Pages

Monday, February 28, 2011

♥ဆောင်းကြွင်းဒဏ်ရာ♥



သည်ဆောင်းဝေဒနာ ဆောင်းကြွင်းဒဏ်ရာ
ဝေဒနာတွေ နွေရဲ့သရုပ်သည်ပြယုဂ်
တိမ်လေဆော့မြူး
ရော်ဝါ ရွက်ချွေ မြေ၌ကြွေသည်
ဘယ်ဆီမျှော်မှန်း လွမ်းရမယ်
သခင်ဆော့မြူ ချစ်ခြင်လို့ချစ်
ပြစ်ချင်လို့ပြစ်ခဲ့ပြီးမှ
ဒီဒဏ်ရာ နာသတဲ့လား
သခင့်အတွက်များဆိုရင်လေ
အသဲနှလုံးကိုစတေး
ဘ၀ကိုလည်းပေးအပ်ထားတယ်
ပေးစပ်ခြင်းနဲ့ ဖြူစင်ခြင်းမှာ
သာတာနာတာ ချိန်ထိုးတွက်ချက်
မင်းမှားနေတယ် သခင်ရယ်
အချစ်ဆိုတာ သာတာနာတာ
ချိန်ထိုးတွက်ချက် ရောင်းတန်းဝင်တဲ့
သက်မဲ့ပစ္စည်းမဟုတ်ဘူးကွယ်။



Sunday, February 27, 2011

ဘယ်သူနေချင် ဘယ်သူမနေချင် စာရင်းကောက်တမ်းထုတ်ချင်တယ်

မျက်စေ့ကိုမှိတ်နားပိတ်မနေနဲ့

ရှင်ဘုရင်က သူ့တိုင်းပြည်ရွာ သာသာယာယာ  ရှိဖို့ရာကို

နေရာအနှံ စနည်းနာထွက် သူဖုန်းစားဟန်

ဇာတ်ပွဲလည်းကြည့် အရပ်သားယောင်ဆောင်

လယ်ထဲလည်းဆင်း

ထွန်ရေးလည်းငင် ဆိပ်ကမ်းနားသွား ကူလီလည်းထမ်း

ဈေးသည်ဟန်ဆောင် နေတတ်တယ်။

သူ့တိုင်းပြည်ရွာ သာယာဖို့အရေး ရှုမြင်တွေးခေါ်

အယုတ်အလတ် အမြတ်မရွေး လိုတာဖြည့်ပေး  သာယာဝပြောစေခဲ့တယ်။

အမှု့ဟန်ဆောင်  တန်စိုးလက်ဆောင် မင်းခစားကိုပေးစမ်းတယ်။

သူ့တိုင်းပြည်ရွာ လဘ်ပေးသူက ရှာမှရှားနော်....

ဘုရင်ကိုယ်တိုင် သွေးတိုးစမ်းတာ မင်းခစားများ သိကြတယ်။

သူခိုးသူဝှက် ရှိခဲ့ရင်လည်း တွေ့ရခဲလို့အပြစ်ပေးရင် ၀ိုင်းအုံကာလေ  ကြည့်ကြတယ်။

ဒီတိုင်းပြည်ရွာ သာသာယာယာ ၀ပြောစည်ပင် ဒီဘုရင်ပေါ် ကျန်းမာစေကြောင်း

ရဟန်းရှင်လူ ပြည်သူမှအစ ဆုတောင်းမေတ္တာ ပို့သတယ်။

ဒီတိုင်းပြည်လေး ရှေးယခင်လို သာယာဝပြောစေချင်တယ်။

ယခုချိန်မှာ ပုံပြင်တပုဒ်လား ပြန်ကြားသူက ဟားတိုက်ရယ် မော

ဒီလိုတိုင်းပြည် ဘယ်သူနေချင် ဘယ်သူမနေချင်

စာရင်းကောက်တမ်းထုတ်ချင်တယ်.......။။


မောင်လေးတစ်ယောက်အတွက်
ခင်မင်မှု့အမှတ်တရ လက်ဆောင်မွန်
မ..မ

Saturday, February 26, 2011

လိုသေးလားအချစ်/ခြစ်




အချစ်ဆိုတာ ဘူးသီး ခရမ်းသီးလိုပဲ

အညှာခိုင်သလောက် အခြွေခံပြီးသွားရင် ပုတ်သိုးလွယ်တယ်

ညိုးခြောက်လွယ်တယ် မှိုတက်လွယ်တယ် ...
အလှကြည့်မနေနဲ့စားစရာရှိမြန်မြန်စား

ရောချင်တာနဲ့သာရောလိုက်..
အလှကြည့်နေမိရင် အမှိုက် ရှုပ်တယ်..
ကဲ.....ခပ်သုတ်သုတ်ခူး..ခပ်သုတ်သုတ်နူး

ဒီခေတ်ကြီးမှာ

ဘူးသီးအခြောက်ခံပြီး ရေဘူးလုပ်သောက်ဖို့ကြံနေရင်

ဟေ့ရောင်...
မင်းရှုးနေလို့ပဲ..........။

သေချာမှတ်ထား .........
အချစ်ဆိုတာ မီးခြစ်နဲ့တူတယ်
မီးခြစ်ကအစ မခြစ်ပဲထားရင် အေးတယ်
ခြစ်မိတာနဲ့ ပူရော ကျောက်ကုန်တတ်တယ်
ဂက်စ်ကုန်တတ်တယ်
စပရိန်ကန်ထွက်တတ်တယ် ဘီးပြုန်းတတ်တယ်
မင်း
ကန်တော်ကြီးထဲသာခုန်ချ
ငါထိုင်ကြည့်မယ်......
အဲ့ဒီအခြစ်/ချစ်
ရေ၀င်သွား လည်းချစ်မရဘူး
မင်းတော့ အေးချမ်းသွားမှာပါ...
ဒီဘ၀ ဒီခန္ဓာကိုယ်......
ကဲ.........လိုသေးလားအချစ်/ခြစ်..........။ ။

အချစ်သက်သေ သည်ဆောင်းရင်ခွင်

်
သည်ဆောင်းရင်ခွင်
ထီးလေးမိုးကာ ချစ်သူပုံလွှာ
မျက်ဝန်းထဲမှာ စွဲလမ်းတွယ်ငြိ
သိပ်ချစ်မိတယ် ချစ်သူရယ်
ချစ်မျက်ရည်မိုး ကြင်သူသိရင် မြင်တတ်မယ်
မောင့်ကိုလွမ်းလို့ငိုနေတယ်
ပူဆွေးပုံဖော် လွမ်းလို့နော်
မျက်ဝန်းတခို ရီးလေးခိုနေ
ကျတဲ့မျက်ရည် အချစ်သက်သေ
မေလွမ်းနေတာမြင်သိလေနော်
ချစ်မျက်ရည်မိုးရွာနေတယ်........
အချစ်သက်သေပေါ့မောင်ကြည့်ကွယ်....။။

Friday, February 25, 2011

♥ဒါကဗျာပဲ ဒါစာပဲ♥

♥ဒါကဗျာပဲ ဒါစာပဲ♥
က

ကြီးလည်းလှတယ်



ပလက်လည်းလှတယ်


ဒွေးလည်းလှတယ်

င်

ငတ်သတ်လည်းလှတယ်

ဒါကဗျာပဲ

ဒါစာပေပဲ

ဒါကိုကဗျာ မဟုတ်ဘူး ဘယ်သူငြင်းမလည်း

စာမဟုတ်ဘူး ဘယ်သူငြင်းမလည်း

စာမတတ်လည်း

က



င်

ဟယ်မောင်ရယ်ကြည့်ပါအုန်း

လှလိုက်တာနော်

ဗျိုင်းလေးတွေပျံနေတာ

နော်

ကြည့်ပါအုန်း

သားလေးဆွဲထားတာ

ဟော........

ပန်ချီလေးဖြစ်သွားတာပဲ

ကဲ ဘယ်သူဘာပြောမလည်း

တတ်သူ

နပ်သူ

နှပ်သူ

ငတ်သူ

လူတစ်စုရဲ့

လူတန်းစားအတွေး

တိုက်ပွဲဝင်ပွဲ

ရှင်းနေတာလာလာရှုတ်တယ်

ဇက်ခုတ်ချင်ရဲ့

ဒီကလောင်ဒီအသွေးကို

အမယ် မင်း တတ်သလိုထင်ပေါ့

မငြင်းတဲ့ပွဲ

လက်သီးလည်းဆုတ်ရဲ့

အံလည်းကြိတ်ရဲ့

တောက်ခေါက်သံ

ငါထပ်ထည့်ချင်

လူသတ်မယ့်ပွဲ...........ညီချင်ရင်စဉ်းတီတုန်းပေါ်
လက်ငါးချောင်တင်ကာညှိကွဲ့
ညီလိုက်မယ့်ပွဲ......

မှားသလားမောင် ..........

ထပ်ငြင်းရင်ဇက်စဉ်းချင် ......
စာရေးသူ မ..မ ကိုကစာချစ်တဲ့ပွဲ
အထင်တွေ အမြင်တွေ ကွဲ လွဲတော့

ဟင်းးးးးးးးးးးးး

လူသတ်တဲ့ပွဲ

♥မတူညီသောမင်းနဲ့ငါ♥

♥မတူညီသောမင်းနဲ့ငါ♥

မင်းက၀မ်းနည်းခြင်းဆို ငါကနာကျင်ခြင်းပေါ့

မင်းကလှည့်ဖြားခြင်းဆို ငါက ဟန်ဆောင်ခြင်းပေါ့

မင်းကရယ်မောခြင်းဆို ငါကကြည်နူးခြင်းပေါ့

မင်းကငိုကြွေးခြင်းဆို ငါကကြေကွဲခြင်းပေါ့

မင်းကလွမ်းမောခြင်းဆို ငါကငိုကျွေးခြင်းပေါ့

မင်းသောကသင့်နေချိန်မှာ ငါကနှစ်သိမ့်ခြင်းပေါ့

မင်းဒေါသသင့်နေချိန် ငါကဖြောင့်ဖျခြင်းပေါ့

မင်းအားငယ်ချိန်တွေမှာ ငါကဖေးမခြင်းပေါ့

ဘေးနားကအမြဲအားပေးဖော်ဖြစ်ရှိနေမှာပါ

မင်းဖြူစင်ခြင်းဆိုငါလည်းမင်းနဲ့တူချင်တာပေါ့

မင်းကကောက်ကျစ်ခြင်းဆိုငါလည်းမင်းနဲ့မတူချင်ပါဘူး။

Wednesday, February 23, 2011

♥ငါ့ဘ၀ရဲ့လမ်းပြမီးအိမ်♥

♥ငါ့ဘ၀ရဲ့လမ်းပြမီးအိမ်♥
ငါ့ရဲ့မနက်ဖန်တိုင်းကလည်းမင်းရှိမှဖြစ်မှာမို့ပါချစ်သူ......
ငါ့ရဲ့အသက်လည်း မင်းနဲ့တူတူ ရှိနေတယ်....
ငါ့လွမ်းဆွတ်မှုတွေ..မင်းမြင်တတ်ကြည့်တတ်မှာဆို..တိမ်တွေနဲ့အတူငွေ့ရည်ဖွဲ့လို့ ...
မင်းကိုတွေ့သိချိန်မှာ လမင်းအဆင်းတစ်ရာသာတယ်..
ပန်းမိုးတွေရွာ.ချသလို.နေရောင်ချည်နုနုနဲ့အတူထွန်းလင်းတောက်ပ.ငါ့ကောင်းကင်တခုလုံး မင်းရနံနဲ့အချစ်တွေဖုံးကုန်တယ်ချစ်သူ......
လေထုပါးပါးလေးနဲ့အတူ မင်းအငွေ့အသက်တွေငါ ခံစားလိုက်ရတယ်......
ငါသေခြင်းတရားဆီ  ဦးတည်သွားနေချိန်မှာ ငါလက်ကိုမင်းဆုပ်ကိုင်ထားပေးပါ......ချစ်သူ....
မင်းရဲ့အချစ်တွေကိုငါ့ဘ၀ရဲ့နောက်ဆုံးချိန်ထိ..ငါနဲ့အတူယူဆောင်သွားချင်တယ်ချစ်သူရယ်......
ချစ်သူမင်းကငါ့ဘ၀ရဲ့လမ်းပြမီးအိမ် ငါ့ဘ၀ရဲ့ကယ်တင်ရှင် ပါ....
မင်းရဲ့အချစ်တွေကိုငါ့ဘ၀အတွက် ထာဝရသိမ်းဆည်း ပေးအပ်ထားစေ့ ချင်တယ်ချစ်သူရယ်...
မင်း အချစ်တွေမိုးနဲ့အတူရွာပြီး ငွေ့ရည်ဖွဲ့အငွေ့ပျံပျောက်ဆုံးသွားမှာငါကြောက်နေတယ်ချစ်သူရယ်.။

♥♥လေထဲကအနမ်း♥♥

Girl Images Free Image Hosting Girl Pics

အနမ်းလေးတွေ လေထဲလွင့်တော့...

ငါ့အလွမ်းလေးတွေ သက်သာတယ်....
ငါ့ပါးပြင်လေးနွေးသွားတယ်
ငါ့ရင်ခွင်လေးအေးသွားတယ်
ချစ်လိုက်ရတာချစ်သူရယ်...
လေထဲကအနမ်းလေးလွမ်းနေတယ်....
အလွမ်းပြေအောင် ထပ်တူထပ်မျှ
အနမ်းလေးတွေပို့လိုက်တယ်.......
မင်းလည်းငါ့လိုလွမ်းနေလိမ့်မယ်ထင်ပါတယ်။

“ မ ” နဲ့ မောင် ချစ်စကား လှလှပြောကြားခြင်း

“ မ ” ခဏခဏမပြုံးနဲ့နော် မ ပြုံးလိုက်တိုင်းပန်းတွေပွင့်ကုန်လို့ပါ ....။
“ မ ” ခဏခဏမပြုံးနဲ့နော်

မ ပြုံးလိုက်တိုင်းပန်းတွေပွင့်ကုန်လို့ပါ ....။
“ မ ” တိုးတိုးလေးပဲ ရယ်ပါလား ...
မ ရယ်လိုက်တိုင်း ကျေးငှက်လေးတွေ
ငိုင်သွားကြလို့ပါ ...။
“ မ ” မငိုနဲ့နော်
မ ငိုလိုက်ရင် မိုးတွေ တိတ်သွားမှာ စိုးတယ်
“ မ ” အမြဲ ငြိမ်ငြိမ်လေး နေပါလားဟင် !!!!
စိတ္တှဇ အထူးကုက ပြောထားလို့ပါ
နောက်တပတ်ဆို
ဆေးရုံးက ဆင်းလို့ရပြီတဲ့ ... ။ ( ဟိ )

ချစ်သူနာမည်က “ မ ” တဲ့ ..။
လမ်းလျောက်ရင်အမြဲတမ်းစကတ်လေးကိုမ မ နေလို့လေ ..သူ့ကို “ မ ” လို့ပဲ ခေါ်တယ် ။
မှတ်မှတ်ရရ လေးတန်းအစိုးရစစ် နောက်ဆုံးရက် ..သချာင်္တွေတွတ်နေတုန်း
မိုးဖွဲတွေကျနေတဲ့အချိန်မှာပေါ့
“ မ ” က မြက်ခင်းစိမ်းတွေပေါ်ဖြတ်ပြီး ဖွဖွလေးပြေးလာတယ်
ထုံစံအတိုင်းစကတ်လေးကို မ လို့ လေ ..
အနားရောက်တော့ ပြောလိုက်တဲ့စကားကြောင့် ရင်တစ်ခုလုံးဗြောင်းဆန်သွားပါရောလား ...
“ နင့်ကိုငါ ပြချင်လို့ ” တဲ့ ။
အဲဒီအချိန် အိမ်မှာကလဲ တစ်ယောက်တည်းမဟုတ်လား
ကြောက်တာပေါ့ .. ရင်လဲခုန်တယ် ၊
စက်ဘီးတူတူ စီးခဲ့ကြတုန်းကတော့ ရင်ခုန်ပါဘူး ( တခြားဟာတွေပဲ ခုန်တာပေါ့ ) ဟီး
ဒီလိုနဲ့ “ မ ” က ဘေးဘီကိုကြည့်ပြီး အနွေးထည်ကိုချွတ်တယ် ။
“ ဟိုက် ” ။
ဒါက ရင်ထဲက အော်လိုက်တဲ့အသံပါ ၊ ပါးစပ်ကတော့ထွက်မလားဘူး ၊
ခေါင်းကိုတော့ ငုံ့ထားမိတယ် ၊
မ ကတိုးတိုးလေး ကပ်ပြောတယ် ။
“ ဒီမှာကြည့် ” ..။
မဝံ့မရဲနဲ့မျက်လုံးလေးပင့်ကြည့်လိုက်တော့ “ မ ” ရဲ့လက်ထဲမှာ စာရွက်လေးတစ်ရွက် ။
“ အဲ ဒီထဲက အပုဒ်တွေ အကုန်ကြည့်ထား ” ဆိုပြီး စာရွက်ကိုလက်ထဲထည့်တယ်
ပြီးတော့ မိုးဖွဲတွေအောက်
ပြန်ထွက်ပြေးသွားတယ်လေ ..။
အော် ဟုတ်သားပဲ နက်ဖြန်သချာင်္ဖြေရမှာပဲ .
ငါဘာတွေတွေးမိပါလိမ့်ဆိုပြီး ရှက်နေမိတယ်
တစ်ကယ်ဆိုရင် လေးတန်းနှစ်ကတည်းက “ မ ” ကိုဆိတ်ဝင်စားတာပါ ၊
တစ်ခါတလေ မကတော့မောင်းထုတ်တာပေါ့ ၊
အခုတော့လဲ ကြီးပါပြီ “ မ ”ရယ် ( အသက်ပြောတာ ) ။
“ ခြစ်တယ်လို့ ” ပြောရမယ့် အရွယ်မှ မဟုတ်တာ ၊
ဒါပေမယ့် အတူတူသွားကြရအောင်နော် .. ( ဘိုးဘွားရိပ့်သာ ) ။
“ မ ” ချက်တတ်လားဟင် ... ( ဘူးသီးဟင်းချို )
ခြစ်စကားမပြောတတ်ခဲ့တော့လဲ အခုတော့ အုန်းနို့ခေါက်ဆွဲဝယ်စားနေရဆဲပါ ... ။
ပရဟိတလုပ်ငန်းတွေနဲ့ ပျော်မွေ့နေတဲ့မကို “ သာဓု ”ခေါ်ပါတယ် ။
“ အားလုံးကြားကြားသမျှ သာဓု သာဓု သာဓု ယူတော်မူကြပါခင်ဗျား ” ။
“ မ ” မချစ်မှန်းသိရက်နဲ့ မ ကိုချစ်နေတဲ့သူတစ်ယောက်ပါ
မ က ချစ်သူနဲ့ ချက်တင်ထိုင်နေတယ်ဆိုလို့ မရဲ့ မီးစိမ်းလေးကိုကြည့်ပြီး
ထိုင်စောင့်နေခဲ့တယ်
မငိုပေမယ့် မျက်ရည်တော့ ကျသွားတာပေါ့ ..
“ အိပ့်တော့မယ် နော် တာ့တာ့ ” ဆိုတဲ့နှုတ်ဆက်သံလေးနဲ့ အငိုတိတ်ခဲ့ရတဲ့
မိုးတွင်းတွေ များနေပြီ
ရာသီတိုင်းမှာ မိုးရွာတတ်သလား မမ ..။
“ မ ” မ ချစ်သူရဲ့စာမျက်နှာကို သွားကြည့်တိုင်း မျက်လုံးထဲမှာ
မိုးရွာပေမယ့် နေ့စဉ်သွားကြည့်မြဲပါ ၊ မ
ပေးထားတဲ့ကွန်မန်းလေးတွေကိုကြည့်ရင်း မရဲ့ချစ်သူကို အားကျမိတယ် . ။
“ မ ” တို့ချစ်ခရီး ဖြောင့်ဖြူးပါစေလို့ မုဒိတာ ပွားရမယ့်အစား မ တို့
နှစ်ယောက်ပွဲလန့်ပြီး ကွဲသွားကျရင်
ငါ ဖြာခင်းမယ်ဆိုတဲ့ စိတ်ကလေးနဲ့ စောင့်နေမယ်နော် ..နော် .. နော် ... ။
( တောက် .... ငါကွာ ပထမတော့ရေးထားတာ ဟုတ်မလိုလိုနဲ့ နောက်ပိုင်းကျမှာ
ဇာတိက ပေါ်လာတယ် ဟီး ဟီး )ဟ ဟ

“ မ ” ခဏခဏ ပြုံးလိုက်တိုင်းပန်းတွေပွင့်.
“ မ ” ရယ်လိုက်တိုင်း ကျေးငှက်လေးတွေငိုင်
်“ မ ” ငိုလိုက်ရင် မိုးတွေ တိတ်သွားမှာ

  အမြဲ ငြိမ်ငြိမ်လေး နေပါလားဟင် !!!!
စိတ္တှဇ အထူးကုက ပြောထားလို့ပါ
နောက်တပတ်ဆို ဆေးရုံးက ဆင်းလို့ရပြီတဲ့လားကွယ်
သနားလိုက်တာမောင်လေးရယ်
 မင်းစိတ်မင်းအရိပ်
 မင်းဘ၀င်  မင်းနှလုံးဘယ်လိုကုရပါ့

ကုရာနတ္ထိဆေးမရှိ   တွေ့သမျှအရာမြင်သမျှ
 “ မ ”မှ“ မ ”ဖြစ်နေပေါ့
သည်းချေပျက်တဲ့ထိဖြစ်နေတော့ခက်ပါပေါ့
လူနာလာမေးမိကာမှ ပိုဆိုးသွားတယ်ထင်တယ်နော်....;(

မ..မ..... စိတ်တိုရင် စကပ်တိုတိုကိုဝတ်ပြီး `` မ´´
လမ်းလျှောက်တတ်တယ် စိတ်တိုတို နဲ့လေသိလား ရှေ့တည့်တည့်က
 ရှိတဲ့ပစ္စည်းတွေ ကိုလဲ ပိတ်ကန်တတ်သေးတယ်
 နဖူးစာ လိုေ၇းထားတော့ နဖူးထိရင်တော့


ဖူးစာဖြစ်မယ်ထင်တယ်နော်.........

``မ´´လမ်းလျှောက်ထွက်ရင်သတိထားရှောင်ပေါ့
တွေ့တာပိတ်ကန်လို့ နဖူးထိရင်ဖူးစာရှင်ပဲနော်

ရှေ့ကနေ ``မ´´ လမ်းလျှောက်ရင်လွတ်အောင်းဘေးဖယ်နော်
ချစ်သူ ဖြစ်လာရင်တော့ ချက်ကြွေးမှာပေါ့ (ပဒိုင်းသီးဟင်းချို)
အင်း အလှုဇယားတော့ဆင်းတယ်နော် အကြူဇယားတော့......လှုမလားဝေ........;P
သာဓု သာဓု သာဓုခေါ်ပါတယ်နော်...တူတူပေါ့ကြားကြားသမျှ............အမျှ အမျှ အမျှပေါ့
"မ" ချစ်သူ စာမျက်နှာ မ မေ့နေတယ် ဘယ်နားမှာလဲဟင်....
အိပ်တော့မယ်တာတာ့မပြောလို့ မအိပ်သေးဘူး စောင့်နေနော်လို့ ပြောရမလား....
နေ့လည်းမအိပ် ညလည်းမအိပ် မင်းရှုးနေလား ..............
မမေးဘူးလို့နော်....
မုဒိတာပွားတော့ကောင်၏ ကုသိုလ်ဖြစ်တာပေါ့..........;P


“ မ ” တို့ချစ်ခရီး ဖြောင့်ဖြူးပါစေ ဆိုတော့
သူကလမ်းတံတားပြင်ပေးတဲ့ ဖက်ကလား...........;D


စောင့်နေလက်စနဲ့ဆက်စောင့်ပေါ့ စိတ်ရှေသီးခံ ......ခြင်းသည်..အောင်မြင်ရာ၏တဲ့

စောင့်........နေနော်.....................နေနော်.........နေနော်.............နေနော်

ညလဲမအိပ်နဲ့ နေ့လဲမအိပ်နဲ့

ရူးတော့မှာပဲ............

ပြောဘူးနော်.......;P



လေးတန်းနှစ်ကတည်းက “ မ ” ကိုချစ်လာတာဆိုတော့လဲ အရာရာကို ခုထိမှတ်မိသေးတယ်မရယ် ..
အချစ်ဦးဆိုတဲ့ အတိုင်းပါပဲ အရာရာမနေ့ကလိုပါပဲ ..
မှတ်မိမလား ..
လေးတန်းအစိုးရစစ်တွေဖြေပြီးတော့ ဒီဇင်ဘာမနက်ခင်းတွေမှာ စောစောထပြီး
အပြေးလေ့ကျင့်ကြတာတွေလေ ...
မ .က ချမ်းတယ်ပြောတော့ အိမ်ကစောင်ကို ကြွတ်ကြွတ်အိပ့်နဲ့ထုပ်ယူလာပြီးပေးလို့
မ က မျက်စောင်းထိုးခဲ့တယ် ၊ ကတယ်ဖြစ်သင့်တာက ကိုရီးယားကားထဲကလို ကို့အနွေးထည်ကို
ချွတ်ပြီး မ ကိုခြုံပေးရမယ် ပြီးရင် မ ကိုဖက်ထားရမယ် ၊
အဲလိုဖြစ်သင့်တယ်ဆိုတာ အခုမှ တွေးမိတယ် ၊ နာတယ်ကွာဆိုပြီး vcd
ခွေလိုနောက်ပြန်ရစ်လို့မှ မရတော့တာ ပြီးခဲ့ပါပြီ မရယ် ...
ရင်ထဲမှာချစ်တတ်လာတဲ့ လေးတန်းကျောင်းသားလေးအတွေးနဲ့ ကဗျာလေးတစ်ပုဒ်ရေးပြီး
မ ..ကို ပေးခဲ့တယ် ၊ မ ကလဲ ကြောက်ကြောက်နဲ့ လူကြီးတွေ မသိအောင်
စာကိုရင်ဖုံးအဂျီထဲထည့်ပြီး အိမ်သာထဲမှာ ခိုးဖတ်တာ ခုထိသတိရနေသေးတယ် ။
အဲ ဒီကဗျာလေးကြောင့်ပဲ မ နဲ့ဝေးခဲ့ ကွဲံခဲ့ကြတာပါ ။
လွမ်းရေးထက် ဝမ်းရေးခက်တယ်ဆိုတာကို ယုံကြည်လိုက်ပါပြီ ...။
နှင်းဖွဲဖွဲကျနေတဲ့ ဒီဇင်ဘာမနက်ခင်းတစ်ခု ရဲ့ မြေနီလမ်းဘေးမှာ ဇာတ်လမ်းက
စခဲ့တာပါ ...
ချိန်းထားတဲ့နေရာကို အမြဲနောက်ကျမှ ရောက်တတ်လို့် မ ဆူတာကိုလဲ
အကြိမ်ကြိမ်ခံခဲ့ရတယ် ဒါတောင်အဲဒီနေ့က နောက်ကျမှ ထလို့ မျက်နှာသစ်ပြီး
toiled မသွားခဲ့ရဘူး ၊ ချိန်းထားတဲ့ဆီကမန်းကတန်းလစ်ခဲ့ရတယ် . ၊
ဖြစ်ချင်တော့ အဲဒီနေ့မှာ မ ကလဲ မေ၇ာက်သေးဘူးလေ
ဗိုက်ထဲမှာ နာတာတာ ဖြစ်လာတာနဲ့ မြေနီလမ်းဘေးက ခြုံစပ်ကို မျက်စိရောက်သွားတယ်
အိမ်ပြန်ပြေးဖို့ကလဲ လမ်းမှာတင်ထွက်ကျမယ့် ကိုယ့်ဝမ်းနာ ကိုသာသိမို့
ခြူံစပ်ကိုပဲ ရွေးချယ်လိုက်တာပါ ..
တောင်ဂမူဘေးက ခြုံစပ်လဲဖြစ်ပြန် အချိန်ကလဲ စောသေးလို့ မှောင်နေတာနဲ့
ခြုံထဲထိ သိပ့်တိုးမဝင်ရဲဘူးလေ မရယ် ... ။
အစပ်နားတင်ပဲ ကိစ မြန်မြန်ရှင်းလိုက်၇တယ် ။
ကိစ္စက မပြီးသေးဘူး “ မ ” တို့ရဲ့အဖေပြောထားတာကို သွားသတိရမိတယ် ၊
“ အဲဒီဂမူနားမှာ သရဲခြောက်တယ်ကွ ၊ ဂျပန်အလောင်းတွေ မြှုတ်ထားတာ ၊
သွားမဆော့ကြနဲ့နော့ ” ။
တွေးမိတော့ ကြောထဲမှာ စိပ့်ကနဲ့ဖြစ်သွားတယ် ။
ကြောက်စိတ်ကဝင်လာတော့ ဝမ်းက ရပ်သွားရော ၊ ကိစ္စရှင်းမယ်လုပ်တော့ စက္ကူကိုသွားသတိရတယ်
ဟိုစမ်း ဒီစမ်းနဲ့ မျက်လုံးက ဗီးစပ်ရွက်ကိုင်းခြောက်ကိုစမ်းမိလိုက်တယ်လေ
ခြုံထဲမှာဆိုတော့ ဝင်ချိုးဖို့ ရှေ့ကိုအတိုး ခြုံထဲက “
ဗျစ်စ်စ်စစ်စ်စ်စ်စ် ” ဆိုတဲ့ အသံရှည်ကြီး
ကြားလိုက်လို့ “ အမငှေးးးးးးးးးးးး ” ဆိုပြီး ခြေဦးတည့်ရာပြေးခဲ့ရတယ် ၊
မနက်စောစော သရဲခြောက်ခံရဘူးတာ ဒါပထမဆုံးအကြိမ်ပါ ..။
အဲဒီနေ့က ဒီဇင်ဘာမနက်ခင်းဟာ ချွေးတွေနဲ့ပေါ့ ။
နေ့လည်ပိုင်းကျတော့ သူငယ်ချင်းတစ်ယောက်ကိုခေါ်ပြီး
အဲဒီသရဲခြောက်တဲ့နေရာကို သွားကြည့်ခဲ့ကြတယ် ၊ မနက်ခင်းက ကို့ဟာလေးကိုတော့
လောလောလတ်လတ်တွေ့ပါ့ ၊
ဒါပေမယ့် ကိုယ်စိတ်ဝင်စားတာက “ ဗျစ်စ်စ်စ်စ်စ်စ်စ်စ် ” ဆိုတဲ့အသံကြီးလာရာဆီပါ ၊
မရဲတရဲနဲ့ခြုံလေးကိုဖြဲကြည့်ဝင်ကြည့်တော့ တွေ့ပါပြီကောာာာာာာာာာ ကိုယ်လိုပဲ
လောလောလတ်လတ် အီးအီးပုံလေးပါ ။ အခုမှပဲ ရင်ထဲက အလုံးကြီးကျသွားတော့တယ်
၊ အော် ငါသရဲခြောက်ခံရတာမှမဟုတ်တာ၊
ငါလိုပဲ ကိစ္စရှင်းတဲ့သူဖြစ်မှာပေါ့လေ ... ၊ဆိုပြီးတွေးဖြေရတယ် ၊
အတွေးက မဆုံးသေးဘူး မျက်လုံးက ကိစ္စရှင်းထားတဲစက္ကူလေးဆီကိုရောက်သွားတယ်
မြင်ဖူးပါတယ် မြင်ဖူးပါတယ်နဲ့ သေချာကြည့်လိုက်တော့ ....
“ အလို ငါ မ ကိုပေးထားတဲ့ကဗျာ စာရွက်လေးပါလား ဒါဆို ...ဒါဆို.... ” . ။
အဲဒီနေ့ကစပြီး သိလိုက်ပါပြီမရယ်
။ မ ဘယ်လိုတန်ဖိုးထားတယ်မထားဘုးဆိုတာကို နားလည်လိုက်ပါပြီ ။
ရက်စက်ပါဘိမရယ် ။
အနော့်ကဗျာစာရွက်ကိုမှ အီးအီးကုန်းရတယ်လို့
ရက်စက်ပါဘိတောင်း ။

အော်......မောင်လေးရယ်......

မငိုပါနဲ့ပြိတ္တာ မျက်ရည်မြေ မကျကောင်းတဲ့နော်......းD
မ..ဖေဖေက အရေးပေါ် ပေးစမ်းရှိတာဆိုတော့
မလည်းကြောက်လန့်တကြား ပေးလိုက်မိတာလေ.....

လက်ဆုတ် လက်ကိုင် ပေးစ၇ာကလည်း

မင်းပေးထားတဲ့ စာရွက်ပဲရှိတယ်လေ
ရေးမိရေးရာရေးထားတယ်ထင်ပြီး

ပေးမိပေးရာပေးလိုက်တာပါ။
စိတ်ဆိုးရင် ထိပ်ထိုးတဲ့
ရှေ့နားတိုး ခဲ့ထိုးချလိုက်မယ်..။
၃လုံးထီ ၂လုံးထီ ၁လုံးထီ
ဒါဆိုမင်းးးးငိုမယ်... (ရှိတာကုန်လို့:P)နှိပ်စက်နည်းတမျိုးပေါ့





အော် ... ဂလိုလား ထင်တော့ထင်သား
ဒါကြောင့် အရွယ်အစားကိုကြည့်တော့ တော်တော်ထွားနေတာ
ဒါ မ ဟာတော့ မဖြစ်နိုင်ဘူး ဖြစ်နိုင်တယ် ဆုံးဖြတ်မရတာကို စာရွက်လေးပဲ
ဆုံးဖြတ်ပေးလိုက်တာလေ .. ခုတော့ မှားပါပကောလားးးးးးးးးး
ကဲ ကဲ အချိန်ရှိပါသေးတယ် ။
တစ်က ပြန်စရအောင်နော် ... မ ... ။( ဟိ )
“ မ ”

မ ကို မရဲ့အိမ်က သဘောတူတဲ့သူတွေနဲ့ မ လက်ခံလိုက်လို့
ကျနော် အသဲကွဲတာကိုတောင် ဟန်ဆောင်စွာနေလိုက်မယ်
“ မ ” ကို အဲလောက်ထိချစ်လို့ပါ ၊ အခြေအနေရ မ လက်ခံလိုက်ရတယ်
သိတယ် ၊ ကျနော်အသဲကွဲနေတာ မ သိရင် မ လဲ ဝမ်းနည်းရမယ်မဟုတ်လား
ကျနော် ဝမ်းနည်းဘူးလို့ သဘောထားပြီး မ လက်ခံလိုက်ပါနော် ...

အော်ခက်ပေါ့ အဲ့လောက်ချစ်တတ်မှန်မသိခဲ့ဘူးးးးးးးးး မောင့်လောက်ချစ်သူ နောက်တယောက်မရှိနိုင်ပါဖူး မောင့်ထက်ချစ်သူ နောက်တယောက်ရှိနိုင်ပါဖူး (ဘယ်ရှိမလဲသူတယောက်ထဲပဲငါ့လာချစ်တာကိုးးးP)
သနားလိုက်တာ......အသဲကွဲတာ အသံမကြားလိုက်ဖူး
ဝမ်းမနည်းဘူးဆိုပြီး သူပြောနေတာ...ဒါသူအမှန်ပြောတာနေမှာ(စာထဲမှာဖတ်ကောင်းအောင်ရေးနေတာငါသိတယ်)
သနားတယ်မောင်လေးရယ်.....တကယ်ပါမညာတတ်ဖူးနော်
အိမ်ကတော့ ငွေရော ရွှေရော ဒေါ်လာရော ကားရော တိုက်ရော
ပါတော့သဘောတူတာပါ။
``မ´´
ရောတာတွေများသွားလားသိဖူးနော်.........;(

Tuesday, February 22, 2011

ူအတ္တမျက်နှာမူရာ လမ်းလျှောက်နေသူများ

ဒဏ်ရာဟာ သူကိုယ်နဲ့သူ အလိုက်သင့်ရွေ့လျှောနေတယ်.....
ကောင်းကင်မြေကြီးကြားက ပုံဆောင်အတ္တခဲများ.မီးလောင်ကျွမ်းနေကြတယ်.....
အနာတရကကွက်တွေ ကရတာများတော့ နှလုံးသားတွေ  အဆိပ်သင့်နေကြတယ်.....
မြေကြီးကလည်း မညည်းညူပါဘူး....ကောင်းကင်ကလည်း  မပင်ပမ်းဘူး....
မောပမ်းမှု   ပျော်ရွှင်မှု အလဲအထပ်လုပ်ရင်း လမ်းလျှောက်နေကြတယ်..
ဆာလောင်နေသူလူတစ်စု  .ဟန်လုပ်ကာစားနေသူတွေ  မညီမျှဘူးးးးး
လောကမုန်တိုင်းကလည်း  ကွက်ကြားမိုးနဲ့ အတူ  သားသတ်သမားပါ ခေါ်ခေါ်လာတတ်တယ်......
ဒိတ်အောက်စွန့်ပြစ်ပစ္စည်းတွေ.လူသုံးများလာတယ်....
ကြယ်ကြွေကိုမှန်း တောင်းဆုပြုမိနေတယ်..
အမည်မဖော်လိုသူ လူတစ်စုကြောင့် သန္ဓေသွေးစုလေးများ ဥခွံထဲတင် ပျောက်ပျက်ကုန်တယ်...
ကောင်းကင်နဲ့မြေကြီးကြား လှည့်ကွက်တွေ များများလာတယ်...
ကမ္ဘာကြီးပိုပူလာတယ်...အတိုအပြတ်ဝတ်မှအဆင်ပြေနိုင်မှာ..........
စိတ်အစာကျွေးရင်း အစာပြေ နီးရာမုန့်နိုက်စားနေကြတယ်...
မှုခင်းတွေပိုများလာတယ်..နိုက်ကလပ်တွေပေါလာတယ်
အကြောအချဉ်လျှော့စရာ..စင်တင်နဲ့မာဆပ်ရှိတယ်
ဝိုင်းကြီးပတ်ပတ်ကနေတာလဲဒီလူဒီလူပဲ  လူမပြောင်းသရွှေ့ခေါင်းမူးလာတာအဖတ်တင်တယ်
အဖတ်တင်တယ်ဆိုလို့အဖတ်မှဆယ်လို့ရပါမလားရေလုံပြုတ်များနေတယ်...
လူကတော့စည်ပါတယ်  မစည်ကားအပ်တဲ့နေရာတွေမှာ
လမ်းစမ်းလျှောက်တတ်စထဲက အတ္တမျက်နှာမူရာ လျှောက်နေကြတာ

ကံဆိုးသူကတော့မုန့်ဝေတာမပါဘူး ဒုတ်ဝေတော့ပါတယ်......
အင်းးးးးး
အောက်ကိုမကြည့်မိဘူးးးထင်တယ် ခလုတ်တစ်ချက်မှားရင် ချောက်နက်တယ် မိုက်တွင်းနက်ရင် တွင်းထဲက မတက်နိုင်ဘူး မိုက်တယ်ဆိုတာမှ မဲမှောင်နက်နေတာပေါ့

ဒါအမှန်မဟုတ်ဖူးးးထင်ရင် လူကြီးမင်းများ လက်ခုပ်လက်ဝါးတီးလိုက်ပါ....
အားပေးလိုက်ကြပါ.......ငါဆိုတဲ့အတ္တရှိနေသေးသမျှပေါ့............

ူအတ္တမျက်နှာမူရာ လမ်းလျှောက်နေသူများ

. 

Monday, February 21, 2011

♥အွန်လိုင်းပေါ်ချစ်♥အွန်လိုင်းပေါ်ကွဲ♥ထုတ်တိုးတမ်း ကစားတဲ့ပွဲ♥ဘယ်သူပါမလဲ

အွန်လိုင်းပေါ်ချစ်..အွန်လိုင်းပေါ်ကွဲ
အွန်လိုင်းပေါ်ချစ်....အွန်လိုင်းပေါ်ညား
နှလုံးသားချင်း တိုက်ရိုက်ဆက်သွယ်ထား


အွန်လိုင်းအချစ် အပူမရှာပါ
ထမင်းရေချောင်းစည်း ထုတ်တိုးတမ်း ကစားတဲ့ပွဲ

လဲရှင်လည်းလဲမယ် ကွဲချင်လည်းကွဲမယ်

နိုင်တယ်ရှုံးတယ် ပဓါနမထား

အားစကားစိတ်ဓါတ်လေးပဲရှိပါ။

ချစ်တတ်တဲ့ စိတ်လေးနဲ့ကြည့်ပါ။

မညားခင်ကွဲတာ ၀မ်းသာပါ။

ပွဲမ၀င်ခင် အပြင်ကကျင်းပ

စိတ်ထားသာအဓိက.........။

လဲသူလဲ ကွဲသူကွဲ

တကယ်ညားရင် ဒီလိုဆို ဒုက္ခပဲ

စောစောစီးစီး သိလိုက်ရတာ

ဇာတ်သိမ်းကောင်းတဲ့အဖြစ်ပဲ
ဘယ်သံသရာမှ မှတ်မှာ လည်း

နှလုံးသားလေးတွေ ဖျတ်ဖျတ်ခါတဲ့ vzo ဖားတစ်ပိုင်း ငါးတစ်ပိုင်း ဗီဇက်အို



vzo
ဗီဇက်အို
ဆိုတာဘေးနားက ရှိတဲ့သူကိုအကူအညီတောင်းပြီး ခဏ ထိုင်ခိုင်းလို့ရတယ်
သူငယ်ချင်းကိုခေါ် ခဏ ထိုင်းခိုင်းလို့ရတယ်
အပြင်မှာလည်း သူငယ်ချင်းကို ခဏလိုက်တွေ့ပေးပါဆို
ခေါ်လို့ရတယ် အကောင့်ထဲက ကိုယ်ပြောတဲ့လူနဲ့ဗီဇက်အိုထဲကလူ လွဲတတ်တယ်
အပြင်မှာ ကိုယ်စား ကိုယ်ပွားး ခဏငှားလို့ရပါတယ်
နောက်မှ သဘောမကျရင် နင့်ကို ငါမတွေ့ချင်ပါဘူး
နင်ငါ့ နောက်ထပ် မဆက်သွယ်ပါနဲ့ဆိုတာ ဖြစ်တတ်ပါတယ်
ဒါကြောင့် ဗီဇက်အိုကိုလည်းယုံကြည်လို့မရပါ။
အငှားခန္ဓာ ဆောင်တတ်ကြပါတယ်။
လူစား လဲလှယ်တတ်ကြပါတယ်။
ကိုယ်ကတော့ မြင်တဲ့ပုံလေးစွဲလမ်း စိတ်ကူးယဉ် အတွေးထဲမှာတောင် မြူး
 ကြည်ကြည် နူးနူးပေါ့ ရင်တွေခုန် နှလုံးသားလေးတွေ ဖျတ်ဖျတ်ခါပေါ့

ဒါပေမဲ့ အပြင်မှာတွေ့တော့ ကြာရှည် ကျတော့ ဟန်ဆောင်သူက တစ်ကယ်
ရေရှည် ကျတော့ သူဆက်ပြီး ဟန်ဆောင်မထားနိုင်တော့ပါဘူး။
ဆက်ပြီးဟန်ဆောင်နေရင်လည်း သူနဲ့ကိုယ်ကြား သံယောဇဉ်ကြောင့်ခိုင်မြဲလာတာပါပဲ
အဲ့လိုလေး ဖြစ်တတ်ကြပါတယ်။
ဗီဇက်အို ကြည့်ချင်သော ကိုကို မောင်မောင် မမ ညီမတို့ သတိထားသင့်ပါတယ်။
ကိုယ့်ပုံကိုယ်တင်တယ်ဆိုလည်း....
စိတ်ဓာတ် အောက်တန်း ကျတဲ့လူ လက်ဆော့တဲ့သူက
ဖားတစ်ပိုင်း ငါးတစ်ပိုင်းဆက်စပ် သလို
ပြုပြင် ပြောင်းလည်းတတ်ပါတယ်
အပေါ်မျက်နှာလေးကတော့ ကိုယ်ပုံပေါ့
အောက်ကတော့ ကိုယ်လုံးကို မမြင်အပ်တာ ပြင်ထားတတ်ကြပါတယ်

ဖေခ့်ဘွတ်ခ် တို့ နင်းဆိုဒ်တို့ ဆိုဒ်တွေထဲမှာ လည်း မိမိပုံတွေတင်ထားရင် ယူတတ်ပါတယ်…..
မကောင်းတဲ့ ညစ်ညမ်းပုံ ၀ဒ်ဆိုဒ် တည်ထောင်သူက သူဆို့ဝဒ်ဆိုဒ်တွေမှာထည့်ပြီးအသုံးချတတ်ပါတယ်….. ။
ဒါကြောင်းအင်တာနက်ဟာ
သုံးတတ်ရင် ကိစ္စမရှိပါဘူး မဖြစ်သင့်တာ မဖြစ်ရအောင် ရှောင်ရှားတတ်ရင် အကောင်းဆုံးပေါ့။

ဒါဗီဇက်အို အကြောင်းလိုရင်းတိုရှင်းရေးပေးတာ
သတင်းစာဟောင်း မှ ယခင် ဖတ်ခဲ့မိသော သိထားသင့်စရာ
အမျိုးသမီး တစ်ယောက်ကအင်တာနက်သုံးရင်း
သူ့အကောင့်ထဲမှ လူတစ်ယောက်နှင့် သူခင်မင်မိတော့ မိတ်ဆွေဖြစ်ပြီး
 အွန်လိုင်းပေါ် ဗီဇက်အိုဖွင့်ပြောတာပေါ့ တစ်ဖက်က ပုံတွေရိုက်ပြီး
ဖြတ်ဆက်တွေလုပ် ငွေညစ်တာလေ သူ့အမျိုးသားကိုပြမယ်ဆိုပြီး
နောက်ဆုံး ရဲစခန်း ရောက်ရတယ့်
သတင်းစာမှာ ပါတယ်နော် သူ့အမျိုးသားနိုင်ငံခြားမှာနေတယ်
အတွေ့အကြုံ နည်းသေးတဲ့သူတွေ သိသင့်တယ်ထင်လို့
ရေးသားတင်ပြခြင်းဖြစ်ပါတယ်..နော်
စေတနာဝေဖြာလျှက် .
....မ..မ........

Sunday, February 20, 2011

ချစ်မမတစ်ယောက်ဖတ်ဖို့ ရာ အဲ့ဒီ မမကလည်း ပြန်ပြောထားတယ်

" ချစ်မမတစ်ယောက်ဖတ်ဖို့ ရာ "


(( မမအတွက် ))

=========



ကျွန်တော် မမနဲ့ နီးရအောင် ဆိုပြီး နတ်ကန္နားပေးဖို့ ပိုက်ဆံ စုနေပါတယ်မမ။

အလှည့်ကျရင် မမတို့ လမ်းထိပ်က မီးကင်းမှာ ကျအောင် ဆယ်အိမ်မှုးနဲ့

ရပ်ကွက်လူကြီးကိုလည်း ဖာလူဒါ တစ်ယောက်တစ်ခွက် တိုက်ထားပါတယ်မမ။ မမနဲ့

နီးဖို့ဆိုပြီး ယတြာချေပေးတဲ့ ဗေဒင်ဆရာကိုတော့ ချောင်းရိုက်ဖို့

ဝါးရင်းတုတ် ကောက်ထားပါတယ် မမ။ အနီးစပ်ဆုံး ဆိုလို့ တမြန်နှစ်

မိုးတွင်းတုန်းက မမစီးတဲ့ကား ကျွန်တော့်အနားက ဖြတ်သွားတုန်း ပုဆိုးကို

ဗွက်စင်သွားတာပဲ ရှိပါသေးတယ် မမရယ်။



နွေညတွေမှာဆို အသုဘ ယပ်တောင်လို အေးချမ်းမှု ပေးနိုင်တဲ့ မမအပြုံးလေးကို သတိရမိတယ်။

ငယ်ငယ်ကတည်းက ကျောင်းဝမှာရောင်းတဲ့ ပြောင်းဖူးပြုတ် ဝယ်စားတိုင်း မမရဲ့

သွားလေးတွေကို မြင်ယောင်တယ်။ ကျောင်းကားဆရာ ဦးလေးကြီး ကွမ်းချိုးတက်နေတဲ့

သွားတွေနဲ့ ပြုံးပြတိုင်း မမရဲ့ သွားလေးတွေ ဒီလိုမဟုတ်ပါလား

လို့မြင်ယောင်ပြန်တယ်။ မမဟာ ကျွန်တော့်ရင်ထဲ အမြဲရှိပါတယ်။ ဒီနေ့

ကြက်သားအာလူး ချက်တာတောင် မမအတွက်ဆိုပြီး ကျွန်တော် အာလူးတစ်လုံး

ချန်ထားမိတယ်...



မမနဲ့ နီးဖို့ ကျွန်တော် အဆင့်မြင့်တဲ့ ဘဝကို တက်လှမ်းနိုင်အောင်၊
သူငယ်ချင်းတွေရဲ့ ရွာကို

လိုက်လည်တိုင်း ထန်းပင်တက် သင်နေပါတယ် မမ။ တကယ်တော့ ဟိုး မိုးပေါ်

လေယဉ်ပျံထဲက ခြေသုတ်ဖုံလို မမရဲ့ ဘဝဟာ မဟာအဝီစိ ငရဲ အောက်ဆုံးမှာ ဒေဝဒတ်

ဖင်ခုထိုင်တဲ့ ခွေးခြေခုံလို ကျွန်တော့် ဘဝက လက်လှမ်း မမီနိုင်အောင်

မြင့်မားလှပါတယ်ဗျာ။ စွဲလန်း တတ်လိုက်ပုံများ မမကို လွမ်းလို့

ကိုရီးယားကား မကြည့်ဖြစ်တာတောင် သုံးရက်ရှိပြီပေါ့။



အိပ်မက်တွေများ ဆန်းလိုက်တာ။ ညက ကျွန်တော် နဲ့ မမနဲ့ လူတစ်အုပ်နဲ့
ကုလားကားထဲကလို ကကြတယ်တဲ့။

မမ ဆာရီများ လေထဲ လွင့်နေလိုက်တာ လွှားခနဲ လွှားခနဲပဲ။ မမနဲ့ ကျွန်တော် နှစ်ယောက်တည်း

(လူအုပ်က ဘယ်ပျောက်သွားတယ်မသိ) သစ်ပင် တစ်ပင်ကို ဝိုင်းကြီး ပတ်ပတ်

လုပ်နေတုန်း အိပ်မက်က လန့်နိုးသွားတော့ နံရံမှာ ကပ်ထားတဲ့ ပိုစတာထဲက

သက်မွန်မြင့်က မျက်စေ့မှိတ်ပြတယ်။ မမကို သတိရရတဲ့အထဲ သက်မွန်မြင့်က

တမှောင့်။ ခက်ပါတယ်။



မမကို လွမ်းလွန်းလို့ ထမင်းမစားနိုင်တာနဲ့ ဒံပေါက်ချည်း ဝယ်စားနေရတာ
နှစ်ရက်တောင် ရှိပြီ။

ညဖက်ဆိုလည်း မအိပ်နိုင်လို့ မနက်မိုးလင်းမှပဲ တစ်နေကုန် အိပ်နေရတယ်။

လွမ်းလွန်းလို့ မယ်ဒလင်တီးတော့လည်း ဘေးအိမ်က အလိုက်ကန်းဆိုး မသိတဲ့ လူက၊

သူ့အဖွား နေမကောင်းလို့ မတီးပါနဲ့တဲ့။ ဒီနေ့လည်း လွမ်းလွမ်းရှိတာနဲ့

ခိုတွေကို ဆန်ကျွေးပြီး လေးခွနဲ့ ပစ်နေမိတယ်။ မမနဲ့ တွေ့မှ ကြော်စားဖို့

ကြောင်အိမ်ထဲ ထည့်သိမ်းထားတယ်။



မမရယ်၊ ကျွန်တော်ရယ်၊ မုန်လာဥရယ်။ သောင်ပြင်မှာ လွှတ်တဲ့ ရွှေဟင်္သာလို
ဖတ်လတ် ဖတ်လတ်နဲ့။

လက်ဆေးရေ တစ်ပုံးတည်းနဲ့ ရောင်းတဲ့ ဝက်သားတုတ်ထိုး အထမ်းသည်လို အနာဂတ်တွေ

အရသာပိုကောင်းခဲ့ကြတယ် ။ ဆီးရောဂါ ဖြစ်နေတဲ့ ဆောင်းတွင်းလို ကျွန်တော်တို့

ကြားမယ် နှင်းတောင် မကျနိုင်ခဲ့ဘူး ဆိုတော့လည်း... နှလုံးသား ဆိုတာများ

ကျောပိုးအိတ်လေးထဲမှာ ရှိခဲ့ရင် ဒီဖက်ကို ကမ်းပေးကြည့်ပါ မမရေ။



ဂျင်ပေါက်သလို တစ်ယောက်ယောက် စည်းဝိုင်းအပြင်ထွက်မှ ပွဲက သိမ်းကြမှာလား မမ။

နှလုံးသားလည်း မောလွန်းလို့ မိုးတွင်းစီး ရာဘာ ဖိနပ်လို ဇွိဇွိ
ဇွိဇွိနဲ့။ တရုပ်ပြည်တွင် လုပ်သည်လို့

တံဆိပ်မကပ်ထားပေမဲ့ အစစ်လို့ မကြေညာနိုင်ကြတဲ့ အချစ်တွေ။ ဇာတ်ထဲက မယ်သီတာ့

သမင်တွေလို မမအနားမှာ ယောင်လည်လည် လုပ်နေကြတဲ့ လူလည်ကြီး သားသမီးတွေ

အတွက်၊ ပေါ့လျော့တဲ့ လက္ခဏနဲ့ အတူ၊ ရာမရဲ့ မြားတွေလည်း အပေါင်ဆိုင်

ရောက်ခဲ့ပြန်ပေါ့။



မနေ့က မမကို သတိရနေရင်း ရေခဲချောင်း ဝယ်စားတော့ မမအတွက် ရည်စူးပြီး
တစ်ချောင်း ပိုဝယ်လိုက်ပြီးမှ

မမ အနားမရှိနိုင်မှန်း သတိရတယ်။ နှစ်ချောင်းကို တစ်လှည့်စီ လျက်ရင်းနဲ့

မမအတွက် တစ်ချောင်းက အရည်ပျော်ပြီး ပြုတ်ကျသွားတယ်။ မြန်မာကားထဲမယ်

ဓါတ်ပုံပြုတ်ကျပြီး မှန်ကွဲသလိုပဲ နိမိတ် မကောင်းလိုက်တာ။ ကျွန်တော့်ရဲ့

အချစ်အတွက် သက်မဲ့ ရေခဲချောင်းလေးတောင် စတေးရရှာတယ်။ နောက် ကြုံမှ

ကျွန်တော့်ကို တစ်ချောင်း ပြန်ဝယ်ကျွေးပါ မမ။



ကျွဲရှေ့ ကန်သင်းရိုးပေါ် တက်ပြီး ဘရိတ်ဒန့်စ် ကပြတဲ့ သာဂိလိုပဲ
ကျွန်တော့် အချစ်တွေက အရာ မထင်ခဲ့ပါဘူး။

တခါတလေ မမနဲ့ ကျွန်တော်သာ ရိုးသားတဲ့ တောသူတောင်သားတွေဆို အတော်

ပျော်ဖို့ကောင်းမယ်လို့ တွေးမိတယ်။ မမ ရေခပ်ဆင်းရင် ပြီတီတီ အကြည့်နဲ့

(ရေ) အိုး ပင့်ပေးတာတို့၊ ကောက်ရိုးပုံ ရိုးမန့်စ်တို့။ မမဝယ်စားတဲ့

ပီဇာဆိုတာ မရှိပေမဲ့ မနက်တိုင်း ဘိန်းမုန့်စားနိုင်မယ်။ အနည်းဆုံးတော့

ကျီးမနိုးပွဲမှာ မမထဘီ ခိုးပြီး အမှတ်တရ သိမ်းထားလို့ ရတာပေါ့ဗျာ။



အာခိမိဒိက ပြောတယ်။ သူမတ်တပ် ရပ်စရာ တစ်နေရာသာ ပေးပါ။ ကမ္ဘာကို
သူရွှေ့ပြပါ့မယ်တဲ့။ ကျွန်တော့်ကို မမရဲ့

အချစ်တွေသာ ပေးပါ။ အာခိမိဒိကို ကျွန်တော် ရွှေ့ပြပါ့မယ်။ အခုများတော့ဖြင့်

မမရဲ့ စိမ်းကားမှုအပေါင်းနဲ့ချည်း ခညောင်းနေလို့၊ မိုးအေးအေးမယ်

ရေဒီယိုဖွင့်တုန်း၊ မောင့်အချစ် မြားစူး... မောင့်အချစ်မြားစူး...

ရူးရပြီကောလေ... ဆိုတဲ့ စိုးစန္ဒာ...ထွန်း အသံကြီး စည်ကနဲ ထွက်လာတော့

ခံစားရလွန်းလို့ ကျွန်တော့်မှာ မျက်ရည်တောင် ဘူးသီးလုံးလောက် ကျနေရပြီ
မမရေ ......:))





>>> forward mail မှ <<<


အဲ့ဒီ မမကလည်း ပြန်ပြောထားတယ်ကွ .. ဒီမှာဖတ်ကြည့် !

>>> ကွဲနေတယ် <<<
(ကွဲနေတယ်ဆိုလို့စိတ်ဝင်စားသွား
လား...ဟုတ်တယ်.ကွဲနေတယ် ။ မောင့်ကြောင့်
အသည်းတွေကွဲနေတာ)
...
မောင်....
မောင် မမကိုလုပ်ရက်တယ်နော်...(လမ်းခွဲတာကိုပြောပါတယ်...တမျိုးမထင်ပါနဲ့..ရှင်းပြရတာ....feel
အောက်တယ်)မောင်ရယ်.... မမကိုမပစ်ဘူး.မပစ်ဘူးဆိုပြီးလက်ထဲမှာက
ခဲကြီးနဲ့...ငါးစိမ်းမြင်လို့ငါးကင်ပစ်သွားတဲ့မောင့်ကို
မမဘယ်လိုနားလည်ရမှာလဲ..
ဒါတွေပြောနေလဲ.မောင့်အတွက်ကျွဲပါးစောင်းတီးဖြစ်နေမှန်းသိပေမဲ့...
မောင်ရယ် မမပြောပါရစေ။
မစားရတဲ့အမဲသဲနဲ့ပတ်တယ်လို့ပဲပြောပြော မမပြောပါရစေ..
>>> အတိတ် <<<
မောင်ကလေ မမကိုစတွေ့တုန်းက....ချစ်တယ်ချစ်တယ်ဆိုပြီး...
ခရားရေလွတ်တတွတ်တွတ်ပြောခဲ့တာ..ငါးကြော်မကြိုက်ကြောင်မိုက်ဆိုသလို
မောင့်လို ဥစ္စာပေါ..ရုပ်ချောကိုမှပြန်မကြိုက်ရင် မမလူမိုက်ဖြစ်သွားမှာပေါ့
မောင့်ကိုပျော့ပျော့လေးနဲ့နံတဲ့ကြောင်ချီးဆိုပြီး
သူငယ်ချင်းတွေတားနေတဲ့ကြားထဲက..ငါ့လှေငါထိုး.ပဲခူးရောက်ရောက်...ငါ့မြင်းငါစိုင်း.စစ်ကိုင်းရောက်ရောက်....ဆိုပြီးမောင့်ကို
မမလက်ခံခဲ့တာလေ.. ဒါပေမဲ့.မောင်နောက်ကျတော့ကျောချမှ ဓားပြမှန်းသိ
၊ဖွတ်ထွက်မှတောင်ပို့မှန်းသိ..သလို.မောင့်အကြောင်းတွေသိခဲ့ရတယ်
မောင်ဟာ မမနောက်ကွယ်မှာ.ငါးရံနှစ်ကောင်တပြိုင်နက်ဖမ်း ၊
လှေနံနှစ်ဖက်နင်းလို့ မျောက်သစ်ကိုင်းလွတ်ဖြစ်တော့မယ်ဆိုတာပဲ..
မမနဲ့ထိပ်တိုက်တွေ့တာတောင်မှဘဲ.မောင်က
ဆင်သေကိုဆိတ်သားရေနဲ့ဖုံးချင်သေးတယ်သူငယ်ချင်းတွေကတော့ပြောပါတယ်.အပြစ်တင်ကြတယ်.ကိုယ်စီးတဲ့မြင်းအထီးမှန်းမသိ.အမမှန်းမသိတဲ့
မောင်ရယ် ... အဲဒီတုန်းက မမမေးလိုက်ရမှာ...ခိုးစားတဲ့အသီးချိုတယ်ဆိုတာဟုတ်လားလို့
ဒါပေမယ့်.... အဲဒီအချိန်က..မောင့်ရဲ့ မျက်နှာကိုမြင်လိုက်ရတော့
မမလေ...ပျက်အစဉ်ပြင်ခဏ.ဆိုပြီးမောင့်ကိုခွင့်လွှတ်ခဲ့တယ်...
မောင်ကလည်း မမကို. ယုံအောင်အယုံသွင်းခဲ့တာကိုး
ခွေးစကားပုဏ္ဏားယုံ.ဆိုသလိုမောင့်စကားကိုမမ..ချစ်တဲ့စိတ်နဲ့.လုံးဝယုံခဲ့တယ်မောင်...
နောက်တော့ မောင်က...ကျွဲပါးစောင်းတီး ၊ ကျီးနား တေးဆို ၊ ခွေးမြီးကောက်
ကျည်တောက်စွပ်သလို ဒုံရင်းကဒုံရင်းပါပဲ..
ဘယ်သုမပြုမိမိမှု .ဆိုသလို......မောင့်ကိုအပြစ်မတင်ပါဘူး.
အရိပ်ပြလို့မှအကောင်မမြင်တဲ့ မမအပြစ်ပါပဲ ..
မောင် မမကို..လမ်းခွဲစကားပြောတဲ့အချိန်တုန်းကလေ..
ကလေးကျမှလှေကားထောင်..သူခိုးပြေးမှထိုးကွင်းထဆိုသလို.
ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ဘူးတယ် ။

.>>>>>>>>>>> လက်ရှိဘ၀ <<<<
မောင်....
အခုတော့ မမ ခဲမှန်ဖူးတဲ့စာသူငယ်လို ၊ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်လို့
ခံနိုင်ရည်ရှိသွားပါပြီ....
မမဘယ်သူကိုမှဒီအကြောင်းတွေမပြောချင်ဘူး..ဟောင်လွန်းသည့်ခွေးလူမလေး.ဆိုသလို.မမကိုပတ်ဝန်းကျင်ကမုန်းသွားလိမ့်မယ်.
ပြီးတော့ ကိုယ...့်ငါချဉ်ကိုယ်ချဉ်တာတော့မဟုတ်ပါဘူး.
မမရဲ့အရည်အချင်းနဲ့..မောင့်ထက်သာတာတော့အေးဆေးရနိုင်တယ်မောင်
သိသာသိစေမမြင်စေနဲ့လို့ပဲဆိုဆို..မမကတော့မောင့်ကိုစိန်ခေါ်လိုက်တယ်.....အမိမဲ့သားရေနည်းငါးလိုမျိုး
၊ တစ်ကောင်ကြွက်တစ်မျက်နှာအမှတ်နဲ့ ..မမကိုစိတ်ဓါတ်ကျနေမယ်လို့တော့
လျော့မတွက်လိုက်ပါနဲ့။
မောင်လည်း....
လည်လွန်းတဲ့ဘီးချီးသင့်နေဦးမယ်နော်..အဲဒီအချိန်မှ.လွတ်သွားတဲ့ငါးကပိုကြီးတယ်ဆိုပြီးပြန်လာရင်တော့..
မမ ကလက်ခံမယ်များမှတ်နေလား..
ကတုံးပေါ်ထိပ်ကွက်တော့ မမ မလုပ်ရက်ပါဘူး.
ငါးကြင်းဆီနဲ့ငါးကြင်းကြော်ရုံလေးပါ.
အခု.... မမလေ
မောင်မရှိတဲ့အချိန်မှာ...ပျော်ပျော်နေသေခဲ..ဆိုပြီးပျော်နေတယ်ဆိုတာတော့သိထားပါ.....
မောင်လည်း ကြားဖူးမှာပါ .. ငကန်းသေ၊ငစွေပေါ်တယ်ဆိုတာမျိုးပေါ့ ။
ဂျင်းစိမ်းနဲ့မိတ်သလင် သူကြင်မှကိုယ်ကြင်ကြတာပေါ့ ။
ပုဆိုးကြားကလက်သီးပြ..တယ်လို့မထင်ပါနဲ့..
မောင့်ကိုနောက်ဆုံးသတိပေးချင်တာကတော့...အခုခေတ်ကလေ..
ဖက်ပေါ်ဆူးကျလည်းဖက်ပေါက် ၊ဆုးပေါ်ဖက်ကျလည်းဖက်ပေါက်.
ဆိုတဲ့ခေတ်မဟုတ်ဘူးနော်..
ဥပေါ်ခဲ(ခဲ=girl) ကျလည်းဥပဲကွဲတာ...ခဲ(ခဲ=girl)
ပေါ်ဥကျလည်းဥကွဲတဲ့.....ခေတ်ရောက်နေပြီဆိုတာပါပဲ မောင်ရေ ..

:))))

forward mail ထဲက တွေ့ထားတာပဲ :P

Friday, February 18, 2011

ဒီလိုအချစ်မျိုးကင်းပါစေ.....



♥ငါလွမ်းလို့♥

သံသရာအဆက်ဆက် ဘ၀အထွေထွေ
ဘယ်သောခါမှ တွေဆုံခြင်းတွေ ခွဲခွာခြင်းတွေမကြုံဆုံချင်...
ဝေးလွင့်ခြင်းနဲ့ လွမ်းဆွတ်ခြင်းတွေ မတွေ့ကြုံချင်..
ဘ၀များစွာသံသရာမှာ...ဒီလိုဝဋ်မျိုးကင်းပါစေ..
ဒီလိုအချစ်မျိုးကင်းပါစေ.....
ဆုတောင်းဆုယူ မပြုလိုလဲ နှလုံးသားတုန်လှုပ် ဒီလှိုင်းပုတ်သလို...
မျက်ရည်မြစ်လေး စီးနေတယ်.....
ငါ့ရဲ့ချစ်သူ အမူတုန်းရယ် ချစ်လျှက်နဲ့လည်းဝေးကွာတယ်...
သိပ်ချစ်ပါတယ်ချစ်သူရယ်....
ငါချစ်နေတာ ငါပဲသိတယ်ငါချစ်နေတော့ရင်လာထိတယ်.........
ဝေးလွင့်ခြင်းတွေ ဘယ်ဘ၀မှကြေနိုင်မယ်....
ငါလွမ်းလို့လေ ငိုနေမိတယ်ချစ်သူရယ်.............
တိမ်တိုက်မပြိုငါငိုနေတယ်...
ရင်ထဲလှိုင်းထန် နှလုံးသားလေး ငလျှင်လှုပ်သလို တုန်ခါနေတယ်ချစ်သူရယ်.....
ငါလွမ်းနေလို့ဖြစ်ပါတယ်.....

Thursday, February 17, 2011

♥♥ပျော်နိုင်ပါစေချစ်သူ♥♥

ပျော်နိုင်ပါစေချစ်သူ
ဘယ်တုန်းကမှချစ်သူကို ရယူဖို့ပိုင်ဆိုဖို့ မကြိုးစားခဲ့ပါဖူး
ချစ်သူကို
အပြီးတိုင် စွန့်လွှတ်လိုက်ရတဲ့ အချိန်
အထူးတစ်လည် မဟုတ်တဲ့ ဖြစ်ရိုးဖြစ်စဉ်ဆိုပေမဲ့
ဝမ်းနည်းစရာ ဖြစ်ခဲ့တာတော့
သေချာနေခဲ့တယ်...........
ချစ်သူကိုလွမ်းတော့ ကဗျာရေးရင်း သီချင်းဆိုညည်းရင်း
သတိရနေပေမဲ့ ကဗျာရေးဖို့အတွက် သက်သက်ချစ်ခဲ့တာ မဟုတ်ခဲ့ပါဘူး
ချစ်သူစွန့်ပြစ်တဲ့အချိန်မှာ
ချစ်သူမုန်းလို့ ငါ့စိတ်နှလုံး တိမ်တွေနဲ့အပြိုင်ညို့မှိုင်းအုပ်ဆိုင်းနေတယ်
ဒီအချိန်မှာ
အဖော်အဖြစ် ကဗျာနဲ့ သီချင်းတွေလည်း ပိုနှစ်သက်တတ်ခဲ့တယ်
မင်းမလိုအပ်တော့ပါဘူးချစ်သူ
 ညနေခင်း
ဆည်းဆာရောင် တိမ်တောက်ချိန် အလွမ်းတစ်ဆုပ်နဲ့
အိပ်တန်းပြန် ငှက်တစ်အုပ်လည်း
အဖော်အဖြစ်ရှိမနေခဲ့ပါဘူး

ကော်ဖီတစ်ခွက်သောက်ရင်း ကဗျာလေးတွေရေးရင်း
မီးသဂြိုလ် အခမ်းအနားတစ်ခု
ငါ့နှလုံးသားးပြာတွေအဖြစ်
ငါစွန့်ပြစ်လိုက်တယ်

ချစ်သူပျော်ဖို့
အတွက်
ငါ
ပေးဆပ်ခြင်းပါချစ်သူ

ချစ်သူစိတ်ဝမ်း ကြည်နူးချမ်းမြေ့ပျော်စေချင်တယ် ချစ်သူရယ်.......။

Wednesday, February 16, 2011

ဘာမှ မရှိဘူး ရင်မှအပူငြိမ်းတယ်ကွယ်..

 မျက်ရည်မုန်တိုင်း သောကလှိုင်း
ကိုယ်ပြောစကား ကိုယ်ပြန်ကြားတော့ ကိုယ့်ကိုကိုယ် တောင်ရွှံ့ရှာတယ်
ကိုယ်ကိုယ်မေ့ ထားသူအားသနား ထောက်ထားငှဲ့ငြာ
သူ့ အသွေးအရောင် ပြောင်ဝင်းဖို့အရေးတွေးခေါ်ထောက်ထား
ငါကပျောက်သွား  ငါပြန်တွေ့ချိန် ငါ့ ကိုယ်မှာလေဘလာနတ္ထိ 
ဘာမှမရှိဘူး အော်…….မှားလေနောင်တ
ငါရရှိသွား
ငါသာအမှန်ငါရဲ့ဟန်နဲ့ငါတွေးခေါ်သမျှ
ငါ့ကိုငါမေ့ သူ့တွက်ကြည့်ပေါ့
ခုနေချိန်ခါ  အသိတရား ဥာဏ်ကစားလို့ငါပြန်ကြည့်ချိန်

ငါတယောက်တည်း အေးချမ်းတယ်
အသွေးအရောင် ပြောင် လဲ့ ၀င်းပ
လားလားမှကွယ် သူ့ဘ၀၀ယ်
ကျေးဇူးမတင် ဂုဏ်မမြင်တတ်
ဟန်တွေရယ်တက်   မာန်တွေထက်ပေါ့
ဘေးမှကြည့်ကာ အံသြမိတော့ သြချနေမိ ငါဖြစ်မိပေါ့
လူထဲကလူ  သူလဲလူမို့
သူလိုလူတွေ  ဘေးနောက်ဝဲယာ
များလှချည်လား  မထူးဆန်းဘူး လူတိုင်းသတ်ပုံမှားနေတယ်
 ဘ၀တွေ သတ်ပုံမှားနေတယ်..
မြင်တတ်ကြည့်တတ် သိတတ်ပါစေ စိတ်ဝယ်ခံစား များစွာ တရားပျက်နေတယ်…
လောကီနယ်ထဲ လောကထဲမှာ  မြင်ရကြားရ ရင်ထဲမချိ နာကျင်ခံခက် သွေးပွက်ပွက်ဆူ
တရားရေအေး အမြန်သောက်မှ လောကကြီးထဲ ဘာမှ မရှိဘူး
ရင်မှအပူ
ငြိမ်းတယ်ကွယ်…………။

Tuesday, February 15, 2011

လွမ်းစေပုံဆောင် လွမ်းအောင်ဖန်သည်

ကြင်နာတတ်တာ သနားတတ်တာ
မေတ္တာထားတာ
မောင်ကြည့်တတ်ရင် သိမှာပါ
သတိရနေတာ တမ်းတနေတာ
သစ်ပင်ထက်က အော်မြည်သံပေး
ရွှေချိုး(ဂျိုး)ကူသံ လွမ်းအောင်ဖန်တယ်
ဒီတောဒီတောင်
ကြင်သူဝေးတော့ ရှစ်ခွင်မြင်တိုင်း လွမ်းအောင်ဖန်တယ် မောင်လွမ်းနေလား မေးချင်တယ်.......။

လွမ်း စကားဆိုကာ တီတာတာနဲ့

နွေရင်ပြင်ထဲ ဖူးညွှန့်ခက်ဝေ
ပင်ယံတွေမှ ငှက်လေးသက်သေ ရှိပါလေကော..
လွမ်းနေရတာ မေသိပါစ
နွမ်းကြေရတာ မေသိပါစ
ဝေးနေကြတဲ့ ဘ၀တွေကို ဘယ်သူကူလို့နီးစေပါ့မလဲ။

ရင်မှာ နွမ်းကြေ မောင့်ကိုလွမ်းနေ

တိမ်ပြာမှုံ့မှိုင်း မျှော်တိုင်းလွမ်းနေ
ချစ်ခဲ့တာတွေ  မောင်သိပါစေ ..
ဖေးကူသူမရှိ ဖော်ကွာဝေးတော့
မောင့် မျက်ဝန်းကို မေ လွမ်းနေ..
စိတ်ကူးထဲမှာ ချစ်သူရှိရာ
မေ ရောက်နေ အလွမ်းလေးတွေ တောင်ပုံ ယာပုံ
မေ ထိုင်မိတာ အလွမ်းပင်အောက်
မေ စားနေတာ အလွမ်းသစ်သီး
ချတဲ့မျိုးစေ့
အလွမ်းမျိုးစေ့
မောင်လွမ်းတတ်ရင် မြင်ကြည့်လေ.
အချစ်ပင်အောက် မေ..လွမ်းနေတယ်...
မောင်သိလေ...။

အလွမ်းမီးလျှံတောက်လောင်သံကို
မေ..ကြားပါစ..
အလွမ်းးလေညှင်းးမြားတစ်စင်းလို ရင်ထဲဖောက်ခွင်းး အလွမ်းးးစီးးသံတညံညံနဲ့
အလွမ်းမြစ်နားးမောင်ကပ်နားတယ်
တွေးးလိုက်တိုင်းးလွမ်းး
အလွမ်းးဖျားးလေးးဖျားးနေတယ်...။

မောင်နားနီးကပ် နှစ်ကိုယ်အပ်လို့မေတ္တာဆေးလေး တိုက်ကျွေးချင်လည်း
တစ်ယောက် တစ်ကမ္ဘာ ဖော်ကွာဝေးနေ
ကျန်းမာစေကြောင်း ဆုမွန်တောင်းရင်း
နီးမယ့်ရက်ကို
မေ စောင့်မျှော်နေ ချစ်လှိုင်းဂယက်
ရင်ခုန်သံလေး မေ ပို့ပေးမယ်
ချစ်သူချင်းသာ သိနားလည်တဲ့
ချစ်စိတ်လေးပါထည့်ပေးမယ်နော်......
မျက်ဝန်းလေးမှိတ်
မောင့်နဖူးလေးနမ်းလိုက်တယ်............။

လေထုပါးပါးးအနမ်းးများလည်းးး
အိမ်မက်စိတ်ကူးး အတွေးထဲမှာမြူးလို့
ပြန်ဆုံမဲ့ရက် နီးခဲ့စေတော့
ငေးရင်းသာဆွေးး
ဆုလေးတွေလည်းးတောင်းရင်းးသာပေါ့
နီးရမဲ့ရက်
ရောက်လိုလှပြီ
ချစ်သူ မေ ရယ်
လေထုနဲ့အတူ မောင်လာခဲ့မယ်
အချစ်စောင့်လင့်ကြိုနေကွယ်..........။

မ..မ



မာန်ဟုန်ငယ်(တောသားလေး)



ဘေးဂျောင်း ကုန်သော လူတော်များ

တော်သူတွေအကုန် ဘေးဂျောင်း
ဆရာဝန်တွေဆေးရောင်း အင်ဂျင်နီရာတွေဈေးရောင်း
တော်သူတွေအကုန်ဘေးဂျောင်း လူငယ်တွေအကုန်အတွေးစောင်း
ငါကတော့ အကြွေးတောင်းမယ် ....
ခွင်ရှာနိုင်မှသူဋ္ဌေးလောင်းဖြစ်နိုင်မယ်....
ပေါင်းတတ်အောင်ပေါင်း သူဌေးလောင်းဖြစ်မယ်
နိုင်ငံတကာဘဏ်မှာ ဒေါ်လာငွေတွေသွားအောင်း
သားသမီးတွေ နိုင်ငံတကာကျောင်း ဂျောင်းပေါ့ဟယ်။
ပေါင်းတတ်အောင်ပေါင်း သူဌေးလောင်းဖြစ်မယ်။

Sunday, February 13, 2011

♥♥၁၄ရက်နေ့ ဒီနေ့မှစဘ၀များစွာ သံသရာမှာ ချစ်သူနဲ့ပဲပေါင်းချင်တယ်♥♥

တစ်ဖက်သတ်အချစ်လေးတွေ...နှစ်ဖက်သတ်အချစ်လေးတွေ.....
14 ရက်နေ့ အမှတ်တရလက်ဆောင်ရရှိထားသောပုံလေးများ

 ♥♥14♥♥...ချစ်သူများနေ့ ♥♥ပုံလေးများနှင့်ပေါက်ကွဲခြင်း


♥♥မ..မ♥♥
အသဲမိုးရွာ အသဲလေးတွေတောင်လိုပုံ
ထီးလေးမိုးကာ



Photobucket...

အချစ်ပင်အောက်  ချစ်သူများနေ့  ၁၄ရက်မှာ
ချစ်သူရင်ထဲ  ခိုဝင်သခိုက် 
နှလုံးသားလေး  အချစ်ရင်၌ ကပ်ရောက်ငြိတွယ်
ရှောင်ဖယ်မရ  အချစ်တောမှာ 
မူးမိုက်မေ့မျော အနမ်းမိုးတွေ ပန်းလိုချွေပေါ့ 
၁၄ရက်နေ့
ဒီနေ့မှ စဘ၀များစွာသံသရာမှာ 
ချစ်သူနဲ့ပဲပေါင်းချင်တယ် .............။


Photobucket.
စိတ်ကူးအိမ်မက် အနမ်းမိုးတွေ ပန်းလိုချွေပေါ့ 
၁၄ရက်နေ့
ဒီနေ့မှ စဘ၀များစွာသံသရာမှာ 
ချစ်သူနဲ့ပဲပေါင်းချင်တယ်။






.funscrape.com
.
916030
funscrape.comfunscrape.comi  miss you Pictures, Images and PhotosPhotobucketPhotobucketPhotobucketPhotobucketPhotobucketPhotobucket....