါစေဟုစေတနာဆန္ဒမွန်ဖြင့်



၉.....။ချစ်သူ  ..ရည်းစား ဘ၀မှာ  မိမိရဲ့စိတ်ရင်းမှန်ကို ထုတ်ဖော်မပြသကြပါဘူး

 ဟန်ဆောင် လိမ်ညာ  လှည့်ပတ်မှု့များပါတယ်

ချစ်လို့ကြိုက်လို့  မိဘပေးစားလို့ယူပြီးခဲ့ကြပြီးမှ

လင်မယားကွဲကွာတာတွေတောင်  ဖြစ်ကြသေးတာ

ချစ်သူရည်းစာချင်း  မညားခင်မှာ တစ်ဖက်ကလမ်းခွဲတာ ကွဲကွာတာဟာ  သင့်အတွက်
ကံကောင်းတယ်

လောကမှာ ကံအကောင်းဆုံးလူသားလို့သာမိမိကိုယ်ကို  ကျေနပ်စွာနဲ့ နှစ်သက်ဂုဏ်ယူလိုက်ပါ

လောကမှာ ခဏတာလာသော သူများခဏတာ  ရင်ဆိုင်တိုးမိခြင်းဟုခံယူတတ်ပါစေ

စွဲလမ်း ငြိတွယ်မှူ့များမှ  လျော့နည်းနိုင်အောင်လေ့ကျင့်  လေ့ကျင့်ပေးပါ



၁၀...........။။။။ချစ်သူ  ..ရည်းစား  ဘ၀  ဘ၀  သံသရာတွင် အဖန်ဖန်  အထပ်ထပ်
 သေခဲ့သည့်  အချိန်တွင်  စွဲမိစွဲရာငြိတွယ်  စွဲလမ်းသေသည်ကများသည့်အတွက်

 စွဲလန်း

ခင်မင်တွယ်တာရစ်နှောင်မှူ့များနည်းပါးနိုင်အောင် မိမိစိတ်ကို
လေ့ကျင့်ပေးနိုင်အောင်ကြိုးစားပါ။

၁၁....။။။  ချစ်သူ  ..ရည်းစား  လူသားခြင်းမဆိုထားနှင့်
မိမိမြတ်နိုးမိသော  အရာဝတ္ထုများ  အိမ်မွေးတရိစ္ဆာန်ကိုပင်

ဘ၀အဆက်ဆက်မှ  ငြိတွယ်စွဲလန်းလာသော  စိတ်ကြောင့် ရွှေငါးလေးအိမ်မှာအလှမွေး
ဖို့ဝယ်ယူရာ တွင်ငါးများစွာထဲမှ ဒီရွှေငါးလေးရောင်းပေးပါ။

ကြောင်များစွာထဲမှ ဒီကြောင်ကလေးရောင်းပေးပါ   ၊  ခွေးများစွာထဲမှ
ဒီခွေးလေးရောင်းပေးပါ ။

ငါးများစွာထဲမှ ဒီငါးလေးကိုမှချစ်တာဒါပဲယူချင်တာ   ဒီကြောင်ကလေးပဲချစ်တာ

ဒီခွေးလေးကိုပိုချစ်တာ

ဟုရွှေးပြီးမှဝယ်ယူတတ်သည်   ။မိမိနှစ်သက်ရာကို စွဲလမ်းရာကိုသာ
တောင်းရမ်းမွေးမြူတတ်ကြသည်မှာ

ဘ၀များစွာ သံသရာ အဖန်ဖန် အဆက်ဆက်က  ငြိတွယ်လာသောစိတ်ကြောင့်ဖြစ်သည်


၁၂...........။။။။ ချစ်သူ......ရည်းစား  စောင့်ရှောက်တတ်မှူ့

တာဝန်ယူတတ်မှူ့   မိမိ၏ တစ်အူတုံဆင်း

သွေးသားရင်းလို  တန်ဖိုးထားလေးစား၍ သံယောဇဉ်နှင့်   လူသားခြင်း  လူသားခြင်း

 ကိုယ်ခြင်းစာစိတ်  စာနာမှူ့  နားလည်မှူ့နှင့်  လူဟုခေါ်သော လောကတွင်းဝယ်

 လူပီသနိုင်ကြပါစေ



အဝေးမှ  မှာ တန်းစကား

ဘယ်သူအတွက်လဲကို  နားလည်သဘောပေါက်နိုင်ကြပါစေ.............။

0 comments:

Post a Comment