Pages

Thursday, August 16, 2012

အမေတယောက်ထံမှ ပေးစာ ၅.၈.၂၀၁၂ မွေးနေ့ရှင်လေး ကျန်းမာပျော်ရွှင်ပါစေ


သစ်ပင်တစ်ပင်အောက် နေပျောက်ထိုးမှာစိုးကြောက်ပြီး  အတောင်ပန်တဖက်ကို 
 ဖြန့်ကျက်မိုးကာလို့
ကြက်သားပေါက်လေး နှစ်ကောင်ကိုနေပူမခံစေချင်တဲ့ ကြက်မကြီးရဲ့မေတ္တာကို  မြင်တွေ့မိပြန်တော့ အဟိတ်တိရစ္ဆာန်တောင်မှ သူမွေးသော သားသမီးလေးများကို  နေပူမှာစိုးရိမ်မိသောအဖြစ်အပျက်လေးကြောင့်   မိဘမေတ္တာကိုမြင်ရောင်မိပြီး  မိမိသားသမီးလေးတွေကို  နီးနီးဝေးဝေး တယောက်တနေရာစီ  ရှိနေကြလည်း  စိတ်ထဲပူပင်စိုးရိမ်မိပြီး ကျန်းမာလို့နေထိုင်ကောင်းကြလား အလုပ်ထဲပင်ပန်း မောပန်းနေမှာပဲဆိုပြီး  မမြင်မတွေ့ရပေမဲ့  စိတ်ထဲတွေးတောလို့ ပူပင်နေမိတယ်

ကြောင်မလေးက  ကြောင်သားပေါက်လေးတွေပေါက်ဖွားပြန်တော့သူမွေးဖွားသော 
 ကြောင်သားပေါက်စကလေးတွေကို
ဟိုပြောင်းဒီရွှေ့ တစ်နေရာ မှနေ၍ တစ်နေရာ   သူ့ရဲ့ကလေး  ကြောင်ပေါက်စလေးတွေကို ပါးစိတ်နဲ့ကိုက်ချီခဲလို့ မလုံခြုံဘူးထင်  ဘေးရန် ကင်းအောင်နောက်တစ်နေရာကို ပြောင်းလဲသယ်ယူ  ပို့ဆောင်နေတာမြင်မိပြန်တော့
ဝေးကွာနေသော   သားသမီးလေးတွေ ဘေးရန်ကင်းစွာနဲ့
လုံခြုံစိတ်ချမှုရှိကြပါစေလို့တွေးတောပူပင်မိပြီး  စိုးရိမ်စိတ်တွေဖြစ်ပေါ်စေတယ်

ကြက်မကြီးက  သူသားသမီးကြက်ပေါက်စလေးတွေကို   အစာမြင်ရင်အသံလေးပေးခေါ်ပြီး
အစာလေးပြလိုက်ပြန်ချလိုက် ပြန်ကောက်ပြလိုက်နဲ့     မမောနိုင်မပန်းနိုင် ရှာဖွေကျွေးမွေးနေတယ်
တခါခွေးမလေးကလဲ သူသားသမီးလေးတွေ အတွက် အစာတွေကိုစားပြီး ခွေးလေးတွေကို
အန်ချကျွေးမွေးနေပြန်တယ်
ကြောင်မကြီးကလဲ သူသားသမီးလေးတွေ  အစာရှာဖွေစားသောက်တတ်အောင်
ကြွက်ကလေးတွေနဲ့ဆော့ကစားပြီး ပြန်ဖမ်းပြလိုက် ကြွက်ဖမ်းနည်း ကြောင်လေးတွေကို သင်ပြပေးနေတယ်

ငှက်ပေါက်စလေးတွေကို သူမိခင်ငှက်မကြီးက  အစာလေးတွေကိုနှုတ်သီးလေးနဲ့   ကိုက်ချီ ပျံသန်းသယ်ယူလာပြီး  အစာခွံ့ကျွေးနေပြန်တယ်  အတောင်လေးတွေ   စုံလင်လာပြန်တော့
ငှက်သားပေါက်လေးတွေကို အပျံသင်လို့သစ်ပင်ပေါ်မှ  သစ်ကိုင်းနီးနီးလေးတွေကို   အပျံသင်လိုက် မြေပြင်ပေါ်ပြန်ဆင်းပြလိုက်  ငှက်လေးတွေကို  ဦးဆောင်လမ်းပြလို့
အပျံသင်ပေးနေတာကို  တွေ့မြင်မိပြန်တော့   သားသမီးလေးတွေကို
ငယ်စဉ်အခါမှစပြီး  ရှေ့ဆောင်လမ်းပြကောင်းနိုးရာရာရှာဖွေ ကျွေးမွေးရင်း ကောင်းရာမွန်ရာ
 နေထိုင်လုပ်ကိုင်ပြုမှုဆောင်ရွက်တတ်အောင်
  သင်ကြားညွန်ပြလမ်းပြ ပို့ဆောင်ပေးခဲ့တာလေးတွေ သတိရနေမိတတ်ပြန်တယ်
ငှက်ကလေးများလို အတောင်အလက်စုံလင်လို့  သူလမ်းကြောင်းနဲ့သူ   ပျံသန်း နေထိုင်
သွားလာလုပ်ကိုင်ဆောင်ရွက်နေကြပေမဲ့
မိခင်တယောက်ရဲ့စိတ်ထဲမှာ ဝေးကွာနေသော  သားသမီးလေးတွေကို  တမ်းတစိတ်နဲ့လွမ်းမောရင်း ဘေးမသီ ရန်မခ စိတ်ဆင်းရဲခြင်းကင်းစွာနဲ့ နေထိုင်ပြီးလိုရာခရီးကို
အန္တရာယ် ကင်းလို့ဘေးရှင်းစွာနဲ့သွားလာ လုပ်ကိုင်ကျန်းမာစွာနဲ့
ရှင်သန်နေထိုင်ရင်းကြီးပြင်းစေ့ချင်တယ်


ဝမ်းဗိုက်ထဲသန္ဓေတည်ပြီဆိုတာနဲ့ ကလေးလေးတစ်ယောက်  ရောက်ရှိလာပြီဆိုပြီး
ချစ်ခင်ကြင်နာကြည်နူး  ပီတိဖြစ်ခဲ့တဲ့  မိဘတွေရဲ့စေတနာ မေတ္တာ သံယောဇဉ်ဟာ
မည်သည့်အရာနဲ့မှ  တုပနိုင်းယှဉ်ပြသလို့မရပါဘူး
 နေပူနေချိန်မှာလည်း  ကိုယ့်ကိုကိုယ့်  ကိုယ်တိုင်လည်းနေပူမိနေပေမဲ့
ကိုယ့်နေပူမိတာမေ့လို့  ကိုယ့်သားသမီးလေးတွေ
နေပူမိနေကြမှာကိုပဲ   စိုးရိမ်နေတဲ့  မိဘတွေရဲ့စေတနာမေတ္တာပါ

မိုးအေးနေချိန်မှာလည်း  မိုးဖွဲဖွဲလေးတောင်မှ အစိုမခံစေ့ချင်ပါဘူး
ကိုယ်တိုင်မိုးရွာထဲမှာ မိုးစိုနေပေမဲ့
သားသမီးလေးတွေ  မိုးထိ မိုးမိပြီး နေထိုင်မကောင်းဖြစ်မှာ
ရာသီအကူးအပြောင်းမှာ   ဖျားနာနေမှာစိုးရိမ်နေမိတတ်ပြန်တယ်
ဆောင်းအေးအေးမှာကြပြန်တော့လည်း  အိပ်ပျော်နေရင်း ဆောင်မလုံလို့အအေးမိပြီး
ချမ်းလို့အအေးများပတ်ဖျားနာနေမလား
နွေးထွေးမှုရှိပါ့မလား  တွေးတောပြီး   ကိုယ်တိုင်ချမ်းအေးနေတာကို  မေ့လျှော့လို့
သားသမီးလေးတွေအတွက်    စိုးရိတ်စိတ်နဲ့တွေးတောပူပန်နေမိပြန်တယ်

မြင်မြင်ရာကို   ပူပင်စိုးထိတ်ကြောင့်ကြစိတ်နဲ့
မိခင်တယောက်ဟာ   ပေးဆပ်ရင်းရှင်သန် လုပ်ကိုင်နေထိုင်ပြီး
နီးနီးဝေးဝေး သံယောဇဉ်နဲ့မေတ္တာတွေဝေမျှရင်း ရှင်သန်နေထိုင်ပါတယ်
မြွေလေးတွေဟာ ဖားလေးတွေကို ၀ါးမြိုစားသောက်တာ အကောင်ကြီးသောတိရိဆ္ဆန်
သတ္တ၀ါတို့မှ အကောင်ငယ်သော တိရစ္ဆာန်သတ္တ၀ါတွေကို
နှိပ်စက် ညှင်းဆဲ သတ်ဖြတ်တာတွေမြင်ခဲ့မိပြန်တော့လည်း  ဘယ်သူကများ
သားသမီးများကို  နိုင်စားမလဲ အနိုင်ကျင့်ညှင်းပမ်းရက်စက် နှိပ်စက်
သတ်ဖြတ်မှာကို  စိုးရိမ်ပူပန်မှုများစွာကိုဖြစ်ပေါ်စေတယ်

တိရစ္ဆာန်များ တစ်ကောင်နဲ့တစ်ကောင် အစားအစာ လုယှက်စားသောက်
ရန်စောင် ကိုက်ခဲနေတာတွေ့မြင်မိချိန်
   သူနေရာမဟုတ်ပဲ လမ်းမှားရောက်လာတဲ့အချိန်  အုပ်စုဖွဲ့ဗိုလ်ကျ
အနိုင်ကျင့်တာတွေမြင်တွေ့ချိန်များမှာလည်း
တစ်ဝမ်းတစ်ခါး  ရှာဖွေလုပ်ကိုင်ရုန်းကန် နေထိုင်ချိန်မှာ ဘယ်သူကများ ဗိုလ်ကျ
ရန်မူပြီး နှိပ်စက် လုယှက် ပါ့မလဲ
 ကောက်ကျစ်  ယုတ်မာတာတွေ   မကြုံတွေ့အောင် မဖြစ်ပေါ်အောင် တွေးတောပူပန်နေတတ်တယ်
သားသမီးလေးများကို   လမ်းမှားရောက်ချိန် အသင်းဖွဲ့ အုပ်စုဖွဲ့ ဗိုလ်ကျ
စိုးမိုး အနိုင်ကျင့်ခံရမှာကိုလည်း   တွေးတောပူပန်စေတဲ့စိတ်

အစိုးရိမ် ပိုစွာနဲ့စိတ်ပူပင်မှုဖြစ်နေတတ်တာကို   သိမြင်ခံစားပြီး မိခင်များရဲ့စိတ်ထားကို
သိမြင်စေရန်

.
916030
အမေတယောက်ထံမှ သားသမီးလေးများအတွက်ပေးစာ
၅.၈.၂၀၁၂ မွေးနေ့ရှင်လေး ကျန်းမာပျော်ရွှင်ပါစေ
zinyaw17zinyaw17
Friends18.com Orkut MySpace Hi5 Scrap Images.zinyaw17zinyaw17

0 comments:

Post a Comment