Pages

Friday, September 30, 2011

နေပြည်တော်ရှိ မြို့နယ်များနှင့် ကျေးရွာအချို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့၌ ရေကြီးရေလျံမှုများဖြစ်ပေါ်၍ အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်နေရ

နေပြည်တော်ရှိ မြို့နယ်များနှင့် ကျေးရွာအချို့တွင် စက်တင်ဘာလ ၂၈ ရကနေ့၌ ရေကြီးရေလျံမှုများဖြစ်ပေါ်၍ အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်နေ...


float1
float2
float3
float4
float5
နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ စက်တင်ဘာလ ၂၈ ရက် နေ့ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည်။  နေပြည်တော်ကောင်စီနယ်မြေ  တွင်းရှိ မြို့မဈေးအနီးတစ်ဝှိုက်၊ သပြေကုန်းဈေး၊ ကျောက်မျက်ရတနာပြတိုက်အနီး၊ ပျဉ်းမနားမြို့ပေါ်ရှိ ရပ်ကွက်များ၊ လယ်ဝေးမြို့နယ်တွင်းရှိ ကျေးရွာတို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။ လယ်ဝေးမြို့နယ် ရုံးပင်အုပ်စု ငှက်ပျောတောကျေးရွာ၌ ချောင်းရေမြင့်တက်မှုကြောင့် ကျေးရွာအတွင်း နေအိမ်များ၊ လယ်ကွင်းများတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေ၍ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများနှင့် တာဝန်သိပြည်သူများက ရွာသူ၊ ရွာသားများအား ပျဉ်းမနားလယ်ဝေး မြို့ရှောင်လမ်းပေါ်သို့ ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။
'' မနေ့ ညနေကတည်းက ရွာတဲ့မိုးကတစ်ညလုံးနီးပါးဆက်တိုက် ရွာခဲ့လို့ နေပြည်တော်မြို့ပေါ်ရော ကျေးရွာတွေပါ ရေကြီးခဲ့ပါတယ်။ ပျဉ်းမနားမြို့ပေါ်မှာဆိုရင် ရပ်ကွက်တိုင်းလိုလို ရေလျှံနေပါတယ်။ ကျွန်တော်တို့ အိမ်ဝိုင်းထဲမှာဆို ရေကဒူးလောက်ထိ နစ်မြှပ်နေပါတယ်။ အချို့ကျောင်းတွေဆိုရင် ပိတ်ထားခဲ့ရတယ်'' ဟုပျဉ်းမနားမြို့နယ်၊ပေါင်းလောင်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဆိုပါသည်။
လယ်ဝေးမြို့နယ်၊ ငှက်ပျော တောကျေးရွာတွင်းနေထိုင်သူတစ်ဦး ကလည်း '' ဒီနှစ်ရွာသွန်းခဲ့တဲ့မိုးတွေ ထဲမှာ မနေ့ညကရွာတဲ့မိုးက စံချိန်တင် ရွာသွန်းခဲ့ပါတယ်။ မိုးရွာသွန်းချိန်ကြာလို့ မိုးရေနဲ့တင်ရွာထဲမှာ ရေလျှံခဲ့ပါတယ်။မနက်လည်းလင်းရော   ရွာဘေးက ချောင်းရေတဖြည်းဖြည်း  မြင့်တက်လာပြီးရွာထဲမှာရေတွေအရမ်း များလာပြီး ရွာထဲမှာမနေရဲတော့ဘူး။  ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာ ပြီး ရွာထဲက လူတွေကို ရေဘေးက လွတ်ရာကို ကယ်တင်ဖို့ ကယ်ဆယ် ရေးအဖွဲ့တွေ ရောက်လာပြီး ကူညီပေးခဲ့ပါတယ်''  ဟု ရှင်းပြခဲ့ပါသည်။
ကျေးရွာများတွင် ရေကြီးရေလျံမှုများဖြစ်ပေါ်သည့်အပြင် လယ်ကွင်းများတွင်ပါ ရေလျံမှုများကြောင့် စပါးခင်းများရေမြှပ်ခဲ့ကြောင်း သိရသည်။
http://www.first-11.com/index.php?option=com_content&view=artic...

သတင်းကောင်းးလေးပါ....မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့်
်ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို သတင်းစာဆရာကြီးများ၊
တက်ကြွလှုပ်ရှားသူများ၊ ပြည်သူများအားလုံးက လှိုက်လှဲစွာ ကြိုဆို

http://www.first-11.com/index.php?option=com_content&view=secti...

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည်တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။

http://www.first-11.com/

Wednesday, September 28, 2011

မြင်မြင်သမျှ ဟိုဖော်ဒီပေါ်



 

ဟိုဖော်ဒီပေါ် မြင်မြင်သမျှအကုန်သာစော်နော်
အမယ်လေးလေးရှက်လိုက်တာနော်
ဘယ်လိုကြည့်ကြည်ရွတယ်နော်
မြူးမြူးကြွကြွ နှာဗူး ထကြ
အမယ်လေးလေးရှက်လိုက်တာနော်
ဖလမ်းဖလမ်းမ ဇမ်းဇမ်းက
ရင်တ၀က် ပေါင်တ၀က် အကုန်သာဖော်
ဖော်သမျှ မြင်သပ အကြိုက်ခဲကာ ကိုက်ခဲကာ
မိုက်ခဲကာဆော်........အော်.....အော်......
အမယ်လေးလေးရှက်လိုက်တာနော်

နိုင်ငံတကာအနှံ့မယူဘဲလဲအတူတွဲစားသနော်
အမယ်လေးလေးရှက်လိုက်တာနော်
ဝတ်စား နေထိုင် ပေါ်ချင်တာပေါ်
ဖော်ချင်တာဖော် ယိုသူမရှက် မြင်သူရှက်လို့
အမယ်လေးလေးရှက်လိုက်တာနော်.......


မြန်မာယဉ်ကျေးမှုတို့ပျက်သုဉ်းပြုနေမှုကို
မပျက်သုဉ်းအောင်တစ်ထောင့်
တစ်နေရာကနေပါဝင်ထားခြင်းသာဖြစ်ပါသည်။

i like photo



မ..မဒီကယူတာပါ...။


http://smith0079.multiply.com

ထာဝရသခင်


ဘယ်သူမြင် ဘယ်သူသိမှာလဲ


ရင်ထဲတွယ်ငြိ သူအမြဲရှိ


တိတ်တိတ်ကျေကွဲ  တိုးတိုးလေးငို

ဘယ်ကိုကြည့်ကြည့် အချစ်ရှိသည်

ပျောက်ဆုံးသွားလဲ ရင်ခွင်ထဲတွင်
ထင်ကျန်ဆဲပင် ထာဝရသခင်

Monday, September 26, 2011

♥♥သွားလှူမည့်ကျောင်းပါ♥♥ ချစ်သူမြို့တော်=ဖူးစာရှင်လေးပရဟိတမှ ထပ်မံ၍ လှုဒါန်းမည့်သူများအားဖိတ်ခေါ်ပါတယ် မ..မ

Thumbnail

ချစ်သူမြို့တော်ပရဟိတအသင်းသို့ဝင်ရန်

..

http://www.shwemyotaw.com/xn/detail/5442636:Group:947704?xg_source=...

ချစ်သူမြို့တော်=ဖူးစာရှင်လေးပရဟိတ


ချစ်သူမြို့တော်=ဖူးစာရှင်လေးပရဟိတမှ
မေမြို့ဒိုးပင်ကွင်းပရဟိတကျောင်းသို့ အလှုခံရရှိထားသည့်ငွေများကို
ဝါလကင်းလွတ်သီတင်းကျွတ် ရင်သွားရောက်လှုဒါန်းမည်ဖြစ်ပါတယ်....
ထပ်မံ၍စေတနာရှင်သူငယ်ချင်းများ
 လှုဒါန်းမည့်သူများအားဖိတ်ခေါ်ပါတယ်................


ပရဟိတအသင်းသို့
အလှူရှင်စာရင်း
မ..မ - 50000 ( ငါးသောင်းကျပ် )
naingthu2008 - 50000 ( ငါးသောင်းကျပ် )
barlarlar.bll - 50000 ( ငါးသောင်းကျပ် )
ရာမည - 50000 ( ငါးသောင်းကျပ် )
မမိုးငယ် -10000 (တစ်သောင်း)
Lohan lin -5000(ငါးထောင်)
သိမ့်- 27000 (နှစ်သောင်းခုနှစ်ထောင်)
ကဝေပျို - 10000 (တစ်သောင်း)
နုနု - 5000(ငါးထောင်)
ကိုထွန်းဝင်းလတ် ၂၀၀၀၀ (နှစ်သောင်း)
နီယွန် 10000(တစ်သောင်းကျပ်)ရွှေမင်းသား15000(တစ်သောင်းငါးထောင်)
ကိုထူးအောင်+မလင်းထက်ထက်အောင်
သားခန့်ဇော်လင်း50000(ငါးသောင်းကျပ်)
သိမ့်40000(လေးသောင်းကျပ်)

 လစဉ်အလှူရှင်
ဟန်နီ-3လx10000=သုံးသောင်း


နယ်မြို့များမှနေ၍ ရန်ကုန် ကိုမင်းသူရိန်ကိုလွဲပေးနိုင်ပါတယ်
   ဆက်သွယ်ရန်လိပ်စာ
ဆက်သွယ်လှူဒါန်းနိုင်သည့် လိပ်စာ -
ရန်ကုန် - မင်းသူရိန်၊ ဖုန်း - ၅၄၁ ၃၈၆

ရာမည  စင်္ကာပူ ဖုန်း-   98587714  -81957285
မ သူ _ 82040414
မ မေ စင်္ကပူဖုန်း _ 98581733

ငြိမ်းချမ်း:မလေးရှားဖုန်း +6 0122700943
    ကိုထူးဆန်းထိုင်းဖုန်း -၀၈၉ ၅၀၅၁၅၈၉
     ကိုးရီးယား ဖုန်း ဘိုဘို- 821023497257    
 
.

Blog Entry





ဒါကသွားလှုမည့်ကျောင်းပါ

မေမြို့ဒိုးပင်ကွင်းပရဟိတကျောင်း



အကျိုးတော်ဆောင်လူငယ်အဖွဲ့...ပြင်ဦးလွင်သို့သွားခဲ့ကြသည်..အပိုင်း  (၂ )


အကျိုးတော်ဆောင်လူငယ်အဖွဲ့...ပြင်ဦးလွင်သို့သွားခဲ့ကြသည်..အပိုင်း  (၁)
ရွှေ မရှိ ပေမဲ့


 အမေ ရှိလို့ပျော်ပါသည်

အမေ မရှိ အဖေမရှိ


လောကအလည်  မျက်နှာငယ်

ဆင်းရဲတဲ့သူ အနားကပ်တော့ 



နှာခေါင်းရှုံလို့   ရွံရှာတယ်


သားသမီး  အရင်းဆို ကြွေးချင်တယ်
 
ကိုယ့်ဆွေမျိုး ရွှေရှိရင်တော့


မွေးချင်တယ်

အမျိုးကမချစ်တယ် ဆွေကပြစ်ပယ်

မိမစုံလို့ ဘမစုံ



သူများ စားတော့  ငေးမောကြည့်

မိဘမေတ္တာ သူ  မသိ


မိဘမဲ့ကျောင်း  ရှိနေပေလို့

သူတို့  ဘ၀လေး အေးချမ်းနေရ



လှုမဲ့လူရှိ  စားရတယ်

ဖြူစင်သည့်ကလေး  စားစရာမရှိ


လူလူခြင်းမို့  မေတ္တာပေးလို့

မိဘမဲ့ကလေး သွေးသားရင်းလို



မချစ်တောင်မှ လှုဒါန်း  ဓါနပြုပေးကွယ်

နတ် လူ သာဓုခေါ်ပါတယ်
.

ဧရာဝတီလင်းပိုင် (သို့မဟုတ်) ချစ်မြတ်နိုးဖွယ် သဘာဝအမွေ


 ဆန်းစုနိုင်

ဧရာဝတီလင်းပိုင် (သို့မဟုတ်)

 ချစ်မြတ်နိုးဖွယ် သဘာဝအမွေ


ကမ္ဘာပေါ်ရှိ ရေချိုဒေသများတွင် ကျက်စားနေထိုင်သည့် လင်းပိုင်များ အားလုံးကို ဧရာဝတီလင်းပိုင် Irrawaddy Dolphin ဟု ခေါ်သည်။ ကျောဘက်ပိုင်းတွင် မီးခိုးရောင် (သို့မဟုတ်) အပြာရောင်သန်းသည့် မီးခိုးရောင်ရှိပြီး ၀မ်းဗိုက်ပိုင်းသည် ဖြူဖျော့သော မီးခိုးရောင်ဖြစ်သည်။ ခန္ဓာကိုယ်သည် တော်ပီဒိုသဏ္ဌာန် ရှည်မျောမျောရှိသည်။ ဦးခေါင်းသည် ဖရဲသီးကဲ့သို့ လုံးဝန်းသည်။ မွေးဖွားပြီးစတွင် ခန္ဓာကိုယ် အလျား ၁ မီတာအရှည်ခန့်နှင့် အလေး ချိန် ၁၂ ကီလိုရှိပြီး အရွယ်ရောက်ပြီးသော အကောင်များသည် အလျား ၂ မီတာ မှ ၂.၇၅ မီတာနှင့် အလေးချိန် ၁၅၀ ကီလိုဂရမ်အထိ ရှိနိုင်သည်။ ဤလင်းပိုင်များသည် ကမ္ဘာပေါ်တွင် ၄-မျိုးသာ ကျန်ရှိတော့သည့် ရှားပါးမျိုးနွယ်ဝင် ရေချိုလင်းပိုင်ငါးများအနက်မှ တစ်မျိုး ဖြစ်ပါသည်။ ဧရာဝတီ မြစ်ထဲတွင် စတင်တွေ့ရှိခဲ့သဖြင့် တကမ္ဘာလုံးမှာရှိသော ရေချိုလင်းပိုင် အားလုံးကို စတွေ့သည့်သူက ဧရာဝတီလင်းပိုင်ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်တွေ့သော ငါးမျိုးစိတ်အသစ်တစ်ခုအနေနှင့် ကမ္ဘာတွင် မှတ်တမ်းပြုခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီလင်းပိုင်သည် ရေနေနို့တိုက်သတ္တ၀ါတစ်မျိုးဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Irrawaddy Dolphin (or) Ayeyawady Dolphin ဖြစ်သည်။ ရှေးအခါက သမိုင်းမှတ်တမ်းများတွင် River Pig ဟုလည်း ခေါ်ကြသည်။ သိပ္ပံမျိုးစိတ်အမည်မှာ Orcaella brevirostris ဖြစ်သည်။ မြန်မာပြည်ရှိ ဧရာဝတီလင်းပိုင်တို့ကို AD ၈၀၀ စုက တရုတ်ပြည် တန်မင်းဆက်၏ သမိုင်းမှတ်တမ်းတွင် ဖော်ပြထားသည်ကို တွေ့ရပြီး ပျူခေတ်က ယင်းတို့ကို ရေ၀က်များဟု ခေါ်ကြသည်။
ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ကြောင်း၊ ရခိုင်ကမ်းမြောင်ဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရသည်။ တစ်ကမ္ဘာလုံးအနေဖြင့်မူ အင်ဒိုပစိဖိတ်ဒေသကြီး၏ အပူပိုင်းနှင့်သမပိုင်းဒေသရှိ ကမ်းရိုးတန်း ရေချိုရေငန်စပ်၊ ဩစတြေးလျတိုက်မြောက်ပိုင်း၊ နယူးဂီနီ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယအရှေ့မြောက်ဒေသ ဂင်္ဂါမြစ်၊ အင်ဒိုနီးရှားနိုင်ငံ မဟာခမ်မြစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗြဟ္မပုတ္တရမြစ်၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ရှိ မဲခေါင်မြစ်ကြောင်းတစ်လျှောက်တို့တွင်လည်း တွေ့နိုင်သည်။
သို့သော် လူနှင့်အတူ ငါးဖမ်းကူသော ဧရာဝတီလင်းပိုင်များကိုမူ မြန်မာနိုင်ငံတွင်သာ တွေ့ရသည်။ ဧရာဝတီလင်းပိုင်များသည် မန္တလေးနှင့် ဗန်းမော်ကြား ဧရာဝတီမြစ်ထဲတွင် ကျက်စားကြသည်။
မဲခေါင်မြစ်တွင်ရှိသည့် ဧရာဝတီလင်းပိုင် ကောင်ရေမှာ အကြမ်းဖျင်း သတ်မှတ်ချက်အရ ၈၅ ကောင်ခန့် ရှိပြီး မြစ်ကြောင်း ကြပ်လာခြင်း၊ အောက်ခြေ ကျောက်သားကျောက်ဆောင် များပြားခြင်းတို့ကြောင့် ကူးခတ်ရအခက်အခဲ ဖြစ်လာကာ မျိုးသုဉ်းမည့် အန္တရာယ် မြင့်မားနေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ WWF က ထုတ်ပြန်ခဲ့သည်။
၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ငါးလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ သတ္တဗေဒဌာန (ရန်ကုန် တက္ကသိုလ်)နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)တို့ ပထမဆုံး အကြိမ်ပူးပေါင်းပြီး မေခ၊ မလိခ မြစ်ဆုံမှ မြစ်ဝကျွန်းပေါ်ဒေသ၊ ဘိုကလေးမြို့နယ်၊ ကယက်ကြီးကျွန်းအထိ ဧရာဝတီမြစ်တစ်လျှောက် ဧရာဝတီလင်းပိုင်ဦးရေ စာရင်းကောက်ယူကြရာ မန္တလေးနှင့် ဗန်းမော်ကြား ဧရာဝတီမြစ် အစိတ်အပိုင်းအတွင်းမှာ ဧရာဝတီလင်းပိုင်ဦးရေ ၃၇ ကောင် တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ကျက်စားနေထိုင်သည့် ဒေသတစ်ခုအတွင်း အရွယ်ရောက်ကောင်ရေ ၅၀ အောက်ဖြစ်နေလျှင် မျိုးသုဉ်းလုနီးပါး မျိုးစိတ်အဆင့်အဖြစ် သတ်မှတ်နိုင်ပါသည်။ ထို့ကြောင့် ယခုအခါတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနနှင့် ကမ္ဘာ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS တို့ ပူးပေါင်းလျက် မင်းကွန်းနှင့် ကျောက်မြောင်းကြား မြစ်ကြောင်းဧရိယာကို ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ကာ စောင့်ရှောက်မှုပေးလျက် ရှိပါသည်။ ၂၀၁၀ - ခုနှစ် နောက်ဆုံးစာရင်းအရ စစ်ကိုင်းနှင့် ဗန်းမော်ကြား ဧရိယာအတွင်း ဧရာဝတီလင်းပိုင်ကောင်ရေမှာ ၇၂ ကောင်ခန့်သာ ရှိကြောင်း သိရပါသည်။

လူနှင့်အတူ ငါးဖမ်းသည့်အလေ့အထမှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ရှိန်းမကားကျေးရွာ၊ စိန်ပန်းကုန်းကျေးရွာ၊ ဟင်္သာကုန်းကျေးရွာ၊ ဟင်္သာမကျေးရွာ၊ စဥ့်ကူးမြို့အနီးရှိ ခတ်သင်ကျေးရွာ၊ ဆည်သည်ကျေးရွာတို့အနီးရှိ လင်းပိုင်များကသာ လူနှင့်အတူ ငါးဖမ်းကူကြသည်။ ငါးဖမ်းကြပုံမှာ တံငါသည်များသည် လင်းပိုင်အုပ်စုများကို တွေ့သည့်အခါ လက်ပစ်ကွန်၏ ခဲသီး၊ လှော်တက်တို့ကို ရေပေါ်မှာ ရိုက်၍လည်းကောင်း၊ ထုလုံးချွန်သဏ္ဌာန် ပြုလုပ်ထားသော သစ်သားချောင်း၏ ချွန်သောအပိုင်းကို လှေနံတွင်ခေါက်ပြီး အသံပြု၍လည်းကောင်း လင်းပိုင်များကို ခေါ်သည်။ ထိုအခါ လင်းပိုင်က ရေလုပ်သားနှင့်အတူ ငါးဖမ်းရန် သဘောတူလျှင် အမြီးဖြင့် ရေကို ရိုက်၍ အချက်ပြသည်။
ထို့နောက် လင်းပိုင်နှင့်ရေလုပ်သား အပြန်အလှန် နားလည်ကြပုံမှာ လင်းပိုင်က အမြီးကို အပြားလိုက်ချပြလျှင် ရှေ့တိုးရန် အချက်ပြခြင်းဖြစ်ကြောင်း၊ အမြီးကို ထောင်ပြလျှင် ရပ်နေရန်ဖြစ်ကြောင်းနှင့် အမြီးကို ရေပြင်ပေါ်တွင် ရိုက်ပြလျှင် ကွန်ပြစ်ရန် အချက်ပြခြင်း ဖြစ်ကြောင်း မှတ်သားရပါသည်။ ဤကဲ့သို့လင်းပိုင်အကူအညီနှင့် ငါးဖမ်းခြင်းသည် လင်းပိုင်အကူအညီမပါဘဲ ဖမ်းသည်ထက် ပိုရကြသည်။ လင်းပိုင်သည် ရေထဲမှငါးများကို ကွန်ပစ်ကွင်းအတွင်းသို့ ရောက်ရှိလာအောင် ချောက်လှန့်၍ ယူလာပေးသည်။ တံငါသည်က ကွန်ပစ်ရာမှ လျှံထွက်လာသော ငါးများကို လင်းပိုင်က ဖမ်းဆီးစားသောက်သည်။
ဤကဲ့သို့ ချစ်စရာကောင်းသည့် ဧရာဝတီလင်းပိုင်များမှာ နွေရာသီရေနည်းချိန် မြစ်ညာသို့ ရွှေပြောင်းခိုအောင်းသည့် အခါ မြစ်ညာဒေသရှိ ရွှေကျင်ဖောင်များမှ စွန့်ပစ်မြေစာများကြောင့် မြစ်ကြောင်းတိမ်ကောခြင်း၊ ပြဒါး ဆိုင်ရာနိုက် များကို မြစ်တွင်းပြန်လည်စွန့်ပစ်ခြင်းကြောင့် အဆိပ်သင့်မှု အန္တရာယ်များ ကြုံတွေ့လာခြင်းတို့ကြောင့် မျိုးဆက်ပေါက်ဖွားမှု ထိခိုက်ကာ မကြာခင် မျိုးသုဉ်းတော့မည့် အန္တရာယ်ကို ရင်ဆိုင်နေရပါသည်။
ကမ္ဘာ့အခြားဒေသတို့တွင် ဤသို့သော ငါးမျိုးရှိပါလျက် မြန်မာတို့ရဲ့ ဧရာဝတီကို အစွဲပြုလျက် ဧရာဝတီလင်းပိုင်ဟု ကမ္ဘာကို သိစေသည်မှာလည်း ဂုဏ်ယူဖွယ်ရာတစ်ရပ်ပင် ဖြစ်ပါသည်။ သဘာဝကပေးသော ဂုဏ်ယူဖွယ်အမွေအနှစ်ကို ချစ်မြတ်နိုးစွာ စောင့်ရှောက်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် တင်ဆက်လိုက်ရပါသည်။
----------------------------------------------------------
ဧရာဝတီလင်းပိုင်အကြောင်း သိစေလိုရုံသက်သက်သာ ရည်ရွယ်လျက် ပြည်တွင်းပြည်ပ ဂျာနယ်နှင့် ၀က်ဆိုက်အသီးသီးမှ ထုတ်နုတ် တင်ဆက်ပါသည်။ (ခင်မင်လေးစားလျက် - ဆန်းစုနိုင်)

လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှု တစ်ခုဖြစ်ပွား၊ အမျိုးသား ရင်ကြားစေ့ရေးကို ပျက်ပြားစေသော အနှောက်အယှက်ဖြစ်

မေလေး


လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှု တစ်ခုဖြစ်ပွား၊ အမျိုးသား ရင်ကြားစေ့ရေးကို ပျက်ပြားစေသော အနှောက်အယှက်ဖြစ်

လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှုတစ်ခု ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ န၀ဒေး ရုပ်ရှင်ရုံ အနီး ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသား ရင်ကြားစေ့ရေးကို ပျက်ပြားစေသော အနှောက်အယှက် လုပ်ဆောင်မှုဖြစ်ပွားပြီး လက်မခံကြောင်း သတင်းစာဆရာကြီးများနှင့် လူအများစုက ပြောကြားခဲ့ကြပါသည်။ “မြစ်ဆုံရေကာတာ ကိစ္စ တစ်နိုင်ငံလုံး စိတ်မကောင်းဖြစ်နေတာ ကို နားလည်ပါတယ်။ အစိုးရအနေနဲ့ ပြန်လည်ညှိနှိုင်းပေးဖို့ ပြောဆိုထားကြပြီး ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဆန္ဒစောတာ မဖြစ်သင့်ဘူး။ တစ်ဆင့် ပြီးတစ်ဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန်ပေးသင့်တယ်။ ဒီလိုဟာကို အကြောင်းပြုပြီး အမျိုးသားရင်ကြားစေ့ရေးကို မလိုလားတဲ့သူတွေ က ဖျက်လိုဖျက်စီးလုပ်မယ့် အန္တရာယ်က ကြီးမားတယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်”ဟု ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်း က ပြောကြားခဲ့ပါသည်။

“မကြာမီမှာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty)ရှိတယ်။ တိုင်းပြည်တည်ငြိမ်မှုနဲ့ အတူ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ရှိတယ်။ မြစ်ဆုံပြဿနာဖြေရှင်းဖို့ရှိတယ်။ မြစ်ဆုံပြဿနာက လည်း ပြေပြေလည်လည် ဖြစ်သွားမှာပါ။ လက်ရှိမြန်မာနိုင်ငံရေး ရေချိန်က Arab style uprising ဖြစ်စရာမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလိုပြောထားတယ်။ ဒီလိုဆန္ဒပြမှုတွေကို ဘယ်သူမှ မလုပ်စေချင်ဘူး။ တိုင်းပြည်မတည်မငြိမ်ဖြစ်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှောင့်နှေးသွားမယ် နိုင်ငံရေး အကျဉ်းသားတွေ အရေးနှောင့်နှေးသွားမယ်။ ဒါကို ဘယ်သူတွေက လုပ်ချင်နေကြတာလဲ။ သံဃာအရေးအခင်း နှစ်ပတ်လည်ပဲဖြစ်ဖြစ်၊ မြစ်ဆုံကိစ္စပဲဖြစ်ဖြစ် အခုချိန်မှာ ဘာဆန္ဒပြမှုကိုမှ ကျွန်တော် မဖြစ်စေချင်ဘူး။ ‘လုံးဝ’ လက်မခံဘူး။ နောက်ကွယ်က အကြောင်းကို ဖော်ထုတ်ရမယ်။ ဘယ်သူတွေက လုပ်နေကြတာလဲ။ ဒါကို အကြောင်းပြပြီး နိုင်ငံတိုးတက်ရေး၊ အမျိုးသားပြည်လည် ရင်ကြားစေ့ရေးကို နစ်နာအောင် လုပ်မယ် ဆိုရင်တော့ လွဲသွားလိမ့်မယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။

"ဒဂုံမြို့သစ်ဘက်ကနေ ဘီအမ်ကားတွေငှားပြီး လာကြတာလို့ သိရတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တားလို့ ဒီနားမှာတင်စုပြီး အခုလို သူတို့ဆန္ဒထုတ်ဖော်တာလို့ သိရတယ်။ အခုတော့ တာဝန်ရှိသူတွေက လူစုခွဲဖို့ ပြောနေတာေ တွ့ရတယ်။ ပြောသံကြားတာကတော့ ၂၀၀၇ စက်တင်ဘာဖြစ်စဉ် နှစ်ပတ်လည်ဆုတောင်းကြဖို့ ထွက်လာကြတာလို့ သိရတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုအခြေအနေမျိုးမှာ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ မဖြစ်စေချင်ပါဘူး။ မဖြစ်လည်း မဖြစ်သင့်ပါဘူး"ဟု အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပြပါသည်။

ဦးဝင်းကြိုင် (အထွေထွေအတွင်း ရေးမှူး၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်)

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းစဉ်မှာ နံပါတ်တစ်ပုဂ္ဂိုလ်လို့ ပြောလို့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့တောင် မြန်မာဟာ အာရပ်ကမ္ဘာလို မဖြစ်သင့်ဘူး၊ အဲဒီလိုလမ်းစဉ်မျိုး မလုပ်သင့်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး အခု ပြောကြားထားပြီးသားပါ။ အခုလို လမ်းစဉ်မျိုးကို မဖော်ဆောင်ဖို့ အဓိပ္ပာယ်လည်း သက်ရောက်သလို မဖော်ဆောင်သင့်ဘူးလို့ မြင်တယ်။ အခုလည်း ကိုယ်လိုချင်တာကို လွှတ်တော်အထိ တင်ပြခွင့်ရလာတယ်။ ကိုယ့်အခက်အခဲ ကိုယ်တင်ပြခွင့်၊ ကိုယ်ပြန်တောင်းဆိုခွင့်အထိ ရနေတယ်။ ဆိုလိုတာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းဆိုခွင့်၊ မတရားတာကိုလည်း ထုတ်ဖော်ပြောဆိုခွင့်ရနေတဲ့ အနေအထားပါ။ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ဖို့ တာစူနေတဲ့ အချိန်၊ အရှိန်စရနေတဲ့ ကာလမျိုးမှာ ဒီလို လမ်းကြောင်းမျိုးကို ဖော်ဆောင်ဖို့ မသင့်ပါဘူး။ အခုလို လူထုအုံကြွမှုကို ဦးတည်တဲ့လမ်းကြောင်းမျိုးကို ဖော်ဆောင်လို့ သက်ဆိုင်ရာ စစ်တပ်က တစ်ခါအာဏာပြန်သိမ်းပြီး နှစ်ပေါင်းများစွာ ပြန်စောင့်ရတာမျိုး၊ လက်ရှိ တင်ပြခွင့်ရနေတဲ့ အနေအထားတွေကနေ ပိတ်သွားတာ မျိုးဖြစ်ခဲ့ရင်တော့ အခုလို ဖြစ်အောင် လုပ်တဲ့သူတွေက သမိုင်းရဲ့တရားခံ ဖြစ်သွားမှာပဲ။ အခုလို အေးအေးချမ်းချမ်းနဲ့ ဒီမိုကရေစီလမ်းကြောင်းဘက် ဦးတည်နေတဲ့အချိန် ဒါမျိုး ကြားရတာ ရည်ရွယ်ချက်တစ်မျိုးနဲ့များ လုပ်သလားလို့တောင် ထင်မိတယ်။ အခု အချိန်မှာ ကျွန်တော် မြင်တာကတော့ ကိုယ်လိုချင်တာကို အေးအေးချမ်းချမ်း တောင်းယူလို့ ရနေတဲ့ အနေအထား ရောက်စပြုနေပါပြီလို့ ပြောချင်ပါတယ်။ တစ်ချိန်က ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ခံခဲ့ရတဲ့ ဘ၀တွေကို မစာနာလို့ ပြောတာမဟုတ်ပါဘူး။ အဲဒီလို ကြမ်းတမ်းတဲ့ လမ်းစဉ်တွေ ရေရှည်ထပ်ပြီး ဖြစ်ပေါ်လာမှာကို မကြုံတွေ့စေချင်တော့လို့ ပြောရတာပါ။ အခုခေတ်မှာ ထိပ်တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးနည်းလမ်း ဟာ အောင်မြင်မှုရရှိတာ နည်းပါတယ်။ နည်းလမ်းကျတဲ့ ထိရောက်တဲ့ နိုင်ငံရေးလမ်းစဉ်မျိုးကိုပဲ လုပ်ကိုင်သင့်ပါတော့တယ်။ ဥပမာ ဧရာဝတီမြစ်ဆုံ ကိစ္စအတွက် ပညာရှင်တွေဟာ နည်းလမ်းတကျ ဟောပြောဆွေးနွေးပွဲနဲ့ပဲ ဆန့်ကျင်ကြပါတယ်။ ဒီလိုအေးချမ်းစွာနဲ့ တိုက်တွန်းရယူတဲ့ အဆင့်မြင့်တဲ့နိုင်ငံရေး နည်းလမ်းမျိုးကိုပဲ အသုံးပြုသင့်တယ်လို့ ထင်ပါတယ်။”

http://www.fusarshinlay.com/forum/topics/6384739:Topic:2271844

Friday, September 23, 2011

ဒေါ်လာထုတ်စက်ငါ့မှာရှိရင် ဧရာဝတီကို ၀ယ်ထားမယ်..............

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPR_vl2J_B5gf5m5odqbwlrTgEVuccHD2N2nThJrsYhSNRF4KgJEhDySg7-EpoGsVzinViaWw25QAQiKdsRSiLwgrL5g1lvYXZ-_RZxyqAJxgH1xxX_k4GAh_mXOUQ4s43XRSthn6TIrU/s640/irrawaddy+Scene.jpg
http://farm1.static.flickr.com/123/347698574_a92f581690.jpghttp://www.exotissimo.com/blog/wp-content/uploads/2011/02/MYR-Irrawaddy-River-view-near-Bagan.jpg.







သင်မလာနဲ့


သင်လာခဲ့ရင်အမိမြေမှာ  ရင်သွေးရင်နှစ်သယံဇာတ  သားသမီးတွေ ကွယ်ပျောက်တယ်လေသင်မလာနဲ့ သင်လာခဲ့ရင်အမိမြေမှာ  တောတောင်ရေမြေ ရွက်ပြတ်တောနှင့် ရိုးတံကိုင်းခြောက်  သစ်တောပြုန်းလို့ စိမ်းစိုကွယ်ပျောက်သင်မလာနဲ့ သင်လာခဲ့ရင်ငါ့အမိမြေမှာ   တန်ဖိုးထားရာ ကျောက်သံပတ္တမြား  စိန်ရွှေရတနာ ဇယ်တောက်ကစားဖို့ကွယ်ပျောက်တယ်ေ

သင်မလာနဲ့


သင်လာရင်လေ   ပြည်သူအများ


အလုပ်ကျွေးပြုသော  မြစ်မဟာဧရာ


အယုတ်အလတ်  အမြတ်မရွေး

 တိုင်းချစ်ပြည်ချစ်   သမီးပျိုလေး

မိဧရာမှာ    သူ၏ပုံသဏ္ဍန်  သူ၏ဟန်ပန်


လှပလွန်းတော့  ပုံစံပြောင်းလဲ


သတင်းကြီးသော ရွှေမင်းသမီးလို


၇ ပိုင်း ပိုင်းပြီး  ၇ ပြည်ထောင်မှ


မင်းညီမင်းသား  စစ်ခင်းပြိုင်သလို


ပြည်သူအများ ရတက်ပွားအောင်


တိုင်းပြည်အနှံ့  ကြေငြာမောင်းခတ်


မိဧရာခေါ်  ဧရာဝတီကို


ဒေါ်လာထုတ်စက်ငါ့မှာရှိရင် မိဧရာကိုဝယ်ထားမယ်


မိဧရာခေါ်  ဧရာဝတီကို


သူစရိုက်သူဟန်  သင်လာခဲ့ရင်ပျောက်ပျက်မှာဆိုး


ကြည့်လိုက်စမ်းပါ  ချောင်းကောတိမ်ပျောက်


သိပ္ပံ  ထွန်းကားလူတို့ရွာတွင်


သဘာဝပျောက်   ဒုက္ခရောက်၍


လူသားသတ္တ၀ါ သေကြပျက်စီး


 
မြည်ဟည်းပင်လယ်

သဘာဝဘေးဒဏ်  ကြုံနေတယ်


ကြည့်လိုက်စမ်းပါ


မြစ်ဧရာဟာ   လျှိုဝှက်ပုံသဏ္ဍန်


အမျိုးမျိုးဆောင်လို့


သင်လာခဲ့ရင်  ပျက်စီးပျောက်ကွယ်သွားတတ်တယ်


သင်မလာနဲ့ သင်လာခဲ့ရင်


အမိမြေမှ  မြေဆီလည်းပျောက် ရေလည်းနောက်

 ရိုးတံကိုင်းခြောက် ရွက်ပြတ်တောမှာ

သူ၏အဖော်  သယံဇာတ

 ရေ မြေ တော တောင် မြေပေါ်မြေအောက်


ရေပေါ် ရေအောက်

ဧရာဝတီပါ သင့်ကြောင့်ပျောက်မှာဆိုးမိတယ်  .....

ဧရာဝတီ ခေါ် မိဧရာသူလဲ ပျောက်မှာဆိုးမိတယ်

ဒါကြောင့်သင်မလာပါနဲ့


သင်မလာနဲ့.......


မိဧရာခေါ်  ဧရာဝတီကို


ဒေါ်လာထုတ်စက်ငါ့မှာရှိရင် မိဧရာကိုဝယ်ထားမယ်


ဒို့ဘိုးဘွားမြေ  ရိုးရာမပျက်  ဓလေ့မပျောက်


ထိန်းသိမ်းကာကွယ်ထားသင့်တယ်


ဒို့ဘိုး  ဒို့ဘွားရေမြေ တောတောင်သယံဇာတ

 တစ်ယောက် တစ်ခြမ်း ပိုင်ဆိုင်ခြင်းစပ်

ကပြားလေးတွေဖြစ်နေတယ်

ဒို့ဘိုးဘွား အမွေအနှစ်မို့  ချစ်မြတ်နိုးလို့

 ဒေါ်လာထုတ်စက်ငါ့မှာရှိရင်

မိဧရာကိုဝယ်ထားမယ်.............
.

မိုးမင်းမုန်တိုင်း ဘ၀ရဲ့လှိုင်း





♥မိုးမင်းမုန်တိုင်း ဘ၀ရဲ့လှိုင်း♥


မိုးမင်းမုန်တိုင်း ဘ၀ရဲ့လှိုင်း

မိုးမင်းရယ် ညှိ့ကာမှိုင်း

ချစ်ခွင်တိုင်းလွမ်းရိပ်စင်

အာကာပြင် ပြာရီမှိုင်းတယ်

မုန်တိုင်းရယ်စင်

တုန်ရီကာရှိုက်ဖိုမောရတယ်

သည်မိုးသဲထဲ

ပျိုချစ်သူ မောင်ကြီးရင်ခွင်

ခိုဝင်ကာ မှေးလိုလှလည်း

မိုးမင်းရယ် ညှိးချက်ကယ်ပြင်း

တိမ်ပန်းချီပြာရီမှိုင်း

လေနှင်ရာ အသော့နှင်ရတယ်

မိုးမင်းမုန်တိုင်း

အာကာတစ်ခွင် ဒေါမာန်ပြင်းတယ်

စစ်ခင်းကာ သူပစ်ခွင်းတော့

ချစ်ခြင်းရယ် အတူမဆုံနိုင်ဘူး

လောကမုန်တိုင်း ဘ၀ရဲ့လှိုင်း

တိမ်ပန်းချီ ချယ်ကာသလဲ

ပျိုလေးမှာ မပျော်မိတယ်

ဘ၀မုန်တိုင်း လောကရဲ့လှိုင်း

ကြောက်တယ် ကြောက်တယ်

.


ကြောက်တယ်
ကြောက်တယ်
သီလမြဲတဲ့အမေ့မှာ ဥပုဒ်သီလမယူနိုင်ပါ
ဝါဆိုဝါခေါင် ရေဖောင်ဖောင်
အိမ်အောက်မှာ ရေတွေကြီး
မျှော့နက်မဲကြီး တွယ်တတ်တယ်
ထမင်းထုပ်တောင်မ၀သေးလို့
မျှော့ ပြုတ်စားဘို့ ဆင်းဖမ်းမယ်
ကယ်မဲ့သူရယ် ကူမဲ့သူရယ်
ဘယ်ချိန်လာမလဲ စောင့်နေရတာမောလှတယ်
ဝါတွင်း ရောက်ရင်အိမ်ပြင်မိုးဖို့
သက်ကယ်ရိတ်လေး ထွက်ကြမယ်
တောထဲမှာလေ မြွေနဂါးတဲ့သေနတ်ကြီးတွေ
လွယ်ထားတယ်
ကြောက်တယ်ကြောက်တယ်
NGO ရယ်အမြန်လာလို့
အိမ်မိုးလေးတွေမိုးပေးကွယ်
ရွှေသွေးရင်နှစ် မေ့သားချစ်တွေ
အပေါ်မိုးမလုံ အောက်မိုးစိုလို့ အိပ်ရတယ်
ကျန်းမာရေးတွေချို့တဲ့ကြလို့
နာဖျားကြတာများနေတယ်
ကမ္ဘာ အရပ်ရပ်ရေတွေကြီးတော့
ရေဘေးကယ်ဆယ် ကူညီစောင့်ရှောက်
အသင်းလေးတွေ ထားပေးကွယ်
ဝါဆိုဝါခေါင်ရေတွေကြီးလို့
ဝါတွင်းရောက်မှာကြောက်လှတယ်
ကြောက်တယ်
ကြောက်တယ်.