Pages

Friday, August 3, 2012

သူ.....အဆင်ပြေပါစေ............


အဲဒီလိုစောင့်မျှော်ခြင်း
ညနေခင်းကို မျိုမျိုချခဲ့ရလွန်းလို့
စောင့်မျှော်ခြင်းနာရီတွေသာ ခရီးထွက်သွားမယ်ဆိုရင်
ခုလောက်ဆို နယူးယောက်ကို ရောက်လောက်ပြီလို့
ဒီလိုမျိုးတွေးမိလေသလား”တဲ့။


စာရေးမယ်လို့ ကြံလိုက်တိုင်း ဘာမှ ထွက်ထွက် မလာတတ်တဲ့ ဒီ ဦးနှောက်ကြီးက ထုံးစံအတိုင်း ရေငုံနှုတ်ပိတ်လို့ပါ...
ဗာရာဏသီရဲ့ ပုံပြင်ထဲက ဆောင်းရာသီတွေ နှုတ်ခမ်းတွေကို ထိတွေ့လာတယ် ဆိုရင်ပဲ ချောက်ကပ်ကပ် ဦးနှောက်ကို တဂျစ်ဂျစ် ဖြစ်ညစ်ရင်းမရေမရာ ဒေါသ ဖြစ်ခဲ့ရတဲ့ ရက်တွေလဲ ရှိခဲ့ပါတယ်...
ဒီနေ့တော့ ထူးထူးခြားခြား မေးလ်ရဲ့ ရောဂါတွေကို လိုက်စစ်တဲ့အခါမှာမာတီထဲက ရေးစရာလေး တခုဖြစ်လာပါတယ် ............
"တဏှာယ ဇာယတေ သောကော ချစ်လျှင် သောက ဖြစ်ရတယ်"တဲ့......
ဒီစကားရဲ့အဓိပ္ပါယ်ဟာ ကိုယ်တို့လို သူငယ်နှပ်စားလေးတွေ အတွက်တော့ အင်မတန်ကြီးကျယ်ခဲ့တာ အမှန်ပါပဲ
၂၀၁၂ ခုနှစ်ဟာ မာတီ ကျောင်းသားတို့အတွက် လမ်းခွဲ သီချင်းသံတွေနဲ့ပဲ ပဲ့တင်ထပ်နေပါပြီ
"ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော" ဆိုပေမဲ့ ကိုယ်ကိုယ်တိုင်က အဲ့ဒီလောက် တရား သမာဓိနဲ့ မရင့်ကျက်မရင်းနှီးသေးလေတော့ ၂၀၁၂ ခုနှစ်ရဲ့ တောက်ခေါက်သံ တဖျင်းဖျင်းမှာပဲ ကြိတ်မှိတ် လွမ်းရချေဦးပေဦးတော့မည်ပေါ့..........
ဘယ်နှကြိမ်မြောက် ငါတို့ကို မျက်ရည်များနဲ့ ထားခဲ့လေဦးလေမလဲ လို့ စိုးတထိတ်ထိတ်နဲ့ပဲ မာတီကျောင်းသားတို့ ကိုယ်စား ဤစာဖြင့် ရင် ဖွင့်ရပြန်လေ၏.........
ဗုဒ္ဓရှင်တော်ဟာ သူ့ရဲ့တရားဦးမှာပဲ" ချစ်တဲ့ သူနဲ့ ခွဲခွါရခြင်းဟာလဲ ဒုက္ခ ပေပါ့ ချစ်သားတို့ရဲ့"လို့ ရဲရဲတောက် မိန့်ဆိုခဲ့ပေမဲ့ တကယ့်တကယ်မှာတော့ ငါတို့ဟာ လက်နက်မဲ့ တွေပါပဲ.........
မာတီ ကျောင်းသူလေး တယောက်က မှတ်မှတ်ရ ရင်ဖွင့်လာပါတယ် ဦးဇင်း မာတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေ ကြယ်ကြွေသလို တဖြုတ်ဖြုတ်ကြွေကုန်ပြီဘုရားတဲ့
လမ်းခွဲ လိုသူတို့ရဲ့ သီချင်းက သူဟာနဲ့ သူ သံစဉ်လှပေ၏ ကျန်ရစ်သူ ငါတို့မှာသာ.........
ဘိုးတော် မင်းတရားကြီး ခေတ်က ထင်ရှားတော်မူခဲ့တဲ့ ဆရာတော် ဦးဗုဓ်ရဲ့ စကားနဲ့ တချို့က ဖြေသိမ့်ကြလေသေး၏၊ "ဟဲ့မိနု နင်ကြွေးတင်ကျေအောင်ဆပ်"တဲ့

ဒါတောင် မာတီထဲက ထိပ်တန်းမမ တယောက်က တပည့်တော်က သူတို့ အရင်ထွက်ချင်တာဘုရားတဲ့ သူ့တို့က ဦးသွားလို့တဲ့.........
" တော်ပါပြီ ထားခဲ့လိုက်တော့၊ မျက်ရည်များနှင့် ငါအိပ်တော့မည်"
ဘာပဲ ပြောပြော ၂၀၁၂ ခုနှစ်မှာ အကျဉ်းသားတွေလွတ်သည် ၊ ကျွန်ုပ် ချစ်ခင် ရိုသေ လေးစားမိပါသော ဆရာတော် ဦးဝီရသူလွတ်သည် ဒါကြောင့် ရင်ဘတ်တခြမ်းကို တော့ ငါပျော်ဖို့ ထားပါဦးမည်......
မမ တယောက် ကတော့ ငိုရှာနေသည်..
နော်ဝေးက သူ့စာချစ်သူ တယောက်ဆုံးပြန်လေ၏တဲ့
မေတ္တာ ဆိုတာ သူ့ အကျိုးကို စီးပွါးကို လိုလားမှုဟု အဋ္ဌကထာ ဖွင့်ဆိုမှုအရ ကိုယ့်ကိုယ်ကိုပင် ကိုယ်ရောင်ပြလို့ သွားလေသူတို့အတွက်(အဖွဲ့မှ ထွက်သွားသည်ကို ဆိုလိုပါသည်) တဖက်လှည့်နှင့် မုဒိတာပွားရသေး၏၊
အော်...သူတို့ အဆင်ပြေသည်ကိုးးးးးးးးးးးးးးးး)
နောင့်နောင် မာတီနှင့် ပါတ်သတ်လို့ မိမိနှင့် မသက်ဆိုင်တော့ ကြောင်း ဝါကျတွေကနေ ဟောဒီလိုပုံပြင်ထဲကဗာရာဏသီဆောင်း ညတွေကို ခြောက်ကပ်ကပ်ပင် ဖြတ်သန်းရင်း ဆုတောင်းပေးနေမိပါ၏...........
" အစစ အရာရာ အဆင်ပြေ ချော့မွေ့ပါစေကုန်"

မမကိုသတိရ ခင်မင်သော ဘုန်းဘုန်းကိုကျေးဇူးတင်လေးစားနေပါတယ်

အရှင်ဘုရားကျန်းမာပါစေ..




0 comments:

Post a Comment