Pages

Thursday, May 31, 2012

♥မ..မ♥စာမျက်နှာလေးကိုအလည်လာနိုင်ပါတယ်နော်(၄)ကြိမ်မြောက် ပရဟိတအတွက်ဖိတ်ခေါ်ပါတယ်.

ကျန်းမာပျော်ရွှင်ပါစေ မိတ်ဆွေ မတည်မြဲတဲ့ လောကမှာ
အားလုံးကိုပျော်စေချင်သူပါ။။။။♥♥
Drag
♥♥





Image Hosting at ImageHousing.com!
.

မ ..မ

သုံးခွရေဖိုး အလှူငွေ ၃သိန်း၎သောင်း
ခရမ်းရေဖိုး အလှူငွေ ၁သိန်း
ကားခ...--------------------------၄သောင်း
စုစုပေါင်းကုန်ကျငွေ.........၄သိန်း၈သောင်း


ကောက်ခံရရှိငွေ ၇သိန်း၇သောင်း

ကောက်ခံရရှိငွေ ...၇၇၀၀၀၀-
ကုန်ကျငွေ ........ ၄၈၀၀၀၀
--------------------------------------------------
ကျန်ရှိငွေ-----------------၂၉၀၀၀၀

ပရဟိတ...လက်ကျန်ငွေ.. ၂သိန်း၉သောင်း(၂၉၀၀၀၀)

(၄)ကြိမ်မြောက် ပရဟိတအတွက်ဖိတ်ခေါ်ပါတယ်..
အလှုရှင်များလှုဒါန်းငွေmoonwithdream ..ငါးသောင်း(50000)မလေးရှားbarlarlar.bll. ငါးသောင်း(50000)ကိုးရီးယား

Wednesday, May 30, 2012

အမေစု ထိုင်းနိုင်ငံမဟာချိုင်ခရီးစဉ် ၃၀ရက်နေ့ ၅လပိုင်း ဗုဒ္ဓဟူးနေ


အမေစု ထိုင်းနိုင်ငံမဟာချိုင်ကို ၃၀-၅-ဗုဒ္ဓဟူးနေ့ လာရောက်သွားပါတယ်ခင်ဗျား
အလုပ်သမားတွေကိုအားပေးစကားပြောသွားတယ် ဒီပုံတွေကလေယာဉ်ကွင်းမှာ လာကြိုဆိုသောပုံပါဒီပုံတွေကမဟာချိုင်ကအလုပ်သမာတွေ အမေစုမလာခင်ကြိုပြီးလာရောက်ကြိုဆိုသောပုံပါ





ဒါတော့အမေစုမလာခင်လုံခြုံရေးသမားတွေပုံပါ ထိုင်းရဲတွေနှင့်မြန်မာအလုပ်သမားတွေပေါ့
ကျနော်လည်းလုံခြုံသမားဖွဲ့ ထဲမှာပါတယ်
ပုံတော့ကင်မရာမပါလို့ ရိုက်ခွင့်မရလိုက်ဘူး ပုံတွေကလုံခြုံရေးအတွက်လှုပ်ရှားနေတဲ့ပုံပါ




ဒါကတော့အမေစု လာတဲ့အချိန်မှာမြန်မာလုပ်သမားတွေပုံပါ လူကတော့များသလာမမေးနဲ့ အလုပ်ဖွင့်နေလို့ ဒီလောက်ရှိတယ် အလုပ်သာ
ပိတ်ထားရင်ဘယ်လောက်များမလဲမသိဘူး မြန်မာအလုပ်သမားလုပ်ခြုံရေးနှစ်ယောက်အမေစု ကားသွားဖို့ လမ်းရှင်းရင်နဲ့ လူတွေတိုးများ
ခြေကိုကားကြိတ်မီတယ် ခြေတောက်နဲနဲဒဏ်ရာရသွားတယ်



ဒီပုံကရပ်ကွတစ်ခုပါ အမေစု မေးခွန်းပြောတဲ့ရုံးရှေ့ မှာပါ




အမေစု ကားပေါ်ကဆင်းတဲ့ပုံပါ

အမေစု မိန့်ခွန်းပြောတဲ့အချိန်ပါ ဒီပုံကိုကြည့်ပြီး သတင်းထောက်ဘယ်လောက်များလဲလို့ မေးစရာမလို့ ပါဘူး
တချိုသတင်းထောက်ဆိုကျနော်တို့ ကာထားရင်နဲတိုးဝင်ကြတယ် သတင်းထောက်တော့ဝင်ခွင့်ပြုတဲ့ လူလောက်သာဝင်ခွင့်ရတယ်




အမေစု မပြန်ခင်ကားပေါ်တက်အချိန်မှာ နူတ်ဆက်သောပုံပါ



ဒီလောက်ဆိုလုံလောက်ပြီထင်ပါတယ်ခင်ဗျား
ရုပ်သံကြည်ချင်ရင်အောက်ကဘလောလ်တွေမှာသွားကြည့် ကပါခင်ဗျား
http://www.mcot.net/cfcustom/cache_page/index.html
http://www.thithtoolwin.com
မိတ်ဆွေတွေအားလုံးရွှင်လန်းချမ်းမြေ့ ပါစေခင်ဗျား


Monday, May 28, 2012

"" မ ""သီချင်းများ For {Ma} - PodSnack

ထူးကဲ ကြည်ညိုမိသော..... အရှင်များ (၄)


 

မြတ်စွာဘုရားရှင်၏... တပြည့် သာဝကများတွင်
ပထမအရှင်မဟာသာရိပုတ္တရာ၊ ဒုတိယ အရှင်မဟာမောဂ္ဂလာန်နှင့်

တတိယသာဝကမှာ အရှင်မဟာကဿပဖြစ်ပါသည်။ အဂ္ဂသာဝကနှစ်ပါးလုံး ဘုရားရှင်ထက်
ဦးစွာ ပရိနိဗ္ဗာန်စံတော်မူကြပါသည်။

                        တတိယသာဝကဖြစ်သော
အရှင်မဟာကဿပမထေရ်သည်ဘုရားရှင်ေ

နာက်မှသာ ပရိနိဗ္ဗာန်စံဝင်တော်မူသောအရှင်

သူမြတ်ကြီးဖြစ်ခြင်းကြောင့်  ဘုရားရှင်မရှိသည့် နောက်ပိုင်း သာသနာတော်ကို
ဦးဆောင် ထိန်းသိမ်းခဲ့သူ ဖြစ်ပါသည်။

                        ဘုရားရှင်သည် အရှင်မဟာကဿပမထေရ်အား
``ဓုတင်ဆောင်ရာတွင် အသာဆုံး၊ အမြတ်ဆုံး ´´ ဟု  ဧတဒဂ်ဘွဲ့

ချီးမြှင့်တော်မူခဲ့ပါသည်။

                         အရှင်မဟာကဿပမထေရ်အား မာဂဓတိုင်း၊
မဟာတိတ္ထ(ဆိပ်ကြီး) ရွာတွင်မွေးဖွားခဲ့ပါသည်။ ချမ်းသာသောမျိုးရိုးမှ

မွေးဖွားလာသူဖြစ်ပြီး ငယ်အမည်မှာ`` ပိပ္ပလိ´´ ဖြစ်ပါသည်။  အရွယ်ရောက်သည့်
အခါတွင် မိဘတွေများ အိမ်ထောင်ချပေးရန် စီစဉ်ကြ

လေသည်။   အရှင်မဟာကဿပမထေရ်လောင်းလျာ ပိပ္ပလိ လုလင်သည်
အိမ်ထောင်မပြုလိုကြောင်း ငြင်းဆန်ခဲ့သည်ဟု သိရှိရပါသည်။

ဗြဟ္မာ့ပြည်မှ လူ့ဘ၀ရောက်လာတဲ့သူများသည်
အိမ်ထောင်သားမွေးမပြုလိုကြကြော
င်း၊  ကာမဂုဏ်အာရုံ ခံစားလိုစိတ်
မရှိကြကြောင်းလဲ

ကြားသိဘူးပါသည်။

                         ပိပ္ပလိ လုလင်သည် မိဘများ၏
အတင်းအကြပ်လက်ထပ်ရန် တိုက်တွန်းမှုကြောင့် အလွန်ချောမောလှပသောမိန်းမ

ရုပ်ကို ထုလုပ်စေပြီး ``ဤအရုပ်နှင့်တူသူကို ရပါက လက်ထပ်ပါမည်´´ ဟု
ကတိပြုလေသည်။   မိဘတွေများသည် ``ဘုန်းကံရှိလျှင်တွေ့

လိမ့်မည်´´ ဟု  ယူဆပြီး အကူများအား  တစ်ရွာဝင် တစ်ရွာထွက်
ရှာဖွေစေခဲ့ပါသည်။နောက်ဆုံးတွင် ရွှေစင်ရုပ်ထုနှင့် တူသော ``ဘဒ္ဒါ

ကာပိလာနီ´´ ဆိုသူ မိန်းမပျိုတစ်ဦးအား တွေ့ရှိခဲ့လေသည်။  ``ဘဒ္ဒါ
ကာပိလာနီ´´မိန်းမပျိုသည်လည်း ဗြဟ္မာ့ပြည်ကဆင်းသက်လာသူ

ဖြစ်ခြင်းကြောင့် အိမ်ထောင်မပြုလိုကြောင်း၊ကာမဂု
ဏ်အာရုံ
မခံစားလိုကြောင်းသိရှိရပါသည်။   သို့သော် ဘေးပတ်ဝန်းကျင် ပယောဂနှင့်

ကတိစကားများအရ  ၄င်းတို့နှစ်ဦး လက်ထပ်ဖြစ်သွားကြပါသည်။

                        ပိပ္ပလိလုလင်နှင့် ဘဒ္ဒါကာပိလာနီ အမျိုးသမီး
နှစ်ဦးလုံးသည် ကာမဂုဏ် မခံစားလိုကြသဖြင့်  ညအိပ်ယာဝင်ချိန်တွင်

နှစ်ဦးကြား ပန်းကုံးလေးဖြင့် စည်းခြား အိပ်စက်ကြကြောင်း သိရှိရပါသည်။
``ကာမဂုဏ်အာရုံခံစားလိုသောစိတ်ြ
ဖစ်ပေါ်သည့် ဘက်တွင်

ပန်းပွင့်များ ညှိုးပါစေသတည်း´´ ဟုလည်း အဓိဋ္ဌာန်ပြုခဲ့ကြပါသည်။
နံနက်မိုးလင်းသည့်အခါတွင်ပန်းကု
ံးမှာလန်ဆန်းမြဲလန်းဆန်းလျှက်

ရှိသည်ဟု သိရှိရပါသည်။

                       တစ်နေ့တွင် လယ်ကွက်တစ်ခု၌
လင်မယားနှစ်ဦးရောက်ခိုက် လယ်ထွန်နေသော  ထွန်ရေးတွင် ကပ်ငြိ ပေါ်လာသည့်

ပိုးကောင်လေးများအား ငှက်များမှထိုးသုတ်စားနေသည်ကို
ပိပ္ပလိလုလင်မှတွေ့မြင်ပြီး  ဘဒ္ဒါကာပိလာနီမှလဲ နေပူလှန်းထားသော မျိုးစေ့

များကြားတွင် ပြေးလွှားနေသည့်
ပိုးကောင်လေးများအားကျီးများထို
းဆိပ်စားသောက်နသည်ကို မြင်တွေ့ရကြောင်း၊
ဤသို့ပိုးမွှား သတ္တ၀ါ

လေးများ  သေကြေပျက်စီးရခြင်း၏  အဓိကတရားခံသည်  လယ်/ယာပိုင်ရှင်
များဖြစ်ကြသည့်  ၄င်းတို့ ဇနီးမောင်နှံနှစ်ဦးသာဖြစ်ကြော
င်း

သိရှိသည်နှင့် တပြိုင်နက် သံဝေဂတရားရ ကြောက်လန့်ကာ လောကစည်းစိမ်အား
စွန့်လွှတ်ကာ တောထွက်တရားကျင့်ရန်ဆုံးဖြတ်ချ
က်

ချကြပါသည်။

                         ဇနီး မောင်နှံနှစ်ဦးသည်  ဆံပင်များကို
တစ်လှည့်စီရိပ်ကာအ၀ါရောင်ဝတ်ရုံ
များကိုဝတ်ဆင်၍အတူတကွ တောထွက်

ကြလေသည်။  လမ်းဆုံလမ်းခွ တစ်ခုသို့ အရောက်တွင် တောထွက်သည့်တိုင်
ဇနီးမောင်နှံ အတူတူထွက်ကာအတူတူနေကြသည်ဟုကဲ့ရဲ


မည်စိုးသဖြင့်  နှစ်ဦးသဘောတူ လမ်းခွဲကြပါသည်။   ခင်ပွန်းဖြစ်သူသည်
လက်ယာလမ်း၊ ဇနီးဖြစ်သူက လက်ဝဲလမ်းဖြင့် လမ်းခွဲထွက်ခွါ

ခဲ့ကြလေသည်။

                          အရှင်မဟာကဿပ၏  ဂုဏ်စွမ်းရည်ကို
သိမြင်ပြီးဖြစ်သော မြတ်စွာဘုရားရှင်သည် အရှင်မဟာကဿပအလောင်း

ရာဇဂြိုဟ်ပြည်သို့ ၀င်ရောက်လာကြောင်း သိရှိသောအခါတွင် ခြောက်မိုင်ခန့်အထိ
သွားရောက်ကြိုဆို နေခဲ့ကြောင်း၊ အရှင်မဟာကဿပ

ရဟန်းမဖြစ်မီ လူ့ဘ၀ကစပြီး ကြိုဆိုခြင်းသည်  ``ဤပုဂ္ဂိုလ်သည်
ဘုရားမရှိတဲ့နောက် သာသနာကို ထိန်းသိမ်းမည့် ပုဂ္ဂိုလ် ဖြစ်ကြောင်း´´

ကြိုတင်မြင်တော်မူခြင်းကြောင့်ြ
ဖစ်ပါသည်။   မြတ်စွာဘုရားရှင်၏  ဤသို့
ကြိုတင်သိမြင် ချီးမြှောက်မှုသည် အလွန်ပင်အံ့သြ ၀မ်းမြောက်

စရာပင် ဖြစ်ပါသည်။

                        အရှင်မဟာကဿပမထေရ်မြတ်သည် ဤသို့
လမ်းခုလတ်တွင်ပင် မြတ်စွာဘုရားရှင်နှင့် ဆုံတွေ့ပြီး  ရဟန်းအဖြစ်သို့

ရရှိခဲ့ပါသည်။

                        အရှင်မဟာကဿပမထေရ်မြတ်သည်
တိစီဝရိတ်ဓုတင်ဆောင်တော်မူပါသည်
။  အမြဲပင် တောတွင်နေထိုင်ပြီး  ဓုတင်

၁၃-ပါးကို အမြဲဆောင်တော်မူပါသည်။ ဓုတင်ဆောင်ရဟန်းပုဂ္ဂိုလ်သည်
တစ်နေ့လုံးတွင်ဆွမ်းတစ်ထပ်တည်း
တစ်ထိုင်တည်းသာဘုဉ်းပေး

တော်မူရပါသည်။

                       အရှင်မဟာကဿပမထေရ်မြတ်သည် ချမ်းသာသောမျိုးရိုးမှ
မွေးဖွားကြီးပြင်းသူဖြစ်ခြင်ြးေ
ကာင့် ဆွေးမျိုးများမှအလွန်

နူးညံ့ ချောမွေ့သော ကာသိတိုင်းဖြစ်အဝတ်အား
နှစ်ထပ်သင်္ကန်းကြီးချုပ်၍လှူဒါန်
းကြလေသည်။ 
အရှင်မဟာကဿပမထေရ်မြတ်သည်

ဘုရားရှင်နှင့်အတူ  ကျောင်းတော်သို့အသွား
အရိပ်ကောင်းသောသစ်ပင်အောက်တွင်
ဘုရားရှင်
ခေတ္တသီတင်းသုံးထိုင်နိုင်စေရန်
အတွက်

ပုခုံးပေါ်တွင် တင်၍ ယူဆောင်လာသော သင်္ကန်းအား ခင်းပေးပြီး ဘုရားရှင်အား
လှူဒါန်းလေသည်။   ဘုရားရှင်သည်  တိစီဝရိတ် ဓုတင်

ဆောင် သံဃာတော်သည် သင်္ကန်းတစ်ထည်အား ဘုရားရှင်ထံလှူဒါန်းလိုက်ခြင်းေ
 ကြာင့်
သင်္ကန်းနှစ်ထည်သာကျန်ကြောင်း သိမြင်တော်

မူသဖြင့် ဘုရားရှင်၏  နှစ်ထပ်သင်္ကန်း ကြမ်းကြမ်းထူထူကြီးအား
အရှင်မဟာကဿပမထေရ်မြတ်၏  ပခုံးပေါ်သို့တင်ပေးလိုက်လေသည်

ဤသည်ပင် ဘုရားရှင်က နောင်လာမည့် သာသနာတော်၏ တာဝန်များကို ပခုံးလွှဲ
တာဝန်ပေးအပ်လိုက်ခြင်းပင် ဖြစ်ပါသည်။

                        မြတ်စွာဘုရားရှင်သည် အရှင်မဟာကဿပမထေရ်၏
စင်ကြယ်သော ဓုတင် အကျင့်မြတ်ကြောင့်ပင်လျှင်  ဤပုဂ္ဂိုလ်

မြတ်အားသာသနာတော်မှာ ခေါင်းဆောင်ဖြစ်စေရန် အထူးရွေးချယ်တော်မူခြင်းပင် ဖြစ်ပါသည်။

                        အရှင်မဟာကဿပမထေရ်မြတ်သည် ဘုရားရှင်က ဤသို့
ကိုယ်တော်၏ ပံသုကူသင်္ကန်းပေးတော်မူသည်ကို အလွန်

သဘောကျဝမ်းမြောက်တော် မူသည့်အပြင် ဤသို့ ဘုရားရှင်က သင်္ကန်းပေးခြင်းသည်
အကြောင်းမဲ့သက်သက် မဟုတ်တန်ရာ ဟုတွေးမိ

တော်မူလေသည်။ ထို့နောက် သာသနာတော်၏ တာဝန်အား
လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြော
င်း သိရှိတော်မူလေသည်။

                       `` ငါဘုရား ပရိနိဗ္ဗာန်စံဝင်ပြီးနောက်တွင်
ရှင်မဟာကဿပမထေရ် ဦးဆောင်၍  ပထမသင်္ဂါယနာတင်ပွဲ ကျင်းပလိမ့်

မည်´´ ဟုဘုရားရှင်သိတော်မူသဖြင့်သင်္ကန်
းကိုပေး၍ချီးမြှောက်ခြင်းဖြစ်လေသည်။
 အရှင်မဟာကဿပမထေရ်မြတ်သည်ရဟန်ြး
ဖစ်ပြီး

ရှစ်ရက်ကြာတော့ ရဟန္တာဖြစ်တော်မူလေသည်။

                        မဟာသက္ကရာဇ် ၁၄၈ - ခု၊  ကဆုန်လပြည့်နေ့၊ သက်တော်
(၈၀)တွင် ကုသိနာရုံပြည်၊ အင်ကြင်းဥယျာဉ်၌  ဘုရားရှင်

ပရိနိဗ္ဗာန်စံတော်မူလေသည်။

                        အရှင်မဟာကဿပမထေရ်ကြီးသည်  နောက်ပါတပြည့်ရဟန်း
၅၀၀တို့ဖြင့် မြတ်စွာဘုရားအား ဖူးမျှော်ရန် ပါဝါပြည်မှ

ကုသိနာရုံသို့ အသွားလမ်းခရီးတွင်ကုသိနာရုံမှပါ
ဝါပြည်သို့လာသော
တက္ကဒွန်းတစ်ယောက်နှင့် ဆုံမိလေရာ တက္ကဒွန်းထံမှ မြတ်စွာဘုရား

ပရိနိဗ္ဗာန်စံကွယ်လွန်တော်မူကြော
င်း သိရလေလျှင် ပုတုဇဉ် သံဃာအများစုသည်
ဝမ်းနည်းပက်လက်ဖြစ်ပြီး ငိုကြွေးကြလေသည်။

                        သို့သော် ``သုဘဒ်´´ အမည်ရှိသော ရဟန်းကြီးသည်
``ငါ့ရှင်တို့၊ ဘယ်အတွက်ကြောင့်..၀မ်းနည်းနြေ
ကသနည်း၊

ရှင်ကြီးဂေါတမရှိစဉ် ဤသို့ မပြုရ၊ ဤသို့ မနေရ၊ ဤသို့ မသွားရ၊ ဤသို့မစားရ၊
 ဤသို့ဆောင်ရွက်ပါ၊  ဤသို့ နေပါစသည်ဖြင့်စည်းကမ်း

များပြားလွန်းလှသည်၊ ယခုအချိန်တွင်  သင့်လျော်သလို နေထိုင်ခွင့်ရပြီ
မငိုကြလင့်..´´ ဟု ပြောဆိုတာ ၀မ်းမြောက်နေလေသည်။

                        ဤသို့...  သုဘဒ် ရဟန်း၏ စကားအား
အရှင်မဟာကဿပမထေရ်မြတ်ကြားတော် မူလေလျှင် `` မသူတော်တရား

မပြန့်ပွါးမီ၊  သူတော်ကောင်းတရား မပျောက်ပျက်မီ ဘုရားရှင်ဟောကြားတော်
မူခဲ့သော တရားတော်များအားစုပေါင်းရွတ်ဖတ်
သင်္ဂါယနာ

တင်ရမည်´´ ဟု တွေးမိကာ ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီး(၃)
လအကြာ မဟာသက္ကရာဇ်
၁၄၈-ခု၊ ၀ါခေါင်လပြည့်နေ့တွင် ရဟန္တာမထေရ်မြတ်

၅၀၀တို့နှင့်အတူ  ပထမဆုံးအကြိမ်
ဘုရားရှင်ဟောကြားတော်မူခဲ့သော
တရားတော်များအား  စုပေါင်းရွတ်ဖတ်ကာ
``ပထမသံဂါယနာ´´

ပွဲကို ကျင်းပခဲ့လေသည်။   ဘုရားရှင်သည် ကိုယ်တော်မြတ်၏  ပံသုကူသင်္ကန်းအား
အခြား မထေရ်များအားမပေးပဲ အရှင်မဟာကဿပ

မထေရ်မြတ်အားပေးတော်မူခြင်းသည်  နောက်ပိုင်းသာသနာတော်၏ တာဝန်များအား
ဘုရားရှင်၏ကိုယ်စား  အရှင်မဟာကဿပမထေရ်

မြတ်မှဆောင်ရွက်ရန် တာဝန်ပေးခြင်းဖြစ်ကြောင်း  သဘောပေါက်သိရှိပြီး
တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့လေသည်။

                       ပထမသင်္ဂါယနာတင်ပွဲတွင်
မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ
့ ဓမ္မနှင့် ၀ိနယကို  ၁။ ၀ိနယပိဋက  ၂။
သုတ္တန္တပိဋက

၃။ အဘိဓမ္မပိဋက ဟု  အုပ်စုသုံးစုခွဲလေသည်။  ဤ သံဂါယနာပွဲတွင်
အမေး(ပုစ္ဆက)ဆရာတော်အဖြစ်အရှင်
မဟာကဿပမထေရ်ကြီးက

ဆောင်ရွက်ပြီး  ၀ိနည်း ပိဋကတ်တော်ကို ရှင်ဥပါလိမထေရ်ကဖေဆိုတော်မူေ
လသည်။
သုတ္တန္တပိဋကနှင့် အဘိဓမ္မပိဋကများအား  အရှင်

အာနန္ဒာမထေရ်မြတ်က ဖြေဆိုတော် မူလေသည်။

                       မြတ်စွာ ဘုရားရှင် ပရိနိဗ္ဗာန်
စံဝင်တော်မူစဉ်ကပင် သာသနာတော်၏ ပျက်စီးရာစိတ်အကြံများသည်များစွ
ာ ပေါ်ပေါက်

လာခဲ့လေသည်။ သို့သော် ယနေ့ထက်တိုင်  သုံးလူ့ထွဋ်တင် ဘုရားရှင်၏
စစ်မှန်သော တရားတော်များ၊ အဆုံးအမများအတိုင်း   နာကြား၊

မှတ်သား၊ ပွါးများ၊ အားထုတ်နိုင်ခြင်းသည် အရှင်မဟာကဿပမထေရ်မြတ်ကြီးနှင့်
သံဂါယနာ တင်တော်မူခဲ့ကြသော ရဟန္တာအရှင်မြတ်

များ၊  ယနေ့ထက်တိုင်  အကြိမ်ကြိမ် သံဂါယနာ တင်တော်မူသော အရှင်မြတ်များ၊
ဘုရားရှင်၏ အဆုံးအများအတိုင်း လိုက်နာကျင့်ကြံ၍

သုတ်၊ ၀ိနည်း၊ အဘိဓမ္မာစသည့် ပိဋိကတ်(၃)ပုံအား စောင့်ထိန်းနေတော်မူကြသော
သံဃာတော် အရှင်မြတ်များအား ဤစာဖြင့် ရိုသေစွာ

ရှိခိုး ဦးချ ကန်တော့အပ်ပါကြောင်း ခင်ဗျား..........။

အာဠာဝကအမည်ရှိသော ဘီးလူးမင်းကြီးသည်မြတ်စွာဘုရားနှင့် တွေ့ဆုံသော အခါ စိတ်ဝင်စားဖွယ်ကောင်းသော အောက်ပါမေးခွန်း(၄)ခုကိုမေးခဲ့လေသည်။

အာဠာဝကအမည်ရှိသော ဘီးလူးမင်းကြီးသည်မြတ်စွာဘုရားနှင့်
တွေ့ဆုံသော အခါ စိတ်ဝင်စားဖွယ...်ကောင်းသော
အောက်ပါမေးခွန်း(၄)ခုကိုမေးခဲ့လေသည်။


၁။ လောက၌ရှိသောအရာတို့တွင် အမြတ်ဆုံးသောရတနာသည်အဘယ်အရာ ဖြစ်ပါသနည်း။

၂။ လေ့ကျက်ခြင်းတကာတို့တွင် အဘယ်မည်သောအလေ့အကျက်သည် ချမ်းသာကို
ဆောင်ပေးပါသနည်း။

၃။ အရသာတို့တွင် အဘယ်အရာသည်အကောင်းဆုံးသော အရသာဖြစ်သနည်း။

၎။ အသက်မွေးခြင်းတို့တွင်အဘယ်ကဲ့သို့သော အသက်မွေးခြင်းသည်
အမြတ်ဆုံး ဖြစ်မည်နည်း။

အထက်ပါ စိတ်ဝင်စားစရာ မှတ်သားစရာလိုက်နာကျင့်သုံးစရာကောင်းသော
ပုစ္ဆာ(၄)မျိုးကို အာဠာဝကဘီးလူးမင်းသည်မြတ်စွာဘုရားကို
လျှောက်ထားခဲ့ပေသည်။ ထိုအခါ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က

၁။ ရတနာ(၃)ပါးကို ယုံကြည်လေးစားမြတ်နိုးကြည်ညိုခြင်းသည်
အမြတ်ဆုံးသော ရတနာ ဖြစ်ပေသည်။

၂။ လေ့ကျက်ခြင်းတကာတို့တွင်ကုသိုလ်ကမ္မပထတရား (၁၀)ပါးကို
လေ့ကျက် ခြင်းသည် ချမ်းသာကို ဆောင်ပေးပါသည်။၎င်း(၁၀)ပါးမှာ

(1)ဒါန-စိတ်ထားဖြူစင်စေတနာကောင်းစွာ နှမြောမှုမရှိဘဲ လွတ်လွတ်စွန့်ကြဲ
ပေးကမ်း လှူဒါန်းခြင်း။

(2)သီလ-ကိုယ်နှုတ်နှစ်ပါးတို့၌ကောင်းမွန်မှန်ကန်သော အကျင့်ရှိခြင်း။

(3)ဘာဝနာ-သမထ,၀ိပဿနာဘာဝနာ(၂)ပါးကို လေ့လာပွားများခြင်း။

(4)အပစာယန-ရတနာသုံးပါးဆရာသမား မိဘတို့ကို ရိုသေလေးစားခြင်း။

(5)ဝေယျာဝစ္စ-ကုသိုလ်ပြုလုပ်သောပွဲများ၌တက်နိုင်သည့်ဘက်မှ မပျင်းမရိ
ဝေယျာဝစ္စ အသွယ်သွယ်ကို ပြုလုပ်ပေးခြင်း။

(6)ပတ္တိဒါန-မိမိပြုလုပ်ထားသောကုသိုလ်များကို ကိုယ်ပိုင်အတ္တမရှိဘဲ
ဘုရားရှင်၏ အနတ္တ၀ါဒအတိုင်း အများအားအမျှဝေပေးခြင်း။

(7)ပတ္တာနုမောဒန-သူတစ်ပါးပြုလုပ်သောကောင်းမှုများကို
ကောင်းချီးဝမ်းမြောက်ပေးကာ သာဓုခေါ်ဆိုခြင်း။

(8)ဓမ္မသ၀န-မြတ်ဗုဒ္ဓ၏တရားများကို နာယူမှတ်သားခြင်း။

(9)ဓမ္မဒေသနာ-မိမိတက်သိသလောက်မြတ်ဗုဒ္ဓ၏တရားများကို အများအား ဖြန့်ဝေ
ဟောကြားပေးခြင်း။

(10)ဒိဋ္ဌိဇုကမ္မ-နိဗ္ဗာန်ရောက်ကြောင်းကောင်းမွန်သော အယူဝါဒ ယုံကြည်ချက်ရှိခြင်း။

အထက်ပါ(၁၀)ပါးသော ကောင်းမှုများသည်လူနတ်နိဗ္ဗာန် သုံးတန်သော
ချမ်းသာကိုရောက်အောင် လုပ်ဆောင်ပေးသောကြောင့်ကောင်းမွန်သောသုစရိုက်
တရားဟုလည်းကောင်း၊ ကုသလကမ္မပထတရားဟု ခေါ်ဆိုကြပေသည်။

၃။ အရသာတကာတို့တွင်မှန်ကန်ဖြောင့်မတ်သော
စကားကိုပြောဆိုခြင်းသည် အမြတ်ဆုံး အရသာ ဖြစ်ပါသည်။

၎။ အသက်မွေးခြင်းတကာတို့တွင်ကောင်းမွန်မှန်ကန်သော ပညာဖြင့်
အသက် မွေးခြင်းသည် အမြတ်ဆုံးဖြစ်ပေသည်။

အထက်ပါ အမေးအဖြေများသည်လူသားတိုင်းအတွက် အသုံးဝင်ပြီး
လိုက်နာကျင့်သုံးသင့်သော အမေးအဖြေများ ဖြစ်ပေသည်။အဘယ့်ကြောင့်ဆိုသော်
လူသားတို့သည် အာဠာဝကဘီးလူးမင်းကြီးမေးခဲ့သောအမေးနှင့်မြတ်ဗုဒ္ဓဖြေကြား
ပေးခဲ့သော အမေးအဖြေများကို
အမှန်တကယ်သိမြင်ပြီးလိုက်နာကျင့်သုံးမည်ဆိုလျှင် မျက်မှောက်ရော
နောက်ဘ၀များမှာပါ ကောင်းကျိုးသုခများခံစားရ၍ ကိုယ်စိတ်နှစ်ပါး
ချမ်းသာစွာဖြင့် နေထိုင်ရမည့်အပြင်
ချမ်းသာတကာတို့တွင်အချမ်းသာဆုံးဖြစ်ပြီး အမြတ်တကာတို့တွင်
အမြတ်ဆုံးဖြစ်သော ရောက်နိုင်ရနိုင်ခဲလှသောမြတ်နိဗ္ဗာန်ကို
ရောက်ရှိခံစားရပေလိမ့်မည်။
http://www.facebook.com/ma.s.mon.1

Friday, May 25, 2012

မောင်လွမ်းနေလား♥♥


.

ဆောင်းနှင်းမြူဝေ..
နှင်းမှုံတွေနဲ့...
မောင်လွမ်းနေလား...
မော့င်ကိုစောင့်မျှော်...
နှင်းလေးတွေတောင်..
မကြုံစဖူး...
မိုးမျက်ရည်တွေ
ရွာနေတယ်...





 



Thursday, May 24, 2012

မီး ချွေတာသူ (ပထမဆု)နှစ်သက်မိသော ဟာသ ပုံလေးများ မည်သူမဆို ကူးယူဝေငှနိုင်ပါသည်...♥မ..မ♥

ရေရှား မီးရှား
နိုင်ငံအင်ဒိုနီးရှားနိုင်ငံနဲ့..

ညီအကိုလေ
တစ်နေ့လာတော့ ၁ဂနာရီ

တစ်နာရီ ၆ခါလောက်
သွားလိုက်ပြန်လိုက် ပျက်နေတယ်

မီးးးးးးးးး
မို့ မရှက်တယ်

မင်းးးးးးးးးးးးးးး
အကြောင်းရေးရင်

ငါရှက်တယ်ဟာ
မီးးးးးးးးးးးး
အကြောင်းပြောပြီးဆဲဆိုပြစ်တင်

ဝေဖန်နေတယ်
မီး
ချွေတာသူ

ပထမဆု
အရယူဖို့မမှန်တဲ့မီးကို

ဆက်လက်ချွေတာ
မီးစက်သံတွေအိမ်တိုင်းညံလို့
စက်မှုဇုံလား မှတ်ရတယ်။..........။
.

Sunday, May 20, 2012

ရှက်တတ်လျှင်ရှက်ဖို့ကောင်းလှပါသည်.............။



တာမွေမြို့နယ်အတွင်းရှိ  ကျားကွက်သစ်ရပ်ကွက် အတွင်း  လမ်းများတွင်

20.5.2012  နံနက်ပိုင်းတွင် စည်းလုံးခြင်း အနစ်နာခံခြင်း
ကိုယ်ကျိုးမဖက်တိုင်းပြည်အတွက်

လမ်းသန့်ရှင်းနေသော တာမွေမြို့နယ် NLD  မှ အဖွဲ့ဝင်များ

အသိမဲ့သူမှစွန့်ပြစ်၏   အသိရှိသူမှ  ကောက်ယူသိမ်းစည်း၏

နောက်ဖေးလမ်းကြားများတွင်လည်း အသိမဲ့သူက စွန့်ပြစ်၏

ခြင် ယင် ကြွက် အင်းဆက်ပိုးမွှားများ  မွှေးမြူနေသော မြို့တော်ရန်ကုန်ဖြစ်၏

စည်ပင်မှ  အမှိုက်သိမ်းကားများလည်း တပတ် ၂ခါလာသည် 

စည်းကမ်းမဲ့ပြည်သူများ  နောက်ဖေးလမ်းကြားထဲ အမှိုက်လွှင့်ဆဲပါ...........

အသိတရားရှိသူများကို   အသိမဲ့သူများမှ  ရှက်တတ်လျှင်ရှက်ဖို့ကောင်းလှပါသည်.............။


Wednesday, May 16, 2012

လေ့လာစရာဘာသာရေးစာအုပ်များ ဒေါင်းယူရန်

 ပေးထားတဲ့ စာအုပ်လေးတွေကို ဒေါင်းယူပြီး လေ့လာ ဖတ်ရှုနိုင်ကြပါတယ်ရှင်။
စာအုပ်အမည် = မြန်မာ့ယဉ်ကျေးမှုနှင့်ကျင့်ဝတ်
ရေးသားသူ = မောင်အံ့
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?jh5fxjnztzk


စာအုပ်အမည် = ဗုဒ္ဓစာပန်းချီ၊ပဉ္စမတွဲ
ရေးသားသူ = ငွေဥဒေါင်း(ဦးကြီးမောင်)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?pngscym9c3njesn


စာအုပ်အမည် = ဗုဒ္ဓစာပန်းချီ၊စတုတ္ထတွဲ
ရေးသားသူ = ငွေဥဒေါင်း(ဦးကြီးမောင်)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?i9507s4ls6z8ebd


စာအုပ်အမည် = ဗုဒ္ဓစာပန်းချီ၊တတိယတွဲ
ရေးသားသူ = ငွေဥဒေါင်း(ဦးကြီးမောင်)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?16l283ayun6mon7


စာအုပ်အမည် = ဗုဒ္ဓစာပန်းချီ၊ဒုတိယတွဲ
ရေးသားသူ = ငွေဥဒေါင်း(ဦးကြီးမောင်)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mivtuguiau4ibvf


စာအုပ်အမည် = ဗုဒ္ဓစာပန်းချီ၊ပထမတွဲ
ရေးသားသူ = ငွေဥဒေါင်း(ဦးကြီးမောင်)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?68kbolt6jlmcx85


စာအုပ်အမည် = ရောင်စုံရုပ်ပြပဌာန်း
ရေးသားသူ = S.S ခင်မောင်အေး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mm5zizntqtw


စာအုပ်အမည် = ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများဟောကြား
ရေးပြပေးခဲ့သည့်နိဗ္ဗာန်ပို့မည့်တရားတော်များ
ရေးသားသူ = ဦးကံညွန့်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?zyjryjho1xm


စာအုပ်အမည် = သီဟိုခေတ်စံတော်ဝင်အရိယာများ
ရေးသားသူ = ဓမ္မာစရိယဦးဌေးလှိုင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?u2lztddktyz


စာအုပ်အမည် = နိုင်ငံခြားပုစ္ဆာအဖြေပေါင်းချုပ်
ရေးသားသူ = လယ်တီဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mjjy0imo1v0


စာအုပ်အမည် = တရားတွေ့ဖို့ချမ်းမြေ့ဖို့
ရေးသားသူ = ဦးဆန်းလွင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?tjymjjlqo53


စာအုပ်အမည် = စွယ်စုံကျော်ထင်ကျမ်း
ရေးသားသူ = ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?eomftzwijwx


စာအုပ်အမည် = ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာ
အမေးနှင့်အဖြေအကျဉ်းချုပ်
ရေးသားသူ = ဦးဇနိတာလင်္ကာရ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?4htidk5nzau



စာအုပ်အမည် = ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော
မေးခွန်းနှင့်ပြဿနာများ
ရေးသားသူ = ဒဂုန်ဦးစန်းငွေ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?lcihmn4gnzz


စာအုပ်အမည် = ပရိတ်ကြီး၊၁၁သုတ်အသံထွက် ရွတ်ဖတ်နည်းနှင့်မြန်မာပြန်
ရေးသားသူ = မဏိဇောတ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?oyynrwfd4wm


စာအုပ်အမည် = ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာလည်ပုံပြတ်ပုံ
ရေးသားသူ = မိုးကုတ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?yymmzznnigm


စာအုပ်အမည် = ဉာဏ်လမ်းပေါ်လျှောက်
လူတစ်ယောက်အကြောင်း
ရေးသားသူ = ဦးဆန်းလွင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?iuwmzzytqun


စာအုပ်အမည် = မိလိန္ဒပဉှာ
ရေးသားသူ = မာဏဝ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?yyzmy22n0iz


စာအုပ်အမည် = မာဃဒေ၀လမ်းညွှန်နီတိများ
ရေးသားသူ = မန်လည်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?nzehmmqnjij


စာအုပ်အမည် = လောကနီတိ
ရေးသားသူ = တက်တိုး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mzkgydmjwnm


စာအုပ်အမည် = ခေတ်အမြင်နှင့်သိမှတ်စရာ
ဗုဒ္ဓဘာသာအကျဉ်း
ရေးသားသူ = ဒေါက်တာမင်းတင်မွန်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?vntfjmmtwm0


စာအုပ်အမည် = ဗုဒ္ဓဘာသာကောင်းတစ်ယောက်
ရေးသားသူ = သာသနာရေးဝန်ကြီးဌာန
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mymnkm2wz5t


စာအုပ်အမည် = ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကြတာက
ရေးသားသူ = ဦးဆန်းလွင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?z0tnyzgzzgt


စာအုပ်အမည် = ဗုဒ္ဓ၀င်ရုပ်စုံ
ရေးသားသူ = မင်းယုဝေ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?kdmmzjidfnt


စာအုပ်အမည် = ရုပ်စုံဗုဒ္ဓသာသနာဝင်
ရေးသားသူ = ၀ိုင်အမ်ဘီအေ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mozztnhjjym


စာအုပ်အမည် = ဗုဒ္ဓဘာသာလက်စွဲကျမ်း
ရေးသားသူ = သာသနာရေးဝန်ကြီးဌာန
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?zdmfnoqfjqm


စာအုပ်အမည် = ဘာသာကြီးလေးခုအနှစ်သာရများ
ရေးသားသူ = ညိုသောင်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?etwzgie0zlz


စာအုပ်အမည် = နိပါတ်တော်လာဇာတ်တော်
ငါးရာ့ငါးဆယ်အနှစ်ချုပ်
ရေးသားသူ = ဦးအောင်ညွန့်ဝင်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?ywnalzdnutz


စာအုပ်အမည် = သုံးဆယ့်ရှစ်ဖြာမင်္ဂလာပုံပြင်များ
ရေးသားသူ = မင်းယုဝေ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?5zxedan9y31


စာအုပ်အမည် = အနာဂတ၀င်ကျမ်း
ရေးသားသူ = ဒီပဲယင်းဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mn4nzwwxmty


စာအုပ်အမည် = ခရစ်ယာန်ရွှေချိန်ခွင်အဆိုကို
လယ်တီဆရာတော်ကြီးရှင်းလင်းချက်
ရေးသားသူ = လယ်တီဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mm2zqwtynmy


စာအုပ်အမည် = အံ့ဖွယ်ထူးခြားဆရာတော်ကြီးများဧ။် ထေရုပ္ပတ္တိကျင့်စဉ်နှင့်သြ၀ါဒ- ၂
ရေးသားသူ = ကျော်ဇောဟိန်း(နံ့သာ)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?dzzwnwjju1m


စာအုပ်အမည် = အံ့ဖွယ်ထူးခြားဆရာတော်ကြီးများဧ။် ထေရုပ္ပတ္တိကျင့်စဉ်နှင့်သြ၀ါဒ- ၁
ရေးသားသူ = ကျော်ဇောဟိန်း(နံ့သာ)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?zmdonxmmzjx


စာအုပ်အမည် = ကောသလမင်းအိမ်မက်ဆယ့်ခြောက်ချက်
ရေးသားသူ = *****
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?zkm0njz3noq


စာအုပ်အမည် = ဇောခုနစ်ကြိမ်အကျိုးပေးပုံ
ရေးသားသူ = မိုးကုတ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?wbnqzkzqtiy


စာအုပ်အမည် = ဇာတ်တော်ကြီးဆယ်ဘွဲ့
ရေးသားသူ = ပန်းချီးဦးဘကြည်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?tmudxzlomyn


စာအုပ်အမည် = ၀ိသာခါနှင့်ဓမ္မဒိန္နာ
ရေးသားသူ = မိုးကုတ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?owz3mtjmwfy


စာအုပ်အမည် = သောတာပန်ဖြစ်ဖို့နှစ်ချက်
ရေးသားသူ = မိုးကုတ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?hzywggmmqwy


စာအုပ်အမည် = သုညတရား
ရေးသားသူ = မိုးကုတ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?ytnwzm4tqjm


စာအုပ်အမည် = သိပ္ပံနယ်လွန်ဗုဒ္ဓဘာသာ
ရေးသားသူ = ဒေါက်တာမင်းတင်မွန်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?n1zv4ymqjwm


စာအုပ်အမည် = ရှေးဘ၀၊နောက်ဘ၀ သိပ္ပံနည်းကျအထောက်အထားများ
ရေးသားသူ = ဒေါက်တာမင်းတင်မွန်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?5zymnumitzd


စာအုပ်အမည် = ဖြစ်တည်ခြင်းပဓာန၀ါဒနှင့် လူသားပဓာန၀ါဒ
ရေးသားသူ = ဦးဆန်းလွင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?t02cjw0mbsf


စာအုပ်အမည် = ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ
ရေးသားသူ = ဦးဆန်းလွင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mpby3yjzdek


စာအုပ်အမည် = ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ
ရေးသားသူ = ဓမ္မာစရိယဦးဌေးလှိုင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?wgvnmjjxtty


စာအုပ်အမည် = တစ်ခဏဖြစ်ရလူ့ဘ၀အနှစ် ပြည့်အောင်ကြိုးစားကြ
ရေးသားသူ = သန့်တည်ပွား
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?mdbwjwlxhuv


စာအုပ်အမည် = ဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာဖြစ်မြောက်ရေး
ရေးသားသူ = သန့်စင်(ယခင်တော်ဖုရားကလေး)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?owwozxfxyvs


စာအုပ်အမည် = သံဂါယနာသမိုင်းစုံ
ရေးသားသူ = *****
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?5z12c0lzuge


စာအုပ်အမည် = ထေရ၀ါဒအုတ်မြစ်
ရေးသားသူ = ဦးရွှေအောင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?gjw3zzxsmyy


စာအုပ်အမည် = ဘာသာရေးပြဿနာများ
ရေးသားသူ = ရဝေထွန်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?omlmzdzzzex



စာအုပ်အမည် = မြန်မာဗုဒ္ဓဘာသာဥပဒေ
ရေးသားသူ = မောင်ထွန်းမြိုင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =
http://www.mediafire.com/?wlxismbtz3y

ရင်မောင့်ဆီမှာ ဤစာအုပ်တွေ အကုန်လုံး ဒေါင်းလွတ် ဆွဲယူထားပြီးသားပါ ။ ကျွန်တော် လေ့လာဖတ်ရှု့ရင်းပြန်လည်မျှဝေပေးတာပါ ။ တစ်ကယ်ကျေးဇူးတင်ထိုက်တဲ့သူကတော့ မူရင်း ရှာဖွေ တင်ပြပေးထားတဲ့ ချယ်ရီမြို့တော် စာအုပ်စင်လေးကိုပါ ။ ကျွန်တော်က အချိန်ကုန်တယ်ဆိုပေမယ့် ။ မူရင်း တင်ပေးသူလောက် ပင်ပန်းမှာမဟုတ်ပါဘူး ။ ဒါကြောင့် ကျေးဇူးတင်ထိုက်သူကို
ကျေးဇူးသွားတင်ပေးကြပါလို့တောင်းဆိုပါတယ် http://cherrymyodaw-elibrary.blogspot.com ။ အခုတင်ပေးလိုက်တဲ့ စာအုပ်တွေဟာ မြန်မာပြည်က ညီငယ် ညီမငယ်လေးများအနေနဲ့ ဒေါင်းလို့ ရမှာမဟုတ်ပါဘူး ။

www.mediafire.com ကို မြန်မာပြည်က ပိတ်ထားလို့ ဒေါင်းမရတာပါခင်ဗျ ။
ဒီအတွက် ခွင့်လွှတ်ပေးကြပါခင်ဗျာ ။
ဘာသာရေးပြဿနာငြင်းကြမယ် ဆိုရင်လည်း ဒီစာအုပ်တွေ
အကုန်လေ့လာပြီးမှ ငြင်းကြပါခင်ဗျ ။ ဟီးးးးးး ပေါက်ကရတွေ ငြင်းနေကြမှာ ဆိုးလို့ပါနော်

အမုန်းတရားကင်းမဲ့စွာ ဖြင့် လေ့လာနိုင်ကြပါစေခင်ဗျာ
လေးစားလျှက်. . . . ကိုရင်မောင်

  ♪♫ မောင်လေး ♪♫