Pages

Wednesday, June 30, 2010

ဖခင်သို့တမ်းချင်း

ဖခင်သို့တမ်းချင်း

အနိုင်ကျင့်ခေါင်းငုံ့ခံတဲ့အထဲမှာ သခင်မပါ..
မတရားမှုတွေကhttps://www.facebook.com/daw.yinminkhine?ref=tn_tnmnိုမသိချင်ယောင်ဆောင်တဲ့အထဲမှာ သခင်မပါ..
လောကမှာ လောကွတ်ဆိုတာမရှိတဲ့သခင်..
ပေါင်းသင်းဆက်ဆံရေးဘာသာမှာ အညံ့ဆုံးအမှတ်ရပေမယ့်....
နိုင်ငံရေးဘာသာမှာတော့အမှတ်ပြည်
ကျော်ခဲ့ပါတယ်သခင်..
တဖက်မှာ အဆိုးတွေရှိပေမယ့် သခင်ကောင်းတာတိုင်းပြည်အတွက်မို့
အသေမြတ်ပါတယ်သခင်..
အဲဒီသခင်ဟာ ကျွန်တော်တို့သခင်ပါ.. သခင်ဘာလဲ??
သခင့်နာမည်ဘယ်သူလဲ??
ဗမာနိုင်ငံသားတွေရဲ့ စိတ်ထဲမှာ သခင်ရှိပါတယ်..
ဘရင်တစ်ဆူဖြစ်ပေမယ့် စည်းစိမ်ကို မမက်မော..
အာဏာကို မခင်တွယ်.. သခင်လိုလူ
ရှားမှရှားပါသခင်..
လူလူချင်းဝါးမျိုနေကြပြီ..
ဘယ်သူသေသေ ငတေဆိုတဲ့ကောင်တွေ အစိုးရနေပြီ..
သခင်လိုချင်တဲ့ လွတ်လပ်ရေးတော့ရခဲ့ပါရဲ့..
ဗမာနိုင်ငံစီးပွားတိုးတက်ရေး..
ပညာရေးဖွံ့ဖြိုးရေး..
ဆင်းရဲသားလူထုချမ်းသာရေး..
ဘယ်ကောင်ဂရုစိုက်လဲ..
အခုတော့အစစအရာရာ နောက်ကျနေတယ် သခင်..
မိသားစုတစ်ခုမှာ အိမ်ထောင်ဦးစီးအရေးပါသလို..
တိုင်းပြည်တစ်ခုမှာခေါင်းဆောင်ကောင်းတစ်ယောက် အရေးပါတယ်သခင်..
ခုတော့ခေါင်းဆောင်ကောင်းမရှိတဲ့အိမ်မှ
ာနေနေရပြီ..
သားသမီးတွေကို လစ်လျူရှုထားကြပြီ..
ဒါတွေသခင်သိပါစေ...........။...............ကောင်လေး



သခင်မသို့တမ်းချင်း
သခင်သိပါတယ်.........

မိသားစုတစ်ခုမှာ အိမ်ထောင်ဦးစီးအရေးပါတာ...
ငယ်ကတည်းကရှာဖွေကျွေးမွေးမိန်းမတန်မဲ့ စောင့်ရှောက်ပြီးပြီ.........
ခုချိန်ခါမှာ...ငယ်ထဲကမက်တဲ့ အိမ်မက်...
တိုင်းပြည်အတွက်ကိုယ်ကျိုးမဖက်.
..စွန့်လွတ်နစ်နာခံခဲ့တာ
ကလောင်ထမ်းပြီးလမ်းလျှောက်နေတာ.....
လက်နဲ့ ရေးထား
ဒီစာပေဟာ ရသ၊သုတ၊တရားတော်နဲ့ ကဗျာစုံလင်.....

ဗဟုသုတမှတ်သားစရာမို့ .....သခင်ကိုလေအပြစ်မဆိုပါနဲ့ .......

မိသားစုကိုချစ်ခဲ့ ပြီးပြီတချိန်ကနော်...

သခင်ကလေ
သခင့်အတွက်မငဲ့ကွက်
စောင့်ရှောက် ထိန်းသိမ်းပေးကမ်းခဲ့တာ။
အသက်တောင်မှ ခပ်ယဲ့ယဲ့ကျန်ပါတော့တယ်
ကိုယ်ကျိုးစွန့်ပြီး ပေးကမ်းစောင့်ရှောက်
ငါ့အတွက်ဆိုတာမပါခဲ့ ဘူး။
သခင်အစစ်မို့ 

ကိုယ်ကိုကိုယ်တောင် မချစ်ပါဘူး။
မိသားစုကို တမင်ပြစ်တာ မဟုတ်ပါဘူး၊
ရင်ဝယ်ထားပြီး သားသမီးလို ဘယ်သူလာ
လာ ငါချစ်တာပါ၊
သခင်အစစ်မို့ နင်သိပါ။
သခင်သိစေမြင်ကြည့်လေနော်။..မ.မ

ဗိုလ်ချူပ်အောင်ဆန်း မွေးနေ့ အမှတ်တရ MP3 file link မျာ

Asia Hero Aung San.mp3

Bo Aung San.mp3

ဗိုလ်ချူပ် မိန့်ခွန်း
*-1.mp3
*

*ဗိုလ်ချူပ် မိန့်ခွန်း
-2.mp3
*

ဗိုလ်ချူပ်
မိန့်ခွန်း -3.mp3

ဗိုလ်ချူပ် မိန့်ခွန်း -4 ကတော့ မရှိဘူးဗျ သူငယ်ချင်းပို့ လာကတဲက subject
ထဲမှာပဲ 4 က ပါပီး attachment မှာ မပါလာဘူး

ဗိုလ်ချူပ် မိန့်ခွန်း -5.mp3

ဗိုလ်ချူပ် မိန့်ခွန်း
-6.mp3

ဗိုလ်ချူပ် မိန့်ခွန်း
-7.mp3
ဗိုလ်ချူပ် မိန့်ခွန်း
-8.mp3

Tuesday, June 29, 2010

" သုည ကမ္ဘာ "

ရလာဒ် သုညတဲ့

အကြွင်းက အမာရွှတ်

ဟုတ်တယ် အမာရွှတ်တွေ

ဒဏ်ရာ ဒဏ်ချက်တွေ

ရင်ဘတ်ကြီး စုတ်ပြတ်သတ်လို့ ပေါ့

လောကဓံ တရား ထုထောင်းတာ

အံကြိတ် မာန်တင်း

လက်သီး ကျစ်ကျစ်ဆုတ်

နေရတဲ့  ဘ၀ ထုသား

ပေသား ကျနေရောပေါ့နော်

ဘ၀သမိုင်း မရိုင်းပါဘူး

အချစ် သမိုင်းလည်း မရိုင်းပါဘူး။

သုည ကမ္ဘာ ထားချင်တဲ့ နေရာထားပါ။

"ငါမဟုတ်တာသေချာတယ်"

"ငါမဟုတ်တာသေချာတယ်"

သွေးဆာနေတာငါမဟုတ်ဘူး။
သွေးရေဆေးတာငါမဟုတ်ဘူး။
သွေးတွေသောက်တာငါမဟုတ်ဘူး။
သွေးတွေလွမ်းလို့ 
သွေးပင်လယ်ဝေ
သွေးတွေစွန်းလို့ 
သွေးရေဆေးတာ၊
ငါမဟုတ်တာသေချာတယ်။
သွေးတွေစွန်းတာကောင်းကင်မဟုတ်တာသေချာတယ်။

လလို နေလို ရေလို မြေလို (သခင်စိတ်ဓာတ်)ထားတာပါ။

အနိုင်ကျင့်ခေါင်းငုံ့ခံတဲ့အထဲမှာ သခင်မပါ..
မတရားမှုတွေကိုမသိချင်ယောင်ဆောင်တဲ့အထဲမှာ သခင်မပါ..
လောကမှာ လောကွတ်ဆိုတာမရှိတဲ့သခင်..
ပေါင်းသင်းဆက်ဆံရေးဘာသာမှာ အညံ့ဆုံးအမှတ်ရပေမယ့်....
နိုင်ငံရေးဘာသာမှာတော့အမှတ်ပြည့်ကျော်ခဲ့ပါတယ်သခင်..
တဖက်မှာ အဆိုးတွေရှိပေမယ့် သခင်ကောင်းတာတိုင်းပြည်အတွက်မို့အသေမြတ်ပါတယ်သခင်..
အဲဒီသခင်ဟာ ကျွန်တော်တို့သခင်ပါ.. သခင်ဘာလဲ??
သခင့်နာမည်ဘယ်သူလဲ??
ဗမာနိုင်ငံသားတွေရဲ့ စိတ်ထဲမှာ သခင်ရှိပါတယ်..
ဘရင်တစ်ဆူဖြစ်ပေမယ့် စည်းစိမ်ကို မမက်မော..
အာဏာကို မခင်တွယ်.. သခင်လိုလူ
ရှားမှရှားပါသခင်..
လူလူချင်းဝါးမျိုနေကြပြီ..
ဘယ်သူသေသေ ငတေဆိုတဲ့ကောင်တွေ အစိုးရနေပြီ..
သခင်လိုချင်တဲ့ လွတ်လပ်ရေးတော့ရခဲ့ပါရဲ့..
ဗမာနိုင်ငံစီးပွားတိုးတက်ရေး..
ပညာရေးဖွံ့ဖြိုးရေး..
ဆင်းရဲသားလူထုချမ်းသာရေး..
ဘယ်ကောင်ဂရုစိုက်လဲ..
အခုတော့အစစအရာရာ နောက်ကျနေတယ် သခင်..
မိသားစုတစ်ခုမှာ အိမ်ထောင်ဦးစီးအရေးပါသလို..
တိုင်းပြည်တစ်ခုမှာခေါင်းဆောင်ကောင်းတစ်ယောက် အရေးပါတယ်သခင်..
ခုတော့ခေါင်းဆောင်ကောင်းမရှိတဲ့အိမ်မှာနေနေရပြီ..
သားသမီးတွေကို လစ်လျူရှုထားကြပြီ..
ဒါတွေသခင်သိပါစေ..

Written by my son

သခင်သိပါတယ်.........
မိသားစုတစ်ခုမှာ အိမ်ထောင်ဦးစီးအရေးပါတာ...
ငယ်ကတည်းကရှာဖွေကျွေးမွေးမိန်းမတန်မဲ့ စောင့်ရှောက်ပြီးပြီ.........
ခုချိန်ခါမှာ...ငယ်ထဲကမက်တဲ့ အိမ်မက်....
ကလောင်ထမ်းပြီးလမ်းလျှောက်နေတာ.....
လက်နဲ့ ရေးထား ဒီစာပေဟာ ရသ၊သုတ၊တရားတော်နဲ့ ကဗျာစုံလင်.....
ဗဟုသုတမှတ်သားစရာမို့ .....သခင်ကိုလေအပြစ်မဆိုပါနဲ့ .......

မိသားစုကိုချစ်ခဲ့ ပြီးပြီတချိန်ကနော်...

သခင်ကလေ
သခင့်အတွက်မငဲ့ကွက်
စောင့်ရှောက် ထိန်းသိမ်းပေးကမ်းခဲ့တာ
အသက်တောင်မှ ခပ်ယဲ့ယဲ့ကျန်ပါတော့တယ်
ကိုယ်ကျိုးစွန့်ပြီး ပေးကမ်းစောင့်ရှောက်
ငါ့အတွက်ဆိုတာမပါခဲ့ ဘူး
သခင်အစစ်မို့ 

ကိုယ်ကိုကိုယ်တောင် မချစ်ပါဘူး
မိသားစုကို တမင်ပြစ်တာ မဟုတ်ပါဘူး
ရင်ဝယ်ထားပြီး သားသမီးလို ဘယ်သူလာလာ ငါချစ်တာပါ
သခင်အစစ်မို့ နင်သိပါ။
သခင်သိစေမြင်ကြည့်လေနော်။

Mine




♥ချစ်သူ♥လက်ဆောင်♥


ချစ်သူလက်ဆောင်.....

အလွမ်း တစ်ခြင်း

ပန်းတစ်ခြင်းနဲ့ ..... ချစ်သူရှိရာ

အရောက်လှမ်းလို့ ......

လွမ်းအိမ်မက်တွေ ယူလာတယ်.......

ရင်ခုန်သံ ထည့်ထားတယ်......

.ကြည်နူးခြင်းတွေ ထည့်ထားတယ်.....
.
ချစ်သူလက်ဆောင်
ပန်းလက်ဆောင်နော်......

ချစ်ခြင်းအပြည့် ပါလာတယ်။


Monday, June 28, 2010

နာလည်းနာသည်၊နံသည်နံသည် ;

နာလည်းနာသည်၊နံသည်နံသည်
******************************
****
တစ်ခါက ဘယ်ကဘယ်လိုဖြစ်သည်မသိ။
မောင်သာဝဆိုသော ပုဂ္ဂိုလ်သည် သင်္ဂဇာဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရန်
ကြံစည်ကြိုးပမ်း
ခဲ့သည် ။ သည့်အတွက် ဒကာ ၊ ဒကာမအပေါင်းသည် မကျေမနပ် ဒေါသအကြီးအကျယ်ထွက်ကာ
မောင်သာဝကို ဖမ်ဆီး၍ တရားဥပဒေအရ ထိုက်သင့်သော ပြစ်ဒဏ်ခံရစေရန်
ရုံးတင်စစ်ဆေးဖို့ အကြောင်း
ဆရတော်အား အသိပေးလျှောက်ထားလေသည် ။
ထိုအခါ သင်္ဂဖာဆရာတော်က
"မလုပ်ကြပါနဲ့ ကွယ် ... အမှု့ ဖွင့်ပြီးရင်လည်း ပိတ်လိုက်ကြပါ" ဟူ၍
ဥပက္ခာတရားကို လက်ကိုင်ပြုသောစကား
အား မိန့် ကြားလိုက်လေသည်။ သည့်အတွက် ဒကာ၊ဒကာမ အပေါင်းတို့ မှာ
မခံချိမခံသာ ဖြစ်ကြရလေသည် ။
မဟုတ်သေးပါဘူး ၊ ဆရာတော်ဘုရား ။ သည်လိုမျိုးသံဃာတော်အပေါ်ကို ကာယကံမြောက်
စော်ကားတဲ့ ငမိုက်သားကို ထိရောက်တဲ့ ဒဏ်ခတ်မှု့ မျိုးတော့
ပြုသင့်ပါတယ်ဘုရား ။ အရှင်ဘုရားခွင့်ပြုမယ်ဆိုရင် တပည့်တော်တို့ ဟာ
တပည့်တော်တို့ ရုံးတွင်အမှု့ ဖွင့်ချင်ပါတယ် ဘုရား ... ။
"သည်းခံကြပါ ဒကာတို့ ရယ် ။ ခန္တီစဆိုတဲ့ သည်းခံခြင်းတရားကို
လက်ကိုင်ထားကြပါ။ အမှု့ အခင်းတစ်ခုဖြစ်တယ်ဆိုရင် အင်မတန်မှ
အလုပ်များတယ်လို့  လောကီလူသားတွေ ပြောကြဆိုကြတာကို
ဘုန်းကြီးကြားပါတယ်။အမှု့ အခင်း တစ်ခုဖြစ်လာရင် အသိသက်သေတွေဆိုတာ
ရုံးကဆင့်ခေါ်လို့ မပျက်မကွက်သွားရပါလိမ့်မယ် ။
အဲဒီမှာ အဓိကကျတဲ့ ဘုန်းကြီးဟာလည်းရုံးတော်က ဆင့်ဆိုရင် မကြွမဖြစ်
ကြွရမှာအမှန်ပဲ။ အဲသည် အခါကျရင် ဘုန်းကြီး မမြင်လို ၊ မတွေ့ လိုတဲ့
ငသာဝရဲ့ မျက်နှာကို တွေ့ ရဦးမယ် ။
ဘုန်းကြီးအဖို့  ငသာဝလို ငမိုက်သား မျိုးကို
မြင်လည်းမမြင်လိုဘူး။အသံလည်းမြ
ကားလိုဘူး။သည်လိုငမိုက်သားမျိုးဆိုတာ
သည်ဘ၀မှာပဲ လူ့ အဖြစ်ကိုရတာပါ။ တမလွန်ရောက်ရင်ဖြင့် လူ့ ပြည်မှ
ဖဲကြဉ်ပြီး ငရဲကို ဇောက်ထိုး တန်းကျမှာ သေချာတယ်။
အဲသည်လို ငရဲကို ကျိန်းသေဧကန် တန်းကျမယ့် ငမိုက်သားကို ဘာ့ကြောင့်များ
ရန်လုပ်လိုကြသေး တာလဲကွယ်။သူ့ ထိုက်နဲ့ သူ့ ကံ ရှိပါစေတော့ ။ ကျေကြပါတော့
ဒကာတို့ ရယ်"
"ဆရာတော် ပြောတာလည်း ပြောတာပေါ့ ဘုရား။ တပည့်တော်တို့ ကတော့
ကိုယ့်ဆရာအရှင်ကို ကိုယ်ထိလက်ရောက် စော်ကားတဲ့ ငသာဝအပေါ် နည်းနည်းကလေးမှ
မကျနပ်နိုင်ပါဘူး ဘုရား။ အသည်းတဆတ်ဆတ် နာလှပါတယ်ဘုရား ။
"အင်း...ဒကာတို့ မှာ တော့ နာရုံသာ နာပါတယ်။ဘုန်းကြီးမှာတော့
တရားလည်းဟောရသေး။သေနတ်လည်းအပစ်
ခံရသေးဆိုတော့
'နာလည်းနာသေး၊နံလည်းနံသေး'ဆိုတဲ
့ စကားဥပမာလိုဖြစ်နေပြီကောကွယ်"
"အရှင်ဘုရား ... အဲသည် 'နာလည်းနာသေး၊နံလည်းနံသေး'ဆိုတဲ
့ စကားဥပမာလေးကို
ရှင်းလင်းဟောကြားပေးတော်မူပါဘု
ရား။"
တပည့် ဒကာ၊ဒကာမ အပေါင်းက လျှောက်ထားတောင်းပန်သဖြင့် ဆရာတော်သည်လည်း
စကားဥပမာ ထင်လင်းစေရန် ပုံပြင်တစ်ပုဒ်ကို ထုတ်နုတ်ပြောဆို
လေတော့သည်။ရှေးအခါက တောရွာတစ်ရွာတွင် အဘိုးကြီး၊ အဘွားကြီး လင်မယားသည်
အကြောင်းကိစ္စ တစ်ခုဖြင့် ခွန်းကြီးခွန်းငယ် စကားများ သတ်ပုတ်ကြရာမှ
ဒေါသကို မထိန်းနိုင်ဘဲ လုံးထွေး သတ်ပုတ်ကြလေသည်။ ထိုသို
့လုံးထွေးသတ်ပုတ်ကြစဉ် တစ်ယောက်နှင့်တစ်ယောက်
မိရာလှမ်းဆွဲ၊ကုပ်ဖဲ့၊ကိုက်ခြဲ
ကရာ အဘိုးကြီးသည် အဘွားကြီး၏ ပေါင်ခြံကို
ကိုက်မိလေသည်။ အဘွားကြီးကလည်း အဘိုးကြီး၏ ကျောကုန်းကို
တံတောင်ဖြင့်ဆောင့်၍ ထောင်းတော့သည်။
ထိုသို့ ဝရုန်းသုန်းကား ဖြစ်နေကြစဉ် အိမ်နီးနားချင်းများ ရောက်ရှိလာကြကာ
အဘိုးကြီးကိုလည်းကောင်း၊
အဘွားကြီးကိုလည်းကောင်း ဆွဲလွဲ၍ ဖျန်ဖြေပေးလိုက်ကြလေ၏ ။
ညဘက်သို့ ရောက်လေသော် အဘိုးကြီးနှင့်အဘွားကြီးလည်း
စိတ်အနည်ထိုင်စပြုပြီဖြစ်၍ အဘွားကြီးကပင် စတင်စကားစလိုက်လေသည်။
"အဘိုးကြီးနှယ်တော် ... သွားတွေအပြည့်အစုံမရှိပေလို့ ဘဲ။
ကျုပ်ပေါ်င်သားတွေ ပြတ်ကျမလားတောင် မသိဘူး။နာလိုက်တာမှ တစစ်စစ်နဲ
့။အကွင်းကြီးကို ဖြစ်လို့ ။ဆန်ကွဲထောင်းပြီး အုံမှဖြစ်မယ်။"
ထိုအခါ အဘိုးကြီးက
"အောင်မာ ...မယ်မင်းက နာရုံသာ၊နာတာပါကွယ်။ကျုပ်မှာ ကျောပြင်တစ်ခုလုံး
အောင့်လောက်အောင် နာနေတယ်။သံတူရွှင်းနဲ့  ထောင်းသလးတောင်
အောက်မေ့ရတယ်။ကျုပ်မှာတော့ မယ်မင်းရဲ့ ပေါင်ခြံကို ကိုက်မိလို့ 
ကျောပြင်တစ်ခုလုံး နာလည်းနာတဲ့အပြင် ၊ နှာခေါင်းတစ်ခုလုံးဟောင်နေအောင်
ကို
နံလည်းနံသေးဗျာ.။"
ဟူ၍ ပြောလိုက်လေ၏ ။
ပုံပြင်ကလေး အဆုံးကတော့ ဆရာတော်ကြီးက
"အဲသည် ပုံပြင်ဥပမာလိုပေါ့ကွယ် ။ တပည့်တော်တို့ မှာ ကိုယ့်ဆရာတော်အတွက်
နာရုံသာ နာတာပါ။
ဘုန်းကြီးမှာတော့ဖြင့်လား 'နာလည်းနာသေး၊နံလည်းနံသေး'ဆို
သလို ဖြစ်နေပြီကွယ့်"
ဟူ၍ ပြောဆိုလေရာ ဒကာ၊ဒကာမ အပေါင်းမှာလည်း ရှေ့ နောက်ဆင်ခြင်တွေးတောလျက်
ဒေါသအရှိန်များ
လျော့ပါးသွားပြီး ပြုံးပြုံးရယ်ရယ် ဖြစ်သွားကြလေသတည်း...........။ ။

Sunday, June 27, 2010

ငါ့ရင်ကို နိဂုန်းချုပ်ခဲ့ရပါပြီ

အပြစ်မမြင်ရက်လို့ အပြစ်မတင်ခဲ့တာပါ
အချစ်ကစေခဲ့လို့လေ
အကြင်နာပိုခဲ့လို့
ရင်မနာတတ်ခဲ့တာပါ
အလွမ်းတွေတောင်
အဆစ်ထည့်လိုက်မိသေးတယ်
အလွယ်မရင်းခဲ့ပါဘူး
တကယ်တင်းခဲ့တဲ့
သံယောဇဉ်တမျှင်အငင်မှားခဲ့လို့
ပုံအပ်တဲ့အသည်းတော့ကွဲသွားပြီ
တိုးတိတ်ကြေကွဲ
ကိုယ်တစ်ယောက်ထဲပဲပေါ့
နာကျင်မိပါတယ်
ရက်စက်ခဲ့တာမဟုတ်ပေမယ့်
နှိပ်စက်ခဲ့တာပဲလေ
မင်းအတွက်
အချစ်ဆိုတာ
ခံစားခဲ့တော့
ရင်မှာနာကျင်မိတာပေါ့
ငါ့ကိုယ်ငါနှစ်သိမ့်ထားလဲ
အရာရာရင်မဆိုင်ရဲတော့သလိုပဲ
ငါ့ရင်ကို နိဂုန်းချုပ်ခဲ့ရပါပြီ ...................။

ငါ့ ကို မကြိုက်နဲ့


( နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်း )


ဗန်းမော်ဆရာတော်ကိုကြည်ညိုလွန်း
ကြသူ ပုဂ္ဂိုလ်များအနက် ရေမြေ့ရှင်
မင်းတုန်းမင်းတရားကြီးသည် ထိပ်ဆုံးကအပါအ၀င်ဖြစ်၏။ မင်းကြီးသည်
ပုဂ္ဂိုလ်ခင်သလို တရားလည်းမင်၏ ။မကြာခဏဆိုသလို ဆရာတော်အား
နန်းတော်ထဲသို့ပင့်ဖိတ်ကာ ဆွမ်းလုပ်ကျွေး၏ ။
တရားဓမ္မများကို နှီးနှော ဆွေးနွေး၏ ။

တစ်နေ့သ၌ မင်းတုန်းမင်းကြီးသည် ထုံးစံအတိုင်း ဗန်းမော်ဆရာတော်ကို
ပင့်ဖိတ်ကာ ဆွမ်းဝတ်ပြုလေ၏ ။
ဆွမ်းကိစ္စပြီးလေသော် မိဖုရား ၊ မင်း ၊ မှုးမတ် ပရိသတ်တို့နှင့် အတူ
အနုမောဒနာတရားကို နာကြားပြီးလေသည့်နောက် .. တရားဓမ္မများကို
ဆွေးနွေးပါလေတော့၏ ။

" ဆရာတော်ဘုရား ... နိဗ္ဗာန်ရောက်ကြောင်း
နည်းလမ်းကောင်းများရှိခဲ့ရင် တပည့်တော်ကို လိုရင်းအချုပ်
တိုတိုတုပ်တုပ်ကလေး ဟောကြားပေးတော်မူပါ ဘုရား "

" လိုရင်အချုပ် တိုတိုတုပ်တုပ် ဟုတ်လား ... ရေမြေ့ရှင် "
" မှန်ပါတယ် ဘုရား "
" အင်း .... လိုရင်အချုပ် တိုတိုတုပ်တုပ်နဲ့နိဗ္ဗန်ရောက်ချင်ရင်တော့
' ငါ့ကို မကြိုက်နဲ့ ' .. ဒါပဲ ရေမြေ့ရှင် "

" ဒါကျတော့လည်း အဆမတန်ကို တိုလွန်းပါတယ် ဘုရား ...
တပည့်တော်နှင့်တကွ ပရိသတ်အပေါင်း စိတ်အာရုံအသိမှာ ထင်လင်းသွားရအောင်
နည်းနည်းတော့ရှည်ပေးပါဦး ဘုရား "

" အင်း .......... စောစောကတော့ တိုတိုတုပ်တုပ် ။ ခုကျတော့လည်း
နည်းနည်းရှည်ပေးပါတဲ့လား ။ အင်းလေ .. ဒါဆိုလည်း
ပုံပြင်လေးတစ်ပုဒ်ပြောပြရသေးတာပေါ့ ။ သည်လိုဒကာရဲ့"
ဟုဆို၍ လိုရင်းကိစ္စနှင့် ဆက်စပ်ပတ်သတ်သည့် ပုံပြင်တစ်ပုဒ်ကို
ထုတ်နှုတ်ပြောဆို နေလေတော့သည် ။

ရှေးက ရွာတစ်ရွာ၌ ငွေကြေးအသင့်အတင့် ချမ်းသာကြွယ်ဝသော
တောင်သူကြီးတစ်ဦးရှိ၏ ။
သည့်အတွက်ကြောင့်လည်း ၄င်းတို့မိသားစုမှ ကျောင်းကြီးတစ်ဆောင်
ဆောက်လုပ်ကာ ဘုန်းတော်ကြီး တစ်ပါးအား ရေစက်ချလှူဒါန်းပြီး
ကျောင်းထိုင်စေခဲ့သည် ။ ကျောင်းဒကာ အဖြစ်သာမက ကျန် ပစ္စည်း သုံးပါးကိုပါ
၎င်းတို့မိသားစုမှ နေ၍ တာဝန်ယူထားလေသည် ။

နံက်တိုင်းဆိုသလိုပင် အလှူ့ဒကာမိသားစုမှ သမီးပျိုလေးသည်
ဘုန်းကြီးကျောင်းသို့ ဆွမ်းအုပ်သွားပို့လေ့ရှိ၏ ။ သမီးပျိုကလေးမှာ
ဘာသာရေးကို လေ့လာလိုက်စားသူ စာတတ်ပေတတ်ကလေးဖြစ်ပြီး ကျောင်းကြီးရှင်
ဘုန်းတော်ကြီးကို လေ့လာအကဲခတ်လျှက်ရှိ၏ ။ဘုန်းတော်ကြီးကလည်း
ထိုဒကာမလေးကို အရိပ်အကဲ ကြည့်လျှက် ရှိချေသည် ။

တစ်နေ့သ၌ ဤသမီးပျိုလေးသည် ဘုန်းတော်ကြီးအား ဆွမ်းကပ်ပြီးသကာလ
အမှတ်မထင်ဆိုသလို စကားတစ်ခွန်း မေးလျှောက်တင်လိုက်သည် ။

" အရှင်ဘုရား ... ဟောသည်ကျောင်းက ဘယ်သူ့ကျောင်းပါလဲ ဘုရား "
" ဟောသည်ကျောင်းက ဘယ်သူ့ကျောင်း ... ဟုတ်သလား ။ ခက်ပါ့ကွယ် ..
နင်တို့ဆောက်လုပ်လှူဒါန်းထားတာ ရေစက်ချထားတာ .. ဒီတော့ ဒီကျောင်းကို
ငါပိုင်နေပြီပဲ ။ ဒါ ... ငါ့ကျောင်းကွယ့် .. ငါ့ကျောင်း ။ "

" သြော် ... ဟုတ်လား "
သည်သို့သာ ဆိုပြီး သမီးပျိုလေးလည်း ဆွမ်းအုပ် အလွတ်ကို
ပိုက်လျှက်ကျောင်းပေါ်မှပြန်ဆင်းသွားလေသည် ။ သို့ဖြင့်
တစ်ရက်ပြီးတစ်ရက်မှသည် သုံးရက်ခန့်ကြာသွားခဲ့လေသည် ။ သမီးပျိုလေးကလည်း
ဆွမ်းလာပို့ပြန်လေသည် ။ဤတွင်လည်း အမှတ်မထင် အမေးရှိလာပြန်လေသည် ။
" အရှင်ဘုရား ... ဟိုစားပွဲခုံပေါ်က သပိတ်ဟာ ဘယ်သူ့သပိတ်လည်း ဘုရား "
" ဟ ... ငါ့ကျောင်းမှာ ရှိနေတာ ငါ့သပိတ်ပဲပေါ့ ဒကာမလေးရဲ့ "

" ဒါဖြင့် ကြိုးတန်းမှာ လွှားထားတဲ့ သင်္ကန်းကကော ဘုရား "
" ငါ့သင်္ကန်းပေါ့ဟ ... ငါ့သင်္ကန်းပေါ့ "
" ဟောဟို ကျွန်းကုတင်ကြီးကကော "
" ဟ .. အဲ့သည်ကျွန်းကုတင်ကြီးကလည်း နင်တို့မိသားစု
ရေစက်ချလှူဒါန်းထားခဲ့ပြီးတာကြောင့် ငါ့ကုတင်ကြီးဖြစ်နေပြီ ။ နင်တို့နဲ့
ဘယ်လိုမှ မသက်ဆိုင်တော့ဘူး "

" ဒါဖြင့် နံရံမှာချိတ်ဆွဲထားတဲ့ ပုတီးကြီးကကော "
" ငါ့ပုတီးပဲလေ ... ငါ့ ပုတီး "
" ဟောဟို ရေစင်က ဆပ်ပြာခွက်လှလှလေးကကော "
" သြော် ... တော်တော်ခက်တဲ့ ကောင်မလေးပဲ ။ အဲ့ဒါလည်း
ငါ့ဆပ်ပြာခွက်ပဲပေါ့ကွယ် "

မိန်းမပျိုလေးက တော်တော်နှင့်ကျောင်းပေါ်မှ ဆင်းမသွား ။
စကားလက်တံရှည်လွန်းလှသည် ။ထို့ကြောင့်ပင် ဘုန်းကြီးက
ဆွမ်းလည်းဆာနေပြီဖြစ်ရာ စကားကိုဖြတ်လိုက်ရတော့၏ ။

" သည်မယ် ဒကာမလေး ။ ရှေးဆက်မေးလည်း မောရုံသာရှိမှာပဲ ။ သည်တော့
တိုတိုတုပ်တုပ်နဲ့ စကားဖြတ်ရမယ်ဆိုရင် ဒီကျောင်းမှာ ရှိသမျှအရာအားလုံးဟာ
ငါ့ဥစ္စာတွေချည်းပဲကွယ့် ။ မှတ်သာသွား "

" တင်ပါ့ .. ဘုရား "
မိန်းမပျိုလေးသည် ဆွမ်းအုပ်ကိုပိုက်၍ ကျောင်းပေါ်မှ ပြန်ဆင်းသွားလေသည် ။
နောက်ရက်တွေကျတော့ ဆွမ်းဝတ်မပျက် ။ ဘာစကားမှလည်း မမေး ၊
မလျှောက်သည့်အတွက် ဘုန်းတော်ကြီးခမျာ တော်တော်လေး စိတ်ချမ်းသာနေတော့သည် ။

သို့ဖြင့် ရက်မှလကူးကာ တစ်လမှသည် နှစ်လတိုင် ကြာသွားခဲ့သည် ။
သည်တွင် တစ်ရက်ရောက်လေတော့ မိန်းမပျိုလေးက ဆွမ်းအုပ်လာပို့ရင်း
အမှတ်မထင် စကားလေး စလိုက်လေသည် ။

" အရှင်ဘုရား .... ဘာရည်ရွယ်ချက်နဲ့ ဘုန်းကြီးဝတ်တာတုန်း .. ဘုရား "
" ဟဲ့ .. နိဗ္ဗာန်ကိုရောက်ချင်လို့ ၀တ်တာပေါ့ဟဲ့ ။ နိဗ္ဗာန်ကို
ရောက်ချင်လို့ပေါ့ "

" ဒါဆိုရင် .... ' ငါ့ကို မကြိုက်ပါနဲ့ ' ဘုရား "
တိုတိုပြတ်ပြတ် စကားဆိုလျက် မိန်းမပျိုလည်းဆွမ်းအုပ်ကို
ကောက်ယူကာ ကျောင်းပေါ်မှ ပြန်ဆင်းသွားလေသည် ။ ဘုန်းတော်ကြီးမှာ
မိန်းမပျိုလေး ပြောသွားခဲ့သည့် ' ငါ့ကို မကြိုက်နဲ့ ' ဆိုသည့် စကားအတွက်
စဉ်းစားရ အတော်ကျပ်သွားသလို အတွေးနယ်လည်း ကျယ်ပြောသွားခဲ့ရသည် ။

စကားက အနှောင့်မလွတ် ၊ အသွားမလွတ်သော စကား ။
ဘာကို ဆိုလိုတာပါလိမ့် ။
စင်စစ် ဘုန်းတော်ကြီးအဖို့ သည်ပစ္စည်းလေးပါး
အလှူ့ဒကာမိသားစုအပေါ် သွေးရိုးသားရိုးစိတ်သာ ထားသည်က အမှန် ။ ဒါကို
သစ္စာဆိုဝံ့သည် ။

သည်မိန်းမပျိုလေးက သူ့အပေါ်အထင်လွဲပြီး သူမအပေါ် မကြိုက်နဲ့လို့
ဆိုလိုရာရောက်သည့်စကားအတွက် တွေးရင်းတွေးရင်း စိတ်မကောင်းဖြစ်လာရသည် ။
ရှက်လည်း ရှက်မိသည် ။ စိတ်ထဲမှာ တနုံ့နုံ့ ခံစားရသည် ။
သည်စိတ်ဝေဒနာတို့ကြောင့် အအိပ်အစားပင် ပျက်လာရတကား ။
သည်အဖြစ်သနစ်ကို ရိပ်စားမိသူကား ကျောင်းရှိကပ္ပိယကြီး
ဖြစ်လေသည် ။ သို့ဖြစ်၍ဘုန်းတော်ကြီးအား မေးမြန်းလေ၏ ။ဘုန်းတော်ကြီးလည်း
တစ်စုံတစ်ယောက်ကို ဖွင့်အန်ပြောဆိုပါမှ ရင်ထဲပေါ့သွားလေမည်မို့
အမေးရှိလာသော ကပ္ပိယကြီးအား အကြောင်းစုံပြန်လည် ပြောပြလိုက်တော့၏ ။

" သည်အတိုင်းနေလို့တော့ မဖြစ်ဘူး ဘုရား "
" ဒါဆို ဘယ်လိုလုပ်ရမှတုန်း ကပ္ပိယကြီးရဲ့ "
" သည်ကိစ္စကို ကျောင်းဒကာ ဇနီးမောင်နှံ သိရအောင်ပြောမှ
ဖြစ်တော့မပေါ့ ဘုရား "
" ဒါဖြင့်လည်း ကပ္ပိယကြီးပဲ စီမံဆောင်ရွက်ပါတော့ လေ။
ဘုန်းကြီးကတော့ စိတ်မကောင်းဖြစ်နေမိတာ အမှန်ပဲ "
" မပူပါနဲ့ ဘုရား ... အရည်ကုန်တော့လည်း အဖတ်လည်လာပါလိမ့်မယ် "
သို့ဖြင့် ကပ္ပိယကြီးလည်း အားလပ်ချိန်၌
ရွာတွင်းရှိကျောင်းဒကာအိမ်သို့သွားကာ ကျောင်းဒကာကြီးအား အကျိုးအကြောင်း
ပြောပြပါလေ၏ ။ ကျောင်းဒကာကြီးက စဉ်းစားတွေးခေါ်တတ်သူပီပီ

" အင်း .... ကပ္ပိယကြီးပြောတဲ့ကိစ္စဟာ သမီးဖြစ်သူကို
သေသေချာချာ စုံစမ်းမေးမြန်းတီးခေါက်ပြီးမှ ဖြေရှင်းနိုင်မယ့်ပြဿနာပဲ ။
ဒါပေမယ့် ဖအေလုပ်တဲ့သူနဲ့ဆို မသင့်တော်ဘူး။
သည်တော့ မအေလုပ်တဲ့သူကိုပဲ တာဝန်ပေးရမယ် "

" ကောင်းတယ် ... ကျောင်းဒကာ ။ ကောင်းတယ် "
ကျောင်းဒကာ၏ တာဝန်ပေးချက်အရ ကျောင်းဒကာမကြီးလည်း
သမီးဖြစ်သူကို မေးမြန်းစုံစမ်း တီးခေါက် လေတော့သည် ။
" အမေကလည်း ... သမီးက ဘုန်းတော်ကြီးကို ပြန်ပြီးတရားပြခဲ့တာပါ "
" အို .. ငရဲငအုံတွေ ကြီးကုန်တော့မှာပဲ ။ ကိုင်း ....
ဆိုပါဦး။ သမီးက ဘုန်းတော်ကြီးကို ဘယ်လိုတရားပြခဲ့တာတုန်း "

" သည်လို အမေရေ ... ။ သမီးဆွမ်းသွားပို့တဲ့အခါတိုင်း
သမီးအမေးရှိတဲ့အခါ ဘုန်းတော်ကြီးဟာ သည်ဟာ ငါ့ကျောင်း ၊ သည်ဟာ ငါ့သပိတ် ၊
သည်ဟာ ငါ့သင်္ကန်း ၊ သည်ဟာ ငါ့ပုတီး ၊ အို ... ဘာပဲ မေးမေး ငါနဲ့ကို
မလွတ်ဘူး ။ ငါ့ဟာချည်း ... ငါ့ဟာချည်းနဲ့ ။သည်တော့ သမီးလည်း
စိတ်ပေါက်ပေါက်နဲ့ ဘာ့ကြောင့် ဘုန်းကြီးဝတ်တာလဲလို့ မေးမိတယ် "

" အဲ့သည်တော့ ဘုန်းတော်ကြီးက ဘာပြန်ပြောသလဲ "

" နိဗ္ဗာန်ကို လိုချင်လို့ပေါ့ဟဲ့လို့ ဖြေတယ် ။ ဒါနဲ့သမီးက
နိဗ္ဗာန်လိုချင်ရင် ' ငါ့ကို မကြိုက်နဲ့ ' လို့ပြန်ပြောပြီး
တရားပြခဲ့တာပေါ့ အမေရဲ့ "

" အမေတော့ ' ငါ့ကို မကြိုက်နဲ့ ' ဆိုတာကြီးကို
သဘောမပေါက်ဘူးကွယ့် ။ ရှင်းပြပေးပါဦး "

" သည်မှာ အမေ ... ' ငါ ' ဆိုတဲ့ အတ္တကို မဖြုတ်ရင် နိဗ္ဗာန်ကို
ဘယ်လိုမှမရောက်နိုင်ဘူး အမေရဲ့။ဒါ့ကြောင့် သမီးက နိဗ္ဗာန်ကိုလိုချင်ရင် '
ငါ့ကို မကြိုက်နဲ့ ' ။ ငါ .. ငါ .. ငါ ဆိုတဲ့ အစွဲတွေ ၊ အတ္တတွေကို
ဖြုတ်ဖို့ သွယ်ဝှိက်ပြီး တရားပြခဲ့တာပါ အမေရယ် ။ တခြား ဘာစိတ်မှ
မရှိပါဘူး ။ ဘုန်းတော်ကြီးမှာ ငါစွဲလေးရှိတာက လွဲလို့
စိတ်ဓါတ်သန့်ရှင်းတာ သမီးသိပါတယ် "

" သြော် ... ဖြစ်မှ ဖြစ်ရလေ သမီးရယ် "

ဤတွင်မှ ကျောင်းဒကာတို့မိသားစုလည်း အခြေအနေအရပ်ရပ်ကို
နားလည်သဘောပေါက်သွားကြလေသည် ။ ထို့ကြောင့်ပင် အအိပ်ပျက် ၊
အစားပျက်ဖြစ်နေရှာသော ဘုန်းတော်ကြီးအား စိတ်သက်သာရ သက်သာကြောင်းအတွက်
လျှောက်ထားရန်သွားကြလေသည် ။ သည်တော့မှ ဘုန်းတော်ကြီးလည်း ငါစွဲပြုတ်ကာ
တရားရသွားလေတော့၏ ။

" ပုံပြင်လေးကတော့ ဒါပါပဲ ဒကာတော် ။ ဒကာတော် ရေမြေ့ရှင်လည်း
နိဗ္ဗာန်ကို လိုချင်တယ် ၊ ရောက်ချင်တယ်ဆိုရင်ဖြင့် .. ဒါဟာ ငါ့သားတော် ၊
ဒါဟာ ငါ့သမီးတော်လုပ်မနေပါနဲ့တော့ ။ ငါ့ကို ကြိုက်မနေနဲ့တော့ ၊ ဟုတ်ပလား
"
" တင်ပါ့ ဘုရား ... သာဓု .. သာဓု .. သာဓုပါ ဘုရား "


ဗန်းမော်ဆရာတော်၏ ပုံပြင်လေးက ထိရောက်လှသဖြင့်
မင်းတုန်းမင်းကြီးနှင့်တကွ ပရိသတ်အပေါင်းလည်း ပြုံးပြုံးရွှင်ရွှင် သာဓု
အနုမောဒနာ ခေါ်ခဲ့ကြလေတော့ သတည်း ... ။ ။

Saturday, June 26, 2010

Photo Album 2010-06-26 #6




တစ်ချိန်တုန်းက တို့တိုင်းပြည်




သူငယ်ချင်းလေး(ဘို လေး)ပေးတဲ့ လက်ဆောင်

တစ်ချိန်တုန်းက တို့တိုင်းပြည်



ဘို
လေး
လက်ဆောင်အမှတ်တရ


သူငယ်ချင်းလေး(ဘို လေး)ပေးတဲ့ လက်ဆောင်