Pages
Tuesday, April 30, 2013
အလွမ်းကကြိုးရုပ်
သံယောဇဉ်နဲ့မိုးလင်း
သံယောဇဉ်နဲ့မိုးချုပ်
သံသရာကြိုးကခတ်ရှုတ်ရှုတ်
... ...
အလွမ်းကကြိုးရုပ်..
Saturday, April 27, 2013
အချစ်နဲ့အပြစ်က သူငယ်ချင်း
အချစ်နဲ့အပြစ်က သူငယ်ချင်း
အမုန်းနဲ့အရှုံးကဒွန်တွဲနေတာပါ
နောက်ဆုံးတော့ သံယောဇဉ်က
... ... သူနိုင်တယ်တဲ့
အလွမ်းနဲ့ငါဟာခွဲမရပါဘူးးးးးးးးးးးးးးးးး
အာသာရမက် ချဉ်ခြင်းတတ်၍
အာသာရမက် ချဉ်ခြင်းတတ်၍
ဤကားကုသိုလ် အကုသိုလ်ဟု
မမြင်သမျှ သံသရာမှာ ပိုးထိုးလောက်ကိုက်
အမှောင်တိုက်မှ လူတော့လူပေါ့
... လူထဲမှလူ လူးဟုခေါ်သည်
သတ်ပုံမှား၍ ညစ်ညမ်းစကားပါးစပ်ဖျားထား
အာသာရမက်တက်သောကြောင့်
တဏှာရာဂ ကိလေသာကား ထူပြောနက်ရှိုင်း
အမှောင်လှိုင်းပေါ့
ချေးထဲလောက်လို ဆယ်ယူမရ ဘယ်ခါနောင်တရအံနည်း
သံသရာမှာ လူငနွားများသွားရာလမ်းကား
ငရဲဓါးထမ်းစောင့်နေသည်
ဗဟုသုတ ရှာမှီးပညာ စိတ်အတွင်းမှာ
တခဏတွင်း ပညာသတိဥာဏ်နှင့်ကြည့်လျှင်
စိတ်သာရှင်စောဘုရားဟောမို့
စိတ်ထားလေးတွေပြင်လိုက်ပါ
ရန်နှင့်ရန်ခြင်းတုန့်ပြန်နှင်းက
သူကိုငါသတ်ငါ့သူသတ်နေ
သံသရာရေ မပြတ်ဘယ်ခါရှိမည်နည်း
*ခဏလေးပါပဲ*
*ခဏလေးပါပဲ*
အပူခေါ်ယူ ရှာကြံပူသမို့
ခန္ဓာအိမ်ကြီး ညီးညီး လောင်ကျွမ်း
ငါစွဲတွေကို စိတ်ဝယ်ပွေ့ပိုက်
...
သံသရာရေလျှင် ၀ဲဂယက်ထဲ
ကိလေသာများ အဖော်ခေါ်ထား
ချေးလောက်ပမာ မစင်တွင်းထဲပျော်နေရှာ
ဂေါင်းပြောင်းခန္ဓာ လှည့်လည်နေရှာ
ဖြစ်ခြင်းပျက်ခြင်း တခဏအတွင်းမို့
စိတ်မှာ ဥာဏ်ကပ် သတိအထပ်ထပ်
မဆုံးရုပ် နာမ် ဖောက်ပြန်ပြောင်းလဲ
ခန္ဓာစောင့်ကြည့်ထိမ်းကြပါ..
Tuesday, April 23, 2013
သံယောဇဉ် မြစ်ဖျားမှ အလွမ်း ..တုနှိင်းယှဉ်စရာမရှိသောအချစ်
တုနှိင်းယှဉ်စရာမရှိသောအချစ်
ငါချစ်တဲ့ ကဗျာလေးထဲမှာ မင်းရှိတယ်
ငါချစ်တဲ့ ငါ့နှလုံးသားလေးထဲမှာ မင်းရှိနေတယ်
လည်ပတ်နေတဲ့ငါ့ အသွေးအသား ထဲမှာလဲ မင်းရှိနေတယ်
လမင်းလေး ငေးကြည့်မိတော့လဲ လမင်းထဲ မင်းရှိနေတယ်
ငါကြားမိတဲ့ဂီတ သံစဉ်တွေထဲမှာလဲ မင်းရောက်ရှိနေတယ်
ငါ့ရက်စွဲတိုင်း မနက်ဖန်တိုင်းဟာ မင်းရှိနေပါတယ်ချစ်သူရယ်
ဟန်မဆောင်တတ်တဲ့ ငါဟာ ကျောက်သားကျောက်ဆောင်တွေလို
လှို့ဝှက်ချက်မရှိဘူး
ငါချစ်တဲ့အချစ်ဟာ မြစ်တွေလိုမာယာမပါဘူး
ကောင်းကင်လိုအရောင်မပြောင်းဘူး
မြေမှုန်လေးတွေလို လေယူရာ ယိုင်းယိုင် လွင့်ပါမသွားပါဘူးကွယ်
ငါ့အချစ်လေးရယ်
ရာသီဥတု နွေ မိုး ဆောင်းပြောင်းလဲသလို
ငါမင်းအပေါ်ချစ်တဲ့စိတ်ဟာ မပြောင်းလဲဘူး
ကမ်းစပ်ကသဲမှုန်လေးတွေလို ရေတိုက်စားတိုင်း
လှိုင်းပုတ်တိုင်း လွင့်မျောပါသွားသလို
.
ငါမင်းကိုလွမ်းတော့ ကျတဲ့မျက်ရည်လို
ငါမင်းကို ချစ်တဲ့ အချစ်ဟာ ပျောက်ကွယ် မျှောပါမသွားပါဘူး
ငါ့အချစ်ရယ်
မပြောင်းလဲတဲ့ ငါဟာမင်းအပေါ်ချစ်တဲ့စိတ် သံမဏိထက်လဲခိုင်မြဲတယ်
စိန်တွေထက်လဲ ခိုင်မာတယ်
ငါမင်းကိုချစ်တဲ့စိတ် ငါ့မေတ္တာကို ငါသစ္စာဆိုရဲတယ်ချစ်သူ
ကမ္ဘာကြီး တည်မြဲနေသ၍ ငါအချစ်
ငါမေတ္တာ မင်းတစ်ယောက်ကိုပဲ တည်မြဲစွာ
ငါ့နှလုံးသားလေးဟာ မင်းမှမင်း
ဘယ်အရာနဲ့မှ တုပနှိင်းယှဉ်စရာ မရှိသောအချစ်မျိုးနဲ့
ချစ်ခင်မြတ်နိုးပြီး
ကမ္ဘာတည်သ၍ ချစ်နေမှာပါ
ငါချစ်ရတဲ့ ချစ်သူရယ်..
..
....
♥သံယောဇဉ် မြစ်ဖျားမှ အလွမ်း♥
အတွေးတစ်ကုဋေ ပန်းမွေ့ရာထက်
အနမ်း ရေသောက်ဆင်းလိုက်တယ်
ယုယကြင်နာ နော့မြူဟန်နဲ့
ချိုသာစကား ပျားရည်မြစ်တွင်း
ချစ်ခြင်းအပြည့် ခရီးဆက်နှင်
အကြင်နာလက်နဲ့ မောင်ထွေးဖက်နော်
မောင့်ရင်ခွင်မှာ ရင်ခုန်နှန်းမြန်
မျက်နှာကွယ်ဝှက် မေတ္တာအိမ်မက်မက်ခဲ့တယ်
နောင်သံသရာထိ ခရီးဆက်မယ်။♥
အလကားရနေပါတယ်..ငွေပေးဝယ်စရာမလိုပါဘူး
အမွန်မြတ်ဆုံးပါ..
အလကားရနေပါတယ်..ငွေပေးဝယ်စရာမလိုပါဘူး
ဒါပေမယ့်လူတိုင်းမှာမရှိနိုင်ဘူး..
မေတ္တာဟာလောကထဲမှာ တန်ဖိုးအရှိဆုံးနဲ့
... ... အမွန်မြတ်ဆုံးပါ..
Sunday, April 21, 2013
ကမ္ဘာ့အရှားပါဆုံး သဘာဝဖြစ်ရပ်တစ်ခုဖြစ်တဲ့ ဩစတြေးလျနိုင်ငံ မီးဆင်နှာမောင်း
ကမ္ဘာ့အရှားပါဆုံး သဘာဝဖြစ်ရပ်တစ်ခုဖြစ်တဲ့ မီးဆင်နှာမောင်းကို ဩစတြေးလျနိုင်ငံ အလယ်ပိုင်းဒေသမှာ စက်တင်ဘာ ၁၁ရက်နေ့က တွေ့ရပုံ။ ၁နာရီ ၃၅ကီလိုမီတာနှုန်းလောက်နဲ့ မိနစ်၄၀ကြာ မွှေ့ရမ်းတိုက်ခတ်တတ်တယ်လို့ ခန့်မှန်း။ ၁၉၂၃ခုနှစ်တုန်းက ဂျပန်နိုင်ငံ ကန်တိုမြို့မှာ တိုက်ခတ်သွားဖူးတဲ့ မီးဆင်နှာမောင်းဟာ လူ၃သောင်း၈ထောင်လောက်ကို ၁၅မိနစ်ခန့်အချိန်အတွင်း သေဆုံးစေခဲ့ဖူး။
By ရွှေမြန်မာများ Myanmar The Golden Land
..
ကမ္ဘာဟာ ကမ္ဘာကိုလောင်မြိုက်ပြီး ကမ္ဘာမြေကြီးဟာ ကမ္ဘာမြေကို ပြန်သိမ်းယူခြင်း
ယ္ခု နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ ပိုပြီး ပူပြင်းလာတယ်
တောမီးတွေလောင်၍ မီးလောင်မှု့တွေ ပိုပြီး ပေါများလာတယ်
ကောက်ကျစ်စဉ်းလဲ မှု့တွေ ပေါများလာတော့ စိတ်ဓါတ် ညစ်ပတ်နံစော်နေလို့
ကောင်းကင်ပေါ်မှ မိုးနတ်မင်းနဲ့ရေနတ်သားကလဲ ခဏခဏ ကမ္ဘာမြေကို ဆေးကြော
ပေးနေတယ်
ဘက်လိုက်မှုတွေ ပေါများလာတော့ တစ်ဖက်စောင်းနင်း ဖြစ်လိုက်ပုံများ
မြေငလျှင်တွေ လှုတ်လို့ မြေတွေပြိုတယ်..
အမြတ်ကြီးစား ၀ိသမ လောဘသားတွေ ပေါများလာတော့ မွှားတွေ ခြင်တွေ ဖြုတ်တွေ
မျှော့တွေ သန်းတွေ သွေးစုပ်သတ္တ၀ါတွေပေါများလာတယ်..
ဣဿာ မစ္ဆာရိယ စိတ်တွေပေါများလာတော့ မနာလိုဝန်တို စဉ်းလဲ
ကောက်ကျစ်မှုတွေကြောင့် ဟိုခုတ် ဒီဖြတ်နဲ့အစာ ရေစာငတ်မွှတ် ခေါင်းပါးလာတယ်
ဟိုဖားရ ဒီဖားရနဲ့ ကိုယ်ဘက်ကိုယ် ယက်တာ များလာတော့ ဖားလေးတွေ လိပ်လေးတွေ
တစ်ဘို့တည်းသော သတ္တ၀ါတွေ ပေါများလာတယ်..
အညီအဟောက် စားသောက် ကြည့်ရှုတာ များလာတော့ မှုဒိန်းမှုတွေ ပေါများလာတယ်
ယင်များ မှက်များ ပေါများလာတယ် ကြီးနိုင် ငယ်ညှင်း ကမ္ဘာကြီးမှာ သတ္တ၀ါတွေ
အကုသိုလ်ပေါများလာတော့ ကမ္ဘာကြီးပိုပူလာတယ် (တရားဒေသနာမှာ ငရဲပြည်ပူတာ ကြားဘူးတယ်)(နာကြားတဲ့ တရားတော်မှာ အိမ်သာထဲမှ လောက်က ဘ၀ ဘ၀ တွေက လာတာတဲ့နော်)
မြတ်ဘုရားရဲ့ တရားတော်နှင့်အညီ ကျိုးကြောင်း ပြညွန် ပြောဆို သွန်သင်
ဆုံးမခြင်းတွေကို လိုက်နာကျင့်ကြံသူတွေ နည်းပါးလာတော့ အသိပညာမဲ့သူတွေ
ပေါများလာတယ်..
ကမ္ဘာမြေပေါ်မှာ မတရားအနိုင်ကျင့် ရယူ သိမ်းပိုက်မှုတွေ ပေါများလာတော့
ဆူနာမီ ရေကြီး ငလျှင် မြေပြို မီးတောင်ပေါက်ကွဲပြီး ပူပြင်းစွာနဲ့
ကမ္ဘာဟာ ကမ္ဘာကိုလောင်မြိုက်ပြီး
ကမ္ဘာမြေကြီးဟာ ကမ္ဘာမြေကို ပြန်သိမ်းယူပြီး မဆိုစလောက်လေး ပျောက်သွားမှာ..
Wednesday, April 17, 2013
လူတို့ဌာနေ..လူတို့ရွာတွင်..
လူတို့ဌာနေ..လူတို့ရွာ
လူတို့ဌာနေ..လူတို့ရွာတွင်..
အချင်းချင်းနှိပ်စက်နေတော့တယ်..
လူတို့ဌာနေ..လူတို့ရွာတွင်..
လူ အချင်းချင်းစစ်မက်တွေလည်းဖြစ်နေတယ်...
လူတို့ဌာနေ..လူတို့ရွာတွင်..
ဒေါ
သချောင်းစီး   လူတွေသေလို့နေတော့တယ်...
လူတို့ဌာနေ..လူတို့ရွာတွင်..
ဝတ်
စားဆင်ယဉ်  အမြင်မတင့်   ကာမချောင်းစီးနေတော့တယ်.....
လူတို့ဌာနေ..လူတို့ရွာတွင်..
တို
င်းပြည်..နိုင်ငံ.ကာကွယ်ဖို့တဲ့ သွေးချောင်းစီးလို့နေတော့တယ်....
လူတို့ဌာနေ..လူတို့ရွာတွင်..
ငလှ
ျင်တွေ့ ကြုံလူတွေ  သေလို့ နေတော့တယ်....
လူတို့ဌာနေ..လူတို့ရွာတွင်..
ပင်
လည်သမုဒ္ဒရာရေလှိုင်းဒဏ်ကြောင့်
လူတွေသေလို့နေတော့တယ်....
လူတို့ဌာနေ..လူတို့ရွာတွင်..
ြေ
မကြီးအက်ကွဲ  မြေအောက်ရောက်ပြီး
လူတွေ သေလို့နေတော့တယ်
လူတို့ဌာနေ..လူတို့ရွာတွင်..
မီး
တောင်ပေါက်ကွဲ..
မီးလောင်မှြု့
ဖစ်  လူတွေသေလို့ နေတော့တယ်.....
ငတ်မွတ် ခေါင်းပါးဘေးရန်များလို့
့နေတော့တယ်..
မိဘမျက်နှာ  မထောက်ညှာ
ဆွေမျိုးပျောက်လို့နေတော့တယ်.
..
မောင်နဲ့နှမ..
အမိနဲ့သား..အဖနဲ့
သမီး..ရိုသေရမှန်းသိဘူးကွယ်.
နေထိုင်ကျက်စားလူတို့ရွာကား...
တ၀မ်းဝဘို့ပင်ပမ်းတယ်..
လှုပ်ရှာ
းရုန်းကန်  လူတို့ရွာကား ပင်ပမ်းဆင်းရဲ လှပါတယ်..
နေရာမြဲအောင်ကြိုးစားနေရ..
လှုပ်
ရှားရုန်းကန်ကြိုးစားနေရ 
အမှု့
အမျိုးမျိုးကြုံနေတယ်.....
ဘ၀ရပ်တည်ကျိုးစားနေရ..
ပုံစံမျို
းစုံကကြိုးစုံလင်  လှုပ်ရှားရုန်းကန်.နေရတယ်.....
မေတ္တာခေါင်းပါးလူတို့ရွာကား....
.
ပျက်စီးခြင်းများကြုံနေတယ်..
တိုးတက်ထွန်းကားလူတို့ရွာကား..
ပျက်စီးခြင်းများတွေ့ နေတယ်..
စက်မှု့ထွန်းကားလူတို့ရွာကား...
ပျက်စီးခြင်းများကြုံနေတယ်..
အဏုမြူထွန်းကားလူတို့ ရွာကား....
လူတွေသတ်လို့ .
ပျက်စီးခြင်းများကြုံနေတယ်..
သံသရာအရေးမတွေးခေါ်ဘူး..
လူအခြင်း
ခြင်း စောင့်ရှောက်ဖို့ရာ မတွေးခေါ်ဘူး..
ကြီးနိုင် ငယ်ညှင်းလုပ်နေတယ်..
လူ
မေတ္တာခေါင်းပါး 
လူတို့ ရွာကားကပ်ဘေးတွေလည်း  သင့်နေတယ်.
....
မကြည့်တတ်လို့   မမြင်ကြဘူးဖြစ်နေတယ်..
မတွေးတတ်လို့  မသိကြဘူးဖြစ်နေတယ်.
.
မသိကြလို့ မဆင်မချင်  လုပ်ချင်ရာလုပ် 
ပြောချ
င်ရာပြောဖြစ်နေတယ်...
ဆင်ချင်တုံတရား  နည်းလှတယ်..
လူတိ
ု့ ဌာနေလူတို့ ရွာကို   သာယာဝပြောစေချင်တယ်...
လူတို့ ဌာနေလူတို့ ရွာကို..
လူအချင်းချင်းသတ်ဖြတ်ြ
ခင်းမှကင်းဝေးစေချင်လှပါတယ်...
လူတို့ ဌာနေလူတို့ ရွာကို..
သွေးချောင်းစီးတာမကြည်
့ချင်တယ်....
လူတို့ ဌာနေလူတို့ ရွာကို..
ငတ်မွတ်ဆာလောင်..မြေေ
တွပြိုကာ.ငလျှင်တွေလှုပ်...
ရေတွေလွှမ်းနဲ့ မမြင်ချင်လည်းမြင်နေရတယ်..
မြ
ကည့်ချင်လည်းတွေ့ နေရတယ်...
မေတ္တာခေါင်းပါးလူတို့ရွာလေး 
နှိပ်စက်ခြင်းမှဝေးပါစေကြောင်း 
သတ်ဖြတ်ခြင်းမှဝေးပါစေကြာင်း...
ငတ်မွတ်ခြင်းမှဝေးပါစေကြာင်း..
ဆုတောင်း
မေတ္တာပို့ လိုက်တယ်.......
လူတို့ဌာနေ..လူတို့ရွာလေး
မေတ္တာ
လေးပဲပို့တတ်တယ်...
7 comments:
  1. မေတ္တာ ပို့သွားပါတယ် မ.မ
    ReplyDelete
  2. စနိုးလေး..
    ပို့သတဲ့မေတ္တာကြောင့်အေးချမ်းပါစေ။
    လူတို့ဌာနေ လူတို့ရွာလေး။
    ReplyDelete
  3. မေတ္တာခေါင်းပါးလူတို့ရွာလေး နှိပ်စက်ခြင်းမှဝေးပါစေကြောင်း
    သတ်ဖြတ်ခြင်းမှဝေးပါစေကြာင်း...
    ငတ်မွတ်ခြင်းမှဝေးပါစေကြာင်း..ဆုတောင်းမေတ္တာပို့ လိုက်တယ်.......
    (မေတ္တာလေး ပို့သွားပါတယ်ရှင်...)
    ReplyDelete
  4. ဟုတ်ပါတယ်...
    မဟေသီလေးရယ်...မ..မ...
    လူတို့ ဌာနေလူတို့ ရွာကို..
    လူအခြင်းခြင်းသတ်ဖြတ်ခြင်းမှကင်းဝေးစေချင်လှပါတယ်...
    လူတို့ ဌာနေလူတို့ ရွာကို..
    သွေးချောင်းစီးတာမကြည့်ချင်တယ်....
    လူတို့ဌာနေ..လူတို့ရွာလေး
    မေတ္တာ လေးဘဲပို့တတ်တယ်....
    ReplyDelete
  5. လူတို့ဌာနေ လူတို့ရွာလေး ကနေ မခွဲနိုင်သေးတော့လည်း ကြုံရအုန်းမှာလေ..။။
    ကောင်းတယ်မမရေ ။အားပေးသွားတယ်နော်။
    ReplyDelete
  6. သူများတွေကတော့ ဖက်သွားတယ်တဲ့ မောင်ပဉ္ဇင်းကတော့ ရှုသွားတယ်ပြောရမှာပေါ့
    Reply
မြန်မာတပြည်လုံး မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင် – ဦးထွန်းလွင်
မြန်မာတပြည်လုံး မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင် – ဦးထွန်းလွင်
Wednesday, April 17,2013
အခုရက်ပိုင်းအတွင်း မြန်မာတပြည်လုံးမှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နိုင်ပြီး လေတိုက်ခြင်း၊ မိုးရွာခြင်းတွေ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။
... အတက်နေ့မှာ မုံရွာ၊ မန္တလေးအပါအ၀င် အထက်မြန်မာပြည် မြို့အတော်များများမှာ လေတိုက်သွားတယ်။ ဒီနေ့ ပြည်မှာဆိုရင် အနီးအနားကရွာတွေမှာ အိမ်ခြေ ၂၀၀ ကျော်လောက် ပြိုလဲတယ်ကြားတယ်။ မနေ့ကဖြစ်တဲ့ ဖြစ်စဉ်က ဘာကြောင့်ဖြစ်တဲ့ မိုးလေ၀သထူးခြားဖြစ်စဉ်ပါလဲ
“မိုးစနေ၊ လေရာဟုလေ မြန်မာစကားမှာ။ ဒါက ရာဟုထောင့်၊ အနောက်မြောက်ကလာတာ။ အိန္ဒိယအရှေ့မြောက်ကစတယ်၊ ဘင်္ဂလားဒေ့ရှ်ကိုဖြတ်တယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း၊ ကချင်နဲ့ မြန်မာပြည် အနောက်မြောက်ပိုင်းတပိုင်းလုံးပေါ့။ အဲဒီကမှ အလယ်ပိုင်း၊ မြေလတ်ပိုင်းတို့ထိ ကူးလာတဲ့ မိုးလေ၀သ ဖြစ်စဉ်ပါပဲ။ အဲတော့ အနောက်မြောက်ဘက်က ၀င်လာတဲ့ မိုးလေ၀သဖြစ်စဉ်ဆိုတော့ သူ့ရဲ့မူလဇစ်မြစ်ကတော့ ဟိမ၀န္တာတောင်ခြေနဲ့ ဟိမ၀န္တာအနီးမှာ တိုက်နေတဲ့ လေအေးတွေက အောက်ဘက်ကို ဆင်းလာတဲ့အခါဖြစ်တဲ့ ဖြစ်စဉ်ပါပဲ။
ဒီနေ့၊ မနက်ဖြန်ဆို လေတိုက်တာ၊ မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာတို့က မိုးတိမ်တောင်ကြောင့်ဖြစ်တာ။ မိုးတိမ်တောင်တွေက နောက် ၃-၄ ရက်ထိ ရှိဦးမယ့်သဘောရှိတယ်။ ဧရိယာကလည်း တော်တော်များများ ဖုံးလွှမ်းသွားလိမ့်မယ်။ မနက်ဖြန်နဲ့ သန်ဘက်ခါဆိုရင် မြန်မာနိုင်ငံအလယ်ပိုင်းလောက်ကလွဲရင် တပြည်လုံးလိုလို မိုးတိမ်တောင်တွေဖြစ်မယ်။ အဲတော့ ပထမတချက်က မိုးတိမ်တောင်ကြောင့်ဖြစ်တာ
ဒုတိယတချက်က ဘာကြောင့်လဲဆိုရင် ဧပြီလ ၁၅ ရက်နေ့ကတည်းက မိုးကြိုကာလ၀င်သွားပြီ။ အကြိုနေ့ကတည်းက အောက်ဘက်မှာ မိုးတိမ်တောင်တွေဖြစ်လိုက်တာ ကျုံဒိုး၊ ကော့ကရိတ်မှာ မိုးကြိုးပစ်တာ လူ ၅ ယောက်သေတယ်။ မြန်မာပြည်မှာ ရာသီဥတုဝင်နေတာ အနောက်မြောက်တခု၊ အရှေ့တောင်တခုရှိတယ်။ အရှေ့တောင်က တောင်ပိုင်းကတက်တာ၊ အနောက်မြောက်က ဟိုးအပေါ်ဘက်ကဆင်းတာ။ ဖြစ်တတ်တဲ့ သဘာဝရှိတယ်။ သိပ်တော့ မဆန်းပါဘူး။ ဒါပေမယ့် နည်းနည်း ပိုအားကောင်းနေတယ်လို့ ပြောလို့ရတယ်။”
အခုအချိန်ကာလက မုတ်သုံဝင်မယ့် ရာသီပေါ့။ အဲဒီအချိန်ကာလမှာဖြစ်တတ်တဲ့ မိုးလေ၀သဖြစ်စဉ်တွေနဲ့ သတိပြု၊ သတိထားရမယ့် အချက်တွေ။
“အခုက မိုးကြိုခေါ်တယ်။ မိုးကြိုက မုတ်သုံမ၀င်မီကာလလေးပေါ့။ အရင်ကတော့ မိုးကြိုဆိုတာ ဧပြီ ၁၅ ကနေ မေ ၁၅ ၁ လလောက်ပဲ။ အခုက မုတ်သုံဝင်တာ နောက်ကျတော့ ဧပြီ ၁၅ ကနေ မေလကုန်လောက်ထိဆိုတော့ ၄၅ ရက်ဖြစ်သွားတယ်။ မိုးကြိုကာလဟာ တော်တော်လေး ဖောက်ပြန်ရာသီဥတုများပေးတတ်တယ်။ လွန်ကဲတဲ့ ဖြစ်ရပ်တွေဖြစ်တတ်တဲ့အထဲ ၂ ချက်ပေါ့။ တချက်က မိုးတိမ်တောင်တွေ အများအပြား ဖြစ်တတ်တယ်၊ နောက် မုန်တိုင်းဝင်တတ်တယ်၊ ဒီ ၂ ချက်က အရေးကြီးဆုံးပဲ။”
ဆရာပြောတဲ့ ၄၅ ရက်တာ ကာလအတွင်း အများပြည်သူ သတိထားဖို့တွေလည်း ပြောပြပေးပါ။
“၄ ခုလောက် သတိထားစေချင်တယ်။ တခုက မိုးတိမ်တောင်၊ မိုးတိမ်တောင်သဘာဝက မွန်းလွဲ ညနေပိုင်းတွေဖြစ်တယ်။ များသောအားဖြင့် ၃ နာရီနောက်ပိုင်း၊ ၄ နာရီ၊ ၄ နာရီခွဲ အများဆုံးဖြစ်တတ်တယ်။ မိုးတိမ်တောင်ဖြစ်ရင် လျှပ်စီးလက်တယ်၊ မိုးခြိမ်းတယ်၊ မိုးသီးကြွေတယ်၊ မိုးသက်လေပြင်းတိုက်တယ်၊ နေရာကွက် မိုးကြီးတယ်၊ လေဆင်နှာမောင်းတိုက်တယ်၊ စိုက်ဆင်းလေပြင်းတိုက်တယ်။ အားလုံးဟာ အပျက်အစီးရှိနိုင်တဲ့ ဖြစ်စဉ်တွေချည်းပဲ။ ဒုတိယက အပူချိန်တွေက ဒီအချိန်မှာ ဆက်ပြီးတက်နေတုန်းပဲ။ အပူချိန်မြင့်တက်မှုက သတိထားရမယ်။
မြန်မာပြည်တပြည်လုံး အပူချိန်တွေ ၄၀ ပတ်ဝန်းကျင်နားအကုန်ရောက်နေတယ်။ အလယ်ပိုင်းဆိုရင် ၄၂-၄၃ ထိတောင် ရောက်တယ်။ အပူချိန်မြင့်မားမှုကို ဂရုပြုဖို့လိုပါတယ်။ တတိယအချက်က မိုးကြိုကာလမှာ ဘင်္ဂလားပင်လယ်အော်ထဲကနေ မုတ်သုံရဲ့ ရှေ့ပြေးအဖြစ် လေတွေ ၀င်လာတဲ့အခါ ၀င်လာတဲ့လေထဲ ရေငွေ့ပါလာတယ်။ မြန်မာပြည်ကိုရောက်လာတဲ့ လေထဲ ရေငွေ့ ပါလာတော့ အောက်ကမြေပြင်ရဲ့ အပူနဲ့ လေထဲကရေငွေ့တွေဟာ မိုးလေ၀သဖြစ်စဉ်အရ ပူတယ်၊ ပွတယ်၊ ပေါ့တယ်။ ဒီဖြစ်စဉ်တွေနဲ့ အပေါ်တက်ပြီး အအေးဓာတ်ရပြီး အရည်ဖွဲ့တွေ တိမ်ဖြစ်တဲ့ကာလပါ။ အဲတိမ်တွေ မိုးအဖြစ်ရွာချရင် ဒါကောင်းတယ်။
အပူချိန်မမြင့်ပေမယ့် ရေငွေ့များ၊ တိမ်တွေဖြစ်၊ မိုးမရွာရင် လူတွေအပေါ်ခံစားရတဲ့ အပူချိန်တွေ အလွန်မြင့်သွားတတ်တယ်။ အဲဒါကို Heat Index လို့လည်းခေါ်တယ်။ မနှစ်ကဆိုရင် ရန်ကုန်မြို့မှာ အပူချိန်က ၃၆-၃၈ လောက်ပဲရှိတယ်။ ၃၈ ဒီဂရီစင်တီဂရိတ်က သိပ်ပူတယ်လို့တော့ ပြောလို့မရဘူး။ ဒါပေမယ့် ရေငွေ့က ၈၀ ရာနှုန်းရှိတယ်၊ တိမ်ရှိတယ်။ မိုးမရွာဘူး။
အဲနေ့ရဲ့ field temperature ကို တွက်ကြည့်တယ်။ သူက တိုင်းလို့မရဘူး၊ တွက်ကြည့်ရတယ်။ တွက်တဲ့အခါ နေ့ရဲ့အပူချိန်ရယ်၊ ရေငွေ့အပူချိန်ရယ် ၂ ရပ်ပေါင်းလိုက်တော့ လူမှာခံစားရတဲ့ အပူချိန်က၊ မနှစ်က ဧပြီလ ၆ ရက်နေ့ကဆိုရင် freld temperature က ၆၂ ဒီဂရီ စင်တီဂရိတ်ရှိတယ်။ အဲဒါဆိုရင် Heat Stroke ရတာပါပဲ။ Heat Stroke ရရင် လေဖြတ်တယ်၊ ဦးနှောက်သွေးကြောပြတ်တယ်၊ အသက်အန္တရာယ်ရှိနိုင်တဲ့ အနေအထား။ အဲဒါတခုလည်း မုတ်သုံရာသီဥတုပြောင်းလဲမှုကြောင့် တွေ့ရတယ် ဆိုတဲ့ ၄၅ ရက်တာ ကာလအတွင်း မိုးတိမ်တောင်ရယ်၊ အပူချိန်မြင့်တက်မှုရယ်နဲ့ heat stroke ရယ်၊ မုတ်သုံမိုးကလည်းမရ၊ ခြောက်သွေ့တဲ့အချိန်အခါမှာရတဲ့ ဟိမ၀န္တာတောင်ခြေက လာတာ။
ရေခဲမြစ်တွေကလည်း ဟိမ၀န္တာတောင်ခြေ အလယ်နဲ့အရှေ့ပိုင်းမှာမရှိတော့ဘူး။ အဲတော့ ရေရှိရမှုအရင်းအမြစ်တွေ များတဲ့အတွက် ရေနည်းတဲ့အန္တရာယ်လည်း ဆိုးပါတယ်။ တခါတလေ မိုးရွာလိုက်တာလည်း အထောက်အကူတခုတော့ ရမယ်လို့ထင်တယ်။ မဟုတ်ရင် ရေပြဿနာက တော်တော်ဆိုးပါတယ်။ အပူရယ်၊ ရေရယ်၊ မိုးတိမ်တောင်ရယ် ဒီ ၄ ခုပေါ့။”
DVB
Wednesday, April 10, 2013
ပျော်စရာနှစ်ဦး အတာတန်ခူး ဒေါင်းသခင်တွေ ရွှင်ကာမြူး **မောင်နဲ့မေ တွေးကာ ကြောက် မဖောက်ပြန်နဲ့သင်္ကြန်ရယ် .. 'ပိတောက်သက်သေ လွမ်းမျက်ရည်
♥♥မောင်နဲ့မေ တွေးကာ ကြောက် မဖောက်ပြန်နဲ့သင်္ကြန်ရယ်♥♥'
တူပို့ တူပို့  ဂျီးနဲ့ ဗြောင်
တူတူကိုယ်အပြိုင်ကဲပါတဲ့
မြန်ရိုးရာသင်္ကြန်ထဲ
ဝုန်းဒိုင်းဆိုအကုန်လွင့်ရတယ်
သွေးမြေခသင်္ကြန်ပွဲ
အဖေရိုးပါသည် အမေရိုးပါသည်
ကြွက်မနိုင်ကျီ မီးရှို့တဲ့ပွဲ
မီးလောင်စရှိလောင်
ဗုံးထောင်စရှိထောင်
လူကြောင်စရှိကြောင်
ငှက်ထောင်စရှိထောင်
ကြောင်သူတော်ကြွက်သူခိုး
အပြစ်မဲ့ပြည်သူတွေ ကြားထဲကသေနေ
စိတ်ရှိသလိုကိုင်ကာတုတ်ရရင်
နင့်အမေ ရိုး တယ် .လေ.........
နင့်မေရိုး တော့ ငါ့မေ မဆန်းပါဗျ
ဒီရန်ကုန် အကုန်အင်ထုတယ်
ခေါင်းပေါင်းတွေပေါပါလို့
လူအစစ်တကယ်ရှား
နင့်မေကလွှား
ဆိုးပါ့ဟယ် ...........
ဒီခေတ်က လူပျက်တာများ
များသတ္တ၀ါ သေ ကြေ
ပန်းပိတောက်နဲ့အတူတူလေ
မြန်ရိုးရာသင်္ကြန်ပွဲ အပြိုင်ကဲချင်လည်း
ဒီနှစ်ဦး ခါတော်ချိန်မှာ
တူပို့ တူပို့ ဘယ်နယ်လုပ်မယ်
မေ..ကြောက်တဲ့ပွဲ ဒီသင်္ကြန်ပဲ
ကင်မရာတွေ အတည်တပ်ပါလို့ 
လှုပ်လှုပ်မြင်အကုန်တွေ့ ရမယ်
ဒီကြိုးမဲ့ အင်တာနက်
ဒီမောင်မှာ ဘ၀င်ဆူရင်ဖြင့်
လိုင်းပေါ်ကို အတည်ရောက်မယ်
မယ်ရင်တွေလေးပါတဲ့
ရုပ်သံများ သံသရာထဲ
ရင်ခုန်ကာလန့် ရတယ်
ဖြေးဖြေးခြင်း လုပ်ပါ့မောင်ရယ်
ဘေးလွတ်ရာရှောင်ကာရှား
မောင်နဲ့မေတူစုံ မြူးပျော်ဖို့
သူရိုက်မယ့့်အင်တာနက်
ဝေးးးရာသိုသွားးးးးး
ဗုံးရန်ကများးးးးးးးးးးးး
ကြောက်လေနဲ့ မောင့်ချစ်လေးရယ်
ဒီရန်ကုန်ဟော်တယ်ကများ
လိုက်ခဲ့ပါ မတွေးလေနဲ့ 
ငွေများစွာအသင့်ပါတယ်
ဖြစ်ပါတယ် တညသာတော့
ငါဟဲ့သတိုသား
ဗုံးရန်ကလွတ်ပေမယ့်
မောင့်ရန်ကမလွတ်နိုင်ဘူး
မေ........ကြောက်တဲ့ပွဲ ဒီသင်္ကြန်ပဲ
မ...မ
မြို့ စားလေး
'"မောင်"ခူးပေး ပိတောက်ရွှေဝါ'
♥မောင်ခူးပေး ပိတောက်ရွှေဝါ♥
 မောင်နဲ့မေ
အတူဆုံမြူးမယ့် ဒီတန်ခူးမှာ
မောင်ခူးပေး ပိတောက်ရွှေဝါ အပြုံးပန်းဆင် မေ့ ကေသာဆံနွယ်ဦး ပန်ဆင်လို့ စိတ်ကြည်နူး
မြန်မာတွေ အစဉ်အလာပွဲ
ဂိမ္ဗာန်နွေ တန်ခူးလပဲ
အတာသင်္ကြန်နဲ့ မြူးထူးဆဲ
တစ်နှစ်မှာ ဒီတစ်လပေမို.
နှစ်ဟောင်းက အညစ်အကြေးတွေ
ဒီနှစ်ဦးအခါသမယမှာ ဒီတန်ခူးအခါသမယမှာ
မြန်မာရယ် ထုံးစံဓလေ့ပေမို့
``မေ´´လည်းလေ``မောင်´´နဲ့အတူစိတ်ကြည်းနူး
အတိတ်ရည်စူး``မြတ်ဘုရား´´မှာ ပန်းရွှေဝါ ပိတောက်တွေနဲ. ဟောင်းအညစ်အကြေးကို ပြောင်းသစ်ပေးမယ့်
``မြတ်ဘုရား´´ထံ ``ဆုပန်ရည်စူး´´
ဒီတန်ခူးမှာ မူးသူလဲမူး ရူးသူလဲရူး
လှူသူလဲလှူ သက်ကြီးအိုခေါင်းလျှော်ဆေး စတုဒီသာ ဒီအလှူပွဲနဲ့
မြန်မာ့အတာ ရေသဘင်ပွဲ  ခြိမ့်ခြိမ့်သာနွှဲ..။
`````````````````````
နွေဦးရဲ့ကျက်သရေ
ပိတောက်တွေ ရွှေရည်လူးးး
နွေဦးရဲ့ကျက်သရေ..
ဝါ၀ါလေ ၀င်းနေပ
ရနံ့ရယ်ကြူ...
ခါတော်မှီ ပွင့်လန်းလေကြ
ပြိုင်ဆိုင်သူ ဘယ်သူနိုင်ပါ့မယ်...
ဝါ၀ါလေ၀င်းလေတဲ့
အို..ပိတောက်ရယ်.........
နွေ..အရောက်မယ်
ပန်သူပန် ချိုးသူချိုး
လှုသူလှု ကြည်ဖြူစွာ ပွင့်လန်း
ပန်းမြတ်တော်ဝင် ၀ါဝါစွင့်လန်း
 နှစ်ဦးရဲ့ကျက်သရေ ခါတော်မှီပွင့်လန်း
ပိတောက်ရွှေရည် ၀ါဝါဖူးပြီမို့ မွှေးရနံ့ချိုအီ
လေယူရာသင်းပါလို့ တော်ဝင်တဲ့ပန်း
ကိုထွန်းဝင်းလတ်
မ..မ
ပိတောက်သက်သေ 
လွမ်းမျက်ရည်
 ရင်တွင်းစစ်ခင်း သင်္ကြန်ချိန်ခါ
ဘုရားသွားကျောင်းတက် အတူပျော်ချင်တာ
မိုင်တွေကွာခြား ဝေးမြေရပ်ခြား
အတူပျော်ချိန်လေး ဘယ်အချိန်များ ကြုံဆုံနိုင်မှာ
ပိတောက်သက်သေ
လွမ်းမျက်ရည်မိုး ရွာသွန်းဖြိုး
ပန်းပိတောက်များ  ဖူးပွင့်ဝေစီ 
ဘုရားကပ်လှူ ဆုတောင်းနေသည်တွေ့ကြုံခဏ ခွဲခွါရလည်း
နောင်နှစ်သင်္ကြန် အတူစုံချင်ပြီ ချစ်သူမောင်ထံ
မျှော်ရည်မှန်းပြီး မေလွမ်းနေသည်.....
♥♥
မဟာသင်္ကြန် မြန်မာရိုးရာ
သပြေခက်မှာ အမွေးနံ့သာ
ပန်းပိတောက်တော်ဝင် ဖူးပွင့်မော်ကြွား
ပေါင်းဖော်ဆွေသဟာ ရေလောင်းဆော့ကစား
စတုဒီသာ အလှူပွဲနဲ့ ခြိမ့်ခြိမ့်စည်ကား
မွန် ဓလေ့တဲ့
သနပ်ခါးနံ့သာပါးတို့ပွဲမှာ ရေပက်ဆော့ကစား
ရခိုင်ရိုးရာ ဓလေ့များ
လောင်းလှေလေးနှင့် ရေပက်ကစား
ပေါ်ထင် ဖော်ချင် အန္တရာယ် မမြင်
မူးယစ်သောက်စား မေ့လျှော့သွား
အန္တရာယ်များ လက်ယပ်ခေါ်သလား
 ဒီအတာ ဒီတန်ခူး ကုသိုလ်ထူးအောင်
များလှဖော်သဟာ ရေလောင်းရေပက်
ဘုရားသွားကျောင်းတက် ကုသိုလ်ဖက်
ရိုးရာမပျက်ဆင်နွဲပါ မွန်မြတ်လှတဲ့သင်္ကြန်ချိန်ခါ..။
လက်ကမ်း လင့်ချီ
ယနေ့ပွင့်သည့်
ပန်း ပိတောက်မင်းးးးး
အသစ် အဖြစ် သူ့ တရာသီ ထပ်ဖူးခဲ့ပြီ
နောက် သစ်တဖန် ရှင်သန်ရအောင်
စိုက်ပျိုးသည့်သူ တန်ဖိုး သိသူ
အပင်အိုမှ ခုတ်ယူ စိုက်ပျိုး တန်ဖိုးမြတ်လှ
ပိတောက်မင်း ပျိုလေး
သူအစွမ်းနှင့် သူခွန်အားပေါ့ ဖူးတန်ဝင့်လို့ လှပလေပြီ
ထို့အတူပင် အပင်အိုမှ အပင်သစ်စီ လက်ကမ်း လင့်ချီ
ဖူးတံလေးတွေ ပွင့်ဖတ်ဝေသီ လှသွေးကြွယ်မည်
ငယ်နုသွေး လို့ ပင်ငယ်လေးလဲ လောကအတွက် လှပနေသည်
ပိတောက်မင်း ဆိုသည့် ပန်းမြတ်ပုံသွင် ရှိစေချင်သည်
လှပတင့်ဆန်း လောကလမ်းဝယ်
မြင့်မြတ်စေ့ချင့်စမ်းပါတယ်..................။
 ခွတ်ဒေါင်း ညီညာ အောင်ကြောင်းဖြာ
အောင်ပါစေကြောင်း အောင်စေကြောင်း
နှစ်ဦးဆုမွန်တောင်း
ကောင်းကင် ထက်က ဒေါင်းသခင်တွေ
အောင်ပါစေကြောင်း အောင်စေကြောင်း
နှစ်ဦးဆုမွန်တောင်း
ခွတ်ဒေါင်း ညီညာ အောင်ကြောင်းဖြာ
အောင်ပါစေကြောင်း အောင်စေကြောင်း
နှစ်ဦးဆုမွန်တောင်း
ဆွေမျိုးဖော်သဟာ ဝေးကွာနေလည်း
နိုင်ငံအတွက် ပေးဆပ်နေတယ်
မိဝေး ဘဝေး နိုင်ငံရပ်ခြားတိုင်းတပါးမှာ
အောင်ပါစေကြောင်း အောင်စေကြောင်း
နှစ်ဦးဆုမွန်တောင်း
အဝေးရပ်က ဖော်သဟာဆွေ
မေတ္တာ ရေချမ်း အေးစေကြောင်း
စိတ်ကူးလေးနဲ့ ရေချမ်းလောင်း
အောင်ပါစေကြောင်း အောင်စေကြောင်း
နှစ်ဦးဆုမွန်တောင်း
ပျော်စရာနှစ်ဦး အတာတန်ခူး
ဒေါင်းသခင်တွေ ရွှင်ကာမြူး
ဒီတန်ခူးမှာ ကုသိုလ်ထူး
အောင်ပါစေကြောင်း အောင်စေကြာင်း
အတာရေအေး ဖြန်းပက်လောင်း
အောင်ပါစေကြောင်း အောင်စေကြောင်း
နှစ်ဦးဆုမွန်တောင်း
နှစ်သစ်ကူးတဲ့၊တန်ခူးခါမှာ
ရွှင်လန်းချမ်းမြေ့ကြပါစေ..
.
နှစ်သစ်ကူးတဲ့၊တန်ခူးခါမှာ
ရွှင်လန်းချမ်းမြေ့ကြပါစေ..
.
Photo
♥ငါချစ်တဲ့နိုင်ငံလေး♥
မေတ္တာနိုင်ငံလေးပါ
ဘာသာမရွေး လူမျိုးမရွေး
အဲ့ဒီနိုင်ငံမှာ
မေတ္တာလက်နက် ကိုင်ဆွဲထားရင်
ငါချစ်တဲ့ကမ္ဘာကြီး အေးချမ်းတယ်။♥..