Pages

Wednesday, June 27, 2012

အညစ်အကြေးမယူနဲ့နော်

မကောင်းတဲ့ အကြောင်းအရာကို စိတ်က လက်ခံမထားပါနဲ့

ခေါင်းထဲက ထုတ်ပစ် နော်


မှတ်သားစရာသာယူပါ


အညစ်အကြေးမယူနဲ့နော်


မကောင်းတာဘေးချ


ကောင်းတာလေးရွေ့းယူပေးပါ.............


မည်ကဲ့သို့ကြုံတွေ့တွေ့ မည်သည့် အကြောင်းတရားဖြစ်နေပါစေ


သင့်စိတ် နှလုံး အေးချမ်းသာယာတာကိုသာ သယ်ဆောင်ပါ


သူတပါးအားလည်း အေးချမ်းသာယာမှုကိုသာ ပေးကမ်းခဲ့ပါမိတ်ဆွေ....


အွန်လိုင်းပေါ်ဖြစ်ဖြစ် ပြင်ပတွင်ပဲဖြစ်နေပေ့စေ


အတွေ့အကြုံနုနယ်သေးသော သင့် စိတ် နှလုံးသားအား


လောကဓံ၏ အဆိုးအကောင်း အကျိုးအကြောင်း တွေ့ကြုံလာသမျှ  ထိုးနှက် 

ရိုက်ပုတ်ချက်ကို  အတတ်နိုင်ဆုံး 
ထိမ်းချုပ်နိုင်ပါစေ စိတ်ခံစားမှုနောက်ကို

သိပ်မလိုက်မိပါစေနဲ့
စိတ်ဆိုသည်မှာ ခံစားတတ်သည့် သဘောတရားရှိသဖြင့်

အကောင်း အဆိုး ဖြစ်ပေါ်လာသမျှ ကို မိမိ၏စိတ်ကို လေ့ကျင့်ပေးနေသည်

သဘောထား၍ 
ကိုယ့်စိတ်ကိုယ်သာ ထိန်းကျောင်း ပြုပြင်
ပြောင်းလဲ တတ်အောင်

လေ့ကျင့်ပေးပါ..........

မိတ်ဆွေ.........


အသိဥာဏ်နည်းပါးသည့် အဟိတ် တရိစ္ဆာန်လေးတွေတောင်မှ

ပြုပြင်ဆုံးမလေ့ကျင့်သင်ကြားလို့ရသေးတာပဲနော်.....

လူသားသတ္တ၀ါတွေရဲ့ပြုပြင်သွန်သင်မှု့အောက်မှာ
 
လူသားများအား စိတ်ချမ်းမြေ့ကြည်နူး ပျော်ရွှင်အောင် သူတို့တတ်စွမ်းသလောက်

လုပ်ဆောင်ပြုမှုတတ်ကြပါသေးသည် စောင့်ရှောက်တတ်ကြသေးသည်။
 


လူလောက လူဘောင်တွင် လူတို့သည် လူသားများဖြစ်နေ၍ အသိဥာဏ်ပညာ

ပိုမိုကြီးမား သည့်အလျှောက်  ဆင်ခြင်နိုင်စွမ်းရှိကြပါသည်  ဥာဏ်မြေကတုတ်

ချွန်းနှင့်အုပ်၍ 
ထူးချွန်ထက်မြက်  လိမ္မာယဉ်ကျေး နိုင်ကြပါစေ  လူသားအချင်းချင်း

ကူညီစောင့်ရှောက်နိုင်ကြပါစေဟု ဆန္ဒပြု ဆုမွန် တောင်းပေးရင်း


တန်ဘိုးရှိသော လူသားများဖြစ်နိုင်ကြပါစေ............


အချိန်သည်  တန်ဘိုးရှိ၍   တန်ဘိုးရှိသော အချိန်များစွာကို  ပိုင်ဆိုင်နိုင်ကြပါစေ...

အနတ္တ သတ္တ၀ါအားလုံး ဘေးရန်ကင်းရှင်းကြပါစေ
ကျန်းမာပျော်ရွှင်ကြပါစေ


Tuesday, June 26, 2012

ခုခဏတာ စိတ်သာယာဖို့စိတ် စေရည်ကို သောက်နေတာ

♥လူစစ်မစစ် သိဖို့အရေး
မြတ်တရား နဲ့တိုက်စစ်ပါ♥
သူဂုဏ်ကိုယ်နှိမ့် ကိုယ်ဂုဏ်နိမ့်၏
ကိုယ့်ဂုဏ် ကိုယ်ဖော်မသူတော်များ
သူတော်စကား နားဝခါး၏
လမ်းသာလျှောက်တာ
အမောင် တောင်မှန်းမြောက်မှန်းမသိပါ
သမင်မွေးရင်း ကျားစားရင်းနဲ့
လည်ပတ်နေတဲ့ ဒီသံသရာ
ငရဲပန်းကိုရွှေပန်းထင်လို့ခဏ အငှားကိုင်ချင်တာ
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်
သူတစ်လူ ငါတစ်မင်း ထင်ရာခင်းတော့
ခေတ်ပျက်နေသလားမှတ်ရတာ
လူပျက်နေတာ ခပ်များများပေါ့
ဆိုးသွမ်းဟော့ရမ်း မလိမ္မာ
ပျက်စီးခြင်းသာ ခေတ်ရှေ့ရှု့လို့
အေးချမ်းသာယာ ဘယ်နားမှာ
စိတ်ထားလေးတွေ ပြုပြင်ပြီးတော့
ဘ၀များစွာ အမျိုးတော်စပ်
ညီရင်မောင်နှမ ပုံသွင်ပမာ
မေတ္တာစေတနာ မျှကာပေးတော့
အေးချမ်းသာယာရှိနေမှာ



လက်တွေ့ ယ္ခုပြင်ကြည့်ပါ
မြင်မြင်ရာကို အမုန်းကြည့်တော့ အရှုးံကြည့်ပဲဖြစ်တော့မှာ
စိတ်ထားပြုပြင် ဆင်ချင်သင့်ဖို့
တရားဒေသနာ နာကြားပါ
စိတ်ကိုဆုံးမ
မြတ်ဘုရားရဲ့ တရားဒေသနာမြတ်လှတာ
လောက အောချ တရားမသိဖြစ်ကြတာ
အမှန်တရား ဖုံးကွယ်ထား ငရဲသွားသူများလှတာ
ခုခဏတာ စိတ်သာယာဖို့
ငရဲလမ်းကိုလိုက်ကြတာ စိတ်စေရာကို လိုက်မိမှားတော့
အမှားကြည့်ပေါ့ သိလိုက်ပါ
နောင်သံသရာ မကြောက်သေးတော့
စိတ် စေရည်ကို သောက်နေတာ

ဒီဘ၀မှာ အောင်နိုင်ဖို့က
လူထဲကလူ လူစစ်စစ်မှသိမှာပါ


သတ္တ၀ါအားလုံး ဘေးရန်ကင်းလို့

အမှန်မြင် အမြင်မှန်ကြပါစေ

Saturday, June 23, 2012

ဥစ္စာပျောက်တိုင်း ကုသိုလ်ရ၏

.. ဆရာတော် မသိလိုက်ဘူးလား ဘုရား .. "
" သိပါတယ်ကွ .. သူတို့က မမှီမကမ်းနဲ့ဖြုတ်နေသံကြားလို့ မတော်လွတ်လို့ မင်းတို့နိုးကုန်ရင် နာရီလဲအကောင်းမရ .. ဒုက္ခလည်းရောက်ကြမှာစိုးလို့ ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့ တောင် ပြောလိုက်သေးတယ် .. "
" ဆရာတော့်နှယ် .. သူခိုးပဲ ဘာလို့ပြောလိုက်ရတာလဲ .. လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ် .. "
" ထူးပါဘူးကွ .. သူတို့လာယူတော့လဲ ကိုယ်ကသွားလှူရ သက်သာသွားတာပေါ့ .. ညကြီးမင်းကြီး သူများမသိအောင် လာယူတော့ ပုဂ္ဂိုလ် ...အယုတ်..အမြတ်ကလဲ မရွေးရတော့ ဘူးပေါ့ .. " ..
( အောင်ခြင်း ရှစ်ပါး ဆရာတော် ) အမရပူရမြို့  .. ။

" ဆရာတော် .. တပည့်တော်တို့ လှူထားတဲ့ ရေဒီယိုကြီးလဲ မမြင်ပါလား ... ဘယ်နေရာ သွားထားပါသလဲ ဘုရား .. "
" ဘယ်မှ သွားမထားပါဘူး .. သူ့ပိုင်ရှင်ကယူသွားတယ် .. "
" အို .. ဆရာတော်ကလည်း .. ဘယ်ကလာ ပိုင်ရှင်ရှိအုန်းမှာလဲ .. တပည့်တော်တို့က ဆရာတော်ကို လှူထားတာပဲ .. ဆရာတော် ပိုင်တဲ့ပစ္စည်းပေါ့ .. "
" ငါမပိုင်လို့ပေါ့ကွာ .. ငါပိုင်ရင် ပစ္စည်းက ငါ့အနားမှာရှိနေမှာပေါ့ .. ခုတော့ သူ့ပိုင်ရှင် အနားရောက်သွားပြီ .. "
" ဆရာတော်ကလည်း ဝေ့လည်လည်ပြောနေပြန်ပါပြီ .. သူခိုးခိုးသွားတာမဟုတ်လားဘုရား .. ဒါဆို ဆရာတော် ရေဒီယို ဆုံးပြီပေါ့ .. "
" မဆုံးပါဘူးကွာ .. ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့ .. မြစ်ထဲပင်လယ်ထဲ ကျသွားတာတို့ လို ဘယ်သူမှ သုံးခွင့်မရတာမှ ဆုံးတာ .. ခုဟာက တစ်နေရာမှာ သုံးလို့ရနေအုန်းမှာပါ "

( တောင်တွင်းကြီးမြို့  နတ်မှီတောရ ဆရာတော်ဘုရားကြီး )

" ဆရာတော် လုပ်ပါအုန်းဘုရား .. ဒုက္ခတော့ရောက်ကုန်ပြီ .. ရဲ တိုင်မှ ဖြစ်တော့မယ် "
" ဘာတုန်းဟ ကပ္ပိယရဲ့ .. မင်းဟာ အရင်းမပါ .. အဖျားမပါ ပြူးတူးပြဲတဲနဲ့ .. တိုးတိုးသက်သာ ပြောစမ်းပါ ... "
" ဆရာတော့် ပစ္စည်းတွေ ညက သူခိုး ခိုးသွားပြီဘုရား .. ဒါကြောင့် ပုလိပ်( ရဲ ) ကို တိုင်မှ ဖြစ်မယ်လို့ ပြောတာပါဘုရား ... "
" ကပ္ပိယ ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့ .. သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသော အကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ ... အသာနေပါ ကပ္ပိယရယ် .. မင်းလုပ်လိုက်မှ ငါ သံသရာမှာ သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ် .. "

( ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရား )

တရားမသိသူများအတွက် ဥစ္စာပျောက်လျှင် ငရဲရောက်ရဧ။် .. တရားသိသူများအတွက်ကား .. ဥစ္စာပျောက်တိုင်း ကုသိုလ်ရ၏ ဟူသော အတွေးတစ်ချက်လေးရနိုင်ကြပါစေရှင် ..


ဆရာတော်ဓမ္မဓဂူ  အရှင်ကုဏ္ဍလ(ရွှေဘုန်းပွင့်)
နယ်လှည့်သာသနာပြုတရားဟောဓမ္မကထိက
ထံမှကူးယူမျှဝေသည်



အလင်္ကာရဲ့ရင်နာစရာမှတ်တမ်း



Friday, June 22, 2012

♥ရိုးသားတဲ့ငါ့ချစ်ခြင်း♥


ကောင်းကင်ကြီး
အရောင်ပြောင်းလဲသလို
စိတ်တွေပြောင်းလဲပြီး
ပြောင်းလဲခံစားတဲ့ စိတ်အပေါ်ကိုလိုက်ပြီး
ခေါင်းစဉ်မျိုးစုံတပ်လို့စိတ်တွေဟာ
အရောင်ပြောင်းလဲကြတယ်
စိတ်ရောင်စုံသက်တန့်ကြီးကို
ငေးမောကြည့်နေမိပြီး
ဖြူစင်တဲ့အရောင်လေးတွေကို
ပိုမိုနှစ်သက်မိနေတယ်
ကောင်းကင်အမိုးအောက်မှာအတူရှိနေကြပေမဲ့
စိတ်ဆိုတာက အရောင်မျိုးစုံတော့
တစ်ခုတည်းသောခံစားမှုတခုမှာ
ခေါင်းစဉ်မျိုးစုံပြောင်းလဲကြတယ်
ပြောင်းလဲမှုတွေများတဲ့လောကကြီးမှာ
ငါ့စိတ်နှလုံးသားလေးဟာ ဖြူစင်ခြင်းတွေကိုပဲ
နှစ်သက်မိတယ်ချစ်သူရယ်...
ကောင်းကင်ကြီးကိုငေးကြည့်နေမိရင်း
ညအမှောင်ကိုရောက်ရှိလာပြီး
ကြယ်လေးတွေဟာတဖြုတ်ဖြုတ်ကြွေတယ်
 ညဟာပိုမိုနက်ရှိုင်းလာတယ်နော်
အနက်ရောင်အမှောင်ထုကို
မနှစ်သက်ပေမယ့် လောကသဘာဝအရ
ထိတွေ့လက်ခံနေခဲ့ရတဲ့အချိန်မှာ
ငါ့စိတ်နှလုံးသားဟာ စူးရှနာကျင်စွာခံစားခဲ့ရပါတယ်..
ကြယ်လေးတွေမကြွေကျဘဲ
အမှောင်ထုတွေအမြန်ကွယ်ပျောက်ပြီး
ဖြူစင်တဲ့အလင်းတန်းကိုပဲ
မြင်တွေ့ခွင့် ရရှိပါစေလို့
ကြယ်လေးတွေကြွေကျတာမြင်မိတဲ့ခဏ
ဆုတောင်းနေမိတယ်ချစ်သူရယ်....
ချစ်သူရေ...........
ခေါင်းစဉ်ပြောင်းလဲခြင်းလူတွေပြောင်းလဲနိုင်တယ်
မြို့တွေ ယဉ်ကျေးမှု့တွေ
သိပ္ပံပညာတွေ အတွေးအခေါ်တွေ
ရာသီဥတုတွေ နိုင်ငံရေးတွေ
စကားလုံးတွေ ၀ိညာဉ်တွေပြောင်းလဲသွားတယ်
အချစ်တွေပြောင်းလဲသွားတယ်
ကမ္ဘာကြီးကပြောင်းလဲသွားတယ်
ငါ့ကိုကတိပေးပါ ချစ်သူရယ်..

ဖြူစင်တဲ့ ငါ့တို့စိတ်နှလုံးသားကို

ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ
အရောင်မပြောင်းလဲဘူးနော်..........
♥..♥ 

A.

Tuesday, June 19, 2012

ဇွန်လ(၁၉) ရက်နေ.မှာကျရောက်တဲ့ (၆၇)နှစ်♥အမေစုမွေးနေ.အမှတ်တရ. မွေးနေ့ဆုတောင်း♥

.
♥ မွေးနေ့ဆုတောင်း♥
ကောင်းကင်ထက်မှ ဒေါင်းသခင်အတွက်
(၆၇)နှစ်ဆိုတဲ့ သက်တမ်း
အေးချမ်းလို့ လျှောက်
တောက်ပတဲ့ အကြင်နာတရား
သူ့ နှလုံးသားမှာကိန်းအောင်း
ကောင်းကင်ထက်မှ ဒေါင်းသခင်အတွက်
မာစေ သာစေ တောင်းဆုပန်နေ
အောင်ဆန်းစုကြည် ပြည်ချစ်သမီးမို့
မွေးနေ့မှစ ဘေးရန်ကင်းပ
အသက်ရာကျော်ရှည်ပါစေ
ကျန်းမာပါစေ ပျော်ရွှင်ပါစေ
အာဇာနည်♣ သွေး
တိုင်းပြည်ချစ်သော♣ သွေး
သတ္တိရှိသော♣ သွေး

ရဲရင့်သော♣ သွေး
စွန့်လွှတ်အနစ်နာခံသော♣ သွေး
ပေးဆပ်ရင်းရှင်သန်နေသော♣သွေး
ဇာတိ♥သွေး
ဇာတိမာန်ခွန်အားပြည့်သော♥သွေး

ပြည်သူကိုချစ်သော♥သွေး
ဗိုလ်ချုပ်အောင်ဆန်း၏မျိုးဆက်သွေး
ကျန်းမာပါစေ မွေးနေ့ဆုတောင်းပေး
စုမေတ္တာစွမ်းအင် စိတ်တန်ခိုးရှင်
မြန်ပြည်တလွှား  သူ့  ကမ္ဘာလေးစား
မေတ္တာရှင်လေး
ဒီမြေကဖွား ဒီမြေကသား
အကြင်နာတရား မေတ္တာထား
အန္တရယ်ခတ်သိမ်း  ကင်းပငြိမ်းလို့
♥စု♥   လိုအင်တွေပြည့်ပါစေ........................။
စိတ်ခွန်အားးးးးးးးးးကိုစားသုံးပြီးတော့

လိုအပ်သောနေရာကိုလွတ်လပ်စွာ

သွားလာနိုင်ပါစေ...........

Monday, June 18, 2012

သံသရာအကြွေးကို ကြောက်တယ်

ပူလိုက်သည့်  နေ  ချစ်ချစ်တောက်အောင်ကို ပူလောင်လွန်းနေသည် 
ခဏလေးတော့  အနားယူမှပါဆိုပြီး
လှဲနေသခိုက် ဈေးဝယ်သူတစ်ယောက် ဈေးလာဝယ်၍ အနားယူနေရာမှ ထပြီး ဈေးရောင်းပေးနေရင်း ချက်ခြင်းပင် မိုးကသဲကြီးမဲကြီး
ရွာချလိုက်သည် 
ဈေးဝယ်သူအားထိုင်ရန် နေရာပေးရင်ဦးလေးခဏနားပါ  မိုးတိတ်မှ ပြန်တော့နော် ပစ္စည်းတွေ မိုးစိုကုန်မယ်နော်   ကျသင့်ငွေကို  ဘောင်ချာပေးရင်းမှ
ဦးလေး ယခင်လက်ကျန် ကုန်ဖိုးငွေ အကြွေးကျန်ရှိသေးလားမေးကြည့်တော့

ဈေးဝယ်သူဦးလေးမှနေ၍  ချက်ခြင်းပင်.....
ဟုတ်ကဲ့ပါ...........ပေး
စရာကျန်သေးတယ်ဟုဆိုကာ
ယခင်အကြွေးကျန် ငွေကိုထုတ်ပေးသည် အခုဝယ်သောပစ္စည်းကျသင့်ငွေလည်း
တခါထဲ လက်ငင်းရှင်းပေးခဲ့မှာပါ သံသရာအကြွေးကို ကြောက်တယ်ဟုပြောဆိုသည်
 ထိုစကားကြားမိတော့ လေးစားမိတယ်ဦးလေးကိုဟု ပြောလို
က်မိသည်
သူများတွေဆိုရင် တော်ယုံအကြွေးကျန်ေ
နရင်
ပစ္စည်းတော်တော်နဲ့ လာမ၀ယ်တော့ဘူး  တခြားဆိုင်တွေမှာ လှည့်ပတ်ဝယ်တယ်
သူတို့ငွေလုံလောက်စွာမပါခဲ့လို အကြွေးပေးမိရင် ၀ယ်သူကို မောင်းထုတ်လိုက်သလိုပါ
ပဲ  ဦးလေးရယ် တော်တော်နဲ့ကိုယ်ဆိုင်ကို ပြန်လာမ၀ယ်တော့ဘူ
ဦးလေးက အဲ့ဒီလိုမလုပ်တာကို  လေးစားတယ်ဟု
ထပ်ပြောမိတော့
ရွာကဖြစ်ရပ်မှန်တစ်ခု ဦးလေးပြောမယ် ဦးလေးတို့ရွာမှာ လူဝင်စားတစ်ယောက်ရှိတယ် အဲ့ဒီကလေးက သူဟာအရင်ဘ၀က
အခုမိဘတွေထံမှာပဲ နွားဘ၀ တစ်ခါ ခွေးဘ၀မှာ တစ်ခါနေခဲ့ရတယ်  အခုတစ်ခါ
ဒီဘ၀လူပြန်ဖြစ်တာ အရင်လူဘ၀တုံးက ထင်းဖိုးကို ငွေ၇၀၀ကျပ် ဖိုးဝယ်ပြီး ငွေအပြည့်မပါခဲ့လို့  ၃၅၀ကျပ်အကြွေးကျန်ခဲ့မိတယ်
ကျန်သေးတဲ့အကြွေး  မဆပ်သေးခင်မှာပဲ သူဟာနေမကောင်းတော့ မကျန်းမာဖြစ်ပြီး သေဆုံးခဲ့တယ်  အဲ့ဒီအကြွေးကြောင့် သူဟာ
နွားဘ၀ တစ်ခါ ခွေးဘ၀မှာ တစ်ခါ ၂ဘ၀ တောင်မှအခုလက်ရှိမိဘအိမ်မှာ တိရစ္ဆာန်ဘ၀နဲ့ အကြွေးမကျေလို့ပေးဆပ်နေခဲ့ရတာကြောင့်  အခုလူပြန်ဖြစ်ပြီး အတိတ်ဘ၀ကို ပြန်သိလို့ အရင်ဘ၀က မိသားစုဟောင်းတွေဆီကနေ
အကြွေးလက်ကျန်ငွေကိုတောင်းပေးချ
င်လို့လိုက်ပို့ပေးပါဆိုပြီး
ကလေးက အခုဘ၀သူမိဘတွေကိုပြောတယ်လေ  ကလေးကပြောဆိုနေပေမယ့် လက်ရှိအခုမိဘတွေက လိုက်မပို့ပေးရဲကြဘူး  အရင်ဘ၀က ဒီကလေး မိသားစုအသိုင်းအ၀ိ
ုင်းဟာ ရွာထဲမှာလူဆိုး လူမိုက်တွေဆိုတော့ ကလေးပြောလို့လိုက်ပို့ပေးလိုက်ရင် ဟိုးအရင်ကသူတို့အဖေသေဆုံးတာကို
အခုလူဝင်စားကလေးက မဟုတ်တာတွေလြာေ
ပာတယ် မယုံကြည်ဘူးဆိုပြီး ပြသနာတက်ရန်လိုမှု့တွေ ဖြစ်မှာဆိုးရိမ်လို့
သူတို့ရဲ့သားလေးလိုက်ပို့ခိုင်း
တာကို လုံးဝလိုက်မပို့ပေးကြဘူး
ကဲ....သံသရာကအကြွေး
ဆပ်ရတာ ဘယ်လောက်ကြောက်စရာကောင်းလဲ
 အင်းးးဟုတ်တယ်ဦးလေးရေ  အခုခေတ်ကတော့ သံသရာလည်းမသိ တရားလည်း
မသိဖြစ်နေပြီနော်ဟုပြန်ပြောမိေ
တာ့
ဦးလေးတို့ အဖေဟာလည်း သူအရင်ဘ၀က ကြောင်သေလို့ဝင်စားတာလို့
အခုလိုမိုးအေးနေရင်ပြန်ပြော
ပတတ်တယ်
သူအရင်ဘ၀က ကြောင်ဘ၀မှာ အမဲခြောက်  နေလှမ်းထားတာကို ခိုးစားတော့
အမဲခြောက် နေလှမ်းသူက ကြေးနန်းကြိုးနဲ့ သုတ်ကိုင်းထောင်ထားတာ
ခြေချောင်းတစ်ခုကို ကြေးနန်းကြိုး  စွပ်မိနေတော့ သူထောင်ခြောက်ထဲမိတာပေါ့
အယ့်ဒီမှာတင် အမဲခြောက်လှမ်းသူကေ
နပြီး ကြောင်ကိုရိုက်သတ်လိုက်တာ
ကြောင်ဘ၀မှာ သူများအရိုက် အသတ်ခံရပြီး သေတော့ အခုဘ၀ လူပြန်ဖြစ်တော့ အဖေရဲ့ခြေမလေး တစ်ခြောင်းဟာ သိမ်နေတယ်.......
ကြိုးကွင်းစွပ်မိလို့မွေးရာပါသိ
မ်ပြီး ဒီဘ၀ထိပါလာတာဆိုပြီးပြောပြတတ်တယ်
ဒါကြောင့် သံသရာအကြွေးတင်မှာကို ကြောက်မိတယ် နေ့မြင်ညပျောက်
အခုမြင်  အခုပျောက် ကြောက်စရာကောင်းလွန်းတယ်ဗျာ
နောက်တခါကျွန်တော့် မျက်စေ့ရှေ့
တင်ပေါ့ဗျာ
ကျွန်တော် လ္ဘက်ရည်ဆိုင်  ထိုင်သောက်နေတော့  လူတစ်ယောက် လ္ဘက်ရည်သောက်ပြီး
သူကွမ်းယာစားနေတယ် ကွမ်းတံတွေး တဖက်ကိုလှည့်အထွေးမှာပဲ အယ့်ဒီလူ တစ်ခါထဲအသက်ထွက်သွားတယ်ဗျာ
နောက်တစ်ယောက်ကကြတော့  အိမ်ဘေးနားကသားအဖပေါ့ဗျာ
သူအဖေက သူသမီးကိုဆံပင်မွေးအဖြူကိုနုတ်
ခိုင်းတယ် သမီးဖြစ်သူက
ဆံပင်အဖြူကို သူ့အဖေကြီးကို နုတ်ပေးသခိုက်မှာပဲ  သူအဖေကြီး ဆံပင်ဖြူ အနုတ်ခံနေရင်းကပဲ အောက်ကငုတ်တုတ် အသက်ထွက်နေပြီလေ
သေခြင်းတရားဆိုတာဟာလဲ မမြင်ရဘူး  အခုမြင် အခုပျောက်
ဒါကြောင့် လူဘ၀ရောက်သခိုက်လေးမှာ ဆရာတော်တွေဟောတဲ့ ဘုရားတရားတွေကိုနာကြားတယ်
သံသရာကိုကြောက်မိတယ်
ဘယ်သူကိုမှ  မတရားသဖြင့်မလုပ်ဘူး ဆင်းရဲနေတော့
အမြဲတန်းဘုရားကျောင်းကန်  မသွားဖြစ်ဘူ
း   ဘုရားတရားတော်တွေကို
ရေဒီယိုသေးသေးလေးကနေပြီး နေ့တိုင်း   အမြဲထုတ်လွင့်နေတာ  နာြး
ကားရင်း
တရားသဖြင့်  နေထိုင်လုပ်ကိုင်တယ်
ရေဒီယိုလေးကနေပြီး တရားတော်တွေ   ထုတ်လွှင့်ပေးနေတာကို
လည်း ကျေးဇူးတင်နေမိတယ်ဗျာ
မ..မ ဦးလေးကြီးကိုထပ်ခါထပ်ခါလေးစား
မိနေသည်
မတရားတာတွေများနေသော အခုခေတ်တွင်
တရားသဖြင့် ဖြူစင်စွာ  စိတ်  ထား၍ လုပ်ကိုင်နေထိုင် စားသောက်နေကြသူများ ပေါများလာကြရင်ဖြင်
့  လောကကြီး အေးချမ်းသာယာ လှပလိုက်မည်ဖြစ်ခြင်းဟု တွေးတောနေမိရင်း
ဖြစ်ရပ်မှန်လေးကို  ရေးသားမျှဝေလိ
ုက်ပါတယ်နော်
စာချစ်သူများ
အသိတရား တစ်ခုရခဲ့ရင်ကြည်နူးမိပါတယ်.........
..

Sunday, June 17, 2012

ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော နိုဘယ်လ် မိန့်ခွန်း ဘာသာပြန် စဆုံး



.

ဘုရင်မင်းမြတ်၊ တော်ဝင် အမျိုးအနွယ်ဝင်များ၊ အစိုးရအဖွဲ့ဝင်လူကြီးမင်းများ၊ နှင့် ဂုဏ်သရေရှိ နော်ဝေနိုင်ငံမှ နိုဘယ်ဆုပေးအပ်ရေး အဖွဲ့ဝင်များ လူကြီးမင်းများနှင့် မိတ်ဆွေသင်္ဂဟအပေါင်းတို့ရှင့်….

လွန်ခဲ့တဲ့ နှစ်တော်ကြာတုန်းက ဒါကတစ်ခါတစ်လေလည်း ဟိုးဘ၀ပေါင်းများစွာတုန်းကလို ထင်မိပါတယ်… ကျွန်မ အောက်စဖို့မှာ နေနေတုန်း Desert Island Discs လို့ခေါ်တဲ့ ရေဒီယို အစီအစဉ်လေးကို ကျွန်မရဲ့သားငယ် အလက်ဇန္ဒားနှင့် အတူတူ နားထောင်ခဲ့ဖူးတယ်။ ဒီရေဒီယိုအစီအစဉ်က တော်တော်လေး လူကြိုက်များပြီး ကျွန်မသိသလောက် အခုချိန်ထိ ဆက်လက်ထုတ်လွှင့် နေတယ်ဆိုပါတယ်။ ဒီအစီအစဉ်မှဆိုရင် လူတန်းစားပေါင်းစုံက ကျော်ကြားသူတွေကို ဖိတ်ကြားပြီး ဓါတ်ပြား ရှစ်ချပ်စာလောက် ဆွေးနွေး ပြောကြားကြတယ်။ ဒီအကြောင်းတွေကို ထုတ်ထားတဲ့ စာအုပ်ဟာဆိုရင် သမ္မာကျမ်းစာနှင့် ရှိတ်စပီယား ၀တ္ထုတွေလောက် ရောင်းအားသွက်ခဲ့ပါတယ်ပြီး လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းမှာတစ်ယောက်တည်း ကျန်ခဲ့ရင်တောင် ကိုယ်နှင့်မကွာ ရှိနေစေချင်ကြတဲ့ အမြတ်တနိုးပစ္စည်း အသုံးအဆောင်လို့တောင် ဆိုကြပါတယ်။ ဒီအစီအစဉ်ကိုနားထောင်လို့ အပြီးမှာ သားလေးကကျွန်မကို မေမေ တစ်ချိန်ချိန်မှာ မေ့မေ့ကို Desert Island Discs မှာ ဒီလိုပြောခွင့် ရမယ်လို့ထင်လား လို့မေးပါတယ်။ ဘာလို့မရ မလဲ ဟုကျွန်မက ခပ်အေးအေးပဲ ပြန်ဖြေခဲ့ပါတယ်။ သားလေးက ဒီအစီအစဉ်တွေကို ယေဘုယျအားဖြင့် ထင်ပေါ်ကျော်ကြားတဲ့သူတွေပဲ ပါဝင်နိုင်တယ်ဆိုတာ သိရက်နှင့်ပင် ကျွန်မကို ဘာအတွက်ကြောင့် မေမေ့ကိုဖိတ်မယ်လို့ ထင်တာလဲလို့ ရိုးရိုးတန်းတန်းသိချင်တဲ့ သဘောနဲ့ ဆက်မေးခဲ့ပါတယ်။ ကျွန်မခဏလောက်စဉ်းစားလိုက်တယ် ပြီးမှ မေမေက စာပေဘက်မှာ နိုဘယ်ဆုရခဲ့ရင်ပေါ့ သားရယ်လို့ ပြောပြီး ကျွန်မတို့ ၂ ယောက်စလုံး ရယ်လိုက်ကြပါတယ်။ မှန်းချက်ကတော့ ဟုတ်နေတာပဲ ဒါပေမယ့်တကယ်ဖြစ်လာဖို့သာခက်တာပါ။

အခုတော့ကျွန်မဘာလို့ ဒီလိုဖြေခဲ့လဲဆိုတာ စဉ်းစားလို့ရပြီ အဲဒီအချိန်မတိုင်ခင်က နိုဘယ်ဆုရခဲ့တဲ့ စာအုပ်တစ်အုပ်ဖတ်ခဲ့လို့ ဖြစ်နိုင်သလို Desert Island ရဲ့ပင်တိုင်တွေဟာလည်း ကျော်ကြားတဲ့ စာရေးဆရာတွေ ဖြစ်လို့ပဲဖြစ်မှာပါ။

၁၉၈၉ တုန်းက ကျွန်မရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်က ကျွန်မနေအိမ်တွင်း အကျဉ်းကျခံ နေရတုန်းလာတွေ့တယ်။ သူက ဂျွန်ဖန်နစ် လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နာမည်ပေးသွင်းထားကြောင်း ပြောပါတယ်။ အဲ့ဒီအချိန်မှာလည်း ကျွန်မရယ်ခဲ့တယ်။ ခဏလောက်တော့ မိုက်ကယ်က အံ့သြသွားတယ်. နောက်မှ ကျွန်မဘာလို့ ရယ်တာလဲ ဆိုတာကို နားလည်သွားပါတယ်။ နိုဘယ်ဆုလေ မှန်းချက်ကသာဟုတ်နေတာလေ ဖြစ်လာဖို့ဆိုတာမှ မလွယ်တာ။ ဒါကြောင့် ကျွန်မတကယ် နိုဘယ်ဆုရတဲ့အခါ ကျွန်မဘယ်လို ခံစားရသလဲ။ ဒီမေးခွန်းက ကျွန်မကို ခဏခဏမေးဘူးတယ် ဒီအချိန်မှာတော့ နိုဘယ်ဆုဆိုတာ ကျွန်မအတွက်ဘာလဲ ငြိမ်းချမ်းရေးဆိုတာ ကျွန်မဘယ်လို အဓိပ္ပာယ်ဖော်လည်းဆိုတာ ကိုပြန်လည်သုံးသပ်ရမယ့် အသင့်တော်ဆုံးအချိန်ဖြစ်နေပါပြီ။

ကျွန်မ အင်တာဗျူးတော်တော်များများမှာ လည်းအကြိမ်ကြိမ်ပြောခဲ့ဘူးပါတယ်… တစ်ညနေမှာရေဒီယိုက ကျွန်မနိုဘယ် ငြိမ်းချမ်းရေးဆုရကြောင်းကြေငြာသွားတာကြားလိုက်ရတယ်။ ကျွန်မ မအံ့သြခဲ့ပါဘူး ဒီမတိုင်ခင် ရသတ္တပါတ်က ကျွန်မဟာ နိုဘယ်ဆုအတွက် စကာတင်ထဲမှာပါတယ်ဆိုတာကို ထုတ်လွှင့်မှုတွေမှာ ဖော်ပြတာကိုကြားခဲ့ရပါတယ်။ အခု ဒီမိန့်ခွန်းတွေအတွက် စာကြမ်းစီနေတုန်းမှာပဲ ကျွန်မ ဆုကိုကြေငြာလိုက် တဲ့အချိန်ပြီးပြီးချင်း ဘယ်လိုဖြစ်သွားလည်းဆိုတာကို ကြိုးကြိုးစားစား တွေးခဲ့ပါသေးတယ်။ ကျွန်မသိပ် မသေချာဘူးလို့ထင်တယ် သြော်သူတို့တွေ ငါ့ကိုဒီဆုပေးဖို့ ဆုံးဖြတ် လိုက်တာကိုဆိုတာမျိုးလောက်ပဲ။ ဒါကလည်း သိပ်ပြီး တကယ်မဟုတ်သလိုပဲ ဘာလို့လည်းဆိုတော့ ကျွန်မကိုယ်တိုင်ကိုယ်က သိပ်ပြီး လက်တွေ့မဆန်သလို၊ တကယ်မဟုတ်သလို ခံစားခဲ့ရပါတယ်။

ကျွန်မနေအိမ်အကျယ်ချုပ်နှင့် နေရစဉ်က မကြာခဏဆိုသလို ကိုယ့်ကိုယ်ကို တကယ့် လောကကြီးနဲ့ တစ်ဆက်တည်း နေရတာမဟုတ်သလို ခံစားရတယ်။ အိမ်ကပဲကျွန်မ ရဲ့ကမ္ဘာ။ တခြားသူတွေရဲ့ မလွတ်လပ်တဲ့ ကမ္ဘာလည်း ရှိသေးတယ် ဒါပေမယ့်သူတို့ဟာ ထောင်ထဲမှာ လူအဖွဲ့အစည်းလေး တစ်ခုအနေနှင့် ရှိကြတယ်။ နောက်ပြီး လွတ်လပ်တဲ့ ကမ္ဘာဆိုတာလည်း ရှိသေးတယ်။ ဒီကမ္ဘာတွေက သူ့လမ်းကြောင်းနဲ့သူ သီးခြားစကြ၀ဠာမှာ လည်ပတ်နေသလိုပဲ။ နိုဘယ်ငြိမ်းချမ်းရေးဆုက ကျွန်မကို ကျွန်မနေတဲ့ သီးခြား ကမ္ဘာလေးထဲကနေ တစ်ဖန်ပြန်ပြီး တခြားလူသားတွေနေတဲ့ နေရာကို ပြန်ဆွဲထုတ် ပေးလိုက်သလိုပဲ၊ ပိုပြီး စစ်မှန်တဲ့ တကယ့်လက်တွေ့ ဘ၀ထဲကို ပြန်ထည့်ပေးလိုက်သလို ခံစားရပါတယ်။ ဒါကလည်း ချက်ခြင်းကြီးဖြစ်လာတာတော့ မဟုတ်သေးပါဘူး၊ ဖြတ်သန်းခဲ့ရတဲ့ နေ့လရက်အချိန်တွေ လေလှိုင်းကြားကနေ ဖြတ်လာကြတဲ့ ဒီဆုကို တုန့်ပြန်မှု သတင်းတွေနှင့် ဒီနိုဘယ်ဆုရဲ့ အရေးပါပုံကို ကျွန်မနားလည်လာ ရပါတယ်။ ဒီဆုဟာကျွန်မကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နှင့်လူ့အခွင့်အရေး အတွက် လှုပ်ရှား ရုန်းကန်ရာမှာ ကမ္ဘာရဲ့ အာရုံစိုက်မှုကို ရစေပါတယ်။ ကျွန်မတို့ကို မေ့မသွားကြပါဘူး။

မေ့သွားကြမယ်ဆိုရင။် ပြင်သစ်လူမျိုးတွေပြောတာက ခွဲခြားထားခြင်းဟာ နည်းနည်းခြင်း သေဆုံးဖို့တဲ့။ အမေ့ခံရတယ်ဆိုတာကိုယ်တိုင်ကိုက နည်းနည်းလေး သေဆုံးပျက်စီးကြစေပဲတဲ့။ ဒီလိုသာဖြစ်မယ်ဆိုရင် ကျွန်မတို့ကိုတွယ်ဆက်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ ကျန်တဲ့အပိုင်းတွေနဲ့ တွယ်ဆက်ထားတဲ့နေရာ အချို့ ပြတ်တောက်သွားမှာဖြစ်ပါတယ်။ ကျွန်မ ထိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနှင့် ဒုက္ခသည်တွေ ဆီကို မကြာသေးမီကမှ သွားရောက်တွေ့ဆုံခဲ့ပါတယ် အဲ့ဒီမှာလူအများက ကျွန်တော်တို့ကို မေ့မထားပါနဲ့ လို့အော်ကြတယ်။ သူတို့ဆိုလိုတာက သူတို့ရဲ့ ဒုက္ခတွေကို မေ့မထားပါနဲ့၊ သူတို့ကိုကူညီနိုင်တဲ့ကိစ္စတွေကို မေ့မထားပါနဲ့၊ ကျွန်တော်တို့ကလည်း ခင်ဗျားတို့နဲ့ တစ်ကမ္ဘာတည်းနေနေတာပါဆိုတာမေ့မထားပါနဲ့ပေါ့။ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်တဲ့အခါ ကမ္ဘာက ဖိနှိပ်ခံ၊ သီးသန့်နေထိုင်နေကြတဲ့မြန်မာလူမျိုးတွေကလည်း ဒီကမ္ဘာမြေရဲ့ တစ်စိတ်တပိုင်းပါလား ဆိုတာကိုသတိပြုမိလာကြတယ်။ လူသားတွေအားလုံး အတွက်တစ်ခုတည်းဖြစ်တဲ့ လူသားချင်း စားနာထောက် ထားရမှာတွေကို သတိပြုမိလာကြတယ်။ ဒါကြောင့်ကျွန်မအတွက် နိုဘယ်ငြိမ်းချမ်းရေး ဆုရခြင်းဟာ ကျွန်မရဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို မြန်မာနိုင်ငံရဲ့ တစ်ခုတည်း အတွက် မဟုတ်ပဲနိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန် ထွက်သွားစေပါတယ်။ ဒီဆုဟာ ကျွန်မ နှလုံးသား တံခါးကို ပွင့်သွားစေပါတယ်။

မြန်မာတွေရဲ့ ငြိမ်းချမ်းရေးနှင့် ပတ်သက်လို့ ခံယူချက်ကတော့ ဘေးဒုက္ခတွေနဲ့ မကောင်းမှုတွေကနေ ရပ်တန့်သွားတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုခံစားချက်လို့ ဆိုပါတယ်။ ငြိမ်းချမ်းဆိုတဲ့ စကားနှစ်လုံးကပဲ တိုက်ရိုက်ဘာသာပြန်ရင် မီးငြိမ်းသွားတဲ့အခါမှာ ဖြစ်တဲ့ ကောင်းမွန်တဲ့အေးချမ်းမှုလို့ ဆိုပါတယ်။ ဆင်းရဲတဲ့ခံစားမှုနှင့် အကြမ်းဖက်မှုကြောင့် ဖြစ်လာတဲ့မီးတွေဟာ ကမ္ဘာမှာ တဟုန်းဟုန်းတောက် လောင်နေပါတယ်။ ကျွန်မရဲ့ နိုင်ငံအတွင်းမှာရော မြောက်ဖက်ပိုင်းက ရန်မီးတွေကလည်း မငြိမ်းသေးသလို အနောက်ဘက်မှာလည်း အကြမ်းဖက်မှုတွေကြောင့် မီးရှို့ဖျက်စီးမှုတွေ၊ လူသတ်မှုတွေ ဟာလည်း ကျွန်မဒီခရီးမထွက်ခင် ရက်အနည်းငယ် အတွင်းကမှ ပေါ်ပေါက်လာခဲ့ပါတယ်။ ကမ္ဘာမြေရဲ့ အခြားနေရာက ရက်စက်မှုတွေရဲ့သတင်း တွေလည်း အများကြီးရှိပါတယ်။ ငတ်ပြတ်မှုသတင်းတွေ၊ ရောဂါဘယတွေ၊ တိုက်ခိုက်အနိုင်ယူတာတွေ၊ အလုပ်လက်မဲ့တွေ၊ ဆင်းရဲမွဲတေမှုတွေ၊ တရားမမျှတမှုတွေ၊ ခွဲခြားဆက်ဆံ ခံရတာတွေ၊ အယူဝါဒအစွဲတွေ၊ ကိုယ့်အယူဝါဒနဲ့မတူရင် နှိပ်ကွပ်တာတွေ ဟာဆိုရင် နေ့စဉ်တွေ့နေရပါတယ်။ နေရာတိုင်းမှာ ငြိမ်းချမ်းမှုကို တိုက်စားပစ်တဲ့ အဖျက်အမှောင့် အင်အားတွေ ဆိုတာရှိပါတယ်။ နေရာတိုင်းမှာ ကမ္ဘာကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စည်းချက်ညီညီ ဖွံ့ဖြိုးဖို့ထိမ်းသိမ်းရန်လိုအပ်တဲ့ ပစ္စည်းနဲ့ လူ့စွမ်းအားအရင်း အမြစ်တွေ အလဟသတ်ဆုံးရှုံးနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။

ပထမကမ္ဘာစစ်ဟာဆိုရင် ကမ္ဘာမြေအတွက် ကောင်းတဲ့အင်အားတွေဖြစ်စေမယ့် လူငယ်တွေနဲ့ သူတို့ရဲ့ အလားအလာတွေ ဆိုးဝါးစွား ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ အဲ့ဒီခေတ်က ကဗျာတွေဟာ ဆိုရင် ကျွန်မအတွက် အထူးပဲ အရေးပါလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မစဖတ်တဲ့ အချိန်ဟာဆိုရင် ဒီလို ပွင့်ခါနီးမှာ အညွန့်ချိုးခံလိုက်ရတဲ့ လူငယ်တွေ အရွယ်မို့ပါ။ ပြင်သစ်တပ်တွေနဲ့အတူတိုက်နေရတဲ့ အမေရိကန် လူငယ်လေးတစ်ယောက်ဆိုရင် ၁၉၁၆ တိုက်ပွဲမှာမကျခင် ဒီလိုရေးသားခဲ့ပါတယ် `အငြင်းပွားဖွယ်ရာ ရှေ့တန်းစစ်မျက်နှာ အချို့မှာ´ `ဒဏ်ရာများနဲ့ပြည့်နှက်နေတဲ့ စစ်မျက်နှာပြင် တောင်စောင်းတွေမှာ´ `မီးတွေတဟုန်းဟုန်း တောက်နေတဲ့ မြို့ကြီးတွေဆီမှာ´။ လူငယ်တွေနှင့် ချစ်ခြင်းမေတ္တာနှင့် ဘ၀တွေဟာဆိုရင် အေးစက်တဲ့ အဓိပ္ပာယ်မဲ့ လုပ်ရပ်တွေ အောက်မှာ မထင်မရှား၊ လူမသိ ထာဝရ တိမ်မြုပ်ခဲ့ရတယ်။ ဘာအတွက်လည်း။ ၁၀ စုနှစ်တစ်ခုသာ ကုန်ခဲ့တယ် ကျေနပ်တဲ့ အဖြေမျိုး မရသေးပါဘူး။

ကျွန်မတို့ရဲ့ လူ့ဘောင်ကြီးနှင့် အနာဂတ်ကို အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေ၊ မရေရာမှုတွေ ကနည်းအောင်မလုပ်နိုင်ရင် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့မခံစားရဘူးလား။ စစ်ဆိုတာ ငြိမ်းချမ်းရေး အသတ်ခံလိုက်ရတဲ့ ကြိုးဝိုင်းတစ်ခုပါပဲ။ ဘယ်လိုပဲ ဒီဒုက္ခ သုက္ခတွေ လျစ်လျူရှုခံရပါစေ ဒီလိုခံရတာတွေအတွက် အငြင်းပွားမှုတွေ၊ ခွဲခြားခံရတယ်လို့မြင်လာတာတွေ၊ မတရားခံရမှုအတွက် ဖြစ်ပေါ်လာတဲ့ မကျေနပ်ချက်တွေ၊ ဒေါသတွေ ကတော့ တစ်ချိန်ချိန်မှာ အညောင့်ပေါက်လာကြမှာပါ။

အကျယ်ချုပ် နေလိုက်ရတဲ့ ကောင်းတဲ့အချက်တစ်ခုကတော့ ကျွန်မဘ၀မှာ သိလာ ခံယူလာတဲ့အမြင်တွေ၊ နဲ့စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းတွေးဆဖို့ အချိန်အလုံ အလောက်ရခဲ့တာပါပဲ။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဒုက္ခဆိုတဲ့ စကားလုံးကို ငယ်ငယ်တည်းက ရင်းနှီးခဲ့ပါတယ် ယေဘုယျဒုက္ခဆိုတာ ခံစားရခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ နေ့တိုင်းလိုလို ကျွန်မနားက လူကြီးတွေနဲ့ တစ်ချို့သိပ်မကြီးသေးတဲ့ သူတွေပါ သူတို့နည်းနည်း နာတာကျင်တာခံစားရတဲ့ အခါမှာဖြစ်ဖြစ်၊ အသေးအဖွဲ စိတ်ညစ်စရာလေးတွေ ကြုံရင်ပဲဖြစ်ဖြစ် ဒုက္ခ ဒုက္ခ ဆိုပြီး ညည်းနေကြတယ်။ ဒါပေမယ့် ကျွန်မ နေအိမ် အကျယ်ချုပ်နဲ့ နေရတဲ့အချိန်မှာမှာ ဒုက္ခဆင်းရဲခြောက်မျိုး အကြောင်းကို သေချာလေ့လာခွင့်ရခဲ့တာပါ။ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်ခင်သူနှင့်ခွဲခွာရခြင်း၊ မချစ်ခင်သူနဲ့ အတူတကွနေရခြင်း တို့ဖြစ်ပါတယ်။ ကျွန်မဟာ ဒီခြောက်ချက်ကို နေ့စဉ်ဘ၀မှာ ဘာသာရေးအမြင်နဲ့မဟုတ်ပဲ လောကီအမြင်နဲ့ လေ့လာပါတယ်။ ဒီဒုက္ခတွေဟာ ကျွန်မတို့ ရဲ့ဘ၀မှာ ရှောင်လို့မရနိုင်ရင်၊ လက်တွေ့ကျကျ လျော့နည်းနိုင်သမျှ နည်းအောင်လုပ်ရမယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးပြီးချိန်မှာ မိခင်နှင့်ကလေး စောင့်ရှောက်မှုအတွက် အစီအစဉ်တွေကိုပိုပြီး ထိထိရောက်ရောက် ဖြစ်အောင်လုပ်ပေးရမယ်၊ သက်ကြီးရွယ်အိုတွေ အတွက် လိုအပ်တဲ့ ၀န်ဆောင်မှုတွေကိုပေးနိုင်ရမယ်၊ ကျန်းမာရေးအခြေခံစောင့်ရှောက်မှု တွေ၊ မေတ္တာစေတနာနှင့်သုနာပြုစုမှုတွေ၊ နောက်ဆုံးနေ၀င်ချိန်မှာ စောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းတွေကို ကောင်းကောင်း ဖြည့်ဆည်းပေးရမယ်။ နောက်ကကျန်တဲ့ ချစ်သောသူနှင့် ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနှင့် အတူနေရခြင်းဆိုတဲ့ဒုက္ခ နှစ်မျိုးကို ကျွန်မပိုပြီး စိတ်ဝင်စား အလေးပေးမိပါတယ်။ ကျွန်မတို့ရဲ့ ဗုဒ္ဓဘုရားရှင်ဟာသူကိုယ်တိုင် ဘာလို့ဒီနှစ်မျိုးကို သူဘာတွေ ကြုံတွေ့ခဲ့ဘူးလို့ ဒုက္ခထဲမှာ ထည့်ခဲ့တာပါလိမ့်။ ကျွန်မကတော့ အကျဉ်းသားတွေ၊ ဒုက္ခသည်တွေ၊ ရွေ့ပြောင်း အလုပ်သမားတွေ၊ လူကုန်ကူးခံရတာ သူတွေဟာဆိုရင် အစုလိုက်အပြုံလိုက်ကို သူတို့ရဲ့နေရာဒေသ၊ အိမ်တွေ၊ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေဆီ ကနေပြီး လိုလိုလားလားမရှိတဲ့ တစိမ်းတရံစာ ကြားတွေထဲမှာနေဖို့ ဆွဲနှုတ်ပြောင်းရွေ့ ခံခဲ့ရသလိုပါပဲ။

ကျွန်မတို့ဟာ လူ့အခွင့်အရေးအပြည့်နှင့် အထောက်အကူ ကောင်းကောင်းနှင့် အသက်အရွယ် ကြီးသည်အထိ မိမိတို့ဆန္ဒအလျောက် ဒါမှမဟုတ် လိုအပ်ချက်အလျောက် နေရနေရမယ်ဆိုရင်ကံကောင်းပါတယ်။ ကျွန်မဟာလည်း ဒီအသက်အရွယ်ထိ ဒီလိုအကျဉ်းသားတွေရဲ့ အရေးကို နေရာတိုင်းမှာ လူတိုင်းစိတ်ဝင်စား တဲ့အချိန်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေကို တစ်ကမ္ဘာလုံး မဟုတ်တောင် တော်တော်များများက လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဆိုပြီး လက်ခံလာတဲ့ အချိန်ထိနေရတာ ကံကောင်းပါတယ်။

နေအိမ်အကျဉ်းကျနေတဲ့ အချိန်တော်တော်များများမှာ ကျွန်မဟာ လူအခွင့်အရေး ကြေငြာစာတမ်းက အကြိုက်ဆုံး စာပိုဒ်တွေကနေပြီးတော့ အားအင်တွေ မွေးယူခဲ့ရပါတယ်။

……….လူသားတွေ ရသင့်တဲ့အခွင့်အရေးကို မရတာ မျက်ကွယ်ပြုတာဟာ ဆိုရင် ရိုင်းစိုင်းပြီး လူမဆန်တဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ လူသားတိုင်း လွတ်လပ်စွာ ပြောဆိုယုံကြည်ခွင့်တွေရလာမယ့် အချိန်၊ အကြောက်တရားတွေ ကင်းပြီး လူသားတိုင်း ရသင့်တဲ့အမြင့်ဆုံးအခွင့်အရေးတွေ လိုအပ်ချက်တွေကို ရလာမယ့်အချိန်………

…… လူသားတွေဟာ အနန္တရာယ်ရှိတဲ့ အလုပ်မျိုးကို အဓမ္မ ခိုင်းစေခံရတာမျိုးကို ကြံရာမရလို့ဖြစ်စေ၊ အာဏာသုံး၍ မတရားခိုင်းစေတာမျိုး၊ ဖိနှိပ်တာမျိုး မဖြစ်အောင် လူ့အခွင့်အရေးကို တရားဥပဒေနဲ့ ကာကွယ်သင့် ပါတယ်….

ကျွန်မကို မြန်မာနိုင်ငံမှာ လူအခွင့်အရေး လှုပ်ရှားမှုတွေဘာကြောင့် လုပ်နေရသလဲလို့ မေးလာရင် အပေါ်က စာပိုဒ်တွေဟာအဖြေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကဒီမိုကရေစီဆန်တဲ့ အဖွဲအစည်းနှင့် လုပ်ဆောင်မှုတွေဟာ လူ့အခွင့်အရေးကို အာမခံချက်ပေးဖို့အတွက်လိုအပ်တယ်ဆိုတာကိုယုံတယ်။

ပြီးခဲ့တဲ့နှစ်တွေကဆိုရင် မြန်မာနိုင်ငံက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေဟာ ယုံကြည်သူတွေ အတွက်ဆိုရင် စတင်ပြီး အသီးအပွင့်တွေခံစားရမယ့် လက္ခဏာမျိုးတွေ့လာရပါပြီ။ ကောင်းတဲ့ဘက်ကို ပြောင်းလဲမှုမျိုးကိုမြင်နေ ရပြီ၊ ဒီမိုကရေစီစနစ်ဖြစ်ဖို့အတွက် ခြေလှမ်းတွေစတင်နေပြီလို့မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မ ဟာသတိကြီးကြီးနဲ့ အကောင်းအမြင် ၀ါဒကို လုပ်ဆောင်နေတယ် ပြောလို့ရပါတယ် ဒါဟာ ကျွန်မ နောက်အနာဂါတ်ကို မယုံလို့မဟုတ်ပါဘူး ဒါဟာကျွန်မ မျက်ကန်းမြင် ယုံကြည်မှုမျိုး မဖြစ်စေချင်လို့ သတိကြီးကြီးနဲ့ လုပ်ဆောင်နေတာပါ။ အနာဂါတ်ကို မယုံပဲနှင့်၊ ဒီမိုကရေစီ စံနှုန်းတွေအပေါ် ခိုင်မာတဲ့ ယုံကြည်ချက်မျိုးမရှိပဲနှင့် လူအခွင့်အရေး အခြေခံအချက်တွေဟာ ကျွန်မတို့လူ့အဖွဲ့အစည်းမှာ တကယ်လိုအပ်တာမက ဖြစ်နိုင်ခြေတယ် ဆိုတာမျိုးပါ မယုံပဲနှင့် ကျွန်မတို့လှုပ်ရှားမှု ဟာဒီလို ခက်ခဲကြမ်းတမ်း တဲ့နှစ်တွေမှာ ကြံ့ကြံ့ခံတည်တံ့ လာဖို့မလွယ်ပါဘူး။ တချို့တချို့သောကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေ သူတို့ရဲ့ရပ်တည်ချက်တွေကနေ ပြိုလဲခဲ့တယ်၊ ကျွန်မတို့ကိုစွန့်ခွာခဲ့တယ်၊ တကယ့်ကို စိတ်ဓါတ်ခိုင်မာတဲ့ အမာခံတွေပဲ ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်နှင့် ကျန်ခဲ့ပါတယ်။ ကုန်ခဲ့တဲ့နှစ်တွေကိုပြန်ကြည့်မယ်ဆိုရင် ဒီလိုခက်ခက်ခဲခဲ ကျိုးစားလုပ်ဆောင်ရတဲ့ အချိန်တွေမှာ သစ္စာရှိရှိ ကျန်ခဲ့တဲ့သူတွေ တော်တော်များတယ် ဆိုတာကျွန်မ အံ့သြမိတယ်။ ကျွန်မတို့ရဲ့လမ်းကြောင်းအပေါ် သူတို့က မျက်ကန်းယုံတာမျိုး မဟုတ်ဖူး၊ သေချာမျက်လုံးဖွင့် လေ့လာပြီး၊ သူတို့ကိုယ်ပိုင်စွမ်းအားနဲ့ ကြံ့ကြံ့ခံပြီးမှ ကျွန်မတို့ပြည်သူတွေရဲ့ စိတ်အားထက်သန်မှုကို လေးစားတဲ့အနေနှင့် ကျန်ခဲ့တာပါ။

အခုကျွန်မ ရှင်တို့နဲ့ စကားပြောနေနိုင်တာကလဲ ကျွန်မတို့နိုင်ငံရဲ့မကြာခင်ကပြောင်လဲခဲ့မှုတွေကြောင့်ပါ။ ဒီပြောင်းလဲမှု တွေကလည်း သင်တို့ကြောင့်နှင့် တခြားသော လွတ်လပ်ရေးနှင့် တရားဥပဒေကို မြတ်နိုးသူတွေ ကနေပြီးတော့ ကျွန်မတို့အခြေအနေကို တစ်ကမ္ဘာလုံး သတိထား မိလာအောင် လုပ်ဆောင်နိုင်မှု တို့ကြောင့်ပါပဲ။

ကျွန်မနိုင်ငံ အကြောင်းဆက်မပြောခင် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကိစ္စ နည်းနည်းပြောချင်ပါတယ် ဒီလိုအကျဉ်းသားတွေ မြန်မာနိုင်ငံမှာရှိနေသေးပါတယ်။ လူသိများတဲ့ ယုံကြည်ချက်အကျဉ်းသားတွေ လွတ်လာသော်လည်း လူသိမများတဲ့ သူတွေကျန်ပါသေးတယ် သူတို့အမေ့ခံ နေရမှာကို ကြောက်မိပါတယ်။ ကျွန်မဟာအခုဒီမှာရပ်နေရတာဟာလည်း တစ်ချိန်က ကျွန်မကိုယ်တိုင် ယုံကြည်ချက် အကျဉ်းသား တစ်ယောက်ပါ။ ကျွန်မကိုကြည့်နေတုန်း ကျွန်မပြောတာ နားထောင်နေတုန်း မှာ ယုံကြည်ချက်အကျဉ်းသားဟာ တစ်ယောက်ပင်ဖြစ်ပါစေ များလွန်းတယ်ဆိုတဲ့ ဘယ်အခါမှမပြောင်းလဲတဲ့ အမှန်တရားကို သတိရကြပါ။ ကျွန်မတို့နိုင်ငံမှာ မလွတ်ကြသေးတဲ့သူတွေ၊ တရားဥပဒေ စိုးမိုးမှုမခံရသေးတဲ့ သူတွေဟာ တစ်ယောက်မက များပါတယ်။ ကျေးဇူးပြု၍ သူတို့ကိုမမေ့ပါနှင့်၊ သူတို့ကိုမြန်မြန်နှင့် ချွင်းချက်မရှိ လွတ်ပေးနိုင်ရန် သက်ရောက်စေမဲ့ မည်သည့်လုပ်ရပ်ကို မဆိုလုပ်ဆောင်ပေးကြပါ။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားတာဖြစ်ပါတယ် နိုင်ငံရဲ့ အနာဂါတ်ကို ယုံကြည်စွာနဲ့ တည်ဆောက်ဖို့ရန် တစ်ခုတည်းသောအရာမှာ စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓါတ်ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ထဲက လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့် တစ်နိုင်ငံလုံးအေးချမ်းတည်ငြိမ်မှုရှိခဲ့တယ်ဆိုတဲ့ အချိန်မျိုးမရှိခဲ့ပါဘူး။ ပြသနာတွေရဲ့အရင်းမြစ်ကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ယုံကြည်မှုနှင့် နားလည်းမှုကို မတည်ဆောက်နိုင်ခဲ့ပါဘူး.။ ၁၉၉၀ မှ ၂၀၁၀ ကြားအပစ်အခတ်ရပ်ဆဲရေးကြောင့် တောက်ပလာတဲ့ မျော်လင့်ချက်တွေဟာ ဆိုရင် ပြီးခဲ့တဲ့ လတွေက ဖြစ်ရပ်တွေကြောင့် ပြိုလဲခဲ့ရပါတယ်။ တစ်ချက်တည်းသော မဆင်မခြင် လုပ်ရပ်တွေဟာဆိုရင် နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ အပစ်အခတ်ရပ်စဲရေး ကိုတစ်ခါတည်း ရပ်တန့်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့လတွေကဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ တိုးတက်အောင်မြင်တာကို တွေ့ရပါတယ်။ ကျွန်မယုံကြည်တာက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ဟာ လူတွေရဲ့ လိုလားချက်နဲ့ ပြည်ထောင်စု စိတ်ဓါတ်အပေါ်မှာ မူတည်ပြီး နိုင်ငံရေး တည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေမှာပါ။

ကျွန်မရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျွန်မဟာ တိုင်းရင်းသား ပြန်လည် သွေးစည်းညီညွတ်ဖို့ အတွက် ကျရာကဏ္ဍမှ ပါဝင်ရန် အသင့်ရှိပါတယ်။ ပြန်လည်သင့်မြတ်ရေး လှုပ်ရှားမှုများဟာဆိုရင် သမ္မတကြီး ဦးသိန်းစိန် အစိုးရရဲ့စတင်ပေးခဲ့ပြီး အမြဲတမ်း အကောင်အထည်ပေါ် ခိုင်မြဲနေစေဖို့ကတော့ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ မီဒီယာတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေ နှင့် အရေးအကြီးဆုံးဖြစ်တဲ့ ပြည်သူတစ်ရပ်လုံးက ပါးပါးနပ်နပ် ပါဝင် ဆောင်ရွက်ကြဖို့လိုပါတယ်။

ပြည်သူတွေရဲ့ ဘ၀တွေတိုးတက်မှုရှိတယ်ဆိုမှ ပြန်လည်သင့်မြတ်ပေါင်းစည်းတာအောင်မြင်တယ် လို့ ကျွန်မတို့ ဆိုနိုင်ပါလိမ့်မယ်၊ ဒီနေရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဖွံ့ဖြိုးမှုနှင့် လူသားခြင်းစာနာထောက်ထားသောကူညီမှုများ၊ နှစ်ဦးနှစ်ဖက် သဘောတူညီမှုများနှင့် ရင်းနှီးမြုပ်နှံမှုများကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးပြီး၊ လူမှုဘ၀တိုးတက်စေရန်၊ နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှု ဘက်ညီ၍ ရေရှည်ဖြစ်စေရန် အမြဲတိုင်းတာ စောင့်ကြည့်ထိန်း သိမ်းပေးဖို့လည်းလိုပါသည်။ ကျွန်မတို့ နိုင်ငံဟာ အလားအလာ အလွန်ကောင်းတဲ့ နိုင်ငံဖြစ်တယ်။ ဒီအလားအလာကို ဖော်ထုတ်ပြီး တိုးတက်အောင် လုပ်ယူပြီး တိုးတက်တဲ့နိုင်ငံဖြစ်ယုံသာမက လူအခွင့်အရေး ပြည့်ဝတဲ့နိုင်ငံ ကျွန်မတို့ပြည်သူလူထု ငြိမ်းငြိမ်းချမ်းချမ်း၊ လွတ်လွတ်လပ်လပ်နှင့် လုံခြုံမှုရှိတဲ့ ဒီမိုကရေစီဆန်တဲ့ လူ့အဖွဲ့အစည်းမှာ နေနိုင်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ကျွန်မတို့ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးဟာ ခွဲခြားလို့မရပါဘူး။ ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆို မကောင်းတဲ့အား က ကောင်းတဲ့အားထက်သာနေရင် ကျွန်မတို့အားလုံး ဒုက္ခရောက်နိုင်ခြေရှိတယ်။ မကောင်းတဲ့အားတွေ အကုန်လုံးကိုရော ဖယ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ရိုးရှင်းတဲ့အဖြေကတော့ မထုတ်နိုင်ဘူးလို့ ပဲဖြစ်ပါတယ်။ အကောင်းနှင့်အဆိုး တွဲပြီးရှိနေတတ်တာ လူ့သဘာဝပါ။ ဒါပေမယ့် လူရဲ့ စွမ်းအားနဲ့ ကောင်းတဲ့ဘက် ပိုများလာအောင် မကောင်းတဲ့ဘက် နည်းသွားအောင်၊ ပျက်သွားအောင် လုပ်လို့ရပါတယ်။ ရာနှုန်းပြည့် ငြိမ်းချမ်းမှုကတော့ ဒီကမ္ဘာမှာ မရနိုင်တဲ့ရည်မှန်းချက်ပါ။ ဒါပေမယ့် ကျွန်မတို့ဟာ ငြိမ်းချမ်းရေးဘက်ကို ဦးတည်ပြီး ခရီးဆက်သွားရမှာဖြစ်သလို၊ မျက်လုံးတွေကလည်း ကန္တာရခရီးသွား လမ်းပြကြယ်တွေကို လမ်းမပျောက်အောင် မမှိတ်မသုန်ကြည့်နေသလို ငြိမ်းချမ်းရေးကိုဦးတည်ပြီး ကြည့်နေရပါမယ်။ ပြစ်မျိုးမှဲ့မထင် ငြိမ်းချမ်းရေးမျိုး ကဒီကမ္ဘာမှာမရှိလို့ မရနိုင်ရင်တောင် ငြိမ်းချမ်းရေးရဲ့ ရဖို့အခြေခံ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေနှင့် လူတစ်ဦးချင်း၊ နိုင်ငံတစ်ခုချင်းစီကို ယုံကြည်မှုနှင့် မိတ်ဖွဲ့နေကြမယ်ဆိုရင်၊ လုံခြုံပြီး မေတ္တာတရားနှင့် ပို၍ကြင်နာတက်သော လူ့ဘောင်အဖွဲ့အစည်းကြီး တည်ဆောက် နိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

ကျွန်မ ပို၍ကြင်နာတက်သော ဆိုတဲ့စကားလုံးကို သေချာစဉ်းစားပြီးမှ သုံးခဲ့တာပါ စဉ်းစားတာ နှစ်ပေါင်းများစွာ ကြာတယ်လို့တောင် ဆိုနိုင်ပါတယ်။ ချိုတယ်ဆိုတဲ့ အရသာအမျိုးမျိုး ရှိတဲ့အထဲက၊ ကျွန်မကို ဒီအရသာ အများကြီး မရှိဘူးလို့တောင် ပြောခွင့်ပေးပါ၊ ကျွန်မ အချိုမြိန်ဆုံးသော အရာကိုတွေ့ရှိခဲ့ပါတယ်….။ အားလုံထဲမှာမှ တန်ဖိုးလည်း အရှိဆုံး ဖြစ်တဲ့ ကျွန်မသိခဲ့ရတာကတော့ အကြင်နာ မေတ္တာတရားရဲ့တန်ဖိုးကို သိခဲ့ရတာပဲဖြစ်ပါတယ် တွေပဲဖြစ်ပါတယ်။ ကျွန်မရခဲ့သမျှ အကြင်နာမေတ္တာတွေဟာ ကြီးကြီးဖြစ်ဖြစ်၊ သေးသေးဖြစ်ဖြစ် သေချာစေတာကတော့ ဒီကမ္ဘာကြီးမှာ အကြင်နာမေတ္တာ တရားပိုသွားတယ်ဆိုတာ မရှိပါဘူး။ ကြင်နာတက်ဖို့ဆိုတာကတော့ သူုတပါး မျှော်လင့်ချက်နဲ့ လိုအပ်ချက်တွေကို စာနာနားလည်ပြီး လူသားဆန်တဲ့နွေးထွေးမှု နဲ့တုန့်ပြန်ပေးရမှာ ဖြစ်ပါတယ်။ အကြင်နာတရားနှင့် ခဏလေး ထိတွေ့ကိုင်တွယ်လိုက် တာလေးသည်ပင် နှလုံးသားကို အင်အားဖြစ်စေပါတယ်။ အကြင်နာမေတ္တာတရားက လူသားတွေရဲ့ဘ၀ကို ပြောင်းလဲစေနိုင်ပါတယ်။ နော်ဝေ နိုင်ငံဟာဆိုရင် အကြင်နာ တရားရဲ့ ပြယုဒ်တစ်ခုပါပဲ ကမ္ဘာမြေရဲ့ တစ်နေရာက အဖယ်ခံလိုက်ရတယ် သူတွေအတွက် နေစရာပေးတယ်။ သူတို့နိုင်ငံက မလွတ်လပ်လို့ မလုံခြုံလို့ တိမ်းရှောင်လာတဲ့ သူတွေကို ပုန်းအောင်းစရာ နေရာပေးတယ်။

ကမ္ဘာရဲ့ဘယ်နေရာမှာမဆို ဒုက္ခသည်ဆိုတာရှိတာပဲ. ကျွန်မ ထိုင်းနိုင်ငံ မယ်လ ဒုက္ခသည် စခန်းမှာတုန်းက တကယ့်ကိုပဲ ကိုယ့်လိုသူတွေရဲ့ဒုက္ခတွေ ပင်ပန်းဆင်းရဲမှုတွေကနေ ကင်းလွတ်အောင်လို့ နေ့တိုင်း အားကြိုးမာန်တက် လုပ်ဆောင်နေတာ တွေ့ရတယ်။ သူတို့ စိုးရိမ်တာက အလှူရှင်တွေ မရတော့မှာ သေအချာပြောရရင် စာနာထောက်ထားမှုတွေ လျော့လာမှာ။ အလှူရှင်တွေ လျော့ရင် တော့ ရန်ပုံငွေတွေ လျော့ မယ်။ နောက်တစ်ခုက ပထမတစ်ခုရဲ့ရလာဒ်ပါ စာနာထောက်ထားမှု လျော့တာ ကတော့ ဂရုစိုက်မှုတွေလျော့ကုန် တာပေါ့။ ဒါကိုကျွန်မတို့ တားနိုင်မလား။ ဒုက္ခသည်တွေရဲ့လိုအပ်ချက်က များလာပြီး မျက်လုံးကန်းတာမဟုတ်ရင် ဒုက္ခရောက်နေတာတွေကို မမြင်ခြင်ယောင်ပဲဆောင်လိုက်တာများလား။ ကမ္ဘာပေါ်မှာရှိတယ် အလှူရှင်တွေကို ကျွန်မ မေတ္တာရပ်ခံလိုတာက ခိုလှုံဖို့အတွက် မရေမရာ ရှာနေတဲ့ သူတို့ရဲ့ လိုအပ်ချက်လေးတွေကို ဖြည့်ပေးဖို့ပါ။

မယ်လမှာတုန်းကဆိုရင် ဒီစခန်းနဲ့ တခြားသော ဒုက္ခသည်စခန်းတွေရှိတဲ့ တပ်ဒေသက ထိုင်းအာဏာပိုင်တွေနှင့် အဖိုးမဖြတ်နိုင်တဲ့ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ သူတို့က ဒုက္ခသည်စခန်းနှင့် ပတ်သတ်တဲ့ အရေးကြီးတဲ့ပြသနာတွေ ပြောပြတယ်။ သစ်တောဥပဒေ ချိုးဖောက်တာတွေ တရားမ၀င် ဆေးဝါးသုံးစွဲမှုတွေ၊ ချက်အရက်တွေ၊ ငှက်ဖျားရောဂါပြသနာတွေ၊ သွေးလွန်တုပ်ကွေးနှင့် ၀မ်းရောဂါတွေပေါ့။ အာဏာပိုင်တွေ ပူပန်တာကလည်း ဒုက္ခသည် တွေပူပန်တာလိုမျိုးပဲ။ လက်ခံတဲ့နိုင်ငံက လည်း သူတို့ရဲ့ တာဝန်ဝတ္တရားတွေနှင့် ကြုံတွေ့ရတဲ့အခက် အခဲတွေကို ဖြေရှင်းဖို့ စဉ်းစားဖို့နှင့် လက်တွေ့ကျကျ ကူညီနိုင်ဖို့လည်း လိုပါတယ်။

နောက်ပိုင်း ကျွန်မတို့ရဲ့ရည်ရွယ်ချက်က ထွက်ပြေးခိုလှုံလာတဲ့သူတွေ၊ အိမ်ရာမဲ့တွေ၊ ရည်မှန်းချက်မဲ့တွေ မရှိတော့တဲ့ ကမ္ဘာရဲ့ နေရာတိုင်းဟာ နေထိုင်သူတွေဟာ လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် နေရာတွေဖြစ်လာဖို့ပါ။ အတွေးတိုင်း၊ စကားတိုင်း၊ အလုပ်တိုင်းဟာ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ ဘက်က၊ ကုသိုလ်ဘက်က ထည့်ဝင်တဲ့အားတွေဖြစ်ဖို့ လိုပါတယ်။ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီဟာ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ကျွန်မတို့အေးချမ်းစွာ အိပ်စက်ပြီး အေးချမ်းစွာ  နိုးထနိုင်မဲ့ ကမ္ဘာကြီးဖြစ်အောင် ကျွန်မတို့လက်တွေ ခိုင်မြဲစွာတွဲထားပြီး ကြိုးစားကြပါစို့…..။

(အထက်ပါတို့မှာ ဒေါ်အောင်ဆန်းစုကြည်၏ အလွန်ကောင်းသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုယူ မိန့်ခွန်းကို တတ်နိုင်သမျှ  ဘာသာပြန်ထားခြင်း ဖြစ်ပါသည်…. ဘယ်လောက်ပဲ ကြိုးစားပြန်သော်လည်း လူထုခေါင်းဆောင်၏ မူရင်းအဓိပ္ပာယ်နှင့် ပါတိတ်စ အတွင်းနှင့် အပြင်လို ကွာပါသည်…… တုပ်ကွေးမိရက် တန်းလန်းနှင့် live မကြည့်နိုင်သော မြန်မာနိုင်ငံသားများအတွက် မည်သူမှ ဘာသာ မပြန်သေးသောကြောင့် နံနက် ၂း၃၀ အထိ ကြိုးစားပြန်ထားခြင်း ဖြစ်ပါသည်။ အမှားနှင့် အလွဲများရှိခဲ့ပါက ကျွန်တော့် တာဝန်သာ ဖြစ်ပါသည်။ သည်းခံကြပါ။

(Dr ကောင်းမြတ်ကျော်)

အများသိရှိနိုင်ရန် ကြိုးစားဘာသာ ပြန်ပေးသော  (Dr ကောင်းမြတ်ကျော်)အား ကျေးဇူးတင်ပါသည်။။

by Ba Nyar

http://www.thithtoolwin.com/2012/06/blog-post_1921.html

Thursday, June 14, 2012

ငါသိပ်လွမ်းလို့ပါ သီချင်း

http://api.ning.com:80/files/1sLj*myb5WVDlJIdQNtNqqUk8M29-Cap6LPmvCBb9z**hfjBjjKSvZXaTyUPUIuGsjBvmwKhSV8uCy0RucDvYt8-L4sxZ9PZ/NgarthaitlwanLo.swf
>
> ငါသိပ်လွမ်းလို့ .......ရေးhttp://multiply.com/ ညီမှုးအိမ်
> ဆို/ ညီမှုးအိမ်.+ခန့် မင်းပိုင်
>
>
> http://api.ning.com:80/files/-po-5WoWHTZIv1s4ScmNdD*fFUt7ifJSgYCeR3p7CuALvdcTfL823vEIpkaUHPf3QL-HamoabGvMVAnsCpUUNggSmkFcvTTJ/kabyarchitthu.swf
>
> ကဗျာချစ်သူအတွက်ကာရံမညီသော.....
...ရေး....ညီမှုးအိမ်...
> ဆို...ခန့် မင်းပိုင်
>
>
> http://api.ning.com/files/oJw8IzZzA01QAlsvumSZGBexvsubwglRi4qWrSEeuk3qpAEbwyNmSXeX1C91YKs84diWsecQWnqAXaRxm-T0CofKCVjL-Xs3/NetSoe.swf
> နတ်ဆိုး.....ရေး/ဆို..ညီမှုးအိမ်
>
>
> http://api.ning.com/files/K5*DZnx-byaKSoy2lDmK2Uba1gDJZdSvPuIUBH9XPXUsdSPkM20fwYTiq4vEOE8Sl23MyOEzPuhs*xfyb1eYCswuD5j73UEY/yonehtoutchain.swf
> ရုန်းထွက်ချိန်....ရေး/ဆိုညီမှုးအိမ်
>
>
>
> http://api.ning.com/files/A4SIjDw95N2MRuA28S1HuUhYkTOMzNPOLPjM22zNAmYRSBk3IjvKIkkm5lyLF2x*LCM6vE7uJkEeeobRDPBnDzTdDXYfHCo*/pyantantwartot3.swf
> ပျံသန်းသွားတော့ ...ရေး/ဆို..ညီမှုးအိမ်
>
>
> http://api.ning.com/files/Fkoi1sHp00axIHJu4knUY--xZ-x8Ru-RdCf5oWdS9cyo7HfAfeDC0E8SgCmLs-pY4eV5vweG9dDNzakkUAi8seHPDtnPPrTc/chittu3.swf
> အဖြည့်ခံချစ်သူ........ရေး/ဆို...ညီမှုးအိမ်
>
>
>
>
> http://api.ning.com/files/8uayKSz74Zl2DIUe*0r3i3Dkv2fpW-g1J*VfW5HGExZwXjnQG*X6HoEa0VvL4sIZvlMkz12X0OMi7eFZJqHxMMmfbMEaUjN1/taketakelay3.swf
>
> တိတ်တခိုး....ရေး/ဆို..ညီမှုးအိမ်
>
>
>
> http://api.ning.com/files/2-lpoJuYZK38XoHMkc57lntYkSaQhoKzk-HIb6K9hSzGjwRunrGVIHUctrlrhwzYNVEpfm8J75g5Z7VTLOGzoRm35jel3uPR/nme4.swf
> မဆုံနိုင်ခြင်း.....ရေး/ဆို..ညီမှုးအိမ်
>
>
>
> http://api.ning.com/files/rdCV8bRNcU3SQOjaoNiE8dAdHktLCLXlEUKYAH4KgkKEmRUEbeUvgvzZJGh4F8Ego-B6zrRznPdptu*kNB7yRbyxPiEVDoe9/pyanlochintelkhalaybawa.swf
>
> ပြန်လိုချင်တယ်ကလေးဘ၀......ရေး/ဆို....ညီမှုးအိမ်
>
>
> http://api.ning.com/files/a-3Knym1c3jq6PpAloTPzTlceDvFiXloxnegzPMIYW5bhBvVbsS92dK0qLd2FS0npTAmlIsGQLKJooE9x*hyRF7VHM52mnFR/AwAyKaChItThU.swf
> အဝေးကချစ်သူ..............ရေး/ဆို...ခန့် မင်းပိုင်
>
>
> http://api.ning.com/files/V5VvqfoOjiJ2bjou2z-B-f8-0JVsL0Ufn5fH1ymzPRRype9UVCW5EMRDO32qvqCP0Uo*JXk1UkCzjqRes8P7aPWfJdYqV0w4/bullay.swf
> အလွမ်းည........ရေး/မိုးယုန်/ညီမှူးအိမ်/ခန့် မင်းပိုင်
> ဆို/ခန့် မင်းပိုင်.







ငါသိပ်လွမ်းလို့ပါ


မုန်းပါဘူး သက်ပိုင်မှုးရယ်ရည်စူးလို့တိုင်တည်ပါတယ်လွမ်းသမျှကို နွမ်းသမျှကိုမနမ်းခင် ရှောင်သွေကာဖယ်ဒီရင်ထဲဖြေမပြေနိုင် ♥ဖော်ကွာဝေးလို့♥ ♥ငါလွမ်းနေတယ်အချစ်ရယ်♥
အသက်ဝိညာဉ် ရှင်သန်သ၍
မင်းကိုချစ်ခြင်း ငါ့နှလုံးသားမှာ ချိတ်စွဲထားတယ်...
စွန့်လွတ်ခြင်းနဲ့ ပေးဆပ်ရင်း
အလွမ်းလေးတွေ ရင်မှာသိုဝှက်
မျှော်လင့်ရင်းနဲ့နှလုံးသားလေးထဲ
အမြဲစောင့်ကြိုနေပါမယ်
ရောင်စဉ်ခြယ်သော ဒီကောင်းကင်အောက်
 ထာဝစဉ်ချစ်ခြင်း ရှင်သန်ရင်းနဲ့
မင်းဘေးနားမှာ ငါအမြဲရှိတယ်ချစ်သူရယ်....

Wednesday, June 13, 2012

ကျပ်ငွေ၎သိန်းတိတိ ဖူးစာရှင် လေးနဲ့ ရွှေမြိုတော်မှ ပရဟိတ စတုတ္ထု္တအကြိမ် ပူးပေါင်းအလှု




မ ..မ အမျှ...အမျှ..အမျှ..ပေးဝေနေပါတယ်...

အားလုံး ပြုသမျှကုသိုလ်ကို ၃၁ဘုံသားအားလုံး သာဓုခေါ်ဆိုပါရှင်

နောက်ထပ်လည်း သွားလှူဒါန်းမှာဖြစ်တာကြောင့်

ပါဝင်လှူဒန်းပေးဖို့နှိုးဆော်လိုက်ပါတယ်ရှင်


တိုင်းရင်းသားအားလုံးယခု လက်ရှိ ရခိုင်ပြည်နယ်မှာ
ဒုက္ခရောက်နေသည့် ရခိုင်တိုင်းရင်းသားများကို
ဖူးစာရှင်လေးနဲ့ချစ်သူမြို့တော်မှသူငယ်ချင်းများနှင့် စာပေမိတ်ဆွေများအားလုံး
မိမိတတ်နိုင်သည့် ဘက်မှ ပါဝင်ကူညီပေးကြပါ။
မြန်မာပြည်ချစ်မြတ်နိုးသူ စာပေချစ်သူများမှ မိမိတို့ တတ်နိုင်သည့်ဘက်မှ ပြည်ထောင်စုဖွားအချင်းချင်း
စည်းလုံးညီညွှတ်မှု ပိုမိုခိုင်မာလာအောင် ၊ဘယ်သူသွေးခွဲခွဲ
မိမိတို့ တိုင်းရင်းသားချင်း သွေးမကွဲအောင် မိမိတို့ တတ်နိုင်သည့် အပိုင်းဖြစ်သည့်
ကလောင်စွမ်းနဲ့ ဝိုင်းဝန်း ထိန်းသိမ်းကြရအောင်နော်..။

''''' ရင်ထဲနာကျင်ရေးမိသည် ''''
မီးတောက်များနှင့် သွေးသံရဲရဲ
မိကွဲ ဖကွဲ အိုးပြစ်အိမ်ပြစ်
ရန်သူလက်တွင်း သက်ဆင်းသေရ
ဒဏ်ရာရသူ နာကျင်ရသူ
မြန်မာပြည်သား ရခိုင်များထွေ မြန်မာတွေတွက်
ဇာနည်ဘွားတို့ လက်ခြင်းချိတ်ဆက်
ပရဟိတလက် နည်းများမဟူ
အလှူငွေများ လှူဒါန်းရအောင်
နီးနီးဝေးဝေး ပူပင်စိတ်ထား
တတ်စွမ်းသလောက် ဖေးကူရင်းဖြင့်
မြန်မာပြည်သား ပြည်ချစ်သားသမီး
လက်ချင်း ချိတ်ဆက်ထားရအောင်...............



အလှူကို အမြန်ဆုံး ဖြစ်မြှောက်အောင် ဆောင်ရွက်သွားချင်ပါတယ်။

လှူငွေများ ပါဝင်လှူဒါန်းပေးဖို့ကိုဖိတ်ခေါ်ပါတယ်♥ပရဟိတအသင်းသို့♥မမြင် မသိ စာနာတတ်၏

တွဲလက်ခိုင်မာ ပေးဆပ်ခြင်းဖြင့် ကုသိုလ်ဝေဖြာ

မေတ္တာ စေတနာ အကြင်နာ

လက်ခြင်း ချိတ်ဆက်ထားကြတာ

လက်ခြင်းချိတ်ဆက် ပရဟိတလက်






လှူငွေများ ပါဝင်လှူဒါန်းပေး ချင်တယ်ဆိုရင် ဆက်သွယ်ရန်လိပ်စာ



ဆက်သွယ်လှူဒါန်းနိုင်သည့် လိပ်စာ -

မ..မကိုဆက်သွယ်နိုင်ပါတယ်.. mama@fusarshinlay.com

ရန်ကုန် - မင်းသူရိန်၊ ဖုန်း - ၅၄၁ ၃၈၆
ဂျွန်ဖြိုး- 0943195840
ရာမည စင်္ကာပူ ဖုန်း- 98587714 -81957285

မ သူ _ 96605787
မ မေ စင်္ကပူဖုန်း _ 98581733

ကိုငြိမ်း မလေးရှားဖုန်း _ 0169828779

ငြိမ်းချမ်း မလေးရှားဖုန်း +6 0122700943.

ကိုထူးဆန်းထိုင်းဖုန်း -၀၈၉ ၅၀၅၁၅၈၉








မ ..မ


.ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ အတိဒုက္ခရောက်ရှိနေကြသော ဒုက္ခသည်များသို့ (Myanmar Multiply Group) MMG မှ အစားအသောက်နှင့်အခြားလိုအပ်သည်များကို ပရဟိတအဖွဲ့အစည်းတစ်ခု အနေဖြင့် သွားရောက်ကူညီလှူဒါန်းရန်စီစဉ်လျက်ရှိပါသည်။ လတ်တလောအခြေအနေအရ စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည်စခန်းတစ်ချို့သို့ လာမည့်စနေနေ့(၁၆.၆.၂၀၁၂)တွင် သွားရောက်လှူဒါန်းကြမည် ဖြစ်ပါသည်။အ၀တ်အထည်၊ဆေးဝါး၊အစားအသောက်များ နှင့်အလှူငွေများကိုလူသားချင်းစာနာထောက်ထားသောအားဖြင့် ပါဝင်ကူညီလှူဒါန်းနိုင်ကြပါရန် မိတ်ဆွေများအားလုံးသို့အသိပေးအကြောင်းကြားအပ်ပါသည်။


http://multiplygroups.multiply.com/journal/item/1696/1696
ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် မ..မ ဖူးစာရှင်လေးနဲ့ရွှေမြို့တော်မှ
လေးသိန်းကျပ်တိတိ ကိုမင်းသူရိန်ကိုလွှဲပြီး
ယ္ခုလှူဒါန်းပါသည်.............

Sunday, June 10, 2012

ရင်ထဲနာကျင်ရေးမိသည်



'''''  ရင်ထဲနာကျင်ရေးမိသည်  ''''
မီးတောက်များနှင့် သွေးသံရဲရဲ
မိကွဲ ဖကွဲ အိုးပြစ်အိမ်ပြစ်
ရန်သူလက်တွင်း သက်ဆင်းသေရ
ဒဏ်ရာရသူ နာကျင်ရသူ
မြန်မာပြည်သား ရခိုင်များထွေ မြန်မာတွေတွက်
ဇာနည်ဘွားတို့ လက်ခြင်းချိတ်ဆက်
ပရဟိတလက် နည်းများမဟူ
အလှူငွေများ လှူဒါန်းရအောင်
နီးနီးဝေးဝေး ပူပင်စိတ်ထား
တတ်စွမ်းသလောက် ဖေးကူရင်းဖြင့်
မြန်မာပြည်သား ပြည်ချစ်သားသမီး
လက်ချင်း ချိတ်ဆက်ထားရအောင်............... 
အလှူကို အမြန်ဆုံး ဖြစ်မြှောက်အောင် ဆောင်ရွက်သွားချင်ပါတယ်။

လှူငွေများ ပါဝင်လှူဒါန်းပေးဖို့ကိုဖိတ်ခေါ်ပါတယ်♥ပရဟိတအသင်းသို့♥

လှူငွေများ ပါဝင်လှူဒါန်းပေး ချင်တယ်ဆိုရင် ဆက်သွယ်ရန်လိပ်စာ



ဆက်သွယ်လှူဒါန်းနိုင်သည့် လိပ်စာ -

မ..မကိုဆက်သွယ်နိုင်ပါတယ်.. mama@fusarshinlay.com

ရန်ကုန် - မင်းသူရိန်၊ ဖုန်း - ၅၄၁ ၃၈၆
ဂျွန်ဖြိုး- 0943195840
ရာမည စင်္ကာပူ ဖုန်း- 98587714 -81957285

မ သူ _ 96605787
မ မေ စင်္ကပူဖုန်း _ 98581733

ကိုငြိမ်း    မလေးရှားဖုန်း _ 0169828779

ငြိမ်းချမ်း   မလေးရှားဖုန်း +6 0122700943.

ကိုထူးဆန်းထိုင်းဖုန်း -၀၈၉ ၅၀၅၁၅၈၉

မ ..မ




ကျပ်ငွေ၎သိန်းတိတိ ဖူးစာရှင် လေးနဲ့ ရွှေမြိုတော်မှ အကြမ်းဖက်ဒဏ်ခံရသောရခိုင်ပြည်သူများအတွက် ပရဟိတ စတုတ္ထု္တအကြိမ် ပူးပေါင်းအလှု

တိုင်းရင်းသားအားလုံးယခု လက်ရှိ ရခိုင်ပြည်နယ်မှာ
ဒုက္ခရောက်နေသည့် ရခိုင်တိုင်းရင်းသားများကို
ဖူးစာရှင်လေးနဲ့ချစ်သူမြို့တော်မှသူငယ်ချင်းများနှင့် စာပေမိတ်ဆွေများအားလုံး
မိမိတတ်နိုင်သည့် ဘက်မှ ပါဝင်ကူညီပေးကြပါ။
မြန်မာပြည်ချစ်မြတ်နိုးသူ စာပေချစ်သူများမှ  မိမိတို့ တတ်နိုင်သည့်ဘက်မှ ပြည်ထောင်စုဖွားအချင်းချင်း
 စည်းလုံးညီညွှတ်မှု ပိုမိုခိုင်မာလာအောင် ၊ဘယ်သူသွေးခွဲခွဲ
မိမိတို့ တိုင်းရင်းသားချင်း သွေးမကွဲအောင် မိမိတို့ တတ်နိုင်သည့် အပိုင်းဖြစ်သည့်
ကလောင်စွမ်းနဲ့ ဝိုင်းဝန်း ထိန်းသိမ်းကြရအောင်နော်..။

'''''  ရင်ထဲနာကျင်ရေးမိသည်  ''''
မီးတောက်များနှင့် သွေးသံရဲရဲ
မိကွဲ ဖကွဲ အိုးပြစ်အိမ်ပြစ်
ရန်သူလက်တွင်း သက်ဆင်းသေရ
ဒဏ်ရာရသူ နာကျင်ရသူ
မြန်မာပြည်သား ရခိုင်များထွေ မြန်မာတွေတွက်
ဇာနည်ဘွားတို့ လက်ခြင်းချိတ်ဆက်
ပရဟိတလက် နည်းများမဟူ
အလှူငွေများ လှူဒါန်းရအောင်
နီးနီးဝေးဝေး ပူပင်စိတ်ထား
တတ်စွမ်းသလောက် ဖေးကူရင်းဖြင့်
မြန်မာပြည်သား ပြည်ချစ်သားသမီး
လက်ချင်း ချိတ်ဆက်ထားရအောင်...............


အလှူကို အမြန်ဆုံး ဖြစ်မြှောက်အောင် ဆောင်ရွက်သွားချင်ပါတယ်။

လှူငွေများ ပါဝင်လှူဒါန်းပေးဖို့ကိုဖိတ်ခေါ်ပါတယ်♥ပရဟိတအသင်းသို့♥

လှူငွေများ ပါဝင်လှူဒါန်းပေး ချင်တယ်ဆိုရင် ဆက်သွယ်ရန်လိပ်စာ



ဆက်သွယ်လှူဒါန်းနိုင်သည့် လိပ်စာ -

မ..မကိုဆက်သွယ်နိုင်ပါတယ်.. mama@fusarshinlay.com

ရန်ကုန် - မင်းသူရိန်၊ ဖုန်း - ၅၄၁ ၃၈၆
ဂျွန်ဖြိုး- 0943195840
ရာမည စင်္ကာပူ ဖုန်း- 98587714 -81957285

မ သူ _ 96605787
မ မေ စင်္ကပူဖုန်း _ 98581733

ကိုငြိမ်း    မလေးရှားဖုန်း _ 0169828779

ငြိမ်းချမ်း   မလေးရှားဖုန်း +6 0122700943.

ကိုထူးဆန်းထိုင်းဖုန်း -၀၈၉ ၅၀၅၁၅၈၉

မ ..မ

.

Saturday, June 9, 2012

သမိုင်းကိုဘာလို့သင် ကြတာလဲ i like photo

♥အမှန်တရားအတွက်ဆို တရားကိုပြစ်ဓါးကိုချစ်အံ♥


♥အမှန်တရားအတွက်ဆို
တရားကိုပြစ်ဓါးကိုချစ်အံ♥
ဓါးတလက်နဲ့
Photo: အကြံမမှား ၊ ရန်မပွားချင် အမှန်တရားက ငါတို့လက်တွင် ... မမှန်မော်ကြွား ၊ ရန်စော်ကားလျှင် တရားလက်တွင် ဓါးနှင့်ယှဉ်မည် ... ငါတို့သည် တရားလည်းဆောင် ဓါးလည်း ပြောင်၏ ... ငါတို့သည် တရားလည်းမွေး ဓါးလည်း သွေး၏ ... တရားတစ်ဖက် ဓါးတစ်လက်နှင့် မှားကွက်ဖွေရှာ သင် ငါတို့အား မတန်တရာ ရန်မစွာနှင့် ... တရားလည်းသိ ဓါးလည်းရှိသည့် ငါတို့သည် မြန်မာနိုင်ငံသားများဖြစ်ကြ၏
တိုက်ပွဲဝင်တဲ့ ဇာနည်သွေးတွေ
စိတ်ဓါတ်ပြင်းထန် ရဲရတောက် မို့
နောက်မတွန့်ဘူး ဒို့ပြေဒို့မြေ
တလက်မ အထိမခံ
သမိုင်းသစ်မှာ ရာဇ၀င်ချီပြီး
မြန်မာပြည်သား ဇာနည်ဖွားတွေ
သွေးစည်းညီညွတ် ရရာလက်နက်ကိုင်ကာစွဲလို့
တရားတဖက် ဓါးတလက်နှင့်
အမှန်တရားအတွက်ဆို
တိုက်ရင်းသေမည် ညီနောင်တို့ရေညီစေလေ........။
တရားလည်းသိ ဓါးလည်းရှိသည့်
ငါတို့သည် မြန်မာနိုင်ငံသားများဖြစ်ကြ၏
.Photo: အကြံမမှား ၊ ရန်မပွားချင် အမှန်တရားက ငါတို့လက်တွင် ... မမှန်မော်ကြွား ၊ ရန်စော်ကားလျှင် တရားလက်တွင် ဓါးနှင့်ယှဉ်မည် ... ငါတို့သည် တရားလည်းဆောင် ဓါးလည်း ပြောင်၏ ... ငါတို့သည် တရားလည်းမွေး ဓါးလည်း သွေး၏ ... တရားတစ်ဖက် ဓါးတစ်လက်နှင့် မှားကွက်ဖွေရှာ သင် ငါတို့အား မတန်တရာ ရန်မစွာနှင့် ... တရားလည်းသိ ဓါးလည်းရှိသည့် ငါတို့သည် မြန်မာနိုင်ငံသားများဖြစ်ကြ၏
ကမ္ဘာအနှံ့ သွေးခြင်းနှောပြီး
လူကိုမျိုလို့ လူမျိုးပျောက်အောင်
သူတို့လူမျိုး လက်ဝါးကြီးအုပ်
ကမ္ဘာအနှံ့ မျိုးဖြန့်နေတာ
အမျိုးဘာသာ သာသနာအတွက်
လက်သည်းဆိတ်ရင် လက်ထိပ်နာဤ
အမျိုးပျောက်မှာ စိုးကြောက်မိတယ်
မြန်ပြည်သားတွေ သိကြစေ