Pages

Tuesday, August 28, 2012

♥♥မေတ္တာရေကြည်တစ်ပေါက် ♥♥

Dec 23, '10 4:06 PM
for everyone
ဟေ့ရောင်နေပိုင်လာကွာ ဘောလုံးကန်မယ်အိမ်ရှေ့မှသူငယ်ချင်းအော်ခေါ်သံနင့်အတူ “ အမေ … သား ဘောလုံးကန်သွားလိုက်ဦးမယ်နော် “ အမေ့ကိုပြောပြပြီး
ဟေ့ရောင်ငယ်ချင်းခဏစောင့် လာပြီ !
အမေသားလစ်ပြီနော်…
“ အေး .. နင်တစ်နေ့တစ်နေ့ဂစ်တာတီးလိုက် ၊ လ္ဘက်ရည်ဆိုင်ထိုင်လိုက် ၊ ဘောလုံးကန်လိုက် ဘွဲ့ရကတည်းက ဟိုအလုပ်ရွေး ၊ ဒီအလုပ်ရွေးနဲ့ဘာမှလည်း လက်ကြောတင်းအောင်မလုပ်ချင်ဘူး ။ ဒီကြားထဲအင်တာနက်ဆိုတာကပေါ်လာတော့ ငါ့မှာဂိမ်းဆော့ချင်တယ်ဆိုလို့ဂိမ်းဆော့တဲ့အဖိုးပေးရနဲ့ အိမ်အလုပ်လည်းမကူညီ ၊ လုပ်ငန်းထဲလည်းမကူညီ … ကြားဘူးပါဘူး သူတို့လက်ထက်မှာမှ ဆော့နည်းပေါင်းစုံတဲ့အပြင် ဒီဂိမ်းဆိုတာကြီးက အင်တာနက်ပေါ်တက်ဆော့တယ်ဆိုပြီး ပါလာသေးတယ်၊တစ်နေ့တစ်နေ့အိပ်ချိန်တခုပဲ နင်ငြိမ်ငြိမ်နေတာတွေ့တယ် ။ ဘာမှလည်းတတ်ကျွမ်းတာမဟုတ် ၊ ထမင်းလည်းမစားရ အံ့ပါ့တော်.. “ အမေ၏ဆူညံဆူညံပြောနေကြစကားသံက နောက်နားမှထပ်ကြပ်မခွာ လိုက်လာသည်။
ခြံအပြင်မှစောင့်နေသောသူငယ်ချင်း စနေသားက …. “မင်းအမေဆူနေတာကြားတယ်ဟေ့ရောင် !ဘာဖြစ်နေတာလဲကွမင်းမားသားက “
“ အလကားပါကွာ … ထုံးစံအတိုင်းပေါ့ ။ ဓါတ်ပြားဟောင်းဖွင့်နေတာလေ
ငါတခါတခါအမေ့ကိုသနားလို့ အမေမောနေမှာစိုးလို့ သူပြောနေတာခွေကူးစက်ထဲကနေဖွင့်ပေးမယ်ဆို
ပြန်ပြောရင် အမေဒေါသစွေ့စွေ့ခုန်ရောဟေ့ရောင်ငါ့ကိုအမေက နေ့တိုင်းပြောနေကြမို့သနားလို့စေတနာနဲ့ပြောတာလေကွာ“
“ ဟာကွာ … မင်းအမေကမင်းကိုချစ်ပါတယ် ၊ ဒီအချိန်ထိ မင်းလိုက်လျားလိုက်လျား နေနေရတာ မင်းအမေပြောတာမှန်တယ်ကွ … ငါတို့တခုခုတော့လုပ်သင့်နေပြီကွ “
“ဟာ .. မင်းမေခွီးတဲ့မှ ! လုပ်ချင်တာပေါ့ကွ … သွားလျှောက်တော့လည်းအလုပ်က မင်းတွက်ကြည့်လေ ၊ စပေးတဲ့လစာငွေက ၄၀၀၀၀ သောင်း ၅၀၀၀၀ကစပေးတာလေ သေချာတွက်ကြည့်မကိုက်ဘူးကွ
ကားကောင်းမြန်ချင်လို့စီးရင် ကားခက၂၀၀ကွာတဆင့်ထပ်စီးရရင်၅၀ကျပ်ကွာ ပြန်လာတော့တွက်ကွာ၅၀၀ကျတယ် ရိုးရိုးကကျပ်သိပ်နေတာစီးတော့၁၀၀ ကွာထပ်စီး၅၀သွားပြန်၃၀၀ ဟေ့ရောင့်ထမင်းဘိုးမပါဘူးငပိသိပ်ငချဉ်သိပ်ကားလည်း ငါမစီးနိုင်ဘူးကွာ ကားခတစ်သောင်းခွဲကျတယ်ကွာငါဘာကျန်လဲ အမေ့လက်ထဲလစာ ၃၀၀၀၀ လောက်အပ်တယ်ကွာအမေထမင်းဘူးပြန်ထည့်ပေးရင် စောစောထချက်ပြုတ်ရမယ် အမေထမင်းဘူး ဖိုးမနက်စာပဲ ငါရှာပေးနိုင်မယ် ဗာရီဟအသုံးစရိတ် ငါသုံးရင်အမေက တောင်ထပ်ပေးရမယ် ဒီတော့အေးဆေးနေလိုက်တော့တာကွ အမေ ကျွေးထားတာ ဒီထက်မကဘူးလေဟေ့ရောင်အမေမသေငွေမသေဘူးအေးဆေးစားတော့မယ်ကွာ
အာရုံလာမနောက်နဲ့သူငယ်ချင်း ”
“မင်းကွာ … မင်းအပြောနဲမင်းဟုတ်နေတာပဲလစာနောက်တော့လုပ်သက်ရင်လာရင်တိုးပေးမှာပေါ့ကွာ ”

“ဟာ….တစ်နှစ်လောက်နေမှတိုးပေးမှာ ဒါတောင်မသေချာဘူးဟေ့ရောင် မင်းငါ့လာမစားနဲ့ဟုတ်လား”
“အင်းးးးးးးးးပြောတော့ဘူးဟေ့ရောင်ရေ မင်းသဘော”
ဒီကောင်အလုပ်လုပ်ဖို့ကိုဘယ်သူငယ်ချင်းမှတိုက်တွန်းလို့မရကြ သူငယ်ချင်းတွေလုပ်ငန်းခွင်အသီးသီးဝင်၍
လုပ်ကိုင်နေကြပြီသူ့ကိုဘယ်လိုမှနားချမရ ဆိုးတာလည်းမဟုတ်သိတော့သိသည် ဒီကောင်အတွေးကကောင်းတာလား
အတွက်အချက်တော်တာလားမသိ ပြောတော့လည်း
အမျိုးမျိုးအကြောင်းပြငြင်းနေတတ်သည့်ကောင်
နေရောင်ဆိုသည့်အမည်နှင့်လည်းလိုက်သည်..ရိုက်ပွဲဆိုသူရှေ့ကဆိုးသည်တော့မဟုတ် သူများကိစ္စရပ်ကွက်ထဲ မှ ကလေးတွေလာတိုင်လျှင် မဆိုင်ပဲဝင်ဝင်ပါတတ်သည့်ကောင် ၊ နေရောင်ဆိုတာသည်လိုကောင်မျိုး
သိတော့သိသည် ၊ မကျင့်တာ ။ သူစိတ်ကြိုက်နေထိုင်နေသည့်ကောင်
ကျွန်တော်အလုပ်နယ်ပြောင်းရ၍ ဒီကောင်နှင့်ကင်းဝေးသွားသော တနှစ်အတွင်းမှာကျွန်တော် ဘယ်လိုမှမထင်မှတ်သော ပြောင်းလဲမှုကို ကျွန်တော်ခွင့်ယူ၍ပြန်ချိန်တွင် ကျွန်တော်တွေ့ရှိသိခဲ့လိုက်ရသည်။
မထင်မှတ်ဒီလိုကောင်က ကျွန်တော်တို့မလုပ်နိုင်သောအလုပ်များကို ရပ်ကွက်မြို့ရွာအနှံလိုက်လုပ်နေသည်။
သူလုပ်သောအလုပ်က တော်တော် ကိုလေးစားသင့်ဂုဏ်ယူသင့်သည် ။
ပရဟိတတဲ့ဗျာ…ပရဟိတ ကိုယ်ကျိုးမဖက် သူ့အတွက်မပါ သူလုပ်ကိုင်ကူညီဆောင်ရွက်နေတာတွေ့ရှိလိုက်ရတော့ သည်။ ရပ်ကွက်ထဲသူ့ကိုလေးစားနေကြသည်
သူ့အမေဂုဏ်ယူနေသည်၊ သူထမင်းသူစား ၍ မိဘမဲ့သားသမီးတွေလှုတန်းဖို့ကိုသူက
နီးစပ်ရာသူငယ်ချင်းများ အပေါင်းအသင်းများကိုစည်းလုံးနေသည်;
လှူဖို့ကိုတတ်နိုင်သလောက် တစ်တပ်တစ်အားလှုဒါန်းရန် တတ်နိုင်သည့် သူကိုအကူအညီတောင်းသည် ။
ဆင်းရဲချို့တဲ့သော ရပ်ကွက်တွင်းမှအဖိုးအဖွားတွေကို ကူညီနေသည်။ဘိုးဘွားရိပ်သာသွား၍ သက်ကြီးရွယ်အိုတွေကို သူတို့အဖွဲ့တတ်စွမ်းသည့် ဘက်မှကူညီနေကြသည်။
ဒီကောင်နေပိုင်ကိုကျွန်တော် မေးကြည့်မိသည် သူကိုပြောင်းလဲသွားစေသော အရာကမည်ကဲ့သို့သောအရာလည်း ကျွန်တော်သိချင်နေသည် သူပြန်ဖြေလိုက်သောစကားက အလွန်အင်မတန်မှရိုးစင်းလှပါသည်။
“စနေသားရေ…..ငါ့ကိုပြောင်းလဲစေတာက မင်းနဲ့ငါ ခုထိုင်နေတဲ့လ္ဘက်ရည်ဆိုင်မှာကွာ ”
အဖိုးအဖွား စုံတွဲလာတယ် အသက်က ၆၀ကျော် ၇၀ ပတ်ဝန်းကျင်ပေါ့ကွာ
ဖွေးဖွေးသန့်သန့်ကွအဖွားကလည်းသနပ်ခါးဖွေးနေအောင်လိမ်းထားတယ်
အသက်အရွယ်တွေက တော်တော်ကြီးပြီလေကွာဆိုင်ထဲကလူတွေကိုလူတိုင်းထံ
တောင်းနေတာတော့မဟုတ်ဘူးကွ နေ့တိုင်းတစ်ဦးစ နှစ်ဦးစ သူတောင်းတယ်ကွာ
လာရင်လည်းမေတ္တာသုတ်လေးရွတ်လာတယ်ကွာဆုပေးရင်လည်းကျန်းမာပျော်ရွှင်ကျပါစေ ဆိုပြီး ပေးတယ်ကွာ ။ ဒါနဲ့ပဲငါစိတ်ဝင်စားတာနဲ့အဖွားအဖိုးတွေကိုခဏထိုင်ပါဦး ကျွန်တော်တစ်ခုခုကျွေးချင်လို့ ပါဆိုတော့ ၊ ထိုင်ဆိုထိုင်ပါ့မယ် ဗိုက်ပြည့်နေပါပြီပြည့်စုံပါတယ် လူလေးကြွေးတာကျေးဇူးတင်ပါတယ်တဲ့ကွာသူတို့ကိုတခြားနေရာကမုန့်ကြွေးလိုက်တာ စားခဲ့ရလို့ပါတဲ့ကွ
ဒါနဲ့ငါလည်း အလှုငွေ၅၀၀လှုလိုက်တယ်ကွာအဖိုးအဖွားတို့ကို မေးစရာလေးရှိတယ်
ဖြေပေးပါသိချင်တယ်ပေါ့ကွာ မေးခွင့်တောင်းတော့ဖြေပေးပါ့မယ်ဘာမေးမှာလည်းတဲ့
တခြားဟုတ်ပါဘူး အဖိုးအဖွားတို့ကသန့်သန့်ပြန့်ပြန့်နဲ့ ငွေလိုက်တောင်းနေကြတယ်လေ ။ သားသမီးတွေမရှိကြဘူးလားဆိုတော့ ရှိပါတယ် … သူတို့က သူတို့အိမ်ထောင်မထူထောင်ခင်တော့ ဘွဲ့တွေပညာတွေတတ်အောင် အတန်းပညာတတ်အောင်ပြုစုပျိုးထောင်ခဲ့ပါတယ် ။ ခုတော့…သူတို့အိမ်ထောင်တွေကျကုန်တော့ သားကကျွေးချင်လည်း ချွေးမကဆူပူ သမီးကကျွေးချင်လည်း သားမက်ကဆူပူ သမီးကမျက်နှာငယ်ရတယ် သားကမျက်နှာငယ်ရတယ်….သူတို့ လစာလေးနဲ့သူတို့သားသမီးတွေကျောင်းလခ ကျူရှင်လခသူတို့ဝင်ငွေနဲ့မလောက်ငှကြပါဘူး ။ အဖိုးအဖွားတွေကလည်း ကြာလာတော့ အသက်ရှည်ရမှာတောင် ကြောက်လာတယ်လေ ဒါနဲ့မနက်ခင်းဆိုအမေတို့အဖေတို့ဘုရားသွားမယ်နော်ဆို ထွက်လာစားသောက်ဖို့ကို
မရှက်နိုင်ပါဘူး ရှည်နေသေးတဲ့အသက်ကိုဆက်ဖို့ဒီလိုလိုက်အလှုခံတစ်နေ့စာလေးလှုခံလို့ရရင်ပြန် ကိုယ်ဘာသာသက်သက် ချက်ပြုတ်နေထိုင်စားသောက်ပါတယ် ။ သားလေးရဲ့အိမ်နောက်မှာ အဖီလေးထိုးပြီးတော့
တချို့တွေကမုန့်ဝယ်ပေးလိုက်ရင်လည်း အိမ်ပြန်ရောက် တဲ့အခါမြေးမလေးတွေကအဖွားဘာစားစရာရှိလဲဆိုလာမေးတော့ ကျွေးမွေးလိုက်ပါတယ်။
သားသမီးတွေသိချင်လည်း သိမယ် မသိချင်လည်း မသိဘူးသိရက်နဲ့မသိချင်ယောင်ဆောင်နေတာလား လည်းတွေးမနေတော့ပါဘူး
တစ်ဝမ်းတခါးစားသောက်နေထိုင်ဖို့ကို အမေအိုနဲ့အဖေအို ဒီလိုမှမတောင်းရင် ဘယ်လိုလုပ်ကာ စားသောက်နေထိုင်ရပါ့မလဲကွယ်။ဒီလိုအဖိုးအဖွားတွေပြောပြနေတဲ့အချိန်မှာကွာ ငါ့ရင်ထဲတော်တော်ကြေကွဲနေတယ် ဘာပြောလို့ပြောရမှန်းလည်းမသိတော့ဘူး ။ မပြေလည်တဲ့မိသားစုမှာ ပေါက်ဖွားလာပြီး အသက်ရှည်စွာနေရတဲ့ အဖိုးအဖွားတွေရဲ့ဒုက္ခ ငါ ဘယ်လိုကူညီဖြေရှင်းပေးနိုင်လဲ ????
ဒါကို ငါ့ခေါင်းထဲမှာစွဲနေတယ် ပြီးတော့ တတ်နိုင်တဲ့ဘက်ကကူညီပေးချင်နေမိတယ် ။
 တစ်ခါသူငယ်ချင်းတစ်ယောက်ဆီ ကိစ္စရှိလို့သူအိမ်လိုက်သွားတော့ သူငယ်ချင်းတို့ရပ်ကွက် လမ်းထဲကအသက်ကြီးပြီဖြစ်တဲ့ အဖွားတစ်ယောက်က ပြည့်စုံတယ်ကွာ ။ ဒါပေမယ့်သူငယ်ပြန်နေတယ်၊ သူငယ်ပြန်သလိုဒီအဖွားက အိုးပုတ်ချိုးရုပ် ဘိုမရုပ်လေးတွေနဲ့ ဆော့နေတာ ။ သူငယ်ပြန်တယ်သာဆိုနေ သူ့သားကိုတော့မမေ့ဘူး ။
သူ့သား ….တစ်ဦးတည်းသောသား ရုံးကနေလမ်းအပြန်မှာ ကားအက်စီးဒင့်ဖြစ်ပြီး
မတော်တဆသေဆုံးသွားတာလေ သူ့သားရုံးဆင်းပြန်လာတဲ့အချိန်ဆို ။ သူ့သားကိုအိမ်ပေါက်ဝကနေ ထွက်ထွက်မျှော်နေတတ်တယ် သူ့သားကြိုက်တတ်တဲ့ မုန့်ဆိုလည်း သမီးတွေကကျွေးလည်း ချန်ချန်ထားတတ်တယ် ။ ကုန်အောင်မစားဘူး သားဖြစ်သူရုံးကပြန်လာရင်ကျွေးမလို့တဲ့ ။
သမီးတွေကအိမ်ထောင်မပြုကြပဲ အမေအိုကိုစောင့်ရှောက်ကြပါတယ်။
သတိမေ့နေတယ် သူငယ်ပြန်နေတယ်သာဆို သားလေးတော့မမေ့ဘူး ။ ဒါတွေကိုမြင်ရကြားရတော့ အဖိုးအဖွားတွေကို တတ်နိုင်တဲ့လူ တတ်စွမ်းတဲ့လူတွေ ကိုယ့် အသိမိတ်ဆွေတွေထံမှာ အကူအညီတောင်း ရပ်ကွက်ထဲမှာဆင်းရဲချိုံတဲ့နေတဲ့ အဖိုးအဖွားတွေကို အိမ်တိုင်ယာရောက် တတ်နိုင်သလောက်
အဖွဲ့အစည်းကလှုတာပို့ပေးပေါ့စွမ်းသမျှကူညီမိတာ့တာပေါကွာ…
ရေခြားမြေခြားကသူငယ်ချင်းလေးတွေကလဲ
ကူညီကြပါတယ်လှုကြပါတယ်ကွာ ငါခုအင်တာနက်ဆိုင်ထိုင်နေတာလည်း အရင်လိုဂိမ်းဆော့ဖို့မဟုတ်တော့ဘူးသူငယ်ချင်း မိတ်ဆွေတွေကို
အင်တာနက်ပေါ်ကနေဆက်သွယ် လှုဒါန်းဖို့ အကူအညီတောင်း နိုင်းဆိုဒ်ထဲက အသိမိတ်ဆွေတွေ ငါ့ကိုခင်မင်တဲ့ ငါ့မိတ်ဆွေတွေကို စွမ်းနိုင်သလောက်လှုဒါန်းဖို့ အကူအညီတောင်းပေါ့ကွာ ။
“ အဲ့ဒီလိုနဲ့ပဲ … ငါ ပရဟိတဆိုတာကို နားလည်သဘောပေါက်လာပြီး တကယ့်တကယ်လိုအပ်နေတဲ့
ကွက်လပ်လေးတွေကို ငါ့ဖက်ကတတ်စွမ်းသလောက် ကူညီပေးနေခဲ့တာပဲ သူငယ်ချင်းရေ ….. ” ။ ….။..

♥♥မေတ္တာရေကြည်တစ်ပေါက် ♥♥
 ရေငတ်တဲ့သူ ၊ ရင်ပူသူမှာ
ရေကြည်တစ်ပေါက်
သောက်မိယုံနဲ့  
စမ်းရေတမျှ သူ့စိတ်ဘ၀င်
 ပျော်ရွှင်ကြည်နူး ယူသည့်သူရော
လှုသည့်သူပါ အေးချမ်းပါတယ်
လှုတတ်တဲ့သူ တတ်နိုင်သူကို
လှုဒါန်းပေးဖို့မျှော်လင့်နေတယ်
သူငယ်ချင်း…………




0 comments:

Post a Comment