Pages

Saturday, August 18, 2012

" အရမ်းချစ်တယ် ♥မေမေ ♥"

" အရမ်းချစ်တယ် ♥မေမေ ♥"May 13, '12 3:34 AM
for everyone



တူတူကစားခဲ့ဘူးတယ် ဒါပေမယ့် သူငယ်ချင်းတော့မဟုတ်ပါဘူး
ပညာတွေလည်းသင်ပေးတယ်ကျောင်းဆရာလည်းမဟုတ်ပြန်ဘူး
လှပအောင်လည်းပြင်ဆင်ပေးဘူးတယ် အလှဖန်တီးရှင်လည်းမဟုတ်ပါဘူး
တရား ဓမ္မတွေလည်းသင်ပေးတယ်တရားဟောဆရာလည်းမဟုတ်ပါဘူး
ဝေဒနာတွေလည်း ကုသပေးခဲ့တယ်
ဆရာဝန်တစ်ယောက်လည်းမဟုတ်ပါဘူး
လိုချင်တာမှန်သမျှဖြည့်ဆည်းပေးတယ်မှော်ဆရာတော့လည်းမဟုတ်ပါဘူး
အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းပေးခဲ့တယ် နာမည်ကျော်သူရဲကောင်းတစ်ယောက်လည်းမဟုတ်ခဲ့ပါဘူး
ဒီလိုကြီးမားတဲ့စွမ်းအားတွေကိုပိုင်ဆိုင်တဲ့သူကို“ မေမေ”
လို့ ခေါ်ပါတယ်
ကိုယ်ပြန်ပေးခဲ့တာတွေက ပြန်ပြော နားမထောင်

မှန်တယ်ထင် ဇွတ်လုပ်
ဒီအကျင့်ဆိုးတွေပါ ၊
ဒါပေမယ့် မေမေ
သေချာခိုင်မာတဲ့စကားလေးတစ်ခွန်းတော့ပြောပါရစေ

“ အရမ်းချစ်တယ် ♥မေမေ♥”
မိုင်တွေဘယ်လောက်ပဲ ဝေးဝေး အတွေးထဲမှာနီးနီးလေးပါ

သမီးရဲ့အသဲထဲမှာ

အမေကအမြဲတမ်းသမီးနဲ့ရှိနေပါတယ်

♥♥
♥♥
To my adorable mom
မိုင်တွေဘယ်လောက်ပဲ ဝေးဝေး အတွေးထဲမှာနီးနီးလေးပါ သမီးရဲ့အသဲထဲမှာ အမေကအမြဲတမ်းသမီးနဲ့ရှိနေပါတယ်
Chit tha mee lay hanmay ,hanthu
♥♥


ainlay44 wrote on May 16
မိုင်တွေဘယ်လောက်ပဲ ဝေးဝေး အတွေးထဲမှာနီးနီးလေးပါ သမီးရဲ့အသဲထဲမှာ အမေကအမြဲတမ်းသမီးနဲ့ရှိနေပါတယ်


yinminkhine wrote on May 16
ainlay44 said
မိုင်တွေဘယ်လောက်ပဲ ဝေးဝေး အတွေးထဲမှာနီးနီးလေးပါ သမီးရဲ့အသဲထဲမှာ အမေကအမြဲတမ်းသမီးနဲ့ရှိနေပါတယ်
ဝေးးးးးးးးးးးးးးးကွာနေသော
မိသားစုများ♥ချစ်ခြင်းဖွဲ့♥သံစဉ်လေးပါ......................


generalzinminko wrote on May 17
ဘယ်တော့မှ အရောင်မပြောင်းလည်းတတ်တာ ၅၂၈ သွယ်သော မေတ္တာများပါပဲ မမကြီးရယ် ...။


yinminkhine wrote on May 17
ဘယ်တော့မှ အရောင်မပြောင်းလည်းတတ်တာ ၅၂၈ သွယ်သော မေတ္တာများပါပဲ မမကြီးရယ် ...။
သံသရာအဆက်ဆက်က ယှဉ်ပြိုင်တုနိုင်းလို့မရတဲ့
အဖြူရောင် သံယောဇဉ် ၅၂၈မေတ္တာ အစစ်ပေါ့................


snowlike wrote on May 17
“ အရမ်းချစ်တယ် ♥မေမေ♥”
မိုင်တွေဘယ်လောက်ပဲ ဝေးဝေး အတွေးထဲမှာနီးနီးလေးပါ

သမီးရဲ့အသဲထဲမှာ

အမေကအမြဲတမ်းသမီးနဲ့ရှိနေပါတယ်


yinminkhine wrote on May 18
snowlike said
“ အရမ်းချစ်တယ် ♥မေမေ♥”
မိုင်တွေဘယ်လောက်ပဲ ဝေးဝေး အတွေးထဲမှာနီးနီးလေးပါ

သမီးရဲ့အသဲထဲမှာ

အမေကအမြဲတမ်းသမီးနဲ့ရှိနေပါတယ်
ဖြတ်လို့မရ.သတ်လို့မသေ.........မေမေ မေတ္တာရေ......
မည်သူမျှမပေးနိုင်သော
ချစ်ခြင်းမေတ္တာတရားတွေပေးဝေနေတာ♥မေမေ♥ပါ


blckhole wrote on May 19
congratulation for mother day.


onlinepoet wrote on May 26
မိခင်မေတ္တာကို ပုံဖော်ထုဆစ်ထားတာ အရမ်းသေသပ်လို့ ရေးသူရဲ့ ခံစားချက်က ဖတ်နေသူရဲ့ ရင်ထဲကို လာဟပ်တယ် မ.မရယ် မင်းရဲ့ ကဗျာလေး တန်ဖိုးရှိတယ် ယုံ ။

0 comments:

Post a Comment