Pages
Sunday, January 30, 2011
ဒီမြို့တော်က အတ္တကင်းမဲ့ဇုန် မေတ္တာရိပ်မြုံ အလည်လာပါ သူငယ်ချင်း♥
ငါတို.မြို.တော် မေတ္တာရိပ်မြုံလေးကို လာလည်ဖို့
ဖိတ်ခေါ်ပါတယ် သူငယ်ချင်း
ငါတို.မြို.တော် လေးကို မင်းအိမ်လို သဘောထား
စိတ်ရင်းဖြူစင်စွာဖြင့် သန်.ရှင်း သပ်ရပ်အောင် စောင့်ရှောက်ပေးပါ သူငယ်ချင်း
သူငယ်ချင်းးးးး
သူငယ်ချင်း ဆိုတာ ဆိုးတိုင်ပင် ကောင်းတိုင်ပင် မင်းပျော်ရင် ငါ ရယ်
မင်းပြုံးရင် ငါမြူး ။ ။
အားငယ်ချိန်အားပေး ၊ ၁ ယောက်ရင် ထဲရှိတာ ကို ၁ ယောက် မကွယ် မ၀ှက်
ဆိုးတိုင်ပင် ကောင်းတိုင်ပင် လက်တွဲဖော်ပေါ့ သူငယ်ချင်း
မင်းမှာ ရှိတဲ့ ဗဟုသုတ  မင်းမှာရှိတဲ့ အသိပညာ ၊ အတွေးအခေါ် ၊ ခံစားမျှဝေ
ရပ်ဝန်းလေးပေါ့ ဒီမြို. လေးမှာရှိတယ် သူငယ်ချင်း
စိတ်ပျော်ရွှင်စရာ ခဏအမောအပန်း ဖြေ သိပ်စရာ
မင်းလာချိန်မှာ ငါမရှိလဲ ငါလာချိန်မှာ မင်းကိုမတွေ.လဲ
စိတ်ချမ်းသာမှု့ ဧည့်ဝတ်ကျေတယ် သူငယ်ချင်း
သူငယ်ချင်းး
အဖြူသက်သက်  လွတ်လပ်မှုထဲမှာ သူငယ်ချင်းးးးးး တကယ်ဆို
ငါတို့တွေဟာ  ညီအစ်ကို အရင်းမဟုတ်
  ဆွေမျိုးမတော် ငါတို့တွေဟာ  ဆရာတပည့်မဟုတ်
ငါတို့တွေဟာ မောင်နှမအရင်းမမည်  ငါ့လက်အောက်မှာ မင်းမရှိသလို
မင်းအပေါ်လည်း ငါမမှီခိုလေတော့ မင်းရဲ့တလွဲမာနတွေ ယူမလာနဲ့သူငယ်ချင်း
မင်းရဲ့သူငယ်ချင်း  ငါကလည်း  မင်း အလုပ်သမားမဟုတ်သလို
မင်းကလည်း ငါ့လုပ်ငန်းရှင်မဟုတ်ဘူး
မင်းကငါ့ရဲ့  အထက်လူကြီးမဟုတ်သလို 
ငါကလည်း မင်းလခစားမဟုတ်ဘူး   သူငယ်ချင်း
ငါတို့တွေဟာ အာဏာရှင်နဲ့ ကျွန်တွေမဟုတ်
မင်းယုံကြည်ချက်နဲ့လမ်းမင်းသွားနေသလို  
ငါယုံကြည်ချက်နဲ့လမ်းငါသွားနေတာ  သူငယ်ချင်း
မင်းရဲ့အတ္တ   မင်းရဲ့မာန  ဒီမြို့တော်မှာ  ယူမလာနဲ့   သူငယ်ချင်း
ကိုယ့်နေရာ ကိုယ်နေထိုင်ကြတာ  သူငယ်ချင်း
သူငယ်ချင်းး
ပျော်ရွှင်စရာ ဒီမြို.တော်မှာ ရာထူးဂုဏ်ထူး ဘေးဖယ်ထားလိုက်   သူငယ်ချင်း
ဆင်းရဲ  ချမ်းသာ ဘေးဖယ်ထားလိုက်   သူငယ်ချင်း
အသက်အရွယ်   ဘေးဖယ်ထားလိုက်   သူငယ်ချင်း
ကျား မ  မဟူ လိင်တူ လိင်ကွဲ မခွဲခြားဘူး သူငယ်ချင်း
ဗဟုသုတရှာမှီးစရာ ရသ၊ သုတ ၊ ကဗျာ ၊လင်္ကာ၊ တရားတော်နဲ.
တိုင်းပြည်ရေးရာ သိမှတ်စရာ
နိုင်ငံရေးအကြောင်း ၁စေ.၁စောင်း
မှတ်သားနာယူ အဖြာဖြာပေါ့ ယူတတ်သူက ရနိုင်ပါတယ် သူငယ်ချင်း
၁ ယောက် ၁ကမ္ဘာ ဖော်ဝေးသူတွေ မေတ္တာ မျှရာ ခိုလှုံ ရာပေါ့
အေးချမ်းပါတယ်     သူငယ်ချင်း
မသိလဲခင် သိလည်းမင်ပေါ့   နွေးထွေးလှတယ် သူငယ်ချင်း
 မမြင်လဲခင် မြင်လဲခင် ၊ မသိလဲလွမ်း သိလဲလွမ်း ။
စာဖတ်သူတွေ စာရေးသူတွေ သွားလာလည်ပတ် နားခိုရာပေါ့ သူငယ်ချင်း။
ကမ္ဘာအရပ်အရပ်ရပ်နေထိုင်သူတွေ ကျန်းမာပါစေ
နေကောင်းရဲ.လား ။ လက်ဆောင်ပေးရင်း လှည့်လည်
လည်ပတ် နားခိုရာပါ  သူငယ်ချင်း 
ဒီမြိုံ့တော်က   တန်ဖိုးရှိတဲ့အချိန်လေးတွေ ဖဲ့ပေးရင်းနဲ့
အတ္တကင်းမဲ့ဇုံ   စိတ်အပန်းဖြေစရာ   မေတ္တာရိပ်မြုံပေါ့   သူငယ်ချင်း
မင်းအားလပ်ချိန် စိတ်ညစ်ညူးချိန်  မောပန်းလာချိန်မှာ  အနားယူပါ သူငယ်ချင်းးးးးးး
သူငယ်ချင်းဆိုသော  သူငယ်ချင်း   မေတ္တာရိပ်မြုံ  မြို့တော်လေးကို
လာလည်ဖို့ရာ ဖိတ်ခေါ်ပါတယ်  သူငယ်ချင်း
သူငယ်ချင်းး
ကမ္ဘာမြေရဲ့ အဝေးတစ်နေရာက
သူငယ်ချင်း ရဲ့ သူငယ်ချင်းးးး♥♥
Saturday, January 29, 2011
ဆရာစံရေးခဲ့ သည့်  ကဗျာလင်္ကာ ၄ ပိုဒ်
ဆရာစံ သည်သူ၏အတ္တုပ္ပတ္တိကို ကိုယ်တိုင်ရေးခဲသည်မှအပ
ဘဝနိဂုံး၊ ကဗျာလင်္ကာ၎ ပိုဒ်ကိုလည်း ကြိုးစင်မတက်မှီရေး
သားခဲ့ သေးသည်ဟုဆိုသည်။ ပုဂံခေတ်က အနန္တသူရိယအမတ်ကြီး အသတ်မခံရမှီ "သူတည်းတစ်ယောက်ကောင်းဖို့ ရောက်မူသူတစ်ယောက်မှာပျက်လင့်ကာ
သာဓမ္မတာတည်း" အစရှိသောလကာင်္(၄)ပိုဒ်ကို ရေးသွားသကဲ့ သို့ ဇြစ်ပါသည်။
ဆရာစံရေးခဲ့ သည့်  ကဗျာလင်္ကာ ၄ ပိုဒ်မှာအောက်ပါအတိုင်းဖြစ်သည်။
၁။မည်သူမည်ဝါ၊ဤကမ္ဘာတွင် ခန္ဒာကိုင်စွဲ၊မမြဲမှတ်ရာ၊လူ့ တံထွာတည်း။
၂။မီးတစ်ဆယ့်တစ်၊ငြိမ်းရာဖြစ်ေ
သာ ၊ စင်စစ်ဧကန် ၊ ပြည်နိဗ္ဗာန်သို့  အမြန်ထုတ်ခြောက်မရောက်ရသေး ၊ လူတစ်ဝေးတို့ ၊သေဘေးတွေ့ ရ ဖြစ်ကအမှန်
ပျက်မြဲပြန်တည်း။
၃။ကြောက်သွေးဟူ၍ နှမ်းတစ်စေ့ မျှ မဝှေ့ စိတ်ထဲ ၊ ရိပ်မဝဲတည့်အမြဲမတည်၊လူစူသည်ကားမရှည်အသက်၊
ကြာနေပျက်ကို၊
ပြက်ပြက်ထင်ထင်၊ငါအမြင်တည်း။
၎။ထက်အောက်မြန်မာ၊လူတကာတို့ ၊ဆရာခေါ်ဆို ငါ့ ဂုဏ်ကိုလျှင်၊
ကြူးပိုသည့် ရုံး၊ဘယ်သို့ ကုန်းလည်း၊အဆုံးဆိုရေး၊
ကြိုးဒဏ်ဘေးနှင့်  ဖေးရမည်တည်း။
ဆရာစံ၏ကဗျာ ၄ ပိုဒ်မှာ အနန္တသူရိယအမတ်ကြီး၏
အလင်္ကာ ၄ ပိုဒ်နှင့် စာပေစံအားဖြင့် 
နိုင်းယှဉ်၍မရသော်လည်း
"ကျောက်သွေးဟူ၍ နှမ်းတစ်စေ့ မှ၊
မဝှေ့ စိတ်ထဲ၊ရိပ်မဝဲတည့် "
ဟု တတိယပိုဒ်တွင်ဖေါ်ပြထားသည် မှာ နယ်ချဲ့ အုပ်ချုပ်သူများအား
နောက်ဆုံးအချိန်အထိ ဒူးမထောက် လက်မမြောက်ဟုဆိုလိုသည်မှာ
ပေါ်လွ
င်နေပေသည်။
သို့ သော်ဗုဒ္ဒဘာသာဝင်ဖြစ်သည့် အတိုင်းဆရာစံသည် သံဝေဂဥာဏ်အမြင်ဖြင့် နိဂုံးအဆုံးသတ်ရေးသားခဲ့ သည်ကိုတွေ့ မြင်ရပါသည်။
ကိုးကား။
၁၉၁၃ ခု သြဂုတ်လ ၇ ရက်ထုတ်မြန်မာ့ အလင်းသီတင်းစာ။
မြန်မာ့ စွယ်စုံကျမ်းအတွဲ ၄။
Forward
Thursday, January 27, 2011
♥ဒီဘ၀နဲ့ကျေပါစေ....♥♥
♥ဒီဘ၀နဲ့ကျေပါစေ...♥♥
♥အပျော်တွေမှာ အပြုံးဆင့်
အတွေးနဲ့မြူး ငါ့အချစ်ထူး
နှလုံးသားတစ်ခြမ်း ခဏလေးတွေ့
ငါရူးမလားထင်မိတယ်။
သူပျောက်သွားရင် ငါ........သေမလား
အတွေးထဲတောင် စိတ်ညစ်ညူးပေါ့
ကံကြမ္မာစေရာ..ရွက်လွင့်ရမယ့်အဖြစ်တွေ
ဝေးကွာသူတွေ စုံပါစေ လွမ်းနေသူတွေ
ဆွေးနေသူတွေ ဒီကံကြမ္မာဝဋ်ကျွေး
ဒီဘ၀နဲ့ကျေပါစေ.....။
Wednesday, January 26, 2011
သံယောဇဉ် မြစ်ဖျားမှ အလွမ်း
♥သံယောဇဉ် မြစ်ဖျားမှ အလွမ်း
အတွေးတစ်ကုဋေ ပန်းမွေ့ရာထက်
အနမ်း ရေသောက်ဆင်းလိုက်တယ်
ယုယကြင်နာ နော့မြူဟန်နဲ့
ချိုသာစကား ပျားရည်မြစ်တွင်း
ချစ်ခြင်းအပြည့် ခရီးဆက်နှင်
အကြင်နာလက်နဲ့ မောင်ထွေးဖက်နော်
မောင့်ရင်ခွင်မှာ ရင်ခုန်နှန်းမြန်
မျက်နှာကွယ်ဝှက် မေတ္တာအိမ်မက်မက်ခဲ့တယ်
နောင်သံသရာထိ ခရီးဆက်မယ်။♥
Tuesday, January 25, 2011
လိမ္မေ္မ်ာသီး၏ ဆေးဖက်ဝင်ပုံများ
လိမ္မော်သီး၏ ဆေးဖက်ဝင်ပုံ
အခွံလေးကို ပါးပါးလှီးထားပါ..အရိပ်ရသောနေရာတွင်အခြောက်ခံပါ။
အုန်းဆီ( သို့)နှမ်းဆီ…စားဆီတမျိုးမျိုးထဲကို ဆီစိမ်၍ထည့်ထားပါ။
ရွှေဝါရောင် လိမ္မော်ဆီအဖြစ်ပြောင်းလည်းသွားပါသည်။
ထိုလိမ္မော်ဆီ၏ ဆေးစွမ်းကား  အံမခန်း  အသုံးဝင်ပါ၏။
AIDS   ဝေဒနာရှင်များ၏ လျှာ၌ဖြစ်သော အနာ  ကို  လိမ္မော်ဆီကို နားကျပ်သော
ဂွမ်းနှင့် တို့ ၍ အနာဖြစ်သော လျှာအား သုတ်လိမ်းပေးခြင်းဖြင့် ပျောက်နိုင်သည်။
ခွဲစိတ်ထား၍  ချူပ်ရိုးမှ ပြည်ပြန်တည်ပြီး  မပျောက်ကင်းသော အနာများကို
ကွမ်းရွက်မီးကင်၍  လိမ္မော်ဆီ ဆေးတို့ ဖက်ကြီး ထည့်ပြီး အနာကို ကပ်ထားခြင်းဖြင့်
ပျောက်ကင်းနိုင်သည်။(ရေမထိစေရပါ)...၂ရက်ပြည့်မှတစ်ခါအသစ်လဲပါ..။
ရွှဲရွှဲစွတ်၍  ထားပါ။ ယခုချက်ချင်းပျောက်ကင်းနိုင်ပါသည်။
(ငှက်ပျော်ရွက် အလွယ်တကူရလျှင်လည်း လိမ္မော်ဆီ  သုတ်ထားသောအပူလောင်နာ ပေါ်တွင်အုပ်ထားပေးပါ) အပူလောင် အရည်ကြည်ဖု များ ထွက်ခြင်းမှကင်းဝေးမည်။
ဝဲနှင်းခူ အစို အခြောက်  ကွမ်းရွက်မီးကင်၍  လိမ္မော်ဆီ ဆေးတို့ ဖက်ကြီး
ထည့်ပြီး အနာကို ကပ်ထားခြင်းဖြင့် ပျောက်ကင်းနိုင်သည်။(ရေမထိစေရပါ)
ကလေးသူငယ်များ  ရင်ကျပ်လျှင် လိမ္မော် ဆီထဲတွင် ကွမ်းရွက်သထ္ထုရည် ပရုပ်ဆီ
(သို့ )လင်ဇီးအနည်းငယ်ထည့် ၍
ရင်ဘတ်နှင့်တကွ တစ်ကိုယ်လုံးကို  ပါးပါးလိမ်းပေးထားပါ။
ရင်ဘတ်ကို ကွမ်းရွက်လေး မီးကင်၍ အုပ်ပေးထားပါ။
လက်ငင်း  အသက်ချမ်းသာရရှိနိုင်ပါသည်။ လူကြီးများလည်း  သုံးဆွဲနိုင်ပါသည်။။
အကြောတင်း အကြောင်ရောင် အကြောက်တက်  မည်သည့် ဝေဒနာရှင်မဆို
လိမ္မော်ဆီ ကို ပရုပ်ဆီ  လင်ဇီး (ဆေးအပူ)  အနည်းငယ်ထည့် ၍ လိမ်းပေးထားပါ။
သက်သာပျောက်ကင်းနိုင်ပါသည်။
ဗိုက်နာ  ၀မ်းနာ(အစာအိမ်နာ) ဖြစ်လျှင်လည်း  လိမ္မော် ဆီကို လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။
နေလောင်၍ အသားအရည် မွဲခြောက်ခြင်း  အသားအရည် မဆိုပြေခြင်း
လိမ္မော် ဆီကို လိမ်းပေးခြင်းဖြင့် အသားအရည်ဝင်းပ၍့ ဖြူစင်လှပလာစေပါသည်။
နှလုံးရောဂါ ဝေဒနာရှင်များလည်း  တစ်ခါစားလျှင် လိမ္မော်သီး
နှစ်လုံးစား သောက်ပေးခြင်းဖြင့် ရောဂါသက်သာ နိုင်ပါသည်။
ရေယုံနာ ကျီးကန်းးပါးစပ်အနာ များကို  လိမ္မော်ဆီ သုတ်လိမ်းပေးခြင်းဖြင့်
ပျောက်ကင်းနိုင်ပါသည်။
မှတ်ချက်(ရွှဲရွှဲလိမ်းပေးပါ)မည့်သည့် ဝေဒနာရှင်မဆို လိမ္မော် ဆီကို ရွှဲရွှဲ
လိမ်းဆွတ်ပေးပါ။
♥♥မ..မ♥♥
လိမ္မော်သီး၏ဆေးဖတ်ဝင်ပုံ(၂)
*သွေးလေညီညွတ်၍စိတ်ရွှင်လန်းဆေရန်အတွက်လိမ္မော်
ရွက်(၅၀)ခန့်ကိုဝိုင်နှင့်ဖြစ်စေ။ခေါင်ရည်နှင့်ဖြစ်စေနေ့
တစ်ဝက်  စိမ်ပြီးနောက်ယင်းအရွက်များကို ပျားရည်(၅၀)
ကျပ်သား ထည့်ထားသောအိုးထဲသို့ပြောင်းထည့်ကာ
မီးမျှဉ်းမျှဉ်းဖြင့်အရောင်ပြောင်းလာအောင်ကျိုပါ။
ထို့နောက်တစ်နေ့နှစ်ကြိမ် တစ်ခါသောက် လ္ဘက်ရည်
ဇွန်းတစ်ဇွန်းခန့်သောက်ပါ။
ရောဂါပျောက်ကင်းသက်သာလာပါလိမ့်မည်။
ကလေးသူငယ်များ သူငယ်နာအကြောတက်၊ အကြောစွဲခြင်းများဖြစ်နေပါက
လိမ္မော်ပွင့်(၃၀)ကျပ်သားကို ရေ(၃)ပိသာာနှင့်တစ်ညစိမ် ၊နောက်တစ်နေ့
နံနက်တွင် ပေါင်းအိုးဖြင်ပေါင်း၍ ပေါင်းခံရည် စုထားပြီး ၄င်းကိုတစ်ခါသောက်
ထမင်းစားဇွန်းဖြင့်(၅)ဇွန်းမှ(၁၀)ဇွန်းခန့်နေ့စဉ် ရောဂါဖြစ်နေသောသူအား
တိုက်ပေးလျှင် သက်သာ
ပျောက်ကင်းနိုင်ပါသည်။
အကြောအားနည်းခြင်း၊ မှတ်ဥာဏ်အားနည်းခြင်းတို့အတွက် လိမ္မော်ပွင့်
ခြောက်ကို တစ်နေ့နှစ်ကြီမ်မှန်မှန် စားလျှင် အကြောအားကောင်း၍
မှတ်ဥာဏ်တိုးစေနိုင်ပါသည်။လက်တွေ့သုံးကြည့်ကြပါ။မသိသူကျော်သွားတော့ သိတဲ့သူတွေက ဖေါ်စားကြတာပေါ့။
ကျွန်တော်တို့ အမြဲစားတဲ့ လိမ္မော်သီး ကိုတော့ လူတိုင်းသိပြီးသားပါ။အဲဒီလိမ္မော
သီးရဲ့ အသုံးဝင်ပုံ တစ်ချို့ကို ကျွန်တော် မှတ်သားမိသလောက်ဝေမျှလိုက်ပါတယ်။
ရာသီဥတု အကူးအပြောင်းတွင်ဖြစ်တက်သော အအေးမိနှာစေးချောင်းဆိုး
ခြင်းတို့အတွက် လိမ္မော်၇ည်တစ်ဖန်ခွက်ကို ပူအောင်နွှေး၍ ပက်ပါမင့်အဆီ သုံးစက်
ချပြီး နှစ်မိနစ်ခန့် အဖုံးအုပ်ထားပါ ထို့နောက် ၄င်း ကို တစ်နေ့ (၃)ကြိမ်ချင့်ချိန်သောက်လျှင်
သက်သာပျောက်ကင်းစေနိုင်သည်။
ချောင်းဆိုးသူများ လိမ္မော်ရည်တစ်ခွက်ကိုလိမ္မော်ရွက် လေး၊ငါး၇ွက်
ခန့်နှင့်ဆူအောင်ကျိုးပြီးနောက်မီးဖိုမှချ၍ ငါးမိနစ်ခန့်အဖုံးအုပ်ထား
ပါ။ထိုနောက်အ၇ွက်များကို ဖယ်၇ှား၍ ပူနွေးနွေးအရည်ကိုတစ်နေ့
သုံးကြီမ်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
အစာမကြေခြင်းနှင့် နှုတ်မမြိန်ခြင်းတို့အတွက် လိမ္မော်သီးကို အခွံ့မနွှာပဲ
လေးဆိတ်ခွဲ၍ အရက်နှင့်စိမ်ပြီး  နည်းနည်းချင်းသောက်လျှင် အစာကြေ၍
နှုတ်မြိန်စေသည်။ယင်းသည် လေနာ၊လေချုပ်၊လေဆန်နာများကိုပျောက်ကင်း
စေနိုင်ပါသည်။
လိမ္မော်သီး၏ဆေးဖတ်ဝင်ပုံ(၂)
*သွေးလေညီညွတ်၍စိတ်ရွှင်လန်းဆေရန်အတွက်လိမ္မော်
ရွက်(၅၀)ခန့်ကိုဝိုင်နှင့်ဖြစ်စေ။ခေါင်ရည်နှင့်ဖြစ်စေနေ့
တစ်ဝက်  စိမ်ပြီးနောက်ယင်းအရွက်များကို ပျားရည်(၅၀)
ကျပ်သား ထည့်ထားသောအိုးထဲသို့ပြောင်းထည့်ကာ
မီးမျှဉ်းမျှဉ်းဖြင့်အရောင်ပြောင်းလာအောင်ကျိုပါ။
ထို့နောက်တစ်နေ့နှစ်ကြိမ် တစ်ခါသောက် လ္ဘက်ရည်
ဇွန်းတစ်ဇွန်းခန့်သောက်ပါ။
ရောဂါပျောက်ကင်းသက်သာလာပါလိမ့်မည်။
ကလေးသူငယ်များ သူငယ်နာအကြောတက်၊ အကြောစွဲခြင်းများဖြစ်နေပါက
လိမ္မော်ပွင့်(၃၀)ကျပ်သားကို ရေ(၃)ပိသာာနှင့်တစ်ညစိမ် ၊နောက်တစ်နေ့
နံနက်တွင် ပေါင်းအိုးဖြင်ပေါင်း၍ ပေါင်းခံရည် စုထားပြီး ၄င်းကိုတစ်ခါသောက်
ထမင်းစားဇွန်းဖြင့်(၅)ဇွန်းမှ(၁၀)ဇွန်းခန့်နေ့စဉ် ရောဂါဖြစ်နေသောသူအား
တိုက်ပေးလျှင် သက်သာ
ပျောက်ကင်းနိုင်ပါသည်။
အကြောအားနည်းခြင်း၊ မှတ်ဥာဏ်အားနည်းခြင်းတို့အတွက် လိမ္မော်ပွင့်
ခြောက်ကို တစ်နေ့နှစ်ကြီမ်မှန်မှန် စားလျှင် အကြောအားကောင်း၍
မှတ်ဥာဏ်တိုးစေနိုင်ပါသည်။လက်တွေ့သုံးကြည့်ကြပါ။
http://kwzn186.multiply.com/journal/item/66
Saturday, January 22, 2011
ဘယ်သူ ရေရှည်ပေါင်းပါ့မလည်း
"မောင်မောင်"နဲ့ "မမ" စတွေခဲ့တာ တစ်နှစ်ကျော် မောင်   ပြောင်းလဲလာသည်
"မမ".."မောင်"   ချစ်တယ်နော်တဲ့ နောက်တတ် ပြောင်တတ် စတတ်သည့်
´"မမ.". ကို "မောင်" စနေတယ်  နောက်ပြောင်ကျီစယ်နေတာ ထင်မိသည်.. ချစ်တာများ   လွယ် မှ လွယ်   ပေးနင့်လက်ကို .. "မမ"
ခြစ်တာ   သက်သေပြမယ်နော်…ပြောပြော
ဆိုဆို..  မောင့်လက်ကိုဆွဲ၍ လက်သည်းရှည်နှင့်  ကုတ်ခြစ်မိသည်.. အားးးးနာလိုက်တာ…မမရာမောင့်ကို
တကယ်လုပ်ရက်တယ်နော်    အေးလေ မောင်ရယ်   ဒါအစပဲရှိသေးတယ်လေ နောက်ဆို.......
.""မမ""ကို ချစ်ရင်ဒီထက်နာမှာ သိလား.. ဒါ မောင့်ကို   နမူနာပြတာပါ …ဒါနောက်တာမဟုတ်ဘူးနော်.. မောင်.. မချစ်နဲ့နော် ဘယ်မိန်းမလေးမှ မချစ်နဲ့နော်သိလားနော်…
ဟောဗျာ………
"မမ.".ကို "မောင်ချစ်တာ ဒီထက်နာကျင်ရင်လည်း မောင်
အဲ့ဒီနာတာလေးပဲ ခံလိုက်တော့မယ်နော်.. မမရယ်ပြန်ချစ်ပါနော်.."
ရော့ မကြေနပ်သေးရင် နောက်လက်တစ်ဖက်
"မမ"စိတ်ချမ်းသာသလို ကုတ်ခြစ်ပေတော့နော်….."မမ" ကို မှ"မောင် "ချစ်ပဲ
မနေနိုင်တာ .တကယ်ဆို အချစ်ပဲလိုတယ်လေနော်….. "မမ" ကိုချစ်မိသွားတာ
မောင့် စိတ်ပြောင်းလဲသွားတာ."မမ"ရဲ့ ပွင်းလင်းဖော်ရွှေတာကို
ချစ်လို့ပါ မမ နော် နည်းနည်းလေးဖြစ်ဖြစ် မောင့် ကို စိတ်ချမ်းသာအောင်
ပြန်ချစ်နော်………
"မောင်၏ ညူကလီးယားတိုက်စစ်ကို မမ ..အတတ်နိုင်ဆုံးဝှေ့ပတ်၍
ရှောင်တိန်းနေရသည် ရင်ထဲမှာတော့ မောင့် ကို
စတွေ့သိတည်းက ချစ်မိနေတာလေ"….
မောင်ကတော့ သိမှာမဟုတ် ခုမှ ဘာစိတ်ကူးပေါက်ပြီး  ချစ်ရေး ဆိုတာလည်း နားမလည်ခဲ့ မောင်နဲ့   စကားပြောဆို  ရယ်မော နောက်ပြောင်နေရတာကို "မမ".စိတ်ချမ်းသာခြင်းဖြစ်နေမိသည်
အင်းပါမောင်ရယ်… ခဏစောင့်ကြည့်မယ်နော်…ချစ်တယ် ပြောတဲ့လူတိုင်း.. "မမ.".ပြန်မချစ်
တတ်ဘူးမောင်ရဲ့နော်.. မောင်လည်းသိသားနဲ့
"မမ"အကြောင်းကိုနော်…….
အင်းပါ…..မမသဘော..  မမ  စိတ်ချမ်းသာပြီးရော မောင့်ကိုတော့ပြန်ချစ်နော်….
မမရဲ့ ပုံစံက ရဲရဲတင်းတင်းနေထိုင်၍…ပြောစရာရှ
ိ အားမနာတတ် ဆံပင်ကလည်းအတိုနဲ့ ဆံပင်ရှည်လာရင် စိတ်ရှုပ်တတ်တယ်ဆိုပြီး ဆံပင်ကိုအရှည်မထားတတ်   ပုခုန်းထက် ဘယ်တော့မှ မကျော်ပေ .အလုပ်မရှိ ဒီံဆံပင်တိုတိုလေးကို ၃ရက်တစ်ခါ  ခေါင်းလျှော်လာတတ်သည်…
"မမ"ရာ
ခေါင်းခဏခဏမလျှော်ပါနဲ့ ခဏခဏ ဖျားနာနေတာ
ပြောမိလျှင် မောင်ရာ….ဒီဆံပင်က.တိုတိုလေး ရေ
ချက်ချင်းခြောက်ပါတယ်နော်.အနံ
အသက် ကို" မမ"မ ကြိက်ဘူး လူလူခြင်း ကပ်ထိုင်လို့ အနံ့ရရင် "မမ "အော်ဂလီဆန်တတ်တယ်
ကိုယ့် ကို ကိုယ် လည်း "မမ"သန့်ရှင်းနေမှ မွှေးနေ မှ "မမ" စိတ်ထဲ
အနံကို  ထူးထူးခြားခြား  အာရုံခံတတ်သလားပဲစိတ်ထဲလည်း  ရွံရှာတတ်သည် "မမ" အင်္ကျီလက်ပြတ်ဝတ်တာ သဘောကျတယ်..လက်ရှည်ကစိတ်ရှုပ်
တယ်
"မမ".. စိတ်ထဲမှာ တော်တော်ကသိကအောင့်နိုင်တယ်..
ဟန်ဆောင်ရတာမှန်သမျှကို
ဟန်ဆောင်ပီးပြောခဲ့ တာ မှန်သမျှ ကို   ပြောသာပြောခဲ့ တာ
ရင်ထဲက  စိတ်က လက်မခံဘူး ..ကိုယ့် ဘာသာ  ကိုယ်ပြန်ချဉ်နေတတ်တယ်
စိတ်ကအဲ့လို "မမ"ကို မြင်ရင် စကားပြောမိရင်
ပြောချင်တာ  ပြောတတ်လို့    တော်တော်တန်တန်   လူတွေက
သွေးပျက်တယ်…   အထင်သေးတယ်   ဒါပေမဲ့"မမ "ပြောတာ ဖြစ်နေတာတွေကိုပဲ ပြောတာလေ  အဖြစ်မှန်တွေလေနော်  "မမ"က  ဘ၀ကို  ရိုးရှင်းစွာ  ဖြတ်သန်း   ရှင်သန်နေထိုင်ချင်တာ
 မောင်…".မမ"ကိုချစ်တာ တော်တော် သည်းခံနေရတယ်ထင်တယ်.မိန်းမပေါပါတယ်ဟာ
သွား ဘယ်သူ့ဖြစ်ဖြစ် ချစ်လိုက်နော်……
"မမ" ပြောမိတယ်…..။စိတ်ထဲကတော့ ဘယ်ပါ ပါ့မလည်း
"မမ"ကို မောင် တန်ဖိုးထားစေ့ချင်တာလေ ချစ်တယ်ဆိုတာ နီးတာ ဝေးတာ
မဆိုင်ဘူးထင်မိလို့ပြောမိတယ.်..
..
အတူတူ နေနေထိုင်နေမှ မဟုတ်ဘူးလေနော်…..တကယ်လို့အတူတူ
မရှိချိန်ကြရင်
မောင်.."မမ"ကို အနေဝေးလို့  သွေးအေးပြီး မချစ်ရင်ဆိုတဲ့ အတွေး
ဖြန့်ကြက်မိတော့ ချက်ချင်း  အဖြေမပေးဖြစ်တာပါ။
"မမ" အဖြေ မပေးဖြစ်လိုက်တာမှန်တယ် ခု ကောင်မလေး တစ်ယောက်နဲ့ ချစ်သူ
ဖြစ်နေတယ်ဆိုပြီး  မောင်နဲ့ မမတို့ သူငယ်ချင်း စိုင်းနောင် "မမ"ကိုလာပြောတယ်
တော်တော်ကို  မိန်းမပီသတယ် သိမ်မွေ့တယ် အက်ျီဝတ်တာကလည်း
လက်ရှည်လေး   လက်စကလေးတွေပဲဝတ်တာ  ဆံပင်အရှည် ကြီး
သနတ်ခါးပါးကွက်ကြားလေးနဲ့  ချစ်စရာလေး "မမ"ရာ "မောင်မောင်"တော့
ကံကောင်းတယ်သိလားးး
"မမ "ချစ်ရဲ့သားနဲ့ အချိန်ဆွဲနေတော့   ဟိုကောင်  "မောင်မောင်"
သူများနောက်ပါသွားတာပေါ့တဲ့  ခု မောင်မောင်တွဲနေတဲ့  ကောင်မလေးက
အေးဆေးတည်ညိမ်တယ် သူ့ ကို   မြင်ရင် သူနဲ့  စကားပြောမိရင်
အထင်ကြီးလေးစားဖို့ကောင်းတယ်   စကားပြောလည်း   နူးညံတယ် ချိုသာ
ပြေပြစ်တယ်   မြင်သူတိုင်းကလည်း  သူ့ကိုချစ်တယ်  ။
"မမ"ရေ "မောင်မောင်"တော့ ခုတွဲနေတဲ့ ကောင်မလေးနဲ့   ယူဖြစ်မယ်ကြားတယ်။
စိုင်းနောင် တစ်ယောက် မောင်မောင့် ကောင်မလေးအကြောင်း  ပြောဆိုနေတာကို
နားထောင်နေရင်း
"မမ" …ဟန်ဆောင်ပြုံးနေရပါတယ် အေးပါ  စိုင်းနောင်ရယ်  နင့်တောင်သူ့ကို
ကြိုက်မိနေဦးမယ်ဟာနော်   သတိထားနေပေါ့နော်   တော်ကြာ မောင်မောင့်ရည်းစား
 စိုင်းနောင်နဲ့ညားဆိုပြီး    ငါ  အော်ဆိုနေရမယ်နော်   သူကံကောင်းတာပေါ့
 ငါတို့သူငယ်ချင်း  မောင်မောင်နဲ့ သူ့
ကောင်မလေးလိုက်တာပေါ့….နင်နဲ့ေ
တာ့လိုက်ဘူးနော်
"မမ" ….စနောက်လိုက်တာကို  စိုင်းနောင်တစ်ယောက်  စိတ်ဆိုးပြီး
မျက်နှာကြီးက  ဒေါသတွေထွက်လို့
"မမ" နော်… ငါ့ကို နင်  ပေါက်ကရတွေ  တအားပြောတာ ဒါကြောင့်  ကျန်ရစ်တာ
တော်သေးတယ်  ဟိုကောင်  မောင်မောင် ကံကောင်းတယ် သိလား မမ နင်နဲ့လွဲလို့
နော်   ပြောပြောဆိုဆို   စိုင်းနောင် ဒေါသထွက်ပြီး ပြန်သွားတယ်…..
"မမ" …
ရယ်မောကျန်ခဲ့တယ်  သူ့ကိုစနောက်နေပေမဲ့   မမရင်ထဲမှာ.... နင့်နင့် သည်းသည်း
တစ်စုံတခုက   ရင်ဝကိုထိုးချလိုက်သလို  " မမ" ရင်ဘတ်တွေအောင့်ပြီး
စူးရှနာကျင်နေတယ်..
"မမ"   စိုင်းနောင်ပြန်သွားမှ   နှတ်ခမ်းကိုက် ကျနေ တဲ့ မျက်ရည်ကို
မညာမတာ ပွတ်သုတ်ပြစ်တယ် နောက်ထပ် မကျနဲ့နော်  ဒီမျက်ရည် ဒါနောက်ဆုံးနော်
လုံးဝထပ်မကျရဘူးဆိုပြီး   ကိုယ်ကိုကိုယ်  သတိပေးပြီး
စိတ်ကို   ခက်ထန်အာင်   မွေးမြူရင်း  အံ တင်းတင်းကြိတ်လိုက်မိပါတယ်။
"မောင်မောင်"ရေ နင်က   ငါ့ရင်ထဲမှာ ချစ်သူအဖြစ်ကနေ
သူငယ်ချင်းအဖြစ်ပြောင်းလိုက်ပြီ
နော် ငါ  နင့်အတွက် နေရာလေးတစ်နေရာ
တိတ်တိတ်လေးပေးထားတာ ခုတော့ ငါ  ဖျက်လိုက်ပြီ သူငယ်ချင်းရေ။
မောင်မောင်နဲ့  မတွေဖြစ်တော့တဲ့နောက်ပိုင်း  အေးဆေးငြိမ်သက်နေတဲ့ "မမ"
အခု "မောင်မောင့်"အကြောင်းပြန်ကြား
ရပြန်တယ်   စိုင်းနောင် နဲ့  တွေ့တော့
"မမ"ကိုပြောစရာ ပါလာတယ်….  ဟိုကောင်"မောင်မောင် "သူ့"မိန်းမ"
သူ့ကို  အခု ပြစ်ထားခဲ့ပီ   နောက် တစ်ယောက်  နောက်လိုက်သွားတယ် ခုဒီကောင်
တော်တော်စိတ်ထိခိုက်နေတယ်။
"မမ".... ကြားကြားခြင်း  တော်တော်စိတ်မကောင်းဖြစ်သွားတယ်  ပြီးတော့မှ
ဟက်ဟက်  ပက်ပက်  ရယ်မော  လိုက်မိတယ်.........
စိတ်မကောင်းပါဘူး   သူငယ်ချင်းးးး   မိန်းမလေး တစ်ယောက်ကို
 အပြောအဆို  သိမ်မွေ့ နူးညံ   အ၀တ်အစား  လုံလုံခြုံခြုံ  ၀တ်တိုင်း
အေးဆေးတည်ငြိမ်တယ် ထင်နေတဲ့   နင့်ကိုလေ  ငါ  မပြောဖြစ်လိုက်တဲ့  စကားလေး
ပြောပြလိုက်ချင်တာ  သိလား   လူတစ်ယောက်မှာ  အတွင်းစိတ်ထားက  အဓိကပေါ့
"မောင်မောင်ရယ် "ဘယ်လိုဝတ်စား  နေထိုင်နေထိုင် သူ့ရဲ့ စိတ်ထား
အတွင်းဖောက်ပြန်နေရင်   ဘယ်လိုလုပ်မလည်း  ဆိုတာ  အစထဲက
နင်သိသင့်တာပေါ့ "မောင်မောင်ရယ်"…နင် နဲ့ငါ အတူတူ အိမ်ထောင်တစ်ခု
ထူထောင်ရင်  ဒီလိုအဖြစ်မျိုးတွေ  ငါတွေ့နေ  မြင်နေကြားနေရတော့  ချက်ခြင်း
ချစ်သူဆိုတဲ့ဘ၀ကို    အိမ်ထောင်ဆိုတဲ့   လောကကို မပြောင်းလဲမိတာပါ
ငါကဘ၀ကို  ပေါ့ပေါ့ပါးပါး  ရိုးရှင်းစွာ နေထိုင်ချင်ယုံ  သက်သက်ပါဟာ
ခုတစ်ကြိမ်လည်းးး   ငါ   စိတ်မကောင်းစွာနဲ နင့်အတွက့်  ရင်ထဲ
နင့်နင့်သည်းသည်း  ခံစားရင်း
မျက်ရည်တစ်ပေါက် ငါ  မသိလိုက်တဲ့အချိန်မှာပဲ   ငါ့မျက်ဝန်းကနေ  တဆင့် ငါ့
ပါးပေါ်ကို   ခုန်ဆင်းလိမ့်ကျလာတယ် ………..
ငါလေနင့်အတွက်  စိတ်မကောင်းပါ ဘူး မောင်မောင်။
♥♥ငါ မပြောဖြစ်လိုက်တဲ့   စကားလေး တစ်ခွန်းက စိတ်အတွင်း မဖောက်ပြန်တာ
အဓိကပါ   မောင်မောင်ရယ်.  ရုပ်ရေ  အ၀တ်အစား အနွဲ့အမြူ ခယာတာ
အပေါ်ယံ ဟန်ဆောင်ထားမှု့ဆိုတာကို နင်သိသင့်ပါတယ်...မောင်မောင်ရယ်
်♥♥♥………
ချစ်သူ   ရည်းစားဘ၀မှာ   လူတိုင်း   ချစ်သူ၏    စိတ် အတွင်းအကျင့်စရိုက်
မခန့်မှန်းနိုင်ပါဘူးနော် ဒါကြောင့်   ငါ စောင့်ကြည့်မိတာပါ  မောင်မောင်
…နင်ကို  ချက်ချင်း  အဖြေမပေးတာကလည်း
အိမ်ထောင်ရေးဆိုတာ   မမြင်ရဘူး   ဘ၀မှာ  ထင်သလောက်   မလွယ်ဘူး
ဘယ်သူ   ရေရှည်ပေါင်းပါ့မလည်း သိနိုင်လား   မထင်မှတ်တာတွေ ဖြစ်တတ်ပါတယ်
"မောင်မောင်"....………..
ငါလေနင့်အတွက်  စိတ်မကောင်းပါ ဘူး မောင်မောင်။
♥ဒေါ်လာစားခြင်းအရသာ♥
♥ဒေါ်လာစားခြင်းအရသာ♥
အရင်းအနီးတွေ
မျက်ရေတွေ
ဆုံးရှုံးခြင်းတွေ
ဝေးကွာမှုတွေ
နင့်နင့်သည်းသည်းခံစားမှုတွေ
ကုန်ဆုံးသွားတဲ့ဘ၀ အဖော်မဲ့စွာ နေထိုင်နေတာတွေ
သေကွဲတွေ ရှင်ကွဲတွေ
စိတ်ဖိစီးမှုတွေ ပေးဆပ်ပြီးမှ ရရှိရတာ
တန်တောင်မတန်ဘူး
♥ဒေါ်လာစားခြင်းအရသာ♥
Thursday, January 20, 2011
ဖခင် အမွေ
မျက်ဝန်းရိပ်တွင် ချစ်ခြင်းခိုဝင်
မေတ္တာရိပ်ထင်
ဖခင်ဗိုလ်ချုပ် သမီးပေမို့
ဖခင်စိတ်ဓါတ် အမွေယူထား
ပြည့်သူ့သမီး
ချစ်လွန်းတင်
သူ့မျက်ဝန်းတွင် မေတ္တာရိပ်ထင်
ကြည့်လို့မ၀ ရှုလို့မဝ
အေးချမ်းသာယာရှိလေစွ.............။
Monday, January 17, 2011
လူ့ ဘီလူး
(--လူ့ ဘီလူး--)
ဘ၀ပင်လယ် လောကမုန်တိုင်း
တစ်ဝမ်းတစ်ခါး  ရှာဖွေစားရ
သောကပင်လယ်  မမောပန်းနိုင်
အိမ်ထောင်တာဝန် ကျေပွန်ထမ်းရွက်
မုန်တိုင်းရှိလည်း  သူမသိပါ။
အိမ်အပြန်မှာ စောင့်မျှော်နေရှာ
ဝမ်းစာအရေး ရွှေသွေးရင်နှစ်
လောက်ငှပြစ်တင် မငြို ငြင်အောင်
သူပေးဆပ်နေ
အော်....မိဘနေရာ ဖြစ်တည်ရှိတော့
အပြုံးမပျက် ပလိုင်းလေးလွယ်
ဖားရှာငါးရှာ သံသရာလည်း
မကြည့်အားပါ.......
လောကမုန်တိုင်း ၀င်ရောက်နှောက်ယှက်
ကစဥ့်ကလျား တစ်ကွဲတစ်ပြား
ရေလှိုင်းပင်လယ် ခေါ်ဆောင်ရာနောက်
ကောက်ကောက်ပါတယ်။
ရှေးက၀ိဘက် ပေးဆပ်နေတာ
ဒီလှိုင်းဒဏ်နဲ့ ကျန်ခဲ့သူလည်း
ဘ၀ပင်လယ်  ပူဆွေးကျန်ရစ်
ချန်ရစ်တဲ့သူ ကျန်ရစ်သူကို
ငရဲတမျှ ပူလောင်ရလည်း
ကယ်ပါ ယူပါ ဆူညံသံကို
ကြား ......နေ....ဘီလူး
ပြုံးပျော်မြူးသည်
ငါ့တို့အတွက်
အခုမှဟန်ကျ
စားစရာပေါ
ယူလို့မဝ
ကြင်နာသနား မုဒိတာမပွားးးးးး
စာနာမသနား မငှဲ့ညာပါ
သူဝမ်းဝအောင် သူ့မယားဝအောင်
သူဝမ်းဝအောင် သူ့သားဝအောင်
ဝမ်းအပြင်လည်း အိတ် ကိုဆောင်သည်။
လူ့ဘီလူးတွေ ဖြစ်နေတယ်။
Sunday, January 2, 2011
မမုန်းလိုက်နဲ့ဦး
♥♥ကဗျာမှာ♥♥
ဤ  မသိ ကျွဲသာ ကြည့်တော့
သူခေတ်ကလေ ဆန်းဆန်းပြားပြား
အလန်းဇယားမှ ကြည့်ချင်သိချင်
ကာရန် နဘေ ငါမညှိပေါ့။
ကဗျာဆရာ ဝေဒနာအတိ
ရင်ဘတ်ထဲထိ ၀င်ကြည့်တတ်တယ်။
ခေတ်နဲ့အပြေးပြိုင် ငါနိုင်ရမယ်
ဖတ်သူမရှိ ကဗျာကလောင်ရယ်
ငါရင်ထဲမှာ ဝေဒနာအတိပေါ့
ဖလမ်း ဖလမ်းထ ဆန်းဆန်း  က
သူခေတ်က သူ့စတိုင် ပိုင်နိုင်အောင်
ကဗျာစရာရယ် လက်ကုန်နွဲပေါ့
သတ်ပုံလွဲတဲ့ ဒီခေတ်မှာ
ကယ်သူကို  ငရမကန်းက
အပြစ်လို့ပြော။
♥♥မမုန်းလိုက်နဲ့ဦး♥♥
ငါမျက်ရည် သွေးမျက်ရည်
ငါ့ကဗျာ သွေးစက်တွေ ပျံကျဲပေါ့
အင်းးးးးးးး
ဒီဘဝ
ဒီခန္ဓာ ဒီစာပေ ဒီလိုစိတ်ကို
အပြီးသတ် ငါချေမှုန်းမယ်
နောင်သံသရာ မယူလိုဘူး
ဟဲ့
မယ်နု
နင်ကျွေးတင် ကျေအောင်ဆပ်ပါ့
ဒီသံသရာ ဒါနောက်ဆုံးမို့
ငါ့ချစ်သူ အမူတုံးရယ်
မမုန်းလိုက်နဲ့ဦး။
♥♥♥♥♥♥
 Beauty - Picture for Me
Saturday, January 1, 2011
မင်းတွက်နေရာရွေး
သေဖို့ တစ်ရက်နီးလာပြီ နေဖို့ လုပ်ကိုင်နေရသည်။
သေမင်းရယ် မခေါ်ပါနဲ့  ချစ်ခင်သူ အမူတုန်းကို
ပေးဆပ်လို့ မကုန်ုခင် မင်းလာခေါ်ချင်
မအားပါပြောမရ သူခေါ်ရာ ငါပါရ
 မသေခင် မပြင်မိတော့ မှားမိပေါ့ ဒီလူမှာ
ဝဋ်ကျွေးရယ် မကုန်နိုင်သေး
 ပျော်၍နေသေး
သနားစရာ  လူသားမှာ
 ပေးဆပ်ရ အဖန်ဖန်ပါ
ကိုယ့်ကိုကိုယ် မကြည့်မိပေါ့
သေမင်းခေါ်ချိန် အဆင်မသင့်ပါဘူး
 ဘုံ၃၁ ဌာနေမှာ
မင်းလုပ်သမျှ နေရာရွေး။
ငါသေမင်း နေရာပေးမယ်
ဘယ်သူကို ဘယ်လိုလိမ်ညာ
ဘယ်သေရည် ဘယ်လိုသောက်
ဘယ်အိမ်ရာ ဘယ်လိုမှောက်
ဘယ်သူကို ဘယ်လိုသတ်...
ဘယ်ပစ္စည်း  ဘယ်လိုခိုးတယ်။
မင်းစရိုက်
မင်းကြိုက်သမျှ လုပ်ခဲ့တာတွေ
ငရဲဘုံဤစခန်းမှာ မင်းတွက်နေရာရွေး..............