Pages
Sunday, June 21, 2020
ရှင်​သန်​ခြင်းအနုပညာ
 ရှင်သန်ခြင်း အနုပညာ💋💙💘💋
စကားလုံး​ပေါင်းများစွာဟာ သူမရှိရာကို ရှု့ဒေါင့်​မျိုးစုံကလာတယ်​ ..
မျက်​လုံး​ပေါင်းများစွာဟာ  သူမရှိရာကို ရှု့​ဒေါင့်​မျိုးစုံကကြည့်​တယ်​ ..
အသံ​ပေါင်းများစွာဟာ မတူကွဲပြား သူမရှိရာကို ရှု့​ဒေါင့်​မျိုးစုံနဲ့ လာတယ်​..
မျက်​နှာများစွာဟာ သူမရှိရာကို ပုံစံမတူ ရှု့​​ဒေါင့်​မျိုးစုံက ​တွေ့တယ်​..  
လက်​များစွာဟာ သူမထံကို ရှု့​ဒေါင့်​မျိုးစုံနဲ့ ပြတယ်​..
ကိုယ်​များစွာဟာ သူမရှိရာကို ရှု့​ဒေါင့်​မျိုးစုံနဲ့ ​တွေ့ထိတယ်​..
စိတ်​များစွာဟာ သူမရှိရာကို ရှု့​ဒေါင့်​မျိုးစုံနဲ့ ကိုင်းညွတ်​ရတယ်​..
အရာရာဟာ သူမကိုမ​ပြောင်းလဲ​စေခဲ့ပါဘူး
သူမက​တော့ ​မြေကြီးလို ​ရေလို ​နေလို လမင်းလိုမျိုး
အများအတွက်​ ​ပေးဆပ်​ရင်း
ယ​နေ့အထိ  ရှင်​သန်​ ​နေပါတယ်​..
အ​မေစု ၇၅နှစ်​ပြည့်​ ​မွေး​နေ့မှစ၍ 
အသက်​ရာ​ကျော်​ရှည်​ပါ​စေ.. 💙
💋💋💘
ချစ်​တယ်​💙💞 အ​မေစု💙💞
မ..မ 
အ​ဖေများ​နေ့ အမှတ်​တရ
 အ​ဖေများ​နေ့ အမှတ်​တရ💙💔😭😭💜💜
ဒီလိုအ​ဖေမျိုး ရှိပါတယ်​..
အ​ဖေက ငယ်​စဉ်​က​လေးဘဝမှာထဲက မိဘနှစ်​ပါးဆုံးပါးခဲ့သူ
တပ်​မ​တော်​သားပါ တရုပ်​ဖြူ​တွေကိုတိုက်​ခဲ့သည့်​ စစ်​သား​ကောင်းကြီး​ပေါ့
အ​မေနှင့်​အိမ်​​ထောင်​ကျ​တော့ အ​မေ့ ရဲ့အ​မေနှင့်​ ညီအမ​မောင်​နှမများ၏ ကိစ္စ အဝဝနှင့်​ အလုပ်​အကိုင်​ စည်းစိမ်​ဥစ္စာ ကအစ ​ဖြေရှင်း​ပေးသူ စီးပွားရှာရာ​​တော်​သလို
လူမှု​ရေးမပျက်​ကွက်​သူ ရပ်​ကွက်​လူကြီးလုပ်​ရန်​လာ​ပြောသူကို​ငေါက်​လွတ်​တတ်​သူ လူကြီး​​တွေ ဆိုပြီးကိုယ့်​အတွက်​အရင်​ယူပြီး သူတပါးအား မျှ​ပေးသူဟု ​ပြောဆို​ငေါက်​ငန်းတတ်​သည့်​အ​ဖေပါ ...
သားသမီး များကို မလိမ်​ညာတတ်​​အောင်​ သူတပါးဥစ္စာ ပစ္စည်း ​ကောက်​ကျစ်​မယူတတ်​​အောင်​ သင်​ပြ​ပေးသည့်​ ချစ်စရာ​အ​ဖေပါ..
ညာသူလိမ်​သူ ​ကောက်​ကျစ်​သူများ အရက်​​သေစာ​​သောက်စားသူများ ​ဆေးလိပ်ေ​သာက် ကွမ်းစားသူများ​​ကိုရွံ့ရှာသူ​ပေါ့ အိမ်​ကြီးနှစ်​​ဆောင်ပြိုင်​နှင့်​မိသားစုကို ပြည့်​စုံ​အောင်​ထားနိုင်​သည့်​အ​ဖေ..
ဆောင်းတွင်းချမ်းချမ်း​အေး​အေး ​ဝေလီ​ဝေလင်း မလှိုင်​စားချင်​၍ မညည်းမညူ လို​​က်​​ကျွေးသည့်​အ​ဖေ
 အုန်းသီး စားချင်​၍ အုန်းပင်​​ပေါ်ကိုယ်​တိုင်​တက်​ခူး၍ သားသမီးကို​ကျွေးသည့်​အ​ဖေ
မုန့်​ပုန်း ဒူးရင်းသီး ခြင်းလိုက်​ဝယ်​​ကျွေးသည့်​အ​ဖေ
ကျောင်းအင်္ကျီအဖြူ​လေးမျာအး​ပေါ် အလှပန်း​လေးများ လိပ်​ပြာပုံ​လေးများထိုး​ပေးသည့်​အ​ဖေ
ပြင်​ပ အစာထက်​ အိမ်​မှာ ထန်းသီးမုန့်​ ဇီးယို သာကူကြို မုန့်​လက်​​ဆောင်း ဒူးရင်းသီး နို့မလှိုင်​ ​ပေါင်​မုန့်​ ဒူးရင်းနို့ဆမ်း ပူရီကအစ ကိုယ်​တိုင်​လုပ်​​ကျွေးသည့်​အ​ဖေ
စကပ်​ဂါဝန်​​လေးများ စနစ်​တကျချုပ်​​ပေးသည့်​အ​ဖေ
ပန်းသီးအခွံနွာ၍ ​ကျွေးသည့်​အ​ဖေ
စွန်​လွတ်​ချိန်​ စွန်​ကြိုးခိုင်​​အောင်​ မှန်​စာတိုက်​​ပေးသည့်​အ​ဖေ ဘယ်​လို​​နေထိုင်​ ဘယ်​လို​ပြော အိပ်​ချိန်​နိုးချိန်​မှအစ စားချိန်​ပါမကျန်​ဂရုစိုက်​လိုက်​ကြည့်​ ​နေသည့်​အ​ဖေ
လမ်းသွားတာမှအစ ဘယ်​လိုလမ်းကသွား
ဘယ်​လိုလမ်းမျိုးကပြန်
ကားစီးတာမှအစ ဘယ်​ဘက်​ကမစီးနဲ့ ညာဘက်​ကစီး ယဉ်​အခြင်းခြင်းကပ်​​ရှောင်​သည့်​ဘက်​မှ မစီးဖို့​မထိုင်ဖို့​ပြောသည့်​အ​ဖေ ​ရှေ့နားမထိုင်​နဲ့​နောက်​နားမထိုင်​နဲ့
အလည်​မကျ တကျ​လောက်​ကထိုင်
ခရီးသွားချိန်​ သင်​​ပေးသည့်​အ​ဖေ
ဖိနပ်​ချုပ်​တတ်​ ဆံပင်​ညပ်​တတ်​ ဂစ်​တာ မယ်​ဒလင်​ တီးတတ်​ ကဗျာ​တွေ စာ​ပေ​တွေ​ရေးသားတတ်​သည့်
 ဘက်​စုံထူးချွန်​တဲ့ အ​ဖေ
ဒီအချိန်​​ ဒီအခါခေါင်းမ​လျှော်​နဲ့ ​စောင့်​ကြည့်​​ပြောတတ်​သည့်​အ​ဖေ ​ယောက်​ကျားမှန်​သမျှ ဆူးဘဝအမြတ်
 မိန်းမဟူသမျှ အရှုံးခံဖက်​ဘဝ ကင်းရှင်း​အောင်​ဆုံးမတတ်​သည့်​အ​ဖေ..ယိမ်းနွဲ့  ​ပေါ့ပန်း​ရွှေညာတံဝတ်​ရည်​ ခြူမည့်​သူ​ပေါသည်​ ရနံ့သင်းတဲ့ပန်းက​လေးကို မနမ်း​သေးခင်​ အလှမ်း​ဝေး​အောင်​ထိမ်းသိမ်းရမည်​..သီချင်းနှင့်
 ဂစ်​တာတီးကာဆိုပြခဲ့သည့်​အ​ဖေ..
ခြေသဲလက်​သဲ ညှပ်​​ပေးသည့်​အ​ဖေ
 စားချင်​တာဝယ်​​ကျွေး ​​​သေးဆိုကအစ လျှော်​ဖွတ်​​ပေး ချက်​ပြုတ်​​ကျွေး မကျန်းမာချိန်​ပြုစု ချမ်းသာပြည့်စုံ​​အောင်​ရှာ​ဖွေ​ပေးသည့်​ အ​ဖေ အစစ အရာရာ ဘက်​စုံ​​တော်သည့်​​အ​ဖေ
သည်​လိုအ​ဖေမျိုးမို့  အ​ဖေ​နေ့မှ မဟုတ်​ပါဘူး
သမီးက အ​ဖေ့ကို
အမြဲသတိရတယ်​ လွမ်းတယ်​  အ​ဖေ..
💖💙😭😭💜 💖
အဖေများနေ့အမှတ်တရ
အဖေဆိုတာ သားသမီးတို့၏တန်ခိုးရှင်
အားလုံးကို လမ်းပြ အလင်းမျှဝေသူ
အဖေများ အားလုံး ကျန်းမာပျော်ရွှင်ပါစေ.. 
Sunday, June 7, 2020
မွေး​နေ့
မွေး​နေ့ေ မွး​​နေ့💋💞
အ​မေ​ရေ နာလိုက်​တာ နာလိုက်​တာ​နော်
အ​မေ​ရေ​သမီး​တော့​သေ​တော့မယ်
နာလိုက်​တာ  ဗိုက်​ထဲခါးထဲကနာလိုက်​တာ..ညီးညူ​အော်​ဟစ်​သံ အံကျိတ်​ မာန်​တင်း ခါး​နှင့်​ဝမ်းဗိုက်​မှ​ဝေဒနာကို
မခံရပ်​နိုင်​ချိန်​ညီးညူ​သံများ နှင့်​အတူ လမ်း​လျှောက်​​နေ အဲ့တာမှမြန်​မြန်​​မွေးမှာ လမ်း​လျှောက်​​နေဆို​သော​ပြောဆိုသံများအကြား
အ​မေ အသက်​နှင့်​ရင်း၍ နာကျင်​စွာ ​ချွေးဒီးဒီကျပြီး အသားဆတ်​ဆတ်​တုန်​သည့်​အထိ လူသားတစ်​​ယောက်​​ လူ​လောကသို့​ရောက်​ဖို့ရာ ခက်​ခဲပင်​ပန်းစွာ​ မိခင်​မှ ​မွေး​ပေး​သော​နေ့ကို ​မွေး​နေ့အဖြစ်​သတ်​မှတ်​ပါတယ်​.. သားသမီး ​မွေးဖွားရ​သောခံစားမှု့အား နာကျင်​​နေသည့်​ကြားမှ
 ကြင်​နာယုယ ​မေတ္တာ အပြည့်​ဖြင့်​​ထွေး​ပွေ့​သော ချစ်​ခြင်းကို ​မေ့မရ​သောအ​နေဖြင့်​ ​မွေး​နေ့ဆိုတာ
မိခင်​ ဖခင်​ကို​ အထူးတလည် ​ကျေးဇူးဆပ်​​သော​နေ့အဖြစ်​ သတ်​မှတ်​ပြီး ​​​မွေး​နေ့​ရောက်​တိုင်း မိခင်​ဖခင်​ကို ကန်​​တော့ပါတယ်
မွေး​နေ့​ရက်​တွင်​ နီးစပ်ရာ​ကုသိုလ်​မှန်​သမျှပြု၍
 မည်​သည့်​အချိန်
ုကုသိုလ်​​ကောင်းမှု့ပြုလုပ်​လုပ်
မိခင်​ဖခင်​အား ဦးထိပ်ထား ​ရည်​မှန်းပြုဖြစ်​ပါတယ်​..
မွေး​သော​မေ​မေ ​ကျွေး​သော​ဖေ​ဖေ..
ဘဝတစ်​ပါး​ပြောင်းလည်းသွားပြီမို့
ရောက်​ရာဘုံဘဝ တဆင့်​ထက်​တဆင့်​မြင့်​၍
နိဗ္ဗာန် တက်​လှမ်းနိုင်​ပါ​စေ..
သိတတ်​သည့်​အချိန်​မှပြုသမျှ ကုသိုလ်​..
၃၁ဘုံသားအားလုံးကို​မေတ္တာပို့သ
အမျှ အမျှ အမျှ​ပေး​ဝေပါတယ်​..
ရှင်​ ခြင်းနှင့်​​ သေခြင်း တရားကြား ​နေထိုင်​ရင်း
လောကီ ​လောကုတ္တရာ အကျိုးပွားများရင်းဖြင့်
မရဏသတိအစဉ်​ရှိ၍ ဖြစ်​ ပျက်​ မဂ် ​ကြားသတိထားရင်း
အားလုံး ကိုယ် စိတ်​နှစ်ဖြာ ​​ကျန်းမာ ချမ်းသာပါ​စေ..
မွေး​မေ အသံ စမ်းမြ သာကြည်
နွေး​ထွေးရင်​ခွင်​ လူဖြစ်​တည်
မွေး​မေ ​မေ
တ္တာ တုနိုင်းမမှီဤလူပြည်
မွေး​မေ တမ်းတ ရင်​နင့်​သည်
မွေး​မေ တမ်းတ လွမ်းလှပါသည်​..
ဖခင်​အသံ ချမ်းမြ​အေးကြည်
ဘေးမခ ရန်​မသီ
ဖခင်​​ ​မေတ္တာ လိုရာ​ဖြည့်​၍ လမ်းပြညွန်​သည်
တမ်းတ ဘဝင်​ နွမ်းလို့မရွှင်
သံသရာအဆက်ဆက်က
​ေ​ပးဆပ္ခဲ့တဲ့ အနတၱ  ေမတ္တာရှင်​ ဤဖခင်
အသံတိတ်​ ချစ်​ခြင်းပြတဲ့ ​ကျေးဇူးရှင်
မိခင် ဖခင်
လက်​ဖြာမိုး၍ ကန်​​တော့ပန်းဆင်
မရွှင် စိတ်ဝမ်းတွင်
ဘ​​​​ဝင်​ စိတ်​နွမ်းသရှင်​..
မ..မ