Pages

Tuesday, August 28, 2012

♥♥မေတ္တာရေကြည်တစ်ပေါက် ♥♥

Dec 23, '10 4:06 PM
for everyone
ဟေ့ရောင်နေပိုင်လာကွာ ဘောလုံးကန်မယ်  အိမ်ရှေ့မှသူငယ်ချင်းအော်ခေါ်သံနင့်အတူ “ အမေ … သား ဘောလုံးကန်သွားလိုက်ဦးမယ်နော် “ အမေ့ကိုပြောပြပြီး
ဟေ့ရောင်ငယ်ချင်းခဏစောင့် လာပြီ !
အမေသားလစ်ပြီနော်…
“ အေး .. နင်တစ်နေ့တစ်နေ့ဂစ်တာတီးလိုက် ၊ လ္ဘက်ရည်ဆိုင်ထိုင်လိုက် ၊ ဘောလုံးကန်လိုက်  ဘွဲ့ရကတည်းက ဟိုအလုပ်ရွေး ၊ ဒီအလုပ်ရွေးနဲ့ဘာမှလည်း လက်ကြောတင်းအောင်မလုပ်ချင်ဘူး ။ ဒီကြားထဲအင်တာနက်ဆိုတာကပေါ်လာတော့ ငါ့မှာဂိမ်းဆော့ချင်တယ်ဆိုလို့ဂိမ်းဆော့တဲ့အဖိုးပေးရနဲ့ အိမ်အလုပ်လည်းမကူညီ ၊ လုပ်ငန်းထဲလည်းမကူညီ … ကြားဘူးပါဘူး သူတို့လက်ထက်မှာမှ ဆော့နည်းပေါင်းစုံတဲ့အပြင် ဒီဂိမ်းဆိုတာကြီးက အင်တာနက်ပေါ်တက်ဆော့တယ်ဆိုပြီး ပါလာသေးတယ်၊တစ်နေ့တစ်နေ့အိပ်ချိန်တခုပဲ နင်ငြိမ်ငြိမ်နေတာတွေ့တယ် ။ ဘာမှလည်းတတ်ကျွမ်းတာမဟုတ် ၊ ထမင်းလည်းမစားရ အံ့ပါ့တော်.. “ အမေ၏ဆူညံဆူညံပြောနေကြစကားသံက နောက်နားမှထပ်ကြပ်မခွာ လိုက်လာသည်။
ခြံအပြင်မှစောင့်နေသောသူငယ်ချင်း  စနေသားက  …. “မင်းအမေဆူနေတာကြားတယ်ဟေ့ရောင် !ဘာဖြစ်နေတာလဲကွ  မင်းမားသားက 
“ အလကားပါကွာ … ထုံးစံအတိုင်းပေါ့  ။ ဓါတ်ပြားဟောင်းဖွင့်နေတာလေ
ငါတခါတခါအမေ့ကိုသနားလို့ အမေမောနေမှာစိုးလို့ သူပြောနေတာခွေကူးစက်ထဲကနေဖွင့်ပေးမယ်ဆို
ပြန်ပြောရင် အမေဒေါသစွေ့စွေ့ခုန်ရောဟေ့ရောင်  ငါ့ကိုအမေက နေ့တိုင်းပြောနေကြမို့သနားလို့စေတနာနဲ့ပြောတာလေကွာ 
“ ဟာကွာ … မင်းအမေကမင်းကိုချစ်ပါတယ် ၊ ဒီအချိန်ထိ မင်းလိုက်လျားလိုက်လျား နေနေရတာ  မင်းအမေပြောတာမှန်တယ်ကွ … ငါတို့တခုခုတော့လုပ်သင့်နေပြီကွ “
“ဟာ .. မင်းမေခွီးတဲ့မှ !  လုပ်ချင်တာပေါ့ကွ … သွားလျှောက်တော့လည်းအလုပ်က  မင်းတွက်ကြည့်လေ ၊ စပေးတဲ့လစာငွေက  ၄၀၀၀၀  သောင်း ၅၀၀၀၀ကစပေးတာလေ  သေချာတွက်ကြည့်မကိုက်ဘူးကွ   ဆေးလိပ်ဘိုး လ္ဘက်ရည်ဘိုးမပါဘူး
ကားကောင်းမြန်ချင်လို့စီးရင် ကားခက၂၀၀ကွာ  တဆင့်ထပ်စီးရရင်၅၀ကျပ်ကွာ  ပြန်လာတော့တွက်ကွာ၅၀၀ကျတယ်  ရိုးရိုးကကျပ်သိပ်နေတာစီးတော့၁၀၀ ကွာထပ်စီး၅၀  သွားပြန်၃၀၀  ဟေ့ရောင့်  ထမင်းဘိုးမပါဘူး  ငပိသိပ်ငချဉ်သိပ်ကားလည်း ငါမစီးနိုင်ဘူးကွာ ကားခတစ်သောင်းခွဲကျတယ်ကွာ  ငါဘာကျန်လဲ အမေ့လက်ထဲလစာ ၃၀၀၀၀ လောက်အပ်တယ်  ကွာအမေထမင်းဘူးပြန်ထည့်ပေးရင် စောစောထချက်ပြုတ်ရမယ် အမေထမင်းဘူး ဖိုးမနက်စာပဲ ငါရှာပေးနိုင်မယ် ဗာရီဟအသုံးစရိတ် ငါသုံးရင်အမေက တောင်ထပ်ပေးရမယ်  ဒီတော့အေးဆေးနေလိုက်တော့တာကွ အမေ ကျွေးထားတာ ဒီထက်မကဘူးလေဟေ့ရောင်   အမေမသေငွေမသေဘူးအေးဆေးစားတော့မယ်ကွာ
အာရုံလာမနောက်နဲ့သူငယ်ချင်း ”
“မင်းကွာ … မင်းအပြောနဲမင်းဟုတ်နေတာပဲ  လစာနောက်တော့လုပ်သက်ရင်လာရင်တိုးပေးမှာပေါ့ကွာ ”

“ဟာ….တစ်နှစ်လောက်နေမှတိုးပေးမှာ ဒါတောင်မသေချာဘူးဟေ့ရောင် မင်းငါ့လာမစားနဲ့ဟုတ်လား”
“အင်းးးးးးးးးပြောတော့ဘူးဟေ့ရောင်ရေ မင်းသဘော”
ဒီကောင်အလုပ်လုပ်ဖို့ကိုဘယ်သူငယ်ချင်းမှတိုက်တွန်းလို့မရကြ သူငယ်ချင်းတွေလုပ်ငန်းခွင်အသီးသီးဝင်၍
လုပ်ကိုင်နေကြပြီသူ့ကိုဘယ်လိုမှနားချမရ  ဆိုးတာလည်းမဟုတ်သိတော့သိသည်  ဒီကောင်အတွေးကကောင်းတာလား
အတွက်အချက်တော်တာလားမသိ ပြောတော့လည်း
အမျိုးမျိုးအကြောင်းပြငြင်းနေတတ်သည့်ကောင်
နေရောင်ဆိုသည့်အမည်နှင့်လည်းလိုက်သည်..ရိုက်ပွဲဆိုသူရှေ့က  ဆိုးသည်တော့မဟုတ် သူများကိစ္စရပ်ကွက်ထဲ မှ ကလေးတွေလာတိုင်လျှင် မဆိုင်ပဲဝင်ဝင်ပါတတ်သည့်ကောင် ၊ နေရောင်ဆိုတာသည်လိုကောင်မျိုး 
သိတော့သိသည် ၊ မကျင့်တာ ။ သူစိတ်ကြိုက်နေထိုင်နေသည့်ကောင်
ကျွန်တော်အလုပ်နယ်ပြောင်းရ၍ ဒီကောင်နှင့်ကင်းဝေးသွားသော တနှစ်အတွင်းမှာကျွန်တော် ဘယ်လိုမှမထင်မှတ်သော ပြောင်းလဲမှုကို  ကျွန်တော်ခွင့်ယူ၍ပြန်ချိန်တွင် ကျွန်တော်တွေ့ရှိသိခဲ့လိုက်ရသည်။
 မထင်မှတ်ဒီလိုကောင်က ကျွန်တော်တို့မလုပ်နိုင်သောအလုပ်များကို ရပ်ကွက်မြို့ရွာအနှံလိုက်လုပ်နေသည်။
သူလုပ်သောအလုပ်က  တော်တော် ကိုလေးစားသင့်ဂုဏ်ယူသင့်သည် ။
ပရဟိတတဲ့ဗျာ…ပရဟိတ  ကိုယ်ကျိုးမဖက် သူ့အတွက်မပါ  သူလုပ်ကိုင်ကူညီဆောင်ရွက်နေတာတွေ့ရှိလိုက်ရတော့ သည်။ ရပ်ကွက်ထဲ  သူ့ကိုလေးစားနေကြသည်
သူ့အမေဂုဏ်ယူနေသည်၊ သူထမင်းသူစား ၍ မိဘမဲ့သားသမီးတွေလှုတန်းဖို့ကိုသူက
နီးစပ်ရာသူငယ်ချင်းများ အပေါင်းအသင်းများကိုစည်းလုံးနေသည်  ။ 
လှူဖို့ကိုတတ်နိုင်သလောက် တစ်တပ်တစ်အားလှုဒါန်းရန် တတ်နိုင်သည့် သူကို  အကူအညီတောင်းသည် ။
ဆင်းရဲချို့တဲ့သော ရပ်ကွက်တွင်းမှအဖိုးအဖွားတွေကို ကူညီနေသည်။  ဘိုးဘွားရိပ်သာသွား၍ သက်ကြီးရွယ်အိုတွေကို သူတို့အဖွဲ့တတ်စွမ်းသည့် ဘက်မှကူညီနေကြသည်။
ဒီကောင်နေပိုင်ကိုကျွန်တော် မေးကြည့်မိသည် သူကိုပြောင်းလဲသွားစေသော အရာကမည်ကဲ့သို့သောအရာလည်း ကျွန်တော်သိချင်နေသည် သူပြန်ဖြေလိုက်သောစကားက အလွန်အင်မတန်မှရိုးစင်းလှပါသည်။
“စနေသားရေ…..ငါ့ကိုပြောင်းလဲစေတာက မင်းနဲ့ငါ ခုထိုင်နေတဲ့လ္ဘက်ရည်ဆိုင်မှာကွာ ”
အဖိုးအဖွား စုံတွဲလာတယ်  အသက်က ၆၀ကျော် ၇၀ ပတ်ဝန်းကျင်ပေါ့ကွာ
ဖွေးဖွေးသန့်သန့်ကွအဖွားကလည်းသနပ်ခါးဖွေးနေအောင်လိမ်းထားတယ် 
အသက်အရွယ်တွေက တော်တော်ကြီးပြီလေကွာ  ဆိုင်ထဲကလူတွေကိုလူတိုင်းထံ
တောင်းနေတာတော့မဟုတ်ဘူးကွ  နေ့တိုင်းတစ်ဦးစ နှစ်ဦးစ သူတောင်းတယ်ကွာ
လာရင်လည်းမေတ္တာသုတ်လေးရွတ်လာတယ်ကွာ  ဆုပေးရင်လည်းကျန်းမာပျော်ရွှင်ကျပါစေ ဆိုပြီး ပေးတယ်ကွာ ။ ဒါနဲ့ပဲငါစိတ်ဝင်စားတာနဲ့    အဖွားအဖိုးတွေကိုခဏထိုင်ပါဦး ကျွန်တော်တစ်ခုခုကျွေးချင်လို့ ပါဆိုတော့ ၊ ထိုင်ဆိုထိုင်ပါ့မယ်   ဗိုက်ပြည့်နေပါပြီပြည့်စုံပါတယ် လူလေးကြွေးတာကျေးဇူးတင်ပါတယ်တဲ့ကွာ  သူတို့ကိုတခြားနေရာကမုန့်ကြွေးလိုက်တာ စားခဲ့ရလို့ပါတဲ့ကွ
ဒါနဲ့ငါလည်း  အလှုငွေ၅၀၀လှုလိုက်တယ်ကွာ  အဖိုးအဖွားတို့ကို မေးစရာလေးရှိတယ်
ဖြေပေးပါသိချင်တယ်ပေါ့ကွာ မေးခွင့်တောင်းတော့ဖြေပေးပါ့မယ်ဘာမေးမှာလည်းတဲ့
တခြားဟုတ်ပါဘူး အဖိုးအဖွားတို့ကသန့်သန့်ပြန့်ပြန့်နဲ့ ငွေလိုက်တောင်းနေကြတယ်လေ ။ သားသမီးတွေမရှိကြဘူးလားဆိုတော့ ရှိပါတယ်  … သူတို့က သူတို့အိမ်ထောင်မထူထောင်ခင်တော့ ဘွဲ့တွေပညာတွေတတ်အောင် အတန်းပညာတတ်အောင်ပြုစုပျိုးထောင်ခဲ့ပါတယ် ။ ခုတော့…သူတို့အိမ်ထောင်တွေကျကုန်တော့ သားကကျွေးချင်လည်း ချွေးမကဆူပူ သမီးကကျွေးချင်လည်း သားမက်ကဆူပူ သမီးကမျက်နှာငယ်ရတယ် သားကမျက်နှာငယ်ရတယ်….သူတို့ လစာလေးနဲ့သူတို့သားသမီးတွေကျောင်းလခ         ကျူရှင်လခသူတို့ဝင်ငွေနဲ့မလောက်ငှကြပါဘူး ။ အဖိုးအဖွားတွေကလည်း ကြာလာတော့ အသက်ရှည်ရမှာတောင် ကြောက်လာတယ်လေ ဒါနဲ့မနက်ခင်းဆိုအမေတို့အဖေတို့ဘုရားသွားမယ်နော်ဆို ထွက်လာ  စားသောက်ဖို့ကို
မရှက်နိုင်ပါဘူး ရှည်နေသေးတဲ့အသက်ကိုဆက်ဖို့ဒီလိုလိုက်အလှုခံ  တစ်နေ့စာလေးလှုခံလို့ရရင်ပြန် ကိုယ်ဘာသာသက်သက် ချက်ပြုတ်နေထိုင်စားသောက်ပါတယ် ။ သားလေးရဲ့အိမ်နောက်မှာ အဖီလေးထိုးပြီးတော့
တချို့တွေကမုန့်ဝယ်ပေးလိုက်ရင်လည်း  အိမ်ပြန်ရောက် တဲ့အခါမြေးမလေးတွေက  အဖွားဘာစားစရာရှိလဲဆိုလာမေးတော့ ကျွေးမွေးလိုက်ပါတယ်။
သားသမီးတွေသိချင်လည်း သိမယ် မသိချင်လည်း မသိဘူး   သိရက်နဲ့မသိချင်ယောင်ဆောင်နေတာလား လည်းတွေးမနေတော့ပါဘူး
တစ်ဝမ်းတခါးစားသောက်နေထိုင်ဖို့ကို အမေအိုနဲ့အဖေအို ဒီလိုမှမတောင်းရင် ဘယ်လိုလုပ်ကာ စားသောက်နေထိုင်ရပါ့မလဲကွယ်။  ဒီလိုအဖိုးအဖွားတွေပြောပြနေတဲ့အချိန်မှာကွာ  ငါ့ရင်ထဲတော်တော်ကြေကွဲနေတယ်  ဘာပြောလို့ပြောရမှန်းလည်းမသိတော့ဘူး ။ မပြေလည်တဲ့မိသားစုမှာ ပေါက်ဖွားလာပြီး အသက်ရှည်စွာနေရတဲ့ အဖိုးအဖွားတွေရဲ့ဒုက္ခ ငါ ဘယ်လိုကူညီဖြေရှင်းပေးနိုင်လဲ ????
ဒါကို ငါ့ခေါင်းထဲမှာစွဲနေတယ်    ပြီးတော့ တတ်နိုင်တဲ့ဘက်ကကူညီပေးချင်နေမိတယ် ။
     တစ်ခါသူငယ်ချင်းတစ်ယောက်ဆီ ကိစ္စရှိလို့သူအိမ်လိုက်သွားတော့ သူငယ်ချင်းတို့ရပ်ကွက် လမ်းထဲက  အသက်ကြီးပြီဖြစ်တဲ့ အဖွားတစ်ယောက်က ပြည့်စုံတယ်ကွာ ။  ဒါပေမယ့်သူငယ်ပြန်နေတယ်  ၊ သူငယ်ပြန်သလိုဒီအဖွားက အိုးပုတ်ချိုးရုပ် ဘိုမရုပ်လေးတွေနဲ့ ဆော့နေတာ ။ သူငယ်ပြန်တယ်သာဆိုနေ သူ့သားကိုတော့မမေ့ဘူး ။
သူ့သား ….တစ်ဦးတည်းသောသား ရုံးကနေလမ်းအပြန်မှာ ကားအက်စီးဒင့်ဖြစ်ပြီး
မတော်တဆသေဆုံးသွားတာလေ သူ့သားရုံးဆင်းပြန်လာတဲ့အချိန်ဆို ။ သူ့သားကိုအိမ်ပေါက်ဝကနေ ထွက်ထွက်မျှော်နေတတ်တယ် သူ့သားကြိုက်တတ်တဲ့ မုန့်ဆိုလည်း သမီးတွေကကျွေးလည်း ချန်ချန်ထားတတ်တယ် ။ ကုန်အောင်မစားဘူး သားဖြစ်သူရုံးကပြန်လာရင်ကျွေးမလို့တဲ့ ။
သမီးတွေကအိမ်ထောင်မပြုကြပဲ အမေအိုကိုစောင့်ရှောက်ကြပါတယ်။
သတိမေ့နေတယ် သူငယ်ပြန်နေတယ်သာဆို သားလေးတော့မမေ့ဘူး ။ ဒါတွေကိုမြင်ရကြားရတော့ အဖိုးအဖွားတွေကို တတ်နိုင်တဲ့လူ တတ်စွမ်းတဲ့လူတွေ ကိုယ့် အသိမိတ်ဆွေတွေထံမှာ အကူအညီတောင်း ရပ်ကွက်ထဲမှာဆင်းရဲချိုံတဲ့နေတဲ့ အဖိုးအဖွားတွေကို အိမ်တိုင်ယာရောက် တတ်နိုင်သလောက်
အဖွဲ့အစည်းကလှုတာပို့ပေးပေါ့စွမ်းသမျှကူညီမိတာ့တာပေါကွာ…
ရေခြားမြေခြားကသူငယ်ချင်းလေးတွေကလဲ
ကူညီကြပါတယ်လှုကြပါတယ်ကွာ  ငါခုအင်တာနက်ဆိုင်ထိုင်နေတာလည်း အရင်လိုဂိမ်းဆော့ဖို့မဟုတ်တော့ဘူးသူငယ်ချင်း မိတ်ဆွေတွေကို
အင်တာနက်ပေါ်ကနေဆက်သွယ် လှုဒါန်းဖို့ အကူအညီတောင်း နိုင်းဆိုဒ်ထဲက အသိမိတ်ဆွေတွေ ငါ့ကိုခင်မင်တဲ့ ငါ့မိတ်ဆွေတွေကို စွမ်းနိုင်သလောက်လှုဒါန်းဖို့ အကူအညီတောင်းပေါ့ကွာ ။
“ အဲ့ဒီလိုနဲ့ပဲ … ငါ  ပရဟိတဆိုတာကို နားလည်သဘောပေါက်လာပြီး တကယ့်တကယ်လိုအပ်နေတဲ့
ကွက်လပ်လေးတွေကို ငါ့ဖက်ကတတ်စွမ်းသလောက် ကူညီပေးနေခဲ့တာပဲ သူငယ်ချင်းရေ ….. ” ။ ….။..

                    ♥♥မေတ္တာရေကြည်တစ်ပေါက် ♥♥

                  ရေကြည်တစ်ပေါက် သောက်မိရုံနဲ့
                  ရေငတ်တဲ့သူ ၊ ရင်ပူသူမှာ
                  စမ်းရေတမျှ   သူ့စိတ်ဘ၀င်
                  ပျော်ရွှင်ကြည်နူး ယူသည့်သူရော
                  လှုသည့်သူပါ အေးချမ်းပါတယ်
                  လှုတတ်တဲ့သူ  တတ်နိုင်သူကို
                  လှုဒါန်းပေးဖို့  မျှော်လင့်နေတယ်
                  သူငယ်ချင်း…………




0 comments:

Post a Comment