Pages

Saturday, November 27, 2010

အနာတရကကွက်

်
အနာတရကကွက်
ကောင်းကင်အောက်မှာ
ချစ်သူကပန်းကြွေ ကောက်နေတယ်

ငါ့ကလဲချစ်သူကောက်ဖို့အတွက်ပန်းကြွေကျမှာဆိုးလို့
လေပြေလေးတောင်မတိုက်ဘူး
ချစ်သူရဲ့ပျောက်ဆုံးနေတဲ့ရင်ဘတ်တစ်ခြမ်းနှလုံးသားပုံရိပ်တဲ့
နှလုံးသားတစ်စုံရဲ့ ရင်ခုန်ခြင်းတွေ့လို့
ကောက်လိုက်မယ်လို့ ဟန်ပြင်တုန်း
ငါအနာတရကကွက်ရှိတယ်

အော်ငါ့နယ်

ဝမ်းနည်းစွာ
ကောင်းကင်ကိုမော့ ကြည့်တော့

''တောက်''

မိုက်ရိုင်းတဲ့ကောင်းကင်
ရင်ဘတ်နာအောင်မိုးသီးခြွေချတယ်
ရှက်ရှက်နဲ့ အော်ခဲ့ဘူးတယ်
ဘယ်လိုအရောင်မှမဆိုးတော့နဲ့
မိုးနဲမြေခွဲခြားမရတဲ့
မိုးသက်သက်မြေသက်သက်လည်း ထင်ခဲ့ဘူးတယ်
သဘာဝတရားနဲ့ ပတ်ဝန်းကျင်ကိုလည်း
ငါအစိမ်းတွေခြယ်ထားတာ
............
ဒီနေ့တော့
အစဉ်မပြေမှုတွေများလို့
ဒါတောင်....
.ချစ်သူကပန်းကြွေကိုနွမ်းခြောက်နေတာတောင်
ခရေပန်းရနံ.ရှိတယ်တဲ့..




အိမ်မက်ကမာ
အိမ်မက် နန်းတော်



အိမ်မက်ထဲစွဲလမ်းခြင်း ပုံရိပ်
အိမ်မက်ဆိုတာတကယ့်အဖြစ်
ငါမအိပ်တတ်ဘူးဖြစ်နေတယ်
ခဏလေးမှေးစက်
အိမ်မက်နန်းတော်ငါရောက်တယ်
ချစ်သူ
လက်တွေ့အပြင် ကွာခြားနေတယ်
အတိတ်ဝဋ်ကျွေးရှိနေလေလား
ကံကြမ္မာ ရိုက်ချက် ဒီလှိုင်းအတက်မှာ

လှိုင်းအထောင်သောင်အငြိ
အချစ်ပင်လယ်မြစ်ပြင်ကျယ်မှာ
ရေအောက်ကမ္ဘာရောက်ရှိချိန်
ငါ့နှလုံးသားတစ်စုံသေဆုံ့းသွားတယ်
အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုရိုးရှိတော့
စစ်ကအချစ်ကိုလုယူသိမ်းပိုက် အချစ်ပျောက်သွားတယ်
ချစ်သူဆိုတာ အမည်နာမလား အပျင်းပြေခေါ်တာလား
ထင်မှတ်မှား အချစ်တပွဲ စစ်ပွဲတစ်ရာ
''တောက်''
အချစ်ကိုစစ်ပွဲမှတ်သူ သိမ်းပိုက်သူ
ငါလိုလူကရွှံ့ရှာတယ်........
ငါပါဘူးတယ် နာဘူးတယ်။
ငါရှက်ရှက်နဲ့ အော်ခဲ့ဘူးတယ်
ဘယ်လိုအရောင်လို့
ခွဲခြားမရတဲ့မြေကြီးကိုလဲ
ငါ့ကိုခလုတ်တိုက်ဖို့ဖန်ဆင်းထားတာလို့လည်း ထင်ခဲ့ဘူးတယ်
သဘာဝတရားနဲ့ ပတ်ဝန်းကျင်ကိုလည်း
ဒဏ်ရာတွေပြည့်နေတဲ့အနာတရကကွက်တွေ
ခြယ်ထားတာပဲငါ တွေးခဲ့ဘူးတယ်

ချစ်တယ်ဆိုတဲ့စကားကလောကအပြင်ဘက်.
အရာဝတ္ထု..
..ငါ့ရင်ဟင်းလင်းပြင်ထင်နေတယ်.