Pages

Thursday, August 16, 2012

စာပေချစ်သူ သူငယ်ချင်းများအတွက် မ..မ မွေးနေ့ အမှတ်တရလက်ဆောင်စကားလေးပါးလိုက်ပါတယ်.........။


စာပေချစ်သူ သူငယ်ချင်းများအတွက် မ..မ မွေးနေ့ အမှတ်တရလက်ဆောင်စကားလေးပါးလိုက်ပါတယ်.........။
Jun 6, '11 3:20 AM
for everyone



အသိပေးဆုံးမပေးမည့်သူကို ..
ရှာသင့်ပေမယ့်
ကိုယ်စကားနားထောင်မည့် သူကိုပဲ
ရှာနေကြတယ်။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)


yinminkhineကလေးလေးအရွယ်  ငယ်နုစဉ်ချိန်ခါမှစလို့အမေ့ချစ်သမီးဆိုပြီး  အလိုလိုက်အကြိုက်ဆောင်လို့ ကောင်းမွန်ရာလိမ်မာယဉ်ကျေးရာ
အမေညွန်ပြသွန်သင်ခဲ့ပါတယ်  ဘုန်းကြီးကျောင်းကို ကျောင်းပိတ်ရက် မှာသီတင်းသီလဆောက်တည်ရင်း နေထိုင်တတ်အောင် အမေပို့ထားတတ်ပါတယ် ငယ်နုစဉ် ကလေးဘ၀ထဲမှ အစပြု၍ ဘုန်းဘုန်းတွေမေတ္တာရိပ်ကို ခိုလှုံ့ခွင့်ရခဲ့ပါတယ် နေလည်နေ့ခင်းအိပ်စက်နားနေချိန်မှာ
ဘုန်းဘုန်းမှ အိပ်စက်နားနေနည်းသင်ပြပါတယ်  ပက်လက်လေးအိပ် ဘေးစောင်းလေးအိပ်
နှာသီးဝလေး အရိုးနုလေးနားမှာ

ဝင်နေတဲ့လေ ထွက်နေတဲ့လေ တိုးဝှေ့နေတာကြည့်ပြီးအိပ်
 နေ့ခင်း ခဏအိပ်စက်ချိန်မှာ မလှုပ် မယှက် တည်ငြိမ်စွာနားနေ အိပ်စက်တတ်အောင် သင်ပြပေးပါတယ်
အိပ်ရာဝင်အိပ်ရာထလဲ အသက်ရှုတာ  လေ့ကျင့်ခန်းတစ်ခုလို  ရှုပြီးမှထပေါ့ ဒါမှမဟုတ်  စိတ်ထဲမှနေပြီး ဘုရားစာလေးရွတ်ဆိုပြီးမှနိုးထပါ

အိမ်မှာ မိမိလိုချင်တာ ချက်ချင်းရှိရင် ချက်ချင်းရမှဆိုတဲ့ စိတ်ထားပြောင်း လဲလာအောင်
လိုချင် စိတ်ဖြစ်ပေါ်လာရင် အသက်လေး၀၀ရှု  ငါ တအား လိုချင်နေတာပါလား
ငါ လိုချင်စိတ်တွေကြီးမားနေတာပါလား
မရတော့ရော ဘာဖြစ်နိုင်လည်း သိပ်ကိုခက်နေလား ငါလိုချင်စိတ်များနေတာ
မက်မောစိတ်များနေတာ ဒီအရာကို   မရတော့ရောသေသွားနိုင်သလား
ဒါကိုမလုပ်ရတော့ရောသေသွားနိုင်လားအဲ့လိုမေးခွန်းလေးတွေမေးပြီး
စိတ်ကိုတည်မြဲအောင်ထားတတ်အောင်
သင်ကြားပြသ နေထိုင်ခိုင်းပါတယ်
   ပထမဦးစားပေး
ဒုတိယဦးစားပေး
တတိယဦးစားပေးထားပြီး
စနစ်တကျလုပ်ကိုင်တတ်အောင်
သွန်သင်ပြပါတယ်
ငယ်စဉ်ထဲက  မိမိမုန့်ဘိုးထဲမှ တတ်နိုင်သလောက်နေ့စဉ်လှုငွေထည့်ဖြစ်အောင် ကျောင်းရှေ့ဆရာမ စာသင်ခုံမှာ ဆုဗူးလေးထားပေးထားပါတယ်  ဆုဗူးလေးထဲ  မိမိအလှုငွေထည့်ရင်လဲ ကောင်းမှုတစ်ခုနေ့စဉ်ပြုလို့
ကောင်းမှုမြတ်နိုး
ကောင်းကျိုးကိုယ်၌  တည်ပါစေ
ရွတ်ဆိုပြီးမှ  လှုချင်သလောက်ထည့်ရပါတယ် ဘယ်၍ ဘယ်မျှရယ်လို့သတ်မှတ်မထားပါဘူး  ၅ပြားထည့်ထည့်  ၁၀ပြားထည့်ထည့်ဆိုသလိုပေါ့ တစ်ကျပ်ထည့်ထည့် ၂ကျပ်ထည့်ထည့်  ရပါတယ် တစ်ဆယ်  နှစ်ဆယ်  ၅၀ဆယ်  တစ်ရာ သဒ္ဓါတရားပေါ်မူတည် ထည့်ကြပါတယ်
အလှုငွေထည့်ပြီးရင်လည်း စိတ်ထဲကြည်နူးပိတိဖြစ်မိပါတယ်
အဲ့ဒီရရှိတဲ့လှုငွေလေးတွေကို  ကဆုန်ညောင်ရေသွန်းချိန်မှာ အတာအိုးလေးထဲကို ငါးလေးဝယ် ထည့် လွှတ်ကြပါတယ် ဇီဝိတဒါနအဖြစ်ပေါ့   ၀ါတွင်းမှာလည်း  ကျောင်းကစုပေါင်းပြီး ၀ါဆိုပန်းဝယ်ယူ ပြီးဘုရားတစ်ဆူဆူမှာ
လှုဒါန်းဆက်ကပ်ကြပါတယ်
နိစ္စဒူဝ တစ်နေ့လုပ်ဆောင်တာ တစ်နေ့တစ်ခါ ဘယ်သတ္တ၀ါသတ်လဲ
ဘယ်သတ္တ၀ါလေးလွှတ်လဲ  ဘယ်သူဆာလောင်တာဖြည့်ခဲ့လဲ  ဘယ်သူ့ကူညီခဲ့လည်း
ငှက်စာကျွေးလား  ခွေးစာကျွေးလား  သတ္တ၀ါတွေ အသက်ဆက်ခဲ့လား
 ရေထဲ ကျနေတဲ့ ပုရွက်ဆိတ်က  အစတွေ့ရင်ဆယ်ယူ ကယ်တင်ရပါတယ်

သကြားပုရွတ်ဆိတ်တက်တာကအစ အောက်နားကိုချသာကြွေးလိုက်  သူစားတာ ထားလိုက်ပါ
များနေရင်လဲနေပူထဲသာ ထားလိုက် သူကျန်တာပြန်ယူထားပေါ့လို့ဆုံးမတတ်ပါတယ်

ငယ်စဉ်တောင်ကျေးကလေးဘ၀ကစလို့အမေ့ရဲ့သားသမီးတွေအပေါ် ချစ်ခင်မြတ်နိုးတာကို သိရှိခံစားနားလည်တတ်ခဲ့ပါတယ်  အဖေ့ရဲ့စောင့်ရှောက်မှုအောက်မှာ  စည်းကမ်းကြီးစွာ စနစ်တကျ အရာရာ သတိထားနေထိုင်ကြီးပြင်းခဲ့ရပါတယ်  
အေမကသားသမီေးတြကို
အပူမွန္သမွ်
 နေတစ်ပေါက်မထိုးအောင်စောင့်ရှောက်ချစ်ခင်ပေးဆပ်ခဲ့ပါတယ်

အဖေဆိုတဲ့   အဖေကတော့ဘေးမှန်သမျှ ရန်မှန်သမျှ
ကာကွယ်တားစည်းရင်း  စောင့်ရှောက် ပေးဆပ်ချစ်ခင်ခဲ့ပါတယ်

ခုတော့....မ..မ မွေးနေ့လေးကို ကံကောင်းစွာနဲ့ထပ်ကြုံဆုံရပြန်ပါတယ်
လောက အလည်မှာ ကွယ်ပျောက်သွားပြီဖြစ်တဲ့ အမေနဲ့အဖေကို
သတိရတယ်ဆိုတာထက်ပိုပါတယ်.......................


 မွေးဖွားလာတာသေဆုံးခြင်းလား
သေဆုံးပြီးရင်မွေးဖွားခြင်းလား
ချစ်ခင်ပြီးရင်မုန်းတီးခြင်းလား
တွေ့ဆုံပြီးရင်ကွဲ့ကွာခြင်းလား
ချစ်ပြီးရင်မုန်းတာလား
မုန်းပြီးရင်ချစ်တာလား
ပေးဆပ်ရတာများတော့မုန်းတာလား
ပေးဆပ်ရင်းချစ်နေတာလား
မုန်းတီးတော့မတွေ့ချင်တာ
ချစ်နေတော့မြင်တွေ့နေချင်တာ
မရတော့လိုချင်တာ
ရလာတော့လည်းရှုတ်လိုက်တာ
လက်ကောက်တစ်ကွင်းအသံမကြားဘူး
၂ကွင်းမှအသံထွက်သလို
ကြက်ခြင်းထဲကကြက်ကို  ကြက်သတ်သမားမှ
တစ်ကောင်ချင်းစီ  ကြက် ခြင်းအပြင်  ဆွဲထုတ်ပြီး
လယ်ပင်းလှီး  သတ်နေတာခြင်းထဲမှ  ကြက်တွေက မတွေးတတ်တော့မသိမမြင်သလို
ဝက်ခြံထဲက၀က်ကို အစာရေစာ၀၀ကျွေးလို့ ၀က်လေး အားအင်ပြည့်ဖြိုး ထွားကျိုင်းလာတာကြည့်ရင်း အကျိုးအမြတ်တွက်  သတ်ဖို့မွေးတာ ၀က်ခြံထဲက၀က်ကတော့ မတွေးတတ်တော့ မသိမမြင်သလို သေမင်းစောင့်နေတာမမြင်သိဘူးဖြစ်နေတယ်
ဒီလိုနဲ့ခြံထဲကခြင်းထဲက  ကြက်တွေ ၀က်တွေ တိုးဝှေ့လုယက် စားသောက်ပျော်ပါး  မြူးထူး အနာရောဂါရှိတဲ့ကြက်တွေ ၀က်တွေကရှိ တစ်ကောင်နဲ့တစ်ကောင်ရန်စောင် ကိုက်သတ် နေတာတွေကို  တွေးမြင်ကြည့်ပြီး  သေမင်းကခြင်း အ၀မှဆွဲထုတ်
ချက်ခြင်း  သတ်နေတာ ဥပမာကြည့်ရင်း တစ်ယောက်နဲ့ တစ်ယောက်မေတ္တာထားလို့စောင့်ရှောက်နိုင်ကြပါစေ
စိတ်ဆန္ဒပြုရင်း 
အမေ့သမီး  အဖေ့သမီးမို့  သတ္တ၀ါအပေါင်းဘေးရန်ကင်းလို့ကျန်းမာပါစေမေတ္တာပို့ပေးလိုက်ပါတယ်......။

  ခဏလေးနေရသခိုက်  လူ့ဘ၀မှာ  လူသားအခြင်းခြင်း တိရိစ္ဆာန်စိတ် မပေါက်ပဲ လောကမှာမြင်တတ်အောင် တွေးတတ်အောင်တွေးလို့
 စောင့်ရှောက်နိုင်ကြပါစေ
.............
စာပေချစ်သူ
သူငယ်ချင်းများအတွက် မ..မ မွေးနေ့
အမှတ်တရလက်ဆောင်စကားလေးပါးလိုက်ပါတယ်.........။


ဘာသာအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး
လူမျိုးအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး
သတ္တ၀ါအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး

တိပိဋက ဆရာတော်ကြီး (ယော)




http://i210.photobucket.com/albums/bb218/commentsjunkie/familycomments/mother/mother1_JC.gif
အမေ အမေ
မေမေ မေမေ
မားမား မားမား
မား
စခေါ်ခေါ်ခြင်းတတ်တဲ့စကား
ဘယ်သူမုန်းမုန်းအမေပြုံးတယ်
ဘယ်လောက်ဝေးဝေး အမေရှိတယ်
ဘယ်လောက်ဆိုးဆိုးအမေချစ်တယ်
ဘယ်လောက်မိုက်မိုက်အမေမပြစ်ပယ်
ဘယ်လောက်ကောင်းကောင်းတူတူချစ်တယ်
နီးပူဝေးပူ ရင်ဘလောင်ဆူတယ်
အမေ့မေတ္တာ ချစ်ခြင်းပိုလို့
ပမာနိုင်းစရာမတွေ့ပါဘူး
သတိရတိုင်းလွမ်းနေလို...
မွေးနေ့ဆုတောင်းနဲ့တကွ လာလည်ကြသော သူငယ်ချင်းများအားလုံး စိတ်ရောကိုယ်ပါ ကြည်လင်ရွှင်ပျကြပါစေ ...
.

Friends18.com Orkut MySpace Hi5 Scrap Images
.

0 comments:

Post a Comment