Pages

Saturday, December 31, 2011

နှစ်သစ်မှစအရာရာအေးချမ်း ပျော်ရွှင်ပါစေd00058bfc9a7b42a8c27a34cf0595472.MOV




အလွမ်းဆုံးဒီဇင်ဘာ...
အရာရာအေးချမ်း ပျော်ရွှင်ပါစေ

အလွမ်းဆုံးဒီဇင်ဘာ...


အလွမ်းဆုံးဒီဇင်ဘာ...ဒီဇင်ဘာပေါ့

ငါစနောက်လို့ ချစ်သူပုန်းတာ

ဒီဇင်ဘာပေါ့ ငါချစ်သူလေး မြူတွေဖုန်းတာ

ဒီဇင်ဘာပေါ့ နှင်းမိုးတွေနဲ့ ငါချစ်သူလေး  ပျောက်ဆုံးခဲ့တာ

အဲဒီဇင်ဘာပေါ့ ငါအမုန်းဆုံး ငါဖြစ်ခဲ့ရတာ

ဒီဇင်ဘာပေါ့ ချစ်သူပျောက်တော့ ငါရှုးမတတ်ဖြစ်ခဲ့တာပါ။

ဒီဇင်ဘာပေါ့   မာယာများတယ်   ကဝေမလို  ငါချစ်သူကို   ယူဆောင်သွားတာ

ဒီဇင်ဘာပေါ့      ငါမုန်းလိုက်တာ   နာကျည်းလိုက်တာ  

ဒီဇင်ဘာပေါ့    ရင်ထဲလှိုက်ဆူ    ဘ၀င်ပူအောင်  သူလှည့်စားတာ

ဒီဇင်ဘာပေါ့      အချိန်တန်ရင် ငါမခေါ်လည်း   ငါ့ရှေ့ကိုလေ   သူရောက်လာတာ
    
ဒီဇင်ဘာပေါ့    ဒီနေ့ ထိတိုင်   ငါရင်ထဲမှာ  ခိုအောင်းနေတာ

ဒီဇင်ဘာပေါ့   ဘယ်လိုနှင်နှင်    နာကျည်းခြင်းနဲ့   ငါ့ရင်ထဲမှာအမြဲရှိနေတာ

ဒီဇင်ဘာပေါ့   ဖျောက်လဲမပျောက်   မေ့လဲမရ    ငါအလွမ်းဆုံးဒီဇင်ဘာ............။

ဒီဇင်ဘာရေ  ၀ဋ်ကြွေးတုံတင်ကျေပါစေ

ဒီဇင်ဘာဟာ ငါ့အတွက်တော့

ချစ်သူပျောက်အောင်ဖန်လေတာမို့

ဘ၀ များစွာသံသရာက  တုံထားဝဋ်ကြွေးရှိခဲ့ရင်လဲ

ဒီဘ၀မှာပြေရအောင်လေ

နှင်းအိမ်မက်တွေကုန်ဆုံးပါစေ...

အညတြ အာဇာနည် အစစ်




အညတြ အာဇာနည် အစစ်

ဘေး  မသိ ရန်  မကြည့်

သူ့အတွက်ဆိုတာ လုံးဝမကြည့်

ပူချစ် တောက်လောင် မီးလောင်ပြင်ထဲ

အားမတန်လဲ  ဇွဲမလျှော့ဘဲ

သူများအတွက် အသက်စွန့်တယ်

မီးသတ်သူရဲကောင်း

အညတြ အာဇာနည် အစစ်ပါကွယ်........


ဝမ်းနည်းစရာ ကြေကွဲဆို့နင့်

လေးစား ဂုဏ်ယူ မိပါတယ် 

မီးလျှံရှိန်ပြင်း မီးတောက်တွင်းဝယ်

သေမှာသိလျှက် မကြောက်မရွှံ့

သားကောင်း ဇာနည်ပီသတယ်

ဂုဏ်ပြုမှတ်တမ်း ၀မ်းနည်းခန်း

သူ့ရဲ့ရုပ်ကြွင်း
ပြာမှုန်ကလေးတောင်
ဂုဏ်ရှိတယ်။






Wednesday, December 28, 2011

မင်္ဂလာတောင်ညွန့်မြို့နယ် မှာ ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွား သေဆုံးဒဏ်ရာရသူများပြား'

Browse › Home

» မင်္ဂလာတောင်ညွန့်မြို့နယ် မှာ ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွား သေဆုံးဒဏ်ရာရသူများပြား
ပေါက်ကွဲမီးလောင်မှုနှင့်အတူ ပျက်စီးခဲ့သည့် မီးသတ်ယာဉ်များ

မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် ပေါက်ကွဲမှုနှင့်အတူ
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ABC စက်ဆန်းရှိ
ကုန်ပစ္စည်းသိုလှောင်ရုံ ဂိုထောင်များ ပေါက်ကွဲမီးလောင်မှုကြီးတစ်ခု
ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
b39_18_2

b39_18_5

ပေါက်ကွဲမီးလောင်မှုကြောင့် ပေ ၅၀ ၀န်းကျင်မှ ပြိုကျနေသည့် နေအိမ်များ

အဆိုပါပေါက်ကွဲလောင်ကျွမ်းမှုကြီးကြောင့် ဘေးပတ်ဝန်းကျင်အားလုံးရှိ
နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြီး
သေဆုံးသူများလည်းရှိသည်။ ဖြစ်စဉ်အသေးစိတ်နှင့် မည်မျှထိခိုက်ဆုံးရှုံးသည်ကို
အတိအကျ သိရှိရခြင်း မရှိသေးပါ။ ဒဏ်ရာရရှိသူများကို နီးစပ်ရာကားများဖြင့်
ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်းလည်း သိရသည်။(ယခုအထိ
မီးလောင်ကျွမ်းနေဆဲဖြစ်သည်။ ၂၉- ၁၂ - ၂၀၁၁ နံနက် ၃ နာရီ ၄၀ မိနစ်အထိ )
ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်းနံရံများ လွင့်စင်ထွက်ကာ ပေ ၅၀ ကျော်ရှိ
နေအိမ်များ ပေ ၂၀၀ ၀န်းကျင် အကွာရှိ ချောင်းအတွင်း၌ရှိသော
စက်လှေကြီးများပင်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ
ပေါက်ကွဲလောင်ကျွမ်းမှုကို ရန်ကုန်မြို့ရှိ မြို့နယ်အတော်များများတွင်
သိရှိခံစားခဲ့ရကြောင်းလည်း သိရသည်။

b39_18_11

ပေါက်ကွဲမီးလောင်မှုကြောင့် ဖြစ်ပွားခဲ့သည့် ကျင်းချိုင့်တစ်ခု

''ကျွန်တော်တို့ အိပ်နေတုန်း ၀ုန်းကနဲဆို အိမ်က ပြိုဆင်းသွားတယ်။
အိမ်ထဲကနေ ကမန်းကတန်းထွက်ပြီး နီးစပ်ရာမှာ မြစ်ကမ်းဘေးမှာ ၀ပ်နေရတယ်။
 ကျန်တဲ့သူတစ်ချို့ကတော့ အုတ်နံရံစတွေ လွင့်ပျံ့ထွက်လာတာနဲ့ ထိခိုက်မိပြီး
သေသူသေ၊ ဒဏ်ရာရသူရ၊ လဲသူလဲနဲ့ နေရာအနှံ့ ရှိခဲ့တယ်။ အဲဒီဂိုထောင်ရဲ့
ပတ်ပတ်လည်မှာနေတဲ့သူအားလုံးနီးပါး ထိခိုက်ဒဏ်ရာရတယ်။ ဂိုထောင်ဘေးက
လမ်းခြားနေတဲ့ အိမ်တွေတောင် ဘာမှမသိ လိုက်ရဘဲ လွင့်ထွက်လာတဲ့
အပိုင်းအစတွေကြောင့် ပြိုကျကုန်တဲ့အထိ အရှိန်က ပြင်းလွန်းတယ်။
ချောင်းတစ်ဖက်ကမ်း ဒေါပုံဘက်အခြမ်းမှာနေတဲ့ သူတွေကိုတောင်
လွင့်စင်လာတဲ့အပိုင်းအစတွေ ထိမှန်ခဲ့တယ်လို့ သိရတယ်'' ဟု ဂို ထောင်ဘေးတွင်
နေထိုင်ကာ ယခုဖြစ်စဉ်အား ကိုယ်တွေ့ကြုံတွေ့ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။
နောက်ဆုံးရရှိသော သတင်းများအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်  လတ်တလော
စာရင်းကောက်ခံမှုအရ ၁၄ ဦးသေဆုံး(ကျား ၇၊ မ ၄၊ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး)ပြီး ၅၅
ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း နံနက် ၄ နာရီ ရရှိသော သတင်းများအရ
သိရှိရသည်။
(ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်) ထပ်မံသိရှိရသော သတင်းများအရ
မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေဆဲဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့
ရောက်ရှိလာသော ဒဏ်ရာရသူမှာ ၈၀ ဦး ရှိကြောင်းသိရသည်။ သေဆုံးသူများမှာ
မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအပါအ၀င် ကျား ၁၀ ဦး မ ၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။

b39_18_3
b39_18_4
b39_18_6
b39_18_7
b39_18_8
b39_18_9
b39_18_10

b39_18_12
ဖြစ်စဉ်အသေးစိတ်နှင့် နောက်ဆုံးရအခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။ရန်ကုန်မြို့မင်္ဂလာတောင်ညွှန့်မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှု
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း၊ ပုဇွန်တောင်ချောင်း အနီးမှာ ရှိတဲ့ ဂိုထောင်တွေ မီးလောင် ပေါက်ကွဲမှု ဖြစ်ပါတယ်။
၂၉-၁၂-၂၀၁၁ နေ့ ၀၁း၁၅ နာရီခန့်မှာ စတင်လောင်ကျွမ်းခဲ့ပြီး ၀၂း၀၀ နာရီမှာ ကျယ်လောင်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ၎င်းပေါက်ကွဲသံဟာ ရန်ကုန်မြို့ မြို့နယ်
အတော်များများ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ တာမွေ၊ ဗဟန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ ကမာရွတ်၊ စမ်းချောင်း၊ သာကေတ၊ ဒေါပုံ၊
သင်္ကန်းကျွန်း စတဲ့ မြို့နယ်က တိုက်ခန်းတွေ လှုပ်ခါခဲ့ပါတယ်။ ပေါက်ကွဲလွင့်စင် ထွက်လာတဲ့ အရာတွေ ထိမှန်ပြီး အနည်းဆုံး ၄၀ ဦးထက် မနည်း သေဆုံးတယ်လို့
ကယ်ဆယ်ရေး လုပ်နေသူ ကြက်ခြေနီ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ပုဇွန်တောင် ချောင်းအတွင်း ဆိုက်ကပ်ထားတဲ့ စက်လှေ၊ သမ္မာန်တွေပေါ်က လူတွေကော၊
လှေတွေပါ တော်များများ ထိမှန်ခဲ့ပါတယ်။ ပေ ၁၀၀၀ ၀န်းကျင်ခန့် မှာရှိတဲ့ အိမ်များလည်း မီးမလောင်ပေမယ့် ပေါက်ကွဲတဲ့ အရှိန်ကြောင့် ပျက်စီးကုန်ပါတယ်။ မီးလောင်ရာသို့
မီးသတ်ကား အစီး ၇၀ ခန့် လာရောက် ငြိမ်းသတ်နေပါတယ်။ နံနက် ၀၃း၀၀ နာရီလောက်မှာ မီးညွန့်ကျိုးသွားပါတယ်။ မီးလောင်ပေါက်ကွဲတဲ့ ဂိုထောင်တွေဟာ
အစိုးရပိုင်လား၊ပုဂ္ဂလိကပိုင်လား၊ ဦးပိုင်က ပိုင်တာလား ဆိုတာ မသိရသေးသလို ဘယ်က စလောင်တာလည်း ဆိုတာလည်း မသိရသေးပါဘူး။

ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှု ၁၁

ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှု ၁၂

ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှု ၁၃

ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှု ၁၄

ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှု ၁၅

ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှု ၁၆

ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှု ၁၇

ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှု ၁၈

ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှု ၁၉

ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှု ၂၀

ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှု ၂၁

ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှု ၂၂

ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှု ၂၃

ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှု ၂၄

ကူးတို့ဆိပ် ရပ်ကွက်ရှိ ဂိုထောင် ပေါက်ကွဲမှု ၂၅
ရန်ကုန်တစ်မြို့လုံးနီးပါး
ကြားသိခဲ့ရသည့် ခြောက်ခြားဖွယ် မြည်ဟည်းပါက်ကွဲမှု၏
အဓိကအကြောင်းအရင်းမှာဂိုထောင်အတွင်း သိုလှောင်ထားသည့် ဆာလ်လဖြူ
ရစ်အက်ဆစ်ကန်နှင့် ယမ်းစိမ်းများပေါက်ကွဲခြင်းကြောင့်ဖြစ်ကြောင်းအခင်းဖြစ်
ပွားရာနေရာတွင်ရောက်ရှိနေသည့်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက
အတည်ပြုပြောကြားသည်။
ပေါက်ကွဲမှူကြောင့်အခင်းဖြစ်ပွားရာနေရာတွင်
တာဝန်ကျမီးသတ်ဝန်ထမ်း ၅ဦးပွဲခြင်းပြီးသေဆုံးခဲ့ပြီး တစ်ဦးမှာဆေးရုံတွင်
ကွယ်လွန်သွားခဲ့ရာ မီးသတ်ဌာနမှ အရာရှိ ၊တပ်သား စုစုပေါင်း
၆ဦးအသက်ဆုံးရှူးံသွားခဲ့သည်။
သေဆုံးသူမီးသတ်ဝန်ထမ်းများမှာ တပ်သား
မျိုးကျော်ကျော်၊တပ်သားအောင်အောင် ၊တပ်သားသော်ဇင်မျိုးထက်
၊တပ်ကြပ်ပြည်ဇော်ထွေး နှင့်တပ်ကြပ်တင်စိုး တို့ဖြစ်ကြောင်း
မီးသတ်အရာရှိတစ်ဦးက 7day news သို့ပြောသည်။

နောက်ဆုံး စာရင်းအရ ဒဏ်ရာရရှိသူ ကျား( ၆၂ )ဦး၊ မ( ၁၆)ဦး ရှိပြီး
သေဆုံးသူဦးရေ ကျား( ၁၂) ဦး မ (၅)ဦးနှင့် မီးသတ်ဌာနမှ ၆ ဦးအပါအ၀င်စုစုပေါင်း ၂၃ ရှိပြီဖြစ်သည်။

By: သစ်ထူးလွင်

































http://www.thithtoolwin.com/2011/12/blog-post_2226.html#comment-form

ဝင်ကစွတ်ကောင်


♥၀င်ကစွတ်ကောင်♥
တတ်မှု့သိမှု့အစုစုကို တတ်သွင် သိမြင်ပုံသွင်ဆောင်ငြား

သူကားဟန်လုပ် သူသယုဂ်ကို သူ၏စကား သူပြောကြားသော သူသွင်ပုံဟန် သူ့စိတ်သဏ္ဍန်

ကြည့်မြင်သိတတ် က၀ိပညာတတ် ရဟန်းရှင်လူ ငြူစူစောင်းချိတ် အသိအိပ်နေ

သတိ မိတ်ဆွေ စိတ် မှာ သတိ သေချာကြည့်ပါ

သင်အံ ဖတ်မှတ် ငါပညာတတ် ငါကားက၀ိ ငါကဆရာ ငါကားမင်းသား

ငါကားသူကြွယ် အသိငယ်တော့

ကုဋေရှစ်ဆယ်ကြွယ်ဝသူဌေး ရိုက်ပုတ်ချင်သလို
  ရိုက်လိုက်ချင်လည်း

သူကားနုတ်ရေး ကြွယ်ကားကြွယ်ဘိ ဥာဏ်မရှိပါ ပြန်သာကြည့်ပါ

မင်းစေကမ်းနား
မင်းခစားလည်း

သူအလိုက်ဆောင်  အကြိုက်ဆောင်လို့
ပုတ်သင်ညိုလို ခေါင်းတော်ငြိမ့်ကာ
ရဟန်းရှင် ဗိုလ်လူ

သူနေရာသူ ရှိခဲ့ရင်ဖြင် ဤမြို့ပြည်ရွာ အေးချမ်းသာယာ ရှိပေလိမ့်မည်
သူတာဝန်သူ မလစ်နေရာ

စေတနာရှေ့ထား ပြည်ရွာထွန်းကား မြန်မာ ဗမာ အေးချမ်းသာယာ ရှိစေ့ချင်တာ

ညီညာထားမှပြည့်ရွာစည်းပွား  မပျက်မှာ

တိုင်းနေပြည်သူ ရဟန်းဗိုလ်လူ ဆရာ
မှအစ သူနေရာအမှန်

သူရဲ့သဏ္ဍန် သူပြောင်မြှောက်အောင် သယုဂ်ဆောင်ပါ
ဟိုပါ ဒီပါ လူဗလချာ

ဝင်ကစွတ်ကောင် ထင်ကာစွပ်ကာ ပြော ဆို ရေးမူ

ပျက်ပြားပုံသဏ္ဍန်ရှိတတ်သည်............................၊။

Sunday, December 25, 2011

♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥ချစ်မြတ်နိုးခြင်းပြိုင်ဘက်ကင်း

♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥ချစ်မြတ်နိုးခြင်းပြိုင်ဘက်ကင်း♥



♥အမေ့ ♥
♥အကြင်နာ ♥မေတ္တာ ♥
♥ချစ်မြတ်နိုးခြင်းပြိုင်ဘက်ကင်း♥
မွန်မြတ်လှတဲ့ မိဘမေတ္တာ


ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်
ကဗျာစာ အလင်္ကာ  ဖွဲ့ ဆို ပြသ တုနိုင်းမရ
အံသြမကုန်နိုင် မယုံနိုင်ဖွယ်ရာ
ပေးဆပ်ခြင်းအတိ သူ့တွက်မကြည့်
မကုန်နိုင်သော မေတ္တာရှင် ထာဝရ ကျေးဇူးရှင်


ဘ၀အဆက်ဆက် က မွေးသမိခင်
မေမေအချစ်ထူး  ရွှေသွေးရင်နှစ် သားလှချစ်လေး
ရွှေသွေးရင်နှစ် သမီးလှချစ်လေး  
မေ့မေ့သဲတုန်း ပူတူးတူးရယ် ခေါ်တဲ့အသံ နားဝလျှံသည်
ဘယ်လောက်ဆိုးဆိုး တစ်မျိုးတိုးကာ အချစ်ပိုသည်
ရွှေသွေးလေးအပေါ် နုသည့်အသား
ကိုက်သည့်  ခြင် ယင်  ရန်သူထင်သည်


အသားနုနု ဂွမ်းနှင့်ဥကာ
ရင်ဝယ်ကြာငုံ  သားမြတ်စုံကို  သွားနှင့်ခဲကာ  ကိုက်ကာဆွဲရမ်း
 နာသည့်ပုံဟန်  မေ့မေ့ရုပ်သွင်  ရှိခဲ့ပေမဲ့


  သွေးမှမေတ္တာ ဆတိုးပွားကာ ဖွေးသည့်နို့ရည်
သားဝလေအောင်  သမီးဝလေအောင်    ရွှေသွေးနို့တိုက်မပျက်ပေ
ရွှေသွေးချစ်လေး  ချေနှင်ကန်ကြောက်  ကြောက်သည့်ချေထောက်


ပါးမှာကပ်ခါ   နမ်းမ၀ပေ မေ့မေ့မေတ္တာစိမ့်စမ်းရေ
သားလှလေးနှင့် သမီးလှလေးကို  စကားဆိုချော့မြူ
တေးဆိုချော့မြူ မွေးမေ အသံ စမ်းရေသံထက်  သာယာလှပ
ရွှေသွေးရင်နှစ် ဖျားနာသည့်ခါ  ရင်ဝယ်ပွေ့ပိုက်


ပျာယာခပ်မျှ စိုးထိပ်ပူပင်   မပဒါ  ပုံသွင်  ရှိဘူးတယ်
ရွှေသွေးကျောင်းအပ်  စာသင်တတ်စ
အိမ်အပြန်မှာ  သူတပါးနိုင်စား  ထိခိုက်လေမလား 


အရှိုးအရာ ဒဏ်ရာပါလား  အကြိမ်ကြိမ်အဖန်ဖန် စစ်ဘူးတယ်
အရွယ်ရောက်လည်း  သားလှရွှေသွေး  သမီးလှလေးတွေ
သူယုတ်မာဝေး  သူတော်ကောင်းလေးတွေ ပေါင်းဖက်ပါစေ
ကျန်းမာပါစေ  ချမ်းသာပါစေ ဆုတောင်းအခါခါ ချွေဘူးတယ်


မွေးမေ  မေတ္တာ စိမ့်စမ်းရေနှင့် ပမာနိုင်းဆိုမပြောလိုဘူး
ထိုစမ်းနွေခါ ခမ်းသောကြောင့်
မွေးမေမေတ္တာ  ပန်းရွှေကြာနှင့်  ပမာနိုင်းဆို မပြောလိုဘူး
ထိုပန်းရွှေကြာ နွမ်းသောကြောင့်
မွေးမေ မေတ္တာ  မြင့်မိုရ်တောင်နှင့်  ပမာနိုင်းဆို မပြောလိုဘူး


ထိုမြင့်မိုရ်တောင် သေးလွန်းလို့
ချစ်ခင်မြတ်နိုး ပြုစုစောက့်ရှောက် ချစ်လွန်းတင်တာမေမေပါ
ဘယ်လိုပုံစံ မွေးဖွားလာလာ မွေးသမိခင်ကြည်နူးစွာနဲ့
 ကျိုးကျိုး ကန်းကန်း ဆွံအ နားမကြား
လက်ခံခဲ့တာ   စံထားမမှီ  ချစ်မြတ်နိုးတာမေမေပါ
ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရင် ကျောလေးပွတ်သတ် ထွေးဖက်ထားပြီး 
နို့ချိုတိုက်ကျွေး ချော့ မြူပေးတာ မေမေပါ
မွေးမေမေတ္တာ  နိုင်းပြစရာ  ရှာမတွေ့နိုင်ပြီ   ဘီလူးမက  စားဖို့ဆောင်ယူ သူတပါးသားကို  ငိုကြွေးသောခါ  ယုယကြင်နာ ချစ်လွန်းတင်၍  နို့ချိုတိုက်ကျွေး မွေးခဲ့ဘူးသည် မိခင် တိုင်း၏  မေတ္တာပါ


မိခင် ထံပါး  ဧည့်သယ်အလား  ခဏနားခို   အရိပ်နေနေ  အခက်ချိုးချိုး  ပြန်လိုမှပြန်  နားချင်လာနား    ပေးဆပ်ခြင်းနဲ့ချစ်ကြင်နာ မွေးမေ မေတ္တာစေတနာ

♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥ချစ်မြတ်နိုးခြင်း  ပြိုင်ဘက်ကင်းသည်  ဆပ်၍မကုန်  ဤလူဘုံ     မိခင်ဖခင်ကျေးဇူးရှင်ကို  တဖန်ပြန်၍

ရင်ဝယ်သားပမာ စောင့်ရှောက့်စေချင်လှပါသည်။
စိတ် မှ ချိန်ခွင်  အလယ်မှာထား  မျှတစွာပဲ ချိန်ကြည့်လိုက်ပါ 

မွေးမေ ဖက်မှ  သာနေမှာ ကဗျာစာ အလင်္ကာ 
ဖွဲ့ ဆို ပြသ တုနိုင်းမရ

အံသြမကုန်နိုင် မယုံနိုင်ဖွယ်ရာ မာတာမိခင်ကျေးဇူးရှင်ကို
လက်အုပ်ရှိခိုး  ကန်တော့ပန်းဆင်သည်

ဤစာပေနှင့် မွေးမေကျေးဇူးဆပ်ခြင်းပါ။


mom moms mother mothers mommy mommys family families
mom moms mother mothers mommy mommys family families

I


mom moms mother mothers mommy mommys family families

♥အမေ့မေတ္တာ♥၍ကမ္ဘာမှာ♥
♥အမေ့ချစ်ခြင်း♥ ပြိုင်ဘက်ကင်းသည်

♥ကဗျာ♥စာ ♥အလင်္ကာ ♥
♥ ဖွဲ့ ဆို ပြသ♥ တုနိုင်းမရ

♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥
♥ချစ်မြတ်နိုးခြင်း ♥ ပြိုင်ဘက်ကင်းသည်♥