Pages

Thursday, September 30, 2010

ခွေးမြီး ဥပမာ ပုံပြင်

တစ်နေ့တွင် ဘိုးတော်ဦးဝိုင်းသည် ညီလာခံ၌  ဦးပေါ်ဦးကိုမိန့်တော်မူသည်။

“မင်းကြီး  မိုးဒါးစား   အမတ်ကြီးဟာ  ပညာဂုဏ်နဲ့  လွန်စွာမာန်စွယ်ပြတယ်လို့ 
ထင်တော်မူတယ် ” ဟုမိန့်ကြားရာ

အမတ်ကြီး  ဦးပေါ်ဦးက.....

         ““မှန်လှပါ၊  မိုးဒါးစားအမတ်ကြီးမှာ   ပညာတည်းဟူသော    အမြီးပေါက်ခြင်း သည်  ခွေးမှာပေါက်တဲ့  အမြီးနဲ့တူပါတယ်  ဘုရား၊

အခြားသူများမှာ  ပေါက်တဲ့  ပညာတည်းဟူသော  အမြီးမှာ   ဆင် ။ မြင်း ၊ခြင်္သေများမှာ   ပေါက်တဲ့အမြီးနဲ့တူပါတယ်၊

တူပုံတူနည်းကို  လျောက်ထားပါဦးမယ်ဘုရား     ဆင် ။ မြင်း ၊ခြင်္သေတို့မှာ   ပေါက်တဲ့အမြီးဟာ  မှက် ၊ ခြင်   ၊ယင်၊

တို့လဲ ခြောက်ရပါတယ်၊မိမိတို့ အင်္ဂါဇာတ်ကိုလဲ  ဖုံးလွမ်းရပါတယ်၊  ခွေးမှာပေါက်တဲ့ အမြီးကတော့   မှက် ၊ ခြင်   ၊ယင်၊

တို့လဲ ခြောက်လို့မရ  ။  မိမိအင်္ဂါဇာတ်ကိုလဲ   ဖုံးလွမ်းလို့ မရရှိပါတယ်””
           
               ““မိုးဒါးစားအမတ်ကြီးဟာ   ပညာနဲ့လုံလောက်သူ  မှန်ပါလျက်   မိမိအရှက်ကိုလဲ  မဖုံးလွမ်းနိုင်

သူတထူးတို့လာတဲ့   အရေးကိုလဲ  ကာကွယ်တားဆီးနိုင်ခြင်း  မပြုနိုင်တဲ့အပြင်   ခွေး  မြီး လို ပဲ

ပညာတည်း  ဟူသော   မာန်မာန  အမြီးကို  တထောင်ထောင်နဲ့  နေခြင်းသာ  ပညာရှိတို့အလယ်မှာ

ရှက်ဖွယ်ရာ ဖြစ်ပါကြောင်း  ရှိခိုး သံတော်ဦးတင်ပါတယ်ဘုရား  ဟု လျှောက်ထား လေ လျှင်

ညီလာခံ  ဘိုးတော်ဦးဝိုင်းနှင့် တကွ  ညီလာခံ မှုး  မတ်  အပေါင်းတို့ အားပါးတရ  ရယ်မောကြလေသတည်း။

Wednesday, September 22, 2010

သေချာကြည့်မှမြင်မှာပါ။




၁။  သေသည့်ကမ္ဘာ  သေသည့်ရွာ  ငါတို့နေတာပါ။

၂။  ဆွေမျိုး ဥာတကာ ဖော်များစွာ သေသည့်အခါမပါပါ။

၃။  အထုတ် ကြီးကြီးစုကာထား သေသည့်အခါမပါပါ။

၎။  ပစ္စည်း ဥစ္စာ သားသမီးမိတ်သဟာ သေသည့်အခါမပါပါ။

၅။  စားတော့ တစ်ယောက်စာ ရှာတော့အများစာ သွားတော့ တစ်ယောက်သာ သေလမ်းပါ။

၆။  မသေတတ်ခင် သေနည်းသင် ပညာတရား  ဖွေရှာထားမှ သေသည့်အခါ မြတ်မှာပါ။

၇။  နင့်ကိုနင်ချစ် တရားအစစ် သေချာကြည့်မှမြင်မှာပါ။

၈။ ဘ၀များစွာ  သံသရာ ဆုံလည် နွားပမာ  လှည့်နေမှာ သတိတရား   လက်ကိုင်ထားလူအစစ်မှမြင်မှာပါ။

၉။  ကိုယ့်ကိုယ်ကြည့်ပါ  ကိုယ့်ခန္ဓာ  ပြောင်းလဲဖောက်ပြန်နေတော့တာ  ။

၁၀။  ၃၁ဘုံတွင်း သက်ကာဆင်း ရောက်ချင်ရာရောက်နေရတာ။

၁၁။ မတည်မြဲတာ   ၍ကမ္ဘာ  ဘာမျှ  အမြဲမရှိပါ။(အနတ္တ)

Friday, September 17, 2010

အဆုံးမဲ့ပေးဆပ်ခြင်း(ဖေဖေ)အမှတ်တရ

ဖေဖေဆုံးသွားပြီ........
ရှေ့ကသွားတော့..
နောက်ကလိုက်ရမှာ သေရွာကမ္ဘာ..
ငါရောက်နေတာ..
အဆုံးမဲ့ပေးဆပ်ခြင်းနဲ့ ချစ်ကြင်နာတာ..
မေမေ..ဖေ.ဖေ..
မရှိတော့ပါ..
မမကမ္ဘာ....ကမ္ဘာမပြိုငါငိုနေတယ်....
မိဘမေတ္တာ ဖြေစရာမရှိ...
ရင်ထဲမှာ ဝေဒနာအတိ..
မေမေ..ဖေဖေ..
ပျောက်ကွယ်ချိန်မှာ..
ရင်ထဲမှာငရဲမီးလောင်တာ..
ဖေဖေသေဆုံး..
တိမ်တွေဖုံးပေါ့.....
တိမ်တိုက်မပြို...မိုးတွေငိုတယ်..
ကြယ်လပျောက်တော့
မိုးမင်းညိုရိပ်ဆင်နေတယ်
ကောင်းကင်မှောင်တွင်း
လျှပ်ရောင်ဝင်း
ရင်ထဲတိုက်ပွဲဝင်နေတယ်။
စိတ်သဏ္ဍန်မှောက်မှား
အာရုံနောက်သွား
သိကြားမင်းနောက်ပြောင်စနေတယ်။
လမင်းအမိ 
 ကြယ်တာရာတွေခြံရံလှပ
နေမင်းအဖ
နွေးထွေးခြင်းတွေနဲ့
ပေးဆပ်
ကောင်းကင်ထက်မှာရှိနေတယ်။

Wednesday, September 15, 2010

အဆုံးမဲ့အချစ် ပေးဆပ်ခြင်း

အဆုံးမဲ့အချစ်
အကြင်နာကိုသူ    မသိ
စေတနာကိုသူ     မကြည့်
ရင်မှဝေဒနာဖြေစရာ   မရှိ
စိတ်မှာခံစား  သောကပင်လယ်
ရင်ထဲမှာ  ငရဲမီးလောင်တယ်

Tuesday, September 14, 2010

ငါ့ကောင်းကင်

ညနက်နက်..

သန်းခေါင်ယံအချိန်


တိမ်ဖြူတိမ်မည်း   မင်းမူနေတယ်


စိမ့်အေးနေတဲ့လေ   ဝေ့၀ှိက်ပွတ်တိုက်


တစ်ကိုယ်လုံး   အေးစက်နေချိန်


နှလုံးသား    လှိုင်းထန်နေတယ်


ဦးနှောက်ကို   ခဏဖွင့်ကြည့်တာ


ဗြောင်ကျကျ   စက္ကူတရွက်ကို


မြင်နေတယ်


ငါ့ကောင်းကင်


ကြယ် နဲ့  လ ပျောက်ချိန်


ဟော..............


တိမ်တွေ ငိုနေပြီ

~~~~~~~~~~~မ.မ.~~~~~~~~~~~~

Friday, September 3, 2010

သေရွာကမ္ဘာ သေတမ်းကဗျာ ...

မ..ရောက်နေတာ..
သေရွာကမ္ဘာ
ငိုခြင်းနဲ့စ..ငိုခြင်းနဲ့ဆုံး

ရယ်(ရီ)ခြင်းခဏ .လူဘ၀လေး

ခဏတွေ့ကြုံ..
ဆုံဖြစ်ခဲ့တာ

ခုခဏလေး..ဖျတ်ကနဲနော်
Photobucketမျက်တောင်တဖျတ်..လက်တဖျစ်တီး
ဗျတ်ခနဲကြည့်............မ.....
မရှိဘူး

သေသွားပြီ...............။



သေမလား
ရှင် သလား
နေ့
သေနိုင်လားးးးး
ခု
သေနိုင်လား 
ခဏလေးဆို နှုတ်မဆက်နဲ့
မရှိနိုင်ဘူး  သေတတ်တယ်
ခဏစောင့်နော် 
လာမပြောနဲ့
မနက်ဖြန်ဆိုတာ  နားမလည်ဘူး
ပစ္စုပ္ပန်လား  ခုခဏတာ
မသေချာဘူး
အတိတ်  အနာဂါတ်..
ပြန်ရှာကြည့်  မှားနေတတ်တယ်
လိမ်
တာပါတယ်
သူ့ကျော်ကိုယ်ခွ

လူ...လူချင်းကို  လူမထင်ဘူး
သတ်နေဖြတ်နေ..
ခုတ်နေ
ထစ်နေ
သားစိမ်းတန်းလား  ငါးစိမ်းတန်းလား

အိမ်မှာရှိတဲ့   ရေခဲသေတ္တာ
ဆေးရုံမှာထား 
ရေခဲတိုက်လားးးးထင်ရောင်နေမိ..
သားငါးစိမ်းတွေ
လူသေ 
လှောင်သလို လှောင်ထားတယ်
စားတဲ့ပါးစပ်
သင်္ချိုင်းကုန်းနော်


ခုရောက်နေတာ.....သေရွာကမ္ဘာ

ဟာ........


ခေါ်နေတယ်လေ


လာထားစမ်းးးးးးးးးး

ခေါ်သံမကြား..အော်သံမကြား
ဒါကြောင့်နင့်ဘ၀.............မပြောင်ရောင်တာ
......

ဟူးးးးးးးးးးးးးး

မောပမ်းနွမ်းနယ်...
လုပ်သမျှ စိတ်တိုင်း
ဘ၀င် မကျနိုင်ဘူးးးးးးးးး
air-con ..ထဲ ပူနေတယ်...

တွေတဲ့ပစ္စည်း သူ့ကိုပေါက်ဖို့ကြံရွယ်မိတော့

ဟာ............................
.

ကိုင်လို့မရ..........

ထိလို့မရ..............အော်....
.................


ငါ


သေသွားတာ........။။

Wednesday, September 1, 2010

ဆောင်းရင်ခွင်.....


နှင်းတွေလဲဝေ
မောင်ချမ်းနေတယ်
အကဲမပိုပါဘူး
ဖော်ဝေးနေတယ်
မေရယ်တူတူနေချင်လှပေါ့
မောင်လွမ်းနေတယ်။နှစ်ဘ၀တောင်
ချစ်ဘူးတယ်နော်

မေ...ပြစ်မထားနဲ့  ယုယကြင်နာ
နော့ခဲ့လေဟန်  ကလူကြည်စယ်
မြူစွယ်သလို  မောင် ...မမူးပါဘူး
ချစ်လွန်းတယ်နော်
တသက်မခွဲ လက်တွဲထားမယ်
သူငယ်ချင်းလဲရှိဘူးနော်။
ငါ့ရင်ခွင်ထက် 
ကဗျာလေးတပုဒ်

လာရေးသွားတယ်  နှလုံးတွေခုန်
ရင်တွေတုန်ပေါ့   ကဗျာလေးတစ်ပုဒ်က
မေ့......အသက်ကို နုတ်နိုင်တယ်။


ချစ်သူလေလား

ဝိုးတ၀ါးနဲ့  ထင်ယောင်မှတ်မှား
မောင်....လွမ်းနေလား
ဆောင်း နှင်း မြူဝေ
မောင်....လွမ်းနေတော့
ထွေးဖက်ထားနော်

နောင်ဘ၀က
ချစ်ဖူးတယ်ထင်

မေ့...စိတ်ဘ၀င် ကြင်နာမိပေါ့
တစ်ကမ္ဘာခြားလဲ  စိတ်ထဲနီးနေ
စိတ်ခြင်းဆက်သွယ်  ဖက်လိုက်လေနော်
လွမ်းမိရင်မှာ
နှောင်တွယ်ရစ်နွယ်

တိမ်လေသဏ္ဍန် မေ့..စိတ်မှတ်မှား
ဆောင်းနှင်းမြူဝေ ချစ်သူရှိရာ
မောင်ရဲ့ထံပါး ရောက်နေမိတယ်
နှင်းတွေဝေလဲနွေးပါတယ်
အကဲမပိုဘူးနော်..

ချစ်တာမှအသည်းပင်ကြွေလောက်ပါရဲ့..
ကြင်သူမသိလောက်ပါဘူး..
သည်ဆောင်းရင်ခွင်........။