Pages

Monday, September 30, 2013

ကဗျာပြိုင်ပွဲ ဖိတ်ခေါ်ခြင်း အဖြူရောင်အားမာန်အွန်လိုင်းမိသားစု တွင် စာပေချစ်မိတ်ဆွေများ ၀င်ရောက်ယှဉ်ပြိုင်နိုင်သည်



http://whitestrength.ning.com/main

ချီးမြှင့် ပေးအပ်မည့် ဆုငွေများမှာ

ပထမဆု - ကျပ်တစ်သိန်း

ဒုတိယဆု - ကျပ် ခြောက်သောင်း

တတိယဆု - ကျပ်လေးသောင်း

ချီးမြှင့်မည်ဖြစ်ပါမည်။

အဖြူရောင်အားမာန်အွန်လိုင်းမိသားစု ဆိုက်၏
တတိယအကြိမ်မြောက်
ကဗျာပြိုင်ပွဲ နှင့်ပါတ်သက်သည့် အချက်အလက်များ။


ငြိမ်းချမ်းပါစေမြန်မာပြည်


ခေါင်းစဉ်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရပါမည်။


* မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။

* မည်သည့်ဆိုက် မည်သည့်စာအုပ်တွင်မှ မဖော်ပြ မတင်ရသေးသည့် ကဗျာဖြစ်ရပါမည်။

* မည်သည့်ကဗျာ အမျိုးအစားနှင့်မဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။

* စာကြောင်းရေ အနည်းဆုံး ၂၀ မှ ၁၀၀ အတွင်း ဖြစ်ရပါမည်။

* ပြိုင်ပွဲဝင် ကဗျာများကို ၁-၁၀-၂၀၁၃ မှ ၃၁-၁၀-၂၀၁၃ ရက်အတွင်း အောက်ဖေါ်ပြပါ
အီးမေးလ်

familyofwhitestrength@gmail.com

သို့ ပြိုင်ပွဲဝင် ကဗျာ ဟု ခေါင်းစဉ်တပ်ကာ ပေးပို့ရပါမည်။


* ပြိုင်ပွဲဝင်လိုသူများအနေဖြင့်အဖြူရောင်အားမာန် မိသားစုတွင် မမ်ဘာဝင်ပြီးမှ ယှဉ်ပြိုင်ရပါမည်။ 
 
* ပြိုင်ပွဲဝင် ကဗျာကို မေးလ်မှ ပေးပို့လျှင် မိမိအိမ်လင့်ခ် ကိုပါ တစ်ပါတည်း ပေးပို့ ရပါမည် ။


*  အီးမေးလ် ထဲသို့ ပေးပို့လာသော ကဗျာများကိုသာ ပြိုင်ပွဲဝင်ကဗျာ အဖြစ် အသိအမှတ်ပြုပြီး
    အဖြူရောင်အားမာန် ဆိုက်၏ ပြိုင်ပွဲဝင်ကဗျာများ စာမျက်နှာတွင်
တပုဒ်ခြင်းစီ အမှတ်စဉ်တပ်ကာ
    အားလုံးသိရှိနှိုင်ရန်နှင့် ကွန်မန့်ပေးနှိုင်ရန် ဖေါ်ပြပေးမည် ဖြစ်ပါသည်။

* အားမာန် ဆိုက်တွက် ကဗျာများကို ဖေါ်ပြရာတွင်

ငြိမ်းချမ်းပါစေမြန်မာပြည်(၁-၂-၃-၄) စသည်ဖြင့်

   အမှတ်စဉ် တပ်ပြီး တပုဒ်ခြင်းစီ ဖေါ်ပြပေးမည်ဖြစ်ပြီး

ကလောင်ရှင်အမည်ကိုမူ ဖေါ်ပြပေးမည်မဟုတ်ပါ။

* ပြိုင်ပွဲဝင်တစ်ဦးလျှင် တစ်ပုဒ် သာ ၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

အမည်ပြောင်းသုံးပြီး ဝင်ရောက်

   ယှဉ်ပြိုင်ခြင်းမျိုးတွေ့ရှိပါက ထိုသူ၏ ကဗျာအားလုံးကို ပြိုင်ပွဲဝင်ကဗျာမှ

ပါယ်ဖျက် ပြစ်မည်ဖြစ်ပါသည်။

* ဆိုက်တွင် ဝင်ရောက်ထားသောအမည်။ ကလောင်အမည် နှစ်မျိုးစလုံး ဖေါ်ပြပေးရပါမည်။

* ပေးပို့ပြီးကဗျာအား နောက်ထပ်တဖန် ထပ်မံပြင်ဆင်ခွင့် မရှိပါ။

အဖြူရောင်အားမာန်


http://whitestrength.ning.com/main

ချီးမြှင့် ပေးအပ်မည့် ဆုငွေများမှာ

ပထမဆု - ကျပ်တစ်သိန်း

ဒုတိယဆု - ကျပ် ခြောက်သောင်း

တတိယဆု - ကျပ်လေးသောင်း

ချီးမြှင့်မည်ဖြစ်ပါမည်။


* ဆုငွေများကို အဖြူရောင်အားမာန် အွန်လိုင်းမိသားစု ဆိုက်တစ်နှစ်ပြည့်အခမ်းအနား ပြုလုပ်မည့်
   (11-11-2013) တွင် စင်မြင့်ပေါ်မှာ ပေးအပ်ချီးမြှင့်သွားပါမည်။

* မြန်မာနိုင်ငံမှ မဟုတ်သည့်ပြိုင်ပွဲဝင်များအတွက် ဆုငွေကို မြန်မာပြည်မှ ကိုယ်စားလှယ်ဖြင့် တက်
   ရောက်   ထုတ်ယူနိုင် ပါသည်။

* အမှတ်ပေးပုံ

- သတ်ပုံ သတ်ညွှန်း မှန်ကန်မှု - ၁၀ မှတ်

- ခေါင်းစဉ်နှင့်စာသား ကိုက်ညီမှု - ၁၀ မှတ်

- အဖြူရောင်အားမာန်မိသားစု မမ်ဘာများမှ ကွန်မန့် နှင့် ကြိုက်နှစ်သက်မှု - ၁၀ မှတ်

( ကွန်မန့် ဆိုရာတွင် မည်သည့် စာသား မည်သည့်အကြောင်းအရာလေးကြောင့်ကဗျာလေးကို ကြိုက်နှစ်
သက်ပါသည် ဟုဖော်ပြရေးသားရပါမည် )

- အကဲဖြတ်အဖွဲ့၏ ဆုံးဖြတ်အမှတ်ပေးမှု - ၇၀ မှတ်

တင်ပြပုံကောင်းမွန်မှု ၊ ကာရံညီညွတ်မှု (သို့မဟုတ်)နိမိတ်ပုံစာသား(သို့မဟုတ်)ဥပမာပေးတင်စား ချယ်မှုန်းမှု (သို့မဟုတ်) အလင်္ကာမြောက်စွာချယ်မှုန်းမှု့၊ စ လယ်ဆုံး ဟန်ချက်ညီမှု့၊ ရသမြောက်မှု နှင့် ကဗျာရေးသူ၏ စေတနာ တို့ကိုကြည့်ကာအကဲဖြတ်အဖွဲ့မှ ဆုံးဖြတ်ပေးသွားပါမည်။

* အကဲဖြတ်ဒိုင်အဖွဲ့ကို အဖြူရောင်အားမာန် မိသားစုဝင် အက်မင် နှင့်မန်ဘာများထဲမှပါဝင်ခွင့်မရှိပါ။
(မန်ဘာ အားလုံး လွပ်လွပ် လပ်လပ် ပြိုင်ဆိုင်ခွင့် ရနိုင်ရန်နှင့် ကွန်မန့် ပေးနိုင်ရန်အတွက်ဖြစ်ပါသည်။)
* ဆုရကဗျာများကို အကဲဖြတ်ဒိုင်အဖွဲ့၏ သုံးသပ်ချက်နှင့်အတူအဖြူရောင်အားမာန်အွန်လိုင်းမိသားစု
   ဆိုက်တွင် တစ်ပုဒ်ချင်းစီ ဘလော့တင်ကာ ဖော်ပြပေးသွားပါမည်။

အဖြူရောင်အားမာန် အွန်လိုင်းမိသားစုမှာ အဖွဲဝင်ပြီး လေ့လာကြည့်ပါ ။

အဖြူရောင်အားမာန် အွန်လိုင်းမိသားစုမှာ အဖွဲဝင်ပြီး လေ့လာကြည့်ပါ ။*

စာပေချစ်မိတ်ဆွေများအား ခင်မင်လေးစားစွာဖြင့်  ဖိတ်ခေါ်ပါသည်။

သူငယ်ချင်းများလာခဲ့နော်

အဖြူရောင်အားမာန်

http://whitestrength.ning.com/main


Friday, September 27, 2013

မင်းတို့ကတော့ ပျော်မြူးနေကြ … ဒီမှာက ဘဝတွေ ဆုတ်ပြတ်သတ်


မင်းတို့ကတော့ ပျော်မြူးနေကြ … ဒီမှာက ဘဝတွေ ဆုတ်ပြတ်သတ် - နာရေးကူညီမှုအသင်း(ရန်ကုန်)

ကျွန်တော်တို့ မဟာရန်ကုန်မြို့ကြီးသည်လည်း ဒေဝါမိုး၏ ထစ်ချုန်းမှုကြောင့် ရပ်ကွက်များ၊ မြို့နယ်များ၊ လမ်းမများတွင် ရေများဖုံးလွှမ်းလျှက်၊ မော်တော်ကားများသည်လည်း မော်တော်ဘုတ်များသဖွယ်မောင်းနှင်
နေဆဲ၊ မိဘပြည်သူအပေါင်းတို့သည်လည်း ရုံးသွား/ရုံးပြန်၊ အလုပ်သွား/အလုပ်ဆင်း၊ကျောင်းသွား/ကျောင်း
ပြန် ဒူးပေါ်/ပေါင်ပေါ် လျှောက်လှမ်းနေဆဲ အချိန်ကာလအတွင်း မြန်မာပြည် နယ် အရပ်ဒေသ အသီးသီးတို့ တွင်ရှိသော ပြည်သူလူထုအပေါင်းတို့မှာကား နေအိမ်များအားစွန့်ခွာ၍ ရေဘေး ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေကြရသည်ဖြစ်သည်။ ကလေးသူငယ်၊ ကျောင်းသူလူငယ်များ အဖို့ “ရေတက်ကျောင်းပိတ်” ဆောင်ပုဒ်အား မည်သည့်အချိန်ကာလအထိ လက်ကိုင်ပြုနေတော့မည်ကိုတော့ မသိရှိနိုင်ပေ။

တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်ကလေးငယ်များ၏ ဘဝကား မည်သို့မျှဖြစ်လာမည် ကိုတော့ မခန့်မှန်း
နိုတော့ပေ။ ထိုကဲ့သို့ ရေဘေးသင့်အရပ်ဒေသများရှိ မိဘပြည်သူအပေါင်းတို့၏ သွားရေးလာရေး ကိစ္စရပ်
များအတွက် လှေငယ်လေးများနှင့်သာ လှော်ခတ်သွားလာရခြင်းတို့ကို မြင်တွေ့မိ တော့သည်။

သူတို့၏ဘဝများကား မော်တော်ကားဆိုသည်ကို စီးနင်းခွင့်ပင်မဆိုထားနှင့် မြင်တွေ့ဖို့ကား ဝေးလှသည်။ လူ သားများအတွက် အစာအဟာရအဖြစ်သော်၎င်း၊ လုံခြုံမှုအတွက်သော်၎င်း အသက်စွန့် ပေးဆပ်နေကြသော နွား၊ ကျွဲ၊ ဆိတ်၊ ခွေး စသည့်သတ္တဝါများပင် နေထိုင်သွားလာ၊ စားသုံးရန် အခက် အခဲပေါင်း ကြီးမားစွာတွေ့
ကြုံနေရပြီ ဖြစ်တော့သည်။ ဖွေးဖွေးဖြူနေသော ရေပြင်လွှာထဲရှိ ကုန်းကမူလေး ပေါ်တွင် စည်းလုံးညီညွတ် ပြွတ်သိပ်စွာဖြင့် နေထိုင်နေရသော လူသားတို့အတွက် အသက်စွန့်ပေးခဲ့သော ကျေးဇူးရှင် နွား၊ ကျွဲ၊ ဆိတ်၊ ခွေး သတ္တဝါများ၊ လူနေအိမ်ခေါင်မိုး မျက်နှာကြပ်ပေါ်တွင် လူများနှင့်အတူ နေထိုင်နေကြသော ခွေး၊ကြောင်
အိမ်မွေးတိရစ္ဆာန်များ၊ လှေငယ်ျားပေါ်တွင် လူများနှင့်အတူ ရောထွေး လိုက်ပါ စီးနင်းနေကြသော ကြက်၊ ခွေး၊ သတ္တဝါများ၊ ရေမြုပ်နေ သော သစ်ပင်ကြီးများ၏ အထက်ကိုင်း ခတ်များတွင် တက်ရောက်နေရာ ယူ ထားကြသော ကမ္ဘာ့ရန်သူများဟု သမုတ်ခံထားရသော မြွေ၊ ဖား သတ္တဝါများ၊ ကျောင်းများ လနှင့်ချီ၍ ပိတ်
ထားသောကြောင့် ပညာ သင်ကြားခွင့်မရသော ကလေးသူငယ် များ ဘဝရပ်တည်မှုအတွက်၎င်း၊ စားဝတ်
နေရေးအတွက်၎င်း၊ အနာဂတ်ကာလများဆီသို့ မျှော်တွေးငေး မောရင်း ကူညီမည့်သူများအား မျှော်လင့် တကြီးစောင့်မျှော်နေကြသော မိဘပြည်သူအပေါင်းနှင့် အနာဂတ် သာသနာအတွက် ရင်လေးစွာဖြင့် စိုး ရိမ်တကြီးမျှော်တွေးနေကြသော ရေမြုပ်နေသော ရွာဦးကျောင်း တော်ရှိ ဆရာတော်ကြီးများ စသည့်ဘဝ
ပေါင်းများစွာတို့သည် သဘာဝဘေး ဒဏ်ကပ်ဘေးဆိုး အမျိုးမျိုး တို့ထဲတွင် ဒုက္ခပင်လယ်ဝေနေဆဲ ဖြစ်
တော့သည်။



ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော ဖ.ဆ. ပ.လ ညီလာခံမိန့်ခွန်းတွင်လည်း ဗြဟ္မစိုရ်တရား ခေါင်းပါးနေသရွေ့ ကာလပတ်လုံး ကပ်ဘေးအမျိုးမျိုး ကြုံ
တွေ့ရမည်ဟူသော မှန်ကန်လှသည့် မိန့်မှာချက်အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ရန်သူမျိုး ငါး ပါးဖြစ်သော ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ စစ်ဘေး စသည့် ဒုက္ခအမျိုးမျိုးသော ကပ်ဘေး အ မျိုးမျိုး ကြုံတွေ့ခံစားနေရပြီဖြစ်တော့သည်။ မြန်မာပြည်သူလူထုအပေါင်း ရေရှားပါးမှုဒဏ်၊ ရေလွှမ်းမိုးမှု ဒဏ် ၊ လေဘေးဒဏ်၊ ငလျင်ဘေးဒဏ်၊ စစ်ဘေးဒဏ်တို့ကြောင့် ဘဝပေါင်းမြောက်များစွာ သေကြေပျက်စီး အမိ တကွဲ၊ အဖတကွဲ၊ အိုးပစ်/အိမ်ပစ်၊ စားရမဲ့/သောက်ရမဲ့ ဘဝများ တိုင်းပြည်ကိုစွန့်ခွာ၍ ပြည်ပနိုင်ငံ များတွင် အလုပ်အကျွေးသွားပြု၍ ကျွန်ခံနေရသော အနာဂတ်လူငယ်များ၏ ဘဝပေါင်းများစွာတို့ဖြင့် ပြည့်လျှံနေ ရသော ဆိုးရွားလှသည့် အခြေအနေတရပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကျွန်တော်မြင်တွေ့ ခံစားမိတော့
သည်။

သို့သော် ကျွန်တော်တို့လူမှုရေးသမားများ အရပ်ဘက် ကိုယ်ထူကိုယ်ထ လူမှုရေးအဖွဲ့အစည်းများ အနေဖြင့် ဘုရားရှင်၏ ဗြဟ္မစိုရ်တရား(၄)ပါးဖြစ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားတို့ကို လက်ကိုင်ပြု၍ လူသားချင်းစာနာစိတ်မွေးဖွားကာ အတတ်နိုင်ဆုံး ကူညီဖေးမပေးလျှက်ရှိသည်။

- မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းသာယာဝပြောစေချင်သည်။
- ကမ္ဘာ့နိုင်ငံအသီးသီးတို့သည်လည်း အမြန်ဆုံး ငြိမ်းချမ်းသာယာဝပြောစေချင်သည်။
- ကမ္ဘာ့ရွာကြီး ငြိမ်းချမ်းရေးတရားများ အမြန်ဆုံးလွှမ်းခြုံ စေချင်တော့သည်။

ထိုအတွေး၊ ထိုအာရုံခံစားမှုတို့သည် ကျွန်တော် မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ဒီပဲယင်း၊ ရွှေဘို၊ ပြည်၊ ကြို့ပင်ကောက်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာပြည် အရပ်ဒေသအသီးသီးသို့ သွားရောက်၍ ဗြဟ္မစိုရ်ခြေလှမ်းလူမှုရေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့စဉ်က ဖြစ်ပေါ်ခဲ့သည်။ ယခု ကြို့ ပင်ကောက်၊ ရေဘေးကယ်ဆယ်ရေးသွားစဉ် ကျွန်တော်တို့ စီးနင်းလိုက်ပါလာသော ကယ်ဆယ် ကူညီရေး စက်လှေပေါ်မှ မြင်တွေ့ခဲ့ရသော သက်ရှိလူသားများ သက်ရှိကျေးဇူးရှင် ကုန်းနေတိရစ္ဆာန်များ၏ ဘဝများ ကာ ပျက်စီးယိုယွင်း ဘဝပျက်မှုများကို မြင်တွေ့ခံစားရင်း ကိုယ်ချင်းစာနာစိတ်တို့ဖြင့် မျက်ရည် လည်ခဲ့ရ သည်။

“သြော် ….. မြို့ကြီးပြကြီးများတွင် သဘာဝကြုံတွေ့ရသော်လည်း စားရေးသောက်ရေး၊ နေရေး ထိုင်ရေး ဘဝတို့သည် ခံသာသေးသည်။ ယခုကဲ့သို့ ကျေးလက်ဒေသများရှိဘဝများသည်ကား …..။” ထို အတွေး ထိုခံစားချက် ထိုသို့ ကိုယ်ချင်းစာနာစိတ် ကျွန်တော့်တွင် ဖြစ်ပေါ်နေဆဲ ကျွန်တော်တို့ ရေဘေး ကယ်ဆယ်ရေး စက်လှေပေါ်တွင် တက်ကြွစွာလိုက်ပါလာကြသော ပရဟိတလူမှုရေးသမားများ အားတက် သော တက်ကြွသော စည်းလုံးသော၊ ညီညွတ်သော စကားသံများသည် ခုတ်မောင်းနေသော စက်လှေ၏ စက်ခုတ်သံအား လွှမ်းခြုံနေတော့သည်။ ရေပြင်ဖြူဖွေးဖုံးလွှမ်းနေသော ရေပြင်ကျယ်ကြီး စက်ခုတ်သံအား လွှမ်းခြုံနေသော ပရဟိတမောင်၊ မယ်တို့၏ အသံများအား “အေး … အေး မင်းတို့ကတော့ ပျော်မြူးနေကြ၊ ဒီမှာက ဘဝတွေအားလုံး ဆုတ်ပြတ်သတ်နေကြပြီ” ဟူသော အသံနက်ကြီး ထွက်ပေါ်လာခဲ့သည်။ပတ် ဝန်း
ကျင်တစ်ခုလုံး ရေပြင်လွှာကြီးတစ်ခုလုံး စက်လှေပေါ်ရှိ ပရဟိတသမားများအားလုံး တိတ်ဆိတ်ငြိမ် သက် သွားပြီးနောက် အံ့သြတကြီးအသံထွက်ပေါ်လာသော နေရာသို့ မျက်လုံးများရွှေ့လျား ကြည့်ရှုခဲ့ တော့ သည်။ အားလုံးသော မျက်လုံးပေါင်းမြောက်များစွာတို့သည် ကျွန်တော့်ထံသို့ ဝိုင်းဝန်း ကြည့်ရှုနေကြ တော့ သည်။ ကျွန်တော်သည် လှေဦးထက်တွင် ပင်ပန်းနွမ်းနယ်စွာဖြင့် ထိုင်နေသည်။ ကျွန်တော့်၏မျက်လုံး အစုံ တို့သည် လှေဦးထက် ရေပြင်လွှာပေါ်သို့ ရောက်ရှိကြည့်ရှုနေသည်။ ကျွန်တော်မြင်ရသော ကျွန်တော် ကြည့်ရှုနေသော ကျွန်တော့်အား ဒေါသတကြီး အသံနက်ကြီးဖြစ်ပေါ်ခဲ့ရသော မြင်ကွင်းသည်ကား ရေပြင် လွှာပေါ်တွင် ကျက်စားနေထိုင်ကြသော ပျော်မြူးနေကြကာ တောင်ပံခတ်၍ ကူးခတ်နေကြသော ရေဘဲ သတ္တဝါ (၃) ကောင်ပင်ဖြစ်တော့သည်။

သက်ရှိလူသားများ ကုန်းနေသတ္တဝါများ ယခုကဲ့သို့ ရေဘေးဒုက္ခများ အကြီးအကျယ်ခံစား နေရ ချိန်တွင် ယခုကဲ့သို့ ပျော်ရွှင်မြူးတူးစွာ ရေပြင်လွှာပေါ်တွင်သွားလာ ကျက်စားနေသော ရေဘဲလေးများ အား ကျွန်တော်ယခုကဲ့သို့ အသံနက်ကြီးဖြင့် သတိလစ် အော်ဟစ်ကြုံးဝါးလိုက်မှုသည် ဗြဟ္မစိုရ်တရား လေးပါးအား ဖောက်ဖျက်ကျူးလွန်မိတော့သည်ကား ကျွန်တော်ကိုယ်တိုင် မသိတော့ချေ။
အော် … သူတို့သည်ကား ရေနေသတ္တဝါများဖြစ်၍ ရေကြီးလေ သူတို့ကြိုက်လေ .. ပျော်လေပေါ့။
ကျွန်တော်တို့သည်ကား ……. ။


(ကမ္ဘာမြေပြင် ငြိမ်းချမ်းဖို့၊ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့၊ လူသားတိုင်းတွင် ဗြဟ္မစိုရ်တရား လက်ကိုင်ပြု ကျင့် သုံးကြစေချင်တော့သည်။)

ကျော်သူ


(မှတ်တမ်း-ဓာတ်ပုံများ)














သတင်း-ဆောင်းပါး နှင့် ဓာတ်ပုံများ ပေးပို့လာသော
နာရေးကူညီမှုအသင်း(ရန်ကုန်) မှ  ဥက္ကဋ္ဌ ဦးကျော်သူ နှင့် စေတနာ့ ဝန်ထမ်းများ အားလုံးကို
အထူးကျေးဇူးတင်ပါသည်။
http://www.sawkyawoo.com/2013/09/blog-post_7788.html#.UkRlc7MbaG8.facebook

Tuesday, September 17, 2013

လူ၏ စိတ် သဏ္ဍန်

လူ၏ စိတ် သဏ္ဍန်
ကာလာရယ်စုံ
ပျက်စီးခြင်းများကြုံ။ ။

လောကပန်းချီကား
သဘာဝတရား...
လှရက်ပါပေ့အား။ ။

ဖျက်သူရယ် ပျက်သူရယ်ကြား
ရှာမှ ရှားတဲ့
ဤလောက ပန်းချီကား။ ။
သူ့အလှတရား






http://whitestrength.ning.com/
စာပေလောက မောင်နှမများအား
ဤအဖြူရောင်အားမာန်သို့
တရားတော်များ ဗဟုသုတ ရသ
နည်းပညာ ကဗျာ လကာင်္ သတင်း စာပေများ
ရေးသားပြီး
အဖွဲ့ဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်နော်..

မ..မ
http://whitestrength.ning.com/

ပြည် မသိ မင်း မသိ

တွေးချင်ရာတွေး
ရေးချင်ရာရေး

ခေါ်သင့်တာခေါ် ပျော်သင့်တာပျော်
ပြင်သင့်တာပြင် မြင်သင့်တာမြင်
ဆင်သင့်တာဆင် သင်သင့်တာသင်

ခင်ချင်မှခင် ခေါ်ချင်မှခေါ်
ထင်ချင်တာထင် မြင်ချင်တာမြင်
သင်ချင်တာသင် ဆင်ချင်တာဆင်
ဂွင်ဆင်တာဆင်

သတ်ချင်တာသတ် ဖြတ်ချင်တာဖြတ်
ကပ်ချင်တာကပ် နှပ်ချင်တာနှပ်
အပ်ချင်ရာအပ်

ဝတ်ချင်ရာဝတ် ပြစ်ချင်ရာပြစ်
ဖြစ်ချင်ရာဖြစ် လစ်ချင်ရာလစ်
နှစ်ချင်ရာနှစ် နစ်ချင်ရာနစ်
ငတ်ချင်ရာငတ် ပြတ်ချင်ရာပြတ်
ဆပ်ချင်ရာဆပ်

မြင်ချင်ရာမြင် ပေါ်ချင်ရာပေါ်
ပြချင်တာခဏ
ပျက်တာက တစ်ဘဝ
ပြစ်ချင်ရာပြစ် ဖြစ်ချင်ရာဖြစ်
မိဘမဲ့တွေဖြစ်

သင်ချင်တာသင် ရချင်ရာရ
လူတွေဟာ အ
မလောက်ငတာ
တစ်ဘဝ

ယူချင်တာယူ ငတ်ချင်ရာငတ်
ဘ၀တွေ စုတ်ပြတ်

ပြောချင်ရာပြော
ဟောချင်ရာဟော
ပြည်မသိ ဗာရာဏသီ
မင်းမသိ ဗြမ္မဒတ်

စားချင်ရာစား သွားချင်ရာသွား
ဇိမ်ခမ်းတွေတော့ လူအပြည့်သား

ရောင်းချင်ရာရောင်း
ပြောင်းချင်ရာပြောင်း
ဝမ်းမှာ အူဟောင်းလောင်း

ဖြစ်ချင်ရာဖြစ် နေချင်ရာနေ
သေချင်ရာသေ

ဘယ်သူသေသေ
ငတေတွေ
အဲ့ဒါ ဒီလူ့ပြည်


Saturday, September 7, 2013

စမ်းတ၀ါးဝါး ပုံပြင်

Options for this story

ပြည်သူတွေမှာ
လမ်းလျှောက်သင်
စမ်းတ၀ါးဝါးပေါ့ရှင်

ဟိုလူပြောတာ မှန်နိုး နိုး
ဒီလူပြောတာမှန်နိုးနိုး
နိုးနိုးဆိုတဲ့နောက်တော့ နိုး နိုး (N0)

လယ်တောပြောင်း
ယာတောပြောင်း

ခရိုနီလက်ထဲပြောင်း
သစ်ကြီးဝါးကြီး တရုတ်ပြည်ပြောင်း
အဲ့ဒီလောက်ပြောင်း လဲ နေတာ
ပြောင်းတွေ ညံ့တုန်းပါပဲ

အော်...

ပြောင်းဖူး စား
မကောင်းတာပြောတာပါ..း)

လောကပါလ ပျက်စီးခြင်း

လောကပါလ ပျက်စီးခြင်း

ကျွန်းမသိ
တောမသိ
တောင်မသိ

လယ်မသိ
ယာမသိ

ကမ်းမသိ
မြစ်မသိ

တန်ဖိုးမရှိသူ
တန်ဖိုးမသိ

စုံလုံးကမ်းများ
ကျေးဇူးရှင်ကိုပြစ်မှား၏

တော တောင် မြေငို
ကမ်းတွေပြို

လယ်ယာတွေပျောက်
ကုမ္ပဏီဆောက်

မြစ်ကိုပြင်လို့မြေရေစို
ရေရှိရာ ရေပျောက်
မြေရှိ ယာ သီးနှံပျောက်
အိမ်ရှိရာ ကုပ္ပဏီဆောက်

အငတ်ဘေးနဲ့
ကပ်ဘေးရောက်
တိုင်းပြည် လူမျိုးပျောက်

သဘာဝကြီး မျက်ရည်ယို
သယံဇာတ ကျိမ်စာဆို
သမုဒ္ဒရာအောက်
လူတွေရောက်
ယူတာ မှန်သမျှပျောက်

သိမ်း ရောင်း လောက

သိမ်း ရောင်း လောက

မြေ ပိုင်ရှင်မရှိ မြေသိမ်း
ယာ ပိုင်ရှင်မရှိ ယာသိမ်း
မြစ် ပိုင်ရှင်မရှိ မြစ်သိမ်း
သိမ်း ရောင်း လောက
သိခြင်းတွေနဲ့
မသိခြင်းတွေ ဘောင်ခတ်
အမည်တတ် ရယူ
နေတွေ ပူ
လိုချင်သမျှ လောဘတွေဟာ
အဆိပ်ငွေ့အဖြစ်
ကောင်းကင်ပျံ့ တက်
အဆိပ်ရေတွေသောက်
လူတွေဂေါက်ပေါ့
သူရူးတိုင်းပြည်ဖြစ်နေတာ
အများမိုးခါးရေသောက်
လိုက်သာသောက်ကြ
ဒါမှအတူတူ အနူနူ
လူ ထူထူများဖြစ်ကြမှာ..
ငါချစ်တဲ့ဧရာဝတီ
အေးချမ်းသာယာလှပါသည်..

Friday, September 6, 2013

သတ်မိန့်


သတ်မိန့်(သို့) တစ်သက်တစ်ကျွန်း
ပြဿနာအစ မုဒိမ်းမှုက
ထိမ်းမရတာက တဏှာသမား
လောင်မီးကျတာ နေရာအများ
သတ်မိန့်ပေးပါ မှုဒိန်းမှုများ...

ယုတ်မာကောက်ကျစ်
လူ ငညစ်ကြောင့် တဏှာဘီလူး
လူ ငရူးကြောင့်

အပြစ်မဲ့ပန်းများ ရင်ဝယ်နွမ်း
သောကအပူ လှိုက်တက်ဆူသမို့

ငြိမ်းချမ်းခြင်းတွေဘယ်မှာေ
ဒုက္ခရောက်လို့ ပင်လယ်ဝေ
ဘာသာပေါင်းစုံ လူမျိုးစုမို့
အေးချမ်းပါစေ အမိမြေ..
ငြိမ်းချမ်းပါစေအမိမြေ..


   ကမ္ဘာသူ ကမ္ဘာသားအားလုံး
ဘေးရန်ကင်းဝေး :emoticons: ကျန်းမာပျော်ရွှင်ကြပါစေ
  ကမ္ဘာသူ ကမ္ဘာသား အားလုံး
 ဘေးရန်ကင်းကွာ  ချမ်းသာကြပါစေ

Thursday, September 5, 2013

ရသေ့ကြီး ဦးခန္တီရွတ်သော အလွန်တရာမှ လာဒ်ရွှင်စေသော ဂါထာ


လာဒ်တိတ်နေသူများ၊ ဈေးရောင်းမကောင်းသူများ၊အကြွေးမရသူများ၊အကြွေးမ
ဆပ်နိုင်သူများ ၊ ငွေကြေး အခက်အခဲဖြစ်နေသူများ ၊အကြီးအကဲနဲ့အဆင်မပြေသူများ အလုပ်အကိုင် တို့လို တန်းလန်း ဖြစ်နေသူများ ၊ လာဒ်ရွှင်ငွေဝင်လိုသူများ အတွက်
အလွန်တရာမှ လာဒ်ရွှင်စေသော ရသေ့ကြီး ဦးခန္တီရွတ်သော ဂါထာကို ...
လက်ဆောင်ပေးလိုက်ရပါတယ် ခင်ဗျာ....

ကိုယ်တွေ့တစ်ခု ပြောပါရစေ... 2012.12.31 နေ့မှာ ငွေ ၆ သိန်း ပေးပါမယ် လို့ ကတိပြုခဲ့တာပါ.. 29.12.2012 နေ့မှာ လက်ထဲမှာ ငွေ ၄ သိန်းပဲ ရှိပါတယ်.. ၂ သိန်း လိုနေတယ်လေ.. ၂ သိန်းကို ၂ ရက် အတွင်းဘယ်လို ရှာရမလဲ.. စိတ်ပေါက်ပေါက် နဲ့ တီဗွီ ဖွင့်ကြည့်လိုက်တာ အဲဒီမှာ ဗန်မော် ဆရာတော် ဒေါက်တာ ကုမာရ ဘိဝံသ က MRTV 4 မှာ ရသေ့ကြီးဦးခန္တီအကြောင်း တရားဟောနေတာ နာ လိုက်ရပြီး အဲဒီလာဒ်ရွင်စေတဲ့ ဂါထားကို အားတိုင်း ရွတ် မနက် ၄၅ မိနစ် ၊ ည ၄၅ မိနစ် ရွတ်လိုက်တာ 31.12.2012 နေ့လည် 2း00 နာရီမှာ
ဟောခန်းမှာ ဗေဒင်ဟောနေရင် ဖုန်းဝင်လာတယ်..ကံစမ်းမဲပေါက်တယ်တဲ့
၂ သိန်းရမှာတဲ့......ဟိုက်ရှားပါး.... လန်းသွားပါတယ်.....
ကတိ အတိုင်း ပေးနိုင်ခဲ့ပါတယ်....ကိုယ်တွေ့ပါဗျာ..

အဲဒါနဲ့ သူငယ်ချင်းဗေဒင်ဆရာတစ်ယောက်ကို ဖုန်းဆက်ပြီး ပြောပြတာ သူက ပြန်ပြောတယ်.. ငါလည်း အဲဒါ ရွတ်တာ ဒီမနက်ပဲ အိမ်ဝိုင်းရောင်းထွက် လို့ ဆိုပြီး ၂ သိန်း လာကန်တော့သွားတယ်တဲ့.... ..တော်တော်ထူးတဲ့ ဂါထားပါပဲဗျာ

ငွေကြေးအခက်ခဲ ရှိတဲ့ မိတ်ဆွေများ လည်း မနက် ၄၅ မိနစ် ည ၄၅ မိနစ် ရွတ်ကြည့်ပါလာဗျာ....ဘာ ခက်တာ မှတ်လို့ ...

ဒေါက်တာ ကုမာရ ဘိဝံသ(ဗန်းမော်ဆရာတော်) ချီးမြှင့်တော်မူသော ရသေ့ကြီး ဦးခန္တီ၏ဂါထာတော်။

အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊

အမိတံ၊ ၀ိရဇံ၊ လလိတံ၊ အတုလံ၊

စရဏံ၊ တိ-ဘ၀ူပ-သမံ၊ ယမကံ၊

သုခံ ဒံ ၊ သရဏံ ၊ ပဏာ မာမိ ဇိနံ။

(အနက်ကို ရွတ်ဆိုရန်မလိုပါ..အဓိပ္ပါယ် သိရန် ရေးပေးတာပါ...
အထက်ပါ ဂါထာကို သာရွတ်ပါ။)

၁။ အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၂။ ဗဟိ-အန္တ-ဇယ - အတွင်း-အပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၃။ သုဂတံ - ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၎။ အမိတံ - မနှိုင်းယှဉ်နိုင်သည့် တန်ခိုးဗျာဋိဟာရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၅။ ၀ိရဇံ - ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၆။ လလိတံ - တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၇။ အတုလံ - အတုမရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၈။ စရဏံ - အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၉။ တိ-ဘ၀ူပ-သမံ - ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၀။ ယမကံ - ရေမီးအစုံအစုံ တန်ခိုးဗျာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၁။ သုခဒံ - ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၂။ သရဏံ - ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၃။ ဇိနံ - မာန်ငါးပါးကိုအောင်မြင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

လိုသလောက် မရပေမဲ့ လုပ်သလောက်တော့ ရပါတယ်.... ခင်ဗျာ.....။

လက်တွေ့ရွက်ကြည့်ရင်သိနိုင်ကြမှာပါ ထပ်ဆင့်မျှဝေပေးလိုက်ပါတယ် ချမ်းသာကြပါစေ..။
 https://www.facebook.com/photo.php?fbid=571092906283424&set=a.131897463536306.20989.100001481605120&type=1

ဘ၀..ပေ


ရှေးယ္ခင်အခါများ
မြေကြီးမှ ရွှေတွေသီးသတဲ့

သယံဇာတ ပေါကြွယ်ဝတဲ့
တို့တိုင်းပြည့်က ရွှေမြန်မာတွေ

နိင်ငံအတွင်း ဆင်းရဲတွင်းနက်
မိဝေး ဖဝေး တစ်နယ်တစ်ကျေးမှာ
ဒုက္ခရောက်လို့ပင်လယ်ဝေ..

တိုင်းတပါးရောက် ရွှေမြန်မာများရဲ့
ဘ၀ ..ပေ

တပါးနိုင်ငံ ချမ်းသာကြွယ်ဝ
အပေါ်စီးမှ ထိုးချက်တိုင်းမှာ
တူနဲ့ တူစွ

နိုင်ငံတိုင်းမှာနိမ့်ချဆက်ဆံ
အထင်အမြင်သေးသမို့
ရွှေမြန်မာ ဘ၀ ပေနဲ့တူလှ

ပေ ရဲ့ဘဝ
ခံဘက်မှကြည့်ဖြစ်လို့ ပေ

အဲ့ဒါ တိုင်းတပါးရောက်
ရွှေမြန်မာများရဲ့ ဘ၀ ..ပေ

မြေကြီး ရွှေသီး စောင့်ရှောက်သူမဲ့
အာဏာနဲ့ပေါင်း ငွေနဲ့လောင်း၍
အတ္တဘီလူးများ လုယှက် ယူငင်
သယံဇာတ ပေါကြွယ်ဝတဲ့
တို့တိုင်းပြည်က ရွှေမြန်မာတွေ
ဆင်းရဲတွင်းတွေ နက်လို့နေ
..
အမိ အဖရင်းပမာ စောင့်ရှောက်သူမဲ့
ကယ်မဲ့သူရယ် ကူမဲ့သူရယ်..
အားထားစရာ ဗလာနိတ္ထိ
နိုင်ငံရပ်ခြားတိုင်းတပါးမှာ
ဒုက္ခရောက်လို့ပင်လယ်ဝေ..
တိုင်းတပါးရောက်
ရွှေမြန်မာတို့
ဘ၀ .. ပေ..
Photo: ဘ၀..ပေ <br /