![]() | ♥♥ခေါင်းစဉ်ပြောင်းလဲခြင်း♥♥ | for everyone |
♥♥ခေါင်းစဉ်ပြောင်းလဲခြင်း♥♥
မ.မ.အိမ်မှာထ္မင်းချက်တစ်ယောက်နဲ့ မိသားစုဗာရီဟ လုပ်ကိုင်ကူတဲ့သူ နှစ်ယောက်ရှိတယ် ဈေးကလဲရောင်းရသေးတော့ ဈေးဆိုင်ထွက်ရတော့ ဈေးရောင်းတဲ့သူ သက်သက်ထားတယ် အဖွားတစ်ယောက်က အိမ်ဖော်တစ်ယောက်လာပို့တယ် ။
“အိမ်မှာဘာပဲခိုင်းခိုင်းပါ အိမ်မှာခိုင်းချင်တာ ခိုင်းပါအလုပ်ပေးပါမမ..မရယ် ကူညီပါနော် ၊
ဒီကလေးမလေးကို မမခေါ်ထားပါနော် “ တဲ့ အိမ်မှာရော၊ဆိုင်မှာပါအလုပ်လုပ်တဲ့သူက သူ့နေရာနဲ့သူပြည့်နေပြီးသား ။
မလိုအပ်ပါဘူး ကြည့်လိုက်တော့လည်း ကောင်မလေးကငယ်သေးတယ် ရုပ်ရည်ကလည်း မလှပအသားကလည်း မည်းသေး ပိန်ပိန်လှီလှီနဲ့စုတ်ချာနေတာပဲ ၊
ဝတ်စားထားတာကလည်း ညစ်နွမ်းနေတာ အိမ်ကိုလာတဲ့အိမ်အလုပ်သမား၊
အိမ်အကူတိုင်းကို လှလှပပ ရုပ်ရေသန့်ပြန်မှ ခိုင်းချင်တယ် ။
ဒါကြောင့် “
အဖွား … လူမလိုဘူးနော် ၊ ကလေးမလေးကလည်း ငယ်သေးတယ်၊
အလုပ်လုပ်တဲ့လူကလည်း သူ့နေရာနဲ့သူပြည့်နေတာနော် ။
သူများဆီကသာ အလုပ်သွားတောင်းနော် … “ ပြောမိတယ်။
“ မမ ခေါ်ပေးထားပါ သူကိုဘယ်သူကမှလဲ ခေါ်မှာမဟုတ်ဘူး
သူ့ကိုသူများတွေထံပို့တယ်ပြန်ပြန်လွှတ်တယ် မမရယ်ဘယ်မှလဲမပို့တော့ပါဘူး
ဘယ်သူကမှလဲသူ့ကိုမခိုင်းချင်ကြပါဘူးမမရယ် မ.မ.ခေါ်ထားပေးပါနော် “
“ဟင် … ဘာဖြစ်လို့လဲအဖွားရဲ့ “
သူကအဖွားမြေးလေးပါ သူအဖေက ကိုယ်လက်မကောင်းဘူးလေ
ကိုယ်လက်မကောင်းတော့ကော ဘာဖြစ်လဲပေါ့ ကိုယ်က၀င်ပြောမိတယ် ၊
ကိုယ်လက်မကောင်းဘူးဆိုတာကကိုယ်ရေပြားကိုပြောတာပါ
မမ .. “ ဟင် ! ဒါဖြင့် နူနေတာပေါ့ ဟုတ်လား “
အဖွား .. “ဟုတ်တယ်မမ သူ့အဖေကိုရွာပြင်မှာတဲနဲ့ထားတယ်
သူအမေကတော့မပေါင်းတော့ဘူး ထွက်သွားပြီးနောက် အိမ်ထောင်ထူထောင်လိုက်ပြီ
ကလေးငယ်တွေနဲ့သူအဖေကျန်ရစ်ခဲ့တာပါ။
ခုသူကအရွယ်လေးရောက်လာတော့ရွာထဲအလုပ်လုပ်ပါတယ်ဒါပေမဲ့
သူအလုပ်ကပြန်လာရင်ငိုနေတတ်တယ်၊အဖွားမေးကြည့်တော့အနူသမီးသူတို့အသားလာမထိနဲ့တဲ့၊
အတူတူအလုပ်လုပ်တဲ့လူတွေက ရွံ့ရှာစက်ဆုတ်သလို သူ့ကို ပြောဆိုတာကိုသူနေ့တိုင်းခံစားနေရတယ်လေ ဒါကြောင့် မမခေါ်ထားပေးပါတဲ့
အဖွားကသူ့ကိုရွာနဲ့ခပ်ဝေးဝေးခပ်လှမ်းလှမ်းမှာပဲထားချင်တာပါ
မမ တတ်နိုင်ရင်ခေါ်ထားပေးပါနော်”
အင်းအဖွားကအဲလိုလဲပြောရော ကူညီတတ်တဲ့ "မမအကျင့်"
လူလူခြင်းအနိုင်ကျင့်ရင် မခံတတ်တဲ့စိတ်က ချက်ခြင်းထွက်လာတယ်
လူတစ်ယောက်ကို ဒုက္ခရောက်နေတာကို မကူညီတဲ့အပြင်
ဝိုင်းချိုးချိုးဖဲ့ဖဲ့ပြောဆိုနေတာ လုံးဝမကြိုက်ဘူးလေ ။ ဒါကြောင့် ..
“အဖွားထားခဲ့လိုက်ပါ..ဒါပေမဲ့အဖွားလာတွေ့ရင်သူနဲ့မဆိုင်သလိုနေပေးနော်…တော်ကြာလူတွေကအဖွားမြေးမမှန်းသိရင်
ပိုပြောချင်မယ် လူလူခြင်းတူတူကို သူ့ကိုလူတွေတူတူ တန်းတပြေးထဲ ဆက်ဆံလက်ခံလာအောင်လုပ်မှာ နော်အဖွား ၊
ဒါကြောင့်အဖွားမြေးထံကို အဖွားလာရင်.." မမနဲ့ပြောပါ"ပြန်တဲ့အချိန်မှသူကို အဖွားကို ခဏလိုက်ပို့ပေးခိုင်းမယ် ဒီတော့မှအဖွားမြေးကို အပြင်ရောက်တော့ပြောစရာရှိတာ ပြောမှာစရာရှိတာမှာပါ ကိစ္စရှိမှလာပေါ့…
ထားခဲ့လိုက်တော့အဖွား” လို့ပြောဆိုညွန်ကြားပြီးပြန်ခိုင်းလိုက်တယ်
အဖွားကန်တော့ခဲ့ပါရစေနော်မမကိုကျေးဇူးတင်လိုက်တာဆို
မျက်ရည်တွေတွေကျနေတဲ့ အဖွားလက်အုပ်လေးချီလို့ပေါ့ အဖွားကို မမကန်တော့ရမှာ
အဖွားကအသက်ကြီးတယ် ။ တလွဲတွေလုပ်ပြီးငရဲမပေးနဲ့နော်
အရင်ဘ၀ကအမျိုးတွေ၊ အမေတွေ၊ အမတွေ သံသရာအဆက်ဆက်တော်ဘူးခဲ့ကြတာပါ ။
အဖွားနဲ့လည်း မမက ဘ၀များစွာက တော်ခဲ့ဘူးမှာပေါ့ ၊ ခက်ခဲနေတာမှမဟုတ်တာ
အဖွားဖက်ကခက်ခဲပေမယ့်မမကကူညီတာမခက်ခဲဘူးနော် ပြန်တော့ ..
ထားခဲ့တော့ဆိုခေါ်ထားလိုက်ပါတယ်။
အဖွားအိုပြန်သွားမှကောင်မလေးကိုသေချာကြည့်ပြီး
“လက်ပိုက်ထား တစ်ခါထဲနားထောင် …
နင်က ဒီအိမ်ကအိမ်ဖော် အလုပ်သမားမဟုတ်ဘူးနော် “ ဆိုတော့ … ကလေးမလေး
မျက်နှာလေးမဲ့နေပါတယ်။
“အိမ်ဖော်အလုပ်သမားမလုပ်ရတော့ သမီးကိုပြန်ပို့မှာလားမမ” တဲ့ … ငိုမဲ့မဲ့လေးမေးနေတယ် ။ “
အေး….အိမ်ဖော်အလုပ်သမားမဟုတ်ရင်ဘာလဲသိလားဆိုတော့ မသိဘူးတဲ့ ။
အိမ်ရှင်ပေါ့ … ဒီနေ့ကစ အိမ်ရှင်ဖြစ်ပြီနော် ၊ မမကြီးရဲ့တူမပေါ့ကြားလား
ဘယ်သူမေးမေး .. မမကြီးတူမဖြစ်ပြီမှတ်ထားနော် ။
မမှတ်ထားရင်ကြက်မွှေးကဝေးတယ် ၊ လက်ဝါးကြည့်ထားနော်သိလား “
အရိုက်ခံရမယ်ကြားလားဆိုတော့သူဝမ်းသာလွန်းလို့မျက်ရေတွေကျနေရှာတယ် ။
သူ့ကိုကြည့်ပြီးရင်ထဲမကောင်းလိုက်တာ ။ သူငိုနေတာကြည့်ရင်း
ကိုယ်ပါမျက်ရည်စို့ရင်ထဲနင့်လာတာနဲ့ “သွားတော့ငါ့ရှေ့ကနေ ….
အိမ်မှာဘယ်နေရာဘာရှိတယ်နင်ကအိမ်ရှင်ကိုယ့်ဘာသာသွားကြည့်ထား “
ရေချိုးနေပူဒဏ်ကြောင့်ညီနံ့စွဲနေတဲ့ သူ့ခန္ဓာကိုယ်ကိုရေချိုးခိုင်း ၊
အညီနံ့လို ၊ နေနံ့လိုနံနေတာကို ပျောက်ကင်းအောင်
ရှောက်သီးနဲ့ပွတ်တိုက်ခိုင်းပြီး အ၀တ်အစားအသစ်ထုတ်ပေး ၊
ဝတ်ခိုင်းလိုက်ပါတယ် ။ အိမ်ကအထည်ရောင်းတာဆိုတော့
သူ့အတွက်အ၀တ်အထည်အဆင်သင့်ရှိပါတယ်၊ ဒီတော့မှသေချာကြည့်မိတယ် …
အသားကမည်းနေတယ်နော် နင်ကမလှဘူးရွာကအမျိုးပေါ့နော် အဖေဘက်ကတော်တာနော် ၊
ဘယ်သူမေးမေးမှတ်ထားဖြေတတ်အောင်လို့ ။ လူဆိုတာစပ်စုတာဝါသနာပါတယ်။
ကိုယ့်ကိစ္စကိုယ်မလုပ်ချင်တာ ၊ အတင်းပြောတာဝါသနာပါတယ် ။
ဒီလိုမျိုးတွေကိုမလုပ်ရဘူး ….. မမကြီးမကြိုက်ဘူးနော် မှတ်ထား
နောက်နေ့ကစပြီးဘယ်သူဖြစ်ဖြစ်ရဲရဲတင်းတင်းပြောဆိုနေထိုင်ရမယ်
တရားတော်တွေနားထောင်ရမယ်နော် ၊ ဘုန်းကြီးကျောင်းတို့ဘုရားတို့ကိုရောက်ရင်
ရေအိမ်သာသန့်ရှင်းရမယ် ၊ တံမျက်စည်းလှဲရမှာနော် မမ ဘုရားကျောင်းကန်သွား၊
ဘုန်းကြီးကျောင်းသွား ခေါ်သွားနဲ့သူ့ကို ဘုရားဝေယျာဝစ္စ ဘုန်းကြီးကျောင်း ဝေယျာဝစ္စကို လုပ်ခိုင်းပါတယ်။
အရွယ်လေးရလာတော့ သူ့ကိုယ်လုံးလေးကလှလှပပနဲ့ …
လေ့ကျင့်ခန်းလုပ်ထားသလိုမျိုးလေး ကိုယ်လုံးကိုယ်ထည်လေးထွက်လာတော့
ကာလသားများက ၀ိုင်းလာတော့တာပေါ့ ။ ဘာဖြစ်ဖြစ် မမကို
သူပြန်တိုင်ပင်ပြောဆိုခိုင်းထားတယ် ။ ငွေကိုင် ဈေးရောင်း
အကြွေးတောင်းရင်လည်း သူ့ခြေသူ့လက်ရောင်းချခိုင်းထားတော့ သွက်သွက်လက်လက် ၊
ချက်ချက်ချာချာ ချစ်စရာလေးဖြစ်နေတယ်။ “အရှင်မွေးတော့ နေ့ချင်းကြီး”
ဆိုသလို “ရွှေပင်နားတော့ ရွှေကျေး” ဆိုတဲ့စကားလို
ချစ်သူခင်သူပေါလာတယ် ။
သူ့ကိုဘယ်သူမှ အနူသမီးဆိုတာမသိတော့ သူ့ဘ၀လေးတက်ကြွပျော်ရွှင်၊လန်းဆန်းနေပါတယ် ။
“ အနူဆိုတဲ့ခေါင်းစဉ်အောက်”မှာ မခေါ်ချင်တဲ့သူတွေ
“မမ တူမဆိုတဲ့ခေါင်းစဉ်အောက်”မှာကြတော့ ဘာလို့
ချစ်ခင်နေကြသလဲစဉ်းစားနေမိရင်း “ ပြန်တွေးမိတော့ဒီစာစုလေးရေးဖြစ်တာပါ
ခုဆိုဒီကောင်မလေးဟာ ….. သူ့ကိုချစ်တဲ့ … သူက ချစ်တဲ့သူနဲ့
တူတူပေါင်းသင်းနေထိုင်ရင်း ဈေးရောင်းနေတဲ့လူလတ်တန်းစားထဲမှာ သားသမီးတွေ
ခင်ပွန်းလင်ယောက်ျားနဲ့တူတူ မျက်နှာမငယ်ပဲ လောကအလယ်မှာ
သာမာန်သူလိုကိုယ်လို သူ့ခင်ပွန်းရှိတဲ့နယ်မြို့လေးမှာပဲ
အေးချမ်းတဲ့ဘ၀လေးကို တည်ဆောက်နေထိုင်နေပါတယ်။
ခေါင်းစဉ်လေးတစ်ခုပြောင်းတာနဲ့ လူတွေစိတ်ကပြောင်းလဲသွားတာကို တွေးကြည့်နေမိပါတယ်။
လူဟာလူပဲမို့လို့ လူတိုင်းကသာ အနူသားသမီးဆို မခေါ်မပြောချင်ကြတာ၊
လူလူခြင်း မတူမတန်သလိုရွံ့ရှာစက်စုပ်သလိုမပြုမူပဲ
တန်းတူထားဆက်ဆံနေထိုင်ကြမယ်ဆိုရင်…… ဆိုတဲ့အတွေးလေးနဲ့တူတူ
တကယ့်အဖြစ်မှန်လေးကိုရေသားလိုက်ရပါတယ်။

လူဟာလူမို့ …
လူဖြစ်ရင်တော့ကြည့်တတ်မြင်တတ်ကြပါစေ
အနူကမွေးကလေးလေးကို မတူမတန်
စိတ်မှန်းရန်ဖြစ် လူအဖြစ်ကရခဲလှစွာ
မနုတ္တဿ ဘဝေါ ၊ ဒုလ္လဘောတဲ့
မြတ်ဘုရားက ဟောခဲ့တာ
လူ့ဘ၀မှာသူလည်းလေ လူသားပေမို့
လူလို့သတ်မှတ် အကြင့်မြတ်ဖြင့်ချစ်ကြစေလို
ခင်ကြစေလို တောင်းဆုဆိုသည်
လူနှင့်လူခြင်းဆက်ဆံခြင်း
မေတ္တာထားကာကြည့်တတ်ပါ။

yinminkhine wrote on Dec 23, '10
rosethway said
![]() ဟုက်သွေးလိုက်နာပါမယ်လု.လူ.လူးဆိုတဲ့စာထဲးကအတိုင်းလူဖြစ်တဲ့သွေးလူပီသအောင်နေထိုင်ပါတယ်လူဖြစ်ယင့်တော့လူလို့ကျင့်မယ်ု ![]()
တော်လိုက်တာ.....သွေးလေးတော်၏
ကျန်းမာပါစေပျော်ရွှင်ပါစေနော်...............။ |
mahaythi2010 wrote on Dec 23, '10
ခေါင်းစဉ်ပြောင်းလဲသွားတာနဲ့ ဘ၀တစ်ခုလုံး ပြောင်းလဲသွားတာ မှတ်သားရပါတယ် မမ ....
လေးစားရပါ မမရယ် .... စိတ်ထားဖြူစင်တဲ့ မမ ..... ပျော်ရွှင်ချမ်းမြေ့ပါစေ ..... |
yinminkhine wrote on Dec 24, '10
mahaythi2010 said
![]() လေးစားရပါ မမရယ် .... စိတ်ထားဖြူစင်တဲ့ မမ ..... ပျော်ရွှင်ချမ်းမြေ့ပါစေ ..... ![]()
သေချာတာပေါ့
မဟေလေးရယ် ခေါင်းစဉ်လေးတစ်ခုပြောင်းလိုက်တာနဲ့သူ့ရဲ့ဘ၀လေးပျော်ရွှင်စွာပြောင်းလဲသွားပါတယ်။ |
kotunwinlatt wrote on Jan 18, '11
ရွှေပင်နားတော့ရွှေကျေးလေးဖြစ်သွားတာပေါ့ဗျာ..
ဒီလိုလေးတွေသာ အသိတရားရှိရှိကူညီပေးကြရင် ကျနော်တို့ အမျိုး ဘာသာ သာသနာ ပျောက်မှာမစိုးရိမ်ရတော့ဘူးပေါ့... |
yinminkhine wrote on Jan 19, '11
kotunwinlatt said
![]() ဒီလိုလေးတွေသာ အသိတရားရှိရှိကူညီပေးကြရင် ကျနော်တို့ အမျိုး ဘာသာ သာသနာ ပျောက်မှာမစိုးရိမ်ရတော့ဘူးပေါ့... ![]()
ဟုတ်ပါ့ ခေါင်းစဉ် လေးပြောင်းခြင်းအပေါ်လူ စိတ်လိုက်ပြောင်းတာလေ........:P
ရွှေပင်နားတော့ရွှေကျေးလေးပေါ့.......။ လူသားအချင်းချင်း တန်ဖိုးထားတတ်ကြပါစေ .။ |
0 comments:
Post a Comment