Pages

Tuesday, August 14, 2012

ကြောက်တယ် ကြောက်တယ်


ကြောက်တယ် ကြောက်တယ်


.






ကြောက်တယ်..ကြောက်တယ်
သီလမြဲတဲ့အမေ့မှာ ဥပုဒ်သီလမယူနိုင်ပါ
ဝါဆိုဝါခေါင် ရေဖောင်ဖောင်
အိမ်အောက်မှာ ရေတွေကြီး
မျှော့နက်မဲကြီး တွယ်တတ်တယ်
ထမင်းထုပ်တောင်မ၀သေးလို့
မျှော့ ပြုတ်စားဘို့ ဆင်းဖမ်းမယ်
ကယ်မဲ့သူရယ် ကူမဲ့သူရယ်
ဘယ်ချိန်လာမလဲ စောင့်နေရတာမောလှတယ်
ဝါတွင်း ရောက်ရင်အိမ်ပြင်မိုးဖို့
သက်ကယ်ရိတ်လေး ထွက်ကြမယ်
တောထဲမှာလေ မြွေနဂါးတဲ့သေနတ်ကြီးတွေ  လွယ်ထားတယ်
ကြောက်တယ်ကြောက်တယ်
NGO ရယ်အမြန်လာလို့
အိမ်မိုးလေးတွေမိုးပေးကွယ်
ရွှေသွေးရင်နှစ် မေ့သားချစ်တွေ
အပေါ်မိုးမလုံ အောက်မိုးစိုလို့ အိပ်ရတယ်
ကျန်းမာရေးတွေချို့တဲ့ကြလို့
နာဖျားကြတာများနေတယ်
ကမ္ဘာ အရပ်ရပ်ရေတွေကြီးတော့
ရေဘေးကယ်ဆယ် ကူညီစောင့်ရှောက်
အသင်းလေးတွေ ထားပေးကွယ်
ဝါဆိုဝါခေါင်ရေတွေကြီးလို့
ဝါတွင်းရောက်မှာကြောက်လှတယ်
ကြောက်တယ်
ကြောက်တယ်..


မ..မ ယာရီခိုနားနေသည့်နေရာလေးပါ

http://yinminkhine.blogspot.com/


ရေဘေးကူညီရေးအတွက်
(၅)ကြိမ်မြောက် ပရဟိတ အတွက် ဖိတ်ခေါ်ပါတယ်..
ပရဟိတလှူဒါန်းသောသူများကိုလည်း

ဖိတ်ခေါ်ပါတယ်နော်

ဆက်သွယ်ရန်လိပ်စာ

ဆက်သွယ်လှူဒါန်းနိုင်သည့် လိပ်စာ -



ရန်ကုန် - မင်းသူရိန်၊ ဖုန်း - ၅၄၁ ၃၈၆


ဖူးစာရှင်လေး- ၀၉၄၃၁၉၅၈၄၀


မ..မ..             ၀၉၄၃၀၉၁၀၅၀

ရာမည စင်္ကာပူ ဖုန်း- 98587714 -81957285
ဇော်မင်းဘို   - စင်္ကာပူ --86061337
မ ဟန်သူသူအောင် - စင်္ကာပူ -_ 96605787
မ ဟန်မေမေအောင် စင်္ကပူဖုန်း _ 98581733
ကိုငြိမ်းချမ်း:မလေးရှားဖုန်း +6 0122700943.

ကိုထူးဆန်းထိုင်းဖုန်း -၀၈၉ ၅၀၅၁၅၈၉
မ ဟေမာန်ကိုဖုန်း usa -412-819-0201

home -412-953-7099 call

4 comments:

  1. ဧရာဝတီတိုင်းသာပေါင်းမြို့နယ်တွင်မြို့ပေါ်(၃)ရပ်ကွက်အပါအ၀င်ကျေးရွာအုပ်စု၇၀ခန်.ရှိရာကျေးရွာ(၆၆)အုပ်စု
    မှာရေဘေးဒုက္ခနှင်.ရင်ဆိုင်နေကြရပါသည်ခန်.
    မှန်းခြေအိမ်ခြေ(၁)သိန်းဝန်းကျင်ခန်.ရေလွှမ်းမိုးခြင်းခံနေကြရပါသည
်လောလောဆယ်တွင်မည်သည်.ကယ်ဆယ်ရေးမှမရှိသေးပါ။
    ဘုန်းကြီးကျောင်းနှင့်အားကစားရုံများတွင်သာ
    မိမိအစီအစဉ်နှင့်မိမိအဆင်ပြေသလိုနေထိုင်နေကြရပါသည်သောက်ရေသန်.
    ဆေးဝါးနှင့်အစားအစာများများအထူးလိုအပ်လျှက်ရှိနေကြပါသည်။

    ReplyDelete
  2. ဧရာဝတီတိုင်း သာပေါင်းမြို့ အပါအ၀င် မြို့နယ်များတွင် ရေကြီးခြင်း ( အချက် အလက်များ )by Ba La on Wednesday, August 15, 2012 at 7:01pm ·မိုးသည်ထန်စွာ ရွာသွန်းပြီး မြစ်ရေ မြင့်တက်လာသည့်အတွက် ဧရာဝတီတိုင်း ပုသိမ်ခရိုင် သာပေါင်းမြို့ အပါအ၀င် မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀၀ ထက် မနည်း ရေနစ်မြုပ်နေကြောင်း သိရသည်။သာပေါင်းမြို့နယ်တွင် ကျေးရွာအုပ်စု ၇၀ ရှိသည့်အနက် အုပ်စု ၆၆ စုမှာ ရေမြုပ်နေပြီဖြစ်ရာ မြို့နယ်၏ ၉၀ ရာခိုင်နှုန်းကျော် ရေကြီးမှု ကြုံတွေ့နေရခြင်း ဖြစ်သည်။ သာပေါင်းမြို့ အနီးရှိ ရေမြုတ်နေသော ကျေးရွာများ  (၁) စစ်ပြင်ကြီး(၂) ဂုံမင်း(၃) ကညင်ကုန်း(၄) ဘုရားနီ(၄) ကျားရဲ(၅) ကွင်းစု(၆) ထန်းပင်ကွင်း နေအိမ်များ ခေါင်မိုးအထိ ရေမြုပ်နေပြီး ရွာသားများမှာ ရေလွတ်ရာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံနှင့် လူနေအိမ်တချို့တွင် စုပေါင်း ခိုလှုံနေကြရသည်။  “အခု ဒီကျောင်းမှာ ရောက်လာတဲ့ ရေဘေးဒုက္ခသည်တွေကို ဘုန်းဘုန်းတို့ အလှူခံလို့ရတဲ့ ဆန်လေးတွေနဲ့ ချက်ပြုတ် ကျွေးနေတယ်။ မနက်ဖြန်ဆို ဆန်က ကုန်တော့မယ်ဆိုတော့ ဆန်ပြုတ်ပဲ ပြုတ်တိုက်ရတော့မယ်” ဟု ကညင်ကုန်း ကျေးရွာ၏ ဓမ္မသုခကျောင်း ဆရာတော်က ပြောသည် ။  ရေကြီးနေသည့်အတွက် သာပေါင်းမြို့ပေါ်အပါအ၀င် ကျေးရွာများရှိ မူလတန်းနှင့် အလယ်တန်းကျောင်းပေါင်း ၁၀၀ ထက်မနည်း ပိတ်ထားကြောင်းလည်း သိရသည်။ သာပေါင်း မြို့ပေါ်အခြေအနေ  ရပ်ကွက်ကြီး ၃ ခုစလုံး ရေနစ်မြုပ်နေပြီး ရေဘေး ဒုက္ခသည် ၅၀၀ ကျော်ရှိ (၁) မင်းကျောင်း ပရိယတ္တိ(၂) မှန်စီ(၃) ကညင်(၄) ပတ္တမြား(၅) ............... စသည့် ဘုန်းကြီးကျောင်း ၅ ကျောင်းနှင့် မြို့နယ် အားကစား ခန်းမတို့တွင် ခိုလှုံနေကြရသည် ။ ထို့အပြင် မြို့နယ်အတွင်း စိုက်ပျိုးထားသည့် မိုးဦးစပါး ဧက ၇၀၀၀ ခန့်မှာ ရေမြုတ်သွားကြောင်းသိရှိရသည် ။ ပုသိမ်မြို့ပေါ် အခြေအနေ  ရပ်ကွက် ၇ ခု ရေမြုပ်နေပြီး ရေဘေးဒုက္ခသည် ၂၀၀၀ ကျော်ခန့် ရှိပါသည် ။ (၁) တာဝတိံသာ(၂) ပုဂံဘုန်းကြီးကျောင်း စသည့် ဒုက္ခသည်စခန်း ၁၂ ခုတွင် ခိုလှုံနေကြရသည်။ “  ဒီစခန်းမှာ ဒုက္ခသည် ၄၀၀ ကျော်ရှိတယ်။ အိမ်သာက ၂ လုံးပဲ ရှိတယ်။ အဲဒီတော့ ကျန်းမာရေးအတွက် လုံးဝ အဆင်မပြေဘူး။ စားတာကလည်း အလှူရှင်လာရင် စားရတယ်။ ထမင်း ၂ ထုပ်ကို မိသားစု ၈ ယောက် မျှ စားရတာပေါ့” ဟု ပုသိမ်မြို့ ၁၄ ရပ်ကွက် အနီးတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းမှ ရေဘေး ဒုက္ခသည် တဦးက ပြောသည် ။  ထို့အပြင် ဒါးကတွင် တည်ဆောက်ထားသည့် ရေထိမ်းတာ ကျိုးပေါက် ခဲ့သည့်အတွက် ဒါးကနှင့် ကျောင်းကုန်းမြို့ တို့တွင်လည်း ရေကြီးမှုများ ဆိုးဝါးစွာ ကြုံတွေ့နေရသည် ။ လက်ရှိတွင် နေ့စဉ်ရက်ဆက် မိုးရွာသွန်းနေသည့် အတွက် ရန်ကုန် – ပုသိမ် ကားလမ်းတွင် ဒါးကနှင့် ကျောင်းကုန်း မြို့နယ်အပိုင်းတို့တွင် ရေကျော်နေပြီး ကားများ ခက်ခဲစွာ မောင်းနှင် သွားလာနေရသည် ။  ဧရာဝတီ မှ ဖော်ပြသည် ။ ခင်မင်လေးစားစွာဖြင့် ဗလ

    ReplyDelete
  3. ရင်မောစရာပါလား မမရယ်

    ReplyDelete

  4. ဟုတ်တယ် ရင်မော၏
    မနေတတ်တော့ ကူညီနိုင်သလောက်တတ်နိုင်တဲ့ဘက်က
    ကူညီနေရတာပေါ့နော်...

    ReplyDelete