Pages

Friday, October 29, 2010

ရေမြေကွာဝေးမိုင်ပေါင်းကုဋေ........

စိတ်ကူးထဲမှာ ချစ်သူ့ပုံရိပ်...


အလွမ်းတွေကမ္ဘာပတ်လို့.

မေ့လို့မရနေ့ ညတွေမှာ.

မျှော်လင့်အလွမ်းရင်ဝယ်နွမ်းလိ
ု့..

အဝေးတစ်နေရာစောင့်မျှော်နေမိ.

မဆုံသည့်အဖြစ် ချစ်သူမောင့်..ကိ
ုပြောပြချင်လည်း...
  
ရေမြေကွာဝေး မိုင်ပေါင်းကုဋေတစ်ယော
က်..တစ်နေရာရှိနေတာ..

ကံကြမ္မာကငါ့အားနှိပ်စက်...ပျက်
ရည်ပြုလဲမတုန်လှုပ်ပါဘူး...

ခံနိုင်ရည်တွေရှိနေတယ်..

မောင်...နဲ့မတွေ့ခင်မောင့်အရင်
က...

မျက်ရည်လည်ရွှဲငိုပွဲတွေဝင်.

မိုင်ပေါင်းကုဋေဝေးကွာဘူးတဲ့..

မ...ညီမလေးရှိဘူးတယ်...

မျက်ရည်ခန်းခြောက်ပျောက်မယ့်ကြံ
တော့..

မင်းနဲ့ထပ်ဝေး..လောကသဘာဝသိနေေ
တာ့လည်း....
.
မဆုံဆည်းတဲ့ ကံတရား.

အပြစ်မဆို ငါ့ကုသိုလ်ကံငါ့ထံပြန်
လို့အလယ်ရောက်ရှိ.
.
နာနေတဲ့အသဲ ခံနိုင်ရည်တွေရှိေ
နတယ်လို့ 

ထင်ရပေမဲ့ နှလုံးရောဂါ ငါရသွား
တယ်ချစ်သူရယ်..

မင်းတို့နဲ့ဝေးငါဆွေးနေတယ်...


တာဝန်ကိုယ်စီ လုပ်ငန်းတွေနဲ့ မအာ
းတဲ့ကြား.....

မင်းတို့ လာမလား ကွန်ပျူတာေ
လးငါဖွင့်ထားမိ..

မ...မှာအပြစ်ရှိနေတယ်

ချစ်သူမောင်
က မတွေ့ အောင်လို့ ပုန်းရှောင်နေလည်း..

မင်းအဖြစ်ကို ငါနားလည်တယ်....

မင်းပုန်းနေလဲ..ငါသိနေတယ်ချစ်သူ
ရယ်..

ဖြူစင်သည့်အချစ် ရင်ဝယ်ဖြစ်လို့
.

အားတဲ့အချိန် အဝေးကလှမ်းခေါ်ညီမေ
လးက..

အပြစ်ဆိုကာပြောနေတာ...

နာကျင်
ရင်ထဲငါလွမ်းနေတယ်ချစ်သူရယ်.

မျှော်လင့်အလွမ်း...ရင်ဝယ်တမ်း
တ....

မေ့လို့မရ...နေ့ညတွေမှာ..

ကွန်ပျူတာရှေ့မျှော်နေမိတယ်ချ
စ်သူရယ်.....။


.
http://www.jigers.com/images/en/miscellaneous/29.jpg.

Tuesday, October 26, 2010

မှော် စက္ကူ

မှော်စက္ကူလား......

တော်တော်စွမ်းတယ်..လူတွေသူ့ကြောင့်..

သေကြေပျက်စီး...

သွေးချောင်းစီးလို့နေတော့တယ်..


မှော်စက္ကူလား...

သူ့အစွမ်းကြောင့်...


လိုအပ်တာတွေပြည့်စုံတယ်...

မှော်စက္ကူလား...လူတို့နေရာ...

လူတို့ရွာမှာ...

သူ့ကိုလိုချင်တပ်မက်နေလို့...


လှုပ်ရှားရုန်းကန်..ရှာဖွေစုဆောင်း

ပင်ပမ်းနေတာ..

သေချာကြည့်ပေါ့..


မှော်

စက္ကူ

အစွမ်း ထက်လှတယ်..

.

Friday, October 22, 2010

..အလေးပြုလျှက်...

..အလေးပြုလျှက်...


http://www.worldstatesmen.org/mm.gif...အလေးပြုလျှက်...


နိုင်ငံတော်သီချင်း၊ နိုင်ငံတော်အလံ၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်များနှင့် ပတ်သက်သည့် ဥပဒေများကို ထုတ်ပြန် ကြေညာ


ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီက နိုင်ငံတော်အလံ ၊ နိုင်ငံတော်သီချင်း၊ နိုင်ငံတော်
အထိမ်းအမှတ် တံဆိပ်နှင့် ပတ်သက်သည့် ဥပဒေများကို ယနေ့ (အောက်တို ဘာလ ၂၁
ရက်) နေ့စွဲဖြင့် နိုင်ငံပိုင် ရုပ်သံမီဒီယာမှ တစ်ဆင့် ထုတ်ပြန်
ကြေညာခဲ့ပါသည်။
အဆိုပါ ကြေညာချက်အရ နိုင်ငံတော်အလံမှာ အောက်ပါအတိုင်း ဖြစ်သည်။

နိုင်ငံတော်သီချင်းမှာ အောက်ဖော်ပြပါ လက်ရှိ နိုင်ငံတော်သီချင်းပင် ဖြစ်သည်။
နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Tuesday, October 19, 2010

♥♥ကမ်းသောလက်လေး♥♥

♥♥ကမ်းသောလက်လေး♥♥

မသိလဲခင်သိလဲမင်


ဘ၀ဟောင်းက


သံယောဇဉ်


သံယောဇဉ်တမျှင်တန်း


ရှင်ခန်းဘယ်သူဖြတ်နိုင်မယ်


စိတ်ဝယ်စွဲလမ်း


ရင်ထဲလွမ်းမိ


ကမ်းသောလက်လေး


မဖြုတ်စေ့ချင်


ဘ၀အကြိမ်ကြိမ်


ဆုံတွေ့ဖူးလို့


ဝေးတနေရာ


မောင်ရောက်နေလည်း


စွဲလမ်းနှောင်ရစ်


ချစ်ခြင်းဖြစ်တည်


ကြင်သူသိအောင်ပြောချင်သည်။

Monday, October 18, 2010

သီတင်းကျွတ် လပြည့် ပ၀ါရဏာနေ့


Hello from MaryHello from MaryHello from MaryHello from Mary Hello from MaryHello from Mary Hello from MaryHello from Mary

သီတင်းကျွတ်လသည် မြန်မာတို့ ၏ (၁၂) လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး

ဝါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။

ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ

မွန်းတည့်ကြသည် ။ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။

သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည်

ကိုတွေ့ရပါသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု

လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ

သန်စွမ်းစွာထောင်မတ်သောလဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။

မြန်မာတို့ သည့် စိတ်ရင်းရိုးသား တည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ

စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို

ပုဂံခေတ် အနော်ရထာမင်းတရား နှင့်ရှင်အရဟံ မထေရ်မြတ်တို့၏

ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ

ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များနှင့်

လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့်

လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊

ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကိုခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများ

ဖြစ်ကြပါသည် ။ ဤစိတ်ဓာတ်များ အရင်းခံဖြင့် (၁၂) လရာသီရှိသည့်အနက်

အခါကြီး၊ ရက်ကြီးနေ့များတွင် ရတနာသုံးပါးအား ရည်စူး၍ ကောင်းမှုကုသိုလ်များ

ပြုလုပ်လေ့ရှိကြပါသည် ။

သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ (၁၂) လရာသီ ပွဲတော်များတွင်

ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည့် အစဉ်အလာမှာ

ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ်အခါကပင် ဖြစ်ပါသည် ။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌

ဝါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော

သန္တုဿီတနတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ

အပေါင်းတို့ အား အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူသည် ။

သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ

အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်းများဖြင့်

စီခြယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို

့ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။

ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူးမီးတိုင်များ ၊မီးပန်းများ၊

ဆီမီးများ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည် ။

တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော် ကိုလည်း ပူဇော်သည့်

အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည်

။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင်

မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည် ။

သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမ၀ါမှ ထမြောက်ကြသော

သံဃာတော်အရှင်မြတ်များ သည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက

သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး

ပ၀ါရဏာပြုကြပါသည်။

ထို့ကြောင်း သီတင်းကျွတ် လပြည့်နေ့ကို ပ၀ါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။

ထို့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာလူမျိုးတို့သည်လည်း

မိမိထက်အသက် ဂုဏ်ဝါကြီးသူ၊မြင့်မြတ်သူ၊ ရိုသေလေးစားထိုက်သူတို့အပေါ်

အပြစ်ကြီးငယ်များရှိပါက သည်းခံခွင့်လွတ်ကြရန် ငယ်သူ ၊ နိမ့်ကျသူတို့က ပူဇော်ကန်တော့လေ့ ရှိကြသည်။

ထို့ပြင် ဤထူးမြတ်သော ၀ါကျွတ်သော အချိန် အခါသမယတွင်

မိမိတို့တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို

ပူဇော်ကန်တော့လေ့ရှိကြ၏ ။

ထို့ကြောင့် ၀ါကျွတ်ကာလသည် မြန်မာတို၏

တစ်ဦးကို တစ်ဦး ရိုသေလေးစားတတ်သော သဘော ၊

မာန်မာနကို နှိမ့်ချတတ်သော သဘော၊

အပြန်အလှန် မေတ္တာစေတနာ ထားတတ်သောသဘော စသည်ဖြင့် အမျိုးကောင်း

သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက် ကိုဖော်ကျူး ပြသနေသော

အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် အချိန်အခါ ဖြစ်ပါသည်၊၊

သို့ဖြစ်ရာ မြန်မာပြည်များအားလုံး

ကောင်းသောအကြံ ၊

မှန်သောအကျင့် ၊

သင့်သောအယူ ၊

ဖြူသောနှလုံး ၊

သူတော်ထုံး´ တို့ ဖြင့် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ

နိုင်ကြပါစေ..ဟု ဆန္ဒပြုလိုက်ပါသည်။ ။

ဖော်ပြပါကဲ့သို့ သီတင်းကျွတ်ကာလ၏ ပျော်ရွှင် ချမ်းမြေ့.သာယာပုံကို

ရှေးစာဆိုတစ်ဦး၏ ကဗျာတစ်ပုဒ်ဖြင့် နိဂုံးချုပ်လိုက်ရပါသည်။

ဆီမီးရယ်ထိန် ၊

အိုင်မင်းရေကြည်က .. ၊

ကြာငါးမည် ငုံအာစွင့်တယ်.. ၊

ဖူးပွင့်ချိန်ခါ .. ။

အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊

လင်းလာတဲ့

ငွေတာရိန်ရယ်.. ၊

ပြာမှိန်လျက် မြူချေဆိုင်း .. ။

ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊

မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊

မျိုးမြန်မာတိုင်း။ ။

http://dhammaanalysis.multiply.com/journal/item/44
ဘုရားရှင်ဟာ သီတင်းကျွတ်လပြည့်နေ့အဘိဓမ္မာတရားဟောလို့

ပြီးဆုံးသွားတဲ့အခါတာဝတိံသာနတ်ပြည်ကနေလူပြည့်ကိုပြန်ဆင်းကြွတော်မူပါတယ်။

သိကြားမင်းက တာဝတိံသာနတ်ပြည်ကနေ လူ့ပြည်သင်္ကဿမြို့အရောက်

စောင်းတန်းကြီး၃သွယ် ဖန်ဆင်းပေးပါတယ်။ လက်ျာဖက်ရွှေစောင်းတန်းကနေ

နတ်တွေခြံရံလိုက်ပါလာကြတယ်။လတ်ဝဲဖတ်ငွေစောင်းတန်းကနေ

ဗြဟ္မာတွေခြံရံလိုတ်ပါလာကြတယ်။အလယ်ပတ္ကမြားစောင်းတန်းကနေ ဘုရားရှင်က

ရောင်ခြည်တော်(၆)သွယ်လွှတ်ပြီး အံ့သြစဖွယ်တင့်တယ်စွာ သင်္ကဿမြို့အရောက်

ဆင်းကြွတော်မူခဲ့ပါတယ်။ အဲဒီလို နတ်ပြည်ကနေလူ့ပြည့်ကိုတင့်တယ်စွာ

ဆင်းကြီတော်မူခဲ့တဲ့ဘုရားရှင်ကို အာရုံပြုပြီး ယခုအခါ

သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ဆီမီးတွေ ထွန်းညိုပူဇော်နေကြတာ

ဖြစ်ပါတယ်။ဒါကြောင့် သီတင်းကျွတ်လလည်းရောက်နေပြီဖြစ်သောကြောင့်

မိဘ၊ဆရာသမားများ၊သက်ကြီးရွှယ်အိုတို့အားပြုစု၍ကုသိုလ်တော်များရယူနိုင်အောင်

အသိပေး နိုးဆော်အပ်ပါသည်။





Hello from Mary
Hello from MaryHello from Mary Hello from MaryHello from MaryHello from Mary
Hello from MaryHello from MaryHello from Mary

သူ့အလှဟာ ဆောင်းနှင်းမှုံ ဖြူဖြူလေး

သူ့အလှဟာ ဆောင်းနှင်းမှုံ ဖြူဖြူလေး

သူ့ရနံက ရင်ကိုအေး

ပွင့်တဲ့ရာသီ ဆောင်းကိုမှီ

ပွင့်တဲ့ရနံ သင်းပျံပျံ

သူ့အလှ သူ့ရနံ


သူပွင့်တဲ့ရာသီ ဆောင်းကိုမှီ


ပန်ချီရောင်အသွေး

ညှာတံအနီလေး

 ပုဇွန်ဆီရောင်အသွေး

ဆိတ်ဖလူး ပန်းပွင့်လေး

ကြူကြူမွှေးကို
မေ  ကေသာဆံနွယ်ဦးမှာ

မေ

ပန်ဆင်ဖို့

မောင်

ခူးပေးနော်

Sunday, October 17, 2010

အသက် ပါသော ရေစီးကြောင်း (ဖြစ်ရပ်မှန်)

ဟာရေတွေ........ရေတွေလာပြီ

ဆင်းအိမ်ပေါ်ကနေ လွတ်အောင်ပြေးဆို အိပ်ပျော်နေတဲ့ သားကလေး

၂ယောက်ကို  အတင်းလှုပ်နိုး သားတစ်ယောက် လက်ကဆွဲ 

သားတစ်ယောက်ပွေ့ချီပြီး  အိပ်ပုတ်ကြီးတဲ့သားကို ဇွတ်အတင်းဆွဲခေါ်

ရေလွတ်ရာကို  ပြေးဖို့အိမ်နောက်ဖေးဘက်မှာ  မျက်နှာသစ်နေတဲ့  

အိမ်အကူကောင်မလေးကို လှမ်းအော်ပြီး  အရေးထဲမျက်နှာသစ်မနေနဲ့ 

ရေလွတ်ရာကို မြန်မြန်ပြေး   ဆင်းအိမ်ပေါ်ကနေ  အမြန်ဆုံးဆင်းတော့ 

ရော့ဒီပစ္စည်းထုပ်ကိုယူ 
အိမ်အကူလေးကို   ပစ္စည်းထုပ်အပ်
 ဆင်းပြေးခိုင်းရတယ်  သားတစ်ယောက်က အိပ်ပုတ်ကြီးတယ်

အတင်းနိုးရတာ အိမ်အကူ ကောင်မလေးက အရေးထဲ မျက်နှာသစ်လို့

အော်နေရသေးတယ်

ဆင်းလေ
 
ပြေး  မြန်

မြန် ပြေး

ဆို
အော်ရ  ဟစ်ရ

လက်ကလဲ  သားတစ်ယောက်ဆွဲ  တစ်ယောက်ကို  ချီထားရတာ

အောက်ရောက်တော့ ရေကထပ်ကျလာတယ်  သားကြီးကို

သစ်ပင်ဖက်ထား    မလွတ်စေနဲ့  ငါ့သားတင်းတင်းဖက်နဲ့ ပြောနေတုန်း
 
 ရေ ထပ် ဆောင့်လာတော့ သားကြီးခြုံပုတ်ပေါ်သွားတင်တယ်

သားငယ်လည်း ချလို့မဖြစ်  ကျွန်တော်သားကြီးကို ဘယ်လိုကယ်ရမှန်း

မသိတော့ဘူး ဘေးကို အကူအညီတောင်းဖို့ကလည်း  မဖြစ်နိုင် 

ဘ၀  တူတွေ  ဒီအချိန်မှာ ဘေးကလူတစ်ယောက်က  သားကြီးထံ 

ကြိုးလှမ်းပြစ်ပေးတယ်  သားကြီးထံကို ချက်ချင်းကြိုး မရောက်ဘူး 

ဖြစ်နေတယ်  ကျိုးစားပြီး သူထပ်ပြစ်ပေးတယ်

သားကြီးထံ  ကိုကြိုးရောက်အောင်ပြစ်ပေးရင်း ကလေးထံ

ကြိုးလဲရောက်ရော
ခါးမှာ  တင်းတင်းချည်ထား  သားနဲ့အော်ရတယ်

သားကြီးခါးကို သူလက်လေးနဲ့  ချည်လို့အပြီး


ရေ  ထပ်တက်လာတော့  ကလေးပါသွားမှာဆိုးတာနဲ့သူ

လှမ်းဆွဲလိုက်တာပါပဲ ဒါပေမဲ့  ကလေးလက်လေးနဲ့  ချည်တဲ့ကြိုးဆိုတော့

ပြေကျပြီး  သားကြီးတစ်ယောက်  ရေစီးနဲ့အတူ  မျောပါသွားပါတယ်


ကျွန်တော်  ရင်ဘလောင်ဆူတာပေါ့  စိတ်တွေ ယောက်ယှက်ခတ်လို့

သားငယ်ကို  ချီထားရင်း  သားကြီး  မျောပါသွားတာကို ဒီတိုင်း  

ကြည့်နေလိုက်ရတော့တယ်  ကူမယ့်လူမဲ့ကယ်မဲ့လူမရှိ  အိမ်အကူ

ကောင်မလေးလဲ ပစ္စည်းထုတ်နဲ့  အတူ ရေစီးထဲမျောပါ  ပျောက်ကွယ်

သွားတော့တယ်    ခုထိ  ဖြေမဆည်နိုင်ဘူး  မျက်စေ့ ရှေ့ကမြင်ကွင်းကို 

ရင်နာနာနဲ့ ကြည့်နေရတာ  ခုချိန်ထိ ဒီအဖြစ်အပျက်ကို  ပြန်တွေးရင်း

မေ့ပျောက်လို့  မရသေးဘူး   ကျွန်တော်ခုထိ  စိတ်ထိခိုက်နေတယ်ဗျာ

ကျွန်တော်ပါတခါထဲ  သေသွားရင်ကောင်းသားဗျာ

Saturday, October 9, 2010

မယုံဘူး….

မယုံဘူး….

ရွှေကနေငွေဖြစ်အောင်
မတတ်ကျွမ်းဘူး...


ဒီဘဝ
ကြိုးကြာဥကို
သံပုရာနဲ့လဲတဲ့ ပုံပြင်......


ဘီလူးမ
သူတပါးသားကိုနို့ချိုတိုက်လို့ ရင်မှာပိုက်ထွေး


မွေးသည့်သားလို
ချစ်ခင်မြတ်နိုးခဲ့ဘူးတယ်...


..ဒီဘ၀…..
ကမ္ဘာမီးလောင်

မိခင်ကသားကိုချနင်း.......

ဒီဘ၀.....

လူပေါင်းစုံလင်ကကြိုးစင်လို့ ...

သရုပ်ပါအောင်ကနေရတယ်..

ဘ၀ပေးတဲ့
သမိုင်း.....


ဝဋ်ကျွေးဆပ်တယ်

.ဒီဘ၀..

ငါ့ကိုယ်ငါတောင်မုန်းနေမိတယ်...

.ဒီဘ၀……ဒီဘဝ

ဘ၀ဒီမှာ

ငါကလူ့အဖြစ်ရတယ်ဆိုရုံလေး

မယုံဘူး….

ဒီဘ၀……..။

Thursday, October 7, 2010

မင်းကြိုက်ရာရွေး




                   ဖခင်ဖြစ်သူက သားဖြစ်သူကို  ရွေးကောက်ပွဲမှာ

 မဲထည့်ဖို့ကို  အိမ်မှာ  အစမ်းလေ့ကျင့်ပါတယ်။

ဖခင်။ ။ ပထမမဲပုံးမှာ မောင် နက်ကြုတ် ပါတယ်။
            ဒုတိယ မဲပုံးမှာက မောင် မိုးမှောင်ပါတယ်။
              သား ဘယ်ပုံးထဲကို မဲ ရွေးထည့်မှာလဲ


သား ။ ။ ဘယ်မဲပုံးထဲမှရွေး မထည့် ဘူးဖေဖေ

ဖခင်။ ။  ဘာဖြစ်လို့လဲသား

သား။ ။   အမည်တွေကိုက ရက်စက် ကြမ်းကြုတ် နက်မှောင် နေတာဖေဖေ

                  သားက အဖြူရောင်ကြိုက်တာ

        ဒါကြောင့်ပါဖေဖေ။


Tuesday, October 5, 2010

ငါ့ရဲ့ဝဋ်ကျွေး


Jun 24, '10 10:43 PM
for everyone
















ငါ့ရင်ထဲမှာ
နာကျင်နေတယ်

ငါ့ရင်ထဲမှာ
ငိုကျွေးနေတယ်

ငါ့ရင်ထဲမှာ
ကြေကွဲနေတယ်

ငါ့ရင်ထဲမှာ
အောင့်မေ့နေတယ်

ငါ့ရင်ကွဲကြေငိုရှိုက်နေတယ်
ငါလွမ်းတိုင်းလဲမင်းဖြစ်နေတယ်
သံသရာမှာ
ဝဋ်ကျွေး
ရှိတာဖြစ်လိမ့်မယ်

သံသရာဝင်္ဋကျွေးမပြယ်သေးလို့
ငါပေးဆပ်တယ်
ချစ်သူရယ်

မမြင်ဘူးပဲငါချစ်တယ်
ဖြူစင်အချစ်ရင်ထဲဖြစ်တည်
တကယ်ချစ်ခဲ့သည်

http://api.ning.com/files/Ujjb7n-LBIhyYvTmkLy1-NtMmsWRgaBwZ0*s7oSMsLGTy6UmGFX9tvi3La2fvl*Q0rKTAvH7pOUvCgYJWwG6IEknfy30B2Om/naynyoyin.swf.

Monday, October 4, 2010

ကံကျွေး ၀ဋ်ကျွေး



တဏှာ လက်တွင်း
သက်ဆင်းမိတော့
ကမ္ဘာမီးလောင် သားကောင်ချနင်း
ညွန့်နွံ့အတွင်း လှုပ်လေမြုတ်လေ
ဆားငန်ရေတဲ့ သောက်လေ သောက်လေ
ငတ်မပြေနိုင်
တစ်တက် စားလည်း ကြက်သွန်ပါ
နှစ်တက် စားလည်းကြက်သွန်နော်
အမိမဲ့သား ရေနည်း ငါးပမာ
တဏှာ
ရာဂ ထူ ပြောလှတာ
နေတဲ့နေရာ
သေရွာ
ကမ္ဘာ
မြင်မြင်သမျှ ကိလေသာ
ဒီနွံ့အတွင်း သက်ဆင်းမိတာ
သေတဲ့အခါ အဖော်မပါ
သုံးဆယ်တစ်ဘုံ လူစုံနေတာ
သံသရာထဲ ၀ဲလှည့်ရတော့
ဆုံလည်က
နွား
သူမသိပါ
ထိုနည်းတူစွာ ၀ဲ လှည့်နေတာ
သေချာမှတ်ထား သေရွာ ကမ္ဘာ
ရောက်ချင်ရာရောက်
သွားနေရတာ
နင့်အမှု နင်စီရင်တာ
ကံကျွေး ၀ဋ်ကျွေး
နင်ကြည့်တတ်မှ မြင်မြင်သမျှ တရားပါမှာ
ဒို့ဘုရား
ဟောကြားထားခဲ့တာ
ဒို့တရား
ဒီတိုင်းဖတ်ရတာ
ဒို့သံဃာ
ဒီတိုင်းဟောပြတာ။