♥သူလူ နဲ့ ငါ့လူ♥♥
for everyone


မှားနေတာကိုကျိုးကြောင်းပြညွန် ပြောဆိုဆုံးမလိုက်ရင် ဆုံးမမှန်းသိတယ်
ချက်ချင်းပြင်တယ်
သိတာကိုချက်ချင်းပြင်ရင် လူလိမ်မာခေါ်တယ်
သိနေရက်နဲ့ရှေ့ဆက်မိုက်ရင် လူမိုက်ခေါ်တယ်
သိသိကြီးနဲ့ မသိဟန်ဆောင်သူကို သူရူးခေါ်တယ်
ဒါကြောင့်ရူးချင်ယောင် ဟန်ဆောင်သူတွေများတယ်
အမြီးကျက်အမြီးစား ခေါင်းကျက် ခေါင်းစားပေါတယ်
အုပ်စုတွေကွဲ ဒုတ်ဆွဲ ဓါးဆွဲပေါတယ်
ဟန်ဆောင်လောကမှာ ရန်ထောင်တတ်သူပေါတယ်
သူခေါင်းစဉ်အောက်ကိုဝင်ရင် သူသဘော
သူအကြိုက် သူကြိုးဆွဲရာ ရွှေ့ပေးရတာ ထုံးတန်းစဉ်လာကိုဖြစ်လို့ပေါ့
စည်းကမ်း =// စည်းဆိုတာ ကမ်းနေရင်
အယ့်စည်းကမ်းက ကမ်းနေရော
ကမ်းဆိုမှတော့
ကိုယ်ခင်မင်ရာကိုယ်အရင်ကမ်းမိတတ်တာလူသဘောလေ
ကန်းနေတာကိုး ကမ်းမိနေတတ်တယ်
သတ်ပုံမှားတဲ့ခေတ်မှာ ကန်းချင်ရာကို အလိုက်သင့်ကမ်းတတ်တာ
ဓလေ့ထုံးတမ်း အစဉ်အလာကိုဖြစ်လို့ပေါ့
ကန်းချင်ရောင်ဆောင်ပြီး ကမ်းမိတာလား
ကမ်းချင်လို့ကမ်းလိုက်တာလားဆိုတာ
ကန်းသူမှပဲသိမှာပေါ့ ဘေးကကြည့်နေမြင်နေမိတာတော့
ကမ်းချင်သူကိုသာ ကန်းနေတာ
မြင်သိသူက မြင်ရဲ့နဲ့သိနေပါရဲ့ မမြင်ချင်ဟန်ဆောင် လက်ဆင့်ကမ်းပြီး ကန်းနေရော
ဒါကြောင့်မြတ်စွာဘုရားမှ စုံလုံးကန်းတွေမဖြစ်စေနဲ့တဲ့
ခင်ရာမင်ရာနောက်လိုက်ပြီး စုံလုံးကန်းရင် အပ္ပါယ်သာသွားရမယ်တဲ့
သေသည့်သူများအားလုံးဟာ မိမိခင်ရာမင်ရာကို
စွဲလန်းငြိတွယ်သေကြတော့
ရောက်မိရောက်ရာရောက်ပြီး
ခုဘ၀လဲ သူမှသူ ဒီခွေးလေးမှငါ့ခွေး ဒီကလေးမှငါ့ကလေး ငြိတွယ်မိနေတာတဲ့
အယ့်တော့ငြိတွယ်ပြီး ဒီဘ၀လဲ စုံလုံးကန်းမဖြစ်ရအောင် သူမှသူ
ငါ့ကလေးမှငါ့ကလေး
ငါလူမှငါ့လူ
ဆိုတဲ့ဒိဌိသက္ကာရလေးဖြုတ်တတ်အောင်ကျိုးစားပြီး
တဏှာ နည်းနိုင်သမျှနည်းပါးအောင် နေထိုင်ကျင့်ကြံရမယ်တဲ့
သူလူ ငါ့လူတို့ အတွက်
မ..မရေးတတ်သလိုလေးရေးထားတာပါ........................
သတ္တ၀ါအားလုံး ဘေးရန်ကင်းလို့
အမှန်မြင် အမြင်မှန်ကြပါစေ
moeemyintthiha wrote on Jan 14, edited on Jan 14 အတ္တတွေထမ်းပိုးထားတဲ့လမ်းတွေလျောက်နေရတော့လဲ ဒီလိုပါပဲ ................ |
generalzinminko wrote on Jan 14 မြင်သိသူက မြင်ရဲ့နဲ့သိနေပါရဲ့ မမြင်ချင်ဟန်ဆောင် လက်ဆင့်ကမ်းပြီး ကန်းနေရော ဟုတ်ပ မမရာ ............... |
yinminkhine wrote on Jan 16 generalzinminko said ![]() ဟုတ်ပ မမရာ ............... ![]() ကမ်းချင်ရာ ကန်းနေတယ် ..................။ |
0 comments:
Post a Comment