Pages

Monday, August 20, 2012

"မ..မ" မြင်နေကြားနေ တွေ့နေရတယ်ဘာလို့ ပရဟိတလုပ်တာလဲ ဘာအတွက်လဲ သိချင်လား ..........! ! ?

Blog Entry
" မ..မ "ဘာလို့ ပရဟိတလုပ်တာလဲ ဘာအတွက်လဲ သိချင်လား ..........! ! ?

for everyone




.
အကျိုးတော်ဆောင်လူငယ်အဖွဲ့...ပြင်ဦးလွင်သို့သွားခဲ့ကြသည်..အပိုင်း (၂ )


visuddha


"မမ"ငယ်ငယ်က ပရဟိတ ကျောင်းက ´"မမ "အိမ်ရှေ့နားလေးမှာတင်ပါ

မိဘမဲ့ကလေးလေးတွေကို ရပ်ကွက်မှ မိသားစုမှ လာရောက်ပို့ဆောင်ပေးကြတာတွေကို "မမ" မြင်နေကြားနေ တွေ့နေရတယ်လေ

သနားလိုက်တာ ဗမာစကားကနားမလည် ပြောခိုင်းပြန်တော့ တိုင်းရင်းသားအသံမပီမသ ၀ဲတဲတဲလေးတွေပေါ့ ကလေးလေးတွေကလည်း ချစ်ခင်စရာကောင်းတယ် မိဘကစွန့်ပစ်တာမပါပါဘူး ဆွေမျိုးတွေက မိမစုံတာလေးတွေ အဖမစုံတာလေးတွေ လာလာပို့ကြတာပါ တိုင်းရင်းသားလေးတွေပေါ့နော် သူတို့က "မမ"အိမ်နဲ့နီးတော့ငယ်ငယ်လေးထဲက သူတို့က "မမ"ရဲ့သူငယ်ချင်းလေးတွေပေါ့နော် တူတူကစားခဲ့ဘူးပါတယ် မိဘတွေကလည်း အိမ်မှရှိတဲ့စားသောက်စရာတွေကို ငယ်ငယ်လေးထဲက ပရဟိတကျောင်းကို ပေးဝေမျှခဲ့တာပါ သူတို့တွေက "မမ"တို့ မောင်နှစ်မတစ်တွေ ရဲ့ သူငယ်ချင်းလေးတွေဖြစ်နေတာပေါ့ ဒါကြောင့် ပရဟိတ ဘုန်းကြီးကျောင်းရဲ့လိုအပ်ချက်တွေကို သိမြင်နေတာပါ
အခုတော့ ဘုန်းဘုန်းတို့ကျောင်းကို မိဘမှ စွန်ပစ်တာတွေပါလာပို့ကြတယ်လေ သနားစရာလေးတွေပါ သူတို့ခမျာမှာ မိဘနဲ့ဝေး ဆွေမရှိ မျိုးမရှိ ဆရာတော်ဘုရားမှ စောင့်ရှောက် စာသင်ပေးတာသင်ယူ အားလပ်ချိန် စာဖတ်
ကျောင်းဝေယာ ၀ဇ္ဇ လုပ်ကိုင်ပေးပေါ့ အခုတော့မိဘမဲ့လေးတွေ ပိုပြီးတော့ ပေါများလာတာပေါ့ လူအဆင့်အတန်းမမှီ လူမစစ်တဲ့သူတွေမှလည်း စိတ်ဝေဒနာရှင် အရူးမလေးတွေကိုစော်ကားကြတော့ မွေးလာတဲ့ကလေးလေးတွေကို မထိန်းကျောင်းနိုင် ဆွေမျိုးမိဘတွေက တာဝန်မယူနိုင်တော့ ကျောင်းလာပို့လည်းလက်ခံပေးရတယ်
အခုတစ်ခါ မိဘတွေက မကျွေးမွေးနိုင် အမေရှိတယ် အဖေမရှိဘူး စားဝတ်နေရေးမပြေလည်ဘူး မိဘမှကျွေးမွေးထားနိုင်လည်း ကျောင်းမထားနိုင်ကြဘူး ဒီလိုမျိုးလေးတွေဆိုလည်း ဘုန်းဘုန်းတို့က လက်ခံပေးရပြန်တယ်လေ အမျိုးကောင်းသားသမီးတွေ စည်းမထိမ်းသိမ်းဖောက်ပြန်ကြ ရည်းစားတွေက တာဝန်မယူကြ မွေးတဲ့ကလေးကို ဖအေ မပေါ်တော့ စွန်ပစ်ကြနဲ့ပေါ့ ဒါဆိုလည်း ပရဟိတကျောင်းကို ရောက်လာကြပြန်တာပါပဲ
အခုဆို ပရဟိတကျောင်းတွေ မိဘမဲ့ကျောင်းတွေမှာ ကလေးလေးတွေ ပေါများလာတယ်လေ ဆရာတော်များမှ ပညာသင်ပေး အစစအရာရာ ဘုန်းဘုန်းတို့ ကျောင်းတွေမှရော စာသင်တိုက်မှ သီလရှင်ဆရာလေးများမှပါ ထိမ်းသိမ်းစောင့်ရှောက်ထားကြတယ် တာဝန်ယူထားကြတယ်
တာဝန်ယူထားထိန်းသိမ်းစောင့်ရှောက် ပညာသင်ပေး နေကြတော့
တတ်နိုင်တဲ့ဖက်က တတ်စွမ်းသလောက် လှူတဲ့သူတန်းတဲ့သူ ပေါ်လာရင်သူတို့ခမျာ
၀၀လင်လင်ကောင်းကောင်း မွန်မွန်စားသောက်ရတာပေါ့နော်
စေတနာနည်းများမဆို ပါဝင်လှူတန်းပေးကြပါ ပြည့်စုံသူပေါများစွာရှိသူတွေအပိုသုံးသူတွေက ဖိနပ်တရံပြီးတရံ အလှဝတ်မယ့်အစား တရံကုန်မှတရံဝယ် စားစရာပေါများပြည့်လျှံ့သူတွေက တစ်ခုပြီးတစ်ခု အိမ်မှာ မိဘမှပေါများစွာဝယ်ပေးထားတာ အဆင်သင့် စားသောက်နေတာလေးတွေ အပြင် ကိုယ်ကြိုက်တာ မဟုတ်တော့ အိမ်က၀ယ်ထားတာမစား သောက်ချင်ရင် အပြင်ကို ထပ်ဝယ်ထွက်စား အပိုတွေသုံးပေါ့ အင်္ကျီပေါများသူမှ အင်္ကျီတွေ ထပ်ဝယ်ဝတ်ပေါ့နော် ဒီလို အပိုသုံးနေတာလေးတွေ မသုံးတော့ပဲ မိမိ မုန်းဖိုးတွေထဲကနေပြီး လှူတန်းမျှဝေပေးရင် ကောင်းမှာပဲလို့"မမ"စိတ်ထဲက တွေးနေမိတယ် အယ့်ဒီလိုလေးတွေ ဖြစ်စေ့ချင်နေမိတယ် လှုတန်းသူပေါများလာရင်
ဒါဆိုပရဟိတကျောင်းလေးက ကလေးလေးတွေ ဗိုက်ဆာချိန် စားစရာ ကောင်းကောင်းမွန်မွန်လေးတွေ ရရှိတာပေါ့နော် စာသင်ကြားရာမှာလည်း ပြည့်စုံစွာ
သင်ကြားရတာပေါ့နော် အလှူရှင်ကစေတနာတွေနဲ့လှူတော့ ၀တ်စားနေထိုင်ရတာပေါ့နော် ချမ်းသာသူတွေကလည်း နည်းများမဟူ
လှူတန်းပေးစေ့ချင်တာပေါ့နော် ဘုန်းဘုန်းတို့က ကလေးတွေကို ဆွမ်းခံကျွေးမွေး
နိုင်ငံတော်က လည်းထောက်ပံ့ ပြင်ပကလည်းကူညီ တဲ့ အဖွဲ့အစည်းလေးတွေ ကူညီ ဒါဆို သူတို့လေးတွေလူ့ဘ၀ ခဏရောက်တာ လူဖြစ်ရကျိုးနပ်တယ်ထင်မိနေတယ်လေနော်
ကိုယ်ခြင်းစာတတ်သူကမြင်သိပါတယ် ကိုယ်နဲ့နိုင်းစာကိုယ်ခြင်းစာတတ်ပါတယ်
နေရာအနှံ့မပြေလည်တာတွေ ပေါနေတာပဲ"မမ"ရယ်လို့လာပြောရင် "မမ"ပြန်ပြောချင်တာကတော့ တတ်စွမ်းသလောက်လေး မိမိပတ်ဝန်းကျင်မှာ မိမိနိုင်သလောက်လေးပေါ့ ပေးကမ်းလှူတန်းစေ့ချင်ပါတယ် အခုဆို နိုင်းဆိုဒ်တွေရော အွန်လိုင်း ပရဟိတတွေရော ဒီထက်မက တိုင်းပြည်အနှံ့ ပြည်တွင်းပြည်ပ ကူညီပြီး မိမိ တတ်စွမ်းသလောက်ပေါ့နော် ပရဟိတစိတ်လေးထားပြီး ၀ိုင်းဝန်းကူညီလှုတန်းဖို့ကို စေတနာစကားပါးပေးတာပါ...

မမ အလှူသာခံနေရတာ နိဗ္ဗာန်ဆော်သာလုပ်နေရတာ

လာလှူ ကြရင်လည်း လှူတန်းသူကိုအားနာနေမိတယ်

လှူသူဖက်ကို သူတို့လှူသာလှူကြတာ ပြေလည်ပါ့မလား
စိတ်ထဲကနေပြီးတော့ အားနာနေမိတယ် လှုတန်းသူတွေက " မမ"ရယ်အားမနာပါနဲ့
ပြေလည်ပါတယ်ဆိုတာတောင်မှ စိတ်ထဲက တကယ်ကိုလေးစား အားနာမိပါတယ်
လှူတန်းသူတွေလည်းပေါများစေချင်တယ် "မမ"စိတ်ထဲကနေခံစားမိသလို

သူတို့လည်း "မမ "လိုသနားဂရုနာ မေတ္တာကြီးမားသူတွေမို့ လှူကြတာနေမှာ
ဆို ပြီး " မမ"မှာလေ ကြားထဲကနေ အလှူရှင်တွေ စေတနာရှင်တွေ ကိုယ်စား ၀မ်းသာကြည်နူးမိပါတယ်.....
" မမ "ဘာလို့ ပရဟိတလုပ်တာလဲ ဘာအတွက်လဲ သိချင်လား ..........! ! ?
တရိစ္ဆာန်လေးတွေကိုတောင် သနားကြင်နာစိတ်ရှိရင် မိမိစားသောက်နေတာကို
ချကြွေးရသေးတယ်
လူသားအခြင်းခြင်း လူ့ဘ၀ရောက်ပြီး
ချို့တဲ့ ငတ်မွတ် ခေါင်းပါး မပြည့်စုံတာတွေ တွေ့မြင်နေရတော့
လူသားခြင်းခြင်း စာနာထောက်ထားပြီး ကိုယ့်စိတ်နဲ့နှိုင်းယှဉ်ကာ
သနားဂရုဏာ ဖြစ်ပေါ်လာခြင်းကြောင့် မည်သည့်ခေါင်းစဉ်မှမထားပဲ မည်သူမျှ ခိုင်းစရာမလိုပဲ လူဖြစ်နေလို့ လူစိတ်ရှိ၍ လူသားခြင်း စာနာလို့ပရဟိတလုပ်ပါသည်........
မိတ်ဆွေသူငယ်ချင်း လူသားအားလုံးကိုသိစေ့ချင်ပါသည်
တတ်နိုင်သလောက် တတ်စွမ်းသလောက် မိုးနည်းရာ မိုးရွာသွန်းပေးစေ့ချင်ပါသည်........။



ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်လည်း မဖြစ်စေ့ချင်ပါဘူး
အမှန်တစ်ကယ် လိုအပ်တဲ့နေရာသာ ကုသိုလ်မျိုးစေ့ ချပေးစေ့ချင်ပါတယ်ရှင်


♥♥ပရဟိတ လိုအပ်သောနေရာ များကို လှူဒါန်းကူညီ စောင့်ရှောက်ခြင်းဖြင့်

လူဘ၀ကို လူသားခြင်းး ကူညီကြပါဆို့နော် ♥♥




ပရဟိတပွဲလေးအတွက်


မ..မ လက်ဆောင်စကားပါးလိုက်ပါသည်။





လူတစ်စု၏ ပရဟိတ


လှူတာတစ်ဆုတ် သွားတာတစ်အုပ်
စားခဲ့တော့ လှူသူ
ပေးခဲ့တာလား ယူခဲ့တာလား
လှူခဲ့တာလားပျော်ခဲ့တာလား
အဖော်သဟဲရှာသလား မော်ဒယ်ဂဲလ်ပါသလား
ကျွေးတာဝပါစေ ပေးဝေတတ်ပါစေ
လှူတာရပါစေ ပရဟိတရေ .............................
အစဉ်သာအမြဲ အေးမြပါစေ..........................
ရင်မှာအမြဲ .....ကြင်နာအမြဲ
ပေးလှူတတ်ပါစေ...........................။



အေးမြမေတ္တာအကြင်နာ


ရွှေ မရှိ ပေမဲ့ အမေ ရှိလို့ပျော်ပါသည် အမေ မရှိ အဖေမရှိ
လောကအလည် မျက်နှာငယ် ဆင်းရဲတဲ့သူ အနားကပ်တော့ 
နှာခေါင်းရှုံလို့ ရွံရှာတယ် သားသမီး အရင်းဆို ကြွေးချင်တယ်
ကိုယ့်ဆွေမျိုး ရွှေရှိရင်တော့မွေးချင်တယ်

အမျိုးကမချစ်တယ် ဆွေကပြစ်ပယ်

မိမစုံလို့ ဘမစုံ

သူများ စားတော့ ငေးမောကြည့်

မိဘမေတ္တာ သူ မသိ

မိဘမဲ့ကျောင်း ရှိနေပေလို့

သူတို့ ဘ၀လေး အေးချမ်းနေရ

လှုမဲ့လူရှိ စားရတယ်

ဖြူစင်သည့်ကလေး စားစရာမရှိ

လူလူခြင်းမို့ မေတ္တာပေးလို့

မိဘမဲ့ကလေး သွေးသားရင်းလို

မချစ်တောင်မှ လှုဒါန်း ဒါနပြုပေးကွယ်

နတ် လူ သာဓုခေါ်ပါတယ်.........



က်တွဲဖော်. လက်ခြင်းချိတ်ဆက် မခွဲတစ်သက် ပရဟိတလက် လာခဲ့နော်အမြဲဖိတ်ခေါ် ကုသိုလ်ရေးမို့တူတူပျော် ပေးဆပ်သူတွေရှင်သန်ခြင်းပေါ့ တစ်ယောက်တစ်လက် နှစ်ယောက်လက်နဲ့ ချိတ်ဆက်ထားနော် က်တွဲဖော်...............။


ပေးလှူကူညီရန်လိပ်စာ


ရေဘေးကူညီရေးအတွက်



(၅)ကြိမ်မြောက် ပရဟိတ အတွက် ဖိတ်ခေါ်ပါတယ်..
ပရဟိတလှူဒါန်းသောသူများကိုလည်း



ဖိတ်ခေါ်ပါတယ်နော်
ဆက်သွယ်ရန်လိပ်စာ



ဆက်သွယ်လှူဒါန်းနိုင်သည့် လိပ်စာ -



ရန်ကုန် - မင်းသူရိန်၊ ဖုန်း - ၅၄၁ ၃၈၆



ဖူးစာရှင်လေး- ၀၉၄၃၁၉၅၈၄၀



မ..မ.. ၀၉၄၃၀၉၁၀၅၀



ရာမည စင်္ကာပူ ဖုန်း- 98587714 -81957285



ဇော်မင်းဘို - စင်္ကာပူ --86061337
မ ဟန်သူသူအောင် - စင်္ကာပူ -_ 96605787
မ ဟန်မေမေအောင် စင်္ကပူဖုန်း _ 98581733



ငြိမ်းချမ်း:မလေးရှားဖုန်း +6 0122700943.



ကိုထူးဆန်းထိုင်းဖုန်း -၀၈၉ ၅၀၅၁၅၈၉



မ ဟေမာန်ကိုဖုန်း-usa -412-819-0201



home -412-953-7099 call







http://yinminkhine.blogspot.com/
http://yinminkhine.multiply.com/journal/item/1295

0 comments:

Post a Comment