Pages
Sunday, May 29, 2011
လမင်းလို အလင်းခွန်အား ဒဿန
ပြောသာပြောရမောတာ အဖတ်တင်ကျွဲပါးစောင်းတီး နွားပလာတာကျွေး
စည်းကမ်းချက်တွေ ထုတ်တာကိုဖတ်မိရင်
ဟာသတပုဒ်ကို   ဖတ်ရတာထက်  ရယ်နေရတယ်
ခင်တဲ့လူ  ရင်းနှီးတဲ့လူ
အော်............ကျန်သေးတယ်
တော်တဲ့လူတွေ  ဘယ်နား
ဘာလုပ်လုပ်   လွတ်စေ
 ဒီစည်းကမ်းချက်ကို   လုပ်ချင်သလို
လုပ်ပိုင်ခွင့်ရတယ်     ပြောရရင်တော့
အခွင့်ထူးခံ လူတန်းစားပေါ့
ကိုယ်တိုင်တောင်
အရွှဲ့တိုက်ပြီး   စိတ်ဖောက်လာရင်
 စည်းကမ်းကို  ရောင်းစားချင်တယ်
 ဘယ်သူ ၀ယ်မလည်းးးးးးးးးးးးးး
 ပြန်ကောက် မမျို တတ်တဲ့သူ
ခပ်ရှားရှား
ကိုယ်ထွေးထုတ့်လိုက်တဲ့တံထွေး
ကိုယ်မျိုနေမိမှာဆိုးပါတယ်
နည်းလမ်းမသိတော့ စည်းကမ်းမရှိတာလား
စည်းကမ်းမသိလို့နည်းလမ်းမရှိတာလား
ရွှေသမင် ဘယ်ကထွက်  မင်းကြီးတာကထွက်
စားတော့အများ  ခံရတော့ တစ်ယောက်ထဲ
ကျွဲပါး  စောင်းတီး
 နွားပလာတာ  ကျွေးသလိုဖြစ်နေတယ်
ရှင်ဘုရင်ကြီး တိုင်းခန်းလှည့်ေ
တာ့ ကောက်စိုက်တဲ့လယ်သူမ  ကို
ဘယ်သူယူမလည်းမသိဘူး ဒီလိုနဲ့ရှေ့နားရောက်တော့
စပါးရိတ်နေတဲ့လယ်သမား ကိုတွေ့တော့မှ
စပါးရိတ်နေတဲ့လယ်သမား ယူမှာပေါ့လို့တွေးမိသလိုပေါ့
ဒီကြားထဲသူခိုးက လူလာဟစ်နေသေး.ဆင်ဖြူတော်မှီပြီး ကြံစုပ်နေတော့ခက်တယ်
ဆင်စွယ်ပိုးမထိုးဘူး  ပတ္တမြားမှန်နွံ့မှာမနစ်တဲ့
ပညာရှိကိုပေါင်း  သမားကောင်းကိုဖက်  သူပျက်ကိုခွာ  ဆရာကိုကပ်
အရပ်ကိုမျှ  လုံ့လအပင် ဆင်ခြင်အမျက် 
ရန်ဘက်ကိုမြှော် သူတော်ကိုချစ်
ခင်ပွန်းပြစ်ကိုရှောင်  သူလောင်ကိုရွှေ့  ဆင်ဝှေ့ကိုချည်  ကြံစည်မပြတ်  အတတ်ရံခါ  ပညာကိုရှေ့ ဥစ္စာကို  နောက်  အလျှောက်ပေးကမ်း  ချီးမွန်းတန်သည်  လူရည်ကိုရှူ  ပေးမှုအရာကိုသိလှ၏။။။။။။
မင်းမှာသစ္စာလူမှာကတိ
ကတိသစ္စာတည်သောခါနွယ်မြက်သစ်ပင်ဆေးဘက်ဝင်
.
လောကသဘောအရပြောရရင်
မင်းမှန်တယ်ထင်
မင်းမာန်တွေတက်
မင်းသဘော
မင်းအကြိုက်
မင်းအပြော
မင်းစိတ်နဲ့
မင်းကိုယ်
သူအားပါတာသူလုပ်တာ
ကိုယ်အားသန်တာကိုယ်လုပ်တာ
လူခြင်းမတူ
ဥာဏ်ခြင်းမတူ
ဒါကနှာဘူး
ဒါကတဏှာရူး
သူမသိတာ သိအောင်ပြောလည်း
လူ့ငနွား လူစကားနားမလည်
ဘူးလုံး နားမထွင်း အိပ်ပေါက် ဖားကောက်
ဆုံလည်ကနွား ၀ှဲလှည့်နေတာ
သံသရာထဲ တ၀ဲလည်လည်
ဆန်စကာထဲ ဆန်ကွဲတစ်စလည်
ညက်ညက်ထောင်း မုန့်ပေါင်းလောက်သိတယ်
လင်းတလှည့် မှိတ်တစ်ခါ
လမ်းပျောက်သူကို လမ်းပြနေတာ
အသင်လူသား အိုလူသား
သင့်တစ်နေ့တာအချိန်များ
နှမြောလှချည်လားးးးးးးးး
လမ်းပြဖေးခေါ် တွဲကူသနော်
အသင်လူသား အိုလူသားးးးးးးးးး
တန်ဖိုးရှိရာသင်သိနော်
ဖိုးလမင်းလို အလင်းခွန်အား
ဒီမှာကြည့်ပါလားးးးးးးးးးးးးးးးးးး
နေ လို လလို ရေလို  မြေလို
သခင်စိတ်ဓါတ်ထားပါဆို
.
Friday, May 27, 2011
♥♥ချစ်သူမြို့တော်နှင့်ဖူးစာရှင်လေး အွန်လိုင်း ပရဟိတအဖွဲ့ မည်သူမဆို ကူညီပေးပါ♥♥---
 ပရဟိတအသင်းသို့
အလှူရှင်စာရင်း
မ..မ - 50000 ( ငါးသောင်းကျပ် )
naingthu2008 - 50000 ( ငါးသောင်းကျပ် )
barlarlar.bll - 50000 ( ငါးသောင်းကျပ် )
ရာမည - 50000 ( ငါးသောင်းကျပ် )  မမိုးငယ် -10000 (တစ်သောင်း)
Lohan lin -5000(ငါးထောင်)
သိမ့်-   27000  (နှစ်သောင်းခုနှစ်ထောင်)
ကဝေပျို -      10000 (တစ်သောင်း)
                                       ဆက်သွယ်ရန်လိပ်စာ
ဆက်သွယ်လှူဒါန်းနိုင်သည့် လိပ်စာ -
ရန်ကုန် - မင်းသူရိန်၊ ဖုန်း - ၅၄၁ ၃၈၆
ရာမည  စင်္ကာပူ ဖုန်း-   98587714  -81957285
မ သူ _ 82040414
မ မေ စင်္ကပူဖုန်း _ 98581733
မနေခြည် မလေးရှားဖုန်း _60129106659
             ငြိမ်းချမ်း:မလေးရှားဖုန်း +6 0122700943
မင်းမင်းဇော် မန္တလေးဖုန်း - ၀၉၂၀၃၀၂၃၁
ကိုးရီးယား ဖုန်း ဘိုဘို 821023497257
Thursday, May 26, 2011
♥လွယ်တယ်♥
♥လွယ်တယ်♥
ငွေရှိရင် လွယ်တယ်
အဖေမသိလည်း လွယ်တယ်
အမေ မသိလည်း လွယ်တယ်
ငွေရှိရင်လွယ်တယ်
ကျားဖမ်း ရတာ လွယ်တယ်
ငါးဖမ်း ရတာ လွယ်တယ်
 စားစမ်း ရတာ လွယ်တယ် 
အော်..........သွားစမ်း ရတာ လွယ်တယ်
Sunday, May 22, 2011
ဘယ်သူ ပြောပြော ဆုံးအောင်တော့ နားထောင်ပေးးးးးးးးးးးးးနော်
၁   ။။ ကိုယ့်ကို စကားပြောရင် ဘယ်သူ ပြောပြော ဆုံးအောင်တော့ နားထောင်ပေးးးးးးးးးးးးး
သူ့ရဲ့စကားထဲမှ မိမိပညာရတယ် စကားဆုံးလည်း သူ့အတွက်လား ကိုယ့်အတွက်လား အများအတွက်လား ယူစရာပါလား ကိုယ့်ကို ပြောကြားတဲ့ စကားထဲမှာ တန်ဖိုးရှိတာပါလား  ပြန်ပြီး ဝေဖန်ပိုင်းခြားတတ်ရတယ် ။
၂။။ဘုန်းကြီးရှေ့ကနေ အရင်မကြွရဘူး စနည်းနာတတ်ရတယ်။
လူမျိုးပေါင်းစုံထံက နည်းပညာမျိုးစုံ အတတ်ပညာမျိုးစုံ လေ့လာသင်ယူတတ်ရတယ်။
ဆရာလည်းမလုပ်နဲ့တပည့်လည်းမဖြစ်စေနဲ့ဒါအောင်မြင်သူတွေရဲ့အရည်အခြင်း
  ကိုယ်ရည် မသွေးရဘူး  သူ တပါးအထင် မသေးရဘူး
  ၃။။။ခေတ်မှီပါ ခေတ်ဆန်ပါ  မကလက်ပါစေနဲ့ အရှက်တရားရှိပါ
အခြင်းခြင်း စကားပြောဆိုတာ   မိုက်ရိုင်းခြင်းမှ ရှောင်ကျဉ်ပါ 
 အမျိုးသားများကလည်း  အမ  ညီမ  မရှိလည်း မိခင်လိုမြင်ပြီး နှစ်မသားခြင်းစာနာပါ ။
၎။။။ပြောချင်တယ်ဆိုပေမယ့် ပြောသင့်လား ပြောသင့်တဲ့လူ ဟုတ်လားစဉ်းစား
တိုင်ပင်တယ်ဆိုရင် လည်းတိုင်ပင်သင့်တဲ့ လူလား တိုင်ပင်သင့်တဲ့အချိန် ဟုတ်လားလေ့လာပါ။
၅။။။သူတစ်ပါးမအားတဲ့အချိန်  ဒေါသထွက်ချိန်  အိပ်ရာနိုးခါစအချိန်  အိပ်ချင်နေတဲ့အချိန်  ရှောင်ကျဉ်ပါ.။
၆။။။အရက်သောက်ချင်လည်း မူးအောင်သောက် မမှောက်စေနဲ့ ဆိုသလိုပေါ့ လူသောက်သောက်ပါ ။
ခွေးသောက် နွားသောက် မသောက်ပါနဲ့ခွေးစိတ်  နွားစိတ်ပေါက်ရင်  အမေမသိ အဖေမသိ ဆွေမသိ မျိုးမသိ ကျေးဇူးရှင်မသိ  စော်ကား  ပြစ်မှားတတ်ကြတယ်  ။
ဒါကြောင့်ဘယ်အရာမဆို ထိမ်းထိမ်းသိမ်းသိမ်းနဲ့ ချင့်ချိန်ပါ စဉ်းစားပါ
သူနေရာ  သူဒေသ နေထိုင်တတ်ပါစေ  ။
၇။။။။ခင်မင်မှုကို အလွဲသုံးစား မလုပ်မိပါစေနဲ့နွားရှေ့ထွန်မကျူးမိစေနဲ့
ရောမရောက် ရောမလိုကျင့်တတ်ပါစေ ။
၈။။။။ခွေးလေး အရောဝင်သလိုလည်းမလုပ်မိစေနဲ့
ပေါင်းတာကြည့်ပေါင်း ကိုယ့်အတွက်လားသူ့အတွက်လား
ယူသူလား ပေးသူလား လှုမျှဝေနေသူလား
ကြည့်ပြီး ပေါင်းသင်းတတ်ပါစေ ။
၉။။။လူတစ်ယောက်ကြောင့် ဂုဏ်တက်သလို လူတစ်ယောက်ကြောင့်
ဂုဏ်ပျက်တတ်ပါတယ် ။
၁၀။။။။။စိတ်ထားဖြူစင် သန်ရှင်းလှပအောင် မွေးမြူနိုင်ပါစေ။
စိတ်ထားမွန်မြတ်အောင်  ကျင့်ကြံနိုင်ပါစေ။
အရောင်စွန်းလာရင်လည်း  မြန်မြန်လျှော်ဖွတ်ဆေးကြောနိုင်ပါစေ။
၁၁။။။။။ လောကတွင်းမှလူသားများ  အေးချမ်းသာယာရှိစေလို
 မိမိတို့စိတ်ကလေး ဖြူဖြူဖွေး စင်ကြယ်နိုင်ပါစေ။
  ညစ်လာသမျှ ဟစ်ကာသာ ပြရရင် ငါလည်းညစ်မယ်ထင်
  အော်နေမယ့်စား ဖြူအောင်ထား
ဟင်းးးးချကာလေ စေတနာထား
သူလမ်းသူသာသွားပါစေ ။
သူနောက်ကိုယ့်စိတ်လိုက်မိရင် ကိုယ်ပါညစ်မယ်ထင် ဘယ်သူလာလာ ကြည်ဖြူတရားမေတ္တာထားမှပြည့်မည်ထင် ဘောင်ဘင်ခတ်ထားရေအိုးများ
ဘေးချထားမှ တော်မည်ထင် ရေအိုးလေးလိုပြည့်စေလို
မေတ္တာဘ၀နာပွားများကာ စိတ်ထားနဲ့သာနေလိုက်ပါ
အောင်မြင်သည်များသင့်ရှေ့မှာ  ပွားများလာမှာ အမှန်ပါ................။
Thursday, May 19, 2011
ခက်တယ်............
ခက်တယ်............
ဟိုလိုလည်းမလုပ်နဲ့ ဒီလိုလည်းမဟုတ်ဘူး
ခက်တယ် ပြောပြန်ရင်လည်း
မောင်  မင်းးးးးးးးးး
လွန်ရာကြမယ်
မပြောမပြီး မတီးမမြည်
ကိုယ်လည်းမလုပ်နိုင် သူများလည်းမလုပ်နဲ့
ခက်တယ် တော်တော် ခက်နေတယ်............။
Wednesday, May 18, 2011
good night.. မောနင်း........ချစ်သူ
♥♥good night...........<3 မောနင်း........♥♥
good night...........<3
ကမ္ဘာတဖက်က
ကမ္ဘာတဖက်ကို
နုတ်ဆက်နေတာ
ကြယ်ရောင်လင်းလက် ညလေးမှောင်မိုက် ချစ်သူ အိပ်စက်နားနေချိန်
မောနင်း........♥
ကမ္ဘာတဖက်က
ကမ္ဘာတဖက်ကို
နုတ်ဆက်နေတာ
ရောင်ခြည်နုလေး ဖြာဝေတောက်ပ
ငါ့ အခန်းတံခါး တွေ့ထိချိန်က ချစ်သူခဏပျောက်ချိန်ပါ
ကမ္ဘာမျက်လုံးပြုံးပြုံးလေးနဲ့ ချစ်သူတွေကို
ပီတိဝေဖြာချောင်း ကြည့်နေတာ
ကမ္ဘာကလေ ရွာလေးအလား
မိုင်ပေါင်းထောင်ချီ ဝေးကွာနေလည်း
ချစ်သူနှစ်ယောက် တွေဆုံဖို့ကို
ပြန်တွေ့ဖို့ကို သူဖန်တီးတယ်
နှလုံးသားလေးတွေ ကောင်းကင်ယံထက် အသဲပုံရိပ်တိမ်ဝယ်ယှက်နွယ်
ငှက်လေးအလား စိတ်ကူးလေးတွေ ၀ဲပျံမြူးကာ
တိမ်ဝယ် ဆော့ကစား
မိုင်ပေါင်းထောင်ချီ ဝေးကွာနေလည်း
ချစ်သူရှိရာ
စိတ်စေရာကို ခရီးနှင်လို့ချစ်သူထံပါးရောက်နေတယ်
အိမ်မက်ထဲထိလာခဲ့မယ်......
ချစ်သူကြိုလို့စောင့်တော့ကွယ်.......။.
Monday, May 16, 2011
ကဗျာသစ်ပင် ♥♥
Tree reading about trees - Free environmental illustration about climate change, pollution and global awareness, from Frits Ahlefeldt. Both print and web use
tree-readingby-HikingArtist.jpg
Tree reading about trees - Free environmental illustration about climate change, pollution and global awareness, from Frits Ahlefeldt. Both print and web use
Tags: pollution ecology green planet biodiversity climate change environment environmental free download powerpoint clipart creative commons Frits Ahlefeldt Hikingartist.com HikingArtist cartoon drawing illustration color humor funny free downloads print Size challenge open source large size tree reading book
Free climate and environmental drawings Free print and web size illustrations for download and use, all about green planet issues
A Poet`s Tree
ကဗျာသစ်ပင်
ချစ်သူရေ ....
ငါတွေ့ခဲ့တယ်
သစ်ပင်တစ်ပင်ဟာ တစ်ပင်တည်းရပ်တည်နေတယ်
ငါ မသိဘူး အဲ့ဒီအပင်ရဲ့ နာမည်ကိုပေါ့
ဒါပေမယ့် .... ကြည့်ရတာ အရမ်းလှပတယ်
အံ့သြစရာကောင်းလောက်အောင် သန်မာတယ်
လေတိုက်တဲ့ နေ့မှာပေါ့
လေနဲ့အတူ သစ်ရွက်လေးတွေက လှုပ်ခါနေတယ်
သူဟာ ... နှင်းပွင့်လေးထဲမှာ သန်မာနေတယ်
သူဟာ ... နေရောင်အောက်မှာလည်း သန်မာနေတယ်
သူဟာ ... မိုးရေထဲမှာလည်း သန်မာနေတယ်
ငါလေ .... အဲ့ဒီအပင်လေးကို စောင့်ကြည့်နေမိတယ်
ငါ့ရဲ့အချစ် ကျောက်တိုင်လေးလိုပါပဲ
အချစ်ဆိုတဲ့စကားလုံးတွေက ကဗျည်းထိုးထားတာ
သူ့ရဲ့လှုပ်ခါနေတဲ့ သစ်ရွက်လေးတွေလိုပဲ
ငါလေ .... ဒီသစ်ပင်လေးကို စကားပြောဖြစ်တယ်
မင်းနဲ့ငါ့ရဲ့ အကြောင်းကို
နေ့တိုင်းပေါ့ .....
ဒါ့တွေကို ဒီသစ်ပင်လေးက အမြဲနားထောင်ပေးခဲ့တယ်
ငါတို့ရဲ့ချစ်ပုံပြင်လေးကိုပေါ့
တစ်နေ့မှာ ... သစ်ပင်လေး ငိုကြွေးနေခဲ့တယ်
ဘာ့ကြောင့်လဲဆိုတော့ မင်းဆီက သတင်းစကားကို ရရှိခဲ့လို့ပေါ့
လေနဲ့မိုးတွေကလည်း ပြောင်းလဲစွာနဲ့ပေါ့
သစ်ပင်လေးက ငါ့ကိုပြောတယ် ....
"မင်းနဲ့ငါ ထပ်တွေ့ဆုံမှုဟာ မဖြစ်နိုင်ဘူး"တဲ့
ဒါ့ကြောင့် ... မင်းဟာ ငါ့လိုပဲသန်မာရမယ်နော်
အကယ်၍ မင်း စဉ်းစားကြည့် !!
အချစ်စစ်ဟာ ရှင်သန်နေတယ်
ဒါကြောင့် .... မင်းပိုပြီး သန်မာရမယ်
ပို ကြီးမားရမယ်
ငါ့လိုပဲ သန့်ရှင်းတဲ့သစ်ရွက်တွေနဲ့ပေါ့
မင်း ... အိုမင်းလာတဲ့အခါမှာ
မင်း ... ပိုပြီး သန်မာလာရမယ်နော်
မင်းရဲ့ အနာဂတ်မှာ မင်းရဲ့အချစ်ကို တစ်ခါပြန်ရလိမ့်မယ်
ဒါ့ကြောင့် မင်းရဲ့နှလုံးသားမှာ သစ်ပင်တစ်ပင်လိုအချစ်ကို
စိုက်ပျိုးထားလှည့်ပါ ....
ငါ့ရဲ့ ... ချစ်လှစွာသော ချစ်သူရယ် ။။  ♥ချစ်သူပေးသောကဗျာတပုဒ်♥
Saturday, May 14, 2011
အိပ်မက်နန်းတော်တည်ဆောက်မယ်...။။။။။။။
♥အိပ်မက်သခင် ငါ့သခင်
စကားလက်ဆောင်ပါးလိုက်တယ်
ချစ်တဲ့စိတ်လေးသိပါ
အိပ်မက်ကမ္ဘာ ငါ့ကမ္ဘာ
အိပ်မက်နန်းတော် ငါတည်ဆောက်နေ
အိပ်မက်ထဲထိ ချစ်ခဲ့တဲ့သူ ......... ငါ့ချစ်သူရယ်
အိပ်မက်နန်းတော် အလယ်လာဖို့
အိပ်မက်ထဲမှာ ချစ်ကြင်နာပေါ့
အိပ်မက်ကမ္ဘာ မင်းရောက်ရှိချိန်
အိပ်မက်လေး တစ်ရေးနိုးလို့
ငါ့အိပ်မက်ထဲ.......
မင်းပျောက်သွားမှာ ဆိုးမိဗျာပွေ
အိပ်မက်ချစ်သူ  ငါ့ချစ်သူရယ်.....
အိပ်မက်လေးထဲ တူတူဆုံမယ်
ငါသိပ်ချစ်တယ် အိပ်မက်ချစ်သူ
ငါ့ချစ်သူရယ်..............
အိပ်မက်လေးမှာနှစ် ယောက်တူတူ ချစ်ကြင်နာမယ်
အိပ်မက်ထဲမှာ  တစ်သက်မခွဲ  လက်တွဲထားတယ်
အိပ်မက်ထဲမှာ  နှလုံးသားလေး ပျော်ဝင်စီးဆင်း
ရင်ခုန်ခြင်းအတိ ငါဖြစ်မိတယ်
ဘယ်သူဖျောက်ဖျက်မရနိုင်ဘူး
ဘယ်သူမှလည်း တားစည်းပိတ်ပင်  နှောက်ယှက်မရ
ချစ်သူနဲ့ငါတူတူရှိနေ
အိပ်မက်လေးထဲ ရင်ခုန်လှိုက်မော
 အနမ်းတောမှာ ချစ်စိတ်ဝေဖြာ ချစ်ကြင်နာတာ
အိပ်မက်ကမ္ဘာ ချစ်သူနေတာ
 ငါတို့ကမ္ဘာ နှောက်ယှက်မှု့ကင်း
 ကြားလေသွေးတောင် မဝေးတယ်
အိပ်မက်ထဲကိုလာခဲ့ကွယ်............
အိပ်မက်ထဲကချစ်သူရယ်........   
အိပ်မက်ချစ်သူ ငါ့ချစ်သူရယ်.....
အိပ်မက်နန်းတော်တည်ဆောက်မယ်...။။။။။။။  
မျက်နှာခြင်းဆိုင်လာမိတဲ့လူသား နှစ်ဦးတစ်ခဏတာ ရင်ခြင်းအပ်မိတာပါ
.
916030
ချစ်သူကချစ်တယ်တဲ့ ငါ့ရဲ့မသိစိတ်
ပျော်လိုက်မိတယ်
 သိတဲ့  စိတ်က ခါး
ခါးသီးသီးငြင်းဆန်လိုက်မိတယ်
မဖြစ်သင့်တာ  မဖြစ်နိုင်ဘူးဆိုတာ သိနေတော့
အမြဲရှောင်တိမ်းငြင်းဆန်ရင်း ပြေးပေါက်မရှိပဲ တစ်ခါတစ်ခါချောင်ပိတ်မိနေတယ်
ချစ်သူပြောလိုက်တဲ့ စကားလုံးတိုင်း အပြင်းထန်ဆုံးထိုးနှက်ချက်
တစ်ခုအဖြစ် နှလုံးသားရှိရာ ရပ်ဝန်းဖြစ်တဲ့ ငါ့ရင်ဘတ်ကို နာကျင်စေပါတယ်
ပြောပြလို့မဖြစ် ချရေးလို့မတတ်တဲ့ စကားလုံးပေါင်းများစွာ
ရင်ထဲမှာ
ထုပ်ပိုး သိမ်းဆည်းထားရင်း
 ကြာတော့လည်း မေ့ပြစ်ဖို့လွယ်ပါတယ်ဆိုပေမဲ့  သံယောဇဉ်ဆိုတာကအခက်သားလား
ဒီစကားပုံအလကားထားခဲ့တာမှ မဟုတ်ပဲကွယ်
နာကျည်းတိုင်းသာ ငါငိုကျွေးနေရင်
ငါ့ဘေးမှာချော့သူမရှိလို့ငါမငိုတတ်အောင်နေထိုင်နေပါတယ်
လူဘ၀ဆိုတာမမြင်ရတဲ့
မတွေ့ရတဲ့ လောကကြီးရဲ့အံမခန်းလှို့ဝှက်ချက်ပေါင်းများစွာနဲ့ ရိုက်ချက်ပေါင်းများစွာရှိတယ်
နက်နဲတဲ့ ဒဏ်ရာဒဏ်ချက်တွေကို
သေရာပါ အထိမ်းအမှတ်တခုအဖြစ် ငါရရှိလိုက်တယ်
ချစ်သူပေးသော လက်ဆောင်လေးကို
ချစ်သူပေးသော လက်ဆောင်မို့ အမြတ်တနိုး သိမ်းဆည်းထားရင်း
ငါ့ဘ၀မှာ နေပျော်သေပျော်ပါတယ်
ချစ်သူမုန်းလို့ထားရစ်ခဲ့တာမှ မဟုတ်တာ ကိုယ်ကိုတိုင်က ချန်ရစ်ခဲ့သူမို့
အပြစ်မဆိုပါဘူး ဖြစ်တာပျက်တာဟာ မျက်တောင်တစ်ချက် အခတ်မှာ
ပျောက်ကွယ်တတ်သေးတာပဲ ဘယ်တော့မှမခွဲခွာပါဘူးလို့သစ္စာဆို ထားခဲ့ကြတာမှ မဟုတ်တာအခုတော့လည်း ငါ့တစ်ယောက်ထဲပေါ့။
အပူဆိုတာ မဝေမျှကောင်းဘူး လောင်တတ်တဲ့ သဘောရှိတယ်
ဒါကြောင့်......................
ငါချစ်ရသူ ငါ့ချစ်သူကို ရင်ထဲအပူ  မီးလိုပူလို့မဝေပေးမိတာပါ 
ကူးစက်တတ်တဲ့   သဘောကြောင့် ချစ်သူနှလုံးသားလေး လောင်ကျွမ်းပြာကြမှာ  စိုးရိမ်မိလို့ပါ
ဝေဒနာက အလယ်မခေါ်ပဲ အဖော်တွေစုပြီး ရောက်လာတော့ ကျန်ရှိတဲ့  အချိန်ခဏလေးကို အသိတရားထိန်းချုပ်ရင်း
သတိကို စိတ်မှာ  ကပ်လို့ နေပျော်ပျော်    သေပျော်ပျော်ဆိုတဲ့   စိတ်ထားလေးမွေးမြူလိုက်တော့
လူတိုင်းကို  ကျန်ရှိတဲ့  အချိန်ခဏလေးမှာ   အတတ်နိုင်ဆုံး  မေတ္တာတွေ မျှဝေပေးမိတယ်
ဝေးဝေးနီးနီး  ပတ်သက်ဆက်နွယ်လာသူတိုင်းကို အယုတ်အလတ် အမြတ်မရွေး ဖြူစင်မှုတွေပေးပြီး  တတ်နိုင်သလောက် စောင့်ရှောက်နေမိတယ်
ပျော်ရွှင်ကြည်နူးပြီး  စိတ်အေးချမ်းအောင် ထားပေးဖြစ်ပါတယ်
ချစ်သူရဲ့ အပူတွေ  သောကတွေ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အပူသောက တွေမျှဝေခံစားရင်းငါကိုယ်တိုင်ကတော့ သံယောဇဉ် ကြောင့်လောင်ကျွမ်းကျန်ရစ်တယ် 
မမြင်ရတဲ့ ခင်မင်မှုတွေကို ဖြတ်တောက်ရမှာတော့  တော်တော်လေး ခက်ခဲပါတယ်
ချစ်သူသိအောင် ဖွင့်မပြောသာတဲ့ဘ၀မှာ
ငါဟန်ဆောင် ကမ္ဘာကြီးထဲက ဟန်ဆောင်လူသားတစ်ဦးဖြစ်နေမိတာ ဆန်းသလားကွယ်
k မျက်နှာခြင်းဆိုင်လာမိတဲ့လူသား နှစ်ဦးတစ်ခဏတာ  ရင်ခြင်းအပ်မိတာပါ
လမ်းဆက်လျှောက်လိုက်ချိန်မှာ   ကျောခိုင်းထား မိလျှက်သားဖြစ်နေမိတာ သဘာဝအတိုင်းလောကဆုံမှတ်တစ်ခု  ရင်ဆိုင်တိုးမိတာပါချစ်သူ..။
ရင်ဖွင့်တိုင်ပင် ဖော်မမြင်ဘူး
ငိုကြွေးရှိုက်ငင် လူမမြင်ဘူး
ဘယ်သူမြင် ဘယ်သူသိမှာလည်း
တိတ်တိတ်ကြေကွဲ တိုးတိုးလေးငို
အခန်းငယ်လေးထဲ ပြည့်စုံမှုတွေငါရှိနေလည်း
ငါ့အခန်း နံရံလေး သိပါတယ်
သူသိနေတယ် သူမြင်နေတယ်
ငါ့အခန်းနံရံလေးက စကားပြောတတ်ရင်
ပြန်ပြောပြလိမ့်မယ် ငါဖြစ်ပျက်တာ ငါရင်ကွဲနေတာ
ငါခံစားနေတာ ငါနာကျည်းနေတာ
ငါလွမ်းဆွေးနေတာ
ငါမေတ္တာတွေ ငါချစ်တာတွေ
ငါအခန်းနံရံလေးက သူအမြဲကြည့်နေတယ်  ငါ့ ဖြစ်တည် ပြောင်းလည်းမှုတွေ
သူလောက် ငါ့ကိုဘယ်သူ့မှမသိဘူး
တိတ်တိတ်ကြေကွဲ  တိုးတိုးလေးငို ငါလွမ်းနေလို့ဖြစ်ပါတယ်.........။
ငါချစ်နေလို့ ဖြစ်တာပါ
သတိယရင်းမျက်ရည် အလိုလိုကျလာတယ်
ဘယ်လိုလုပ်ရမလည်း ငါ့စိတ်နဲ့ငါ့ကိုယ်တော့
ခက်ပြီ လွမ်းနေပြီနော် ရင်ခုန်ရပ်ဝန်းမှ
ချစ်မြတ်နိုးစွာ လွမ်းမောတမ်းတရင်းနဲ့
လူဖြစ်လာတာ  အဖြေရှာကြည့်
မြင်သိလိုက်ပါ  ငါချစ်နေလို့ဖြစ်တာပါ။
Tuesday, May 10, 2011
သင်္ဘောအရွက်က ကင်ဆာအမျိုးမျိုးကို တိုက်ဖျက်နိုင်
thatooaung30
သင်္ဘောအရွက်က ကင်ဆာအမျိုးမျိုးကို တိုက်ဖျက်နိုင်
ရိုးရာတိုင်းရင်းဆေးပညာ များစွာတို့တွင် သင်္ဘောရွက်နှင့် သင်္ဘောရွက်ခြောက်ကို ရေနွေးကြမ်း လုပ်သောက်ခြင်းက ကင်ဆာ ရောဂါ အမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်းရှိသည် ဟု ယုံကြည်ကြ၏။ ယခုအခါ ဖလော်ရီဒါ တက္ကသိုလ်မှ သုတေသနပညာရှင်နမ်ဒန်းနှင့် ဂျပန်မှ သူ၏ လုပ်ဖော်ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ်များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။
သူတို့အဖွဲ့သည် သင်္ဘောရွက်ခြောက်များကို အသုံးပြု၍ သုတေသနပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက်ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်းတွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1type cytokines များထုတ်လုပ်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြုလာနိုင်တော့မည်ဟု ဆို၏။
ကမ္ဘာ့နေရာအနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံးများသည်ဟု ဆို၏။ ဒေါက်တာနမ်ဒန်းက ယခုသူ၏ သုတေသနမှရရှိသော ရလဒ်များသည် သြစတြေးလျနှင့် သူ၏ ဇာတိဖြစ်သော ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဒေသခံတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များနှင့် ကိုက်ညီမှုရှိသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသော ကင်ဆာဆေးဝါးများစွာတို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုးများစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆို၏။
သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာထိတွေ့စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀ မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန်နှေးကွေးသွားကြောင်း တွေ့ရှိခဲ့ရသည်။ ဒေါက်တာဒန်းနှင့်အဖွဲ့သည် သင်္ဘောရွက်မှနေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်းလုပ်ငန်းစဉ်အတွက် တိုကျိုတက္ကသိုလ်မှတစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Ref: Good Health
Friday, May 6, 2011
♥ငါအချစ်ဆုံးဒီဇင်ဘာ♥
♥ငါအချစ်ဆုံးဒီဇင်ဘာ♥
ဆောင်းဆို
ငါလွမ်း
မိုးဆိုငါနွမ်း
နွေဆိုမင်းကိုချစ်လို့ငါရင် ကြေနွမ်း
ငါ့ကမ္ဘာ မလန်းနိုင်ပါ
ဒီဇင်ဘာမှာငါအလွမ်းတွေနှင်းမြူ တွေပေါ့
ဒီဇင်ဘာမှာ ငါ့မျက်ရည်က နှင်းမိုးတွေပေါ့
ဒီဇင်ဘာမှာ ငါ့အသက်လေး မင်းအချစ်ကြောင့် ခပ်ယဲ့ယဲ့ပဲ ကျန်တော့တယ်
ငါအချစ်ဆုံးဒီဇင်ဘာ
ငါအလွမ်းဆုံးဒီဇင်ဘာ
နှင်းမိုးရွာစွေ လွမ်းအောင်ဖန်တာ
ချစ်သူနှစ်ဦး သိပ်ချစ်ဖူးတဲ့
နှင်းပုံရိပ်လေး ဖြစ်နေတယ်။
Tuesday, May 3, 2011
မ..မ
ပိတောက်ပန်းများ ဘုရားပူဇော်သည်..။.
မ..မ
မ..မ
မ..မ
မ..မ
နာဂစ်ဘီလူး
နာဂစ်ဘီလူး
ဝေါကနဲ ဝေါကနဲ မြည်ဟီးးးးးးးးသံ
တစုတဝေး မငြင်းဆန်နိုင်
ကယ်ပါယူပါ တစာစာ အော်ဟစ်မည်တမ်း
ရေလှိုင်းပင်လယ် ခေါ်ဆောင်ရာနောက်
ကောက်ကောက်ပါအောင် လိုက်ရတယ်
ဒီတစ်ခဏလေး ရေလှိုင်းပင်လယ် အစွယ်တွေထွက်
နာဂစ်ဘီလူး ၀ါးမြိုသတ်ဖြတ်
မိကွဲ ဖကွဲ တစ်ကွဲတပြား သေခြင်းဆိုးနှင့်ကြုံရတယ်
ကျန်သည့်သူလည်း နေခြင်းဆိုးနဲ့ကျန်ရစ်တယ်
နာဂစ်ဘီလူး မကြားချင်ဘူး
ကျန်ရစ်ခဲ့သူ ကမ္ဘာပျက်တစ်မျှ ခံရခက်တယ်
ပင်လယ်ပျော်တွေ ပင်လယ်ထဲပျောက်
ရုပ်လောင်းကြွင်းကျန် ကောက်မယ့်သူကိုမျှော်ရတယ်
ကျန်ရစ်ခဲ့သူ စားဝတ်နေရေး
ဖေးကူပေးမည့် အလှုရှင်ကိုမျှော်ကြတယ်
နာဂစ်ဘီလူး ဒုက္ခပေးလို့ ဆင်းရဲမွဲတေ မ၀ရေစာနေရတယ်
၃ နှစ်ပြည့်မြောက် နာဂစ်တဲ့လား
 ငိုညည်းသံတွေ ခုထက်ထိလည်း ရှိသေးတယ်
မပြည့်စုံပါ မလုံခြုံပါ တွေ့မြင်ရတာ အားမရပါ
နာဂစ်တဲ့လား နာဂစ်ဘီလူးတွေ ပြုံးပျော်မြူးပြီး
နာဂစ်ဟန်ဆောင် ၀ါးမြို သတ်ဖြတ်လိုက်တာပါ...........
ယခုချိန်ထိ ကျန်ရစ်သူမှာ  ပြည့်စုံမှုမရှိ   ရင်တွင်းဝေဒနာ သောကခြေရာ
နာဂစ်ဒုက္ခ ခံနေကြရ  လူသားခြင်းတော့စာနာပါ။။။။။။။။။။။။။။။။။။။။။။
Monday, May 2, 2011
♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥ချစ်မြတ်နိုးခြင်းပြိုင်ဘက်ကင်း♥
♥အမေ့ ♥
♥အကြင်နာ ♥မေတ္တာ ♥
♥ချစ်မြတ်နိုးခြင်းပြိုင်ဘက်ကင်း♥
မွန်မြတ်လှတဲ့ မိဘမေတ္တာ
ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်
ကဗျာစာ အလင်္ကာ  ဖွဲ့ ဆို ပြသ တုနိုင်းမရ
အံသြမကုန်နိုင် မယုံနိုင်ဖွယ်ရာ
ပေးဆပ်ခြင်းအတိ သူ့တွက်မကြည့်
မကုန်နိုင်သော မေတ္တာရှင် ထာဝရ ကျေးဇူးရှင်
ဘ၀အဆက်ဆက် က မွေးသမိခင်
မေမေအချစ်ထူး  ရွှေသွေးရင်နှစ် သားလှချစ်လေး
ရွှေသွေးရင်နှစ် သမီးလှချစ်လေး  
မေ့မေ့သဲတုန်း ပူတူးတူးရယ် ခေါ်တဲ့အသံ နားဝလျှံသည်
ဘယ်လောက်ဆိုးဆိုး တစ်မျိုးတိုးကာ အချစ်ပိုသည်
ရွှေသွေးလေးအပေါ် နုသည့်အသား
ကိုက်သည့်  ခြင် ယင်  ရန်သူထင်သည်
အသားနုနု ဂွမ်းနှင့်ဥကာ
ရင်ဝယ်ကြာငုံ  သားမြတ်စုံကို  သွားနှင့်ခဲကာ  ကိုက်ကာဆွဲရမ်း
 နာသည့်ပုံဟန်  မေ့မေ့ရုပ်သွင်  ရှိခဲ့ပေမဲ့
  သွေးမှမေတ္တာ ဆတိုးပွားကာ ဖွေးသည့်နို့ရည်
သားဝလေအောင်  သမီးဝလေအောင်    ရွှေသွေးနို့တိုက်မပျက်ပေ
ရွှေသွေးချစ်လေး  ချေနှင်ကန်ကြောက်  ကြောက်သည့်ချေထောက်
ပါးမှာကပ်ခါ   နမ်းမ၀ပေ မေ့မေ့မေတ္တာစိမ့်စမ်းရေ 
သားလှလေးနှင့် သမီးလှလေးကို  စကားဆိုချော့မြူ   
တေးဆိုချော့မြူ မွေးမေ အသံ စမ်းရေသံထက်  သာယာလှပ
ရွှေသွေးရင်နှစ် ဖျားနာသည့်ခါ  ရင်ဝယ်ပွေ့ပိုက် 
ပျာယာခပ်မျှ စိုးထိပ်ပူပင်   မပဒါ  ပုံသွင်  ရှိဘူးတယ်
ရွှေသွေးကျောင်းအပ်  စာသင်တတ်စ  
အိမ်အပြန်မှာ  သူတပါးနိုင်စား  ထိခိုက်လေမလား 
အရှိုးအရာ ဒဏ်ရာပါလား  အကြိမ်ကြိမ်အဖန်ဖန် စစ်ဘူးတယ်
အရွယ်ရောက်လည်း  သားလှရွှေသွေး  သမီးလှလေးတွေ 
သူယုတ်မာဝေး  သူတော်ကောင်းလေးတွေ ပေါင်းဖက်ပါစေ  
ကျန်းမာပါစေ  ချမ်းသာပါစေ ဆုတောင်းအခါခါ ချွေဘူးတယ် 
မွေးမေ  မေတ္တာ စိမ့်စမ်းရေနှင့် ပမာနိုင်းဆိုမပြောလိုဘူး
ထိုစမ်းနွေခါ ခမ်းသောကြောင့် 
မွေးမေမေတ္တာ  ပန်းရွှေကြာနှင့်  ပမာနိုင်းဆို မပြောလိုဘူး 
ထိုပန်းရွှေကြာ နွမ်းသောကြောင့်
မွေးမေ မေတ္တာ  မြင့်မိုရ်တောင်နှင့်  ပမာနိုင်းဆို မပြောလိုဘူး 
ထိုမြင့်မိုရ်တောင် သေးလွန်းလို့
ချစ်ခင်မြတ်နိုး ပြုစုစောက့်ရှောက် ချစ်လွန်းတင်တာမေမေပါ
ဘယ်လိုပုံစံ မွေးဖွားလာလာ မွေးသမိခင်ကြည်နူးစွာနဲ့
 ကျိုးကျိုး ကန်းကန်း ဆွံအ နားမကြား
လက်ခံခဲ့တာ   စံထားမမှီ  ချစ်မြတ်နိုးတာမေမေပါ
ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရင် ကျောလေး ပွတ်သတ် ထွေးဖက်ထားပြီး  နို့ချိုတိုက်ကြွေး ချော့ မြူပေးတာ  မေမေပါ မွေးမေမေတ္တာ  နိုင်းပြစရာ  ရှာမတွေ့နိုင်ပြီ   ဘီလူးမက  စားဖို့ဆောင်ယူ သူတပါးသားကို  ငိုကြွေးသောခါ  ယုယကြင်နာ ချစ်လွန်းတင်၍  နို့ချိတိုက်ကျွေး မွေးခဲ့ဘူးသည် မိခင် တိုင်း၏  မေတ္တာပါ
မိခင် ထံပါး  ဧည့်သယ်အလား  ခဏနားခို   အရိပ်နေနေ  အခက်ချိုးချိုး  ပြန်လိုမှပြန်  နားချင်လာနား    ပေးဆပ်ခြင်းနဲ့ချစ်ကြင်နာ မွေးမေ မေတ္တာစေတနာ
♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥ချစ်မြတ်နိုးခြင်း  ပြိုင်ဘက်ကင်းသည်  ဆပ်၍မကုန်  ဤလူဘုံ     မိခင်ဖခင်ကျေးဇူးရှင်ကို  တဖန်ပြန်၍ 
ရင်ဝယ်သားပမာ စောင့်ရှောက့်စေချင်လှပါသည်။
စိတ် မှ ချိန်ခွင်  အလယ်မှာထား  မျှတစွာပဲ ချိန်ကြည့်လိုက်ပါ 
မွေးမေ ဖက်မှ  သာနေမှာ ကဗျာစာ အလင်္ကာ  ဖွဲ့ ဆို ပြသ တုနိုင်းမရ
အံသြမကုန်နိုင် မယုံနိုင်ဖွယ်ရာ မာတာမိခင်ကျေးဇူးရှင်ကို
လက်အုပ်ရှိခိုး  ကန်တော့ပန်းဆင်သည်
ဤစာပေနှင့် မွေးမေကျေးဇူးဆပ်ခြင်းပါ။
mom moms mother mothers mommy mommys family families
mom moms mother mothers mommy mommys family families
I
mom moms mother mothers mommy mommys family families
Sunday, May 1, 2011
`` တိပ်ခွေ´´ထဲမှ ``အမေ့အသံ´´လေး
...
♥အမေ♥သား  သမီး တွေအတွက်
အမေ        ငယ်ငယ်ထဲက အလုပ်တွေ  ပင်ပင်ပန်းစွာ လုပ်ကိုင် ကျွေးမွေး
စောင့်ရှောက်ခဲ့တဲ့       ခုတော့
အမေ နေမကောင်းဖြစ်နေပြီ အမေ နေမကောင်းဘူး
မြန်မြန်လာနော်မမ ဆိုပြီးဖုန်းဆက်ခေါ်တယ်။
ကျွန်မအမေ့အိမ် ရောက်တော့ အမေ နေမကောင်းဘူး ရေဖျဉ်းဖြစ်နေတယ်တဲ့ စီ ပိုးတွေ့ တယ် ဆေးရုံတက်လိုက်ပြန်ဆင်းလိုက်နဲ့ ဆေးရုံမတက်ချင်လို့ အမေစိတ်ဆင်းရဲနေတယ် ။
အမေဆေးရုံမတက်ချင်တဲ့ အချိန် အိမ်မှာခဏခေါ်ထား ရေဖောက်ထုတ်မယ့်အချိန်ဆေးရုံပြန်တက်နဲ့ အမေ့ကြည့်ပြီး ကျွန်မလည်း စိတ်ဆင်းရဲနေတယ် အမေ့ကိုသနား စိတ်ထဲမှာလည်းမကောင်းပါဘူး။
အမေ့ အတွက် အမေမဆုံးခင် ဘာလုပ်ပေးရမလည်း
နေ့ ည သူနာပြု ငှားထားပေးတယ် ကျွန်မ အမေကို ပြုစုပေးရင်လည်း အမေက လက်မခံပါဘူး။
သမီး ဘာမှ မလုပ်ပေးနဲ့  နော် သမီးကနေကောင်းတာ မဟုတ်ဖူးနော်
ကိုယ်ဘာသာနေနော် ပြောနေတော့ ကူညီပေးချင်လည်း ကျွန်
မက အမေကိုပြုစုပေးမှာကို အမေစိုးရိမ်နေတာနဲ့  အမေ့ဘေးနားမှာ ဒီတိုင်းထိုင် နေရပါတယ်။
ညအိပ်ရင်လည်း ဆေးရုံမှာ မအိပ်ရဘူးတဲ့လေ ရောဂါကူးနေမယ် အိမ်ပြန် တော့နော်နဲ့မောင်းထုတ်ပါတယ် သူနာပြုရှိတယ်သမီး ပြန်တော့နော် ခုပြန်နော်နဲ့  ညနေစောင်းတာနဲ့  အိမ်ကိုပြန်ခိုင်းနေတာလေ ဒါနဲ့ ကျွန်မဆေးရုံပေါ်မှာ အိပ်ချင်လည်း မအိပ်ရဘူး ရန်ကုန် ရောက်တုန်းလေး ခဏ အမေ့ အနား နေချင်တယ်လေနော် အမေ ဘေးနားမှာသမီးနေပြီး တရားစာအုပ်ဖတ်ပြမယ်အမေ နဲ့ သမီးတရားမှတ်မယ်နော် ဆေးရုံက အိပ်ရာမှာရိပ်သာ လုပ်ကျတာပေါ့ နော် ဆိုတော့ အမေ ရီ(ယ်)နေတယ်။
အမေ့ကို နာရီဝက်လောက် တရားမှတ် ခိုင်းလို
က် အမေ့ဘေးနား ထိုင်ခုံလေးမှာထိုင်ပြီး သံဝေဂ ကဗျာလေးတွေ ဆိုပြလိုက်နဲ့  အမေပျော်အောင် စလိုက် နောက် ပြောင်လိုက်သမီး အမေ သမီး ပျင်းလာပြီနော် သီချင်းဆိုပြနော်ဆို အမေကရွှေမန်းတောင်ရိပ်ခို သီချင်းလေး ဆိုပြပါတယ်။
နောက်ရက်တွေကြ ထပ်ဆိုခိုင်းရင် အမေ့ အိမ် ကိုပဲ ချစ်သမီး လွမ်းပါ
တယ် ဆိုပြပါတယ် အမေ့သီချင်းဆိုပြနေရင် အမေ့ရှေ့မှာတော့ ကျွန်မ ရီယ်နေလိုက်တယ် ပြီးမှ ကျွန်မ အမေ့ကွယ်ရာမှာ မျက်ရည်ကျနေမိပါတယ်။
အမေကို စိတ်ပျော်ရွှင်အောင် ကျွန်မ ထားပါ
တယ် အမေ့ကို ရောဂါ ဝေဒနာသည် လို့  ဘယ်သူမှ မထင်ရပါဘူး မိုးလင်းတာနဲ့ အမေ ခြေဆုံး ခေါင်းဆုံး သနပ်ခါး လူးနေကျမို့ နံသာဖြူနဲ့ သနပ်ခါး မွေးနေအောင် လူးပေး နောက်ကျောထဲ ၀ိုင်အိုလက်ပေါင်ဒါလူး ပြီးရင် တရားမှတ်ပေါ့ သားအမိနှစ်ယောက် ဆေးရုံမှာအိမ်လို ရိပ်သာလို နေခဲ့ ကြပါတယ်။
အလုပ် ကိစ္စကြောင့် ကျွန်မ ခရီးသွားရရင် အမေ့ကို သတိရနေတယ် စိတ်ထည်း လည်းမကောင်းဘူးလေ အမေနေမကောင်းဖြစ်ထဲက အသည်းအထူးကု ဆရာဝန်ဒေါက်တာ ခင်မောင်ဝင်းကို ကျွန်မ အမေနဲ့ အချိန်ပြည့် မနေရပါဖူး ဆရာ
အမေ့သက်တမ်း နေရသမျှပေါ့ခန့် မှန်းပေးပါဆိုတော့
ဒီ၁နှစ်အတွင်းပေါ့ စောရင် ၁၀လ တဲ့လေ ကျွန်မနယ်မှာ အလုပ်ကိစ္စနဲ့  နေရတာပါ ဆရာ အမေ့ကိုကျွန်မ  ထားသွားရတိုင်း ကျွန်မ မျက်ရည်ကျနေရတယ် စိတ်ထဲလည်း မကောင်းဖြစ်နေရတယ်  အမေ့ကို ဆရာ့  အပ်ပါတယ်နော် ဆရာ စောင့်ရှောက် ပေးပါနော်
ဆရာ ကိုမှာပြီးပြန်သာလာခဲ့ ရတယ် ရင်ထဲမယ် နင့်လို့ ပေါ့
အမေနဲ့ နေရတဲ့အချိန်  တစ်နေ ထက်တစ်နေ့ ဝေးဝေးလာပြီ
အမေနဲ့ အပြီးခွဲခွာရတော့မယ် အချိန်က ဘယ်လောက်မှ မကျန်တော့ဖူးလေ ဒီတစ်ခါ အမေသတိလစ် မေ့ မျောရင်တော့ အမေသွားတော့မယ်
အမေ သားသမီးတွေကို နှုတ်မဆက် လက်မပြ အပြီးတိုင် ခွဲခွာ တော့မယ်လေ
ကျန်တဲ့ သား သမီး တွေက အမေ့နဲ့ တမြို့ တည်းနေကျတာ ကျွန်မတယောက်သာ နယ်မှာနေလို့ဝေးနေတာ အမေ့ကို ကျွန်မ နယ်ပြန်ခါနီး ဆေးရုံပေါ်မှာ
အမေ သေချာ
``ဘုရား ´´ရှိခိုးနော်
`` အမေ့´´ ``ဘုရား``ရှိခိုး တဲ့ အသံလေး နားထောင် ချင်တယ်နော် ဆိုပြီး
အမေ ဘုရား ရှိခိုးနေတုန်း အသံသွင်း ယူထားလိုက်ပါတယ်။
အမေဘုရားရှိခိုး မေတ္တာပို့  ပြီးတော့အမေ့ကို အမေ့ဘုရားရှိခိုးမေတ္တာပို့
နေတဲ့အသံလေး ပြန်ဖွင့်ပြတော့ အမေရယ်နေပါတယ။် သမီးကတော်လိုက်တာတဲ့
ကျန်တဲ့မောင်နှမတွေက ဘယ်သူမှ အမေသေဆုံးတော့မှာလို့  
ပြောဆိုရင်လက်မခံပါဖူး
ကျွန်မကို မုန်း ကျပါတယ် အမေ မသေဘူး မ..မ အရင်သေမှာနဲ့ ရန်တွေ့ ကြပါတယ်။
ဆရာဝန်ကို မယုံ မေးကြည့် လေ ဆိုတော့လည်း မမေး ကြဖူးလေ အမေကို
သူတို့ အမြင်မှာ  ၀၀ ဖြိုးဖြိုးလေး ပြုံးပြုံး ရွှင်ရွှင်လေး ရောဂါ ဝေဒနာသည် နဲ့
အမေကမတူပါဘူး ဒါကြောင်
မယုံကြည်ကျဘူး။
ကျွန်မ ပြောတာ လက်မခံနိုင် ကြဘူးလေ ကျွန်မ ဒီတခါနယ် ပြန်သာလာခဲ့ ရတာ အမေ့ကို နောက်ဆုံးခွဲ ရတော့မှာ ဆိုတာသိနေတယ် ခံစားလို့ ရတယ်
အိမ်မက် မက်တယ် အမေအိမ်မက်ထဲ မှာ သေသွားတာ
ကျွန်မကငိုလို့  အမေ့ရဲ့ ညီမနှစ်ယောက်ကလည်း ငိုလို့  ဒီအိမ်မက် ထဲမှာ
အမေက မငိုနဲ့ သမီးဆိုပြီး အမေကျွန်မကိုမှာ နေတယ်။
ဒါကြောင့် အမေ အတွက်ကျွန်မကုသိုလ်လုပ်ရမယ် အမေ  မသေခင်  သမီး ဒီတန်ခူး သင်္ကြန်  ၁၀ရက် တရားစခန်း ရိပ်သာကို မတတ် နိုင်တဲ့ လူတွေကို
ကိုရင် သင်္ဏန်း စီးပေးမယ်နော် ရဟန်း ၀တ်ပေးမယ်နော် အမေက သင်္ဏန်း တစုံ လှုပေးနော် ကျန်တာ သမီး အမေ့ အတွက် လှုပေးမှာနော်။
နေ့ ဆွမ်း လှုမှာနော် တရားရိပ်သာမှာရဟန်း သံဃာ သီလရှင် လူ
တွေကို ဆွမ်းလှု ပြီးရင် အမေ့ ကို ဖုန်းခေါ်မှာ အမေ သာဓု ခေါ်ပါနော် ဆိုပြီး
ဆွမ်း အလှု တော် သာသနာ ဒါယိကာမ အဖြစ် အမေ့  အလှုနော်ဆိုပြီး
ဖုန်းလှမ်းဆက်ပေးပြီး သာဓု ခေါ်ခိုင်းလိုက်ပါတယ်။
ဆွမ်းကပ်ပြီးတော့လည်း ရိပ်သာက တရားလာအားထုတ်တဲ့သူတွေက
အမေ့အမည် လေးရွတ်လို့  ဆုပေါင်းပြီး ဆွမ်းမစားခင်မယ် ဆုတောင်းမေတ္တာပို့ ကျပါတယ်။
ကျွန်မ အမေ့အတွက် လုပ်တဲ့ ကုသိုလ်လေ အမေ့အစား လှုပေးတာဆိုတော့
မမ တအားကိုကြည်နူး စိတ်ရွှင်လန်းဝမ်းမြောက်မိပါတယ်။
အမေ မသေဆုံးခင် ကျွန်မ အမေ့အတွက် စပြီးလုပ်ခဲ့တဲ့ တန်ခူးလ နှစ်ဦး
၁၀ရက် ရိပ်သာတရားစခန်း ကိုမတတ်နိုင်တဲ့ လူတွေကို ကုသိုလ် ယူနေတာ
ဒီနှစ်တန်ခူးနဲ့ ဆို ``၁၁´´နှစ်မြောက်ပေါ့နော် အနီးပတ်ဝန်းကျင်က လူ တွေကို ၀တ်ပေးခဲ့တာပါ တနှစ် ၅ ယောက်ရလိုက် ၇ ယောက်ရလိုက်  ၃ ယောက်ရလိုက်ပေါ့နော်။
အနီးပတ်ဝန်းကျင်နားက လူတွေကိုလဲတတ်စွမ်းသလောက် လှုဒါန်း ပေးကမ်း ပါတယ်
သီးသန့် ဘယ်သူမှ မလှုပါဖူး ကြုံရင်ကြုံသလို ကူညီ လှုဒါန်းပါတယ်။
တချို့ဆို အသက်က ၂၀ ကျော် ကုန်ပြီ ကိုရင် တောင် မ၀တ်ဘူးပါဘူး
(တချို့ဆိုလူ သေ ရင်လူ ဖြစ်တာ)တဲ့  အသက် ၆၅ ကျော်ပြီ တခါမှ ကိုရင်မ၀တ်ဖူး တဲ့ လူတွေ ကျွန်မရိပ်သာပို့ ပေးတော့ မျက်ရည်တွေကျလို့  ပေါ့နော် ၀မ်းသာ နေကြရှာတယ်။
ဘုရား သာသနာမှာလူဖြစ်ရကျိုးနပ် သွားတယ်တဲ့ လေ လူဘ၀ကိုသာရောက်ရော
ဘုရားတရား နားမလည် ဘာသာတရား ဘာမှန်းမသိတဲ့ လူတွေပေါ့နော်
ဒီလိုလူမျိုးတွေကို ကျွန်မ လှု ခဲ့တာပါနော် ကျွန်မရဲ့  ၁၁ ကြိမ်မြောက်
တတ်စွမ်းသလောက် နှစ်ဦး အလှုတော်ကို
`` အမေ ´´သာဓု ခေါ်ပါနော်
သာသနာ နှင့် အလှမ်းဝေးနေသော ချို့ တဲ့သော အမျိုးသားများကို ရှင်ပြုခြင်း
ဒုလ္လဘ ရဟန်းပြုစေခြင်း ပစ္စည်းလေးပါးဒါယကာမ ခံယူလျှက်
တရားစခန်းဝင်စေခြင်းတို့ ဖြင့်တစ်ပိုင်တစ်နိုင်
သာသနာပြုစောင့်ရှောက်ပါတယ်။
ကျွန်မ အမေအတွက် ရည်းမှန်းပြီး ခုချိန်ထိလှုဒါန်းတဲ့ ကုသိုလ် အစုစုကို ဘ၀ဟောင်းက တော်စပ်ခဲ့ ဘူးတဲ့ မိခင် ဘခင်တွေ
ဘ၀တပါးပြောင်းလဲ သွားသော  အမေ့ကို ရည်မှန်းပြုလုပ်သော
ကောင်းမှု့ အစုစုကို ၃၁ ဘုံ သား
အားလုံး အမျှ ပေးဝေပါတယ် အမျှ ...... အမျှ ....... အမျှ .......ယူပါ
အမေသာဓုခေါ်ပါနော်............
၃၁ ဘုံသားအားလုံး သာဓု သာဓု သာဓု ခေါ်ပါနော်...
ကျွန်မကတော့`` တိပ်ခွေ´´ထဲ``ကူးသွင်းထား´´တဲ့
အမေ့``ဘုရား´´ရှင်ခိုးနေတဲ့ အသံ
မေတ္တာပို့  အမျှဝေ နေတဲ့ `` တိပ်ခွေ´´ထဲက `
`အမေ့အသံ´´လေး နားထောင်နေရင်း ကျွန်မ အမေကိုကျွန်မရဲ့ဘေးနားမှာ
ရှိသလို ခံစား နေမိပါတယ်။
အမေ့ အသံလေးနားထောင်ရင်း အလွမ်းတွေပြေနေပါတယ်ရှင်
အမေ့ ကြောင့်အမေနဲ့  စပ်တဲ့ ကုသိုလ် ကျွန်မရနေပါတယ်ရှင်။
ဘုန်းဘုန်း ဆိုခိုင်းတဲ့ တရားလင်္ကာလေးပေါ့နော်........
အကုသိုလ် ဟူ သမျှ
မြူ မခ ရှောင် ပယ်ခွါ
မြတ်ကုသိုလ်
မှန်သမျှ
မကျန်ရ ပြည့် စုံရာ
မိမိတို့ 
စိတ် ကလေး ဖြူဖြူဖွေး စင်စေရာ
ဘဂ၀ါ မြတ်ဘုရား
ဟော ကြားတဲ့ ဒေသနာ။
♥♥ချစ်စကားပါးပေးပါ♥♥
♥♥ချစ်စကားပါးပေးပါ♥♥
လေထုနဲ့  အတူ မိုးစက်လေးနဲ့ အတူ ချစ်စကားပါးပေးပါ..............
ငါ့ချစ်သူ တိမ်တိုက်လေးတွေ ရွေ့ သလို ငါ့နားရွေ့ လာမလားး
ငှက် ကလေးတွေ က မင်းက ငါ့ကိုချစ်တဲ့ အကြောင်းလာပြောမလား
လေညှင်းလေးတွေတိုက်တော့  သက်ရွက်လေးတွေလှူပ်သွားသလို
မင်းကို သတိယ တမ်းတစိတ်တွေနဲ့ ရာသီ ပြောင်းလဲ ..ရွှေ့လျှားးနေတိုင်း
ငါ့ “အသဲနှလုံးလေး မင်းကိုချစ်ခြင်း ပျော်ဝင်စီးဆင်
းပြီး
သိမ်မွေ့နူးညံမှုတွေနဲ့အတူ လှူပ်
ခါနေတယ် ချစ်သူရယ်.....
ဘယ်အရာဝတ္တု ကမင်းနဲ့ ငါ့ အကြား  အတားဆီးဖြစ်ခဲ့ သလဲ
အဲ့ ဒီအတားအဆီးတွေရော မင်းဖြတ်သန်းနိုင်ပါ့ မလား
ငါ့ နှလုံးသားရှိရာ ရပ်ဝန်းကို မင်း
ဘယ်အချိန် ရောက်လာမလဲ
ငါ့ အတွေး ငါ့ စိတ်ကူးတွေ ငါ့ အိမ်မက်တွေထဲမှာ
မင်း အမြဲတမ်း ရှိနေတယ် ချစ်သူရယ်...................
မင်း  က ငါ့ ကိုချစ်တဲ့ အကြောင်းတွေ.လေထုပါးပါးလေးတွေနဲ့  အတူသတင်းပါးပေးပါ............
တိမ်တိုက်လေးတွေနဲ့ အတူသတင်းပါးပေးပါ.............
မင်း နေထိုင်ရာရပ်ဝန်းမှာလဲ
လေထုပါးပါးလေးတွေ
တိမ်ထုပါးပါးလေးတွေ မိုးစက်လေးတွေနဲ့ အတူု
ငါ မင်းဘေးမှာ ငါ့အချစ် တွေနဲ့အတူအမြဲရောက်ရှိနေတယ် ချစ်သူ
သူတို့ သာ စကားပြောတတ်ခဲ့ မယ် ဆိုရင်
ငါ့ နှလုံးသားလေးဟာ ငါ သိပ်ချစ်တဲ့ မင်းကို
ငါ ချစ်တဲ့ အကြောင်းတွေပြန်ပြောပြလိမ့်မယ်ချစ်သူရယ်.............
မင်းကိုချစ်ခဲ့ တာ..
သံသရာအဆက်ဆက်ဘ၀အဆက်ဆက်ပါ
မင်းသတင်းလေးတွေကိုအမြဲတမ်း
ငါ့ နှလုံးသားလေးက စောင့်ကြိုနေတယ် ချစ်သူ...............
ကြယ်လေးတွေနဲ့ လမင်းကြီးသာ စကားပြောတတ်မယ်ဆိုလည်း
ငါ့မင်းကို ချစ်တဲ့အကြောင်းတွေ  ပြန်ပြောပြနိုင်မယ်ထင်တယ်ချစ်သူရယ်။