Pages

Friday, November 30, 2012

မင်းနှင့်တကွ လူသားတို့အတွက် စည်းစိမ်ချမ်းသာ တိုးတက်ပွားများကြောင်း ( ၇ )ပါး

Nov 25, '10 1:37 PM
for everyone
( အပရိဟာနိယ တရားများအကြောင်း )

"ပေါ်ဦး ရဲ့ "
"ဘုရား"
"မောင်မင်း လျှောက်တဲ့အထဲမှာ အပရိဟာနိယ တရား ၇-ပါး မပါသေးပါလားကွယ့်"

" မှန်လှပါ ၊အပရိဟာနိယ တရား၇ပါးမှာ မင်းနှင့်တကွ ၊ ရဟန်းပြည်သူ
အားလုံးနဲ့သက်ဆိုင်လို့အထူးတလည်
လျှောက်ထားရန် ရှိပါတယ် ဘုရား "

" အေး .... ပေါ်ဦးကို စကားစဖော်ပေးလိုက်ရင် ကြီးကြီးကျယ်ကျယ် ချည်းပဲ "

" မှန်လှပါ ၊ ပေါ်ဦးက ကြီးကျယ်ရတာ မဟုတ်ပါဘုရား ၊ ဂေါတမ မြတ်စွာဘုရားက
ကိုယ်တိုင်ဟောကြားတော်မူတဲ့တရား
တော်မို့ ကြီးကျယ်ရခြင်းပါ ဘုရား "

" ကဲ .... ဆက်ပြီး တင်လျှောက်စမ်းပါဦး "

" မှန်လှပါ  ၊ ဘိုးတော်ဘုရား မိန့်တော်မူတဲ့ ( အပရိဟာနိယ တရား၇-ပါး )မှာ
မြတ်စွာဘုရားက သုံးမျိုး သုံးစား ဟောကြားထားပါတယ်ဘုရား "
          မင်းနှင့်တကွ လူသားတို့အတွက် စည်းစိမ်ချမ်းသာ

တိုးတက်ပွားများကြောင်း ( ၇ )ပါးမှာ သတ္တဂုင်္တ္တရ ပါဠိတော်နဲ့ ပရိနိဗ္ဗာနသုတ်

အဋ္ဌကထာတို့မှာ ပါရှိတဲ့ အတိုင်းက .............
              ၁ ။ ဘုရား၌ ရိုသေခြင်း ၊
             
              ၂ ။ တရား၌ ရိုသေခြင်း ၊
             
               ၃ ။ သံဃာ၌ ရိုသေခြင်း ၊
             
              ၄ ။ မိမိ၏ ကိုယ်ကျင့်သိက္ခာ၌ ရိုသေခြင်း ၊ ကျင့်သုံးခြင်း
             
              ၅ ။ တည်ကြည်ခြင်း ၊ မိမိ သမာဓိကို ရိုသေခြင်း ၊
             
              ၆ ။ ကောင်းသော မိတ်ဆွေရှိခြင်း ၊
             
               ၇ ။ ပညာရှိ သူတော်ကောင်းတို့ ဆိုဆုံးမသောစကားကို
                   နာယူလွယ်ခြင်းတို့ ဖြစ်ပါတယ်ဘုရား "
          " နောက်တစ်ဖန် ၀ဇ္ဇီမင်းတို့ကို အကြောင်းပြု၍ ဟောကြားသော
တိုင်းပြည်တိုးပွားရေး ( အပရိဟာနိယ တရား၇-ပါး ) ကို

မဟာပရိနိဗ္ဗာနသုတ်တော်တွင် ပါရှိသည့်အတိုင်းတင်လျှောက်ပါဦ
းမည် ။

မတင်လျှောက်မီ ဝေသာလီပြည်အကြောင်းနဲ့ လိစ္ဆ၀ီမင်းသားတို့အကြောင်း
တင်လျှောက်ပါရစေဦး ဘုရား "

" တင်လျှောက်စေ မောင်မင်း "
  
" ဝေသာလီပြည်ကြီးဟာ ၊ မြတ်စွာဘုရား လက်ထက်တော်အချိန်အခါမှာ
အလွန်စည်ကားသာယာတဲ့ တိုင်းပြည်ကြီးဖြစ်ပါတယ် ဘုရား ၊ မဟာပရိနိဗ္ဗာနသုတ်မှာ

မြတ်စွာဘုရားက ...  "ချစ်သား အာနန္ဒာ ၊ ဤ ဝေသာလီပြည်သည်ကား

အလွန်သာယာလှပေသည် ၊ ဤ ဝေသာလီဝန်းကျင်မှာ ရှိကြသည့် လူတို့အလေးအမြတ်ပြုရာ

နေရာများသည်လည်း စိတ်နှစ်သက်ဖွယ်ရာ ကောင်းလှပေသည် " လို့

ဝေသာလီပြည်ကြီးကို မြတ်စွာဘုရားကိုယ်တော်တိုင် ချီးကျူးထားပါတယ် ဘုရား ၊
ဒါက ဘုရားလက်ထက်တော်က ဝေသာလီပြည်ကြီးအကြောင်းပါ ဘုရား "
      " နောက်တစ်ခုမှာ ဝေသာလီပြည်က လိစ္ဆ၀ီ မင်းသားတွေ မြတ်စွာဘုရား

ဝေသာလီပြည်ကိုရောက်ရှိပြီး  အမ္ဗပါလိ သရက်ဥယျာဉ်မှာ သီတင်းသုံးတယ်လို့

ကြားလျှင်ပဲ လိစ္ဆ၀ီမင်းသားများဟာ  အကောင်းဆုံးသော အ၀တ်အစား အလှအပ

တန်ဆာဆင်ပြီး မြတ်စွာဘုရားထံ အဖူးအမြော်လာကြရာမှာ အဆင်တန်ဆာ လှပရုံသာမက စုပေါင်း လာကြရာမှာလည်း ခမ်းခမ်းနားနား ညီညီညွတ်ညွတ်နဲ့ လာနေကြတာကို  မမြင်ဖူးသေးတဲ့ ရဟန်းတော်တွေခေါ်ပြီး

" ချစ်သားတို့ ၊ ဟိုက လာနေကြတဲ့

လိစ္ဆ၀ီပရိသတ်ကို ရှုကြလော့ ၊ တာဝတိံသာ နတ်ပရိသတ်နှင့်တူစွတကား " လို့

မိန့်ကြားတော်မူဖူးပါတယ် ၊ အဲ့ဒီ ဝေသာလီပြည်ကြီးဟာ

အလွန်စည်းလုံးညီညွတ်ပြီး တိုင်းသူပြည်သားတို့ဟာလည်း တစ်ဦးကိုတစ်ဦး

အလွန်ကူညီကြလို့စည်ကားလှတဲ့ ဝေသာလီပြည်ကြီးအနီးအနား တိုင်းပြည်တွေက   မနာလိုကြဘူး  ၊ အင်အားကြီးတဲ့ နိုင်ငံတွေက စစ်တိုက်ကြသော်လည်း

ဝေသာလီပြည်ရဲ့ ညီညွတ်တဲ့ အင်အားကို မထိုးဖောက်နိုင်ပါ ဘုရား "
         " တစ်ချိန်မှာ အဇာတသတ်မင်းမှ မာဂဓအမတ်ကြီးကို မြတ်စွာဘုရားထံ

စေလွှတ်ပြီး ဝေသာလီပြည်ကို တိုက်ခိုက် သင့် ၊ မသင့်အကြံတောင်း

လျှောက်ထားစေခဲ့ပါတယ် ။ မြတ်စွာဘုရားက လူမှုရေးကိစ္စပင်ဖြစ်ပေမယ့်

အကျိုးရှိမှာကို မြင်တော်မူတာနဲ့ မာဂဓအမတ်ကြီးကိုတော့ ဘာမှပြန်မဖြေပဲ

ညီတော် အာနန္ဒာဖက် လှည့်တော်မူပြီး မေးတော်မူတဲ့စကားက ( အပရိဟာနိယ
တရား၇-ပါး ) ဖြစ်တော်မူလာပါတယ် ဘုရား "
          " အင်း ...... ပေါ်ဦးစကားက အပရိဟာနိယတရား ရောက်မယ့်အရေး

လမ်းခင်းလိုက်ရတာ မောလို့ ........ "
        
" မှန်လှပါ ၊ သိသင့် သိထိုက်လို့ပါ ဘုရား "
        
" ကဲပါ .... မင်းစကားသာ ဆက်စမ်းပါ ၊ ငါ သိပါတယ်ပေါ်ဦးရာ "
        
" မှန်လှပါ ၊ ဝေသာလီပြည် ၀ဇ္ဇီမင်းတို့သည် .....
        
၁ ။ ညီညွတ်စွာ မပြတ်စည်းဝေး တိုင်ပင်ခြင်း ၊
        
၂ ။ အစည်းအဝေးသို့ တညီတညွတ်တည်း လာရောက်ကြပြီး

တစ်စုတစ်ရုံးတည်း                      ညီညွတ်စွာထပြန်ကြခြင်း ၊
       
 ၃ ။ ရှိပြီးသား စနစ်ဟောင်း ၊ နည်းကောင်းတို့ကိုမဖျက်မဆီး မိဘ
ဘိုးဘွား နည်းကျကျဆောင်ရွက်ကြခြင်း ၊
       
 ၄ ။ ရိုသေထိုက်သူများကို ရိုသေ၍ ၊ ဆိုဆုံးမစကားကို နာယူကြခြင်း ၊
        
၅ ။  အမျိုးသမီးများကို နိုင်ထက်ကလူ ဖျက်ဆီးပြုမှုများကင်းကြခြင်း ၊
        
၆ ။ လူထု ရိုသေလေးစားရင်းရှိသော  ဂါရ၀ပြုဌာနများကို  ပူဇော်မြဲ
ပူဇော်ခြင်း ၊
        
၇ ။ နိုင်ငံတော်အတွက် ကျေးဇူးရှိခဲ့သူများကို
ချီးမြှင့်မှုတွင် မလစ်လပ်စေခြင်း ၊
    
 စတဲ့ အချက်ကြီး ၇ ချက်ကို မြတ်စွာဘုရားက မေးတော်မူလို့

အရှင်အာနန္ဒာက လိစ္ဆ၀ီမင်းတို့မှာ ဤသို့သော အရည်အချင်း

လုပ်နည်းလုပ်ရပ်များနှင့် ပြည့်စုံကြောင်း ပြန်လည်လျှောက်ထားတဲ့အခါ

မြတ်စွာဘုရားက " ဤ အပရိဟာနိယတရား  ၇- ပါးနှင့်ပြည့်စုံလျှင်

လိစ္ဆ၀ီမင်းတို့သည် တက်လမ်းသာ ရှိ၏ ပျက်လမ်းမမြင် " ဟု အရှင်အာနန္ဒာအား

မိန့်ကြားတော်မူရာ မာဂဓအမတ်ကြီးကလည်း ကြားတွေ့သိမြင်သမျှ အဇာတသတ်မင်းအား

ပြန်လည်တင်လျှောက် လိုက်ပါတယ်ဘုရား ၊ ဤသည်က စပြီး အပရိဟာနိယတရား ၇-ပါးဟာ

မင်းနှင့်တကွ လူသားတိုင်းကျင့်ကြံအားထုတ်ရမယ်
့ တရားအဖြစ်
ထင်ရှားလာပါတော့တယ် ဘုရား "
   " အေး ..... အလွန်မှ မှတ်သားဖွယ်ကောင်းလှပေတယ် မောင်မင်း "               ******* ဤတွင် အပရိဟာနိယတရားများအကြောင်း ပြီး၏*******

သတ်ကွင်းထဲ ငုတ်တုတ်ထိုင်စောင့်

 အချင်းချင်း ဘက်ပင်းတတ်တဲ့စိတ်.................
မှားနေမှန်းသိလည်း လက်သင့်ခံနေတော့..............
အကျင့်ဆိုး အကျင့်ယုတ်တွေ ပြင်မရတော့ဘူး..............


 ဗြောင်လိမ် ဗြောင်စားများလာတယ် သူခိုးသူဝှက် ပေါလာတယ်
ထမင်းတလုပ်အတွက် သတ်ရဲဖြတ်ရဲလာတယ်
ဘာသာရေးဆိုတာ အမည်ခံပဲရှိတော့တယ်
အမှန်တကယ် နားလည်သူ ဘုရားသွားကျောင်းတက် 
ဘာသာရေးလေးစား ကိုင်းရှိုင်းသူကနည်းသွားပြီ
ရဟန်းတော်တွေ ရှေ့ကထိုးကျွေး ခံနေရတယ်
တစ်နေရာစာမြဲဘို့အရေး သတ်ဖြတ်ဖို့ဝန်မလေးကြဘူး
ကောက်ကျစ်ယုတ်မာဖို့ဝန်မလေးကြဘူး
လုပ်သင့်သလားလုပ်အပ်သလား လုပ်ထိုက်ရဲ့လား နားမလည်ကြဘူး



လှည့်စား လိမ်ညာမှုမှာ ပထမပေး ထိုက်တယ်
စားရမှာက တစ်ဘ၀စာထဲ
စဉ်းစား ဆင်ခြေဥာဏ် မရှိကြဘူး သူလူ ငါ့လူခွဲနေသ၍
ဘယ်တော့မှ အောင်မြင်မလာဘူး
သန့်ရှင်းတဲ့စိတ်ဓါတ်မျိုးပိုင်ဆိုင်ထားတဲ့ သူက မြင်မြင်သမျှ
ထိခိုက်နစ်နာမှာကြောက်တယ် ရှေ့နောက်စဉ်းစားတွေးခေါ်တတ်တယ်


 လက်ရှိကလက်မဲ့ဖြစ် စိန်နားကပ်ရောင်နဲ့ပါးပြောင်
သတ်ကွင်းထဲ ငုတ်တုတ်ထိုင်စောင့် ကျားရှေ့မှောက်ရက်လဲ
မစားပါနဲ့ခင်ဗျားဆို ကန်တော့တောင်းပန်နေလို့ရရိုးထုံးစံရှိသလား


 ဘယ်သူသေသေ ငတေမာတွေ များတယ်
ငါလှေ ငါထိုး ပဲခူးရောက်ရောက် ဖြစ်နေတာ
ဒီအကျင့်ဒီစနစ်က ဒီစိတ်ဓါတ်တွေ ပြင်မရဘူး
ဘက်ပင်းပြီး လူတစ်စု တည်မြဲရေး လူတစ်စုကောင်းစားရေးအတွက်
လူအများစုကိုနှိပ်စက်တာ ညင်းဆဲတာ သတ်ဖြတ်တာတွေဟာ
ဘယ်တော့မှ ချုပ်ငြိမ်းမယ် မထင်ဘူး


 ရေ မြေ တော တောင် သဘာဝ သယံဇာတတွေ ပျက်စီးပျောက်ကွယ်သလို
ရာသီဥတုကလည်း ဖောက်ပြန်ပျက်စီးနေတာ နေရာအနှံ့ ကမ္ဘာအနှံ့ပါပဲ
ကြီး ငယ် နိုင်ညှင်း နိုင်ရာစားနေတဲ့ ကမ္ဘာကြီးထဲမှာ လက်နက်ရှိသူက
လက်နက်မဲ့သူကို နိုင်တာ တောမီးလောင် တောကြောင် လက်ခမောင်းခတ်တာ
ကမ္ဘာ စစ်မီးတွေ တောက်လောင်ခဲ့တာ

ဘယ်သူကြောင့်လဲ ဘယ်သူ အတွက်လဲ ဘာတွေ အကျိုးအမြတ်ကျန်သလဲ
မိမိနိုင်ငံကို တိုင်းတပါးနဲ့ တစ်ယောက်တစ်ခြမ်း အမျိုးစပ်ထားတယ်
ခွဲဝေ ခြင်းမမျှတရင် ဆုံးရှုံးမယ် ထိခိုက်နစ်နာအောင်လုပ်ခဲ့မယ်
အယ့်ဒီနစ်နာမှုတွေဟာ ဘယ်တော့မှအစားထိုးလို့ ပြန်မရတော့ဘူး
မိမဲ့ ဘမဲ့ ပစ္စည်းမဲ့ အကျိုးအကန်း အရူးအနှမ်းတွေဖြစ်ပြီး
မိခင်တွေခမျာမှာ လင်ပျောက်သားသေ အိမ်ခြေ ယာခြေမဲ့ပြီး

ဘယ်သူကောင်းစားဖို့ဘယ်လိုအော်နေကြပါစေ
နောက်ဆုံးရလဒ်ကတော့ တိုင်းပြည်နဲ့လူထု တွေ မိအေး အခါခါ နာတာပါပဲ..

Thursday, November 29, 2012

ဆေးကုသမှု ခံယူလျက်ရှိသော သံဃာတော်များကို သီတဂူဆရာတော်ကြီးက သွားရောက်အားပေးစကား ပြောကြား



လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အတွင်းရှိ သပိတ်စခန်းများကို အင်အားသုံးဖြိုခွင်းမှုကြောင့် ဒါဏ်ရာ ပြင်းထန်စွာ ရရှိကာ မုံရွာ ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသော သံဃာတော်များကို သီတဂူဆရာတော်ကြီးက သွားရောက်အားပေးစကား ပြောကြားခဲ့ကြောင်း မုံရွာ မြို့သို့ သွားရောက်သတင်းရယူနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

"ကိုယ်တော်တို့ သည်းခံကြပါ။ဒီပြဿနာက ရေနဲ့ဖြန်းတာပဲ။
ဒါပေမယ့် င...ရဲပြည်က ရေဖြစ်နေတယ်" ဟု သီတဂူ ဆရာတော်ကြီးက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင်အားသုံးနှိမ်နှင်းခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းသို့ မိန့်ကြားသည်။

အဆိုပါ ဒါဏ်ရာရရှိခဲ့သော သံဃာတော် အပါး ၅၀ ကျော်နှင့် လူပုဂ္ဂိုလ် များအတွက် ဆေးကုသ စားရိတ်များကို သီတဂူ ဆရာတော်ကြီးမှ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။
Voice

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ ဇက်ဆိပ်သောင်ပြင်တွင် နိုဝင်ဘာလ ၃၀ ရက်မနက်ပိုင်းက ပြောခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်များ....(မုံရွာမြို့)


ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ ဇက်ဆိပ်သောင်ပြင်တွင် နိုဝင်ဘာလ ၃၀ ရက်မနက်ပိုင်းက ပြောခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်များ....(မုံရွာမြို့) အာဏာရှင်လက်ထက်က ပြည်သူ့ဆန္ဒမပါဘဲပေးထားတဲ့ ကတိတွေကို တည်ဖို့လိုသလားမေးမယ်ဆိုရင် နိုင်ငံတကာမှာ ပြန်ကြည့်ပါမယ် နှစ်နိုင်ငံသဘောတူညီချက်တွေကို လေးစားရပါမယ် ပြည်သူ့ဆန္ဒမပါပဲ လုပ်ထားတဲ့ဟာတွေဆိုရင်လဲ တချို့ဟာတွေကို လိုက်နာရပါမယ် ငါတို့ဆန္ဒမပါလို့ ငါမလေးစားဘူး မရပါဘူး ဟို...
ဖက် ဒီဘက်ကိုကြည့်ရပါမယ် ကျမတို့ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့အဆင်ပြေအောင် နေတတ်ရပါမယ် အားလုံးနဲ့အဆင်ပြေအောင်နေတတ်ရပါမယ် အဆင်မပြေရင်ညှိုနှိုင်းရမယ် ဒါမှ နိုင်ငံကြီးပီသပါမယ် အိမ်နီးချင်းနိုင်ငံနဲ့မတည့်လို့နိုင်ငံရွေ့သွားလို့မရပါဘူး ကမ္ဘာတည်သရွေ့ ဒီလူတွေနဲ့နေရမှာဖြစ်တဲ့အတွက် လက်တွေ့ကျကျကြည့်ဖို့လိုပါတယ်။ ဒီပြသနာဖြေရှင်းဖို့ ဘယ်လိုသဘောတူညီချက်တွေနဲ့လုပ်ခဲ့တယ်ဆိုတာကျမတို့ပြည်သူတွေသိရပါမယ်။ ဒါပေါ်မှာအခြေခံပြီးမှမျှတအောင် အပေးအယူလုပ်ဖို့စဉ်းစားရပါမယ် ခုချိန်မှာကုမ္မဏိဘက်ကလည်း ဆွေးနွေးညှိုနှိုင်းချင်တဲ့စိတ်ရှိလာပါတယ် သူများလက်ကမ်းလာရင်ကျမတို့ဘက်ကလည်းလက်ပြန်ကမ်းရပါမယ် စိတ်ကောက်နေလို့မရပါဘူး ရေရှည်ကိုကြည့်ရပါမယ် ကျမကိုတချို့ကဒီစီမံကိန်းလုံးဝရပ်အောင်လုပ်ပေးဖို့ တောင်းဆိုပါတယ် ကျမမှာဒါကိုလုပ်ပေးနိုင်တဲ့အခြေမရှိပါဘူး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ စုံစမ်းထားတဲ့ အဖြေပေါ်မှာ အခြေခံပြီးအကောင်းဆုံး ဆုံးဖြတ်ချက်ချသင့်တယ်လို့ထင်ပါတယ် အပေးးအးယူလုပ်တဲ့နည်းသာလျင် ယဉ်ကျေးတဲ့နည်းနဲ့ ဖြေရှင်းခြင်းဖြစ်ပါတယ် ကိုယ်နဲ့မတည့်တဲ့သူကို မီးဗုံးနဲ့ပစ်တာ သေနတ်နဲ့ပစ်တာမျိုးတော့ မရပါဘူး။ မနေ့မနက်က သံဃာတော်တွေကို ကြမ်းကြမ်းတမ်းတမ်း နိုမ်နင်းတယ်လို့သိရပါတယ် ကျမ သက်ဆိုင်ရာနဲ့ တွေ့ပါတယ် ဘာကြောင့် ဒီလောက်ကြမ်းကြမ်းတမ်းတမ်းဖြေရှင်းရတာလဲလို့ ပြည်သူအနေနဲ့မေးပိုင်ခွင့်ရှိပါတယ် ဒီလောက်ကြမ်းကြမ်းတမ်းတမ်းရှင်းဖို့လုံးဝမလိုအပ်ပါဘူး မနေ့ကဆေးရုံမှာ သွားကြည့်ပါတယ် ကျမနဲ့တွေ့တဲ့ ရွာသူရဲ့ကိုယ်ပေါ်မှာလည်း မီးလောင်ဒဏ်ရာတွေတွေ့ခဲ့ပါတယ်....

The Irrawaddy (Burmese Version)
နိုဝင်ဘာ ၃၀ မနက်ပိုင်းတွင် မုံရွာမြို့ မြစ်ဆိပ်အောက်ဘက်တွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထပ်မံပြောရာတွင် ပါဝင်သည့် အကြောင်းအရာ အကျဉ်းချုပ် ---------------------------------- -အိမ်နီးချင်းနိုင်ငံအားလုံးနဲ့တည့်အောင်နေရမယ် -ပြည်သူမနစ်နာအောင်လည်းရှင်းရမယ် အိမ်နီးချင်းနဲ့မတည့်လို့မရ ဒီကိစ္စကို ဘယ်လိုသဘောတူထားလဲဆိုတာ ပြည်သူသိအောင်ပြောရမယ် -ချက်ချင်းရပ်ပေးအောင်တော့ ကျမမစွမ်းနိုင်ပါဘူး လက်ပန်းတောင်းကိစ...
္စ စုံစမ်းရေးကော်မရှင်ကနေ အဖြေရှာပြီး အားလုံး အဆင်ပြေအောင်လုပ်နိုင်မယ်လို့ယုံကြည်ပါတယ် -သပိတ်စခန်းအကြမ်းဖက်တဲကိစ္စနဲ့ပတ်သက်ပြီး အာဏာပိုင်တွေနဲ့ ဆွေးနွေးမယ် -ဒဏ်ရာရသူတွေအခြေအနေက အတော်ဆိုးတာတွေ့ခဲ့တယ် သမတရုံးက ထုတ်ပြန်ချက် နာရီပိုင်းအတွင်း ၂ခါထုတ်တာကို နားမလည်ပါဘူး -သတ္တုတွင်းဝန်ကြီးရှိရက်နဲ့ ဦးပိုင်ဘာလို့ရှိနေလဲ တပ်မတော်ရှိလို့ရှိနေတာတဲ့ ဦးပိုင်တာဝန်ခံတွေနဲ့တွေ့ရင် ကျမမေးပါမယ် အာဃာတတွေတော့မထားပါနဲ့ အမုန်းတရားဝင်သွားသူဘက်ကရှုံးမယ် မတရာရင်မခံရဘူး ကာကွယ်ရမယ် -ခေါင်းအေးအေးနဲ့ရှင်းရမယ် အမှန်တရားကို အခြေခံတုံ့ပြန်ရမယ် -အာဏာရှင်ဆိုတာ လူထုထောက်ခံမှုမရှိပြိုလဲမယ် ဒီမိုနိုင်ငံရေး အားလုံးနဲ့ဆိုင်တယ် လူတိုင်းကြိုးစားနိုင်တဲ့အခွင့်အရေးရှိ ပြည်သူတွေလှည့်ဖျားပြီးကျမမစည်း၇ုံးပါ အတတ်နိုင်ဆုံးကြိုးစားနေပါမယ် ကျမ ၀ိဇ္ဖာဇော်ဂျီမဟုတ်ပါ -ရေရှည်ကျမစဉ်းစားပါတယ် ရေတိုမလုပ်ပါ ယုံကြည်ချက်နဲ့ထောက်ခံပါ -ပြဿနာရှင်းတာ အပေးယူလုပ်ရမယ် မတည့်သူကို မီးဗုံးနဲ့ပစ်လို့မရဘူး ပြည်သူ့အားဟာမနည်းဘူး ဒီအားကိုအလွဲသုံးစားမလုပ်ရဘူး ကျမအားကိုးတာလည်းပြည်သူပါ -ရွာသူရွာသားတွေတွေ့မယ် အာဏာပိုင်တွေလည်းတွေ့မယ် ဒီမိုလမ်းလျှောက်ရင် အများသဘောလေးစားရမယ် လူနည်းစုခံစားချက်ကိုလေးစားရမယ် အပေးယူတော့လုပ်ရမယ် ဒီမိုလမ်းရောက်ပြီဆိုတာ လမ်းစဘဲရှိ ကိုယ့်လမ်းကိုဖေါက်ရဦးမယ် ခက်ခဲမယ် ရဲဘော်ရဲဘက်စိတ်နဲ့ချီတက်ရမယ် -အားလုံးကျမ္မာချမ်းသာကြပါစေ

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကန့်ကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်က ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့် အစုံ။

Eleven Media Group · 169,447 like this
15 hours ago ·
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကန့်ကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်က ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့် အစုံ။

ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။ အများနဲ့ ညီအောင်လို့ အများကောင်းကျိုးအတွက် တစ်ခါတလေ ကိုယ့်ရဲ့ အကျိုးကို အနောက်မှာ ထားပြီးတော့ လုပ်ရတယ်။ အဲဒီလို လုပ်မှသာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသား အမြင်နဲ့ ဖြေရှင်းရမယ်။ ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့ နိုင်ငံ၊ အပြစ်မဲ့တဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လို လုပ်မလဲ၊ ဘယ်လို နေမလဲ၊ ဘယ်လိုထိုင်မလဲ။ ဘယ်လို ပြဿနာတွေကို ကိုင်တွယ်မလဲဆိုတာ ကျွန်မတို့ ဆုံးဖြတ်ရလိမ့်မယ်။

ကိုယ့်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတိုင်း လူတိုင်းမှာ တာဝန်ရှိဖို့ လိုပါတယ်။ နိုင်ငံတစ်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတစ်ယောက်တည်းနဲ့ လည်း မရဘူး။ အဖွဲ့အစည်းတစ်ခုတည်း လုပ်လို့လည်း မရဘူး။ အစိုးရချည်း လုပ်လို့လည်း မရဘူး။ ပြည်သူလူထုအားလုံး ပါဝင်မှ ကျွန်မတို့ နိုင်ငံ သိက္ခာရှိအောင် ကျွန်မတို့ လုပ်နိုင်မှာပါ။ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အခါမှာ ပြည်သူတွေ အကြိုက်ကို ကျွန်မ အမြဲလိုက်ပြီးတော့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်မ မှန်တဲ့အတိုင်းပဲ ပြောမယ်။ ပြည်သူတွေက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောပိုင်ခွင့် ရှိတယ်။ ကြိုက်ရင်လည်း ကြိုက်တယ်လို့ ပြောပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ ကျွန်မ သေသေချာချာ ကတိပေးနိုင်တယ်။ ကျွန်မ ပြည်သူတွေကို လှည်ဖျားတဲ့ နိုင်ငံရေးမျိုး လုပ်လို့ မရဘူး။

နောက်ပြီးတော့ တစ်ခဏနာ ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တဲ့ နိုင်ငံရေးမျိုးလည်း ကျွန်မ မလုပ်ဘူး။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည်အကျိုးကို ကြည့်ပြီးတော့ ကျွန်မ လုပ်သွားမှာ။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည် အကျိုးကို ကြည့်ပြီးတော့ လုပ်တဲ့အခါမှာ ကျွန်မမှာ အားနည်းချက်တွေရှိလို့ ဆိုရင်လည်း ၀ိုင်းပြီးတော့ ပြုပြင်ပေးကြပါ။ ကျွန်မ လက်ခံဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ ကျွန်မတို့ ပြည်သူတွေကလည်း သေသေချာချာ စဉ်းစားပါ။ သဘောထားကြီးရမယ်။ ရေရှည်အမြင်ရှိရမယ်။ ကျွန်မတို့နိုင်ငံမှာ အဓိကလိုအပ်ချက်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးပဲ။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ ဘာလဲဆိုတော့ ဆယ်စုနှစ်ပေါင်းမြောက်မြားစွာ ကွာဟနေတဲ့ အသင်းအဖွဲ့တွေ၊ တိုင်းရင်းသားလူမျိုးတွေ၊ အုပ်စုတွေ စုစည်းပြီးတော့ နိုင်ငံ့အကျိုးအတွက်အတူ စွမ်းဆောင်နိုင်ဖို့ကိစ္စဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူအားလုံးဟာ ရေရှည်အမြင်နဲ့လုပ်ဖို့ လိုပါတယ်။ အဲ့ဒီလို ရေရှည်အမြင်နဲ့လုပ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ အခု ဒီဒေသမှာဖြစ်နေတဲ့အခက်အခဲတွေကို ကျွန်မတို့နိုင်ငံ သိက္ခာရှိမယ့် ပုံစံနဲ့ ကျွန်မ ဖြေရှင်းချင်ပါတယ်။ အဲ့ဒီလို လုပ်တဲ့အခါ ပြည်သူတွေက ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။

ဒီမိုကရေစီလမ်းကြောင်း လျှောက်တဲ့အခါမှာ ပြည်သူတွေက ပြည်သူတွေရဲ့ ထောက်ခံမှုမရဘဲနဲ့ ကျွန်မတို့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံမှုဆိုတာ ပြည်သူအကြိုက် ရေတိုဆုံးဖြတ်ချက်လေးတွေ ချပြီးတော့ အဲဒီလို ပြည်သူရဲ့ ထောက်ခံမှုတွေ ဒီလိုမမှန်မကန်တဲ့ နည်းတွေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေကို ရမယ်ဆိုရင်လည်း ရေရှည်မှာ အကျိုးမရှိပါဘူး။ ကျွန်မစောစောကပြောသလိုပေါ့။ ပြည်သူတွေနဲ့ မှန်မှန်ကန်ကန်ဆက်ဆံမယ်။ ရိုးရိုးဖြောင့်ဖြောင့် ဆက်ဆံမယ်။

ကျွန်မရဲ့ဆုံးဖြတ်ချက်တွေ၊ ကျွန်မရဲ့ လုပ်တာကိုင်တာတွေကို ပြည်သူက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောနိုင်တယ်။ ကျွန်မရှင်းပြမယ်။ ကျွန်မတစ်ခုခုကို လုပ်တယ်ဆိုရင် ဘာဖြစ်လို့ လုပ်သလဲဆိုတာ ရှင်းပြမယ်။

အခုဒီဒေသမှာ ကြေးနီစီမံကိန်းနဲ့ ပါတ်သက်ပြီး ဖြစ်နေတဲ့ပြဿာနာဟာ ကျွန်မကနေပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်။ ဒီလိုအေးအေးချမ်းချမ်းနဲ့ ပြေလည်တော့ ကျွန်မတို့ ပြည်သူတွေလည်း ဝမ်းသာတယ်။ နိုင်ငံလည်း သိက္ခာရှိတယ်။ ကျွန်မတို့ အနာဂတ်အတွက်လည်း ကောင်းတဲ့ခြေလှမ်းဖြစ်တယ်။ အဲ့လိုရအောင် ကျွန်မကြိုးစားမယ်။ ကြိုးစားပေမယ့်လို့ အောင်မြင်မယ်၊ မအောင်မြင်မယ် ဆိုတာကတော့ ကျွန်မကနေပြီးတော့ ဘယ်လိုအာမခံချက်မှ မပေးနိုင်ဘူး။ ဒါပေမယ့် ပြည်သူကသာ ကျွန်မနဲ့ လက်တွဲပြီးတော့ ပြေလည်မှုရှာမယ်ဆိုလို့ရှိရင် အောင်မြင်နိုင်မယ်လို့ ကျွန်မယုံပါတယ်။

ဒီတော့ ကျွန်မက ပြည်သူကိုတစ်ခုပဲ တောင်းပန်ချင်ပါတယ်။ သေသေချာချာ စိတ်ရှည်ရှည်နဲ့ ကျွန်မဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ ဆုံးဖြတ်ချက်တော့ မချသေးဘူးပေါ့နော်။ ဒါပေမယ့် ကျွန်မ တစ်ဖက်ကိုတော့ မေးကြည့်ပြီးပါပြီ။ လုပ်ငန်းရှင်တွေဘက်ကို တွေ့ပြီး သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း တွေ့ချင်တယ်။ ကန့်ကွက်တဲ့ ပြည်သူတွေနဲ့လည်း တွေ့ချင်တယ်။ ဟိုဘက်ဒီဘက် အဖြေ နှစ် ခုကို ကြည့်ပြီးတော့ တတ်နိုင်သလောက် ပြေလည်အောင်လို့ ကျွန်မ ညှိပေးချင်တယ်။ အဲ့လို ညှိပေးတာကို ပြည်သူတွေက သဘောတူရဲ့လား။

ကျွန်မတို့ဆီက နိုင်ငံသားတွေက အေးအေးချမ်းချမ်းနေချင်တယ်ဆိုတာကို ကျွန်မယုံကြည်တယ်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေက အချင်းချင်းကြားမှာ စေတနာ မေတ္တာနဲ့ပဲ နေချင်တယ်ဆိုတာ ကျွန်မယုံကြည်တယ်။ ဒါ လူသားတိုင်းက ဒီလိုပါပဲ။ စေတနာမေတ္တာနဲ့ နေရတဲ့ ပတ်ဝန်းကျင်ဟာ အင်မတန်မှ အေးချမ်းပါတယ်။ ဒေါသတွေ ဟုန်းဟုန်းတောက်နေတဲ့ ပတ်ဝန်းကျင်ဆိုတာ မအေးချမ်းနိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့ နိုင်ငံကြီး အေးချမ်းဖို့ အတွက် ကျွန်မအစဉ်အမြဲပဲ ပြန်လည်ရင်ကြားစေ့ရေးလမ်းကို ကျွန်မလျှောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလျှောက်တဲ့အခါမှာ ကျွန်မနဲ့အတူ ပြည်သူပါလာမှ ကျွန်မလုပ်ငန်းတွေမှာ အောင်မြင်နိုင်မှာပါ။
ဒါ့ကြောင့် ကျွန်မလမ်းမှာဆိုလို့ရှိရင် ပြည်သူတွေက ကြိုဆိုလေ့ရှိတယ်။ ကျွန်မ အင်မတန်မှ အားတက်တယ်။ အားတက်တယ်ဆိုတာ ကျွန်မကို ကျန်းမာပါစေလို့ ခေါ်နေလို့ မဟုတ်ဘူး။ အသက်ရာကျော်ရှည်ပါစေလို့ အော်နေလို့ မဟုတ်ဘူး။ တစ်ခါတစ်လေ စဉ်းစားမိတယ်။ အသက်ရာကျော်တောင် ရှည်ပါ့မလားပေါ့နော်။ ဒါပေမယ့် ဘာပဲပြောပြော ပြည်သူရဲ့ ထောက်ခံမှု ရှိရင်တော့ ကျွန်မတို့ လုပ်ငန်းတွေဟာ အောင်ခြေအများကြီှးရှိတယ်ဆိုတာ ကျွန်မအားတက်ရပါတယ်။
အဲဒီတော့ ခက်ခဲတဲ့အချိန်မှာ မိတ်ဆွေကောင်းဆိုတာ လွယ်ကူတဲ့အချိန် မဟုတ်ဘူး။ ကိုယ့်ဘက်ကနေပြီးတော့ ရပ်တည်ပေးတဲ့ အရာဟာ မိတ်ဆွေကောင်းပဲ။ ကျွန်မရဲ့ ပြည်သူတွေဟာ ကျွန်မရဲ့ မိတ်ဆွေကောင်းတွေ ဖြစ်စေချင်ပါတယ်။ ဖြစ်စေချင်တယ်လို့ ကျွန်မရိုးရိုးပဲ ပြောပါရစေ။ ကျွန်မအနေနဲ့လည်း ကျွန်မတို့ပြည်သူတွေအတွက် မိတ်ဆွေကောင်း ဖြစ်ချင်ပါတယ်။ ခက်ခဲတဲ့အချိန်မှာလည်း ရပ်တည်မယ်။ နောက်တစ်ခုက မိတ်ဆွေကောင်းဆိုတာ မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း ဆက်ဆံရတယ်။ ပြောဆိုရတယ်။ ကိုယ့်အကြိုက်ကို လိုက်လိုက်ပြောတဲ့သူဟာ မိတ်ဆွေကောင်းလို့ မထင်နဲ့နော်။ မှားလိမ့်မယ်။ ဘယ်တော့မဆို ကိုယ့်အကြိုက်ကို လိုက်ပြီးပြောတာဟာ မိတ်ဆွေကောင်းများရဲ့ အလုပ်မဟုတ်ဘူး။ တစ်ကယ့်မိတ်ဆွေကောင်းဆိုတာ ကိုယ့်ရဲ့ကောင်းကျိုးကို ရှေ့ရှုပြီးတော့ ပြောသင့်ပြောထိုက်တာကို ပြောမယ်။ ထောက်ပြသင့်တာကို ထောက်ပြမယ်။ အဲဒါမဟုတ်ဘူးလား။ ကျွန်မတို့ဟာ တစ်ဦးနဲ့တစ်ဦး ကျွန်မနဲ့ ပြည်သူကြာမှာ တစ်ကယ့်ကို ကောင်းမြတ်တဲ့ မိတ်ဆွေကောင်းတွေ ဆက်ဆံမှုတစ်ခု ဖြစ်စေချင်ပါတယ်။

အဲဒါကြောင့် တတ်နိုင်သလောက် ကျွန်မက ပြည်သူတွေနဲ့ တွေ့တယ်။ ပြောဆိုတယ်ဆိုတာဟာ ပြည်သူတွေနဲ့ ကျွန်မရဲ့ကြားမှာ နားလည်မှုတွေ တည်ဆောက်နိုင်အောင်လို့၊ ကျွန်မတို့ကြားမှာ ကောင်းမွန်တဲ့ သံယောဇဉ်တွေ တည်ဆောက်နိုင်အောင်လို့ ကျွန်မတွေ့ဆုံတာပါ။ တစ်ကယ်လို့ တစ်ယောက်ချင်း တစ်ယောက်ချင်း တွေ့နိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် သန်း ၆၀ ကို ဘယ့်နှယ့်လုပ်သွားလို့ရမှာလဲ။ သိန်း ၆၀ ကို တစ်ယောက်ချင်း တစ်ယောက်ချင်း မတွေ့နိုင်တဲ့အခါကျတော့ ဒီလိုပဲ အစုလိုက်တွေ့ရတာပဲ။ ဒီလိုတွေ့ရတိုင်းလည်း ကျွန်မဝမ်းသာပါတယ်။
တစ်ခါတစ်လေ ခရီးသွားရင် စိတ်ဆိုးရတာတွေ အများကြီးရှိတယ်။ ပြည်သူတွေမဟုတ်ပါဘူး။ ကျွန်မတို့ အဖွဲ့တွေ လုပ်ပုံကိုင်ပုံမဟုတ်လို့။ ဒါပေမယ့် အဲ့လို စိတ်ဆိုးရတဲ့အခါတောင်မှ ပြည်သူတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ ကျွန်မကို ကြိုဆိုတဲ့အခါ စိတ်ဆိုးတာတွေ ပြေရပါတယ်လို့ ပြောပြချင်တယ်။ ဒါကြောင့် ကျေးဇူးတင်ပါတယ်လို့။

အခုတော်တော်လေး မှောင်နေပြီဆိုတော့ နောက်ဆုံးအနေနဲ့ ကျွန်မတောင်းပန်ချင်တာရှိတယ်။ ဒီလိုမှောင်တဲ့အထိ စောင့်ရအောင်လို့ လုပ်ခဲ့တာကို ကျွန်မတောင်းပန်ပါတယ်။ အဲဒါဘာဖြစ်လို့လဲဆိုတော့။ နံနက်တုန်းက မန္တလေးကနေ မုံရွာကိုလာတော့။ မုံရွာက ပြည်သူလူထုက အင်မတန်မှ သောင်းသောင်းဖျဖျ ကြိုဆိုတယ်။ တော်တော့ကို နောက်ကျသွားတယ်။ လမ်းမှာ ဖြေးဖြေးလေးပဲသွားဖြစ်တယ်။ အဲ့ဒါကြောင့် ကျွန်မဒီမှာ အရောက်နောက်ကျတယ်။ နောက်ကျတော့ လမ်းမှာ ကြိုဆိုတဲ့ ရွာသူရွာသားတွေကို ကျွန်မကောင်းကောင်း မနှုတ်ဆက်နိုင်ခဲ့ဘူး။ ဟိုဘက်က အလုပ်ချိန်းထားတာကို နောက်ကျမှာဆိုးလို့။ အဲ့ဒါကြောင့် လမ်းမှာ မနှုတ်ဆက်ခဲ့ရတဲ့ ရွာသူရွာသားတွေကို တောင်းပန်ပါတယ်။ အခုလို မှောင်တဲ့အထိ စောင့်ရတဲ့ ဒီကိုရောက်နေတဲ့ ပြည်သူအားလုံးကိုလည်း တောင်းပန်ပါတယ်လို့ ပြောပါရစေ။

နောင်ဆိုလို့ရှိရင်လည်း ကျွန်မတို့ အများကြီး အတူတူလုပ်ရဦးမယ်။ ဒီလို မျက်နှာချင်းဆိုင် မတွေ့နိုင်သည့်တိုင်အောင် ကျွန်မတို့နိုင်ငံ ကောင်းကျိုးအတွက်ဆိုတာ ကျွန်မတို့ အားလုံးအတူလုပ်ရမှာပဲ။ အဝေးက ဆက်သွယ်မှုနဲ့ ကျွန်မတို့ လုပ်သွားရမှာပဲ။ တစ်ချို့ကျတော့လည်း ကျွန်မရဲ့ ရှေးရေစက်အရ ပြန်ပြီးတော့ နီးနီးကပ်ကပ် ပြန်တွေ့ရတဲ့ လူတွေလည်း ရှိမှာပါ။ ဒီလိုနီးနီးကပ်ကပ် ပြန်ပြီးတော့ မဆုံနိုင်ဘူးဆိုရင်တောင် ဒီလို တစ်ချိန်တစ်ခါမှာ ကျွန်မတို့ဟာ အတူတူ နိုင်ငံရဲ့ ပြဿာနာကြီးအတွက် စဉ်းစားပိုင်ခွင့် အတူတူထိုင်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ခွင့် ရတာကိုလည်း ကျွန်မရင်ထဲ အမြဲမှတ်သားထားပါတယ်။ ကျွန်မရင်ထဲမှာ ထိန်းသိမ်းထားပါမယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။

ကြေးနီကို သွေးနီနဲ့လဲတဲ့ပွဲ

သမိုင်းတစ်ခေတ် အရိုင်းစနစ်က ထူးမခြားနားပါပဲ
လမ်းသစ်ဖောက်လည်း လမ်းဟောင်းပြန်ရောက်တာပါပဲ
နေသားကြနေတဲ့ အကျင့်တွေ ပြင်မရတော့ဘူး

ပြောသင့်တာကို လူတိုင်းမပြောရဲကြဘူး လုပ်သင့်တာ လုပ်ထိုက်တာ လူတိုင်းမလုပ်ရဲဘူး
လက်တစ်ဆုတ်စာ တစ်ဘ၀စာနေရာပျောက်မှာ
အခင်အမင်ပျက်မှာကို စိုးရိမ်ကြတယ် သံသာရာငရဲကြမှာကိုမစိုးရိမ်ကြဘူး
မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းဆွေမျိုးမိဘ လမ်းမှားလျှောက်နေလဲ ပြင်ပေးရကောင်းမှန်းမသိကြဘူး မသိလိုက်မသိဖာသာ မသိချင်ဟန်ဆောင်နေတတ်ကြတယ်
တကယ့်အရေးကြရင် ခေါင်းဆောင်တွေ ခေါင်းရှောင်သွားကြတယ်
အထိနာတော့ ပြည်သူတွေ ရဟန်းတွေ ကျောင်းသားတွေ တောင်သူလယ်သမားတွေ
အတွေးအခေါ်နည်းပါးတော့ လုပ်ချင်တာကိုလုပ်သင့်တယ်ထင်ပြီးလုပ်ကြတယ်
နောင်ဖြစ်လာတဲ့အကျိုးဆက်ကို အတွေးအခေါ်အမျှော်အမြင်နည်းပါးကြတော့
နောင်အရေးကို မျှော်ကြည့် တွေးခေါ်ဖို့မေ့နေတယ် လက်ရှိကိုပဲမြဲမယ်ထင်ပြီး
ဆုတ်ကိုင်ထားနိုင်ဖို့ အရယူဖို့လောက်သာတွေးခေါ်မှုဖြစ်ပေါ်ကြတယ်
အကျိုးဆက်က ဘယ်လိုကောင်းကျိုးဖြစ်ပေါ်မှာလည်း
ဆိုးကျိုးကဘာတွေဖြစ်ပေါ်လာနိုင်လည်းဆိုတာတွက်ချက်ဖို့မေ့နေကြတယ်
အရင်းမရှိတော့ ခဏချေးယူ အရင်းပေါ်အတိုးဆင့် အတိုးပေါ်အတိုးထပ် အမျိုးမမြတ်တော့ဘူး
နိုင်ငံတော်ရှိပြည်သူတွေ လူသားတွေ ချမ်းသာဝပြောအောင်လုပ်မယ့်အလုပ်ဟာ
အကျိုးဆက်နောက်ဆက်တွဲရလဒ်က
တိုင်းသူပြည်သား လူသားတွေကို ပြန်ပြီး ထိခိုက်နာကျင်သတ်ဖြတ် ချေမှုန်းမှ လူသားတွေ
ချမ်းသာဝပြောစွာနေထိုင်နိုင် မှာတဲ့လား
ရွှေဝါရောင် သပိတ်တုန်းက
ရဟန်းတော်တွေကို ချနေတော့ မွတ်စလင် အဘိုးကြီးက ပြောတယ်
နင်တို့ကိုးကွယ်တာ နင်တို့သတ်ရဲ ဖြတ် ရဲနေမှတော့
နင်တို့လူမျိုးတွေ တုံးကုန်ပြီတဲ့
ငါတို့ဘာသာမှာ ငါတို့ဘာသာကိုထိပါး ပုတ်ခတ်ရင်
သူတို့ကျမ်းစာထဲမှာ အလာရှင်က
ကလေးမိန်းမ မကျန်အားလုံးဟာ
ဓါးကိုင် ရရာဆွဲထွက်သတ်ရမယ်တဲ့
မသတ်ရင် သူတို့ဘာသာတုံးသွားနိုင်တယ်တဲ့ဘာသာထိရင် အသေခံတယောက်မကျန်ထွက်သတ်ကြတာတဲ့
ဒို့လူမျိုးတွေဟာ သာသနာထိလည်း တုံးမှန်းမသိ
ဘာသာထိလည်း တုံးမှန်းမသိ

မျိုးလည်းတုံး
အတွေးအခေါ်လည်းတုံး
စိတ်ဓါတ်တွေလည်း တုံးကုန်တာ
ဖိနိပ် တာကြောင့် တုံးတဲ့အပြင်
စိတ်ထဲအဆိပ် ခတ်ခံရတာ
မသေမရှင် တမြေ့မြေ့နဲ့
အဆိပ်မိတဲ့အပင်လို ရှင်သန်ဖို့လမ်းမမြင်တော့ဘူး
သွေးနီတွေ ကြေးနီနဲ့လဲတဲ့ပွဲ
ကြေးနီစီမံကိန်းတလွဲ 
ရဟန်းရှင်လူ ပြည်သူကို
အရှင်လတ်လတ် မီးဖုတ် အရေ ခွံစုတ်တဲ့ပွဲ

တန်ဆောင်တိုင် မဟာကထိန်သင်္ဃန်းမီးရှိုပွဲ
သွေးနီတွေ ကြေးနီနဲ့လဲတဲ့ပွဲ

တန်ဆောင်တိုင် မဟာကထိန် သာသနာ့အရေ ခွာတဲ့ပွဲ
သံဃာကို ပံသကူလုပ် အရေအသားစားတဲ့ပွဲ
သံဃာတော်အရေကို မီးပူဇော်တဲ့ပွဲ
အယ့်ဒါ ကြေးနီစီမံကိန်း ရလဒ်ပဲ
(ဒေါင်းမြကြည်)

Wednesday, November 28, 2012

ခွတ်ဒေါင်းနီက ကြွေးကြော် ပါသည်



ခွတ်ဒေါင်းနီက ကြွေးကြော် ပါသည်

အမိမြေပြင် ပေတရာကို သက်သေတည်
သွေးစက်လွမ်းတဲ့ သမိုင်းတစ်ခေတ်ဆီ
တွေးမိတိုင်းလည်း ရင်နင့်သည်
အတိတ် မလှပ ပြည်သူတွေဘဝ
ခွတ်ဒေါင်းအိုးဝေ ဦးဆောင်မည်
ပြည်သူဘ၀ ချမ်းမြေ့စေမည်
ဒီမိုလမ်းပြ ရှေ့ကချီပြီ
ပြည်သူ ၀မ်းဝ ခါးလှစေမည်
ကျောသားရင်သား မခွဲခြားပါပြီ
ခွတ်ဒေါင်းနီက ကြွေးကြော် ပါသည်
ဒီမိုကရေစီ စနစ်ကျင့်သုံးပါအတည်
မကျေနပ်က ပြောခွင့်သာပြီ
ကျောင်းနံရံတ၀ိုက် ဒေါင်းအလံစိုက်ပြီ
ပညာရေးတွေမြင့်တင်ကာ အတည်
ပရဟိတတွေ ဝေမျှနေသည်
ဒီလမ်းစဉ်က ချမ်းမြေ့စေသည်
သမိုင်းတစ်ခတ် လှမ်းဝင့်လေပြီ
သမိုင်းစနစ် အရိုင်းခေတ်ကျန်ပြီ
လူအခွင့်အရေးတွေ ရချိန်တန်ပြီ
ဒီမိုကရေစီ ပေါ်ထွန်းလာပြီ
ခရိုနီတွေ သိသင့်ပါသည်
ခွတ်ဒေါင်းနီက ကြွေးကြော် ပါသည်
ခြောက်စား မြှောက်စား ဝေးသင့်လေပြီ
သူ့ ရေ မြေမို့ ရခွင့်တန်ပြီ
ပြည်သူတွေကို ပေးသင့်ပါသည်
ပေတရာကို သက်သေတည်
ခွတ်ဒေါင်း သခင်မ လှမ်းဝင့်လာပြီ
ကမ္ဘာ တလွှား
 ပြည်သူအရေး အလေးပေးလို့
လျှောက်လှမ်းနေသည်
ပြည်သူစိတ် ၀မ်းချမ်းမြေ့ပါအတည်..
ခွတ်ဒေါင်းနီက ကြွေးကြော် ပါသည်..
မ..မ (ဒေါင်းမြကြည်)

Tuesday, November 27, 2012

ဖင်လန်နိုင်ငံအဘယ်ကြောင့် ပညာရေးတွင်ထိပ်တန်း ဖြစ်ရသနည်း

 
 
ဖင်လန်နိုင်ငံအဘယ်ကြောင့် ပညာရေးတွင်ထိပ်တန်း ဖြစ်ရသနည်း


Category: အင်တာဗျူး

Written by မောင်ခေတ်

ဟားဗတ်တက္ကသိုလ်ပါမောက္ခတိုနီဝဂ္ဂ
နာနှင့် တွေ့ဆုံခြင်း

ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခတိုနီဝဂ္ဂနာက ဖင်လန်နိုင်ငံသည်ပညာရေးတွင်
ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်လာရခြင်းအား
စာမေးပွဲကိုအလေးမထားမှုကြောင့်ဟု တိုတိုတုတ်တုတ်မှတ်ချက်ပြုသွား သည်။

ဖင်လန်နိုင်ငံသည် အဘယ်ကြောင့်ကမ္ဘာအံ့ဖွယ် ပညာရေးစနစ်ဖြင့်
အောင်မြင်သည့်နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ရသနည်း။စက်မှုလက်မှုနိုင်ငံ
တစ်နိုင်ငံသည် ပညာရေးတွင် အအောင်မြင်ဆုံးနိုင်ငံ
တစ်နိုင်ငံဖြစ်ခဲ့ရသည်။အစဉ်အလာ ပညာရေးကစာမေးပွဲစနစ်ဖြင့်အဆုံးသတ်သည်။
စစ်ဆေးခြင်းသည်ကလေးတစ်ယောက်ဘ၀အတွက်အဖြေဖြစ်နေသည်။
ထိုအနေအထားကိုဖင်လန်ပညာရေးက တော်လှန်ပြီး
ပြုပြင်ပြောင်းလဲနိုင်သောကြောင့် အောင်မြင်ခဲ့လေသလား ဆန်းစစ်ရန်လိုပါသည်။

ဤအဖြေကိုပါမောက္ခဝဂ္ဂနာနှင့်
ဒေးဗစ်ဆီရိုတာတို့၏အင်တာဗျူးကအဖြေပေးနိုင်လိမ့်မည်ထင်သည်။

Q : ဖင်လန်နိုင်ငံဘာကြောင့် အောင်မြင်ရတာလဲ။ပညာရေးမှာ
နောက်ခံတွေကောင်းလို့လား၊စနစ်တွေကောင်းလို့လား။ဒီကနေစပြီးဆရာ့ကို
ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။

A : ၁၉၇၀ အစောပိုင်းလောက်တုန်းက ဖင်လန်နိုင်ငံရဲ့ပညာရေးက
 အဲဒီလောက်မဟုတ်သေးဘူး။
လယ်ယာစိုက်ပျိုးရေးကို
အခြေခံတဲ့စီးပွားရေးစနစ်ဖြစ်နေလို့ဆင်းရဲသေးတယ်လို့
ပြောနိုင်တယ်။တကယ်တော့ သူတို့အလျှင်အမြန်ပြုပြင်ပြောင်းလဲ
ခဲ့ကြတာ။ပညာရေးစနစ်ကို ပြန်ပြီးတော့အားသစ်တွေလောင်းတယ်
ပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်တယ်။သူတို့ကစီးပွားရေးကိုတောင်အသိပညာကို
အခြေခံသည့်စီးပွားရေးစနစ်ဆိုပြီး လုပ်ကြတာ။

ဒီလိုနဲ့၁၉၇၀ လောက်ရောက်တော့ ပြုပြင်ပြောင်းလဲမှုကို လုပ်တော့မယ်ဆိုပြီး
အနာဂတ်အတွက် ဆရာလောင်းတွေကို စိတ်ကြိုက်ရွေးချယ်ကြတယ်။ ပညာရေးကို
ပြုပြင်ပြောင်းလဲတော့မယ်ဆိုပြီး လုပ်သင့်လုပ်ထိုက်တာကို
ပထမဦးစားပေးအနေနဲ့လုပ်ကြတာပါ။
ဆရာတွေထဲက ရွေးချယ်ရာမှာပရိုဆန်ဆန်တကယ်တော်တဲ့သူတွေကိုပဲ ရွေးကြတယ်။
ဆရာတိုင်းကိုသာမန်ဘွဲ့လောက်ထက်မာစတာဘွဲ့ရဆိုတာမျိုးဖြစ်ရမယ်ဆိုပြီး ရွေးကြတာ။
ဒါကြောင့် ဆရာဖြစ်ချင်တယ်ဆိုတဲ့ သူတွေကိုသာမန်ဘွဲ့လောက်နဲ့မဖြစ်ဘူးဆိုပြီး
အရည်အသွေးကို မြှင့်တင်လိုက်တာဟာ အောင်မြင်ရတဲ့ပထမအကြောင်းတရားဖြစ်မယ်။

ဆရာ့အလုပ်ဆိုတာ လေးစားလောက်တဲ့ အလုပ်ဆိုတာထက် 
ပညာအရည်အချင်းနဲ့လည်းကန့်သတ်ပိုင်းဖြတ်ပြီး
မြှင့်ယူခဲ့ကြတယ်။အဲဒီလို
လေးစားဂုဏ်ယူစရာအကောင်းဆုံးအမြင့်မားဆုံးအလုပ်ဖြစ်အောင် လစာတွေကအစ
အမြင့်ဆုံးဖြစ်အောင်လုပ်ပေးခဲ့တယ်။
ဆရာအလုပ်လာလျှောက်တဲ့၁၀ ယောက်မှာ ၁ ယောက် လောက်ပဲ စာသင်ခန်းထဲ
ဝင်ခွင့်ရတဲ့အထိအလုပ်ကိုကန့်သတ်ပစ်လိုက်တယ်။
ဒါကြောင့်လည်းနိုင်ငံတကာကPISAလို့ခေါ်နေတဲ့ပညာရည်အဆင့်ကိုသူတို့
ကောင်းကောင်း ကျော်ဖြတ်နိုင်ခဲ့ကြတာပေါ့။အနောက်နိုင်ငံတွေထက်သူတို့သာသွားတာအဲဒီအချက်ကြောင့်ပဲ။
အာရှသားတွေပညာတော်တယ်ဆိုတဲ့ အဆင့်အထိ သူတို့ကလိုက်ပြီးခြိမ်းခြောက်နိုင်ခဲ့တယ်။
ဒီလိုနဲ့ ကမ္ဘာ့အဆင့်မှာပါ ပညာရေးထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ရတော့တာပဲ။

Q : ဆရာတွေကိုပဲအခြေခံထားပြီး
ပြုပြင်လိုက်တယ်။နိုင်ငံအတွင်းမှာစာမေးပွဲစနစ်ကိုရောမလုပ်ကြဘူးလား။
PISAဆိုတာ
ကနိုင်ငံတကာစာမေးပွဲတစ်ခုမဟုတ်လား။

A : ဟုတ်တာပေါ့။သူတို့နိုင်ငံတွင်းမှာစာမေးပွဲဆိုတာမလုပ်ဘူး။
စစ်ဆေးတဲ့ပုံစံ လုပ်တယ်ဆိုပေမယ့် ကလေးတွေကိုအကဲဖြတ်ဖို့စစ်တာလောက်ပဲရှိတယ်။
သူများတွေစစ်သလိုစာမေးပွဲပုံစံကြီးနဲ့စစ်တာမျိုးမရှိဘူး။
။စာမေးပွဲမရှိတော့သူတို့ကိုဘာနဲ့မက်လုံး
ပေးရသလဲဆိုရင်ကိုယ့်အလုပ်မှာကိုယ်တတ်ကျွမ်းမှု၊
နားလည်မှုဆိုတာတွေနဲ့ တိုင်းတာမှုတွေလုပ်ရတယ်။
သူတို့ကိုပိုင်းဖြတ်တဲ့ ဆရာတွေအပေါ်မှာသူတို့ လုံးဝယုံကြည်အားထားနိုင်တယ်။
သူတို့ဆောင်ပုဒ်က “ကိုယ့်ကျွမ်းကျင်မှုကိုယုံကြည်ပါ”ပဲ။
ဒါကြောင့်လည်း သူတို့ဖင်လန်မှာ အမြင့်ဆုံးနဲ့အနိမ့်ဆုံး
ကျောင်းကွာခြားချက်က၄ရာခိုင်နှုန်းလောက်ပဲရှိတယ်။

Q : ဖင်လန်မှာလုပ်နေတဲ့ပညာရေးပြုပြင် ပြောင်းလဲမှုနဲ့
အမေရိကန်မှာလုပ်နေတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုက
လုံးဝဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
သူတို့နဲ့ယှဉ်လိုက်ရင် အမေရိကန်ကဆရာတွေကမကောင်းဆိုးဝါးတွေလိုဖြစ်မနေဘူးလား။
ပြီးတော့ ကျွန်တော်တို့ပညာရေးကကလေးတွေကိုစာမေးပွဲနဲ့ဖိထားတာလေ။
ဒီနှစ်နိုင်ငံရဲ့ သဘောထားတွေက ဘာကြောင့်များ အဲဒီလောက်ကွာခြားနေရတာလဲဆရာ။

A : ပထမဦးဆုံး အဓိကကျတဲ့အချက်က ဖင်လန်နိုင်ငံဟာပညာရေးမှာသာမဟုတ်ဘူး
တီထွင်ကြံဆမှုမှာလည်း
ထိပ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေသေးတယ်။
သူတို့မှာစွန့်ဦးတီထွင်နိုင်အားတွေအရမ်းကောင်းကြတယ်။
ခင်ဗျားတို့ အဘိုးတို့ခေတ်လောက်ကဆိုရှယ်လစ်စကားမျိုးတွေသူတို့ပြောကြတာမဟုတ်ဘူး။

အမေရိကန်မှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတယ်ဆိုတာက
စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အဓိက မောင်းနေကြတာ။Xerox ကုမ္ပဏီက
ဒေးဗစ်ကီရန်နဲ့ IBM
ကုမ္ပဏီကလူးဂါ့စ်နာတို့က ပညာရေးဆိုင်ရာ ညီလာခံကြီးတစ်ခုကို လုပ်တယ်လို့ကြားတယ်။
ဒါပေမယ့်သူတို့ဘယ်ပညာရေးသမားတွေကိုမှမဖိတ်ကြဘူး။
သူတို့ဖိတ်တာကCEO
တွေ၊အစိုးရအဖွဲ့ဝင်တွေ၊လွှတ်တော် အမတ်တွေလောက်ပဲဖိတ်ပြီး ဆွေးနွေးကြတာ။

ကျွန်တော်နားလည်ထားတာကလုပ်ငန်းတွေမှာကျွမ်းကျင်တဲ့သူတွေလိုတာပဲဗျ။
ဘ၀အာမခံချက်ပေးနိုင်တဲ့
ပညာရေးလို့ဘယ်လောက်ပဲအော်အော်ပညာရေးစနစ်အပေါ်အယုံအကြည်မရှိရင်လည်း
အောင်မြင်မှာမဟုတ်ဘူး။
ဖင်လန်နဲ့ဘာကွာခြားသလဲဆိုတော့အဲဒီမှာကနှစ်ပါတီစနစ်ပဲရှိပေမယ့်
အဲဒီနှစ်ပါတီစလုံးကနှစ်ပေါင်း၃၀ ကျော်လောက်ပညာရေးကို
အလေးထားလုပ်ရကောင်းမှန်းသိတယ်။
ဆရာတွေကိုတကယ့်အရည်အသွေး မြှင့်တင်ပေးရ
ကောင်းမှန်းသိတယ်။သူတို့ကလုပ်ငန်းတွေနဲ့ပညာရေးကိုလည်း ပူးပေါင်းဆက်စပ်ထားတယ်။
ပေါ်လစီရေးဆွဲသူတွေ ပညာရေးဘက်ကပညာရှင်တွေ
ပေါင်းစည်းညီညွတ်ကြတယ်။ကျွန်တော်တို့အမေရိကန်မှာလိုအပ်နေတာအဲဒါပဲဗျ။

Q : အမေရိကန်ပညာရေးနဲ့ဖင်လန်ပညာရေးကိုနှိုင်းယှဉ်ရတာမျှတနိုင်ပါ့မလားဆရာ။
ဖင်လန်နိုင်ငံက လူမျိုးတစ်စုတည်းလိုလိုပဲ ရှိတာ။
အမေရိကန်မှာကလူမျိုးကွဲတွေဒီလောက်များနေတာ။

A : ဖင်လန်နိုင်ငံမှာက လူတွေထင်ထားတာ ထက်ပိုပြီးတော့ တောင်ကွဲပြားမှုတွေရှိနေပါတယ်။
လူဦးရေရဲ့ ၅၀ရာခိုင်နှုန်းလောက်ကဒုတိယဘာသာစကားကိုပြောကြတယ်။
ဟယ်ဆင်ကီဘာသာစကားပြောတဲ့ ကျောင်းပေါင်း ၄၅ရာခိုင်နှုန်းလောက်ရှိတယ်။
ဖင်လန်ကို အမေရိကန်နဲ့ မနှိုင်းယှဉ်နိုင်ဘူးဆိုပေမယ့် သူတို့မှာလည်း
အဲဒီကွဲပြားမှုတွေက အရမ်းကြီးမားတယ်။ဖင်လန်နိုင်ငံရဲ့အရွယ်အစားနဲ့
လူဦးရေကကျွန်တော်တို့ ပြည်နယ်တစ်ပြည်နယ်စာ လောက်ပဲရှိတယ်။
ဖင်လန်ကိုကျွန်တော်တို့တိုင်းပြည်က
မင်နီဆိုးတားပြည်နယ်လောက်နဲ့ပဲနှိုင်းယှဉ်ကြည့်ရအောင်။
ဒေသကလည်း အတော်လေးတူတယ်။
ဒါပေမယ့်နိုင်ငံတကာနဲ့ယှဉ်လိုက်ရင်သူတို့က
ဘာကြောင့်မြင့်တက်သွားရသလဲ။
ကျွန်တော်တို့မှာ သူတို့ဆီကနေ လေ့လာသင်ယူစရာတွေအများကြီးပဲ။

Q : စီးပွားရေးအရဆိုရင်ရောဘယ်လိုပြောမလဲဆရာ။
နယူးယော့ခ်တက္ကသိုလ်ပါမောက္ခဒိုင်ရင်းရာဗစ်ခ်ျက
ပြောဖူးတယ်။
ပညာရေးတစ်ခုတည်းနဲ့တော့ ဒီတိုင်းပြည်ရဲ့
ဆင်းရဲမွဲတေမှုကိုမဖြေရှင်းနိုင်ဘူးဆိုတာပေါ့။
ဆင်းရဲခြင်းကိုဖြစ်စေတဲ့ အကြောင်းတရားတွေအများကြီးတော့ရှိတာပေါ့။
ဖင်လန်နိုင်ငံမှာက
 စီးပွားရေးအရ ဆင်းရဲချမ်းသာကွာဟချက် အရမ်းနည်းတယ်လို့သိရပါတယ်။
အဲဒီလိုဆင်းရဲမွဲတေမှုနည်းပါး ခြင်းကလည်းပညာရေးမှာ အောင်မြင်ရတဲ့
အကြောင်းအချက်တစ်ခုဖြစ်မနေဘူးလားဆရာ။

A : အဲဒီအတွက်အဖြေနှစ်ခုရှိတယ်။
ပထမကတော့လူမျိုးရေးနဲ့လူတန်းစားကွာဟမှုကိုအရင်ပြောရမယ်။
စာမေးပွဲ စစ်ဆေးရင်ဆင်းရဲတဲ့ သူတွေရဲ့ရမှတ်တွေကရော 
ဆင်းရဲလို့နည်းမယ်ထင်သလား။
ဒါကြောင့် လူတန်းစား ကွာခြားလို့
လူမျိုးရေးကွဲပြားလို့ရမှတ်တွေကွာခြားရမယ်ဆိုတာမျိုးတော့မရှိပါဘူး။
ဒီတိုင်းပြည်မှာက
စီးပွားရေးကွာဟချက်တွေ
များတယ်ဆိုတာမှန်ပါတယ်။ဒါတွေလျှောက်ပြောရရင်တော့ပိုပြီး
ဝေးလိမ့်မယ်ထင်တယ်။

တစ်ခုတော့ရှိတယ်။ချမ်းသာတဲ့ရပ်ကွက်ကအကောင်းဆုံးကျောင်းတွေနဲ့၊ 
ပုဂ္ဂလိကကျောင်းတွေ
ယှဉ်ရင်တော့ ကွာကောင်းကွာမယ်။
ဒါပေမယ့်ဆရာရဲ့သင်ကြားနိုင်စွမ်းနဲ့ရလဒ်တွေကိုလည်း
ပြန်သုံးသပ်ရမယ်။ကျွန်တော်တို့မှာက
စာမေးပွဲနဲ့တိုင်းတာနေတော့ဉာဏ်ကောင်းရင်အမှတ်ကောင်းကောင်းရမယ်။
အောင်မယ်ပေါ့။ဒါပေမယ့်သူတို့မှာ
ကျွမ်းကျင်မှုတော့မရှိနိုင်ဘူး။ 
ကမ္ဘာ့အဆင့်ကိုမီချင်ရင်စာကျက်ပြီးမှတ်မိတာလောက်နဲ့
ပြန်ဖြေတာမျိုးမလုံလောက်တော့ဘူး။ဖင်လန်သား
တွေလုပ်နေသလိုပညာအခြေခံစီးပွားရေးကိုကမ္ဘာ့အဆင့်အထိ
မြှင့်တင်နိုင်အောင်လုပ်မှဖြစ်လိမ့်မယ်။

ဖင်လန်ဘာကြောင့်ပညာရေးမှာတိုးတက်သလဲဆိုရင် သင်ကြားရေးကိုအရမ်း 
ထူးချွန်အောင်လုပ်ကြတယ်။
သူတို့သင်ကြားတဲ့ ပုံစံက ကြောင်းကျိုးဆင်ခြင်တဲ့သင်ကြားနည်းမျိုးမဟုတ်တော့ဘူး။
သင်ကြားနည်းမှာသူတို့အတွက်စံတစ်ခုသီးခြားရှိနေတယ်။

ဒုတိယအချက်က သင်ယူမှုမှာသူတို့က အရေးအကြီးဆုံးကဘာလဲလို့အမြဲဆန်းစစ်တယ်။
သူတို့သင်ကြားမှု-သင်ယူမှုဖြစ်စဉ်မှာ
ပြဋ္ဌာန်းစာအုပ်ကို အလွတ်ကျက်မှတ်ရတာမျိုးတွေ လုံးဝမရှိတော့ဘူး။
သူတို့ကကြက်တူရွေးလိုအလွတ်ရွတ်ပညာရေးထက်
တွေးခေါ်စဉ်းစားနိုင်တဲ့ပညာရေးကိုဦးစားပေးလာကြတယ်။
ပြဋ္ဌာန်းစာအုပ်ဆိုတာအလွတ်ကျက်ဖို့မဟုတ်ဘူး၊
စဉ်းစားတွေးတောဖို့
အခြေခံလို့သဘောထားလာကြတယ်။
ကျွန်တော်တို့အချမ်းသာဆုံးကျောင်းတွေတောင်မှ
ကမ္ဘာ့အဆင့်မီလို့သာပြောနေတယ်အဲဒီလိုမလုပ်နိုင်သေးဘူး။

Q : ဒါဆိုရင်ဆရာရယ်ဖင်လန်ကို မီဖို့ဆိုတာပညာရေးကို
ဖင်လန်လိုလိုက်လုပ်လိုက်တာနဲ့ ပြောင်းလဲတိုးတက်မှုတွေ
မဖြစ်နိုင်ဘူးလား။စီးပွားရေးကွာဟချက်တွေ၊မညီမျှမှုတွေ
မေ့ထားလိုက်ပြီးသူတို့လိုပုံတူကူးတာမျိုးပေါ့။

A : စီးပွားရေးကွာခြားတယ်ပြောရအောင် ဖင်လန်မှာလည်း ဆင်းရဲတဲ့ကျောင်းတွေရှိတာပဲဗျ။
သူတို့ကဆင်းရဲတာကိုမပြောဘူး။
သင်ကြားမှုသင်ယူမှုမှာ ဘယ်လောက်စွမ်းဆောင်နိုင်သလဲ 
ဆိုတာကိုပဲ ဂုဏ်ယူပြောကြတယ်။
ကျွန်တော်တို့တိုင်းပြည်မှာလည်း
လူမည်းရပ်ကွက်ကဆင်းရဲတဲ့ကျောင်းတွေရှိတာပဲ။
သူတို့အထက်တန်းအောင်ပြီး
ကောလိပ်ကိုသွားရင် အောင်မြင်ကြတာပဲဗျ။
လူဖြူတွေထက်တောင်
အောင်မြင်သေးတယ်။
ဒီတော့ဆင်းရဲတာ၊စီးပွားရေးကွာဟတာတွေနဲ့သိပ်မဆိုင်တော့ဘူး။
သင်ကြားရေးပဲ အရေးကြီးတယ်။
လူမျိုးကွဲပြားတာလူတန်းစားကွဲပြားတာရှိကောင်းရှိမယ်။
ဒါ တွေကို အကြောင်းပြပြီးတော့ ပညာရေးမှာ
ကွဲပြားခြားနားနိုင်တယ်လို့ပြောတာတော့မမှန်နိုင်ပါဘူး။

Q : ဖင်လန်သားတွေပညာရေးကို
မြှင့်တင်ရာမှာဆရာတွေရဲ့ အခန်းကဏ္ဍကို ဦးစွာမြှင့်တင်ခဲ့တယ်လို့သိရပါတယ်။
သူတို့ကဆရာအလုပ်ကို
လေးစားဂုဏ်ယူဖွယ်အလုပ်တစ်ခုလိုတန်ဖိုးထားပြီး
မြှင့်တင်ခဲ့ကြတာပါ။
ကျွန်တော်တို့ အမေရိကန်မှာကတော့ဆရာဆိုတာ
အမျိုးမျိုးအပုပ်ချပြီး လက်ညှိုးထိုးစရာတစ်ခုအနေနဲ့
သဘောထားကြတာ။
အဲဒီအပေါ်မှာရော ဆရာ့အနေနဲ့ဘယ်လို မြင်ပါသလဲ။

A : သူတို့ကဆရာကိုသိပ္ပံပညာရှင်တွေလို့ထင်ပြီး၊
စာသင်ခန်းကိုဓာတ်ခွဲခန်းလိုသတ်မှတ်ထားကြတာ။
ဒါကြောင့်လည်း သူတို့ကဆရာတိုင်းကိုမာစတာဘွဲ့တစ်ခုခုရမှအတန်းကိုအပ်တာ။
သူတို့ယုံကြည်ထားတာက
မာစတာဒီဂရီတစ်ခုခု
ရထားတဲ့သူတွေဟာပညာရေးဆိုင်ရာသဘောတရားကိုပဲသင်သင်၊
လက်တွေ့ပဲလုပ်လုပ်
ပေါက်ကရလုပ်မယ့်သူတွေလို့ မထင်ကြဘူး။
သူတို့ကသင်ကြားမယ့်အကြောင်းအရာတွေကို
ကောင်းကောင်းပြင်ဆင်တတ်မယ်၊ဘာသင်ရမယ်ဆိုတာသိတယ်၊
ဘယ်လိုသင်ရမယ်ဆိုတာလည်းသိကြတယ်။ 
ဒါကသူတို့ဘာကြောင့်မာစတာဘွဲ့ရတွေကို
ရွေးချယ်ရသလဲဆိုတဲ့ပထမအချက်။

ဒုတိယအချက်ကသူတို့က ဆရာအလုပ်ကို ငတ်လို့လုပ်တာဆိုတာထက် 
တတ်လို့ဝင်လုပ်ကြတာများတယ်။
တကယ့်ကိုပရိုတွေဆန်ဆန်ဝင်လုပ်ကြတာ။လုပ်ငန်းလုပ်ဆောင်ရာမှာလည်းပူးပေါင်း
ဆောင်ရွက်တဲ့စိတ်ဓာတ်တွေ အပြည့်ရှိကြတယ်။
ကျောင်းချိန်အတွင်းမှာတစ်ဦးကိုတစ်ဦးအပြည့်အကူအညီပေးကြတယ်။
သင်ခန်းစာတွေကို
ပူးပေါင်းပြင်ဆင်ကြတယ်။အကြံဉာဏ်တွေပေးကြတယ်။
အဲဒီလိုတစ်ဦးကိုတစ်ဦး အကြံဉာဏ်ပေးတာကိုလည်း
ဆရာလုပ်တယ်လို့မယူဆကြဘူး။သင်ခန်းစာတွေကိုကြိုတင်ပြင်ဆင်တယ်။
ကျွန်တော်တို့ ကောင်းတယ်ပြောပြော ဆိုးတယ်ပြောပြောအလယ်ခေတ်ပညာသင်စနစ်
လမ်းကြောင်းအတိုင်းပဲသွားနေကြသေးတယ်။
ဆရာတစ်ယောက်ဟာ တစ်နေကုန်အလုပ်လုပ်ရတယ်။ 
နေ့တိုင်းလုပ်ရတယ်။
တစ်ဦးတည်းလုပ်နေရင် တီထွင်ဖန်တီးနိုင်စွမ်းတွေ ကျဆင်းတတ်တယ်ဆိုတာ
ဖင်လန်သားတွေ ကောင်းကောင်းသိတယ်။
ဒါကြောင့်လည်း တစ်ဦးတည်း လုပ်ဆောင်ရတဲ့ အနေအထားတွေကိုသူတို့
ရှောင်ကြတယ်။ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ရလဒ်တွေကိုသူတို့
ကောင်းကောင်းသိအောင် လေ့ကျင့်ထားကြတယ်။
ဒါကြောင့်လည်းသူတို့အောင်မြင်ကြတယ်။

https://www.facebook.com/saya.gyi.3/posts/304897152958904
 

Monday, November 26, 2012

အမေရိကန် နိုင်ငံရေးလောကမှာ ဩဇာကြီးမားသော Foreign Policy Magazine ကြီးရဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ရှင် ၁၀၀ စာရင်း၌ မြန်မာသမ္မတ ဦးသိန်းစိန် နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူချစ်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲပထမ ရရှိသွား။

င်္. မြန်မာသမ္မတ ဦးသိန်းစိန်
.
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်.




သမ္မတ ဦးသိန်းစိန်ကို ICG ဆုပေးမည်
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ နိုဝင်ဘာလ ၂၆ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံတကာ ပဋိပက္ခအဖွဲ့ကြီး ICG က မြန်မာသမ္မတ ဦးသိန်းစိန်အား ၂ဝ၁၃ ခုနှစ်အတွက် ‘ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆု’ In Pursuit of Peace Award Dinner ချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ဘရာဇီး သမ္မတဟောင်း Luiz Inácio Lula da Silva နှင့်အတူ ချီးမြှင့်မည်ဖြစ်သည်။

အမေရိကန် နိုင်ငံရေးလောကမှာ ဩဇာကြီးမားသော Foreign Policy Magazine ကြီးရဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ရှင် ၁၀၀ စာရင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူချစ်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် မေမေဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာသမ္မတ
ဦးသိန်းစိန်တို့ ပူးတွဲပထမ ရရှိသွား။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ လင်မယားမှ နံပါတ် ၃ကိုပူးတွဲရရှိပြီး အမေရိကန် သမ္မတ အိုဘားမားက နံပါတ် ၇ ရရှိ။ ပါကစ္စတန်မှ မာလာလာဆိုသော ကလေးမလေးက အိုဘားမားနဲ့ ကပ်ရက် နံပါတ် ၆ ဖြစ်။ သန်းကြွယ်သူဌေးကြီး ဘီလ်ဂိတ်တို့ စုံတွဲမှာလဲ နံပါတ်စဉ် ၅ကို ပူးတွဲရရှိ။

ခွန်ဒီးယမ



သံဖြူဇရပ်မြို့နယ်အတွင်း အမည်မသိသတ္ထုအပိုင်းအစ ကောင်းကင်ယံမှကျဆင်းလာ


သံဖြူဇရပ်မြို့နယ်အတွင်း အမည်မသိသတ္ထုအပိုင်းအစ ကောင်းကင်ယံမှကျဆင်းလာ
တနင်္လာနေ့၊ နိုဝင်ဘာလ 26 ရက် 2012 ခုနှစ် မွန်အေဂျင်စီ သတင်း - လွတ်လပ်သော မွန်သတင်းအေဂျင်စီ

မီးရှူးမီးပန်းကဲ့သို့ပေါက်ကွဲသံနှင့်အတူ အမျိုးအမည်မသိ သတ္ထုအစိတ်အပိုင်းအချို့ ကောင်းကင်ယံမှကျ ဆင်းလာသည့် ထူးဆန်းဖြစ်ရပ်များ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

...
ထိုနေ့နံနက် ၆ နာရီဝန်းကျင်ခန့်က ကျဆင်းလာခြင်း ဖြစ်ပြီး တွေ့ရှိသည့် သတ္ထုအစိတ်အပိုင်းအချို့ကို သံဖြူဇရပ်မြို့ စစ်ဖက်လုံခြုံရေးအဖွဲ့ စရဖ ထံ အပ်နှံလိုက်ကြသည်။

သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာအုပ်ချုပ်ရေးမှူး ကိုဝင်းချိုက “မျက်မြင်တွေ့ရှိသူ ဦးပန်းက ကျနော့်ကို လာပြောပြတာတော့ မိုးခြုန်းသံလိုလို၊ မီးပန်းဖောက်သံလိုလို ကြားရပီး အဲဒီအပိုင်းအစကျလာတယ်တဲ့၊ ကျနော်က မြို့နယ်လုံခြုံရေးတွေကို အကြောင်းကြားလိုက်တယ်၊ စစ်ဆေးကြည့်တော့ သံကြွပ်နဲ့ခပ်ဆင်ဆင်ပဲ” ဟု ပြောသည်။

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ၄င်းပငရွာမှရရှိခဲ့သော သတ္ထုထည်မှာ အရှည် ၂.၈ ပေ၊ လုံးပတ်(ဗျက်) ၈ လက်မရှိပြီး အလေးချိန် ၄ ပေါင်ခန့်ရှိသည်ဟု ဖေါ်ပြထားသည်။

အလားတူ ပငရွာ၏အရှေ့ဖက် ၅ မိုင်(ကောင်းကင်မြေပုံ)ခန့်ဝေးကွာသော ဝဲကလိရွာအနီးတွင်လည်း လုံးပတ် ၄၃ လက်မ၊ အချင်း ၄၇ လက်မရှိ မီးခိုးရောင်သတ္ထုအလုံးကြီးတစ်လုံးကို ကျုံကန်ချောင်းတွင် လုံခြုံရေးအာဏာပိုင်တို့ ဆယ်ယူခဲ့သည်ဟု သတင်းစာတွင် ဆက်လက်ဖေါ်ပြထားသည်။

“သံဖြူဇရပ်အရှေ့တောင်ဖက် ကျုံခွန်၊ ဖားပြတို့မှာလည်း ဒီလိုအသံတွေကြားခဲ့ရတယ်လို့ သတင်းတွေထွက် တယ်၊ ပထမထင်တာတော့ လေယာဉ်တစ်စီးစီးများ ကောင်းကင်မှာပေါက်ကွဲတဲ့ ဖြစ်ရပ်လားလို့တောင် ထင်မိတယ်၊ သက်ဆိုင်တဲ့ကျေးရွာအာဏာပိုင်တွေက မနေ့ကတစ်နေ့လုံး စုံစမ်းနေရတာပဲ၊ အကြောင်းအရင်း ကို လုံးဝမသိရသေးဘူး” ဟု သံဖြူဇရပ်မြို့နယ်ထွေအုပ်ရုံးစားရေးတစ်ဦးက ပြောသည်။

တချိန်တည်းတွင် ပငကျေးရွာ၏တောင်ဖက် ၄ မိုင်(ကောင်းကင်မြေပုံ)ခန့်ဝေးကွာသည့် အံခဲရွာတွင်လည်း မိုးချုန်းသံ၊ မီးပန်းဖောက်သံကဲ့သို့ အသံများ ကြားခဲ့သော်လည်း မြေပြင်၌မည်သည့်အရာမှ ရှာမတွေ့ခဲ့သေးပေ။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်ကိုသက်ဆိုင်ရာမှ ထုတ်ဖေါ်ရှင်းလင်းမပြုနိုင်သေးသည့်အချိန်တွင် သံဖြူဇရပ်သားများအနေဖြင့် အာကာသယာဉ်မှပစ္စည်းအစိတ်အပိုင်းများဟု ယူဆပြောဆိုနေကြကြောင်း မေးမြန်းချက်များအရ သိရသည်။

ပငရွာတွင်တွေ့ရသော သတ္ထုအပိုင်းအစ (သံဖြူဇရပ် Facebook)

Sunday, November 25, 2012

တာရာမင်းဝေ ကဗျာစုစည်းမှု


တာရာမင်းဝေ ကဗျာစုစည်းမှု
Sep 26, '10 6:31 PM
for everyone

♥တာရာမင်းဝေ ကဗျာစုစည်းမှု♥♥

ကျွန်တော့်ကို ဇိကုပ်ပြီး
နတ်ပြည်မပို့ကြပါနှင့်.........
.
ကိုယ့်ဘာသာ ကိုယ်သွားမည်.......
ကိုယ်ကိုဇိလာကုပ်တာမျိုး
ကျွန်တော်မကြိုက်ပါ........
မနာတတ်ဘူးဆိုလျှင်တောင်
ယားတော့ယားတတ်သည်........
ထိုသို့ဖြင့်ဇာတ်ကြီးက
မျောသွားသည်...........
ဇာတ်မျောကို လိုက်ဆယ်ရင်း
ပင်လယ်ကပါ မျောသွားသည်
ဘာမှမကျန်ရစ်ခဲ့.......

တာရာမင်းဝေ



အထွေအထူးပြောစရာ
မရှိပါ............
အစကတည်းက(အ)နေသော
ဝတ္ထုပါ.........
အဂ်လိပ်လိုအဲန့်(end)ဟုပြောလျှ
င်
ရနိုင်ပါသည်........
သို့သော်ကျီးကန်းခလုတ်တိုက်သံ
နှင့်တူနေ၍မပြောတော့ပါ......
ဘာပဲပြောပြောဝတ္ထုက
ပြီးသွားပါပြီ.........
ဝတ္ထုနှင့်အတူအရာအားလုံးကိုလည်း
ပြီးလိုက်စေခြင်ပြီ..........
ဖတ်သူကိုရော
မဖတ်သူကိုရော
အထူးကျေးဇူးတင်ပါသည်...........
......

တာရာမင်းဝေ

       ဟ
ဟတ်တတ်ကွဲခွင့်ပြုပါ
အက်နေရတာကိုစိတ်ညစ်လွန်းလို့
ဟတ်တတ်သာကွဲခွင့်ပြုကြပါ
ဘယ်လိုအခြေနေမှာမှ
ဟောင်ဖွာဟောင်ဖွာမလုပ်ခဲ့ပါဘူး
ဘယ်တုန်းကမှလည်းဟန်ကျပန်ကျ
မရှိခဲ့ပါဘူး
ဈေးသည်အေးကြွယ်နဲ့
သီချင်းအတူဆိုဘူးယုံလောက်ပါ
ဟိုတုန်းကဟုန်းဟုန်းတောက်ခြင်ခဲ
့သမျှ
ခုတော့လည်း
ငြိမ်းချမ်းသင်းမြချင်ပြီ


တာရာမင်းဝေ

       ဖ
ၼဤ၀တၳဳကိုဖာသိဖာသာ ဖတ္ပါ
ဖောခြင်းသောခြင်း ဖတ်ပါ
ဖီလာကန့်လန့် ဖတ်ပါ်
ဖက်လှဲတကင်း ဖတ်ပါ
ဖြုတ်ခြည်းရုတ်ခြည်း ဖတ်ပါ
ဖင်ပြန်ခေါင်းပြန် ဖတ်ပါ
ဖတ်လပ် ဖတ်လပ် ဖတ်ပါ
ဖျပ်ဖျပ်လူးပြီး ဖတ်ပါ
ဖျဉ်းဖျဉ်းကွဲအောင် ဖတ်ပါ
ဖြိုးဖြိုးဖြောက်ဖြောက် ဖတ်ပါ
ဖွတ်ဖွတ်ညက်ညက်ကြေအောင် ဖတ်ပါ
ဒါမှမဟုတ် မဖတ်ပါနှင့်


တာရာမင်းဝေ

              ဧဒင်ဥယျာဉ်အသွား
္ဒတစ်နေ့တော့ င့ါမှာ ချစ်သူတစ်ယောက်ရှိလာမှာပဲ...
အဲလိုပြောတော့အားလုံးက ၀ိုင်းရယ်ကြတယ်....
"ဒါ...မဖြစ်နိုင်တဲ့ ပုံပြင်ပဲ...."
မဖြစ်နိုင်တဲ့ ပုံပြင်ဆိုတာ မရှိဘူး....
"ဘာဖြစ်လို့လဲ"
ပုံပြင်ထဲမှာ အားလုံးဖြစ်နိုင်တယ်လေ....
လူရှိရင် အချစ်ရှိမှာပဲ.....
အချစ်ရှိတော့ ဘာဖြစ်မလဲ....
အချစ်ရှိတော့ စိတ်ကူးယဉ်မှုတွေရှိမယ်...
စိတ်ကူးယဉ်မှု ရှိတော့ ဘာဖြစ်လဲ....
စိတ်ကူးယဉ်မှုရှိတော့ အားပျော့မှုတွေ ရှိတယ်....
အားပျော့မှုတွေ ရှိတော့.....ဘာဖြစ်လဲ....
အားပျော့မှုတွေ ရှိတော့ ထောက်ကွက် မှုတွေ ရှိတယ်...
ထောက်ကွက်မှုတွေရှိတော့ ..ဘာဖြစ်လဲ....
ထောက်ကွက်မှုတွေ ရှိတော့ တံတောင်ဆစ် ရှိတာပေါ့ဗျ....
ဟင်..........ဘာဆိုင်လို့တုန်း.
....
သိပ်ဆိုင်တာပေါ့.......
"ရှင်းစမ်းပါဦး"



...........................(တာ
ရာ မင်းဝေ)............................
       စိတ်
စိတ်မရှည်တဲ့နေ့ဆိုတာရှိကြမှာပါ
ကျွန်တော်စိတ်မရှည်ခဲ့ဘူး
စိတ်မရှည်လို့
စိတ်မရှည်ကြောင်းကို
စိတ်မရှည်စွာ
ကျွန်တော်ပြောရင်
ခင်များကစိတ်ရှည်ပါ
ဟိုလူ.............အားနာတယ်
..............အားနာတယ်
....................အားနာတယ်
ရိုင်းတာကကျွှန်တော်ပါ..........
.....

တာရာမင်းဝေ

       ငါနှင့်သူမ
(၁) ကျွန်တော်မှာ ကျောက်သင်ပုန်းလေးတစ်ချပ်ရှိပါ
သည်...

(၂) ထိုကျောက်သင်ပုန်းလေး၏ တစ်ဖက်မျက်နှာတွင် မျှော်လင့်ချက် မီတာခ

လက်ဖက်ရည်ကျစိမ့်
     ကဗျာစာအုပ် အလုပ်လျှောက်လွှာ ............ဟု.ယောက်ျားလက်ရေြး
ဖင့်
ရေးထားပါသည်.........

(၃) ကျောက်သင်ပုန်းကလေး၏ အခြားတစ်ဖက်မျက်နှာတွင် ကိန်းဂဏန်းများ

     ပေါင်းနုတ်မြှောက်စားများ မာမီနှလုံးရောဂါ ဆယ်လူလာနံပါတ်
.............ဟု မိန်းကလေးလက်ရေးဖြင့်
     ရေးသားထာပါသည်................

(၄) ကျွန်တော်သည် ထိုကျောက်သင်ပုန်းလေးကိုလေထဲတွ
င်တွဲလောင်းချထားပါသည်
     တစ်ခါတစ်ခါတွင် ............ယိမ်းထိုးလှုပ်ရှား၍
..............
တစ်ခါတစ်ခါတွင်ပတ်ခြာလည်နေပါသည်

       ထို့သိုပင်သူအသက်ရှင်နေပါသည်...
...............

(၅) ထိုကျောက်သင်ပုန်းလေး၏ အမည်မှာ

  '' ငါနှင့်သူမ" ဟူ၍ဖြစ်ပါသည် ။။

(၆) မိတ်ဆွေ........

            ကျွန်တော်လို ...............ခင်များ....
အဲ့ဒီကျောက်သင်ပုန်းလေးမျိုး..
..................ရှိဘူးလား.............


တာရာမင်းဝေ
♥♥






တေလေမှတ်တိုင်


ကြယ်တွေ ကြယ်တွေ
သမ်းဝေမှု ချောင်းချောင်းထ
ဟောင်းလောင်းပွင့်နေတဲ့..ည။

ဝိညာဉ်နှင်းမှုန်တစ်စက်
အိပ်မက် မြင်းခွာ အမှတ်(၁၃)
တစ်ယောက်တည်း အတုံးအရုံးလဲသူ
ငါ့ ကံကြမ္မာနဲ့..လူ

ဂမ္ဘီရ သစ်ပင်မှာမှ
စွယ်တော်ပွင့်အို ရှာချင်တဲ့လက်
ကားစင်တင်ပြီး မီးရှို့သတ်မယ်။

လပြည့်ဝန်းရေ
ပန်းကန္တာရမှာ
အမုန်းတွေ လဲ့ပြာကွဲအက်
ငါဟာ
ကိုယ့်ကိုကိုယ် ပြန်တူးနေတဲ့
ပေါက်ချွန်းတစ်လက်ကွဲ့ သိရဲ့လား။

ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက်တော့
ဘယ်သူမှ လူမိုက် မမည်။

ကဝေမီးတောက်
ဆောင်းဦးပေါက် အရက်တစ်အိုး
မြူခိုးဝေေ၀ကျောက်ခဲများ
ငါ့ကိုထားခဲ့ပါ။

တေလေမှတ်တိုင်
မျှော်စင်တွေထက် ပိုခိုင်လာရဲ့
ခြေထောက်ကတစ်ခြား လမ်းတစ်ခြား
ငါဘယ်တော့မှ မသွားဘူး မိန်းကလေးရေ။


တာရာမင်းဝေ-မိုးခေါင်လို့ တီးတဲ့ဗုံသံ

နှင်းလူ

နှင်းလူဟာ
ဂူထဲမှာ ဘီလူးဒူးတုပ်ထိုင်လျက်
အမှောင်ကြုတ်ကြုတ်ကို ကိုက်မြို ၀ါးစားရင်း
နေ နဲ့လည်း စိတ်ချင်း ဆက်သွယ်ကြည့်တယ်။

ရွှံ့မီးအိမ်နဲ့ ဝေ့ပတ်ပြီး
မြောက်အရပ်ကို ရှာဖွေကြည့်တော့
ဓူဝံကြယ် ကြွေသွားတာ ကြာပြီတဲ့။

သူရှုံးသွားတယ်
သူ့ပါးစပ်ကို သူဖြဲပြီး
မြောက်ပြန်လေက ဆောင်းတွေကို ရိုက်ခွဲကြိတ်ထည့်
လွမ်းရင် လိုက်ခဲ့လို့ မှာတယ်။

အဲဒီလိုနဲ့
နွေဦးပေါက် များစွာကို လွန်လေပြီးမှ
ပြန်လည် နိုးထလာတဲ့ ကျောက်နှင်းလူ
တောက်တစ်ချက်ခေါက်ပြီး သူ့ကိုယ်သူ ထူတယ်။

ပြီးတော့
သွေးတွေကို တဂျုံးဂျုံး ပြန်မောင်း
ကောင်းကင်ကို
ပိတောက်တွေနဲ့ တဗောင်းဗောင်းပစ်ပေါက်
မီးပွင့်မတတ်၊ ခါးထောက်ရပ်လိုက်တယ်။

ငါ..(သို့မဟုတ်)
နှင်းလူကလေးရဲ့ မှတ်တမ်းမှာ
အဲဒီဆောင်းကို ခပ်ကြမ်းကြမ်းလေး ရေးထားမိ
သတိရတိုင်း ပြန်ပြန် ဖတ်ကြည့်လို့ပေါ့။


တာရာမင်းဝေ-မိုးခေါင်လို့ တီးတဲ့ဗုံသံ

လယ်သူမ

ကျွန်တော့် တောင်ကုန်း ကလေးပါ
အလင်းတွေနဲ့
ခပ်မို့မို့ တည်ဆောက်ထားတယ်။

နေ့ရက်တွေကြာ
နွေအပြာတွေ ပွင့်ပွင့်သွား။
ဖြတ်သန်းပြီးသား တိမ်တွေ
တစ်အုပ်ပြီး တစ်အုပ် ပြန်ကွေ့လာကြ။
... ... ...
ကျွန်တော် ပွေ့ပိုက်ခဲ့ရတယ်။

နောက်ဆုံးတော့လည်း
ဘာမှ မဟုတ်ခဲ့ပါဘူး။
ကိုယ့်ရင်ဘတ်ကိုယ် အကြမ်းကြုတ်ဆုံး ဆွဲဖွင့်ပြီး
နေပူကြဲကြဲတွေ သွန်ချ ပစ်ရတာက လွဲရင်ပေါ့။

သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်
အခုတောင် လွမ်းတယ်။


တာရာမင်းဝေ-မိုးခေါင်လို့တီးတဲ့
ဗုံသံ


ခေါင်းလောင်းသံစာတမ်း

(၁)‎
ကြယ်တာရာတွေစူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ကဝေည
မေမေ့ … ကိုကျွန်တော်သတိရလိုက်တာ … ‎
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာလူးလာပျံသန်း
လရောင်ကိုတောင်ပံနဲ့တဖျန်းဖျန်းရိုက်ကြတယ် … ။

လောကအတုမှာ … လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်းကိုယ်ထမ်းပြီးလမ်းလျှောက်နေတယ်
မေမေ … ‎
ကျွန်တော့်အတွက်တော့မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု … ဘယ်မှာလဲ
ဘယ်မှာလဲ … .. ။

မြူမှုန်မိုးနှင်းတွေကရွှေရောင် တ၀င်းဝင်းတောက်
မေမေ့အုတ်ဂူကိုစောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ … ။

‎(၂)‎
ကျွန်တော်မှတ်မိသမျှ … ‎
မေမေ့မျက်လုံးဟာဆောင်းရာသီဆန်လွန်းတယ်
မြူတွေဖုံး၊ နှင်းစက်တွေဖုံး
နေရောင်တွေလည်းခါးကုန်းအောင်ရုန်းခဲ့ရပေါ့

သစ်ကိုင်းခြောက်ကြီးကမီးတောက်ကေ လးကိုမွေးဖွား
ပြာအနန္တတိုင်အောင်ထွေးပိုက်ပျိုးထောင်သွားသလို
မေမေဟာ … ‎
သူ့ကိုယ်သူဖြန့်ခင်းပြီးကျွန်တော့်ကိုလျှောက်နင်းခိုင်းခဲ့တယ် … ။

မုသားတစ်လွှာမာယာတစ်ထပ်၊ ဝတ်ရည်တစ်စက်နဲ့
အို … ခတ္တာရေ … ‎
ပုခက်လွှဲသောလက်တွေနဲ့ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက
သူမ..ကိုယ်တိုင်က..‎
ကျွန်တော့်အတွက်ဆိုရင်ပုခက်ဖြစ်ပြခဲ့တယ် … ။

‎“အမေ”အဖြစ်
စုန်ရေသစ်စီးကြောင်း၊တောင်ကျချောင်းကလေး
အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။

‎(၃)‎
ခြေထောက်တွေကလှေကားထစ်အတိုင်းတက်သွားပြီး..‎
လူက … လှေကားခြေရင်းမှာကျန်ခဲ့ရတယ်
ဘယ်သူမဆို
ကိုယ့်အရိပ်ထဲမှာကိုယ်ပြန်ခိုချင်လို့မရဘူး
ကျွန်တော့်ကို “မေမေ”ပြန်ပေးကြပါ..။‎

ပြက္ခဒိန်ထဲမှာကြယ်ပွင့်ပြရေးစရာ မလိုတဲ့
သာမန်အညတရမွန်းလွဲအိုတစ်ခုက
‎“မေမေ့”ကိုလုသွားတယ် … ။

နေပူအရပ်ရဲ့ကောင်းကင်နက္ခတ်ဖြူများဟာ
လင်းအားပြင်းထန်၊ လူငယ်တစ်ယောက်ရဲ့နှလုံးသားအတွင်းကို
တရှူးထိုးဆင်းချတယ် … .။‎
လက်ဖမိုးနဲ့ဖျက်ဖျက် လက်ဖ၀ါးနဲ့ဖျက်ဖျက်
ပါးပေါ်စီးတဲ့မျက်ရည်စက်လေးကတော့ပျက်သွားမှာပါ
ဒါပေမယ့်မေမေရယ် … ။

‎(၄)‎
မေမေ့မှာ
နာကျင်ခဲ့ရတဲ့ ဂန္တဝင်သက္ကရာဇ်များ
ဆက်ထုံးရှည်လျားလျားနဲ့ရှိခဲ့တယ် …. ။

ငယ်ငယ်တည်းက
‎“ဝ”လုံးဘယ်မှာစဖတ်ရမှန်းမသိတဲ့ကျွန်တော်ဟာ
မေမေ့အကြောင်းကိုလည်းခုထိစာလုံးမပေါင်းနိုင်ခဲ့ဘူး … ။

မေမေ့မှာ
ဘာသာဗေဒမတူ၊ ဖတ်တဲ့စာချင်းမတူ၊ ခူးတဲ့ပန်းချင်းမတူ
မိတ်ဆွေနဲ့မတူတဲ့မိတ်ဆွေတွေရှိတယ် … ။

မေမေဟာ
အက္ခရာနဲ့ဖော်ပြလို့မစွမ်းတဲ့၊ ယဉ်ကျေးမှုအခန်းခန်းကို
လွှမ်းရုံဖန်ဆင်းထားသူဖြစ်တယ် … ။

ကျွန်တော့်မေမေဟာ
သူများမေမေတွေထက် … နို့ရည်ပိုမထွက်ပါဘူး … … .‎
ဒါပေမယ့်မျက်ရည်တော့ပိုထွက်ရင်ထွက်မယ် … .‎
ကျွန်တော်ကလည်းဆိုးခဲ့တယ်လေ …။‎

‎(၅)‎
ဖုန်မှုန့်ပျံ့စင် … ‎
ကျွန်တော့်ရဲ့စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း
အခု … လင်းနို့တွေအောင်းနေပြီမေမေ …။

လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်
ကျွန်တော်မြင်းရုပ်စီးပြီး၊ သစ်သားခွာကြီးနဲ့ခရီးတွေနှင်
မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့ … ။

စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ် ကိုဆွဲဖြဲ
ဂျစ်ကားတွေတက်နင်း၊ ရထား တစ်စင်းလုံးဆောင့်ကန်
ကျွန်တော့်ထမင်းပန်းကန်အထူအပါး
မေမေခွံ့ကျွေးမှစားခဲ့တယ် …။

မေမေက ဥုံဖွလို့မန်းမှုတ်ရင်
ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက်
ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ် … ။

‎“လူကလေးရဲ့အိပ်ချိန်တန်၊ဗျိုင်းရှေ့ကပျံ” တဲ့
မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်
ကျွန်တော်ကလည်းအိပ်ပုပ်ကြီးတယ် … ‎
ကျွန်တော်အိပ်တိုင်းမေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ် … ။

ကျွန်တော့်အိပ်မက်
မေမေ့လည်တိုင်ကိုဖက်လို့ပေါ့ … ။

‎(၆)‎
ဟင်းလင်းပွင့်နေတဲ့ကျွန်တော့်ရင်ဘတ်ကိုဖုံးဖို့
အင်္ကျီမှာကြယ်သီးတစ်လုံးလိုနေပြီ …. မေမေ … ။

ငယ်ငယ်ကတည်းက ….‎
မေမေကခံတပ်လုပ်၊ ကျွန်တော်ကသူရဲကောင်းလုပ်
ရန်သူတွေနဲ့ဝေဝေဆာဆာဓါးချင်းခုတ်ဖူးတယ် …. ။

ကျွန်တော့်ဘဝတောက်လျှောက်
မေမေဟာခံတပ်ဆန်သူတစ်ယောက်ပါပဲ … ‎
ကျွန်တော့်ဘက်မှာရပ်တည်၊ ကာကွယ်၊ တိုက်ခိုက်
သူမကိုတော့ … မြားအစင်းစင်းစိုက်ခဲ့တယ် … ။

ကျွန်တော့်ကိုအလိုလိုက် … ကျွန်တော့်ကိုမရိုက်
ကျွန်တော့်ကိုရိုက်လည်းကျွန်တော်မငို … မေမေပဲငို … ။

မေမေပြောတဲ့ကျေးလက်နီတိ
‎“မတတ်ဘဲမန်းရင်တစ္ဆေမုန်းလိမ့်မယ်”‎
ဆေးမျက်လုံးနဲ့ကြည့် … တဲ့။

‎(၇)‎
လေကိုလေနဲ့မှုတ်တာကမှလွဲဦးမယ် … ‎
ကျွန်တော့်ကိုမေမေက …‎
ပညာလှလှတတ်စေချင်တာ … အသေအချာပေါ့ …။

ကောင်းကင်ပေါ်က“လ” နဲ့ဗျည်းစာလုံးထဲက“လ”‎
ဘာကြောင့်မတူတာလဲ …‎
ကျွန်တော်နဲ့အဖော်များ
ကျောင်းတော်မှာသဘောကွဲပြားကြ …။

ကျွန်တော်ကလူပျင်း …‎
သစ်ပင်ခြေရင်းမှာရပ်လိုက်၊ သစ်ပင်ဖျားကိုတက်လိုက်
စာမေးပွဲတွေမှာ …‎
အဆင့်တွေက ၁ မှ ၁၀၀ မရေရာ … ။

တစ်စတစ်စ … ‎
လူငယ်သီချင်း၊ နှင်းဆီဓားသွား၊ ရင်ကြားစိုက်နစ်
ကျွန်တော်ဟာ တေလေကုန်းမှာ ကဗျာဆရာဖြစ်လာတယ် … ။
လူငယ်တစ်ယောက်ရဲ့ရင်ခေါင်းမှာ …‎
အိပ်မက်တွေအမြှောင်းမြှောင်းထ …‎
ဂမ္ဘီရလမင်းကလည်းဝိုက်အုပ်ဖြာဆင်းကျနေတော့တယ် … ။

‎(၈)‎
တစ်ရက်မှာ
မြူပြာမှိုင်းမှုန်၊ အိပ်မက်ကိုစောင်လိုခြုံဆဲ … ‎
ကြယ်တွေအကုန်ကြွေတဲ့ည
ကျွန်တော့်အပေါ်ကြိုးပြတ်ကျတယ် … ။
ကျွန်တော် …‎
မပျော်လေလွင့်၊ ရင်အနင့်ဆုံးဆောင်း
နှင်းတွေပြောင်းပြန်စီးမျောလာ … ။

မေမေဟာ … ‎
ကျွန်တော်ပြန်လာမယ့်သန်းခေါင်ယံကို ခြံရံစောင့်ကြပ်
အလင်းရဲ့နတ်သမီးလို … မီးအိမ်ကိုင်ပြီးစောင့်နေတယ် … ။

နာကြည်းပင့်သက်၊ အရက်သောက်လာတဲ့သား
အမေ့အားစကားမဆို
အမေကား … သားကိုယ်စား မျက်ရည်မဲ့စွာငို … ။

သား … ‎
ဘဝဆိုတာရေစီးထဲကဗေဒါ … မရေရာဘူးကွဲ့
ဒါပေမယ့် … ‎

မျှော်လင့်ချက်ရဲ့ အရုပ်များ၊ အရောင်များ၊ အရိပ်များ
လွှင့်မပစ်နဲ့သိမ်းထား …‎
ဝိညာဉ်ရုန်းကန် တစ်နေ့မှာသူတို့ပြန်ရှင်သန်လိမ့်မယ် … ။

မေမေ့စကားက
ကျွန်တော့်ရဲ့မိုးခါးရေများကို
တစ်စက်ချင်း … တစ်စက်ချင်း … တစ်စက်ချင်း … ချိုစေခဲ့ … ။

‎(၉)‎
ဝါဆိုပန်းခူး၊ စံပယ်ဦးတို့မွှေးသက်ဝေဝေ
မုတ်သုန်လေရဲ့မှတ်တမ်း
မီးကိုလည်းကျွန်တော်နမ်းခဲ့ … ရေကိုလည်းကျွန်တော်နမ်းခဲ့ …။

မေမေဟာ …‎
ခြံထောင့်မှာဒေလီယာတွေပျိုးရင်း
မိုးစိုနေတဲ့ဆံနွယ်ခက်ကိုလက်နဲ့သပ်တင်
သူမလည်းရင့်ကျက်ကြည်လင်နေတယ် …။

မေမေချုပ်တဲ့
ဇာမဏီရုပ်နဲ့အကျီ င်္ချည်မျှင်ကြမ်းကြမ်း
ကျွန်တော် … .လမ်းမှာဝတ်ရန် … ။

နွားကသူငုံ့စားတဲ့မြက်တွေကို
ဝံပုလွေတစ်ကောင်ရဲ့အော်သံကြားတယ်လို့ပြောဆိုနေဆဲ
သွားကြစို့လေ … ‎

မုဆိုးခြေထောက်များနဲ့ကျွန်တော် သွားရာကျွန်တော်လိုက်
လေဆန်တွေပစ်စလက်ခတ်တိုက်တဲ့ခင်တန်း
ပဒိုင်းပန်းတွေလည်းဗောင်းလန်အောင်ခါရမ်းပွင့်ဝေ … ။

‎(၁၀)‎
သား … ‎
‎“၁။ တိမ်တွေပျံတာမိုးပေါ်မှာဘာနဲ့မှမငြိဘူး
၂။ တစ်တောလုံးကိုလည်းကြည့်တစ်ပင်ချင်းလည်းကြည့် ” တဲ့

မေမေ့ဆုတောင်းဘုရားကျောင်းမှဝတ် ပြုသံ
လောကဓံအသစ်သစ်တွေနဲ့မြင့်ရိုင်း
မိုးကုတ်စက်ဝိုင်းတစ်ခြမ်းကိုထိုးဖောက်
ကျွန်တော်ဆက်လျှောက်နေတယ် … (ဖိနပ်လည်းအခါခါပေါက်ခဲ့)‎

ညပေါင်း ၁၄၀၀
ဝင်္ကပါတောင်ကြားမှာ … ကံနတ်ဘုရားနဲ့စီးချင်းထိုး
ကျွန်တော်ကြိုးစား၊ အမှားများလည်းချင်းချင်းနီ … ။

ဧရာဝတီမေမေ၊ ပိတောက်ပင်ဟာမေမေ
ဖယောင်းတိုင်ဖြူဖြူဟာမေမေ၊ နံနက်ခင်းကြေးရုပ်ဟာမေမေ … ။

ခု … မေမေဆုံးပြီဆိုတဲ့သတင်းမှာ
ကျွန်တော်ဟာအရာရာဝင်းရှင်းပေါက်ကွဲ … နီလဲ့..‎
လူတဆုံး … ဝိညာဉ်တဆုံး၊ အကြွင်းမဲ့ဗုန်းဗုန်းလဲကျ
‎“မေမေ ..”‎

‎(၁၁)‎
မေမေဟာ … နာရီသံနဲ့အိပ်၊ နာရီသံနဲ့နိုး …‎
ဘယ်တော့မှထမင်းအိုးဝေမကျတတ်တဲ့မိန်းမမျိုးဖြစ်တယ် …။

မီးလောင်နေတဲ့ငရဲပင်ပျိုမှာ၊ ပွင့်အိုလေးပမာ၊ ဝါဝါနွဲ့နွဲ့
သတ္တိသစ်တွေနဲ့ဝေရဲခဲ့တယ် …။

သားငယ်ရဲ့မျက်နှာကို
အလင်္ကာလိုလည်းဖတ်၊ ပုစ္ဆာလိုလည်းဖတ်
ဆိုလိုရင်းကိုချက်ချင်းရှာဖွေတွေ့တတ်တယ် … ။

လင်မရှိတော့ပေမယ့်
သားငယ်အတွက်ရင်ခွင်တစ်ခုရှိတဲ့မိန်းမ
လူကန္တာရတို့ရဲ့ကျောက်တိုင်၊မြေခိုးမြေငွေ့ကိုပိုင်တယ် … ။
‎(အလင်းပြာမှတ်ကျောက်အတွက် မင်တစ်ပေါက်ဖြစ်တယ် …)‎

‎(၁၂)‎
အမေမရှိတဲ့သားမှာသာ
စေတန်ရဲ့လွှသွားကိုခါးသီးကွဲရှ
အရိုးမြုပ်အောင်ကိုက်မြိုခဲ့ရပြီ … ။

မျက်နှာကိုလက်ဝါးနဲ့အုပ်ရုံကလွဲ လို့
ဘာမှလည်းလုပ်မပေးနိုင်တဲ့နေရာ … အဝေးမှာ … ‎
ကျွန်တော်က … ဟိုး … အဝေးကြီးမှာ … ။

ကျန်တာတွေကတော့ဘာမှမပြောင်းလဲပါ ဘူး
မီးခိုးငွေ့တွေကလည်း
ရိုးရာအခြေအနေအတိုင်း၊လှိုင်းထကော့လန်
ဒရွတ်တိုက်ပျံတက်ဆဲ … ။

အမေ့ရဲ့ခြေလို၊ လက်လိုနေခဲ့တဲ့ကောင်
အမေမရှိချိန်မို့လမ်းပေါ်မှာပြန့်လို့ကျဲလို့ … ။

အမှားလက္ခဏာ၊ အမှန်လက္ခဏာ၊ ဘာနဲ့မှလာမတိုင်းတာနဲ့
‎“အမေ”ဆိုတာထာဝရအကန့်အသတ်မဲ့တယ်
ချစ်သောမေမေ … ကောင်းရာဘုံသို့ရောက်ပါစေ … ။
‎(ကောင်းရာဘုံတို့၏တံခါးသည်မိခင်များအတွက်ပွင့်စေသတည်း …)‎

‎(၁၃)‎
နောင် … နှစ်ပေါင်းများစွာကြာရင်
မေမေ့အုတ်ဂူကို၊ ဝတ်ရုံဖြူနဲ့လူတစ်ယောက်လာမယ်
အနက်ရောင်ကတ်ပြားမပါ၊ လွမ်းသူ့ပန်းခွေမပါ
လေထန်လမ်းမှာဆံမျှင်တွေလွင့်ဝဲ …‎
အဲဒီလူဟာ … သားပဲပေါ့မေမေ … ‎
ဘယ်သံသရာမှာပြန်ရှာရင် မေမေ့ကိုတွေ့နိုင်မလဲ … ‎
ကျွန်တော့်ရှေ့မှောက် လရောင်တွေကွေ့ကောက်လွန်းလှချည့် … ။

အမေ့ကိုယ်စား … ‎
အမေ့ကိုယ်ပွား … ‎
ကြယ်စင်များကိုလက်ဖဝါးနဲ့ပန်၊ မြင်းခွာသံမှာအပ်နှံလိမ့်ဆင်း
အ၀ါရောင်မီးရှူးမီးပန်းလို
‎“လင်း”ပြီးမှပျောက်မယ် … ။

ကျွန်တော် … ‎
မေမေ … .‎
မာယာတောင်ခြေမှ ဒရမ်တီးသူများ၊ မျက်လှည့်တီးလုံးများ
သီချင်းအကွဲအစ … တစ်ပုဒ်ပြီးဆုံးသွားပါပြီ … ။

မေမေ … ‎
ကောင်းရာသုဂတိလားပါစေ … ‎
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ … … ..‎
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ … … ..‎
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ … … ..‎


တာရာမင်းဝေ


ဗျတ်စောင်း ဘာသာဗေဒ-


လခြမ်းအ၀ါကို မြင်လို့
ကောင်းကင်ကို မမြင်လိုက်ဘူး။
တစ်ယောက်နဲ့တစ်ယောက်
ရွာရိုးကိုးပေါက် ဝေးခဲ့မိတယ်။

ကောင်မလေးရေ
ငါ့ရဲ့
အမေတစ်ဝက်၊ ဆောင်းရာသီတစ်ဝက် ကောင်မလေးရေ
ငါ့ကို ကယ်ပါ။

ငါ့ကို ကယ်တင်တယ်လို့ သဘောမထားဘဲ
ငါ့ကိုပဲ ကယ်ပါ
မင်းရဲ့ အဖြူ တစ်ဝက်ရဲ့ အဖြူတစ်ဝက်လောက်
ငါ့ကို ဆွတ်ပေးပါ။

ရင်ဘတ်က ကြယ်ငွေ့တွေ ဖြာကျလာတဲ့အထိ
ငါ ပွင့်ပစ်လိုက်ချင်လို့ပါ။


တာရာမင်းဝေ




“မိုးခေါင်လို့တီးတဲ့ဗုံသံ”

ဆောင်းခေတ်က ပေးခဲ့တဲ့
မောင်းကွဲသံ ခပ်လေးလေး တစ်ချက်ပါပဲ။
တစ်ယောက်တည်းနေရတဲ့ ငါ့ကို
ဘယ်သူနဲ့မှ မနေရအောင်
ယိုင်ယိုင်ရွဲ့ရွဲ့ လှီးခွဲသွား...။

နံပါတ်စဉ် မတပ်ရသေးတဲ့
သဲကန္တာရ တစ်ရွက်ပေါ်မှာ ပြိုလဲကျတယ်။

အဲဒီညနေပေါ့
ကောင်းကင်ကို ဆွဲချွတ်ပြီး
မြေကြီးကိုပဲ ငါပြန်ဝတ်ခဲ့ရ။

ပြီးဆုံးသွားတာ သေချာပါတယ်
နှင်းခိုးတွေ..
ပြီးတော့ ဒိုင်ယာရီချို ခါးတစ်ခွက်
ပြီးဆုံးသွားတာက သေချာပါတယ်။


မိုးတွေကို တိုးတိုးကလေး ရွာရဦးမှာပေါ့လေ
ပန်းရနံ့တွေကလည်း ခပ်မြင့်မြင့်ကနေ ပျံသန်း
ငါနဲ့ ငါ့ဖိနပ်ကလေး
သီချင်းမဆိုတော့ဘဲ ဟိုးအဝေးကို ငေးခဲ့ရတယ်။

တာရာမင်းဝေ


ဘာလဲကွယ်

ဘာအကြောင်းမှ မရှိဘဲ
မင်းကို ချစ်မိသွားတယ်..

ဘာအကြောင်းမှ မရှိဘဲ
မင်းကို လွမ်းတယ်...

ဘာအကြောင်းမှ မရှိဘဲ
မင်းဒီကဗျာကို ရေးမိတယ်..

တစ်ကယ်တော့လည်း
ဘာကြောင်းမှမရှိပါဘူး သူငယ်ချင်း..

တာရာမင်းဝေ




.တေလေမှတ်တိုင်
တေလေမှတ်တိုင်

ကြယ်တွေ ကြယ်တွေ
သမ်းဝေမှု ချောင်းချောင်းထ
ဟောင်းလောင်းပွင့်နေတဲ့..ည။

ဝိညာဉ်နှင်းမှုန်တစ်စက်
အိပ်မက် မြင်းခွာ အမှတ်(၁၃)
တစ်ယောက်တည်း အတုံးအရုံးလဲသူ
ငါ့ ကံကြမ္မာနဲ့..လူ

ဂမ္ဘီရ သစ်ပင်မှာမှ
စွယ်တော်ပွင့်အို ရှာချင်တဲ့လက်
ကားစင်တင်ပြီး မီးရှို့သတ်မယ်။

လပြည့်ဝန်းရေ
ပန်းကန္တာရမှာ
အမုန်းတွေ လဲ့ပြာကွဲအက်
ငါဟာ
ကိုယ့်ကိုကိုယ် ပြန်တူးနေတဲ့
ပေါက်ချွန်းတစ်လက်ကွဲ့ သိရဲ့လား။

ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက်တော့
ဘယ်သူမှ လူမိုက် မမည်။

ကဝေမီးတောက်
ဆောင်းဦးပေါက် အရက်တစ်အိုး
မြူခိုးဝေေ၀ကျောက်ခဲများ
ငါ့ကိုထားခဲ့ပါ။

တေလေမှတ်တိုင်
မျှော်စင်တွေထက် ပိုခိုင်လာရဲ့
ခြေထောက်ကတစ်ခြား လမ်းတစ်ခြား
ငါဘယ်တော့မှ မသွားဘူး မိန်းကလေးရေ။

တာရာမင်းဝေ





အတိတ်

ဝတ်မှုန်ဆိုတာ
ပန်းရုံအိအိထဲက အက်တမ်တစ်ပွင့်ပါ။

ကြာတော့ကြာခဲ့ပါပြီ။

သူအနုမြူဗုံးလို ကွဲလွင့်တဲ့နေ့က
ကျွန်တော်…
မိုးစက်တွေထဲ သက်ငြိမ်တိတ်ဆိတ်ခဲ့ဖူးပါရဲ့။

တာရာမင်းဝေ

ကျွန်တော်နဲ့တိမ်ညိုနိမိတ်

ကျွန်တော်နဲ့တိမ်ညိုနိမိတ်
ဒီလမ်းမှာဘယ်သူ့ကိုမှ ခေါ်မသွားဘူးဆိုရင်တောင်
ကျွန်တော်နဲ့ဖိနပ်ကလေးကိုတော့ ခေါ်သွားရမှာပဲ။
ကျောက်စရစ်ခဲလေးက ပြောတယ်ဖေဖေ...
မြေပြင်က ဘာမှမပြောင်းလဲပါဘူး
ခြေထောက်တွေကသာ ပြောင်းလဲနေကြတာတဲ့။ ။

တာရာမင်းဝေ

နတ်ပူးနေတဲ့ကောင်

လွင့်လိုက်ရတာ
မုတ်သုန်ဘယ်နှစ်မြို့တိုင်ခဲ့ပြီလဲ၊
တယ်လီဖုန်းခေါ်သံတွေကြားတာတောင်
ပြန်မထူးဖြစ်ခဲ့တဲ့ကောင်ပါ။

မေမေရေ…
မိုးတိမ်ကြီးထဲမှာ
ခြေပစ်လက်ပစ် သား ၀င်အိပ်လိုက်ချင်ရဲ့။
ကောင်းကင်ကို ပြန်တည့်ရတာ
.…မောတယ်။

တာရာမင်းဝေ

`ဒိုင်ယာရီရဲ့ နောက်ဆုံးစာမျက်နှာ´

နှင်းစက်လက်တွဲခိုနေတဲ့
စံပယ်အိုလေးရေ . . .
ဒီ လကွယ်ညမှာပဲ
ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေကို
ဖြည်ချလိုက်ပါတော့။

တချို့လူတွေက
ဘ၀မှာ ကြယ်တွေကြွေကျခဲ့သတဲ့
ငြိမ်သက်စွာ ခရီးနှင်ကြဦးပေါ့ကွယ်
ကိုယ့်မှာက . . .
နေတွေ လတွေတောင် ကြွေကျခဲ့ဖူးပါတယ်။

``သွားတော့မယ်နော် . . .
ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့´´လို့
ကံမကောင်းသူတို့ရဲ့
မှိုင်းညို့သောလမ်းခွဲ
ကျော်စရစ်ခဲတွေ အပြိုင်းအရိုင်းလွင့်ကြဲနေတယ်။

(ဘာဖြစ်ဖြစ် ကိုယ့်အပြစ်ပါပဲ)
လေရိုင်းတွေ ၀ိုင်းဝန်းကိုက်ခဲကြတဲ့
မီးလျှံစတစ်ခုလို ပြာညိုယိမ်းထိုး
ပြက္ခဒိန်မှာတော့
နက်ဖန်ခါဟာ နာမည်ဆိုးမရှိပါဘူး။

ဒါပေမယ့် . . .
လွမ်းဆွတ်နေသူတစ်ယောက်ရဲ့
ကြောက်မက်ဖွယ်ရာ အိပ်မက်များ
နှင်းဆီချွေရထားမှာ
စူးစူးဝါးဝါး ဥသြဆွဲပစ်လိုက်တယ်။

ဒီည . . .
နောက်ည . . .
ဘယ်လိုမှ နိဂုံးချုပ်မရပါဘူး
ဘီလူးဖမ်းသလို ကြမ်းတဲ့လင်္ကာ
ငှက်ဆိုးတွေအိပ်မှ
တိတ်တဆိတ် ကိုယ်ရေးလိုက်ပါတယ်။

``ပျော်ခွင့်မပိုင်သော
ဒိုင်ယာရီ၏ နောက်ဆုံးစာမျက်နှာထက်၌´´
နတ်သူရူးတွေ ကြဲပက်တဲ့
ကောင်းကင်ဘုံက အက်ဆစ်တစ်စက်လို
ရှအက်ကြေကွဲ ရှ - -အက် - -ကြေ - -ကွဲ . . .
မင်နီတွေနဲ့ `ရဲ´လို့ပေါ့ကွယ်။ ။

တာရာမင်းဝေ

"ဓာတ်ပုံလေး"

မိုးလုံလေလုံ
နှလုံးအိမ်ထဲက ဓာတ်ပုံလေး
ထုတ်.. ထုတ်ကြည့်ဖြစ်တယ် သတိရတိုင်း
သတိရတိုင်း ရွှဲနစ်
ပါးပြင်ပေါ် မျက်ရည်တွေ
ငါက ဓာတ်ပုံလေးကို တွေရီငေး
ဓာတ်ပုံလေးက ငါ့ကို တွေရီငေး
လွမ်းတယ်.. ။


ရှင်ကွဲ --

ငါတို့ရှေ့မှာ
ရထားဟာ ခါတိုင်းထက် ပိုမိုရှည်လျား
ဥသြဆွဲသံများကလည်း
ဖွာရာရ ထစ်ချုန်း ပြတ်တောက်ကျနေခဲ့

နှုတ်မဆက် မိရင်လည်း အကောင်းသား
နှုတ်ဆက်လိုက်ကြတော့
ဘူတာဟာ
အ၀ါရောင်ဖျော့ဖျော့နဲ့ ဂူသင်္ချိုင်း ဆန်လာ

ကံကြမ္မာက
မျဉ်းတစ်ကြောင်းတည်းပေါ်မှာ
ခွာလေးဘက် မရပ်နိုင်ခဲ့ဘူး

ဘယ်သူ့ကိုမှ မပြောနဲ့
ဘယ်သူ့စကားကိုမှ နားမထောင်ဘူး
မြေလို ပင်လယ်လို အက္ခရာ တစ်လုံးနဲ့
ငါတို့ ဆက် ချစ် နေကြဦးမယ်

မမေ့ဘူးကွယ်
ဘယ်တော့မှ မမေ့ပါဘူး
ရက်စက်သွယ်ပြောင်းတဲ့
မီးခိုးလက်ချောင်းတွေက
ငါတို့ကို အပွင့်ခူးချိန်

ရထားဟာ
လောကလူရိုင်းရဲ့ မှုတ်ပြောင်းဝကနေ
အဆိပ်တွေနဲ့
တုန်ယင်စွာ လူးလွန့် ထွက်ခွာခဲ့ရပေါ့။

ဥယျာဉ်-တာရာမင်းဝေ


နဂါးတွေကသာ
တကယ်တမ်း ကပြမယ်ဆိုရင်တော့
ကိုယ်ကြည့်ချင်စိတ်ရှိပါတယ်။

ဒါပေမယ့်
မျက်နှာအရေပြား တွန့်တွန့်ကြီးနဲ့ လူတွေက
နဂါးနှဲမှုတ်ပြီး လူးလွန့်ပြရင်တော့
သူတို့အစား..
ကိုယ်က ပင်ပန်းပျင်းရိနေတတ်တယ်။

အဲဒီလိုပါပဲ ကောင်မလေးရယ်
မိုးတွေက တိတ်တာတောင် ကိုယ်ကရွာတုန်း။

သစ်ရွက်ကို ကိုယ်ပြန်စိုက်ဖို့ ကြိုးစားဆဲမှာ
သစ်ပင်က ကြွေကျလာခဲ့။
ကိုယ်လို ပေကပ်ကပ်ကောင်ကတော့
ကျောက်တုံး တွေကိုလည်း ငုံ့ကြည့်ခင်မင်နေခဲ့။

ကောင်မလေးရေ..
တကယ်ဆို ကိုယ်ဟာ ဥယျာဉ်တစ်ခုပါပဲ
မြေပြင်မှာ ဘာမှ မပွင့်သေးတာက လွဲရင်ပေါ့။


မနော်ဟရီ



အတိတ်
အတိတ်


ဆောင်းစက်လက်ခိုနေတဲ့နန်းတော်
မကျော်ကြားခဲ့တဲ့သူရဲကောင်းများ
ချောက်ကမ်းပါးခြားနေတဲ့ ညနေရီတွေ
ခုတော့... ကြေကွဲမှုတွေက... ပိုးစိုးပက်စက်။
မိုးဦးပေါက်ရင်...
ကျိန်စာဖတ်မုန်တိုင်းတချို့ ရောက်လာလိမ့်မယ်...
လွယ်လွယ်နဲ့ ကြွေတတ်တဲ့ စံပယ်တွေထဲမှာ သူ မပါဘူးတဲ့
အရုဏ်ဦးကို ဖွဲ့ဆိုရင်း ညဥ့်နက်ခဲ့ရတဲ့အကြောင်း
ထောင်းထောင်းထအောင်ပြောလို့... ။
သွားစို့
နှစ်ချို့ရာဇ၀င်တွေကို မတူးဖော်မိစေနဲ့
စတုတ္ထမြောက်နေ့ရက်တွေကို မုန်းတယ်
သောကြာရထားစီးလာတဲ့ (၁၃) နာရီ
မိန်ရာသီရဲ့နောက်ဆုံးနေ့တစ်နေ့
ခရီးစဉ်မေ့နေတဲ့လက်မှတ်နှစ်စောင်
တောင်စဉ်တွေအထပ်ထပ်ခြားသွားခဲ့ကြပြီ။
ခြေလှမ်း(၉၀)အလွန် ရက်စွဲများ
နှင်းစက်ပိုးမျှင်တွေကြားက၊ ကချေသည်
ကျွန်မ ရှိုက်ရယ်နေမိလေသလားမသိ ။


မနော်ဟရီ

စတိုင်သစ် ၊ ဂျူလိုင်၊ ၂၀၀၂။


နေကွယ်ရထား
အမှတ်မထင်ပါဘဲ ကံ့ကော်ဝတ်ဆံတွေက ၀ါခဲ့ကြတယ်
နေကွယ်တိုင်း ညှိုးရော်ပေးရတဲ့အထဲမှာ ငါ့လိပ်ပြာတွေ မပါဘူး။
ထူးခတ်ခံထားရတဲ့ ငါ့ရင်ဘတ်တစ်ခြမ်းကို
ငုံ့ကြည့်သံဝေဂရ နောင်တဆိုတာတော့ မရှိခဲ့ဘူး။
ဆိတ်ဖလူးပွင့်တွေကြွေတဲ့နံနက်ခင်းမှာ
မပွင့်ဖြစ်ခဲ့တဲ့ ရနံ့တွေကိုပြန်ကောက်
ကိုယ့်စိတ်ထဲမှာပဲ ကိုယ်ပြန်လမ်းလျှောက်ခဲ့တယ်။
ငါ့လက်နဲ့ မဆောက်ခဲ့တဲ့တောင်တန်းကို
ငါ... မဖြန်သန်းချင်တာ ဆန်းသလား ။

(ခွဲခွာခဲ့ရတဲ့နေ့ကစလို့)
ချစ်သောတစပြင်လေးမှာ ကဗျည်းပြာရီတွေလွင့်ဝေ ။
ဘာတတ်နိုင်ဦးမှာလဲ
ဟိုးမှာ... အမှောင်ဖြူဖြူတွေက မြူးလွင့်နေတယ်။
နောက်ဆုံးတော့...
ရထားက ဘူတာရုံကိုထားပြီး ထွက်ခွာသွားရရဲ့
ဥသြသံရယ်၊ ဖိနပ်ကလေးတစ်ဖက်ရယ်... စကားပွင့်လေးတွေရယ်
မိုးရွာပြီးကျန်ခဲ့တယ်... ။


မနော်ဟရီ

ကလျာ၊ ဒီဇင်ဘာ၊ ၂၀၀၂။

တစ္ဆေလွမ်းတဲ့အိမ်
အတောင်စုံပြီလား
အမြဲစိမ်းဂီတတွေနဲ့ ငါ့ရဲ့လွင်ပြင်ဝါကလေးရေ...
အလွမ်းတွေနဲ့မာကျောမတ်စောက်နေတဲ့ကမ်းပါးပေါ်မှာ
တပ်မက်သူမဲ့အက္ခရာများ လွန်းထိုးပျံသန်း
ခြေထောက်ရဲ့ဇက်ဝကိးကို နိုင်နင်းပါလျက်နဲ့
လမ်းမှားခဲ့ကြရတယ်။
သန့်သက်အောင်ခါချခဲ့တဲ့မျက်ရည်စက်တွေ
ခရီးသွားတောင်တန်းပြာတွေနဲ့ရောယှက်
အဆိပ်ခွက်တစ်ခွက်ကတော့ ဖိတ်စင်သွားခဲ့ရပြီ
ညီခွင့်မရခဲ့ကြပါဘူး
ဆူးရစ်သဖူတစ်ခု၊ ကားတိုင်တစ်ခု၊ ပုန်းရည်တစ်ခွက်နဲ့
ထွက်ပေါက်မဲ့ဝါကျတွေကသာ
ဆွေးမြေ့ရင့်အိုလို့ ။
နေသားကျခွင့်တွေကတော့ အလိုမတူဘဲ တဖွေးဖွေးရွာကျလာခဲ့ပြီ
အမိုးအကာမဲ့ ခိုက်ခိုက်တုန်အားတင်းရင်း
နံနက်ခင်းပြတင်းပေါက်တွေကို တစ်ပေါက်ပြီးတစ်ပေါက်
အရူးတစ်ယောက်လို လိုက်ဖွင့်နေခဲ့မိတယ်
ဘယ်လိုမှဆောက်တည်လို့မရတဲ့အတူတူတော့
မြက်ခင်းလေးတွေစိမ်းနေပါစေလေ
တစ်ခုပဲ မှတ်ထားပေးပါ
တစ္ဆေတွေလည်း လွမ်းတတ်ကြပါသေးတယ်။ ။


မနော်ဟရီ


16 CommentsChronological   Reverse   Threaded

Add a Comment

   

khinmoung wrote on Oct 30
မမ မမ ကျေးဇူးပါနော်

yinminkhine wrote on Oct 8, '11
myungak said
တာရာမင်းဝေရဲ့ကဗျာတွေကို အထပ်ထပ်အခါခါဖတ်မှတ်သွားခဲ့ပါကြောင်း ။
ခေါင်းလောင်းသံ စာတမ်းကိုဖတ်ရင်း မျက်ရည်ကျခဲ့မိပါကြောင်း ။
အနတ္တ မေတ္တာရှင်မေမေ ............:((

myungak wrote on Oct 7, '11
တာရာမင်းဝေရဲ့ကဗျာတွေကို အထပ်ထပ်အခါခါဖတ်မှတ်သွားခဲ့ပါကြောင်း ။
ခေါင်းလောင်းသံ စာတမ်းကိုဖတ်ရင်း မျက်ရည်ကျခဲ့မိပါကြောင်း ။

kyawminoofriends wrote on Sep 13, '11
လည်လည်လာတယ်နော်

thawtar99 wrote on Nov 17, '10
အကိုကြည်နိုင်ဆိုက်မှာလည်း ဖတ်ဖူးပါတယ်။ မ..မ တင်ထားပေးတာတွေက မဖတ်ဖူးတဲ့ အသစ်တွေပါတယ်။ ကျေးဇူး တပုံတခေါင်းကြီးတင်ပါတယ်ဗျို့။

mahaythi2010 wrote on Sep 27, '10
မမရေ ကဗျာကောင်းလေးတွေ မျှဝေပေးတာ ကျေးဇူးပါနော် .... အားပေးသွားပါတယ်ရှင် .....

naunghtunlwin wrote on Sep 26, '10
ကျေးဇူးဗျာ

yeithway wrote on Sep 26, '10
အိုး..... ကျေး ဇူး သိတ် တင် ချင် စရာ ကောင်း တဲ. လုက် ရက်လေး ပါ ပဲ... အထူး ကျေး ဇူးတင် ကြောင်...။

yinminkhine wrote on Sep 26, '10
ယဉ်မင်းရေ ....
ဘယ်လိုပြောရမှန်းမသိအောင်ကို ၀မ်းသာရပါတယ်
ကျနော့်ဆီမှာလဲ တာရာမင်းဝေကဗျာများဆိုပြီးသပ်သပ်တင်ထားတာရှိတယ်
ဒါပေမယ့် ဒီလောက်မစုံဘူးဗျ

ယူသွားပြီဗျာနော် ...အရမ်းကျေးဇူးတင်ပါတယ်

ချမ်းမြေ့ပါစေ
ကိုကြည်နိုင်(ကျုံတိုင်းရွာ)
ယူပါဆရာ ရပါတယ်

ဆရာကြိုက်တယ်ဆိုလို့်ပါ

လက်ဆောင်ပေါ့နော့်

mizzuri09clysna wrote on Sep 26, '10
ယဉ်မင်းရေ ....
ဘယ်လိုပြောရမှန်းမသိအောင်ကို ၀မ်းသာရပါတယ်
ကျနော့်ဆီမှာလဲ တာရာမင်းဝေကဗျာများဆိုပြီးသပ်သပ်တင်ထားတာရှိတယ်
ဒါပေမယ့် ဒီလောက်မစုံဘူးဗျ

ယူသွားပြီဗျာနော် ...အရမ်းကျေးဇူးတင်ပါတယ်

ချမ်းမြေ့ပါစေ
ကိုကြည်နိုင်(ကျုံတိုင်းရွာ)

yinminkhine wrote on Sep 26, '10
မ ကဗျာလေးတွေဖတ်ပြီးအားပေးသွားပါတယ်
ပျော်ရွှင်ပါစေ ကျမ်းမာပါစေ..နော်

yinminkhine wrote on Sep 26, '10
ဒိုင်ယာ၇ီရဲ့ နောက်ဆုံးစာမျက်နှာလေး ကဗျာလေးကိ
အတော်ကောင်းတယ်နော် ဖော်ပြပေးတာ ကျေးဇူးသူငယ်ချင်းလေး
သူငယ်ချင်းလေး ပျော်ရွင်ပါစေ
ခံစားချက်တိုက်ဆိုင်ပါတယ်.....သူငယ်ချင်း တူတူပါပဲနော်..စိတ်ထဲမှာ မကောင်းပါဘူး


`ဒိုင်ယာရီရဲ့ နောက်ဆုံးစာမျက်နှာ´

နှင်းစက်လက်တွဲခိုနေတဲ့
စံပယ်အိုလေးရေ . . .
ဒီ လကွယ်ညမှာပဲ
ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေကို
ဖြည်ချလိုက်ပါတော့။

တချို့လူတွေက
ဘ၀မှာ ကြယ်တွေကြွေကျခဲ့သတဲ့
ငြိမ်သက်စွာ ခရီးနှင်ကြဦးပေါ့ကွယ်
ကိုယ့်မှာက . . .
နေတွေ လတွေတောင် ကြွေကျခဲ့ဖူးပါတယ်။

``သွားတော့မယ်နော် . . .
ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့´´လို့
ကံမကောင်းသူတို့ရဲ့
မှိုင်းညို့သောလမ်းခွဲ
ကျော်စရစ်ခဲတွေ အပြိုင်းအရိုင်းလွင့်ကြဲနေတယ်။

(ဘာဖြစ်ဖြစ် ကိုယ့်အပြစ်ပါပဲ)
လေရိုင်းတွေ ၀ိုင်းဝန်းကိုက်ခဲကြတဲ့
မီးလျှံစတစ်ခုလို ပြာညိုယိမ်းထိုး
ပြက္ခဒိန်မှာတော့
နက်ဖန်ခါဟာ နာမည်ဆိုးမရှိပါဘူး။

ဒါပေမယ့် . . .
လွမ်းဆွတ်နေသူတစ်ယောက်ရဲ့
ကြောက်မက်ဖွယ်ရာ အိပ်မက်များ
နှင်းဆီချွေရထားမှာ
စူးစူးဝါးဝါး ဥသြဆွဲပစ်လိုက်တယ်။

ဒီည . . .
နောက်ည . . .
ဘယ်လိုမှ နိဂုံးချုပ်မရပါဘူး
ဘီလူးဖမ်းသလို ကြမ်းတဲ့လင်္ကာ
ငှက်ဆိုးတွေအိပ်မှ
တိတ်တဆိတ် ကိုယ်ရေးလိုက်ပါတယ်။

``ပျော်ခွင့်မပိုင်သော
ဒိုင်ယာရီ၏ နောက်ဆုံးစာမျက်နှာထက်၌´´
နတ်သူရူးတွေ ကြဲပက်တဲ့
ကောင်းကင်ဘုံက အက်ဆစ်တစ်စက်လို
ရှအက်ကြေကွဲ ရှ - -အက် - -ကြေ - -ကွဲ . . .
မင်နီတွေနဲ့ `ရဲ´လို့ပေါ့ကွယ်။ ။

တာရာမင်းဝေ

laynyinglay wrote on Sep 26, '10
မ ကဗျာလေးတွေဖတ်ပြီးအားပေးသွားပါတယ်

belovedcrane wrote on Sep 26, '10
ဒိုင်ယာ၇ီရဲ့ နောက်ဆုံးစာမျက်နှာလေး ကဗျာလေးကိ
အတော်ကောင်းတယ်နော် ဖော်ပြပေးတာ ကျေးဇူးသူငယ်ချင်းလေး
သူငယ်ချင်းလေး ပျော်ရွင်ပါစေ

yinminkhine wrote on Sep 26, '10
ဆရာတာရာမင်းဝေ ကို အခုလို စုစုစည်းစည်းတွေ့ရတာ အလွန် ၀မ်းသာရပါတယ် ...
အင်းးးးး

စာလေးတွေ ကဗျာလေးတွေ စုထားတာလေ

ကိုယ်ပိုင်စာကြည့်တိုက်ပေါ့နော့်

nyeinsoeoo wrote on Sep 26, '10
ဆရာတာရာမင်းဝေ ကို အခုလို စုစုစည်းစည်းတွေ့ရတာ အလွန် ၀မ်းသာရပါတယ် ...