Pages

Thursday, August 16, 2012

♥ချစ်သူနဲ့နှစ်ယောက်အတူတူ♥


Angel Images Free Image Hosting Funny Pics 
ချစ်သူရေ.........
မနက်ခင်း နေရောင်ခြည် အလင်းတန်းနဲ့ အတူ
လှပတဲ့ မိုးကောင်းကင် အပြာရောင်အောက်မှာ တိမ်တိုက်တွေလွှင့်မျှောရင်း
ငှက်လေးတွေ တေးသီကျူးတဲ့ကြည်နူးဖွယ်ရာ အသံလေးတွေနဲ့ အတူ
လိပ်ပြာလေးတွေဝဲပျံမြူးရင်း
နေရောင်ခြည်တန်းဟာ အလင်းဖြာလို့နွေးထွေးကြည်နူးဖွယ်ရာ ချစ်သူနဲ့အတူ
 ပြတင်းပေါက်မှဝင်လာပြီး ငါ့ကိုနိုးထစေခဲ့တယ်
ချစ်သူရေ.............
ငါ့ရဲ့စိတ် ငါ့ပတ်ဝန်းကျင်တစ်ခုလုံး လှပသာယာနေတာဟာ ချစ်သူရှိလို့ဖြစ်လိမ့်မယ်
ချစ်သူကိုတွေ့ရှိတဲ့ အချိန်ကစပြီး ငါ့ရဲ့စိတ်နှလုံး နူးညံသိမ်မွေ့စွာနဲ့
အရာရာဟာလှပနေတယ်
ချစ်သူရေ.....
ဒါဟာငါ့စိတ်ကူး ငါ့အတွေထဲမှာ မင်းကအမြဲနေရာယူထားလို့ဖြစ်လိမ်
့မယ် မင်း နဲ့ငါ တစ်ယောက် တစ်ကမ္ဘာဝေးကွာနေတာ
ချစ်သူကို စိတ်ကူးထဲမှာမြင်ယောင်မိနေရင်း ငါ့စိတ်ဟာ
အမြဲတန်း မင်းငါ့အနားကို တိမ်တွေနဲ့အတူမျှောပါလာသလို
အလင်းတန်းနဲ့အတူမင်းငါ့အနားရော

က်ရှိလာသလို
မင်းကိုတွေ့ထိလိုက်ရသလို ခံစားမိတယ်ချစ်သူရယ်
 စိတ်ကူးပုံဖော်နေမိရင်း ချစ်သူကို အနားနားမှာ တူတူရှိစေ့ချင်တယ် ချစ်သူရယ်
ချစ်သူရေ...............
နံနက်ခင်းနိုးထချိန်မှာမြင်ရတဲ့
မြင်ကွင်းကို အနားနားမှာ
ချစ်သူပွေ့ဖက်ရင်း   မြင်သိစေ့ချင်တယ်

ချစ်သူနဲ့နှစ်ယောက်အတူတူ

 ကြည်နူးချမ်းမြေ့စွာလောက အလှအပတွေကို
မြင်တွေ့ကြည့်ရှု့စေ့ချင်တယ်ငါ့
ချစ်သူရယ်.......။










.

0 comments:

Post a Comment