Pages

Friday, October 31, 2014

ဦးချ ကန်​​တော့တတ်​​သော ​ခွေးလိမ္မာ​လေး

အကန်းများလမ်း​လျှေက်​ထွက်​ခြင်း

အကန်းများ လမ်း​လျှောက်​ထွက်​ခြင်း

ကိ​လေသာများထမ်းပိုးပြီး လမ်း​လျှောက်​ထွက်​​နေကြ၏
စား​ကောင်း​သောအပင်​မှန်းမသိ  မစား​ကောင်း​သောအပင်​မှန်းမသိ
အဆိပ်​သီးများ အဆိပ်​​ရေများ စားသုင်္း​နေမိတာကို
အကန်းများ မမြင်​မကြည့်​တတ်​ဘူး
မျက်​ကန်းများ မျိး​စေ့ချကြတာ ငရဲမျိုး​စေ့များ စိုက်​ပျိုး​နေသလိုပါပဲ
စုံလုင်္းကန်းများဟာ သံသရာကို မမြင်​မကြည့်​တတ်​ဘူး
ထင်​တစ်​လုံးရဲ့​နောက်​ကွယ်​မှာ ခန္ဓာနဲ့​ပေးဆပ်​ပြီး
ဘဝ​တွေ ဆုံးကြတာများတယ်
၃၁ ဘုံမှာခန္ဓာ​ပေါင်းစုံ ဝဲလှည့်​​နေမှာပဲ..

Sunday, September 28, 2014

လေပြေငိုချိန်

 နေညိုရီချိန် လွမ်းနင့်နင့် မလှမ်းဝံလို့
 အဝေးမှပဲမျှော်တော့မည်..
လေပြေငိုချိန် အလွမ်းဆင့်၍
 သခင်အတွက်မို့ မေတ္တာလက်ဆောင် ပါးလိုက်သည်..

Monday, August 11, 2014

ကုသိုလ်တော်ဘုရားအတွင်း မယ်ဇယ်ပင်အောက်တွင် မိတ်ဆွေများအားလုံးနှင့် ရွှေမန်းသူ ရွှေမန်းသားများအားဖိတ်ခေါ်ပါ၏

ညီညွတ်ခြင်းဖြင့်ရှေ့ဆောင်တယ် "အပ္ပမာဒ နှလုံးသား "တို့မောင်မယ်

အပ္ပမာဒ နှလုံးသားကွန်ယက်မှ
မိတ်ဆွေများအားလုံးနှင့် ရွှေမန်းသူ ရွှေမန်းသားများအားဖိတ်ခေါ်ပါ၏
ကုသိုလ်တော်ဘုရားအတွင်း မယ်ဇယ်ပင်အောက်တွင်
ဥပုဒ်နေ့တိုင်း နံက် ၇ နာရီမှ ၁၀နာရီအတွင်းကြွရောက်၍
ဗဟုသုတအဖြာဖြာ
ဆရာတော်များနှင့် ဆွေးနွေး မေးမြန်းတရားနာဖို့ဖိတ်ခေါ်ပါ၏

ရဲရဲတောက်တို့ဇာနည်တွေ သတ္တိခဲတွေ
"အပ္ပမာဒ နှလုံးသား " ညီညွတ်ပေ
တို့အမျိုးဘာသာတို့အရေးကို
တို့ကြိုးစားအစဉ်အမြဲဆောင်ရွက်မလေ
တို့တစ်တွေ တို့တစ်တွေ
မြန်မာပြည်ဟာတို့မြေ
စိတ်ဓါတ်တွေဖြူစေ
စည်းလုံးတဲ့တို့တစ်တွေ
(ညီစေနော် တို့အမြဲနော်)၂
ဆောင်ရွက်ကြစို့တူပျော်ပျော်
(ဘယ်ညာ)၂
(ဇာနည်တွေ ငါတို့တွေ)၂
လာပြီလေ ဇာနည်တွေ ဒီချိန်ခါညီညာစေ...
"အပ္ပမာဒ နှလုံးသားများ "တို့
စည်းလုံးညီညာပေ။
(ဘယ်ညာ)၂.. (ဘယ်)
အာဇာနည်ဘာမထီတို့တွေချီလာပြီ..
အမြင်မှန် အယူမှန်ဖြန့်ဖြူးရှေ့သို့ချီ..
ခိုင်မာသည် ပြိုင်လာမထီ သတ္တိဗျတ္တိညီ
အခက်အခဲတွေ့လည်း နောက်မတွန့်ရှေ့သို့ချီ
ညီညာသည် ပြည်သာမည် ငြိမ်းချမ်းဖို့ကိုရည်
အောင်ပွဲကိုမှန်း ဇွဲနဲ့ရှေ့သို့ချီ။
(ဘယ်ညာ)၂.. (ဘယ်)
သာသနာရောင်ဝါ ဇဗ္မူဒီပါလွမ်းနိုင်စေဖို့ရာ
သာသနာရောင်ဝါ ကမ္ဘာတစ်ခွင်မှာ လွမ်းနိုင်စေဖို့ရာ
ဒီချိန်ဒီခါ ဆောင်ရွှက်ကြဖို့ဝန်းရံစေချင်တာ
ကမ္ဘာအလယ်မှာ ထွန်းပေါက်ရေးအတွက်
ကြိုးစားတို့မြန်မာ
တို့အမျိုးအတွက်တန်ခိုးထက်ဖို့
သယ်ပိုးဆောင်ရွှက်မှာ။
ဂုဏ်ရောင်ထွန်းပြောင်
ပြည်သားကောင်းတွေ
ညီညာစေ..လာပြီလေ
ညီညွတ်ရေးရှေ့ဆောင်ပေ.. သာကီမျိုးဟေ့..တို့တစ်တွေ။
ညီညွတ်ခြင်းနဲ့ရှေ့ဆောင်တယ်... "အပ္ပမာဒ နှလုံးသား "တို့မောင်မယ်

အလကာင်္မင်းခေါင်နှင့် King Saye

ခင်မင်မှုများစွာဖြင့်လေးစားစွာဖြင့်ဖိတ်ခေါ်ပါ၏

 


စာပေချစ်မိတ်ဆွေများအားခင်မင်မှုများစွာဖြင့်
မ..မ

Saturday, July 12, 2014

ဖောင်ဇင်းဆရာတော်ဘုရား အရိုးတော်ဖောင်ဇင်း ဓါတ်တော်များ


 
ဖောင်ဇင်းဆရာတော်ဘုရား ဓါတ်တော်
ဖောင်ဇင်းဆရာတော်ဘုရား အရိုးတော်
စဉ်ကိုင် သို့ဝါဆိုလပြည့်နေ့မှာ သွားရောက်ကြည်ညိုခဲ့ခြင်းပါ။
သူငယ်ချင်းများ လေ့လာ ကြည်ညိုနိုင်စေရန် မျှဝေခြင်း..စဥ့်ကိုင်မြို့နယ်မှာ တည်ရိုကြောင်း..



 ဆားတောင်ဆရာတော်ဘုရား
ဆားတောင်ဆရာတော်ဘုးရား ရုပ်ကလပ်

စဉ်ကိုင် သို့ဝါဆိုလပြည့်နေ့မှာ သွားရောက်ကြည်ညိုခဲ့ခြင်းပါ။
သူငယ်ချင်းများ လေ့လာ ကြည်ညိုနိုင်စေရန် မျှဝေခြင်း..စဥ့်ကိုင်မြို့နယ်မှာ တည်ရိုကြောင်း..

Wednesday, July 9, 2014

မမအလင်္ကာ/မောင်နိုင်လင်း(ကောလင်း)

(၁)

နှင်းမိုးတို့ရေ
တိုးတိုးလေး ရွာကြပါကွယ်
ဗန်ဒါရွက်ကြွေလေးတွေပေါ်ကျတဲ့
မင်းတို့အသံ
ဟိုမှာ
ဂီတပန်ထားတဲ့ပန်းကလေး လန့်သွားမှာစိုးလို့။

ခွေးခြေခုံအဝါလေးပေါ်က
လွင့်ကျသွားတဲ့မြတ်နိုးခြင်းဟာ
ဗန်ဒါပင်ခြေရင်းမှာ လည်စင်းလို့
သူငယ်ချင်းတို့
စကားကို အဝေးပြော မပြောကြနဲ့ကွာ
ငါ
ကဗျာတစ်ပုဒ်ကို ငေးနေတယ်လေ။

မထင်မှတ်ပဲ
ကျွန်တော့်မြင်ကွင်းထဲ ဝင်လာတဲ့သံစဉ်
ပီုပြင်လွန်းတဲ့စုတ်ချက်နဲ့ပန်းချီကား
ဖြတ်သွားတဲ့ဆိုင်ကယ်မီးရောင်မှာ
သူယောင်မယ်အပြုံးနဲ့ညှို့လို့
မမ မို့ အပြုံးလေးပွင့်ရင်
ကျွန်တော့်ရင်မှာ လွင့်နေအောင်ခါရတယ်။

(၂)

ထိုင်ပါ
ထပါ
ပြုံးပါ
လမ်းလျှောက်ပါ
မမ လက်ထဲက မြေဖြူခဲလေးဟာ
ငါ့အိပ်မက်
မမ လက်ထဲက ဆွယ်တာလေးဟာ
ငါ့အနာဂတ်
ရပ်ပြီးမှ ဆက်စီးသွားတဲ့မြစ်ဆိုတာ
အချစ်မှာ မရှိဘူး။

(၃)

အင်တာနက်
E mail
ဝေးလွန်းတဲ့ဘာသာစကားတွေကို
ငါ နားမလည်ဘူး။

ရွှေဈေး
ကားဈေး
ငါ့ကို လာမမေးကြပါနဲ့
ငါရေးတဲ့ကဗျာမှာ
ငါ့အတွေးရှိတယ်
ငါ့အတွေးမှာ မမ ရှိတယ်။

ဟော့ !
ကြည့်စမ်း
မမ လမ်းလျှောက်လာပုံလေးက
ပန်းလေးတစ်ပွင့် ပွင့်လာသလိုပဲ
ဝတ်ထားတဲ့ဆွယ်တာနီညိုလေးကို ခါးဆွဲချ
ဆိုင်ရှေ့မှာ မမ ရပ်လိုက်ပြီ။

ရီချင်လည်း ရီပါ
လှောင်ချင်လည်း လှောင်ပါ
ကျွန်တော်ပြောတဲ့ အကြောင်းတွေထဲ
မမရဲ့
မျက်စောင်းလေးလည်းပါဦးမယ်။

နောက်ပြီး
နီးရက်နဲ့ ဝေးနေရတဲ့ ခရီးတော်အကြောင်း
မြင်နေရက်နဲ့မသိကြတဲ့သူစိမ်းတွေအကြောင်း
......................အကြောင်း။

(၄)

တောင်တန်းတွေ တည်ငြိမ်သလို
မမတည်ငြိမ်လွန်းလှရဲ့။
မမခြုံထားတဲ့
ခမ်းနားမှုဝတ်ရုံရဲ့အရိုက်အခတ်မှာ
ကျွန်တော့်မျှော်လင့်ခြင်းကြယ်တွေ
တဖျတ်ဖျတ်ကြွေခဲ့ရတာ တိတ်ဆိတ်လွန်းနေတယ်။

မမရေ
ကမ္ဘ္ဘာမြေကိုယ်တိုင်က
မြတ်မြတ်နိုးနိုးပန်ဆင်ထားရတဲ့
ပန်းတစ်ပွင့်လို
လှပသန့်စင်လွန်းတယ်။
မမအလှတရားရဲ့ဆံနွယ်မျှင်တွေမှာ
ငါ့သံယောဇဉ်တွေ ကသီကဝေငြိတွယ်နေရ
ဘဝက အန္ဓဆန်လွန်းတယ်။

ဘာဖြစ်ဖြစ်လေ
ဘူတာကထွက်ခွါချင်နေတဲ့ရထားဆိုတာ
ဥသြခပ်နာနာဆွဲပြရတာပဲ။

(၅)

စိမ်းညို့နေတဲ့သစ်ပင်တောအုပ်လို
ကျွန်တော့်ကို အရိပ်ခိုခွင့်ပြုပါ
တိတ်ဆိတ်နေတဲ့ညတိုင်းဟာ
ကျွန်တော့်အတွက်တော့
ဆူညံနေတဲ့နှလုံးသားပါပဲ
မမျှော်လင့်ရဲပေမယ့်
နှင်းတွေထဲမှာ ခြေရာထင်မလားလို့
ကျွန်တော့်အတွေးတွေ မှိုင်းစို့နေရပြီ။

တောင်ခိုးတွေ ဘယ်လိုဝေကြသလဲနော်
အမြဲတမ်းလွမ်းဆွတ်ခွင့်တွေက
ကျွန်တော့်အပေါ် တသဲသဲရွာချလို့
ကျွန်တော့်အတွက်တော့
မမမို့ပဲ ကဗျာဆန်နေခဲ့တာလေ
စေတန်ရဲ့လက်တွေကိုရိုက်ချိုး
မမကို ထီးမိုးခွင့်ပြုပါ။

လရောင်ကကွက်တွေနဲ့
မမ ငါ့ကို အိပ်ပျက်စေခဲ့တာ ကြာပြီ
ငါကလည်း
တစ်ယောက်တည်းထိုင်ပြီး ဖူးတဲ့အချစ်နဲ့
မမ အိပ်မက်တွေကို သိမ်းပစ်ချင်မိတယ်။
အတွေးနဲ့ဆွဲတဲ့ စိတ်ကူးထဲမှာတောင်
မမရဲ့
မျက်တောင်ခတ်သံတလွင်လွင်ရာသီရှိရာ
အရောက်သွားချင်တဲ့ ငါပါ။

(၆)

ကြယ်တွေကြွေတဲ့အခါ
တစ်ခြားသူတွေ
ဘာကို ဆုတောင်းကြသလဲ။

ကျွန်တော်ကတော့
မမ ရွာချမယ့်မိုးတစ်စက်လောက်ဖြစ်ဖြစ်
ကျွန်တော့်ကို ရွှဲစိုရစ်ပါစေလို့
ဆုတောင်းတယ်။

ဝယ်ယူမရတဲ့ချစ်ခြင်းတရားကို
ကျွန်တော့်နှလုံးသားသစ္စာနဲ့ မျှားမယ်။

ကြည့်ရင်း
သီချင်းသံနားထောင်ရင်းမှာ
မမ ဆွယ်တာလေးတစ်ထည် လဲလိုက်ပြန်ပါပြီ။

မမ ခေါင်းမော့လိုက်တဲ့အခါ
ငါ့ကမ္ဘ္ဘာထဲ အလင်းတွေပြိုတယ်
မမ မျက်ဝန်းတွေ ဝေ့ဝဲလာတဲ့အခါ
ငါ့ရင်ထဲမှာ တေးသံစုံတယ်
မမ ခေါင်းငုံ့လိုက်တဲ့အခါ
နဖူးပေါ်ဝဲကျလာတဲ့ ဆံနွယ်
ငါ့အိပ်မက်ကို ဝယ်သွားတဲ့နှုတ်ခမ်း
အလွမ်းဆိုတာလည်း
ပန်းကလေး တစ်ပွင့်ပါပဲ။

(၇)

ဒီနေ့
မမ ဖိနပ်အသစ် စီးလာတယ်
ခေါင်းစီးကြိုးအသစ် ပြောင်းလာတယ်
ဘေးတစ်စောင်းမြင်ရတဲ့ အနေအထားမှာ
မမ အလုပ်များနေတယ်
မမ
ကျွန်တော့်ရဲ့ မမ လေ
ဆိုင်ခန်းလေးရှေ့
ပလပ်စတစ်ခွေခြေထိုင်ခုံပုလေးပေါ်မှာ
ဆွယ်တာဝါဝါလေးကို ဝတ်ဆင်လို့
မမ အေးနေမလား
မမ ချမ်းနေမလား
စိုးရိမ်မှုက အဝေးပြေးကားပါပဲ။

စဉ်းစားရင်းပူလောင်
မျှော်တော်ယောင်ကျွန်တော့်မျက်ဝန်းလေး
ရီဝေဝေ
ဗန်ဒါရွက်တွေ ကြွေတုန်းပဲဆိုတာ
ဘယ်သူမှ လာပြောပြဖို့ မလိုပါဘူး။

(၈)

မီးပျက်နေတဲ့ညမို့
လရောင်က ပိုလို့လင်းမြ
မမ
ငါ့ မမ
ဓနအင်းအားပြကိရိယာ
mobil handsetလေးကိုင်ကာ ခေါင်းငဲ့ပြောရင်း
အမှောင်ထဲ
အလင်းတွေ ခြွေချနေလိုက်တာ
ငါ
တစ်ကိုယ်ရေ တစ်ကာယ ထိုင်ငေးရင်း
ကဗျာလေးတွေပဲ ကြွေဆင်းနေမိတယ်။

ဒီရေတက်ချိန်မှာ
မျောပါလာတဲ့အမှိုက်တစ်စလို
ကျွန်တော့်ကို သတ်မှတ်ပါ။

ဘဂ္ဂဒက်မှာ
ဘော့စနီးယားမှာ
သေနတ်သံတွေ ဆူညံနေဆဲဆိုပေမယ့်
ကျွန်တော့်ရင်ထဲမှာလောက်
ပေါက်ကွဲအား ပြင်းထန်မှာ မဟုတ်ဘူး။

ဟိုတစ်နေ့က
လမ်းမပေါ်မှာ
ကျောင်းကပြန်လာတဲ့ မမနဲ့ တွေ့တယ်။

မမအကြည့်က
ဘာသာဗေဒတစ်ခု
မိုးဥတုရှိနေရက်သားနဲ့
ဆောင်းညနက်နက်တွေကို ဘာလို့တမ်းမက်သလဲ
ကျွန်တော် ဒီလိုပဲ ခံစားရတယ်။

ညတိုင်းထိုင်ငေးတော့
နေရတာ လေးလံမွန်းကြပ်တယ်
ကျွန်တော် ဒီလိုပဲ ခံစားရတယ်။

ယဉ်ကျေးတဲ့အကြည့်တွေပါဆိုတော့လည်း
မယဉ်ကျေးတဲ့ အပြုအမူပဲတဲ့
ကျွန်တော် ဒီလိုပဲ ခံစားရတယ်။

ကမ္ဘ္ဘာကြီးမှာ
သေသူရှင်သူ မကွဲပြားသလို
ကြည့်သူ မကြည့်သူလည်း မကွဲပြားဘူး
မြင်ရခြင်း မမြင်ရခြင်း မကွဲပြားဘူး
ကျွန်တော် ဒီလိုပဲ ခံစားရတယ်။

ခံစားမှုဆိုတာ
သီချင်းအကျယ်ကြီး အော်ဆိုတတ်သလို
တမျှင်းမျှင်းတိတ်တဆိတ် စီးဆင်းတတ်တဲ့ မြစ်
ဖြစ်ပြီးရင်တော့ ပျက်ကြစမြဲ။

(၉)

``ငယ်သေးတဲ့အချစ်မို့ မလေးစားတာလား ပြောပါ´´
လွင့်ပျံလာတဲ့သီချင်းသံမှာလည်း
ဂမ္ဘ္ဘီရဆန်တဲ့အရောင်တွေ ကွဲအက်လို့
ကျွန်တော်တို့ဟာ သူစိမ်းတွေပါ မမရယ်။

မမ တွေးထင်ထားသလို
ကျွန်တော်ဟာ လူရှုပ်လေးတစ်ယောက်ပါ
ဆေးလိပ်မီးတဖွါးဖွါးနဲ့
စကားကြီးစကားကျယ်တွေ ပြောတတ်တဲ့ကောင်ပါ
သူတစ်ပါးရဲ့အိနြေ္ဒင်္ကို
အကြည့်တွေနဲ့ နှောင့်ယှက်တတ်သူပါ။

တစ်ခါခါတော့လည်း
ကျွန်တော်က
မမအတွက် ဟာသလေးတစ်ခု ဖြစ်နေမယ်
အပျင်းပြေပြောစရာအကြောင်းလေးဖြစ်နေမယ်
စိတ်ပြေလက်ပျောက်
ပတ်ဝန်းကျင်ကို မမ လျှောက်ကြည့်တဲ့အခါ
လှောင်ရီစရာ သတ္တဝါလေးဖြစ်နေမယ်
ကျွန်တော် ဒီလိုပဲ ခံစားရတယ်။

အားငယ်မှုဆိုတာ
ဖိတ်စာမလိုပဲ ရောက်လာတတ်တဲ့ဧည့်သည်
သံသရာ လည်သရွေ့
အခုလို အဝေးက ငေးနေရဦးမယ့်ဘဝ
မမ ရေ....။

(၁၀)

ငါ့အတွက် မဖြူတဲ့နှင်းတို့ရေ
ဒိုင်ယာရီထဲမှာ အကြည့်တွေ သေလို့
လွမ်းဖို့ လူဖြစ်လာခဲ့ရတဲ့ကောင်
မမ အိမ်ပြန်ချိန်တွေဆို
တစ်မိုးလုံး မှောင်တယ်။

၁ယ/.....
ဆိုင်ကယ်နောက်က မီးနီလေး
ဝေးသွားပါပြီ။

ထားခဲ့ပါတော့
ထားခဲ့ပြီဆိုတဲ့အတွေး မရှိပါပဲ
ငါ့ကို ထားခဲ့ပါတော့။

ချန်ခဲ့ပါတော့
ချန်ခဲ့ပြီဆိုတဲ့အတွေး မရှိပါပဲ
ငါ့ကို ချန်ခဲ့ပါတော့။

တကယ်တမ်းတော့
ငါဟာ
မမရဲ့အတွေးထဲမှာတောင်
အရိပ်အယောင်လေးမျှ ပါခွင့်မရတဲ့ကောင်ပါ။

အခုတော့
အင်ဂျင်နီယာဘာသာရပ်များ
ခေတ်ပေါ် ဂန္တဝင် အငြင်းအခုန်များ
လစဉ်ထုတ်မဂ္ဂဇင်းများ
အတိတ်များ
အနာဂတ်များ
အားလုံးဟာ မှုန်ဝါးသွားတဲ့ လိပ်စာတွေပေါ့။

(၁၁)

မြင်တွေ့နေကျ
မမရဲ့မျက်နှာတည်တည်လေး
အခု ဝေးနေတယ်။

အတားအဆီးက
ပဉ္စလက်ပြနေတဲ့ပုဝါ
အကာအကွယ်က
ဝယ်ယူမှုရဲ့အပြုံးများ
စကားမဲ့စွာတိတ်ဆိတ်လွမ်းဆွတ်
ဒီဝဋ်ကြွေးကို
ဘယ်သူမှ ချွတ်မပေးနိုင်ဘူး။

စိမ်းကားပွင့်ဝေမှုအတတ်တွေနဲ့
လတ်ဆတ်လင်းမြနေတဲ့ ည
ရင်ထဲမှာ
မီးတောင်ဝတ်လွှာတွေ ဖြာချနေသလိုမျိုး
ငါ့မျက်ရည်တာရိုးလေးကျိုးခဲ့
အတွေးထဲမှာ
အိမ်ရာအတည်တကျမရှိသူလို
လွင့်ပါခဲ့။

စိတ်ထဲမှိုင်းဝေညိုဖျ
ငါ့မျက်ဝန်းက
ငါ့ကို တစ်ကျွန်းချတဲ့ ပြစ်ဒဏ်
ငါ့အကြည့်က
ငါ့ကို တညီးညီးတောက်လောင်နေတဲ့မီး
အမျှော်ခရီးမှာ
အလွမ်းစီးကြောင်းက ရှည်လွန်းတယ်။

(၁၂)

အလှတရားကို
ဘဝခြားတဲ့အထိ ပိုင်ဆိုင်သွားဖို့
မောင်းလက်စ ကားကို ရပ်လိုက်ပြီ။

မမရေ
ဆံနွယ်ရှည်တွေ အသာချ
ဒီထက်ပိုလှပါ။

မမျှော်သင့်တဲ့အိပ်မက်
အဖြေမထွက်မယ့် မင်နီရဲရဲပုစ္ဆာ
ကျွန်တော်ဆုတ်ခွါရာလမ်းမှာလည်း
ဘရားအဆူဆူနဲ့ လွဲခဲ့ပြီးသား ဘဝဟာ
သောကတွေ ထူထပ်နေပါလိမ့်မယ်။

အလှတည်ရှိရာခန္ဓာ
ကျွန်တော် မလိုပါဘူး
အစကတည်းက
အလှသက်သက်ကိုသာ ချစ်မက်ညွှတ်တိမ်း
ဒီရနံ့ကိုပဲ ကျွန်တော် သိမ်းထားပါ့မယ်။

တပင်တိုင်ကောင်းကင်စိမ်းရဲ့
အပြုံးတွေ လိမ်းကျံထားတဲ့ ပုံလွှာ
ဘဒ္ဒကမ္ဘ္ဘာအဆုံးတည်စေတော့။

အသိတရားကိုမြှင့်တင်ရင်း
ည မရင့်ခင်ကတည်းက
အလွမ်းနင့်နေရတဲ့ နှင်း
ဟိုး အရှေ့မှာ အလင်းရောင် လာပြီ။

(၁၃)

မမရေ
မမရေ
မမရေ
ငါ့ခေါ်သံတွေရင်ထဲလွင့်ပျံ
လောကဓံကို ပြန်စိန်ခေါ်ဖို့
မှုန်ပြာလဲ့ဝေနေတဲ့ညမှာ
ငါ ကဗျာတစ်ပုဒ်ကို ရေးခဲ့တယ်။

ပျံ့မွှေးပါလာတဲ့မျက်ရည်ရနံ့တွေ
ဘယ်သူတွေသိနိုင်မှာလဲ။
လရောင်မှာပြိုတဲ့နှင်းတွေ
မမ မျက်နှာလေးကို တိုးသက်တဲ့အခါ
အထီးကျန်တောအုပ်မှာ
မိုးကုတ်စက်ဝိုင်းကို နမ်းမရတဲ့ကောင်လေး
အလွမ်းအဆွေးနဲ့ ငေးနေပါလိမ့်မယ်။

ချစ်သူကို မြတ်နိုးရုံသက်သက်
အဖြူရောင်အိပ်မက်တွေ မက်မိတဲ့ လူငယ်
ဘယ်သူမှ မသိပဲ ရှင်သန်ခဲ့ပြီး
ဘယ်သူမှ မသိပဲ သေဆုံးသွားပါလိမ့်မယ်။

မြို့ကလေးရဲ့ရာဇဝင်မှာ
ဘယ်သူမှ အက္ခရာမတင်ခဲ့တဲ့အကြောင်းတစ်ခု
ဆောင်းဥတုရဲ့ညများထဲမှာ ဝင်းပြက်ကြွေလွင့်
လူငယ်တစ်ယောက်ရဲ့မျက်ဝန်းတွေ အဆိပ်သင့်ခဲ့ပြီ။

(၁၄)

မြောက်ဝင်ရိုးစွန်းညများထဲ
ပတ္တမြားလိုစူးရဲတောက်ပနေတဲ့
မမ
ပတ္တမြားလို အဖိုးထိုက်တန်လွန်းတဲ့
မမ
ထာဝစဉ်ငြိမ်းချမ်းအေးမြပါစေသား။

မိုးလင်းစနံနက်ခင်းတွေတိုင်း
အပျော်လှိုင်းတို့ဖြင့် ဆင့်ဆင့်ဝေစီ
ထာဝစဉ်ရီမော ရွှင်ပြပါစေသား။

ဒဏ်ရာတွေကို ဖွက်ထားတဲ့ နှလုံးသားနဲ့
ကျွန်တော် ဆုတောင်းပေးထားခဲ့မယ်။

အပြစ်ရှိလျှင် ခွင့်လွှတ်ပါ
ဒါမှမဟုတ်
ခွင့်ပြုပါ။

သိပ်သည်းပြာမှိုင်းနေတဲ့ ကဝေနှင်းထုထဲမှာ
ဥတုမှားပြီး ပွင့်ခဲ့တဲ့ ပန်းတစ်ပွင့်
မြောက်ပြန်လေအပင့်မှာပဲ
လွင့်ကြွေစဲခဲ့ပါပြီ။

ဘာမျှော်ကိုးမှုမှ မပါတဲ့
မြတ်နိုးခြင်းဂီတတွေလည်း
လောကဓမ္မနဲ့အတူ
အလံထူခွင့် ရုပ်သိမ်းခံလိုက်ရပါပြီ။

(၁၅)

မမရေ
စိတ်လက်ကြည်သာ
သွားလာလှုပ်ရှားနေပါတော့
လွတ်လပ်ပေါ့ပါးစွာ
နားနေရွှင်ပျပါစေတော့။

နတ်ဆိုးတစ်ကောင်ရဲ့
အလိုက်မသိ မယဉ်ကျေးမှုတွေဟာ
ပတ္တမြားတစ်ပွင့်ရဲ့
အဖိုးထိုက်ကြီးမြင့်သန့်စင်မှုတွေအတွက်
တည်ငြိမ်အိနြေ္ဒရင့်ကျက်မှုတွေအတွက်
ကိုယ့်အိပ်မက်ကို
ကိုယ်တိုင်ပြန်ရက်စက်လိုက်ပါပြီ။

ချစ်သော မမ ရေ
ကျွန်တော့်မျက်ဝန်းစကားတွေလည်း
ကြားခံနယ် လေထုထဲမှာပဲ
လွင့်ဝဲပျောက်ကွယ်သွားစေတော့
လေထုထဲမှာပဲ
လွင့်ဝဲပျောက်ကွယ်သွားကြပါစေတော့။ ။


မောင်နိုင်လင်း(ကောလင်း)



၁၈။၁။၂၀၀၄
ကောလင်းမြို့

Friday, June 27, 2014

တိမ်လိုအချစ် အချစ်ဆုံးသူငယ်ချင်းလေးများအတွက် သီချင်းလက်ဆောင် နားထောင်ကြည့်နော်..




http://soundcloud.com/sweetwuttyi-thaung-chitpoee/acoustic-version-cover-by-1

ချစ်သူငယ်ချင်းများ,ချစ်သော
ပရိတ်သတ်များရှင့်...


Sweetရဲ့ first debut Acoustic album လေးကို***သီးစုံFM***လို့
အမည်ပေးထားပါတယ်။
အဲ့ဒီထဲမှာပါဝင် မယ့် တေးရေးကိုစံပီး ရဲ့**တိမ်လိုအချစ်***ဆိုတဲ့သီချင်း
Demo အကြမ်းလေးကိုဦးဦးဖျားဖျား
soundcloudမှာ တင်ပေးလိုက်ပါတယ်။
ပထမဆုံး albumလေးဖြစ်တဲ့အတွက် အစစအရာရာလိုအပ်ချက်များရှိခဲ့လျှင် sweetကိုနားလည်ပေးစေချင် ပါတယ်...
အ ကောင်းဆုံးကြိုးစားပြီး
သီဆိုထားပါတယ်။ဒီသီချင်းအမြည်းလေးကို လည်းတစ်ခေါက်လောက်ဖြစ်ဖြစ်
နားထောင်ပေးရင်း ........
The Sun music productionကဖြန့်ချီမယ်.့
***သီးစုံ-FM**acoustic album လေးကိုလည်းအားပေးကြပါဦးနော်။

###
My favourite cover songs+my new songs = All songs are only ACOUSTIC version
###

***Thank u for playing to my demo**
plz support to me *like* or *Share* thankz...

**တိမ်လိုအချစ်*** (acoustic demo version)
-cover by Sweetwuttyi Thaung-Chitpoee
-Oraginal by *Sone Thin Par*
-Lyrics by *San Pee*
-Music by *Sai Win Oo*

Saturday, June 21, 2014

ကြောက်တယ်ကြောက်တယ်..

ကြောက်တယ်
ကြောက်တယ်
သီလမြဲတဲ့အမေ့မှာ ဥပုဒ်သီလမယူနိုင်ပါ
ဝါဆိုဝါခေါင် ရေဖောင်ဖောင်
အိမ်အောက်မှာ ရေတွေကြီး
မျှော့နက်မဲကြီး တွယ်တတ်တယ်
ထမင်းထုပ်တောင်မ၀သေးလို့
မျှော့ ပြုတ်စားဘို့ ဆင်းဖမ်းမယ်
ကယ်မဲ့သူရယ် ကူမဲ့သူရယ်
ဘယ်ချိန်လာမလဲ စောင့်နေရတာမောလှတယ်
ဝါတွင်း ရောက်ရင်အိမ်ပြင်မိုးဖို့
သက်ကယ်ရိတ်လေး ထွက်ကြမယ်
တောထဲမှာလေ မြွေနဂါးတဲ့သေနတ်ကြီးတွေလွယ်ထားတယ်
ကြောက်တယ်ကြောက်တယ်
NGO ရယ်အမြန်လာလို့
အိမ်မိုးလေးတွေမိုးပေးကွယ်
ရွှေသွေးရင်နှစ် မေ့သားချစ်တွေ
အပေါ်မိုးမလုံ အောက်မိုးစိုလို့ အိပ်ရတယ်
ကျန်းမာရေးတွေချို့တဲ့ကြလို့
နာဖျားကြတာများနေတယ်
ကမ္ဘာ အရပ်ရပ်ရေတွေကြီးတော့
ရေဘေးကယ်ဆယ် ကူညီစောင့်ရှောက်
အသင်းလေးတွေ ထားပေးကွယ်
ဝါဆိုဝါခေါင်ရေတွေကြီးလို့
ဝါတွင်းရောက်မှာကြောက်လှတယ်
ကြောက်တယ်
ကြောက်တယ်..

လူမိုက်ရေးတဲ့ကဗျာ

လူမိုက်ရေးတဲ့ကဗျာ
မာနကိုခေါင်းမှာပန်ပြီး
ဟန်ဆောင်မယားနဲ့ ငါလက်ထပ်ထားတယ်
ဒေါသကိုပါဆယ်ထုတ် လူကြီးမင်းအိမ်ရှေ့အရောက်ပို့မယ်
သောကကိုအိပ်ထဲလွယ် ဝေဒနာတွေရင်မှာပိုက်
လောဘနောက်ကို တကောက်ကောက်လိုက်လို့
ကဲ.....................
 
ကိလေသာတွေနဲ့ ဒီညအိပ်မယ်............

အိမ်မက်များ ♥ချစ်သူနဲ့နှစ်ယောက်အတူတူ♥

ရင်ခုန်နှုန်းတွေ ကူးခတ်ပြီး
မျှော်လင့်ခြင်းအိမ်မက်ကဗျာမြစ်တစ်စင်း
ဖြတ်သန်းစီးဆင်းရာ ရေလှိုင်းလေးတွေနဲ့အတူ
အလွမ်းလေးတွေပွေ့ဖက်ပြီး အရောက်လာခဲ့မယ်နော်..

ချိုသာလွန်းတဲ့ ပန်းဝတ်ရည်လေးကို
သောက်သုံးမိတဲ့ လိပ်ပြာလေးလိုပေါ့
နုညံ့သိမ်မွေ့လွန်းတဲ့အာရုံနောက်ကိုလိုက်ပါရင်း
မင်းအချစ်ကြောင့်
ငါဟာ ဆက်လက်ရှင်သန်လာခဲ့တယ်ချစ်သူရယ်....

မင်းသာလိုအပ်မယ်ဆိုရင်
ငါဟာ မင်းနားကို ပိုးဖလံ လိပ်ပြာလေးလို
မင်းရှိရာကို ပျံသန်းရင်းမိုက်မဲစွာ ဇွတ်တိုးဝင်ပြီး လာခဲ့မှာပါ ငါ့အချစ်ရယ်.......


 ♥ချစ်သူနဲ့နှစ်ယောက်အတူတူ♥

ချစ်သူရေ.........
မနက်ခင်း နေရောင်ခြည် အလင်းတန်းနဲ့ အတူ
လှပတဲ့ မိုးကောင်းကင် အပြာရောင်အောက်မှာ တိမ်တိုက်တွေလွှင့်မျှောရင်း
ငှက်လေးတွေ တေးသီကျူးတဲ့ကြည်နူးဖွယ်ရာ အသံလေးတွေနဲ့ အတူ
လိပ်ပြာလေးတွေဝဲပျံမြူးရင်း
နေရောင်ခြည်တန်းဟာ အလင်းဖြာလို့နွေးထွေးကြည်နူးဖွယ်ရာ ချစ်သူနဲ့အတူ
ပြတင်းပေါက်မှဝင်လာပြီး ငါ့ကိုနိုးထစေခဲ့တယ်
ချစ်သူရေ.............
ငါ့ရဲ့စိတ် ငါ့ပတ်ဝန်းကျင်တစ်ခုလုံး လှပသာယာနေတာဟာ ချစ်သူရှိလို့ဖြစ်လိမ့်မယ်
ချစ်သူကိုတွေ့ရှိတဲ့ အချိန်ကစပြီး ငါ့ရဲ့စိတ်နှလုံး နူးညံသိမ်မွေ့စွာနဲ့
အရာရာဟာလှပနေတယ်
ချစ်သူရေ.....
ဒါဟာငါ့စိတ်ကူး ငါ့အတွေထဲမှာ မင်းကအမြဲနေရာယူထားလို့ဖြစ်လိမ့်မယ်
 မင်း နဲ့ငါ တစ်ယောက် တစ်ကမ္ဘာဝေးကွာနေတာ
ချစ်သူကို စိတ်ကူးထဲမှာမြင်ယောင်မိနေရင်း ငါ့စိတ်ဟာ
အမြဲတန်း မင်းငါ့အနားကို တိမ်တွေနဲ့အတူမျှောပါလာသလို
အလင်းတန်းနဲ့အတူမင်းငါ့အနားရောက်ရှိလာသလို
မင်းကိုတွေ့ထိလိုက်ရသလို ခံစားမိတယ်ချစ်သူရယ်
စိတ်ကူးပုံဖော်နေမိရင်း ချစ်သူကို အနားနားမှာ တူတူရှိစေ့ချင်တယ် ချစ်သူရယ်
ချစ်သူရေ...............
နံနက်ခင်းနိုးထချိန်မှာမြင်ရတဲ့မြင်ကွင်းကို အနားနားမှာ
ချစ်သူပွေ့ဖက်ရင်း မြင်သိစေ့ချင်တယ်

ချစ်သူနဲ့နှစ်ယောက်အတူတူ
ကြည်နူးချမ်းမြေ့စွာလောက အလှအပတွေကို
မြင်တွေ့ကြည့်ရှု့စေ့ချင်တယ်ငါ့ချစ်သူရယ်.......။

Wednesday, June 18, 2014

၆၉ မွေးနေ့မှသည်..ဒေါ်အောင်ဆန်းစုကြည် ကျန်းမာသက်ရှည်ရှိပါစေ..



ပြည်သူ့အောင်ပန်း၊ မြဲဆင်မြန်းသည့်
အောင်ဆန်းစုကြည်၊ ရဲဇာနည်ကို
မြန်ပြည်တလွှား၊ ချစ်သူများခဲ့။
တို့အား တို့အင်၊ တို့အရှင်ကို
ကြည်ရွှင်စေသော၊ မာစေသောဟု
မွေးသောနေ့မှာ၊ ထို သူ ငါသည်
မေတ္တာ ကြည်လင် ရွှင်ရွှင်ပို့။
ဒေါင်းပျို အိုးဝေ တွန်စေဖို့
မြတ်ဆုမွန်ကောင်း တောင်းကြစို့။
(မင်းသုဝဏ်)
 

.



 ၆၉မွေးနေ့မှသည်..ဒေါ်အောင်ဆန်းစုကြည် ကျန်းမာသက်ရှည်ရှိပါစေ..

စု ဘ၀တစ်လျှောက်လုံး

ဖြူစင်သောနှလုံး နန်းဆန်သောအပြုံး

ပေးဆပ်ခြင်းများစားသုံး —

Monday, June 9, 2014

သေ တမ်း ကဗျာ / သေ တမ်း စာ 53 စာပေမောင်နှမများအမှတ်တရ


သေ တမ်း ကဗျာ / သေ တမ်း စာ


နေကို ခြူပြီး
နေကို မျက်ပြင်းကတ်နေသူတွေ အတွက်ကတော့
ဘယ် သေတမ်းစာမှ ထူးမှာ မဟုတ်ဘူး ။

အနော်မာ




ဒီတံခါး
ခင်ဗျား မခေါက်လည်း ပွင့်တယ်
ဘာဆုမှတောင်းမနေနဲ့တော့
ကျွန်တော်သေရင်ခြေမ ကြိုးမချည်ဖို့ပဲလိုတယ် ။.

အမည်မဲ့




ကျမ ပြောနေကျ စကားတခွန်းက
လူဆိုတာ
မွေးလာတော့လည်းတယောက်ထဲသေသွားတော့လည်း တယောက်ထဲ
ဘယ်သူမှ လိုက်မသေပေးဘူး
ခု..တကယ်ကြုံတွေရတော့ဘယ်လိုမှ
မခံစားနိုင်ဘူး
လူးလိမ့်နေတာပေါ့
အကြောင်းကတော့...ညီမလေးဆုံးပြီ
ညီမလေးရဲ့ သေတမ်းစာကကျမအတွက် တကြောင်းထဲပါ
*လူဆိုတာ သေခြင်းတရားကို မလွန်ဆန်နိုင်ပါဘူး
ဒါပေမယ့် နင်နဲ့ငါ ပြန်ဆုံပြီး
အတူနေချင်ပါသေးတယ်*
ကျမ
သူ့ရဲ့ ဈာပန ချတဲ့နေ့မှာပဲ
သူ့အခေါင်းထဲက သူ့ ရင်ဘက်ပေါ်မှာ
ကျမဓာတ်ပုံလေး တင်ပေးပြီးအတူတူ ဂူသွင်းလိုက်ခဲ့တယ်
ကျမ ညီမလေးရဲ့ သေတမ်းစာ ကို ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး ။

လတ်




ငါ၏ပျော်ရွှင်မှုများနှင့်ချစ်ခြင်းကို
ကျန်ရစ်သူများ
အညီအမျှရကြပါစေ
ငါ၏နောင်တနှင့်နာကျင်ခြင်းများကို
ငါနှင့်အတူ
မြှုပ်နှံပေးလိုက်ပါ ။

ဖိုးသားကြီး




...ဟိုး...
အဝေးကြီးမှာတွေ့လား
ကိုကို မတွေ့လိုက်ဖူး
မဟုတ်လား
အဲဒီနေရာကို
ညီမလေးရောက်သွားလို့ရှိရင်
ကိုကို
ပစ္စလက္ခတ် ငိုကြွေးလိုက်ပါကွာ ။

ချိုခတ္တာခိုင်




သက် တောင့် သက် သာ စီး နင်း

ကလစ် !

ဂျိန်း

မီးခိုးထွက်

Try again !

ထက်အောင်




ငါမသေခင်ငါ့သူငယ်ချင်း
နင်ပျော်ရွင်ပါစေ
ငါသေရင်
ငါ့ကိုချစ်တဲ့
ငါ့အမေတစ်ယောက်ထဲငိုပါစေ ။

ဇလပ်နီ




ခြေတစ်ဖ၀ါးစာချခွင့်ရကတည်းက
ဘ၀ကအစီအစဉ်မကျဘူး ကမောက်ကမနဲ့
အောင်သေအောင်သားစားထားတဲ့မျက်နှာတွေကို လိုက်လိုက်ငေးနေရတာ
မှတ်ပုံတင်ပျောက်ဆုံးတော့မယ့်အချိန်ထိပဲ. . .
ငါ့ခေါင်းထဲမှာရှိတဲ့ အမှိုက်တွေကိုတော့
နောက်ပြဇာတ်တစ်ခုအတွက် သိမ်းဆည်းသွားရမယ်
ဘယ်သူမှနှုတ်ဆက်ဖို့မလိုဘူး မွေးဖွားခြင်းကိုရင်ခွင်ပိုက်လို့
ငါ့ခြေဖ၀ါးတွေကို
လာလမ်းအတိုင်းပြန်လှည့်ပေးလိုက်တယ် ။

အံ့သွန်းပျို




ရွေ့ နေတယ်
အချိန်တွေကရွှေ့ လို့ 
ဘယ်အသိဘယ်အဘိဓမ္မာနဲ့ ရွှေ့ခဲ့လဲ
ဘယ်အရာကိုဗဟိုထားပြီး
ငိုခြင်းနဲ့ သံပတ်ပေး ငိုခြင်းနဲ့ သံပတ်ကုန်
ရပ်သွားပြန်ပြီ
ဒီ
လူ့
ဘုံ။

ထစ်ချုန်းမိုး





လာတော့လည်း....တစ်ယောက်ထဲပဲ
ပြန်တော့လည်း…..တစ်ယောက်ထဲပဲ
မျက်ရည်တွေ....အခါခါစီးကျ
မပြန်ချင်သေးပါဘူးလို့ ....
နှလုံးသားကတောင်းဆိုနေလည်း
တနေ့ မှာ…
ငါ ပြန်သွားရမှာဘဲလေ ။

အိနံ့သာ


ငါချစ်တဲ့ကဗျာ
ငါချစ်တဲ့ ဗမာ
ငါချစ်တဲ့ဘာသာ
ရှင်သန်ခွင့်လေး ပေးကြပါ ။



ကိုထက်


သေသေချာချာ ငါမသိ

ငါ့အသက်ရှုသံတွေ နွမ်းပါးသွားမဲ့ ကမ္ဘာမှာ
ရန်သူရှိလား
မိတ်ဆွေရှိလားဆိုတာကိုသေသေချာချာ ငါမသိဘူး
သံသရာအစဉ်အဆက်က
အကြွေးရှင်တွေ ရှိနေမှာတော့
သေချာတယ်
ဘုရားဟောခဲ့ဖူးတယ် မဟုတ်လား
နားပူနားဆာတစ်ခုတော့ လုပ်ခဲ့မယ်
သက်ပျောက်ဆွမ်းလေးဝိုင်းကပ်ပေးကြပါ ။

မမချယ်ရီခိုင်




နေ၀င်ချိန်ရဲ့ အဆုံးသတ်မှာ
ငါ
တမ်းတစရာတွေ တနင့်တပိုးနဲ့
အမှောင်ထုရဲ့ လမ်းထက်
ခရီးဆက်ရလိမ့်ဦးမယ်
သေတ္တာလေးကိုဖွင့် နင့်အတွက်ပေမယ့်
မပေးရဲခဲ့တဲ့ ချစ်ခြင်းတွေ
...ငါ...
လေထဲလွှင့်ခဲ့မယ်
နင့်အိပ်မက်လေးတွေ ချိုမြိန်ပါစေ ။


NOLE




အဲ့ဒီဝန်ထုတ်ဝန်ပိုး
မင်းနောက်ပါမလား
မပါမှန်းသိရင် အားလုံးကို
ထားရစ်ခဲ့ဖို့လိုမယ် ။

မင်းမင်းသိုက်




Photobucket


ရောက်နေတာ သေရွာကမ္ဘာ
ငိုခြင်းနဲ့စ ငိုခြင်းနဲ့ဆုံး
ရီခြင်းခဏ လူ့ဘ၀လေး
ခဏတွေ့ကြုံ ဆုံဖြစ်ခဲ့တာ
ခုခဏလေး ဖြတ်ကနဲနော်
မျက်တောင်တဖျတ် လက်တဖြစ်တီး
ဖျတ်ခနဲကြည့်

မရှိဘူးသေသွားပြီ ။

မ..မ



ငါလို ဆင်းရဲသားတစ်ယောက်ရဲ့
ရာဇ၀င်ကို ဘာလို့
နင်ခြံစည်းရိုးခတ်ချင်နေရတာလည်း
ငါ
လွတ်လွတ်လပ်လပ်
အိပ် မော ကျ ချင် တယ် ။

စည်သူဝင်းထွဋ်




မသေမရှင်ဘ၀မှ
ထပ်ခါထပ်ခါသေတယ်
သေသေချာချာသေရမဲ့
ဘ၀မှာ
ဘယ်နှစ်ခါပြန်သေရအုန်းမှာလည်း ။

( ဘူဘူလေး+ဘာဘာကြီး )





အခုထိ ငါ့အသက်ရှုသံထဲ
မငြိမ်းချမ်းသေးတဲ့ အစိုင်အခဲတစ်ခု
အဲဒီဖြစ်တည်မှုက အလေ့အကျင့်တဲ့
ကျေးဇူးပြုပြီး
ကျေးဇူးပြုပြီး
ဆောက်တည်ရာမဲ့နေတဲ့ ငါလိပ်ပြာလေးမှာ
ရှင်သန်ခြင်းက မနေ့ကထိ ။

ရွှေညီမလေး




အမေက ပြက်လုံးတစ်ခု ထုတ်ခဲ့ဖူးတယ်
ငါ သေရင် တစ်ပတ်အပြင်ပိုမလွမ်းဘူးတဲ့
ဟော....အခု
အဲ့ဒီ ပြက်လုံးတွေကိုလူရွှင်တော်တွေက..
ဟားတိုက်နေကြပြီ
ဒါပေမဲ့
အမေ့ ပါးပြင်မှာတော့ မျက်ရည်တွေနဲ့။

ထာဝရကြယ်ဖြူ




မွေးကတည်းက
လက်မှတ်ဖြတ်ထားခဲ့တာဒီလမ်းပဲလေ
ညနေဆည်းဆာကို
ကောက်သင်းကောက်နေမဲ့အစား
ရောင်နီလာချိန်မှာအသက်သွင်းပေးပါ
ခင်ဗျားနဲ့ ကျွန်တော်မိုးခါးရေသောက်ခဲ့တုန်းက
နတ်ဝိညဉ်တွေကခုန်ပြီ
အဲ့ဒီမှာ
ပန်းတစ်ခင်းပျိုးခဲ့တာ
အဲ့ဒီပန်းခင်းရေလောင်းပေါင်းသင်လုပ်ပြီးမှာ
ခင်ဗျား
ကျွန်တော့်နောက်လိုက်ခဲ့။
အဲ...ဒါပေမဲ့
ကျွန်တော့်ကို မီးရှို့ ခဲ့ပေးပါ ။ ။

တိမ်ပြာ




သိရက်နဲ့ အသိခေါက်ခက်
အ၀င်နက်တယ် ပြောပြော
သေသွားရင်ဘာမှပါမသွားဘူးပြောပေမဲ့
နင်ပေးထားတဲ့
သံယောဇဉ်လေးတော့ငါယူသွားချင်တယ်

လွမ်း




ငါသေသွားတဲ.အခါ
ငါ.ဈာပန ကို လိုက်ပို.ပြီး တော့
ဟယ်...အိပ်နေသလိုပဲနော်လို့
ဟန်ဆောင်ပန်ဆောင်လေးတောင်ပြောစရာမလိုပါဘူး
ငါ.နာရေးသတင်းကြားလိုက်တဲ့
...တခဏ...
(မျက်ရည်တောင်ကျစရာမလို)
နင့် နှုတ်ခမ်း ခပ်ဟဟလေး ဖြစ်သွားရင်
ကျေနပ်ပါပြီ ။

မိုးဇက်




ပြန် မ တူး ဖြစ် ခဲ့ တာ ကြာ ပြီ
ငါ ရေး တဲ့ သေ တမ်း စာ မှာ
မျက် ရည် အ တု တွေ ပေါ တယ်
ကောင် မ လေး ရေ.....
ဒီ လို နဲ့ ပဲ
ငါ့ ဘယ် ဖက် ရင် အုံ ထဲ
အ မှောင် တွေ ကြီး စိုး ခဲ့ တာ ပေါ့ ။

Bug




အိမ်ပြန်ဖို့အတွက် ခရီးထွက်လာသူမို့
မျက်ရည်တွေဖြုန်းတီးပြီးနှုတ်မဆက်စေချင်ဘူး
ပြန်ချိန်တန်ရင်ပြန်ရတာပဲ
ငါ့အတွက်
အဲ့ဒီအရပ်မှာထာဝရမကြွေတော့မယ့်
နှင်းပန်းတွေပွင့်လိမ့်မယ်
အိပ်မက်ဆိုးတွေကင်းစွာအိပ်မောကျခွင့်ရမယ်ဆိုတာ
ငါယုံကြည်သလိုယုံကြည်ပြီး
လက်ခုပ်လက်ဝါးတီးလိုက်ပါ။

မိုင်လီလီနိုဝင်ဘာ







အမည်မဖော်ပြပါရစေနဲ့ ၊ အရိုးအက်ကြောင်းတွေထိအပူရောင်ငွေ့တွေစီးဆင်းနေ
ဟိုတစ်နေ့က
သစ်သီးတစ်လုံးနဲ့
တွဲ - ဖြာ - ရှ - အက်
ငွေစက္ကူကောင်တွေကလဲ လက်နှစ်ဖက်ကို
လက်ထိပ်လိုက်ခတ်နေတာဘဲ
လက်ခုပ်သံတွေက သစ်ရုပ်ကိုဇယ်ဆက် နှိက်တယ်
(တော်တယ် က . . . က . .
.တော်ဟတော်ဟ )
လူကြီးလူကောင်းမျက်ဖုံးစွတ်တပ် အပြုံး အရီ မိတ်ကပ်
ငါမိုက်လိုက်တယ်
အပြင်ထွက်ရပ် ရင်ပက်လက်နဲ့
အိမ်ဆွေးအိုမှာတောင်လေးဆိုင်းတွေ ဒုံးဇွတ်တိုက်ခတ်
အင်း . . . ငါထပ်မိုက်တယ်ပေါ့
မျက်ပိတ်ခွံမှာ ကြယ်ပြာစင်လင်း တစ်နေ့တော့ရေဆာလာမယ်
ခပ်ငင်ငင်တစ်ချက်
ပြတ်တောက်ရင်းနဲ့

" ဟေ့ကောင် . . . အရိပ်
မင်းရှင်တော်ဗုဒ္ဓုလမ်းစဉ်နဲ့သွား
ငါ အပျော်မယား ' အတ္တ ' နဲ့ ဒီတစ်ည ထပ်အိပ်မယ် "


မြူခိုး

53 စာပေမောင်နှမများအမှတ်တရ
http://www.fivethreeworld.net/

Saturday, May 24, 2014

အဆိပ်သင့်ခြင်း

အလွမ်းတွေပါဆယ်ထုတ်ပြီး 
  ပြန်နေကြလမ်းလေးအတိုင်း
ဝင်သက် ထွက်သက်နဲ့အတူ
  နာကျင်မှုတွေသိမ်းထားမိပြန်ပြီ..
ဝေဒနာ လမ်းမထက်
စိတ်တွေ အဆိပ်သင့်လို့
အပြန်တစ်ရာအဖန်ဖန် လွမ်းနေအုန်းမှာပါ.....

Thursday, May 22, 2014

သိကောင်းစရာဆီးကျောက်တည်ရောဂါ

သိကောင်းစရာဆီးကျောက်တည်ရောဂါ

သိကောင်းစရာဆီးကျောက်တည်ရောဂါ



ဆီးလမ်းကြောင်းမှာ ကျောက်တည်တဲ့ရောဂါ ဟာ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝဝဝ ကျော်BC ၃ဝဝဝ လောက်ကတည်းက ရှိနေပြီးဖြစ်ပါတယ်။ အီဂျစ်မှာရှိတဲ့ Mummy ရုပ်အလောင်းအချို့ကို တူးဖော်လေ့လာကြည့်တဲ့အခါ သူတို့ရဲ့ ကျောက် ကပ်နဲ့ ဆီးလမ်းကြောင်းတွေမှာ ဆီးကျောက် လေးတွေ တွေ့ရခြင်းအားဖြင့် အဲဒီခေတ်က တည်းက ရှိနေပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါပေ မဲ့ အခုနောက်ပိုင်း ရောဂါဖြစ်ပွားမှုနှုန်းဟာ တစ်နေ့တခြား ပိုမိုများပြားလာပါတယ်။ Western diet လို့ခေါ်တဲ့ အနောက်တိုင်းဆန်ဆန် စား သောက်နေထိုင်တဲ့လူနေမှုစနစ်ကြောင့်လို့ ယူဆ ကြပါတယ်။
ရောဂါဖြစ်ပွားတဲ့နှုန်း တဖြည်းဖြည်းများလာ ခြင်းဟာ နိုင်ငံတကာ လေ့လာချက်များအရ နေရာဒေသနဲ့ နေထိုင်စားသောက်ပုံ စရိုက်ပေါ် မူတည်ပြီး ကွာခြားမှုရှိပါတယ်။ အမေရိကန်နိုင်ငံ မှာဆိုရင် ဆေးရုံတက်သူ လူတစ်ထောင်မှာ တစ် ယောက်နှုန်းရှိပါတယ်။ တစ်ကမ္ဘာလုံးနှင့် ယှဉ်ပြီး ကြည့်ရင် နှစ်စဉ်ကမ္ဘာ့လူဦးရေရဲ့ အနည်း ဆုံး ဝ.၁ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ အများ ဆုံးဖြစ်တာတွေ့ရပါတယ်။ အထူးသဖြင့် အမျိုး သားအားလုံးရဲ့ ၁ဝ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ဘဝ သက်တမ်းတစ်လျှောက်မှာ တစ်ချိန်မဟုတ် တစ်ချိန်မှာ ဆီးကျောက်တည်တာ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
ကျွန်တော်တို့ တိုင်းပြည်မှာလည်း လွန်စွာ များပြားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရှိတဲ့ ဆေးရုံတွေရဲ့ ခွဲစိတ်ကုသဆောင်ကို တက်ရောက် ကုသနေတဲ့ လူနာတွေရဲ့ ၂ဝ ရာခိုင်နှုန်း ခန့်ဟာ ဆီးကျောက်တည်မှုနဲ့ ဆက်စပ်နေပါတယ်။ အချို့လည်း ရောဂါရှိလို့ ရှိမှန်းမသိဘဲ နေနေကြတဲ့ သူတွေအတော်များများရှိမယ်လို့ ခန့်မှန်းရပါ တယ်။
ဆီးကျောက်တည်ရောဂါဖြစ်တဲ့အခါ ကျောက်အမျိုးအစားက တစ်ဦးနဲ့တစ်ဦးတူချင်မှ တူမှာပါ။ ဆီးကျောက်အမျိုးအစားကို ခွဲခြားရာမှာ ပါဝင်ဖွဲ့စည်းထားတဲ့ ဓာတုေ ဗဒပစ္စည်းပေါ် မူတည်ပြီး ခွဲခြားကြည့်နိုင်ပါတယ်။

အဓိက အဖြစ်အများဆုံး ဆီးကျောက် လေးမျိုးရှိပါတယ်။
1. Oxalate Stone 30 -35 ရာခိုင်နှုန်း
2.Phosphate Stone 15-20 ရာခိုင်နှုန်း
3. Uric acid Stone 6- 10 ရာခိုင်နှုန်း
4. Cystine Stone 2-3 ရာခိုင်နှုန်း

အချို့လည်း ဒီအမျိုးအစားတွေတစ်မျိုးနဲ့ တစ်မျိုးပေါင်းစပ်ပြီး နေလေ့ရှိပါတယ်။ ဒါကို တော့ Mixed Stone လို့ခေါ်ပါတယ်။ ဆီးကျောက်အားလုံးထဲမှာ အများဆုံးပါဝ င်နေ တာကတော့ Calcium လို့ခေါ်တဲ့ ထုံးဓာတ်ဖြတ် ပြီး Stone အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းအထိ ပါဝင်နေလေ့ရှိပါတယ်။
ဆီးကျောက်အမျိုးအစားလေးမျိုးရဲ့ ထူးခြား ချက်တွေက-
Oxalate Stone မှာအဓိကပါဝင်တာ ကတော့ Calcium နဲ့ Oxalate ဖြစ်ပါတယ်။ နှစ်ခုပေါင်းပြီးCalcium Oxalate Stone လို့ လည်း ခေါ်လေ့ရှိပါတယ်။အစား အသောက်ထဲမှာCalcium ချို့တဲ့ လာရင် Oxalate Crystal တွေဟာ အထိန်းမရှိ တဲ့အတွက် ဆီးလမ်းကြောင်းထဲမှာ အနည်ကျလေ့ ရှိပါတယ်။ ဆီးကျောက်ရဲ့ သဘာဝကိုကြည့်ရင် အနားတွေမှာ အချွန်အတက်တွေထွက်ပြီး အလွန် မာကျောတဲ့အတွက် ဆီးလမ်းကြောင်း တစ် လျှောက်မှာ သွေးယိုစီးစေပြီး ဆီးထဲမှာ သွေးတွေ ပါ တတ်ပါတယ်။ အင်မတန်မှ နာကျင်မှုကို ပေး ပါတယ်။ ခွဲစိတ်ပြီး ထုတ်ကြည့်ရင် အပြင်ပိုင်းမှာ သွေးတွေနဲ့ ဖုံးနေလို့ မည်းနေတတ်ပါတယ်။

Phosphate Stone မှာလည်း Calcium phosphate တို့ Magnesium Phosphate တို့ Ammonium Phosphate တို့ စသည်ဖြင့် အမျိုးမျိုးထပ်ခွဲနိုင် ပါတယ်။ Phosphate Stone ရှိရင် ဆီးလမ်းကြောင်းမှာ မကြာခဏဆိုသလို ပိုးဝင်တတ်ပါတယ်။ သူ့ရဲ့ အနားတွေဟာ ချော မွတ်နေတဲ့အတွက် သွေးထွက်တာကို မဖြစ်စေ တတ်ပါဘူး။ နာကျင်မှုမပေးတဲ့အတွက် မသိဘဲ နေတတ်ပါတယ်။ အရွယ်အစားလည်း ကြီးတတ် ပြီး ကျောက်ကပ်တစ်ခု လုံးပြည့်တဲ့အထိ ဖြစ်တတ် ပါတယ်။
Uric Acid Stone ကတော့ အလွန်မာကျော ပါတယ်။ မျက်နှာပြင်ကတော့ အချွန်အတက်တွေ ရှိလေ့မရှိပါဘူး။ များသောအားဖြင့် တစ်ခုတည်း မဟုတ်ဘဲ အများ အပြားဖြစ်လေ့ရှိပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ရိုးရိုးဓာတ်မှန်မှာ တွေ့ရလေ့မရှိပါဘူး။ဂေါက်ရောဂါရှိတဲ့သူတွေ မှာ အများဆုံး တွေ့ရပါတယ်။ သူ့ကိုကုရင် ရောဂါကို ကုမှပျောက်မှာဖြစ်ပါတယ်။Cystine Stone ကတော့ အားလုံးထဲမှာ အဖြစ် အနည်းဆုံးဖြစ်ပါတယ်။ များသောအားဖြင့် မျိုးရိုးလိုက်လို့ဖြစ် တတ်ပါတယ်။ တစ်ခုတည်း နေလေ့မရှိဘဲ အများအပြားရှိလေ့ရှိပါတယ်။ တဖြည်းဖြည်းကြီးလာပြီး Phosphate Stone လိုပဲ ကျောက်ကပ် တစ်ခုလုံး ပြည့်သွားတဲ့အထိ ကြီးလာ တတ်ပါတယ်။ Cystine မှာ Sulphate ပါတဲ့အတွက်ကြောင့်ရော အရွယ်အစားကြီးတဲ့ အတွက်ကြောင့်ရော တစ်ခုတည်းမနေဘဲ များများ ပူးကပ်နေ တဲ့အတွက် ကြောင့်ရော ဓာတ်မှန်ရိုက် ရင် အလွယ်တကူ တွေ့နိုင်ပါတယ်။
ဆီးကျောက်တည်ရင် ပြသလေ့ရှိတဲ့ ရောဂါ လက္ခဏာများ
ဆီးကျောက်တည်ရောဂါဖြစ်ပေမယ့်လည်း အချို့လူတွေမှာ ဘယ်လိုလက္ခဏာမှ မပြဘဲ နေနိုင်ပါတယ်။ ကျောက်ကပ်ဆိုတာက နှစ်ခုရှိ တော့ တစ်ခုနဲ့ပဲ အသက်ရှင်နို င်တဲ့အတွက် ကျောက်ကပ်တစ်ခုလုံး ပျက်စီးတဲ့အထိ ကျောက် တည်နေတာတောင် သိချင်မှသိမှာဖြစ်ပါတယ်။ဒါပေမဲ့ များသောအားဖြင့် ကျောက်တည် ရင် ရောဂါလ က္ခဏာတွေ ပြသလေ့ရှိပါတယ်။ ဖြစ်တဲ့ ကျောက်အမျိုးအစားရယ်၊ ဖြစ်တဲ့နေရာ ရယ်၊ အရေအတွက်အနည်းအများ ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပူးတွဲဖြစ်ပေါ်လေ့ ရှိတဲ့ နောက် ဆက်တွဲ ပြဿနာတွေပေါ် မူတည်ပြီး
ရောဂါ လက္ခဏာများလည်း ကွဲပြားနိုင်ပါတယ်။များသော အားဖြင့်
- နောက်ကျောဘက်မှာ မခံမရပ်နိုင်အောင် နာကျင်လာမယ်
- ဆီးသွားရင် အနည်တွေပါလာမယ်
- အချို့လည်း ပြည်လိုလို အဖတ်တွေပါလာ မယ်
- ဆီးအရောင်အသွေးနီရဲလာမယ်ဆိုရင်

ဆီးကျောက်တည် ရောဂါဖြစ်နိုင်ဖို့ အလား အလာ များပါတယ်။ ဒါဆိုရင် နီးစပ်ရာ ဆေးပညာ ရှင်နဲ့ပြသပြီးရောဂါအမှန်ကို ရှာဖွေဖို့လိုပါ တယ်။ရောဂါရှာဖွေစမ်းသပ် ဖို့ စစ်ဆေးကြည့်မယ် ဆိုရင်ဆီးကျောက်အများစုကို ရိုးရိုးဓာတ်မှန်မှာ တွေ့နိုင်ပေမယ့် Uric Acid Stone လို ဆီး ကျောက်ကိုတော့ ရိုးရိုးဓာတ်မှန်မှာ မတွေ့နိုင်ပါ ဘူး။ အဲလိုအခါမျိုးမှာ ဆေးသွင်းပြီး ရိုက်တဲ့ ဓာတ်မှန်မှာမှ တွေ့နိုင်ပါတယ်။ ဒါ့အပြင် အခုခေတ်စားလာတဲ့ Ultra Sound ရိုက်ကြည့်ရင်လည်း တွေ့နိုင်ပါတယ်။ ဆီးကျော က်ဝေဒနာရှင်တိုင်းဟာ မိမိရဲ့ဆီး ကျောက်ကို သေသေချာချာ တိတိကျကျသိနိုင်ဖို့ အတွက် အဲဒီ စမ်းသပ်မှုတွေကိုတော့ ဖြစ်နိုင်ရင် လုပ်သင့်ပါတယ်။ ဒါမှကုသတဲ့ အခါမှာ ပိုမို လွယ်ကူမှာဖြစ်ပါတယ်။
ဆီးကျောက်တည်ရောဂါ၏ နောက်ဆက်တွဲ ပြဿနာများ Complications
ဆီးလမ်းကြောင်းမှာ ကျောက်တည် နေတာ ကို စနစ်တကျမကုဘဲထားရင်
၁။ ဆီးလမ်းကြောင်းထဲကို ရောဂါပိုးမကြာခဏ ဝင်ပြီး မကြာခဏဖျားနာခြင်း ဖြစ်တတ်ပါတယ်။ ဒီထက်ပိုဆိုးတာက ဒီပိုးတွေဟာ သွေးထဲကို ရောက်ပြီး အသက်ဆုံး ရှုံးတဲ့အထိ ဖြစ်နိုင်ပါ တယ်။
၂။ ကျောက်တဖြည်းဖြည်းကြီးလာပြီး ကျောက် ကပ်မှာရှိတဲ့ တစ်သျှူး(Tissue) တွေကို ဖျက်ဆီး ပစ်နိုင်ပါတယ်။ ကြာရင် ကျောက်ကပ်တစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။
၃။ ဆီးလမ်းကြောင်းကနေ မကြာခဏဆိုသလို သွေးတွေထွက်ပြီး ဆီးနဲ့အတူဆုံးရှုံးလေ့ရှိတဲ့ အတွက် နာတာရှည်သွေးအားနည်းရောဂါဖြစ် နိုင်တယ်။
၎။ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်လာတဲ့အတွက် သွေးတိုးရောဂါဖြစ်တတ် ပါတယ်။

ဒါတွေကတော့ အဖြစ်များတဲ့ နောက်ဆက် တွဲ ပြဿနာတွေပဲ ဖြစ်ပါတယ်။
ဘာကြောင့် ဆီးကျောက်တည်ရောဂါ ဖြစ်ရပါ သလဲ။
ဆီးကျောက်တည်ရောဂါ ဖြစ်ရတဲ့အကြောင်း များစွာရှိပါတယ်။ အဓိကအားဖြင့် လွယ်ကူအောင် အုပ်စုကြီး နှစ်ခုခွဲနိုင်ပါတယ်။ပထမအုပ်စုကတော့ သူ့ မှာ နဂို ရောဂါ အခံရှိလို့ ဆီးကျောက်တည်ခြင်း ဖြစ်ပါ တယ်။ ဥပမာ- ဆီးလမ်းကြောင်းထဲကို ကျောက် တည်စေ နိုင်တဲ့Calcium တွေ Oxalate တွေ Uric Acid တွေ Cystine တွေများများ စွန့်ထုတ်ပေးတဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ဒါကိုတော့ သက်ဆိုင်ရာ ဆေးပညာရှင်များကသာ ရှာဖွေကုသပေးနိုင်မှာ ဖြစ်ပါတယ်။
ဒုတိယအုပ်စုကတော့ မိမိမှာ ဘာရောဂါမှ အခံမရှိဘဲနဲ့ အနေအထိုင်အစားအသောက် မှားယွင်းနေတဲ့အတွက် ဆီးကျောက်တည်ခြင်း ဖြစ်ပါတယ်။ဒါကိုတော့ မိမိဘာ သာ သိရှိနားလည်ပြီး ပြုပြင်နေထိုင်စားသောက်ခြင်းအားဖြင့် ဆီး ကျောက်တည်ရောဂါကနေ ကာကွယ်နိုင်ပါတယ်။ ဖြစ်ပြီးရင်လည်း သက်သာပျောက်ကင်းေ အာင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ဆီးကျောက်တည်ရောဂါကို ကြိုတင်ကာကွယ် ခြင်း။
ဆီးကျောက်တည်ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်ဖို့ဆိုရင် အဓိကအားဖြင့် ခြုံပြီး ပြောရရင်-
၁။ ရေများများသောက်ပါ၊ ရေကို ကျိုချက်ပြီး မှ သောက်ပါ။
၂။ ဟင်းသီးဟင်းရွက်များများစားပေးပါ။ အဝါ ရောင်ရှိတဲ့ အသီးအနှံတွေကို ပိုစားပါ။
၃။ အသားငါးကို ပုံမှန်သင့်တင့်စွာစားပါ။ အသားငါးစားတိုင်း အသီးအရွက်နဲ့ တွဲဖက်စား ပါ။
၎။ အငန်လျှော့စားပါ။
၅။ အချိုဓာတ်များတဲ့ အချိုရည်၊ ဂလူးကို့စ် သကြားစတာတွေကို ရှောင်ကြဉ်ပါ။
၆။ ကော်ဖီ၊ လက်ဖက်ရည်ကို အလွန်အကျွံ မသောက်ပါနှင့်။
၇။ ကွမ်းယာစားတဲ့ အကျင့်ကို ရှောင်ကြဉ်ပါ။ စသည်တို့ပဲ ဖြစ်ပါတယ်။
အချုပ်အားဖြင့် မိမိရဲ့ အနေအထိုင် အစား အသောက်စတဲ့ ဘဝနေဟန်အပြုအမူတွေ မှား ယွင်းနေတယ်ဆိုရင် ပြောင်းလဲပြုပြင်ခြင်းဖြင့် ဆီး ကျောက်တည်ရော ဂါမဖြ စ်အောင် မိမိဘက်မှ တတ်စွမ်းသလောက် ကြိုတင်ကာကွယ်ထားနိုင် ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။

ဒေါက်တာအောင်ဆန်းဝင်း
http://yatimagazine.com/archives/7991

ဆီး ကျောက်တည်လာခြင်းကို ရှောင်ရှားဖို့















လူဆယ်ယောက်မှာ တစ်ယောက်ဟာ တစ်သက်မှာတစ်ခါတော့ ဆီးကျောက်တည်ကြပါလိမ့်မယ်။ ဆီးအိမ်မှာ ကျောက်တည်လာခြင်းကို ရှောင်ရှားဖို့ အနည်အနှစ်ချထားတဲ့ အသီးဖျော်ရည်မျိုးတွေကို အမြောက်အများ သောက်ပေးဖို့ ညွှန်းဆိုလေ့ရှိကြပါတယ်။

အော်စလိတ်(oxalate)မြင့်မားတဲ့ အစားအစာတွေကို ရှောင်ရပါမယ်။ သစ်ချသီး၊ မြေပဲ၊ မက်မွန်သီး၊ သီဟိုစေ့၊ ပဲပိစပ်၊ ပဲနို့၊ အခြောက်လှန်းထားတဲ့ ပဲအများစု၊ ဂျုံစေ့၊ ပီတမုန်လာ၊မုန်လာဥနီ၊ ကန်စွန်းဥ၊ ချောကလက်နဲ့လ္ဘက်တို့ဖြစ်ပါတယ်။

ပရိုတိန်းပါတဲ့ အသားနဲ့ အသားသုံးအစားအစာများကိုလည်း လျှော့ချရပါမယ်။
သင့်မှာ ကျောက်တည်နေပြီဆိုရင်တော့ သင့်ဆရာဝန်က  ဆားသုံးစွဲမှုကို လျှော့ချခိုင်းပါလိမ့်မယ်။ နေ့စဉ်အစားအစာတွေ ထဲမှာ ပါဝင်နေတဲ့ ဆား၊ ကယ်ဆီယမ်၊ ပရိုတိန်း၊ ပိုတက်ဆီယမ်နဲ့ အော်စလိတ်တို့ကို လျှော့ချပါ။

ကယ်ဆီယမ်ပါဝင်မှုမြင့်မားနေတဲ့ အစားအစာတွေကို ရှောင်ရှားတတ်အောင်၊ အစားသောက်တွေထဲမှာ ကယ်ဆီယမ်ပါဝင်နှုန်းဘယ်လောက်ရှိတယ်ဆိုတဲ့ ဖော်ပြချက်တွေ ကိုလည်း ဖတ်တတ်အောင် သင်ယူထားဖို့ လိုအပ်ပါတယ်။ ကယ်ဆီယမ်ကို အချိုးကျကျစားဖို့ သင့်ဆရာဝန်ဆီက လေ့လာရပါမယ်။
နေ့စဉ်ပြုလုပ်ရမည့်အချက်- အိပ်ရာ မဝင်မီ ရေတစ်ခွက်သောက်ပါ။ ညသန်းခေါင်တွင် နိုးလာပါကလည်း ရေတစ်ခွက်သောက်ပြီးမှ ပြန်အိပ်ပါ။

ကျောက်တည်သူများအတွက် အောက်ပါသီးစုံဖျော်ရည်ကို နေ့စဉ်တစ်ခွက်မှ နှစ်ခွက်သောက်ပေးပါ။
-လိမ္မော်သီးတစ်လုံး(အခွံခွာပြီးသား)
-ပန်းသီးတစ်လုံး
-သံပုရိုသီးတစ်လုံး
-ဖရဲသီးလေးစိပ်
-ရေခဲတုံးလေးတုံး

အသီးတွေအားလုံးက အော်ဂန်နစ်ဖြစ်ပါက ပိုကောင်းပါတယ်။

သံပုရိုသီးက စစ်ထရစ်အက်ဆစ်ပါဝင်မှု မြင့်မားပါတယ်။ ကယ်ဆီယမ်အခြေခံဖြစ်လာတဲ့ ဆီးကျောက်တွေကိုလည်း ဒီအက်ဆစ်က ခြေဖျက်ပါတယ်။

ဖရဲသီးက ဆီးကျောက်တည်မှုအတွက် အကောင်းဆုံး အသီးဖြစ်ပါတယ်။ရေဓာတ်ပါဝင်မှုကမြင့်မားပြီး ဆီးကျောက်တွေကို ရေတွေ ဖြတ်သန်းစီးဆင်းသွားရာမှာ အရေးပါပါတယ်။ ဖရဲသီးက ဆီးလမ်းကြောင်းအားကောင်းစေတဲ့ အသီးလည်းဖြစ်ပါတယ်။

ရေကိုတော့ သောက်နိုင်သလောက် များများသောက်ပေးပါ။
www.phothutaw.com/2014/03/blog-post_7437.html 

ကန်စွန်းရိုးနီ(Rabbit Greens)ကပေးတဲ့ အစွမ်းများ

အပင် တစ်နှစ် သို့မဟုတ် နှစ်ကြာခံ ရေလျှောက်ပင် ဖြစ်သည်။ ပင်စည်ရိုးနီ၍ ခေါင်းပွဖြစ်၏ ။ အဆစ် များမှ အမြစ်များ ထွက်သည် ။အဆစ်နေရာတွင် အခေါင်းပိတ်ဖြစ်သည်။

အရွက်
ရွက်လွှဲထွက်သည်။ ၃-၆ လက်မရှည်သည်။ လှံစွပ်ပုံ သို့မဟုတ် သုံးထောင့် ပုံ ဖြစ်သည်။ ရွက်ထိပ် အလွန်ချွန်သည်။ ရွက်ရင်း မြားသွားပုံရှိသည် ။အမွေးမဲ့သည်။ ရွက်ညှာအလွန် ရှည်သည်။ ရွက်နားညီ သည်။ ရွက်ပြားချော၍ ပါးလွှာသည်။ ရွက်နား ခရမ်းရောင်သမ်းသည်။

အပွင့်
အပွင့်ကြီးသည်။ ခရမ်းဖျော့ရောင်ရှိ၍ ခေါင်းလောင်းပုံဖြစ်သည်။ အမွေးမဲ့သည်။ ပွင့်တည်း ဖြစ်သည်။ သီတင်းကျွတ်မှ တပို့တွဲလအတွင်း ပွင့်သည်။

အသီး
အချင်း ၁/၂ လက်မခန့် ရှိသည်။ အမွေးမဲ့သည်။ လုံးဝိုင်းသည်။ ရင်မှည့်က အက်ကွဲသည်။ အစေ့ ၄ စေ့ သို့မဟုတ် ၂ စေ့ ရှိ၍ ပိုးသားကဲ့သို့ အမွေးများ ရှိသည်။ တပို့တွဲ ၊ တပေါင်းလတွင် သီးမှည့်သည်။

အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ
အရွက် ။

မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ
ရေမြောင်း ရေကန်များနှင့် လယ်ကွက်များတွင် အလေ့ကျ ပေါက်ရောက်၏ ။ စိုက်ပျိုးပင် အဖြစ်လည်း စိုက်ကြသည်။

အသုံးဝင်ပုံ -

အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ချို၍ အေး၏ ။နို့ရည်ကို ဖြစ်စေ၏ ။ ရေ၌ ဖြစ်သော ပိုးတို့ကို ပယ်တတ်၏ ။ လေ ၊ သလိပ် ကို ဖြစ်စေသည်။ အဆိပ်ကို ပြေစေ၏ ။ အရွက်ရည်သည် မီးလောင်နာ ၊ ဆီးနှင့် ပတ်သက်သော ရောဂါနှင့် ပူလောင်ခြင်းတို့ကို ပျောက်ကင်း စေ၏ ။

အသုံးပြုပုံ-

အရွက်

၁ ။ ကန်စွန်းရွက်ရည်ကို မီးလောင်နာ ၊ ရေငတ်နာ ၊ ဆီးနှင့် ပတ်သက်သည့် အဖျားရောဂါများပျောက်ရန်အတွက်လည်းကောင်း၊ အဆိပ်အတောက် ပြေစေရန်အတွက်လည်းကောင်း သုံး၏။

၂ ။ အရွက်ကို ဟင်းချက် စားသော် သွေးဝမ်းရောဂါ ပျောက်၏ ။

၃ ။ ဆီးအိမ်တွင် ဆီးရှိပါလျက် ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်း ရောဂါအတွက် ကန်စွန်းရွက်ကို ဘူးရွက် မန်ကျည်းရွက်တို့နှင့် အမျှကြိတ်၍ ဆန်မှုန့်ညက်နှင် ဖျော်ပြီး ဆီးခုံပေါ်တင်ထားပါက ၁၅ မိနစ်အတွင်း ဆီးကျဆင်း၏ ။ ဓမ္မတာလွန်ခြင်းလည်း ရပ်တန့်စေ၏ ။

၎ ။ ကန်စွန်းရွက်ကို ပြုတ်သောက်ပါက ရင်ပြည့်ဝမ်းကျ ရောဂါ ပျောက်၏ ။

၅ ။ ကန်စွန်းရွက်ကို ထန်းလျက် မန်ကျည်းမှည့်နှင့် ဆားထည့်၍ ကျိုသောက်က ဆီးကျောက်တည်ခြင်းနှင်တကွ ဆီးရောဂါ ဟူသမျှ ပျောက်၏ ။

၆ ။ ငန်းမန်းရှိသောအနာကို ဘူးရွက်များနှင့် ရောစပ်၍ ရေစိမ်ပြီး အနာကို ဆွတ်လိမ်းခြင်းအားဖြင့် ငန်းမန်းကျစေနိုင်၏ ။

Myanmar News Update

ညသိပ်ရေနွေး အဆိပ်ထက်ပြင်း

ညသိပ်ရေနွေးဆိုလို့ အနော် ကြုံဖူးတဲ့ ဘ၀ပေး သင်ခန်းစာလေးတခုကိုအမှတ်၇လိုက်လို့ပါ
အနော် တောင်ကြီးမှာ နေတုန်းက အနော်တို့ လူမျိုးတွေက ရေနွေး သပ်သောက် ကြတယ်
ရေနွေးကို အခါးရည်လို့လည်းခေါ်ကြတယ်
ဒီမှာတော့ အဖန်ရေလို့ခေါ်တာပေါ့အခါးရည်ဆိုတာ ဒီမှာတော့ အရက်လို့ပြောတာပဲအဲ့ အခါးရည်ကို အိမ်လာတဲ့ လူတိုင်းကိုတိုက်တယ်အိမ်မှာနေရင်း လည်းသောက်ကြတယ်… မပါမဖြစ်… အိမတအိမ် တက်ရင် အနည်းဆုံးတော အခါးရည်လေးတော့ တိုက်ကြတာကြီးပဲ...အဲမှာ အနော့် အဒေါ်ကတော့ အသောက်နိုင်ဆုံးလူ အဖြစ်သတ်မှတ်ရမယ်
ဘာလို့လဲဆို အဒေါ်က မိုးလင်းမိုးချုပ်ထိသောက် တယ် …ရေဆာလဲသောက်တယ်… ထမင်းစား လဲသောက် တယ် … အားနေရင်းကို သောက်နေတော့တာပဲရေနွေးတအိုးကို ဘယ်လောက်မှ မရှိသေးဘူး ကုန်ပြီ တနေကုန်လဲ ရေနွေးတည်နေတယ်အဲ့မှာစတာပဲ အဒေါ်ေ၇နွေးစွဲတော့ မနက် မျက်စိနှစ်လုံးဖွင့်တာနဲ့ သောက်တော့တာပဲအဲမှာ ညသိပ်ရေနွေးတွေကိုသူက တ၀ကြီးထိုင်သောက်ပြီးမှ လုပ်စရာချိတာလုပ်တယ်

တနေ့မှာတော့ အနော့် အဒေါ်က ဗိုက်အောင့်အောင့်လာတယ်ဒါနဲ့ပဲ တောင်ကြီးက စိန် အထူးကု ဆေးခန်း မှာပြပါလေရောဆရာဝန်က သိပ်များများပြားပြားမစစ်ဘူးဗိုက်အောင့်တာနဲ့ပဲ အစာအိမ်လို့ပြောပြီး ခွဲဖို့ ပြင်တော့တယ်။

ကံကောင်းချင်တော့ တောင်ကြီးမှာ ပစ္စည်းမစုံတာကြောင့် မန္တလေးကို ပြောင်းရပါလေရောမန္တလေးက လည်း မစစ်ဘူး တောင်ကြီးက ရမ်းတုတ်ထားတဲ့အစာအိမ်ဆိုတာနဲ့ပဲ အစာအိမ်ခွဲဖို့ပြင်ရောအဲမှာ အဒေါ်က ကံကောင်းသွားတာက မန္တလေးရောက်နေတဲ့ အသည်းဆရာဝန်ကြီးတယောက်နဲ့ ခင်လိုက်တယ် ( နာမည် ကို အနော်မသိ)

အနော့ အဒေါ်က ကျောင်းအုပ်ဆိုတော့ ဖောင်ကြီး သင်တန်းလို ၀န်ထမ်းရေးရာ တတ်တုန်းကခင်ခဲ့လို့ပြောပြ တယ်ဆရာဝန်ကြီးက အစောရေ ဘာဖြစ်တာလဲ မေးတော့ အဒေါ်က ဗိုက်အောင့်နေကြောင်းပြောပြတယ်
ဆရာဝန်ကြီးက အောင့်တဲ့နေရာ သေသေချာချာပြ ဆိုပြီး ဓါတ်မှန်တွေရိုက်ခိုင်းအာထှာဆောင်းတွေရိုက်ခိုင်း ပြီးမခွဲဖို့ ဆရာဝန်နဲ့ တိုင်ပင်တယ် ….
အဖြေ သိရတာကတော့ အဒေါ်က အသည်းမှာ စကာပေါက်ဖြစ်နေတယ်တဲ့မပေါက်တဲ့အပိုင်းက ခြောက်နေတယ်ဆိုပဲ...အဲမှာ ဆရာဝန်ကြိးက အဒေါ်ရဲ့ တနေ့တာ စားသောက်မှုကိုစစ်တော့ အဒေါ်က ညသိပ်နေနွေးကို နှစ်နဲ့ချီအောင် သောက်ခဲ့လို့ဖြစ်တာလို့ရှင်းပြတယ်။
လက်ဖက်ခြောက်ကို 6နာရီကျော်ကြာအောင် စိမ်ထားတာဟာ အဆိပ်ထက်တောင် ပြင်းတယ်လို့ဆိုပါတယ်
လက်ဘက်ကို စတင်သောက်သုံးကြတဲ့ ကိုကိုတရုတ်တွေကတော့ တခါသောက်လေးသာ ခတ်သောက် တာပါတဲ့ဒီမှာလို ရေနွေးအိုးထဲ ထည့်ပြီး မစိမ်ပါဘူးတဲ ဂျာရေနွေးဖြူကိုသာ ထည့်ထားပြီး ဧည့်သည် ဖြစ်ဖြစ် သူတို့သောက်မှသာ ခွက်ထဲကို လက်ဖက်ခြောက်ထည့်ုပြီး ရေနွေးအဖြူကိုရောတာပါတဲ့။
ဒီကလူတွေကတော့ ရေနွေးကို ဓါတ်ဗူးနဲ့ ထည့်တည်ပြီးသောက်ကြပါတယ်။အဲမှာ လက်ဖက်ခြောက် ရယ်ဓါတ်ဗူးက ဓါတ်သားမှာပါတဲ့ ပြသားတွေရယ်ကြောင့် အသဲကို ပျက်စီးစေတာပါတဲ့…..နောက်တခု ကတော့ပက် စီလို့ခေါ်တဲ့ ဖျော်ရည်တွေမှာပါတဲ့ Gas တွေပါအနော် Duty Free ဆိုင်မှာလုပ်တုန်းက သင်ခဲ့ရပါတယ်။
ရိုးရိုးလိမ္မော်ရည်ထဲကို Gas တမျိုးထည့်လိုက်တာနဲ့ လိမ္မော်ရည်တွေဟာ အေးမြနေတော့တာပါပဲလိမ္မော် ရည် 1ပုံမှာ Gas က 9ပုံပါပါတယ်အဲဒီ Gas က အသည်းနဲ့ အဆုတ်ကို ပျက်စီးစေတယ်လို့ဆိုပါတယ်
ဒါကြောင့် Gas မပါတဲ့ သဘာဝဖျော်ရည်လေးတွေကိုသာ သောက်သုံးသင့်ပါတယ်။

အနော်နဲ့ခင်တဲ့ စာရေးဆရာ တယောက်ချိပါတယ်သူကတော့ ညနေတိုင်း အရက်သောက်လေ့ချိပြီး သူ့တပည့်ကတော့ အဖော်အဖြစ် နေ့တိုင်းလိုက်ထိုင်ပေးပါတယ်။ ဆရာကြီးသောက်သလို တပည့်က မသောက်တတ်ပေမဲ့ ဆရာနဲ့အတူတူနေ့တိုင်း လိမ္မော်၊ ကိုလာ စတာတွေကို တခုမဟုတ် တခုသောက်ပါ တယ်6လလောက်ကြာတော့ တပည့်ကြီးဆေး၇ူံတက်ရရောအသည်းက စကာပေါက်ဖြစ်နေပြီတဲ့
နေ့တိုင်း အရက်သောက်တဲ့ ဆရာတောင် ဘာမှမဖြစ်သေးဘူးGas ပါတဲ့ဖျော်ရည်တွေ နေ့တိုင်းသောက်တဲ့ တပည့်လေးကတော့နောက် 1လ အကြာမှာပဲ သေဆုံးခဲ့ပါတယ်။
ဒါ့ကြောင့် ပူုပြင်းလှတဲ့ နွေရာသီမှာ အအေးသောက်ရင်သဘ၀ Gas မပါတဲ့ဖျော်ရည်တွေကိုသာ သောက်သုံး သင့်ပါကြောင်းနဲ့ညသိပ်ရေနွေးတွေကိုလည်း မသောက်မိစေဖို့ သတိပေး ဆန္ဒုပြုလိုက်ပါတယ်

နွေးသီး

ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ရဲ့ နာမည်ကျော်ဥတုဘောဇန သင်္ဂဟကျမ်းမှာ ဖော်ပြထားတဲ့
ရေနွေး။ရေကျက်အေး ရေအေးတို့နဲံပတ်သက်တဲ့ သိမှတ်ဖွယ်ရာဗဟုသုတတွေဒီစာအုပ်မှာပါဝင်တယ်.

နောက်ဆုံးတင်ပြလိုတာကတော့…..
(၁) ရေနွေး ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီးကျက်အောင်ကျိုပါ။
(၂) ကော်ဖီဖျော်ရင် ခြောက်နာရီအတွင်း ကျိုချက်ထားတဲံ ရေနွေးနဲ့ဖျော်ပါ။
(၃) ဓာတ်ဗူးထဲက ရေနွေးနဲံဖျော်ရင် ခြောက်နာရီထက်ကျော်ပြီး ဓာတ်ဗူးထဲမှာ
လှောင်ထားသော ရေနွေးကိုမသုံးသင့်ပါ။
(၄)ဓာတ်ဗူးထဲမှာ အေးပြီးသားရေနွေးကို ဓာတ်ပျက်ရေနွေးဖြစ်လို့ ပြန်နွေးပြီး
မသုံးပါနဲံ။ပြန်ကျိုချက်ပြီး မသုံးပါနဲ့။
(၅)ညသိပ်ရေနွေး ။ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကို
ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။
(၆)ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေးမသောက်ပါနဲ့။
ရေအေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေနွေးမသောက်ပါနဲ့။
အထက်ပါအယူအဆတွေဟာ မလွဲနိုင်တဲံ့ တိုင်းရင်းဆေးပညာ
ဥပဒေသ အယူအဆတွေဖြစ်ကြောင်း တင်ပြအပ်ပါသည်။.
{ ဒီစာအုပ်လေးကိုကျမဖတ်နေရင်းကနေ အင်တာနက်ကကျမမိတ်ဆွေတွေသိသင့်တယ်
ယူဆမိလို့ရေးသားတင်ပြခြင်းဖြစ်ပါတယ်ရှင်..အနှောက်ယှက်ဖြစ်ခဲံ့တယ်ဆိုလည်း
ခွင့်လွတ်ပေးပါလို့မေတ္တာရပ်ခံအပ်ပါသည်ရှင့် ….

မမာလာ
 

Monday, May 19, 2014

အလွမ်းဇာတ်

အလွမ်းဇာတ်
 တစ်ခန်းရပ်အဖြစ် မင်းသားအသစ်
ညမှောင်မှောင်မှာ  အလွမ်းစောင်ခြုံ အိပ်လိုက်နော်..

အချစ်ကလေးပြစ်ကာပြေးတော့
နေမင်းဝတ်ရုံ ရင်လွမ်းခြုံလို့
ရေမထိတဲ့ကြာ အပူမိတဲ့ဝေဒနာ
လူမသိတဲ့ ဒဏ်ရာသေရာပါ..
ချစ်သူသိစေ ညွန်းလိုက်သည်.............



Monday, March 24, 2014

သစ္စာအကြောင်း ပြောရင် သေတတ်တဲ့ တိုင်းပြည်

သစ္စာအကြောင်း ပြောရင် သေတတ်တဲ့ တိုင်းပြည် 

  မေတ္တာအကြောင်းပြောရင် လူရွှင်တော်လားမေးသောတိုင်းပြည် 

 ဒူးနှင့်ပေါင်လွှဲထားသောတိုင်းပြည်  

လယ် ယာရှိပြီး လယ်ပျောက် ယာပျောက် ငတ်နေသောတိုင်းပြည် 

 မြေပေါ်မြေအောက် ရေပေါ်ရေအောက် 

 သယံဇာတရှိပြီး ဆင်းရဲနေသောတိုင်းပြည်  

စာသင်ကျောင်းရှိပြီး စာ မတတ်သောတိုင်းပြည်

  မြင်သာမြင် မကြင်ရသောတိုင်းပြည်  

တိုင်းပြည် တိုင်းပြည် တိုင်းပြည် 

 သစ္စာအကြောင်း ပြောရင် သေတတ်တဲ့ တိုင်းပြည်

Friday, February 14, 2014

ပြည်သူအရိုးကို သူရိုက်ချိုး

ဘယ်သူသေသေ ငတေမာမျိုး
ပြည်သူအရိုးကို သူရိုက်ချိုး

လယ်သိမ်းယာသိမ်း
ပြည်မငြိမ်း
ဆန်ရေစပါးနေ့တိုင်းစားလည်း
သူ၏စိတ်တွင် ချေးနံ့ဝင်သည်
မစင်လောက်တက် စိတ်ဓါတ်တည်း

က၀ိပညာ မတတ်သောအခါ
စဉ်းစားတွေးခေါ် ဥာဏ်နည်းသနော်
ပြည်သူငိုမှ သူဝမ်းဝ၏
ပြည်သူငိုမှသူ ခါးလှ၏

ဆွေမျိုးပေါက်ဖော် လက်တွဲခေါ်ကာ
သစ်များ မြစ်များ မြေယာများကို
ကျေးဇူးဂုဏ်တင်ပေးအပ်သည်

ပြည်သူကျေးဇူးအထူးမသိဘူး
ခွေးသေလောက်တက် ခန္ဒာကိုယ်နဲ့
တိုင်းပြည်ဖျက်ဖို့ကျန်နေတယ်
မစင်လူးသော သူ၏စိတ်ဓါတ်နံစော်တယ်..

ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်ချုပ်မွေးနေ့ပွဲ ၉၉ နှစ် အမှတ်တရ

ဗိုလ်ချုပ်စံထား ပြည်ချစ်သားများ
သူကားဥသျှောင် ပြည်ခေါင်းဆောင်
လူထုအပေါ် ငှဲ့ကွက်ခဲ့သနော်

ဗိုလ်ချုပ်လိုသား ရှာမှရှား
မတစ်ထောင်မှာ တစ်ကောင်ဖွား
မြန်မာပြည်ကို စုစည်းထား

က၀ိပညာ တတ်သောအခါ
စဉ်လာမမှား တွေးသစ်များနှင့်
ပြည်သူအတွက် ရှေ့ဆောင်ထား
ဒီမိုကရေစီ လမ်းစဉ်များ

ဗိုလ်ချုပ်ဖခင် အောင်ဆန်းမဟာ
တိုင်းပြည်အနှစ် ပြည်သူချစ်
ယနေ့ထိတိုင်လွမ်းသူမစဲ
ပြည်သူချစ်တဲ့နေ့မြတ်ပွဲ