Pages

Thursday, March 2, 2017

တောင်သူလယ်သမားနေ့ဂုဏ်ပြုကဗျာ

 တောင်သူလယ်သမားနေ့ဂုဏ်ပြုကဗျာ
 ‘ထွာနံငယ် ခမောက်စုတ်နှင့်
လူလုပ်ကယ်တဲ့ ညံ့လိုက်တာ
ဆိုးတဲ့ ကံဟာ။
မိုးမရွာ မြေသာကွဲလို့
ခနဲ နှင့် ရေကိုတင်
ပန်းတဲ့ဖြစ်အင်။’
ရွှေဘို ဗုံကြီးသံ

‘မောင်း နှင့် ခူနင်း
ရေလျှင်သွင်း
ပျိုးခင်းကောင်းလျက်
မြောင်တောင် ဖျက်’
ဖျက်စု သံပေါက်
တောင်ဖီလာဆရာတော်
(မြန်မာ သက္ကရာဇ် ၉၄ဝ-၁ဝ၁၃)

လယ်မြေကောင်းလျှက်
ခရိုနီဖျက်
လယ်ယာကောင်းလျှက်
စီမံကိန်းဖျက်
ပျိုးခင်းကောင်းလျက်
ရာသီဖျက်
စပါးကောင်းလျှက်
ငါးမြှောင်တောင်ဖျက်
ဖျက်စု သံပေါက်
၂၀၁၁
မ..မ
yinminkhine.blogspot.com