Pages

Wednesday, October 31, 2012

နားမလည်တာများ

ဘာသာရယ် သာသနာရယ် 
နားမလည်တာများ 
အမျိုးဘာသာ 
သာသနာ 
ပျောက်မှာမို့ 
စိုး ကြောက် လူသား
ကုလားကို ဖအေခေါ် 
တရုတ်ကို အမျိုးတော်
ပြည်ဖျက်သူ လူတစ်စုရယ်ကြောင့် 
သွေးချင်းရယ်နှော
ငွေနောက်ကိုတဲ့ ကောက်ကောက်ပါ 
တိုင်းတပါးကို နိုင်ငံသားလုပ် 
ငွေချစ်သူ လူတစ်စုရယ်ကြောင့် 
ဘာသာ သာသနာ ထီးကွယ် နန်းပျောက်.......



ပေးဆပ်နေသူရှင်သန်ခြင်း


ပေးဆပ်နေသူရှင်သန်ခြင်း
Dec 24, '09 4:40 AM
for everyone

ငါရီ(ယ်)နေတယ်သိလား...မျက်ရည်တွေနဲ့ပေါ့..
အလုပ်လုပ်တဲ့လူကို  အလုပ်မလုပ်တဲ့
လူက အပြစ်ပြောတယ်..
အမှန်တရားပြော
ရင်  အမှားလို့ထင်တယ်.
အခ်စ္ကို  တန္ဘိုးမထားတတ္တဲ့     လူေ
တွ  မေတ္တာတရားကို  နားမလည်ဘူး..
မေတ္တာတရား  နားမလည်တဲ့သူက   အချစ်နဲ့
မထိုက်တန်ဘူး...
ငါလုပ်သလောက်  ငါ
ခံစားခွင့်မရခဲ့ဘူး..
အရိပ်ကိုလဲခိုတယ်..
အရြက္ကိုလဲေ
ချွတယ်..
အပင်ကိုလဲလှုပ်တယ်..
အြ
မစ်ပါပြုပ်မှ..
သူတို့အရိပ်ပျော
က်မှာ..
တန်ဖိုးထားတဲ့လူက   ထင်းအဖြစ်
အသုံးဝင်မယ်..
နေရောင်မတွေ့မှ  နေကိုမျော်သလို  
ရေလိုမှ   မိုးကိုမျော်လင့်သလို
ငါ့ချွေးစက်တွေနဲ့  သူတို့သော
က်သုံး  ပျော်ပါးမော်ကြွားနေကျတယ်..
အားကိုးဘို့ကတော့  ငါ့စိတ်နဲ့ ငါ့
ကိုယ်ကလွဲလို့  ဘယ်သူမှမရှိဘူး..
မိသားစုက ကဲ့ရဲ့တယ်  တစ်ယောက်ထဲအလုပ်
တွေ  အများကြီးလုပ်လို့တဲ့..
ငါရီ(ယ်)နေတယ်သိလား  မျက်ရည်တွေနဲ့  
.
သူတို့ဘ၀  ငါ့လောက်လှအောင်..
ဆုတောင်းပေးတယ်  ရီ(ယ်)နေတယ်  
 
အမုန်းဆိုတာမရှိဘူး   အညိုးဆိုတာမသိဘူး..
တစ်ယောက်ထဲ  တိတ်တိတ်ရီနေမိတယ်..
မ်
က်ရည်တွေနဲ့လေ..
သူတို့ကမေတ္တာခမ်းတာလားငါကဘဲ..

လောဘကြီးတာလား..
သေချာဖြေပေးပါ။
ငါ့ကိုယ်ငါပြန်ရှာတာငါပျောက်သွာ
းလို့ပါ။
.သေချာဖြေပေးပါ။

ဖူးစာရှင်လေးပရဟိတ စုစုပေါင်းကျန်ရှိငွေ လက်ကျန်ငွေ ၂သိန်း ၃သောင်း လှုဒါန်းပေးအပ်ပြီးပါကြောင်း


ဖူးစာရှင်လေး ပရဟိတအဖွဲ့မှ လက်ကျန်ငွေ ကို

Save The Aged


ဘိုးဘွားရိပ်သာဆောက်လုပ်ရန် အတွက်


အလှူငွေ (၁၆၀၀၀၀)တစ်သိန်းခြောက်သောင်းကျပ် တိတိ လှူဒါန်းပါတယ်..

http://savetheaged.ning.com/

ချောင်ဦးမြို့နယ်
ဧရိပ်မွန်(၂) မိဘမဲ့ မိန်းကလေးကျောင်း ပရဟိတသို့
လက်ကျန်ငွေ ၇၀၀၀၀ ခုနှစ်သောင်းကျပ်တိတိကို
ချစ်မိုးဆွေအား ပေးအပ် လှုဒါန်းပါသည်။
၁၆၀၀၀၀+၇၀၀၀၀=၂၃၀၀၀၀ကျပ်တိတိ
 ဖူးစာရှင်လေးပရဟိတ
စုစုပေါင်းကျန်ရှိငွေ လက်ကျန်ငွေ ၂သိန်း ၃သောင်း
လှုဒါန်းပေးအပ်ပြီးပါကြောင်း
ပရဟိတ အလှုရှင်များအား အကြောင်းကြား အပ်ပါသည်
ဖူးစာရှင်လေး ပရဟိတနှင့် မ..မ
နောက်နောင်မည်သို့မှ မသက်ဆိုင်ပါကြောင်း
စာပေချစ်မိတ်ဆွေများအား အသိပေးအကြောင်းကြားအပ်ပါသည်..
မ..မမှ နောက်ဆက်လက် ပရဟိတ လှုဒါန်းခြင်းသည်လည်း
ဖူးစာရှင်လေးပရဟိတဖြင့် မသက်ဆိုင်ပါကြောင်း
စာပေချစ်မိတ်ဆွေများအား အသိပေး
အကြောင်းကြားအပ်ပါသည်..
မ..မ
09 43091050

စာပေလောက အမှတ်တရ မ..မ
သဒ္ဓါလွန်ကဲ၊ ပညာနည်း၊
တလွဲယုံတတ်သည်။
ပညာလွန်ကဲ၊ သဒ္ဓါနည်း၊
စဉ်းလဲကောက်ကျစ်သည်။
သတိတရား၊ ထိုနှစ်ပါး၊
စွမ်းအားညှိပေးသည်။
လှုဒါန်းခဲ့သောပစ္စည်းငွေကြေးများနှင့်
ဖူးစာရှင်လေးအမည်နှင့် ပရဟိတအလှုပုံများ
လေ့လာနိုင်ရန်တင်ပြလိုက်ပါတယ်..
အောက်ပါလင့်ခ်များမှာ သွားရောက်ကြည့်ရှု့
သာဓုခေါ်ပါရန်  ပြုပြုသမျှကုသိုလ်အားလုံး
အမျှ..အမျှ..အမျှ ပေးဝေပါတယ်..
အမျှပေးဝေပါတယ်..၃၁ဘုံသားအများကောင်းမှု
နတ်လူသာဓုခေါ်စေသော်...........

http://www.yinminkhine.com/

zinyaw17zinyaw17

မမြင် မသိ စာနာတတ်၏

တွဲလက်ခိုင်မာ ပေးဆပ်ခြင်းဖြင့် ကုသိုလ်ဝေဖြာ

မေတ္တာ စေတနာ အကြင်နာ

လက်ခြင်း ချိတ်ဆက်ထားကြတာ



လက်ခြင်းချိတ်ဆက် ပရဟိတလက်...


လက်တွဲညီမျှ ပရဟိတ

Thursday, October 25, 2012

ဝဋ် ကြွေး တစ်ခု



ရင်ထဲမှာ


ရင်ထဲမှာ တမ်းတ 
 မာတည် လွမ်းလှ မေ့မရ

စာပေ ၀ဋ် ဒုက္ခ..

Actually remember inside
Miss & not forget Multiply
That should trouble of art.





အပျိုစင်ဘဝကို ရောင်းပြီး ရတဲ့ငွေတွေကို ဆင်းရဲသားကို လှူမယ်ဆိုတဲ့ ဘရာဇီးသူလေး အခုတော့ ဝယ်မယ့်သူ ရှိသွားပြီ။


ဘရာဇီးလ်ကျောင်းသူ၏ အပျိုစင်ဘဝကို ဂျပန်နိုင်ငံသား လေလံအောင်မြင်

အမေရိကန် နှစ်ဦး၊ အိန္ဒိယနိုင်ငံသား
တစ်ဦးတို့ အပါအဝင် နောက်ဆုံးအဆင့်
လေလံဈေးပေးမှုများ အပြီးတွင် နတ်
...
ဆူဟုသာ အမည်ဖော်ပြသည့် ဂျပန်လူမျိုး
က အသက်(၂၀)အရွယ် ကက်ထရီနာ

မစ်လီရော်ရီနီနှင့် ချစ်ဗျူဟာခင်းရန် အခွင့်အလမ်းကို အမြင့်ဆုံးဈေးဖြင့် ရယူသွားခဲ့သည်။


ရန်ပုံငွေ အလှူတစ်ခုအတွက် သူမ၏ အပျိုစင်ဘဝကို ရောင်းချမည်ဟု ကြေညာ
ထားသည့် ဘရာဇီးလ် ကျောင်းသူလေး၏ လေလံကိစ္စသည် နောက်ဆုံးတွင် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

အမေရိကန် နှစ်ဦး၊ အိန္ဒိယနိုင်ငံသား တစ်ဦးတို့ အပါအဝင် နောက်ဆုံးအဆင့် လေလံဈေးပေးမှုများ အပြီးတွင် နတ်ဆူဟုသာ အမည်ဖော်ပြသည့် ဂျပန်လူမျိုးက အသက်(၂၀)အရွယ် ကက်ထရီနာ မစ်လီရော်ရီနီနှင့် ချစ်ဗျူဟာခင်းရန် အခွင့်အလမ်းကို အမြင့်ဆုံးဈေးဖြင့် ရယူသွားခဲ့သည်။

ကက်ထရီနာသည် ယခင်ကတည်းက သူမသည် ပြည့်တန်ဆာ တစ်ဦး မဟုတ်ကြောင်းနှင့် သူမ၏ ခန္ဓာကိုယ်ကို တစ်ကြိမ်သာ ရောင်းချမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့အပြင် ကက်ထရီနာသည် နောက်ဆုံးတွင် အပျိုစင်ဘဝကို ရောင်းချရန် ဒေါ်လာ (၇၈၀၀၀၀)ဖြင့် အဆိုပြုမှုကို သဘောတူ လက်ခံလိုက်သည်။

ဂျက်မီလာနှင့် ဂျက်ရိုက်ဆိုသော အမေရိကန်နှစ်ဦး၊ အိန္ဒိယသူဌေး ရူဒရာ ချက်တာဂျီတို့သည် ကက်ထရီနာအတွက် အပြိုင်လေလံဆွဲခဲ့သော်လည်း နတ်ဆူကသာ အမြင့်ဆုံး ဈေးပေးသွားခြင်း ဖြစ်သည်။ ကက်ထရီနာ၏ အစီအစဉ်သည် အင်တာနက်တွင် လူပြောသူပြောများသော ကိစ္စတစ်ခု ဖြစ်ခဲ့ပြီး ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။

သူမသည် Virgins Wantedဆိုသော မှတ်တမ်းဗီဒီယိုအတွက်လည်း ဩစတြေးလျ ရုပ်မြင်သံကြား အဖွဲ့တစ်ခုကို မှတ်တမ်းတင်ခွင့်ပေးမည်ဟု ပြောဆိုထားရာ အပြာရုပ်ရှင်မယ် တစ်ဦးအဖြစ် ပြစ်တင်မှုများလည်း ရှိခဲ့သည်။ သူမသည် အဆိုပါအဖွဲ့က စီစဉ်ပေးသည့် လေယာဉ်ပေါ်တွင် မှတ်တမ်းဗီဒီယို အရိုက်ခံမည် ဖြစ်သည်။

ကက်ထရီနာကမူ "ကျွန်မကတော့ ဒါကို လုပ်ငန်းတစ်ခုလို့ပဲ မြင်ပါတယ်။ ကျွန်မမှာ ခရီးတစ်ခုသွားဖို့ အခွင့်အရေးလည်း ရှိလာတယ်။ ဇာတ်ကားတစ်ကားမှာ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်ခွင့်ရမှာ ဖြစ်သလို အဲဒီအတွက် ထိုက်သင့်တဲ့ ခံစားခွင့်လည်း ရှိဦးမယ်။ ကျွန်မ ပြောချင်တာက ဘဝတစ်လျှောက်လုံးမှာ တစ်ခါတည်းပဲ ဒီကိစ္စကို ဆောင်ရွက်တာပါ။

ကျွန်မဟာ ပြည့်တန်ဆာ တစ်ယောက် မဟုတ်ပါဘူး။ ပြောရရင်တော့ လူတစ်ယောက်ဟာ တစ်ခါလောက် အံ့ဩစရာ ဓာတ်ပုံကောင်းတစ်ခု ရိုက်ဖူးရုံနဲ့ ဓာတ်ပုံဆရာ ဖြစ်မလာနိုင်ဘူးလေ"ဟု ပြောဆိုခဲ့ဖူးသည်။

သူမသည် လေလံအောင်မြင်သော ဂျပန်သားနှင့်အတူ ဩစတြေးလျနှင့် အမေရိကန်ကြား ခရီးစဉ်တွင် လေယာဉ်ပေါ်၌ ချစ်တင်းနှီးနှောရမည် ဖြစ်သည်။ သူမအား ယင်းကိစ္စ မတိုင်မီနှင့် ပြီးဆုံးချိန်တို့တွင် အင်တာဗျူးရန်လည်း စီစဉ်ထားသည်။

နတ်ဆူ အနေဖြင့် ၎င်း၏ ရုပ်သွင်ကို မီဒီယာများတွင် မဖော်ပြနိုင်အောင် ဖုံးကွယ်ထားခွင့် ရမည်ဖြစ်သည်။ ယခုသဘောတူညီချက်အရ သူမအား လေလံဆွဲ အောင်မြင်သူသည် အပိုဆောင်း ကိရိယာ တန်ဆာပလာများ ယူဆောင်ခွင့် မရှိသလို အကာအကွယ် ပစ္စည်းကို မဖြစ်မနေ ထည့်သွင်း အသုံးပြုရမည် ဖြစ်သည်။

နတ်ဆူသည် သူမနှင့် မတွေ့ဆုံမီ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကင်းရှင်းကြောင်း စစ်ဆေးခံရမည်ဟုလည်း သိရသည်။ ဒါရိုက်တာ ဂျက်စတင် ဆဲလ်ဆီ တာဝန်ယူမည့် မှတ်တမ်းဗီဒီယိုအတွက် အလက်ဇန္ဒားအမည်ရှိ လူပျိုတစ်ဦးသည်လည်း မှတ်တမ်းဗီဒီယို အရိုက်ခံမည် ဖြစ်သည်။ ၎င်းအား နီနီဘီဟု အမည်ဖော်ပြသော ဘရာဇီးလ် အမျိုးသမီး တစ်ဦးက ဒေါ်လာ (၃၀၀၀)ဖြင့် ဝယ်ယူခဲ့သည်။

ကက်ထရီနာသည် လေလံမှ ရရှိသော ငွေကြေးများကို ဆင်းရဲနွမ်းပါးသော မိသားစုများအတွက် အိမ်ရာဆောက်လုပ်ပေးမှု စီမံကိန်းများတွင် လှူဒါန်းမည် ဖြစ်သည်။ သူမသည် သောမတ်စ် ဝီလျံ ရုပ်ရှင်ထုတ်လုပ်ရေးက ရုပ်ရှင်အတွက် အပျိုစင်တစ်ဦး ရှာဖွေနေမှုတွင် လက်ခံသဘောတူခဲ့ပြီး ယခုအစီအစဉ်အတွက် လွန်ခဲ့သော (၂)နှစ်က လက်မှတ်ထိုးခဲ့သည်။

ကက်ထရီနာက လေလံမှ ရရှိလာသည့် ငွေကြေးအားလုံး၏ (၉၀)ရာခိုင်နှုန်းနှင့် မှတ်
တမ်းရုပ်ရှင်အတွက် ရရှိမည့် ငွေများမှ ဒေါ်လာ (၂၀၀၀၀)တို့ကို သူမ၏ ဇာတိပြည်
နယ်ဖြစ်သော ဆန်တာ ကက်ထရီနာတွင် နွမ်းပါးသူများအတွက် ခေတ်မီ အိမ်ရာများ
ဆောက်လုပ်မည့် စီမံကိန်းအတွက် လှူဒါန်းသွားမည်ဟု ကြိုတင်ပြောဆိုထားသည်။

Planet News

Wednesday, October 24, 2012

ဆရာဒကာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ

World Of Wisdom: ဆရာဒကာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ: " သာဂါရာ အနာဂါရာ စ၊ ဥဘော အညောညနိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမမ နုတ္တရံ။ " “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ” ...

ဆရာဒကာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ


" သာဂါရာ အနာဂါရာ စ၊ ဥဘော အညောညနိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမမ နုတ္တရံ။ "
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”
လို့ဆိုပြီး အဲဒီဗုဒ္ဓ၊ အဲဒီသံဃာတွေကို ကိုးကွယ်ရမှာပါ၊ ယခုလို အပြောင်းအလွှဲရှိနိုင်တဲ့ ပုထုဇဉ်သံဃာတွေကို ဆိုတာကတော့ နောင်ရေး၊ နောင်ဘဝရေးကို သာသနာ့ဝန်ထမ်းနေတဲ့ ပုဂ္ဂိုလ်တွေလို့ဆိုပြီးတော့ အားပေးကြရမယ်၊ ဒကာ-ဒကာမတွေက အားပေးကြရမယ်၊ အဲဒီလို အားပေးကြတဲ့အတွက် ဒကာ-ဒကာမတွေမှာ ကုသိုလ်တွေပွါးလို့၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တွေပွါးလို့၊ ပြီးတော့ ဒီကသံဃာတော်တွေကလဲ စိတ်ကောင်းကောင်းထား၊ ကောင်းကောင်းနေထိုင်၊ ကောင်းကောင်းကျင့်ကြတဲ့အတွက် မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တွေပွါးလို့၊ အဲဒီလို ဆိုတော့ကာ ဆရာရော ဒကာပါ "ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ" ဆိုသလို အချင်းချင်းအားထား၊ ကုသိုလ်တွေပွါးပြီးတော့ ဓမ္မစကြာမှာပါတဲ့ သစွာလေးပါးကို မျက်စိနဲ့ မြင်သလို ဉာဏ်နဲ့ မြင်ကြရလိမ့်မယ်။


ဘုရားရှင် လက်ထက်တော်တုန်းက သာသနာတော်တွင်းက အရှင် သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပတို့ အမှူးရှိတဲ့ သံဃာတော်များစွာ အတွင်းလမ်းကနေပြီးတော့ သူတော်ကောင်းတရားတွေ ပြီးစီးအောင် ကြိုးစားတော်မူခဲ့ကြတယ်၊ အနာထပိဏ်သူဌေး၊ ဗိမ္မိသာရမင်းတို့၊ ဝိသာခါတို့ အဲဒီလို သူတော်ကောင်းတွေက အပြင်လမ်းကနေပြီးတော့ သာသနာတော်ကို ကူညီထောက်ပံ့ခဲ့ကြတယ်၊ အဲဒီတုန်းက ဝိသာခါတို့များ ဘယ်လောက် အမြင်ကျယ်သလဲဆိုတော့ မြတ်စွာဘုရားကို လျှောက်ထားတယ်၊

"အာဂန္တုတွေများ ကြွလာလို့ရှိရင် တပည့်တော် အမြဲဆွမ်းကပ်ပါရစေဘုရား"  တဲ့၊

"ဝိသာခါ - သင်က ဘယ်အကျိုးထူးကို မြင်လို့ အာဂန္တုက လာသမျှ ဆွမ်းကပ်ချင်သတုန်း"  လို့ မြတ်စွာဘုရားက မေးတော့

"တပည့်တော်များက နောင်ကျတော့ ဘယ်ရဟန်းဖြင့် ပရိနိဗ္ဗာန်စံသွားသတဲ့လို့ မေးပါမယ် ဘုရား၊ အဲဒီလို မေးလို့ ကြွလာဖူးပါတယ်ဆိုတာ သိရတဲ့အခါ အဲဒီ ကိုယ်တော်မြတ်ဖြင့် ငါ့ရဲ့ဆွမ်း ဘုဉ်းပေးဖူးပြီဆိုပြီး အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါလိမ့်မယ်ဘုရား၊ အဲဒါကြောင့် ကြွလာသမျှ အာဂန္တုရဟန်းကို တပည့်တော် ဆွမ်းကပ်ပါရစေဘုရား"  လို့ လျှောက်ပါတယ်။


ဒါကြောင့် 

"သာဂါရာစ - အိမ်ရာတည်ထောင်၊ လူတို့ဘောင်၌ နေကြသော ဗိမ္မိသာရမင်း၊ အနာထပိဏ်သူဌေး၊ ဝိသာခါ အစရှိတဲ့ လူဝတ်ကြောင်တို့သည်လည်းကောင်း၊

အနာဂါရာစ - အိမ်ရာမထောင်၊ သာသနာ့ဘောင်၌ နေကြကုန်သော အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ အစရှိတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့သည်လည်းကောင်း၊

ဥဘော - ဆရာဒကာ နှစ်ဦးတို့သည်၊

အညောညနိဿိတာ - ကိုင်းကို ကျွန်းမှီ၊ ကျွန်းကိုင်းမှီသို့၊ ပမည်မယွင်း၊ အချင်းချင်း အားထားကြကုန်လျက်၊ "

အကယ်၍များ ဝိသာခါတို့၊ အနာထပိဏ်တို့၊ ဗိမ္မိသာရမင်းတို့လို ခေါင်းဆောင်တွေ မရှိဘူး၊ နောက်လိုက်တွေလဲ မရှိဘူးဆိုရင် ဒီသာသနာတော်မြတ်ကြီးဟာ ကြာကြာ တည်နိုင်စရာ မရှိပါဘူး။


" သာဂါရာ အနာဂါရာ စ၊ ဥဘော အညောညနိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမမ နုတ္တရံ။ "

သာဂါရာစ - ဧည့်အိမ်ရာတည်ထောင်၊ လူတို့ဘောင်၌ နေကြကုန်သော လူဝတ်ကြောင် သူတော်ကောင်းတို့သည်လည်းကောင်း၊

အနာဂါရာစ - အိမ်ရာ မထောင်၊ သာသနာ့ဘောင်၌ နေကြကုန်သော ရဟန်း သူတော်ကောင်းတို့သည်လည်းကောင်း၊

ဥဘော - ဆရာဒကာ နှစ်မျိုးတို့သည်၊

အညောညနိဿိတာ - ကိုင်းကိုကျွန်းမှီ၊ ကျွန်းကိုင်းမှီသို့၊ ပမည်မယွင်း၊ အချင်းချင်း အားထားကြကုန်လျက်၊

 ယောဂက္ခေမံကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိရောဂ၊ အဝိဇ္ဇာယောဂဆိုတဲ့ ယောဂတို့၏ ပျောက်ပျက်ကုန်ဆုံးရာဖြစ်သော၊

အနုတ္တရံ - အတုမရှိ မြတ်သော၊

သဒ္ဓမ္မံ - သစ္စာလေးတန်၊ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော သူတော်ကောင်းတရားကို၊

အာရာဓယန္တိ - ကိုယ်စီကိုယ်ငှ၊ ပြီးစီးနိုင်ကြစေကုန်သတည်း။
 ......................................
The eXistence မှ
အရှင်ဇနကာဘိဝံသ ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏသုတ်တရားတော် စာအုပ် (စာမျက်နှာ၂၅၃-၂၅၅) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

" မနာပဒါယီ ": ဘက်လိုက်ခြင်းအချစ်အမုန်းကို ဦးစားပေးရင် ဘက်လိုက်မှုတွေ ဖြစ်တတ်တယ်တဲ့။

.
" မနာပဒါယီ ": ဘက်လိုက်ခြင်း: အချစ်အမုန်းကို ဦးစားပေးရင် ဘက်လိုက်မှုတွေ ဖြစ်တတ်တယ်တဲ့။   ဘက်လိုက်တာကို စာလိုပြောတော့ အဂတိလို့ ပြောပါတယ်။ မလိုက်သင့်တဲ့ဘ..


အချစ်အမုန်းကို ဦးစားပေးရင် ဘက်လိုက်မှုတွေ ဖြစ်တတ်တယ်တဲ့။ 

ဘက်လိုက်တာကို စာလိုပြောတော့ အဂတိလို့ ပြောပါတယ်။ မလိုက်သင့်တဲ့ဘက်ကိုလိုက်ခြင်း၊ မပြုသင့်တာကို ပြုခြင်းလို့ ဆိုပါတယ်။ အဂတိတရားတွေကို ကြည့်ရင်



၁။ ဆန္ဒာဂတိ = ချစ်တဲ့အတွက် အဂတိလိုက်ခြင်း
၂။ ဒေါသာဂတိ = မုန်းတဲ့အတွက် အဂတိလိုက်ခြင်း
၃။ မောဟာဂတိ = အမှားအမှန်ကိုမသိ၊ ဆင်ခြင်တုံတရားမရှိတဲ့အတွက် အဂတိလိုက်ခြင်း
၎။ ဘယာဂတိ = ကြောက်တဲ့အတွက် အဂတိလိုက်ခြင်း ဆိုတဲ့ ဒီလေးပါးကို တွေ့ရမှာ ဖြစ်ပါတယ်။ 

ဒီအဂတိ တရားတွေဟာ ယေဘုယျအားဖြင့် အချစ်အမုန်းကိုပဲ အခြေခံပြီး ဖြစ်လေ့ရှိတာကို တွေ့ရတတ်ပါတယ်။ ချစ်ရင်လည်း ဘက်လိုက်တတ်သလို မုန်းရင်လည်းပဲ ဘက်လိုက်တတ်ပါတယ်။ တစ်ချို့လည်း အချစ်အမုန်းကြောင့် မဟုတ်ပေမယ့် အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်ကို မခွဲခြားတတ်တဲ့အတွက် ဘက်လိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ချို့ကျတော့ မလွန်ဆန်နိုင်တဲ့ အကြောက်တရားကြောင့်လည်း ဘက်လိုက်တဲ့ သဘောရှိပါတယ်။ ပုထုဇဉ်တွေဟာ တကယ်တမ်းကျတော့ အလွန်ကြောက်တတ်တဲ့ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ ကြောက်တယ်ဆိုတာကလည်း သီလမလုံခြုံလို့ ကြောက်ကြတာပဲ ဖြစ်ပါတယ်။ သီလလုံခြုံနေတဲ့သူဟာ မဟုတ်တာ ဘာမှ မလုပ်ထားတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေပြီး အပြစ်ကင်းတဲ့ သူတစ်ယောက် ဖြစ်နေတဲ့အတွက် ကြောက်စိတ်ဆိုတာလည်း မရှိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကြောက်တရားကင်းအောင်၊ အဂတိတရား ကင်းအောင် ကိုယ်ကျင့်သီလလုံကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

စာပေအဖွင့်တွေမှာ အဂတိတရား လိုက်ခြင်း မလိုက်ခြင်းရဲ့ အကျိုးအပြစ်နဲ့ ပတ်သက်ပြီး
“အဂတိတရား လေးပါးကို လိုက်စားပြုကျင့်သူသည် လဆုတ်အခါ လမင်း၏ အရောင်အဝါသည် တနေ့တခြား လျော့ပါး ဆုတ်ယုတ် သကဲ့သို့ စည်းစိမ် ဥစ္စာနှင့်တကွ ဂုဏ်ကျေးဇူး ကျော်စောခြင်းတို့သည် လျော့ပါး ဆုတ်ယုတ်တတ်လေသည်။
အဂတိတရား လေးပါးကို မလိုက်စား မပြုကျင့်သူသည် လဆန်းအခါ၌ လမင်း၏ အရောင်အဝါသည် တနေ့တခြား ထွန်းလင်း တောက်ပသကဲ့သို့ ကျက်သရေ ၊ ဂုဏ်သိန် ၊ စည်းစိမ်ဥစ္စာတို့သည် တနေ့တခြား ကျော်ကြားတိုးတက် ပေါ်လွင်ထင်ရှား လေသည်။” လို့ ဖွင့်ဆိုရှင်းပြထားတာကို တွေ့ရပါတယ်။ 

ဆိုတော့ကား ဘက်လိုက်တတ်ရင် အဂတိတရား ကျူးလွန်ရာ ရောက်တဲ့အပြင် ကိုယ့်အကျိုးတရားတွေလည်း ဆုတ်ယုတ်တတ်တဲ့အတွက် ဘက်လိုက်မှုနဲ့ အကြောက်တရားမှ ကင်းဝေးရအောင် ကိုယ့်ကျင့်တရားကောင်းအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။

..

.

လနတ်သမီးထွက်ချိန်



 လမင်းစိတ်ကောက် .. တိမ်နောက်သူကွယ်

မိုးကြိုး မုန်တိုင်းရှိနေတယ်..

ကောင်းကင် ကြော့ရှင်း

မြူရောင် လင်းမှ

ဝင်းပကြည်လင်

လနတ်သမီးလေးထွက်ပြတယ်..

...

Tuesday, October 23, 2012

*ပုညကြိယာ ( ၁၀ ) ပါး*

*ပုညကြိယာ ( ၁၀ ) ပါး*

မိမိစိတ် အစဉ်ကို ဖြူစင်သန့်ရှင်း စေတက်သော တရားများ ( ပါဠိလို - “ပုည” ၊ မြန်မာလို “ ကောင်းမှု=ကောင်းသောအမှု ဟုခေါ်သော ) ပုညကြိယာဝတ္ထု (၁၀) ပါးအား တင်ပြလိုက်ပါသည်။
(၁) ဒါန
(၂) သီလ
...
(၃) ဘာဝနာ
(၄) အပစာယန
(၅) ဝေယျာဝစ္စ
(၆) ပတ္တိဒါန
(၇) ပတ္တာနုမောဒန
(၈) ဓမ္မဿဝန
(၉) ဓမ္မဒေသနာ
(၁၀) ဒိဋ္ဌိဇုကမ္မ
တို့ဖြစ်သည်။
ပုညကြိယာ (၁၀) ပါး ကိုလေ့လာပြီးနောက် မိမိသည် နေ့စဉ် ပုည ကြိယာ ဘယ်နှစ်ပါး နှင့် ပြည့်  စုံနေသလဲ ဆိုတာ ကို စစ်ဆေးရင်း မိမိကို ကိုယ် ကြည်ညို နိုင်ကြပါစေ။
(၁) ဒါန
စွန့်ကျဲပေးကမ်းလှူဒါန်း မှု ကို ဒါန ဟုခေါ်သည်။ ဒါနသည် စေတနာ ဒါန ၊ ဝတ္ထုဒါန ဟူ၍ နှစ်မျိုး ရှိသည်။ ဆွမ်း ၊ သင်္ကန်း ၊ ဆေး ၊ ကျောင်း စသည် တို့သည် စေတနာ ဒါန မည်၏။ ထိုဝတ္ထုများ လှူ ဒါန်းနေသော အခါ ကိုယ်အတွင်း ၌ စိတ်စေတနာတို့သည် ဖြစ်၏။ ထိုစေတနာ ကို စေတနာ ဒါန ဟုခေါ်သည်။ နောက်ဘဝ သံသရာ တွင် အကျိုးပေး ရာ၌ ဆွမ်း ၊ သင်္ကန်း ၊ကျောင်း စသော ဝတ္ထု များက အကျိုးပေးကြသည် မဟုတ်ဘဲ အတွင်း သန္တာန်၌ ဖြစ်ကြသော စေတနာ ဒါန ကသာ အကျိုးပေးကြသည်။ လှူဖွယ်ဝတ္ထု ဒါနစုမှာ စေတနာ ဖြစ်ဖို့ ရာ အာရုံတွေသာတည်း။ သို့ရာတွင် လှူဖွယ်ဝတ္ထု နှင့် အလှူ ခံ ပုဂ္ဂိုလ် က မွန်မြတ်လျင်လည်း စေတနာသည် မွန်မွန်မြတ်မြတ် ဖြစ်တက်သည်။
(၂) သီလ
ဒါနသည် သီလထက်မြတ် သည် ဟု ပြောကြလျင် ထိုစကားကို လက်ခံဖို့ ရာ ခဲယဉ်းကြတက်၏။ ဒါနအလုပ် နှင့် သီလ အလုပ် နှစ်မျိုးတွင် ဒါနသည် သူတပါး ချမ်းသာအောင် ပြုနိုင်သော အလုပ်ဖြစ်၍ သီလသည် သူတပါး မဆင်း ရဲအောင် စောင့်ရှောက်သော အလုပ်ဖြစ်သည်။ဤနေရာ ဝယ် သူတပါး ကတစုံတရာ ပေး၍ စိတ်ချမ်းသာနေသူတစ်ယောက်နှင့် အသက်ခံရမည့် ဆဲဆဲမှ လွတ်လာ၍ စိတ်ချမ်းသာ သူတစ်ယောက်၏ စိတ်ချမ်းသာပုံခြင်း နှိုင်းယှဉ်ကြည့်လျင် အသက်ဘေးမှ လွတ်လာသူ၏ စိတ်ချမ်းသာပုံက အဆရာထောင်မက သာလွန်နေသည် မှာ စဥ်းစားတက်သူတိုင်း ဝန်ခံပါလိမ့်မည်။ ထိုကြောင့် သီလသည် ဒါနထက် လွန်စွာမြတ်ပေသည်။
(၃)ဘာဝနာ
ဘာဝနာ ဟူသည် မြန်မာလို “တိုးပွားစေခြင်း ၊ ထုံမွမ်းစေခြင်း ” ဟုအဓိပ္ပါယ်ရသည်။ မိမိ ၏ စိတ်ကို မြင့်မြတ် ဖြူစင်အောင် အားထုတ်ရသော စိတ်အလုပ် (မနောကံ) အလုပ်တည်း။
(၄)အပစာယန
အရိုအသေ ပေးမှု ကို အပစာယန ဟုခေါ်သည်။ ထိုကြောင့် မိမိထက် အသက်ကြီးသူ ၊ သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ် ၊ သိက္ခာတမျိုးမျိုးကြီး သူကို ဖြစ်စေ ၊ အမိအဘ ၊ အဘိုးအဘွား ၊ အဒေါ်ဦးလေး စသူတို့ကို ရိုသေခြင်းသည် “အပစာယန” ဖြစ်သည်။
(စိတ်မပါဘဲ ကိုယ့်ထက် အရာကြီးသူကို ကြောက်၍ လည်းကောင်း၊ တစုံတရာလာဘ်လာဘကို မျှော်မှန်း၍ လည်းကောင်း ရိုသေဟန်ဆောင်ခြင်းမှာ ကုသိုလ်မဟုတ်သည့် အပြင်လှည့်စားသော မာယာ တစ်မျိုးပင်ဖြစ်သည်။)
(၅) ဝေယျာဝစ္စ
သူတပါးတို့၏ ကုသိုလ်ကောင်းမှု ကိစ္စကို ကူညီ၍ ပြုလုပ်ခြင်းသည် “ဝေယျာဝစ္စ” မည်၏။ထိုကြောင့် သူတပါး၏ အလှူဒါန ၊ မကျန်းမာသူ အိုမင်းသူ ၊ ကျန်းမာသော်လည်း မနိုင်မနင်း သယ်ပိုးနေရသူ ၊ မိဘ ၊ မိမိထက် အသက်ကြီးသော ဆွေမျိုး မိတ်ဆွေ စသူတို့၏ အကုသိုလ် နှင့် မသက်ဆိုင်သော ကိစ္စကြီးငယ် ကို စိတ်ပါလက်ပါနှင့် ကူညီ၍ ဆောင်ရွတ်ခြင်းသည် “ဝေယျာဝစ္စ” ဟုခေါ်ပါသည်။
(၆)ပတ္ထိဒါန
မိမိ ရသော ကုသိုလ် အဖို့ ကို သူတပါး တို့အား အမျှပေးဝေခြင်းကို “ပတ္ထိဒါန” ဟုခေါ်သည်။ ဒါန ပြုရာတွင် အလှူရှင်မှာ ရသင့် ရထိုက်သော ကုသိုလ်များကို ရလေသည်။ မိမိ ရသော ကုသိုလ် အဖို့ ကို ညီတူညီမျှ သူတပါးအားလည်း ရစေလိုသောဆန္ဒသည် အလွန်ဖြူစင်မြင့်မြတ်သော စိတ်ထားပေတည်း။
(၇) ပတ္တာနုမောဒန
ကုသိုလ်ရှင်တို့ က အမျှဝေသော အခါ ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်မှု ကို ပတ္တာနုမောဒန ဟုခေါ်သည်။ သူတပါး တို့ ကုသိုလ်ပြုနေကြသည်ကို မိမိ က ဝမ်းမြောက်ဝမ်းသာ ဖြစ်ခြင်းသည် အတော်အတန် ကောင်းမြတ်သော စိတ်ထားပေတည်း။ သို့သော် ဝမ်းမြောက်ဝမ်းသာ မဟုတ်ဘဲ ခေါ်ရိုးခေါ်စဉ် (တွေးချင်ရာတွေး၍ ) သာဓုခေါ် ခြင်းသည် ကား ပတ္တာနုမောဒန အစစ် ဖြစ်ဖို့ရာ ခဲယဉ်းပေသည်။
(၈)ဓမ္မဿဝန
တရား နာခြင်းကို ဓမ္မဿဝန ဟုခေါ်သည်။ တရားနာရာ၌
(က) မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း
(ခ) ကြားဖူးသော အကြောင်းအရာများကို ထပ်၍ ရှင်းလင်းစွာ နားလည်ရခြင်း
(ဂ) ယုံမှား သံသယဖြစ်နေသော အချက်များ၌ ယုံမှားကင်းရခြင်း
(ဃ) အယူမှန်သမ္မာ ဒိဋ္ဌိကို ရခြင်း
(င) သဒ္ဓါ ပညာတိုးပွား ၍ စိတ်ကြည်လင်ခြင်း
စသော အကျိုး (၅) ပါးရနိုင်သည်။
(ဆောင်ပုဒ်)
သူတော်တရား ၊ နာယူငြားက ၊ မကြားစဖူး ၊ ကြားရဖူး၏။ ကြားဖူးပြီးပြန် ၊ ထပ်မံ၍ရှင်း ၊ လွတ်ကင်းယုံမှား ၊ ဖြောင့်သားအယူ ၊ စိတ်ကြည်ဖြူသည် ၊ ငါးဆူရမြဲ အကျိုးတည်း။
(၉) ဓမ္မဒေသနာ
တရားဟောမှု ကို ဓမ္မဒေသနာ ဟုခေါ်သည်။ ရိုးသားဖြူစင်စွာ မြင့်မြတ်သော စိတ်ထားဖြင့် ဟောပြောပြသ ဆုံးမပါလျှင် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ” ဟူသော အတိုင်း အလှူ ဟူသမျှကို တရားအလှူ ကနိုင်သည် ဆိုသည့် အတွက် လွန်စွာမှပင် အကျိုးကြီးမားပေ၏။
(၁၀)ဒိဋ္ဌိဇုကမ္မ
အယူဖြောင့်မှန်ခြင်းကို ဒိဋ္ဌိဇုကမ္မ ဟုခေါ်သည်။ အယူဟူသည် အသိဉာဏ်တည်း။ ထိုအသိဉာဏ်က လမ်းမှန်ကျ နေလျင် သမ္မာဒိဋ္ဌိ (မှန်ကန်သောအယူ)ဖြစ်၏။အသိဉာဏ်က မှားယွင်းနေလျှင် မိစ္ဆာဒိဋ္ဌိ (မှားသောအယူ)ဖြစ်၏။ အောက်ပါ အချက်များ နှင့် မိမိ အသိဉာဏ် ဘယ်လိုဖြစ်နေသလဲဆိုတာကို စဉ်းစားပါ။
၁။ ကုသိုလ်ကံ ၊ အကုသိုလ်ကံ။
၂။ထိုကံ များ၏ ကောင်းကျိုး ၊ မကောင်းကျိုး။
၃။ထိုကံ များကြောင့် ရောက်ရသည့်  ဤဘဝ ၊ နောက်ဘဝ။
၎။နတ် ၊ ဗြဟ္မာ များ။
၅။ ကောင်းမွန်စွာ ကျင့်ကြံ၍ ဈာန် အဘိညာဉ်ရသူ သို့မဟုတ် ရဟန္တာ ဖြစ်သူများ။
အထက်ပါ ငါးချက် ကို စဉ်းစားသောအခါ ရှိနိုင်သည်၊ ရှိထိုက်သည်၊ ရှိရမည် ဟု အသိဉာဏ်ဖြစ်လျှင် သမ္မာဒိဋ္ဌိ ( ကမ္မဿကတာဉာဏ် သို့ ဒိဋ္ဌိဇုကမ္မ) ရပေသည်။ မည်သည့် ကုသိုလ် မဆို ဤ သမ္မာဒိဋ္ဌိ အယူမှန်ပါမှသာ သာ၍အကျိုးကြီးသည်။
ထိုအချက် ငါးချက်ကို လေးနက်စွာ စဉ်းစားသော အခါ မရှိနိုင် ၊ မရှိထိုက် ဟု ယူဆလျှင် မိစ္ဆာဒိဋ္ဌိ ဖြစ်တော့သည်။ ထိုသို့ ကံ-ကံ၏ အကျိုးမရှိဟု ယူသော မိစ္ဆာဒိဋ္ဌိကြောင့် တိရစ္ဆာန် သတ္တဝါ တွေကို ကံကြောင့်ပင် ဖြစ်ရသော သတ္တဝါ တစ်မျိုးဟု အယူမရှိဘဲ ရဲရဲဝံ့ဝံ့ သတ်ဖြတ်နိုင်ကြ၏။ ကံကြောင့်ရောက်သော ဤဘဝ ၊ နောက်ဘဝ မရှိဟု ယူဆသော ကြောင့် ကမ္ဘာလောက နှင့် သတ္တဝါ တွေကို တစ်စုံတစ်ဦးသော တန်ခိုးရှင် က ဖန်ဆင်းထားသည် ဟုအယူရှိကြသည်။လွန်စွာ ကြောက်ဖွယ်ကောင်းလှတကား။။
ထိုပြခဲ့သော ဒါန စသော ပုညကြိယာ (၁၀) ပါးကို ကိုယ်တိုင်ပြုမှသာ ကုသိုလ် ရသည် မဟုတ်။ သူတပါး တို့ကို ပြုဖို့ရန် တိုက်တွန်းခြင်း ၊ ပြုချင်လာအောင် ဂုဏ်ကျေှးဇူးအားပြောပြခြင်း၊ သူတပါး ပြုနေသည် ကိုမြင်ရ ကြားရ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း စသည်တို့သည်လည်း ကုသိုလ်ကိုဖြစ်စေသည်။ ထိုကြောင့် ပုညကြိယာ (၁၀) ပါးအား (၁) ကိုယ်တိုင်ပြုခြင်း (၂) ပြုဖို့ရန်စေခိုင်းခြင်း (၃) ဂုဏ်ကိုပြောပြခြင်း (၄) ဝမ်းမြောက်ခြင်း - ဤလေးပါးနှင့် မြှောက်လျှင် ပုညကြိယာ ဝတ္ထု (၄၀) ဖြစ်၏။
(ဆောင်ပုဒ်)
ကောင်းမှု ဆယ်ခိုင် ၊ အရင်းကိုင်၍ ၊ ကိုယ်တိုင်ပြုငြား ၊ သူများခိုင်းတုံ ၊ ဂုဏ်ကိုပြောပြ ၊ ဝမ်းမြောက်ကလျင် ၊ လေးဆယ်တွင် ၊ မြှောက်တင် ပုညဝတ္ထုတည်း။
ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံဟောတု ၊ ဣဒံ မေ ပုညံ နိဗ္ဗာန် နဿ ပစ္စယော ဟောတု။
(ကျမ်းကိုး - မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ၏ ကိုယ်ကျင့် အဘိဓမ္မာကျမ်း)
ကိုးကား၍ အရှင်မုနိန္ဒ(ပန်းထို)M.A မာဂဓတက္ကသိုလ်…မှာပြန်လည်ပူဇော်ပါသည်။

Sunday, October 21, 2012

♥ ကြယ်လေးများ ♥



The stars ...
---------------------
My darling ...
The stars' re twinkling in my sky
In every night,
I'd watched those stars
Your eyes were twinkling in my eye sight
Every time I'd seen u
I have caught those stars with my heart
My darling ...
You are a star on earth
You are a star on the night sky
Tell me who you are ... ?
Tell me about your eyes ... ?
I just loved those twinkling eyes
Even, you were a stranger
I did not think like that,
Just, i knew it from your eyes
I know your eyes are like the stars
I would like to fall to sleep with your starry eyes
somewhere on the earth,
My darling sweet heart.

Composed By Michael Ko <3


The stars ...
--------------------
 ♥  ကြယ်လေးများ ♥
-----------------------
ချစ်သူရေကြယ်လေးတွေက
ငါ့ရဲ့ကောင်းကင်မှာမှိတ်တုတ်မှိတ်တုတ်နဲ့ပေါ့
ညတိုင်းလင်းလက်နေတယ်
 ငါကအဲ့ဒီ ကြယ်လေးတွေကိုစောင့်ကြည့်နေမိတယ်
မင်းမျက်လုံးလေးဟာလည်း ကြယ်လေးတွေလိုဘဲ လင်းလက်နေတယ်
မင်းကိုမြင်ရတဲ့ အချိန်မှာပေါ့
ငါဟာ ကြယ်မျက်လုံးလေးတွေကို ...
အဲ့ဒါကိုငါ့နှလုံးသားလေးထဲမှာသိမ်းဆည်းထားခဲ့တယ် ချစ်သူရယ်
 မင်းဟာကမ္ဘာမြေပြင်ပေါ်ကကြယ်လေးပါဘဲ
ညရဲ့ကောင်းကင်ကကြယ်လေးလဲဖြစ်တယ်
ပြောပြပါမင်းဘယ်သူဆိုတာ
ပြောပြပါမင်းမျက်လုံးတွေကိုပေါ့
ငါဟာလင်းလက်နေတဲ့မင်းမျက်လုံးလေးကိုချစ်ခဲ့မိတယ်
မင်းဟာသူစိမ်းတစ်ယောက်ဘဲနော်
ဒါကိုငါမတွေးခဲ့မိဘူး
ငါသိတယ်ဒါဟာမင်းမျက်လုံးကလာတယ်ဆိုတာ
ငါသိတယ်မင်းမျက်လုံးဟာကြယ်လေးနဲ့တူတယ် ဆိုတာ
ပြောပြပါငါ့ကို ကမ္ဘာမြေရဲ့ ဘယ်နေရာမှာအိပ်ရမလဲကွယ်
ငါ့ရဲ့ချစ်လှစွာသောချစ်သူရယ် ...♥..♥

မ..မ

Saturday, October 20, 2012

ငါလွမ်းမိလို့ ..... ငါပဲမှားတာဖြစ်မှာပါ..




Aug 24, '11 6:58 AM
for everyone

ကိန္ဒရီ ကိန္ဒရာ....

တစ်ညတောင်မှမခွဲနိုင်
ပါ။

ရက်ပေါင်း၇၀၀. တစ်ညလေးဝေးထင်မိနေတာ


ဟင်္သာ မောင်နှံ.. မခွဲမခွာတူရှိချင်တာ။


ကြိုးကြာမောင်နှံမခွဲမခွာ


ချစ်ကြင်နာတာ ဖော်ကွာဝေးလို့


ငါဆွေးနေတာ ဆုတောင်းမှားလို့ ငါဝေးနေတာ


စူဋ္ဌသုဘဒ္ဒါ ငါဖြစ်ခဲ့ တာ


ချစ်လွန်လွန်းလို့  ငြိုးမိရင်မှာ


နောင်ဘ၀ ထိတောင်မမေ့နိုင်ပါ


သိပ်ချစ်နေလို့  ငြိုးမိရင်မှာ


အားလုံးသိနေ ဖြေမရှိဝေဒနာ


ချစ်လွန်လွန်းလို့ 


***ငါပဲမှားတာဖြစ်မှာပါ***

 ရင်ကချစ်ခြင်း....ပေါ်လွင်လွန်းတော့.......

ကဗျာလေးမှာ အချစ်ပါတယ်....


အချစ်မှာ အလွမ်းပါတယ်..


အလွမ်းမှာ မျက်ရည်ပါတယ်.......

ချစ်ခြင်ြး
ပိုင်ရင်..ပိုချစ်တတ်သူ.....

ရင်နာကြေကွဲ....ချစ်မိသူကအပြစ်
ရှိနေတာ......

အပြစ်ဆိုရင်.....ချစ်လွန်းလို့ လေ.....


သူကိုမပေး...အပြစ်ဟူသမျှ......
ငါယူလိုက်မှာ....

***ငါပဲမှားတာဖြစ်မှာပါ။**


လူသားတိုင်းမှာ ကိုယ်ချစ်ခဲ့ တာ


ကိုယ်ကလွဲလို့  ဘယ်သူမှမသိပါ


နောင်ဘ၀မှာဆုံခဲ့ ရင်......


နောင်ဘ၀မှာ ထပ်ချစ်နေမှာထင်ပါတယ်


အတိတ်ကို တမ်းတ


လွမ်းမောစရာပြည့်နေတယ်...


မေတ္တာ သံယောဇဉ်.....


ချစ်ခြင်းပေါင်းစပ်


ချစ်မိတဲ့ လူ......


အတိတ်ဘ၀ သိသူလွမ်းနေတယ်.............*


အချစ်ဆိုတာ***.....


ပျားရည်လိုချို....ချိုတဲ့ ပျားရည်


ဓားသွားပေါ်မှာ.....အလွမ်းအဆွေး


အတွေးသံသရာ.....


ရစ်နှောင်တွယ်လို့ ...ငါလွမ်းနေတာ....


အိမ်မက်ထဲထိ....နှောင့်ယှက်နေတာ


စိတ်ကူးတိုင်းလည်း......မင်ြး
ဖစ်နေတာ..

ချစ်သူသိစေ .... မြင်ကြည့်လေနော်


ငါ့နှလုံးသားလေး....တရားဖက်လည်း


ဆုတောင်းနေတာ..မင်းအတွက်မို့ 


ငါမှားနေတာ..ငါ့အမှားပြဲဖစ်မှာ
ပါ.....

မင်းကိုလွမ်းလို့ .....


ငါမှားနေတာဖြစ်မှာပါ...........


ရင်ထဲအမြဲလွမ်းပါတယ်


တမ်းတမ်းတတ နွမ်းလျကြေကွဲ..........


ရင်ထဲအမြဲလွမ်းပါတယ်

.
လွမ်းနေရတာ...ဘယ်သူသိမလဲ
.
အမှားကင်းသူနည်းပါတယ်

နေ့စဉ်ရက်ဆက်လွမ်းနေရက်မို့ 

.
ဖော်ကွာဝေးသူသိပါတယ်

မသိပဲလဲလွမ်းမိတယ်


ရင်ဘက်ထဲမှာအလွမ်းရှိတယ်....


တမ်းတမ်းတတ......


နွမ်းလျကြေကွဲ.......


လွမ်းနေမိတာသူသိခဲ့ ရင်ကျေနပ်တယ်......


လွမ်းတတ်သူကငါပဲမို့ လို့ .......


ငါ့အမှားသာဖြစ်လိမ့်မယ်...


လွမ်းမိတာအပြစ်လား....


အပြစ်ဆိုရင်...


ရင်ထဲထိအောင်..


လှိုက်ဖိုမောလို့ ....


ရှိုက်ငိုမိမှာ.......


ငါလွမ်းမိလို့ .....



ငါပဲမှားတာဖြစ်မှာပါ........

..


သံယောဇဉ်အစစ်...တကယ်ဖြစ်...


ရှင်ခန်းဘယ်သူ......ဖြတ်နိုင်
မယ်....

လွမ်းခြင်းဘယ်သူ ကူနိုင်မယ်......


နောင်သံသရာ ...ဘ၀..ဘ၀.....


ဝဋ်ကြွေး.....ရှိတာဆပ်နေတယ်....
.

မေတ္တာ...သံယောဇဉ်....


နွယ်ပင်အလား........ကပ်နေတယ်...
...

ငါ့ရင်ထဲမှာ..နာနေတယ်....


သံယောဇဉ် ....အစစ်ဖြစ်နေတယ်.....


လွမ်းခြင်း ....ဘယ်သူကူနိုင်မယ်...........
..

ကျတဲ့ မျက်ရည်...သံယောဇဉ်မြစ်ဖြစ်ေ
နတယ်.................?ီ i ?ီ

Thursday, October 18, 2012

★★တော်လှန်ရေးသမားဆိုတာ သုံးမျိုးရှိတယ် ★★ဗိုလ်ချုပ်အောင်ဆန်း★ဒေါ်အောင်ဆန်းစုကြည်၏ပန်းချီလက်ရာ★

★ တော်လှန်ရေးသမား (၃) မျိုး ★
တော်လှန်ရေးသမားဆိုတာ သုံးမျိုးရှိတယ်။
★ ပထမတစ်မျိုးက လက်နက်ကိုင်ပြီးတိုက်ရဲတယ်၊ သတ်ရဲ၊ ဖြတ်ရဲ၊ အသေခံရဲတယ်။
★ ဒုတိယအမျိုးအစားက လက်နက်ကိုင်ပြီး မတိုက်ရဲ၊ မခိုက်ရဲ၊ မသတ်ရဲ၊ မဖြတ်ရဲဘူး၊ အသေလဲမခံရဲဘူး။ဒါပေမယ့် တစ်ရွာဝင် တစ်ရွာထွက် အပင်ပန်းခံ၊ အဆင်းရဲခံပြီး စည်းရုံးရေးလုပ်နိုင်တယ်။စားစရာရရင်စား
မရရင် မစားဘဲ ဇွဲနပဲနှင့် အငတ်ခံနိုင်တယ်။

★ တတိယအမျိုးအစားက တိုက်လဲမတိုက်ရဲ၊ အသေလဲမခံရဲ၊ အပင်ပန်း အဆင်းရဲ အငတ်အပြတ်လည်း မခံနိုင်ဘူး ခပ်ကြော့ကြော့လေးဝတ်စားပြီး ဦင်္းနှောက်သုံးပြီး တိုင်းပြည်အတွက် ဘာလုပ်ပေးရမလဲ လုပ်ပေးနိုင်တယ်ဆိုတဲ့ လူစားမျိုးဖြစ်တယ်။

★ ဗိုလ်ချုပ်အောင်ဆန်း ★
(ဦးဖေခင်၏ ကိုယ်တွေ့ပင်လုံစာအုပ်မှကောက်နုတ်ချက်)
ဒေါ်အောင်ဆန်းစုကြည်၏ပန်းချီလက်ရာ