Pages

Wednesday, April 27, 2011

♥ ဒဏ္ဍာရီလေးပုံပြင်လေး♥

.


♥ ဒဏ္ဍာရီလေးပုံပြင်လေး♥

မေ.....အချစ်
အကြင်နာအစစ် ရင်မှဖြစ်တည်
ရင်မှာနွေးထွေး  နှစ်ကိုယ်ကြားမှာ
ကြားလေသွေးလို့  မဝေးချင်တယ်
ခဏလေးပျော်   ခဏလေးပျောက်
ချစ်ခြင်းဆိုတာ   တွေ့သိခဏ
အိမ်မက်ပုံပြင်  ဒဏ္ဍာရီတစ်ပုဒ်
မဟုတ်ဘူးကွယ်.......................
နိုးတ၀က်နဲ့ အိပ်ပျက်ညတွေ
အတွေးနယ်လွန်   ချစ်သူထံပါး
စိတ်ကခစား  အရောက်သွားလည်း
ချစ်သူမောင်က   တစ်ခဏလေး
ရင်ခုန်တတ်သူ အပျင်းပြေဆော့ကစား
လေပြေလေးအလား နော့မြူချင်သူ
ချစ်ခြင်းကိုများ   ပျားပိတုန်းလို
ဝတ်ရည်သောက်သုံး   အားဖြည့်ချင်သူ
မင်းရဲ့အချစ်ခဏလေး  တွေ့
 ဒဏ္ဍာရီလေးဖြစ်နေတယ်......။

Monday, April 25, 2011

အတိတ်ဘ၀ ငယ်ဘ၀ ၏ အိမ်မက် ပုံရိပ် ဖြစ်ရပ်မှန် ။




မ..မ

အတိတ်ဘ၀ ငယ်ဘ၀ ၏ အိမ်မက် ပုံရိပ် ဖြစ်ရပ်မှန်





















.
ငါရဲ့ မေတ္တာကမ္ဘာ
အမုန်းမီးတောင်  မာနတောင်တန်း   
လောဘသစ်သီး  ဒေါသပန်းနှင့်  အတ္တမြစ်များ  
မေတ္တာရှိရာ  ငါ့ကမ္ဘာကို  မလာရ။
ငါမသေခင့် ငါ့ကမ္ဘာမှာ   မေတ္တာမျိုးစေ့ချထားသည်  
သစ္စာပန်းများ ပွင့်လန်းမည်။




Cool  Pictures  Scraps and Graphics
မ..မ
နှလုံးသား လိပ်ပြာ အချစ်ငှက် ငယ် နားခိုရာ......။ .
မ..မ♥♥
မေမေမွေးတော့  အိမ်မှဘုရားစင်မှာ လိပ်ပြာလေးတွေ အကြီး လတ် အငယ်မြောက်များစွာ အိမ်မှာလာရောက်နေထိုင်ကြတယ်
ဘုရားစင်ရဲ့ခေါင်မိုး အပြင်ဘက်မှာ ခိုလေးတွေ အိမ်လုပ်နေထိုင်ကြတယ် ပျားတွေလည်း သစ်ပင်မှာ ပျားအုံဖွဲ့နေထိုင်ကြပါတယ်


မ..မ ထိုင်နေကျနေရာ အထက်က သစ်ပင် လက်တစ်ကမ်းလောက်မှာ
 ငှက်လေးတွေအသိုက်ဖွဲ့  ဥလေးတွေ ဥထားပြီးနေထိုင်ကြပါတယ်
   မျက်ခင်းစိမ်းစိမ်းပေါ်မှာ  တစ်ယောက်ထဲ
လွတ်လပ်စွာ နေထိုင်ရတာ ပိုမိုနှစ်သက်ပါတယ် ။ 



မ..မ   ရှိတဲ့ နေရာမှာ မြွေလေးတွေလည်း ရှိနေတတ်ပါတယ် 
ဘယ်ကနေ ဘယ်လိုရောက်လာကြတာလည်းတော့ မသိပါဘူး
 တစ်ခါကဆို ဖျာအောက်ထဲ မြွေလေးလာအိပ်နေတာ မသိလိုက်ဘူး 
ဖျာသိမ်းလိုက်တော့မှ  ဖိမိခံထားရတဲ့ အမြီးဖက်ရော ခေါင်းဖက်ရော
 ခေါင်းပါတဲ့ ခေါင်းနှစ်လုံးနဲ့  မြွေလေးကသေနေပြီ သနားလိုက်တာ  စိတ်မကောင်းဖြစ်မိပါတယ်။
သေနပ်ခါးကျောက်ပျဉ်အောက်၌လည်း မြွေလာရောက်နေထိုင်တတ်ပါတယ်။

မ..မ   ငယ်ငယ်က ၁၀နှစ်ကျော်ထိ  ဆောင်နန်း ပုခက်ပေါ်မှာအိပ်ပါတယ် 
သစ်သားကို ကနုတ်ပန်းများဖြင့် ထွင်းထုထားသော ပုခက်  ဖြစ်ပါတယ်။
Goodnight Graphics
မ..မ  အတိတ်က  ပုံရိပ်ရောင်လေးပါ  
နှင်းဖွေးဖွေးမှာ နှစ်ယောက်အတူချစ်သူနဲ့
ပျော်ရွှင်ကြည်နူး  ချမ်းမြေ့စွာ  နေထိုင်ဘူးပါတယ်။
ဆောင်းဦးရွက်ကြွေ  ရင်မှာဝေသည်
ငါ့ရင်ဝေဒနာ   သည်ဆောင်းဒဏ်ရာ။


 စိတ်ကူးထဲတောင် မြင်မိမှတ်မှား

မောင်ကြည့််တတ်သလား  မေးချင်သည်.။




အတိတ်ဘ၀ကိုပြန်မရနိုင်ပေမယ့်လွမ်းနေမိပါတယ်


[ Please click me  tender ]

Goodnight Graphics


သည်ဆောင်းဝေဒနာ
 ဆောင်းကြွင်းဒဏ်ရာ ဝေဒနာတွေ
နွေရဲ့သရုပ်သည်ပြယုဂ် တိမ်လေဆော့မြူး
ရော်ဝါ ရွက်ချွေ မြေ၌ကြွေသည်   
ဘယ်ဆီမျှော်မှန်း လွမ်းရမယ်
ဆောင်းဦးရွက်ကြွေ  ရင်မှာဝေသည်
ငါ့ရင်ဝေဒနာ  
သည်ဆောင်းဒဏ်ရာ။။။။။။။။။။။။။။မ..မ





တစ်ခုခုကြောင့်
သူ့ကို မလှည့်စားခဲ့ပါ ဘုရား …
စ တွေ့သည်မှ ၊ပစ္စက္ခထိ
သူပါပဲကွယ် ၊ဘယ်မှာရှိရှိ
သတိရတယ် ၊ တမ်းတတတ်ပြန်
အဖန်ဖန် အထပ်ထပ်
တရံမလပ်အောင်
အမှတ်တရလည်း ရှိနေဆဲပါ ဘုရား …
သူနဲ့ပတ်သက်လျှင်
သံယောဇဉ်တရား ၊ပါးလျားမပြယ်
ဘယ်တော့ဖြစ်ဖြစ်
ချစ်ရ လွမ်းရ ၊တသသနှင့်
နောင်တဟူသည် မရှိခဲ့ပါဘုရား
မေတ္တာ၏ အင်အား၊ သစ္စာ ၏ အင်အား၊
ဤစကားများကြောင့်
ဘုရား တပည့်တော်အား
နားအလည်ဆုံးလူ၊ သူ..သူ သူသည်
အပူသောက ၊မြူမျှမတွေ့
အားလုံးကို မေ့နိုင်၍
ချမ်းမြေ့ကြည်နူးနိုင်ပါစေ ဘုရား …

မောင်စိန်ဝင်းပုတီးကုန်းရဲ့ ကဗျာလေးပါ