Pages

Sunday, December 22, 2013

"သည် ဆောင်းရင်ခွင် "

"သည် ဆောင်းရင်ခွင် "
ဝဿန်မိုးနှောင်း
ရာသီပြောင်း
သည်ဆောင်း ရင်ဝယ် တိုးဝှေ့တယ် ။

ဟေမာန်ဆောင်းနှင်း
မြူ မှုန်ခင်းကျင်း
စိတ်ခြင်းယှက်သွယ်လာခဲ့မယ် ။

နှောင်တွယ်မှုများ
ချစ်ခြင်းအား
လွမ်းသည့်ရင်မှာ သိမ်းထားတယ်။




ဆောင်းနှင်းဖွေးဖွေး နှင်းအေးအေး
ကြင်သူလွမ်းလို့နေတော့သည်..
နှင်းငွေ့ဝန်းရံ နှင်းတောထဲမှာ
မျှော်သူနွမ်းလို့နေတော့သည်
ကြင်သူမြင်ကြည့် သခင်သိရင်ကျေနပ်ပြီ..