Pages

Wednesday, April 28, 2010

အပြိုင်ပြိုတဲ့ မိုး




သံယောဇဉ်အပူတွေနဲ့

ငါ့ကိုနောက်သလိုပြောင်သလို
လာမလောင်ကျွမ်းပါစေနဲ့ကွာ
အငွေ့ ပျံပျောက်ဆုံးသွားမှာ
ငါကိုယ်ငါ မစိုးရိမ်ပါဘူး
ကောင်းကင်မှာ ငွေ့ ရည်ဖွဲ့ ပြီး
မြေပြင်ပေါ်ပြန်လည်ရွာချတဲ့အခါ
မင်းစိုဆွတ်သွားမှာပဲ
ငါသေလောက်အောင်ကြောက်တယ်...........


သူငယ်ချင်းလေးလက်ဆောင်ပါ
~~~~~~~~~~ဘိုဘိုလေ;~~~~~~~~~~~~



သံယောဇဉ် မိုးရွာ သွန်းဖြိုး
စိုပါစေလေ စိုတဲ့ရေက အေးနေတာမို့ 
ရင်ထဲကအပူ ငြိမ်းပါတယ်
သံယောဇဉ် မိုးရွာ သွန်းဖြိုးတာ
ကောင်းကင်ထက်ကငွေ့ ရည်ဖွဲ့ ပြီး
မိုးရွာတာ နော် မိုးသီးပါလဲ
မမှု့ပါဘူး သံယောဇဉ်အပူ
ရင်လှိုက်ဆူလို့  သေသွားပါစေ
ရိုးရိုးလေးပဲ ချစ်ခဲ့ တာမို့ 
သံယောဇဉ် တမျှင်တန်း
ရှင်ခန်းဘယ်သူဖြတ်နိုင်မယ်
*မ *မျက်ဝန်းကကျတဲ့ မျက်ရည်
မိုးရွာတာထက် များနေတယ်
ကျတဲ့ မျက်ရည်
သံယောဇဉ်မြစ်
်ဖြစ်နေတယ်

ချစ်သူလေးကို
လွမ်းနေတာမို့ 

ရင်နာကြေကွဲ သေသွားတောင်မှ
မင်းစိတ်နဲပဲ ငါသေနိုင်တယ်
သူငယ်ချင်းလေး ချစ်သူရယ်။

မ..မ








Tuesday, April 27, 2010

♥♥♥♥အချစ်♥♥ အချစ်ရဲ့ ဂုဏ်သတ္တိတွေ♥♥♥♥♥♥♥♥



♥♥♠♠အချစ် ♠♠♥♥
အချစ်
စကားက နှစ်လုံးတည်း
အချစ်ဆိုတာ

ကိုယ် စိတ် နှလုံးကို ပင်ပန်းတယ်

ကြည်နူး
ပျော်ရွှင်တယ်

ငိုကျွေး
ဝမ်းနည်းတယ်

ပူပင်
သောက ရောက်တယ်

လွမ်းမော
အောက့်မေ့တယ်

နာကြည်းခံ ပြင်းတယ်

အခန့်မသင့် ရင် သတ်ဖြတ်

ရိုက်ပုတ်
နှိပ်စက် တတ်သေးတယ်

အဲ့ဒါ
အချစ်လေ

အချစ်ရဲ့ 
ဂုဏ်သတ္တိတွေနော်...........။

မြန်မာအနုပညာရှင်တွေအကြောင်းဝက်ဘ်ဆိုက်တစ်ခုတည်း ကနေ ကြည့်လို့ ရပြီ


အနုပညာရှင်တွေ အကြောင်းကို စိတ်ဝင် စားပြီး သူတို့ရဲ့ သတင်း တွေကို အမြဲ သိချင် နေသူ ပရိသတ်တွေ အတွက် မြန်မာမော်ဒယ်တွေ အပါအ၀င်
အနုပညာရှင် ပေါင်း ၆၃ ဦး နဲ့ စတင် ထားတဲ့ http://www.beautifulmodelworld.com/
ကို Youth Computer Co., Ltd ကနေ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က စတင်
လွှင့်တင် လိုက်ပြီး အဲဒီမှာ အနုပညာရှင် တွေ တစ်ဦးချင်းစီ လွှင့်တင် ထားတဲ့
ဝက်ဘ်ဆိုက် တွေကို တစ်နေရာ တည်းမှာပဲ စုစု စည်းစည်း နဲ့ ကြည့်ရှု နိုင်မှာ
ဖြစ်ပါတယ်။ "လက်ရှိ လွှင့်တင် ထားကြတဲ့ အနုပညာရှင် တွေရဲ့ ၀က်ဘ်ဆိုက် တွေက
အမြဲတမ်း update မလုပ်နိုင် ကြဘူးလေ။ ဒီမှာ ကတော့ အနုပညာရှင် တွေ ရဲ့
အနုပညာ လှုပ်ရှား မှုကို အမြဲ update လုပ်ပြီး လွှင့်တင် ပေးထားမှာ ဆိုတော့
အနုပညာရှင်တွေ အတွက် လည်း ကောင်းသလို ကြည့်ရှုသူ ပရိသတ်တွေ အနေနဲ့လည်း ကိုယ်
နှစ်သက်တဲ့ အနုပညာရှင် တွေရဲ့ လှုပ်ရှားမှု တွေကို အဆက်မပြတ် သိနိုင်တယ်"
လို့ ၀က်ဘ်ဆိုက် လွှင့်တင် ရခြင်း အကြောင်းကို Youth Computer Co., Ltd
ရဲ့စီမံ ခန့်ခွဲရေး ဒါရိုက်တာ ဦးဇော်လင်းက ဆိုပါတယ်။

အနုပညာရှင်တွေနဲ့ ပြည်တွင်း ပရိသတ်တွေ၊ ပြည်ပရောက် မြန်မာပရိသတ်ကို ပေါင်းကူးတံတား
ဆက်သွယ်ပေးမယ့် ဆိုက်ဖြစ် တယ်လို့ သိရပြီး စီးပွားရေး လုပ်ငန်း ရှင်တွေ၊
ရုပ်ရှင် ဗီဒီယို ထုတ်လုပ်သူတွေ၊ ဒါရိုက်တာ တွေအနေနဲ့ ဒီဆိုက်ကို
ကြည့်ခြင်း အားဖြင့် ကြော်ငြာရိုက်၊ ဇာတ်ကားရိုက်တွေ အတွက် အဆိုတော်၊
သရုပ်ဆောင်တွေ ရွေးချင်တယ် ဆိုရင် ဒီဆိုက်ကနေ တစ်ဆင့် စိတ်ကြိုက် ရွေးချယ်
နိုင်တယ် လို့ သိရပါတယ်။

"ဒီဆိုက်က အေဂျင်စီ ၀င်လုပ် ပေးတာ မျိုးတော့ မဟုတ်ဘူး။ အနုပညာရှင်တွေအတွက် ကျွန်တော်တို့က ကိုယ်ပိုင်
ဝက်ဘ်ဆိုက်တစ်ခု ရေးသား လိုက်တာပါ။ ကျွန်တော်တို့က ၀က်ဘ် ရေးခ ရတယ်။
ဒီသဘောပါပဲ"လို့ ဦးဇော်လင်း က ရှင်းပြပါတယ်။

"အစကတော့ မော်ဒယ်တွေကိုပဲ စုစည်း ဖော်ပြမယ်လို့ စီစဉ်ထားတာ။ သရုပ်ဆောင်တွေ၊
အဆိုတော်တွေ ကပါ စိတ်ဝင်စား လာကြ တော့ သူတို့ကိုပါ ထည့်ဖြစ်သွားတာ။
နောက်ဆိုရင်တော့ domain name ကိုလည်း လိုက်လျော ညီထွေ ဖြစ်အောင်
ပြောင်းသွား မှာပါ"

beautifulmodelworld.com မှာ အနုပညာရှင်တွေ အကြောင်း အပြင် အဆိုတော်တွေနဲ့ ထုတ်လုပ် သူတွေက တရားဝင် Free Download
လုပ်ခွင့် ပြုထားတဲ့ sample သီချင်းတွေကိုလည်း ချိတ်ပေးထား သလို ပရိသတ်တွေ
စိတ်ဝင်စားမယ့် မေးခွန်းလေးတွေ မေးတဲ့ အစီအစဉ်လေးတွေလည်း မြိုင်မြိုင်
ဆိုင်ဆိုင် ထည့်သွင်း ထားတယ်လို့ သိရပါတယ်။

အနုပညာရှင်တွေ အတွက် ပရိသတ်နဲ့ ဆက်သွယ်မှု ကဏ္ဍဟာ အရေးပါလှတာမို့ သူတို့တွေရဲ့ အကြောင်းကို
ပရိသတ်တွေ ဖတ်ရှု သိရှိနိုင်အောင် စုစည်း ဖော်ပြပေးတဲ့ ၀က်ဘ်ဆိုက်မျိုး
ရှိတာ အရမ်း ကောင်းတယ်လို့ ၀က်ဘ်ဆိုက် အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ မော်ဒယ်၊
သရုပ်ဆောင် ခရစ္စတီးနားက ဆိုပါတယ်။

"ကိုယ်က အမြဲတမ်းအလုပ်တွေလည်း လုပ်နေတော့ အင်တာနက်လည်း သိပ်မသုံးဖြစ်ဘူး။ အဲဒါကြောင့် အဲလို ၀က်ဘ်ဆိုက်
တစ်ခုရှိတာက ကိုယ်လုပ် နေတဲ့အလုပ်တွေကို အမြဲတမ်း တင်ပြပေးတယ်ဆိုတော့
ကိုယ်လုပ်နေတာတွေက ပြည်တွင်းက ပရိသတ်တွေ၊ နိုင်ငံရပ်ခြားက ပရိသတ်တွေ
အကုန်လုံးနဲ့ အဆက်မပြတ်တော့ဘူးပေါ့" လို့ သူက ဆိုတယ်။

ဆိုက်အဖွဲ့ဝင်တစ်ဦးအနေနဲ့ လက်ရှိ မှာ ဘယ်လို အကျိုး ကျေးဇူးတွေ ရရှိနေ ပြီလဲလို့ ခရစ္စတီးနားကို
ထပ်မေးကြည့်တော့ "အခုလောလောဆယ် လွှင့်တင် ခါစဆိုတော့ သေသေချာချာတော့
feedback မကြားရသေးဘူး။ နောက်ပိုင်းမှာတော့ ထူးခြားမှု တစ်ခုခုတော့ ရလာ
လိမ့်မယ်လို့ ထင်တယ်"လို့ ဆိုပါတယ်။

ဒီလို ၀က်ဘ်ဆိုက်တွေ ရှိလာတော့ အနုပညာချစ် ပရိသတ်ကြီး အတွက် စိတ်ဝင်စားစရာ ဖြစ်သလို အနုပညာသည်တွေ အားလုံး
အတွက်လည်း ဘယ်သူတွေ ဒီဆိုက်ပေါ်ကို တက်လို့ရလဲ ဆိုတာဟာလည်း စိတ်ဝင် စားစရာ
ပါပဲ။

"အနုပညာ လှုပ်ရှားမှု တစ်ခုခုကို လုပ်နေတဲ့သူ ဆိုရင်တော့ ပါဝင်လို့ ရတယ်။ ပြီးတော့ အနုပညာ လှုပ်ရှား မှုတော့ မရှိသေးဘူး။ မော်ဒယ်
သင်တန်းကျောင်း ဆင်းပြီးသွားပြီ ဆိုရင် မျက်နှာသစ် အနေ နဲ့ ပါဝင်လို့
ရပါတယ်။ အနုပညာသည်လည်း မဟုတ်ဘူး၊ လှုပ်ရှားမှုလည်း မရှိသေးတဲ့ အပြင်
အနုပညာနဲ့ ပတ်သက်တဲ့ ကျောင်း ဖြစ်ဖြစ် တက်ထားတာမျိုး မရှိဘူး၊ ဆက်နွှယ်မှု
မရှိဘူး ဆိုရင်တော့ ဒီဝက်ဘ်ဆိုက် ထဲမှာ ပါလို့ မရပါဘူး"လို့ ဦးဇော်လင်းက
ဆိုပါတယ်။

ဒီလိုဆိုရင် ဒီဝက်ဘ်ဆိုက်ဟာ ပရိသတ် စိတ်ဝင်စားမှုကို ရယူနိုင်ဖို့ ကြိုးစားနေသူ မျက်နှာသစ် အနုပညာရှင် တွေ အတွက် နေရာကောင်း
တစ်ခု လို့ ဆိုရမယ်။

http://www.beautifulmodelworld.com/ မှာ ပါဝင် ဖော်ပြ ခံချင်တယ် ဆိုရင်တော့ အဖွဲ့ဝင်ကြေး၊ နှစ်စဉ် ကြေးနဲ့
ပြုပြင် ထိန်းသိမ်းရေး စရိတ်တွေကို ပေးသွင်း ရမှာ ဖြစ်ကြောင်း မြန်မာတိုင်း
(မ်) ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

မှတ်ချက်။ ။ဟံသာဝတီ ၀က်ဆိုက်မှ တဆင့် ကူးယူဖော်ပြပါသည်။

.၃ ခါဘုရားတမိသေး..

ကောင်မလေး တွေ

ပြုံးကာ ပြတော့ သုံးခါ ဘုရားတမိတယ် ...

၃ ခါဘုရားတပြီးရင်လည်း ၃ ခါထပ်ဆို အိုနာသေကို...

ကုသိုလ်ဖြစ်ဆေး

ချစ်လို့ကျွေးတာ မိုးမလင်းခင်


 မင်းဆင်ချင်နော်..

နှလုံးသားမှာဘုရားတည်မှ...

ရတဲ့ဘ၀မြတ်လိမ့်မယ်


သံသရာအတွင်း

မလွတ်ကင်းသ၍..နေညမမေ့ဖို့လိုလိမ့်မယ်..

ရာဂမီးတွေ

တညီးညီးလောင်တော့..


သံသရာဝဋ်က လွတ်ဖို့ မလွယ်..

အပြစ်မဆိုပါဘူး..လောကီနယ်ထဲလောကထဲမှာ..

မြင်မြင်သမျှဘ၀င်လှိုက်ဆူ..

ရင်လှိုက်ပူလို့...

ချစ်ချင်တာအပြစ်မဆိုပါဘူး....


အနှစ်ကယ်ရှာလို့

ကြည်တတ်ရင်မင်းမြင်လိမ့်မယ်..


ခုနေခါ
ငယ်သေးတာမို့ပြုံးလာသ၍


နှုံးကာသာတွေ့တော့မယ်.......

၃ ခါဘုရား

တမိသေး............။




ကွန်ပြူတာ ဟက်ကာတစ်ဦး၏ှ အမေးဖြေများ မေး


ကွန်ပြူတာ ဟက်ကာတစ်ဦး၏ှ အမေးဖြေများ

မေး ။ကွန်ပျူတာထဲမှာပါတဲ့ရမ်ဆိုတာဘာပါလဲဟင်
ဖြေ။ကွန်ပျူတာအတွက်ရမ်ပုလင်းပါ

မေး။ တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ
ဖြေ ။ဂစ်လို့ အော်တဲ့ငှက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ်
ဆက်ဖတ်ကြည့်ရအောင်
 မေး ။ email ပို့ နေရင်းconnectionပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင်အကောင်းဆုံးပါလဲ
 ဖြေ ။ အကောင်းဆုံးကတော့ကွန်ပျူတာပါဝါပိတ်ပြီးအိပ်ပါဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ

မေး ။ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ် ပြောနိုင်မလား
ဖြေ ။ ဟုတ်ကဲ့ရပါတယ်

၁။ systemပုံးကိုအရင်ဖွင့်ပါ

၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ် အကုန်ဖြုတ်ပါ။

 ၃။ပြီးရင်တော့ဆပ်ပြာမှုန့် များများနဲ့ ဖျော်ထားတဲ့ ဇလုံထဲကိုထည့်ပြီး Decogenနဲ့ တစ်ညစိမ်ပါ

၎ ။ နောက်တစ်နေ့ ကျပြန်ဆေးကြောပြီးနေပူပူမှာ လှမ်းပါ။

၅ ။ ခြောက်သွေ့ သွားသောအခါပစ္စည်းများကိုနေရာတကျ ပြန်တတ်ပါ

၆။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော် ရွှင်ဖွယ်တွေ ရပါလိမ့် မည်။

 ၇ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မ၀င်အောင် နေပူထဲထားကာအသုံးပြုပါဟု

မေး ။သမီးကွန်ပျူတာအရမ်းလေးနေလို့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။ ကူပါဦး
ဖြေ ။ အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ ။ ဒါမှလေးနေရင်ပါဝါစပလိုင်းထပ်ပါဖြုတ်ထား လိုက်ပေါ့အရမ်းအရမ်းပေါ့သွားမယ်

မေး ။ကျွှန်တော်တို့ ဘက်ကမီးမှန်ဘူး ။ UPS ကလဲသိပ်မကောင်းတော့ မီးပျက်ချိန်ကွန်ပျူတာမြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ
ဖြေ ။ upsနဲ ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။ ချက်ချင်းပိတ်သွားရစေမယ်

မေး ။ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ
ဖြေ ။ဆိုင်ပို့ လိုက်ပါ

မေး။ ကျွှန်တော့်window ကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်ရမလဲ window မှာပြသနာရှိလို့ လား ဖြေ။ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာမှာဆီနဲနဲ ထိုးပေးပါ ။
ကဲဆက်ဖြေမယ်နော်

မေး။အင်တာနက်သုံးဖို့ ဘာလိုအပ်ပါသလဲရှင် ဖြေ။ပိုက်ဆံလိုတာပေါ့သမီးရယ်ဟုတ်ဘူးလား

မေး။သမီးပို လိုက်တဲ့အီးမေးဟိုဘက်ရောက်မရောက်ဘယ်လိုသိနိုင်မလဲ
ဖြေ ။ဖုံးဆက်ပြီးမေးကြည့်ပါ။

 မေး။အီးမေးတွေထဲကစာတွေမှာဗိုင်းရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ ဖြေ။အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို့ ရှိရင်ဗိုင်းရပ်စ် ပါလို့ ပေါ့ကွယ်။ (တကယ်ဟုတ်ဘူးနော်
)

      ချစ်  သူငယ်ချင်းပို့ ထားပေးတဲ့ မေးလ်ပါ

် ဘဘ ဦးသာဂဒိုး အမှတ်တရ။ကယ်တင်ရှင်



ဆေးပညာ အသိပညာ သိပ်တော်တယ်မမကို မသေအောင်ကယ်တဲ့ 
ဘဘ  သူက  မမကျေးဖူးရှင် ဘဘပြောသလိုဆေးသောက်လို့ မမ
မသေတာ နို့ မို့ဆို မမသေတာ ကြာပေါ့  ဘဘဆးနည်းနဲ့ ရှင်နေတာပါ
ဒုတိယအဖေပေါ့  စာရေးချင်တယ်ဘဘ  ဆိုဖုန်းဆက်မေးတော့
စကားပြောသလိုရေးပေါ့တဲ့  ဘဘသူသင်ပေးတာသိလား မမ စာရေးတတ်အောင်
ဆေးနည်းလည်းဖုန်းနဲ့ပဲမေးတာ ဘဘ ကချက်ချင်းသေချာရှင်းပြတာ
မမ
အသက်သခင်
ဒုတိယအဖေ
ဘဘသူရှင်အောင်မွေးလိုက်တာ မမရဲ့  ကျေးဇူးရှင် မမရဲ့ အသက်ကို ဘဘသူ ရှင်အောင်  လုပ်တာပေါ့
နို့ မို့ မမ သေတာ  ကြာပေါ့  ဘဘ နာရေး ကိုမမှီလိုက်ဘူး ခုဘဘအကြောင်းရေးမို့  အသက် သခင်လေ
မမ
တင်မကပါဘူး  နယ်ပေါင်းစုံက  ဝေဒနာသည် တွေကို
ဘဘသူကူညီနေတာ  ဘဘရေ  ကျောက်ကပ် ပျက်စီးနေတဲ့လူ
ကျောက်ကပ်ထဲမယ်  ကျောက်တည်နေတယ် တဲ့ဘဘရေ  ကျောက်ကပ်ထဲက
ကျောက်ကိုချေရမယ်တဲ့  လုပ်လို့ လည်းမရဘူးဆီးချိုကလည်း  တက်နေတယ်
ဘာလုပ်ပေးရမလည်း ဘဘရေ  ကျောက်ကပ်တစ်ဖက်ကလည်းရောင်နေတယ်
ကျောက်ကပ်  တစ်ဖက်ကလည်း ပျက်စီးနေတယ်ဆို  ဖုန်းလှမ်းဆက်တော့  ဘဘ က
သမီးရေ  စာလေးနဲ့ရေးမှတ်နော် ခွဲစရာစိတ်စရာမလို တဲ့ နည်း ဘယ်နား ကျောက်တည်တည်
ပျောက်တယ်ဟ တဲ့  ဟုတ်ကဲ့ပြောပါ ဘဘဆိုတော့   ကျောက်ဖရုံသီး အခွံနွာ သင်္ဘောသီးခြစ်သလို ဂျစ်နဲ့ချစ်တဲ့   မုန့် ဟင်းခါး  တစ်ပန်ကန်စာလောက်ခြစ်  ရှာလကာရည်
ထမင်းစားဇွန်းနဲ့ ၄  ဇွန်းလောက်ထည့်
ထန်းလျှက်  ၃လုံးလောက်ပါးပါးလှီးထည့် ပြီးရင်မွှေလိုက်  မကုန်မခြင်း
စားခိုင်းတဲ့ ၃ခါလောက်   ၃ ပုဂံလောက်စားရင်

ပျောက်တယ်တဲ့    တစ်ကယ်ပျောက်ပါတယ်  လူနာကို ဆေးရုံ  စစ်ကြည့်တော့

ဘာကျောက်မှ မတွေ့ ရတော့
အံအားသင့်ကျပါတယ်  ပိစပ် ဆက်စားခိုင်းပါတယ် လူနာ  ကျောက်ကပ်
တစ်ဖက်ပျက်စီးပြီးကျန်တစ်ဖက်က

လည်းနည်းနည်းလေးပဲ ကောင်းတော့ တာလေ  ခုတော့ လူနာက  ဘဘ ပြောသလို ပိစပ်

စားတော့ ကျောက်ကပ်  ကျန်သေးတဲ့ 
တစ်ဖက်က  တစ်ဝက် ပြန်ကောင်းလာပါတယ်။ ကျွန်မဖတ်တဲ့တိုင်းရင်းဆေးစာအုပ်တွေထဲလည်း  ကျောက်ကပ်
အားပြန်ကောင်းစေတာက
ဂေါ် ရခါးသီး  ကကျောက်ကပ်  အား ပြန်ကောင်းစေတယ်လေ  လူနာကို ဂေါ်ရခါးသီး
အမြဲတမ်း အမျိုးမျိုးလုပ်စားခိုင်းပါတယ်
လူနာကိုဆေးစစ်တော့ကျောက်ကပ် တစ်ဖက်က  တစ်ဝက် ပြန်ကောင်းနြေ့ပီ  ဆရာဝန်တွေ
မယုံကြည်နိုင်ကျပါဘူး
အံအားသင့်ကြပါတယ်  ဘဘရဲ့သီလ  ပညာ  သိက္ခာ  ကလူတွေကယ်တင်ဖို့ အတွက်  အားဆေးတခွက်ပါ။

ဘဘ ကယ်တင်လို့ ကောင်းသွားတဲ့ ဝေဒနာရှင်တွေထဲမှာ မမလည်းအပါအ၀င်ဖြစ်ပါတယ်ရှင်


မမရဲ့ဒုတိယ  အဖေပါ   လူတွေအသက်ကို  ကယ်တင်နေတဲ့  ဘဘ  ခုတော

့မလွန်ဆန်နိုင်တဲ့  သင်္ခါရ
တစ်မလွန်ကို  သူကိုချစ်တဲ့ လူနာတွေကို  တတ်သလောက်  သိသလောက်
စေတနာမေတ္တာထားကုသကယ်တင်ပေးရင်း
ခွဲခွါ ထားခဲ့ ပါပြီ  ဘဘ
ပုံတွေကြည့် မမ မျက်ရည်ကျတယ် ဒီနှစ် မမငိုနေရတယ် နှစ်ဦးထဲက မမ ငိုနေရတယ်
ဘဘကို ကော ဘွားဘွားကိုကောခုမရှိတော့ဘူးပေါ့နော်
မမဆီဆိုဘွားဘွားကချစ်လို့ လာလယ်တယ် သိလား သမီးလေးလို ချစ်တယ်တဲ့

  မြင်တာနဲ့ချစ်တာတဲ့မမ  ခုတော့ငိုနေရပြီ ဘယ်သူ မှမရှိတော့ဘူး ဘွားဘွားဆုံးတုန်းကလည်းမသိဘူးခုလဲနာရေးမမှီဘူး အမျိုးလည်းမတော်ဘူးနော်
ဘ၀တစ်သက်မေ့တော့မှာမဟုတ်တဲ့ကျေးဇူးရှင်တွေပါ။




















































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































































Monday, April 26, 2010

စာရေးဆရာကြီး သာဂဒိုး ကွယ်လွန်

'ဟေ့ကောင် သာဂဒိုး၊ ငါမော လာတယ်ကွာ၊ လက်ဖက်ရည် တစ် ခွက်တိုက်စမ်းဟာ''
ကျွန်တော်တို့ ဂျပန်ခေတ် ဆက်သွယ်ရေးတပ် အမှုထမ်း ဖက် ဖြစ်သည်။ ဘယ်ကပေါ်လာသည် မသိ၊ ဂျပန်ခေတ်တုန်းကတော့ ဗဟန်းသားစစ်စစ်ဖြစ်သည်။
''ကိုမြင့် အခုဘယ်နေ တုံး ဟ၊ အိမ်သားတွေရော နေကောင်းကြ လား။ မင့်
ပင်စင်နဲ့တော့ မလွယ်မှန်း ငါတို့လည်း ဘဝတူမို့ သိတယ်ဟာ''
သူက တစ်ချိန်တစ်ခါ၏ ပင်စင် စနစ်နှင့်လာခဲ့သူဖြစ်တော့ မျက်နှာ ရှုံ့ပြ သည်။ နို့-
ကျွန်တော်ရော ဘာ ထူးသနည်း။ အယ်ဒီတာချုပ်ပင်စင် က တစ်
ထောင်စွန်းစွန်းလေးပဲ။ လက်ဖက်ရည်ဆိုင်ထိုင်လျှင်ဖြတ်သွား သည့်လူသိများ
ကျောပေးနေရမည့် ကိန်းဖြစ်သည်။ အခုက စာလေး ဘာလေးရေးရ၍ တော် သေးသည်။ ပြီး
ပိစပ်ကလည်း အတော်ကူတာမို့။
''ဟေ့ကောင်၊ မင်းဘာတွေ နာ မည်ကြီးနေတာလဲဟ။ ငါ့မိန်းမက မင့်ဆီ သွားဖြစ်အောင်သွားလို့ တွန်း
ချည်းလွှတ်နေတာ။ ငါ့နှမတစ် ယောက် အသက် ရှစ်ဆယ်၊ အိုဇာ တာ ဆိုးတယ်ကွာ။
အိမ်မှာလာခို နေရရှာတယ်။ သူတို့မှာ ဟိုလူသေ ဒီလူသေနဲ့ဟာ ဘဝအိမ်ထောင်ပြို
ပျက်တာဖြစ်ရတော့ အားကိုးရာ မရှိ တော့တဲ့ဘဝရောက်လို့ ငါ့ဆီရောက် နေတာပေါ့။
ငါတောင်အိုနေတာ သူအိုတဲ့ဒဏ်ပါခံရတော့ မှောက် တာပေါ့ကွာ။ ဒီနှမ အိုစိတ်ကလည်း
ဟိုမသိ ဒီမသိ ဖြစ်ချင်တာဖြစ်ဟ။ ဆွမ်းခံဘုန်းကြီးလှမ်းပြီး ငယ်ပေါင်း
လိုပြောလို ပြော နဲ့ဟာ။ ငါ့မိန်းမပြော တော့ မင့်ဆီမှာ အိုတဲ့လူသောက်
ဖို့လို့ ဆေးကောင်း ရှိဆိုလား''
ကျွန်တော်ရယ်မော၍ ''ဘယ် ကသတင်းစကား မဟားတရား ပြန့် ကားနေ ပြန်တုံး၊ အိုတဲ့လူသောက်ဖို့ ဆေးကောင်းရှိရအောင်
ငါကိုယ် တိုင်အိုပြီး ခနော် ခနဲ့ဖြစ်နေတဲ့ ဥစ္စာ''
''ဟ..မင်းအိုတာက ခံသာ သလိုလိုပဲ။ လူလည်းပဲ စိုပြည်လို့၊ မျက်မှန်မ တတ်ဘဲတောင် စာဖတ်၊
လူကလည်း သွက်လက်၊ ဂျာနယ် တွေ စာရေး ကောင်းနေတာလည်း တဖြောင်းဖြောင်း၊ မင်း
သောက်တဲ့ ဆေး ငါတို့ လည်း ကျွေးကွာ''
''ငါသောက်တဲ့ဆေးကတော့ ပိစပ်ပဲဟ။ ယုံကြည်ရင်လည်း သောက်ဖို့ ယူသွား''
''ဟ.. ကျေးဇူးတင်တယ်ကွာ၊ ဒါလိုချင်တာ၊ မင့်ရုပ်မင့်စတိုင်ကြည့် ပြီး
မင်းသောက်တဲ့ဆေးသောက်ရမှ ဖြစ်မှာလို့ကို စိတ်ဖြစ်နေတာ''
''မင်းနဲ့ငါနဲ့ကလည်း ကွာလှ တာ မဟုတ်တာ''
''မင်းသောက်လို့ ကောင်းသလို ငါလည်းသောက်လို့ကောင်းမှာပေါ့။ ခုကြည့်တော့ ငါ့အမြင်တော့ မင်းနဲ့ ငါနဲ့က
ကွာလွန်းနေတယ်ထင်တယ်။ ငါ့တစ်ကိုယ်လုံးကြည့်စမ်းပါဦး၊ အရိုး ငေါက်ငက်ဟာ၊
အိမ်မှာရှိနေကြတာ တို့လင်မယားမှာလည်း အရိုးပဒေ သာတွေချည်းဟ။ ဒီလိုအထဲ ပဒေ
သာ တစ်ဦးက တိုးလာသလိုဖြစ်တာ ငါ့နှမပဲ။ ခုလို အရိုးတွေပဒေသာဖြစ် နေသူ
အားလုံးဟာ မင်းလို အသားစို စိုတွေဖုံးပြီး ရုပ်လုံးပြောင်းပစ်အောင်
မင်းလုပ် ပေးကွာ။ မင့်မျက်နှာကြည့် တော့လည်း အိုတဲ့ကောင်ဖြစ်လျက် ကနေ
မှဲ့တွေ၊ အိုကွက်အိုဖုတွေ တစ် ပြောက်မရှိဘူး။ မင်းဘာဆေးလိမ်း လဲဟ၊
ငါတို့လည်း တစ်အိမ်လုံးလိုက် လိမ်းမယ်ပေါ့''
ကျွန်တော်မှာ သူပြောတာတွေ အူထဲကလည်း ရယ်၊ မျက်နှာက လည်း ရယ်တွေဖြစ်နေရသည်။
သာဂဒိုးပုံပေါက်ဖို့ သာဂဒိုးသောက် တာကို သောက် မှာတဲ့ဗျာ။
သူကပင် ''အိမ်မှာ အိမ်ထဲဖြစ် တာတွေက အိုလက္ခဏာတွေကွာ၊ ခဏခဏ သတိလစ်ချင်၊ အိုနာရော
ဂါတွေက ရှိလိုက်သေး။ မင့်ဆေး ငါ့ နှမ အရင် ကျွေး ချင်တယ်ဟာ။ အသိ
ကောင်းကောင်းပြန်ဝင်လာဖို့ အရေး ကြီးတယ်ကွာ။ ခုကတော့ ခွေးနဲ့ရန်
ဖြစ်ချင်ဖြစ်၊ ပဲပြုတ်သည်ကို 'အရှင်မ ကြီး' ဆို ရှိခိုးလို ခိုးကွာ။ နေဦး
သူ့က 'စိတ်ကယောက်ကယက်' ဖြစ်တာ လား။ အသက်ကြီး လာလို့ သူငယ် ပြန်ချင်သလို
ဖြစ်တာလား''
''မင်းက ငါ့စစ်ဆေးမနေနဲ့လေ။ ရောဂါပျောက်ရင် ပြီးရောမဟုတ် လား။ အိုလို့စိတ်ကယောက်ကယက် ဖြစ်ဖြစ်၊
အိုက်ဇိုင်းမားဝင်လာပြီး အတိတ်မေ့ သွားသွား၊ ကောင်းမွန် ညင်သာဖြစ်လာရင်
မင်းကျေနပ် ပေါ့ဟ''
''အိုက်ဇိုင်းမားက တကယ့်ကို အတိတ်မေ့တာနော်။ အဲဒါပြန်သတိ ရအောင် လုပ်ပေးနိုင်တဲ့ မြန်မာဆေး ဆိုရင်တော့ ဟား..လက်မထောင်
ရော့ပဲ''
''အေး..ကမ္ဘာကျော်၊ ကမ္ဘာ့ အထိတ်တလန့် ရောဂါဟ''
''သာဂဒိုးရာ-မင်းအဆင်ပြေရင် ငါတို့အိမ်တစ်ခေါက်လောက် လာခဲ့ ပါလား ကွာ။
ဘုန်းကြီးတစ်မျိုး၊ ဈေး သည်တစ်မျိုးလုပ်နေတဲ့ ငါ့နှမရောဂါ သည်
ကြည့်ကြည့်ပေးစမ်းပါ။ သူ့ အဖြစ်က စိတ်ထိခိုက်ဖောက်ပြန်တာ လား၊
ရိုးရိုးသတိမေ့ရောဂါလိုဖြစ် တာလား ဒါမှမဟုတ် အိုက်ဇိုင်းမား ဆိုတာ ဖြစ်တာ
လား၊ ကူညီစမ်းပါ ကွာ။ နေဦး မင့် တစ်ခုမေးရဦးမယ်။ မင်းရဲ့ အတွေ့အကြုံ
အရပေါ့ကွာ၊ မင်းလုပ်တဲ့ ပိစပ်ဟာ အိုက်ဇိုင်းမား ရောဂါ ပျောက်သလား၊
စမ်းပြီးပြီ လား၊ အတွေ့အကြုံရှိလား''
ဤမေးခွန်းများကို ကျွန်တော် ဘာမျှပြန်မပြောနိုင်ဘဲ ကျွန်တော့် စိတ်ဝေကာ ငေးသွားစေခဲ့ပါသည်။ မကြာခင်က
အဖြစ်အပျက်တစ်ခု အတွက် ကျွန်တော် အတွေးခက် ကာ ကြောင်သွားမိ ရခြင်းပဲ
ဖြစ်ပါသည်။
''သူငယ်ချင်းကို ဘာလို့တော့ မပြော နိုင်ဘူး။ မကြာ ခင်က ပိစပ် ထူး ဆန်းမှု တစ်ခုကို တော့ ငါတို့ တွေ့ကြုံခဲ့တယ်ကွာ။ အဖြစ်ကို
ငါပြောမယ်။ ဒေးဒရဲက မိသားစုပေါ့လေ။ သားသမီးများက ရန်ကုန်မှာ နေတယ်။
ရန်ကုန်မှာ နေတဲ့ သမီးဖြစ်သူနဲ့ ဒေးဒရဲက အဖေကိစ္စပါ။ အဖေက အသက် ၉၂ နှစ်
ရှိပြီ''
''ဟ..ဟ..အသက်မနည်း ပါလား၊ တကယ်ကို ရှားပါး''
''ဒေးဒရဲက အဖေကြီးဖြစ်သူ နာမည်က ဦးပေါ်ငါးတဲ့။ ရန်ကုန်က သမီး
ဖြစ်သူနာမည်ကတော့ မခင် ဆွေတင့်ဆိုတယ်။ အဖေဖြစ်သူက သတိမေ့ မေ့နေတယ်။
သတိမေ့တာ က များများလာနေတယ်။ အသက် ကြီးလာရင် မေ့တတ်တာမို့ အဆန်း ကြီးလို့
မပြောနိုင်ဘူး။ ဒါပေမဲ့ သမီး အရင်းကြီးကို နောက်မေ့မေ့လာတာ ကို
အထိတ်တလန့်ဖြစ်တယ်ပေါ့။ မခင်ဆွေတင့်ကို ရှေ့မှာထားပြီး လုံး လုံးမသိတဲ့အထိ
ဖြစ်သွားတာကို အံ့သြထိတ်လန့်ဖြစ် ကုန်ရတယ်။ နောက် သမီးက ရန်ကုန်ပြန်လာ တယ်။
ခင်ပွန်းရှိရာပေါ့လေ။ ခင်ပွန်း အမည်က ဦးထွန်းဝင်းတဲ့၊ ရွှေတောင် တန်းမှာ
နေကြတယ်။ တစ်နေ့မှာ သတင်းတစ်ခုကြားပြီး ထိတ်လန့်ကြ တယ်။ မခင်ဆွေတင့်ဟာ
အဖေသုံးဖို့ ပိစပ်ချောပေးခဲ့တယ်လေ။ ဒီ ပိစပ် စားမိပြီးမှ မခင်ဆွေတင့်ကို
အဖေ သတိတရဖြစ်သွားပြီး မေးတော့ တယ်၊ အဲဒီမှာ အံ့သြကုန်တာ''
''ဟ...ဟ...ဒါလည်း အကြောင်းဆန်းတစ်ခုပါလား။ စိတ် ဝင်စားစရာ ပါလား။ ဒါကို
သူငယ် ချင်းက ဘယ်လိုသိလဲ၊ ဘယ်စကား ဝိုင်းကနေ ကြား တာလဲဟာ''
''တစ်ဆင့်စကားဆိုရင်တော့ တစ်မျိုးပေါ့ဟာ။ ဟိုက ဒီကကြား တာမျိုး မဟုတ်ဘူး။
မခင်ဆွေတင့်တို့၊ ဦးထွန်းဝင်းတို့ဆီကကို ကိုယ်ကြား တာပါ။ ကိုယ်က
တိုက်ရိုက်မေးတာ လေ။ တစ်ဆင့်စကား လုံးလုံးမဟုတ် ဘူး''
''ဒါမျိုးက ဆက်လေ့လာရမှာ အသေအချာပဲ။ နင်ပေါ့မနေနဲ့ဟ။ ဖြစ်နိုင်ရင် သတင်းအဆက်ကို ရနိုင်
ဖို့ကြိုးစားလေ။ မေ့မေ့လျော့လျော့ ကြီးဖြစ်နေတဲ့ သက်ကြီးရွယ်အိုကို
ပုံမှန်ပြန်ဖြစ်အောင် လုပ်နိုင်တယ်ဆို တဲ့စွမ်းရည်ဟာ နည်းတဲ့စွမ်းရည်
လားဟာ။ ဒါ.. ဒါ..သက်ကြီး ရွယ်အိုတွေရဲ့ သားသမီးတိုင်းလိုလို က လိုချင်နေတဲ့
ဆေးအမျိုးတစ်မျိုး ပဲ။ ဒီရောဂါဖြစ်တဲ့သူတွေရဲ့ သား သမီးတိုင်းဟာ အင်မတန်
စိတ်နှလုံး ကြေကွဲလှုပ်ရှားတွေ ဖြစ်ကြရတယ်။ အခု ငါ့နှမစိတ်ကိစ္စဆို
တစ်နေ့တစ် နေ့ အေးရတယ် မရှိဘူးလေ။ စိတ္တဇ ဘက် ရောက်နေရှာလား။ အသက် ကြီး
လာလို့ ဖြစ်လာတဲ့ အခြေအနေ လား။ စိတ်ကျန်းမာရေးဆရာဝန်ဆီ သွားရ လည်း
လုပ်ရတယ်။ အသက် ကြောင့် ပြောင်းလဲတာလည်း ပါနိုင် တော့ သိရ ကြည့်ရခက်ကိုး။
အခု တော့ မင့်ဆေးကျွေးကြည့်ချင်တာ၊ စမ်းချင်တာ ဖြစ် သွားပြီ''
''ယူပါသူငယ်ချင်းရာ၊ လိုသ လောက်ကိုယူကွာ။ ပြီးတော့ တွေ့ တာဖြစ်တာ
သိသမျှလည်း ကိုယ့် ပြန်ပြော''
''အေး...အသက်ကြီးလာ ခြင်းသဘာဝကိစ္စလား၊ရောဂါကြောင့် ဖောက်ပြန်ခြင်းလားတွေပေါ်အောင်
ကိုယ်တို့ဂရုစိုက်ပါ့မယ်။ အချိန်အခါ အသက်အရ ကလည်း ဒီလိုမျိုးတွေ ဖြစ်ဖို့ရာ
တိုက်ဆိုင်တာကိုး။ သဘာဝ ကိစ္စကတော့ ကျော်လွှားဖို့မလွယ် ဘူးပေါ့။
ရောဂါကြောင့်ဆိုရင်တော့ ကိုယ်စွမ်းရှိသမျှ ကတော့ ဝိုင်းကြိုး
စားပေးရမှာပေါ့လေကွာ။ မင့်ဆေး စွမ်းလည်း ပေါ်မှာ ပါကွာ''
ကျွန်တော်တို့ နှစ်ယောက်သား သက်ပြင်းပူတွေ ပြိုင်တူမှုတ်မိရပြန် လေသည်။
သာဂဒိုး

စာရေးဆရာကြီး တစ်ဖြစ်လဲ သတင်းစာဆရာ တစ်ဦး ဖြစ်တဲ့ ဆရာသာဂဒိုး (၈၅) နှစ် ဟာ ဧပြီလ ၂၄ ရက် နံနက် ၆ နာရီအချိန်တွင် ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံကြီးမှာ ကွယ်လွန် အနိစ္စ ရောက်သွားခဲ့တယ်လို့ သိရှိရပါတယ်။
ဆရာကြီးဟာ ဧပြီလ (၇) ရက်နေ့တုန်းက နေပြည်တော်မြို့ ကို နေ့ချင်းပြန်ခရီးနှင်ခဲ့ပြီး ခရီးပန်း အပူဒဏ် ခံရတာကနေ လူကြီးတစ်ယောက်ရဲ့ ဇရာနဲ့ ဆုံးရှာတယ်လို့ သိရပါတယ်။
ဆရကြီး သာဂဒိုး ကို ၁၉၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် အဖ ဦးဆိုင်၊အမိ ဒေါ်မေညွှန့်တို့က ဧရာဝတီတိုင်း ၊ပုသိမ် မြို့နယ် ဒါးကမြို့အနီးရှိ ဖျာတန်းကျေးရွာမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
၁၉၄၄ ခုနှစ်ကနေစပြီး ရန်ကုန်သတင်းစာ၊ အိုးဝေ သတင်းစာတို့မှာ ကာတွန်းများရေးဆွဲပြီး ကာတွန်းဆရာအဖြစ် စာနယ်ဇင်းလောက ထဲကို ၀င်ရောက်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်သူရိယသတင်းစာ စတင်ထွက်ရှိချိန်မှာတော့ မတော်လှန်ရဲသူတို့၏ တော်လှန်ရဲသူ ဆိုတဲ့ ကိုယ်တွေ့ဆောင်းပါး များ ရေးသားမှု စတင်ခဲ့ပြီး တပ်နီလမ်းစ စာအုပ် ပထမဆုံးထွက်ရှိခဲ့ပါတယ်။
၁၉၄၆ မှာတော့ ရှုမ၀မဂ္ဂဇင်း၊ မြ၀တီမဂ္ဂဇင်း စတဲ့ မဂ္ဂဇင်းတွေမှာ ၀တ္တုတို ၀တ္တုရှည်များကို ရေးသားခဲ့ပြီး ၁၉၅၂ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်မှာ သတင်းစာ ဒီပလိုမာ သင်တန်းတက်ရောက်ခဲ့ပြီး သြစတြေးလျ၊ နယူဇီလန် စတဲ့ နိုင်ငံတွေမှာ သတင်းစာ ပညာကို လေ့လာခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မှာ ယနေ့မြန်မာနိုင်ငံတွင် လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ နေ့စဉ်ထုတ် ကြေးမုံ သတင်းစာ အယ်ဒီတာချုပ် ဘ၀နှင့် အငြိမ်းစားယူသည် အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၂၀၀၄ ခုနှစ်တွင် စာများကို ပြန်လည် ရေးသားခွင့် ရခဲ့ရာမှ စူလာနဖာနှင့် ဆေးနည်းဆေးပင်များ စာအုပ်ထွက်ရှိခဲ့ပြီး အောင်မြင်မှုများစွာရရှိခဲ့ပါတယ်။
ဆရာကြီးရဲ့ ရုပ်အလောင်းကို ဧပြီလ ၂၆ ရက်နေ့ တနင်္လာနေ့ နံနက် ၈ နာရီ ခွဲအချိန်တွင် ရေဝေးသုဿာန်တွင် မီးသဂြိုလ် ပြီးစီးကြောင်း ...........
အစီရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျာ။
သာဂဒိုးအိမ်သို့ 'လေ့လာချင် လို့' ဆိုပြီး စင်ကာပူမှ တိုင်းရင်းဆေး ပညာရှင်ကြီးတစ်ဦးလာပါသည်။ လေ့လာချင်လို့တဲ့။ ကျွန်တော်အံ့သြ သွားရပြန်ပါ သည်။ ကျွန်တော်နှင့် ပိစပ်ကို နိုင်ငံခြားက လေ့လာမေး မြန်းသူ
အတော်ကြုံနေကြရာတွင် ဒီတစ် ခါတော့ အတော်ထူးသည် ပြောရ မည်လား။ တစ်နေကုန်
ဤပုဂ္ဂိုလ် ကထိုင်ကြည့်နေပြီး သာဂဒိုး ကိုကြည့်ကာ ငွေတစ်သိန်းကျော်ဆု
ချသွားခဲ့လေပါသည်။ (ဆုတွေ ကြည့် လိုက်တော့ ငွေတစ်သိန်းနှစ် သောင်း)
အမှန်က သူကျွန်တော့်ကိုမေး ဖို့ လာတာဖြစ်သည်။ ပိစပ်ဆိုတာ ဘယ်လိုလဲ၊
လူတွေဘယ်လိုရောဂါ ပျောက်နေလဲ၊ ဘယ်လောက်အထိ ရောဂါပျောက်သလဲ၊ ကုသတယ်ဆို တာက
ဘယ်လိုလဲ၊ ဒါတွေသူသိချင် တာများဖြစ်နေလို့ တမင်လာခြင်း ဖြစ်သည်။
စင်ကာပူတွင် တိုင်းရင်း ဆေးအကြီးအကျယ်လုပ်သူကြီးလို့ သိထားရသည်။
ကျွန်တော်က ပိစပ်ဆိုတာ မြန်မာပြည်အနှံ့ အလေ့ပေါက်အပင် တစ်မျိုးဖြစ်ပြီး
တစ်နိုင်ငံလုံးတွင် ကြိုကြိုကြားကြား နေရာလိုကအစ
အပင်တွေပျံ့နှံ့တည်ရှိနေပုံကို ပြော ပြသည်။ ပြီး အပင်၏ထူးခြားချက် မှာ
ဤအပင်တစ်မျိုးတည်းကပင် ရောဂါပေါင်းစုံတွေ အစုံပျောက်ပုံကို ပြောပြသည်။
ဟင်..သူဘယ်လို ယုံမည်နည်း။
မယုံရင်လည်း မတတ်နိုင်၊ ဒီ အတိုင်းပြောသည်။ သူ ကျွန်တော့် ကိုစူးလို့ကြည့်နေသည်။
ရောဂါပျောက်ပုံများကိုရော သူ့မျက်လုံးကြီးပြူးလို့ကြည့်နေသည်။ ဘယ်လိုလုပ်
ယုံမည်နည်း။ ကင်ဆာ မျိုးစုံစပြောကတည်းက ခေါင်းကုတ် ပြီ။ သေမိန့်ကျ၊
(ဘယ်တော့သေ မယ်သတ်မှတ်) ကင်ဆာကိုအသက် ပြန်လုနိုင်ခဲ့တာတွေပြောတော့ သူမယုံတာ
မျက်နှာ၌ထင်းခနဲကြီး ပေါ်နေသည်။ ဘာတတ်နိုင်မည် နည်း။ ကိုယ်က အမှန်တွေပြောနေ
တာပဲ။
ဦးနှောက်ကျူးမား အကျိတ် များ အစုံအကုန်ပျောက်ပုံ လုံးဝမခွဲ ဘဲ ပိစပ်စားတာနှင့်ပျောက်ပုံ၊ နှလုံး အဆို့ပျက်ရောဂါ လုံးလုံးမခွဲဘဲ
ပျောက်ပုံ၊ တစ်ကမ္ဘာလုံးမှာ ခွဲကုနေ ရသည့် ဂရင်ဂျီနာကို ပိစပ်ဝါးစားရုံ
ဖြင့် ကျွတ်ထွက်ပုံကိုပြောလိုက်တော့ သူခေါင်းခါနေပါတော့သည်။
ဘီပိုး၊ စီပိုးရောဂါကို ပိစပ်နဲ့ကု တာ၊ ငါးလနှင့်နဂ္ဂတစ်ပျောက်ရပုံ၊
အေအိုင်ဒီအက်စ်ရောဂါလက္ခဏာ ရောဂါတွေ သုံးပတ်(သုံးပတ်)နှင့် ပျောက်ပြီး
ရှစ်လ၊ တစ်နှစ်မှာရောဂါ စင် နဂ္ဂတစ်ရပုံ၊ ပါကင်ဆန်ရောဂါ လက်လှုပ်ခြင်း၊
ပိစပ်သောက်၍ ခြောက်လမှာ လုံးလုံးပျောက်ခြင်း များပြောရာ သူ့ကြည့်ရတာ နား
ကြားပြင်းကတ်လာသလား မျက်နှာ မှာ ပေါ်လေတော့သည်။
ဒီလို ဒီလိုတွေ ကျွန်တော်ပြော လို့အရှိန်ရနေတုန်းမှာ အချိန်က ထမင်းစားချိန်ကျော်လာတော့
ပိစပ် ကိစ္စလာသူတို့ရှိရှိလာရာ သူနှင့် စကားပြောရတာ နည်းနည်းတန့် သည်။
''ဆရာ၊ ကျေးဇူးတင်လိုက်တာ၊ ကျွန်မလျှာကင်ဆာ လုံးလုံးပျောက် သွားပြီ။ အခုက
အဖေအတွက် ဆေးယူဖို့''
အမျိုးသမီးတစ်ယောက်လာ ပြောလာသည်ကို သူ့စကားပြန်က ပြန်ပြောရာ သူ ဟိုက်ခနဲကို အံ့သြ သွားပုံပေါ်ပါသည်။
ကျွန်တော့်ကို တောင်းပန်ပြီး ထိုအမျိုးသမီးကို မေး ခွန်းမေးခွင့်တောင်းသည်။
သူ့စကား ပြန်ကနေ မေးချေတော့သည်။ လျှာ ကင်ဆာဖြစ်ပုံ၊ ဘယ်နေရာမှာကုခဲ့ပုံ
နှင့် အခုပိစပ်ဖြင့်ရောဂါပျောက်ပုံ များကို မေးနေတော့သည်။ လျှာ ကင်ဆာကုတာ၊
ကုနိုင်တာတွေကို သူခေါင်းထဲသွင်းမရ ဖြစ်ပုံရသည်။
သူ့အသိစိတ်မှာသွင်းမရသော်လည်း သူ့မျက်စိရှေ့မှာက တကယ့်တကယ်
တကယ်ဖြစ်နေသည်လေ။
နောက်တစ်ယောက်ကတော့ သူပိုစိတ်ညစ်ပြီ။ ရောဂါက ပါကင် ဆန်ရောဂါဖြစ်နေသည်။ ကမ္ဘာမှာ အကုခက်နာမည်ကြီးရောဂါ မဟုတ် လား။
အခုသူ့ရှေ့တွင်ရောဂါပျောက် သူကို မျက်မြင်တွေ့နေပြီ။ ပိစပ်ဆို တာ
ဆန်းပြားမှုကို အံ့သြတကြီးဖြစ် နေရပြီ။ ဘယ်လိုအထိ အစွမ်းထက် သလဲ။
သူ့ရှေ့တွင် မျက်မြင်နားကြား ဖြစ်ကာ ခေါင်းကလက်မခံချင် နေ ဦး၊
မျက်လုံးကတော့ မျက်မြင်ကြီးမို့ လက်ခံနေရပြီ။
နောက် လူငယ်တစ်ဦးလာ သည်။ ဆေးထုပ်များ ရပါရစေလို့ဆို သည်။ ဘယ်မှာသောက်မှာလဲ၊ ဘာ ရောဂါလဲ
သူဝင်မေးသည်။ လူငယ် ကဖြေတော့ သူမထင်တော့ ဟိုက်ခ နဲဖြစ်သွားသည်။ သူငယ်ဖြေတာက
ဤပိစပ်ကို အမေရိကန်ကမှာလို့ ပို့မှာတဲ့။ ကင်ဆာရောဂါအတွက် သောက်ဖို့ပါတဲ့။
မြန်မာများ ကမ္ဘာ သို့ပို့ရန်လုပ်ပုံကို ပြောပြသည်။ အင်
မတန်ဆေးထူးတွေပေါသည့် အမေ ရိကန်က ပိစပ်ဆိုတာကို မှာသည် ဆိုသည်ကို
သူအံ့သြပြန်တာ ဖြစ် တော့သည်။
ဒီနောက် ရောဂါရှင်တို့ လာ တာပြောတာ၊ သာဂဒိုးလုပ်တာကိုင် တာများကို သူစူးကြည့်နေလေပါ တော့သည်။ သာဂဒိုးလုပ်တာက
လာသူကို ရောဂါမေးသည်။ ပြီး တော့ ကုရန်နည်းလမ်းပြောသည်။
ပိစပ်ထောင်းသောက်ခြင်း၊ ပိစပ်ကျို သောက်ခြင်းကိစ္စများပြောသည်။ ရောဂါဖြစ်သူက
သူ့မှာအခြေအနေ အရ ပိစပ်ကိုမရှာနိုင်၊ တောင်း၍ အဆင်မပြေနိုင်၊
အသင့်လုပ်ပြီး ပိစပ် ချောကို လိုချင်သည်ဆိုရင် ပိစပ် ချောပေးသည်။
နေရာဒေသကို မေးသည်။ ပိစပ် ရှိမရှိမေးသည်။ ပြီး နည်းလမ်း များပေးသည်။
ဤလိုကုနည်းဖြင့် ဘယ်လိုပျောက်နိုင်တာပြောသည်။ သာဂဒိုးပြောတာဆိုတာနှင့်
ဆက်ဆံ တာများ သူစူးကြည့်နေပြီး ကမ္ဘာ့ ဆန်းပြားတဲ့နေရာတစ်ခုပါလားလို့
သူပြောပါတော့သည်။
ဒိုး ''ဘာများ ကျွန်တော် ဘာ တွေဆန်းပြားလှတာလဲ။ ဆရာကြီး ခင်ဗျ''
ဆရာကြီး ''ခင်ဗျား လူမမာ သည်တွေ၊ ရောဂါသည်တွေဆီက ပိုက်ဆံမတောင်းပါလားဗျ''
''ဟာ..ကျွန်တော်က ဆေး ကုနေတာ မဟုတ်ဘူး။ ဆေးကူညီ နေတာပဲ။ ဘာလို့ ကျွန်တော်က သူ တို့လူနာများဆီက ကြည့်ခ၊ မေးခ၊
လမ်းညွှန်ခရယ်လို့ ယူနေရမှာလဲ။ ဟဲ..ဟဲ..ကျွန်တော်က ကိုယ့်
ထမင်းကိုယ်စားစရာလည်း ရှိနေပါ တယ်လေ။ ဒါ..ဒါ..အင်း.. မတော်တဆ
သူများလည်ပင်းညှစ် ရာလည်း မကျချင်ပါဘူးလေ။ ရောဂါဖြစ်တာတွေ လမ်းညွှန်တယ်။
ပိစပ်သောက်နည်းများသင်တယ်။ ပိစပ်သောက်ဖို့ အဆင်မပြေဘူး။ အချိန်မရှိဘူး။
ဘာဘာညာညာ သမားတော့ ပိစပ်ချောသောက်ပေါ့ လေ။ ကျွန်တော်လုပ်ပေးတော့ လုပ်
ခတောင်မယူပါဘူး။ မီးသွေးဖိုးပဲယူ တယ်။ မီးသွေးဖိုးက ပိစပ်အဆီထုတ်
ရတာဆိုတော့ ရှားပါးတဲ့မြိတ်မီးသွေး ကို တစ်ခါဝယ် သုံးသိန်း၊ လေးသိန်း
ကုန်တယ်လေ။ ဒါ..ဒါ..စေတ နာထားလို့ ကိုယ်ခန္ဓာညှာတာပြီး ဒီလိုယူရတာ။ အမယ်မယ်
ဒုက္ခိတ အများလည်း လှူရတာ ခမ်းနား တယ်နော်''
ဟုတ်ကဲ့..ဒုက္ခိတ ဖြစ်ရသူ များလည်း များနေသားကိုးလေ။
စင်ကာပူဆရာကြီး တစ်ချက် တွေပြီး ''ခင်ဗျား ဆေးခမယူ၊ ဆေး နည်းပေး၊ ကုနည်းသင်ပြနဲ့ဟာ ခင် ဗျား အလုပ်ဟာ
မဟာအလုပ်ပဲ။ ကျွန်တော်စိတ်စေတနာတွေ လှုပ် ရှားလာတယ်ဗျ။ ခင်ဗျားကို ဂုဏ်ပြု
လှူချင်လာတယ်ဗျာ''
ဤဆရာကြီးက ဒီလိုပြောခဲ့ပြီး သူ့အိတ်ဆွဲဖွင့်ကာ ကျွန်တော့်ကို ထူးခြားစွာ ငွေတစ်သိန်းကျော်ပေး အပ်ပါတော့သည်။ ကျွန်တော်
လည်း မကြုံစဖူး၊ စိတ်လည်းမကူး တာမို့ သူငွေပေးတာနှင့်ပင် ခွကျ ကုန်ပါသည်။
''မရှောင်နဲ့၊ မရှောင်ပါနဲ့။ ခင် ဗျား လူထူးလူဆန်း၊ စိတ်ဆန်း ကျွန်
တော်ခေါင်းထဲ စွဲသွားတယ်။ ကျွန် တော် ကမ္ဘာနှံ့ခဲ့သူပါ။ ခုလို ရှားပါး
နေပါတယ်။ ခင်ဗျား စေတနာ၊ ခင် ဗျားကုသိုလ်ကို ကျွန်တော်စေတနာ
ကုသိုလ်လုပ်တာပါဗျာ။ ဆေးနည်း ပေးတဲ့ ဆေးဆရာက ကမ္ဘာမှာဘယ် ရှိမလဲ၊ မရှိဘူး၊
မရှိဘူး။ ဆေးနည်း သင်ပြီး ဆေးကုတာရော ကမ္ဘာမှာ ဘယ်မှာရှိမလဲ၊ မရှိဘူး၊
မရှိဘူး၊ လုံး လုံးမရှိဘူး''
ကျွန်တော် နေခက်ခက်ကြီး ဖြစ်သည်။ ကျွန်တော်လုပ်နေတာ မြန်မာစိတ်ဖြင့် လုပ်နေတာဖြစ် သည်။ မြန်မာလိုပဲတွေး၍
မြန်မာလို ခံစားသည်။ မြန်မာလိုဆောင်ရွက် သည်။ ရှေးဆရာကြီးများဆို လွယ်
အိတ်တစ်လုံးနှင့် လျှောက်သွားပြီး အပင်၊ အပွင့်များထိုးထိုး ထိုးပြ
ကာဆေးကုကြသည်လေ။ ရောဂါ ပျောက်သည့်နောက် လက်ဖက် ကျွေးလည်း ပြီးတာပဲ။
ရောဂါကြီး လို့ လုံချည်ကန်တော့တော့လည်း ပြီးတာပဲ။ မြန်မာစိတ်လေ။ အခု
ကျွန်တော်လည်း မြန်မာစိတ်ပဲလေ။ အင်္ဂလိပ်စိတ်ပေါက်သည့် ဆရာများ နှင့်
တွဲကြည့်လို့ကတော့ စေတနာ အရှိကို ဘယ်လာသိမှာလဲ။
''ဟုတ်တယ်.. ဆေးနည်းပေး ပြီး ဆေးကုပေးတာ အခုကမ္ဘာကြီး မှာ မရှိပါဘူးလေ။ ဆေးနည်းကို
ကြပ်ကြပ်ကျစ်ကျစ် ညှစ်ဝှက်ပြီး လုပ်စားပစ်တာချည်းပဲ''
ကျွန်တော်မျက်နှာတွေ ထူ ကုန်ပါပြီ။ အနေခက်ကုန်ပြီ။
ကိုယ့်ကို ဂုဏ်တင်တာ ဝမ်း သာပါသည်။ စိတ်ထဲမှာ ကိုယ်ထဲမှာ ဂုဏ်ယူပါသည်။ မြန်မာပြည်မှာ
စင် ကာပူကလာပြီး အမြင်ကောင်းတာ သိပ်ကိုဝမ်းသာပါသည်။ စင်ကာပူ တွင်
တရုတ်တိုင်းရင်းဆေးကို အကြီး အကျယ်လုပ်နေသော ပညာရှင်ကြီး တစ်ဦးဆိုတာလည်း
သူနှင့်ပါသူက ထပ်ပြောသည်။ ဤလိုပညာရှင် အမြင်လှသွားခြင်းကို သိပ်ကိုဝမ်း
သာရပါသည်။
သာဂဒိုး

Photo Album 2010-04-26 #4




Photo Album 2010-04-26




်အလွမ်း မှာတမ်း

အလွမ်း မှာတမ်း

မင်းနဲ့  ငါနဲ့ ရူးတော့မယ်

ဘယ်လိုလူဝင် နှောက့်ယှက်

အမှန်ကို
အမှားထင်


မစ္ဆာကောင် နတ်ဆိုးဝင်ပူး

မင်းနဲ့  ငါနဲ့ ရူးတော့မယ်

ဘ၀ ဘ၀ ၀ဋ်ကျွေး

ဆပ်လို့ ကိုမကုန်နိုင်သေး

ရူးရင်လဲ
ရူး

မရူးရင်လဲ
ထူး


ဘယ်သူမြင် ဘယ်သူသိမှာလည်း

ဘယ်သူမှ မလိုအပ်ဘူး

ချစ်သူကိုပဲ မက်မောတယ်..


ကြည်နူးခဲ့မှုတွေ အတွက်

ကြေကွဲခြင်းတွေနဲ့ ပေးဆပ်ရမှာလား

မျက်ရည်ပေါက်မိုး ရွာသွန်းဖြိုးလည်း
လွမ်းခြင်းဘယ်သူ ကူမှာလဲ - - - ။ ။


လွမ်းခြင်း
ဘယ်သူ ကူမှာလဲ - - - ။ ။

စိတ်ချင်း ဆက်သွယ် လာခဲ့ မှာ......။

ဆောင်းညအိမ်မက်

ဂယောက် ဂယက်တဲ့

ဒီအိမ်မက် ကစွဲလန်းလွမ်းလို့  
စိတ်ချင်းဆက်တာနေမှာပါ။

ခိုက်ခိုက်တုန်အောင် ချမ်းအေးလှတဲ့

ဆောင်းညတွေမှာ

ကြင်ဖော်မရှိလည်း စိတ်နဲ့ဆက်သွယ်ဖက်လိုက်ပါ

ရင်မှာနွေးလို့  နှင်းလေးတွေတောင် ပျောက်ကုန်မယ်နော်

ချစ်သူလွမ်းရင် အလွမ်းပြေပေါ့

ချစ်သူရင်ငွေ့  နွေးထွေးနေတယ်

အိမ်မက်ထဲမှာ ဖက်လိုက်ပါ
စိတ်ချင်း ဆက်သွယ် လာခဲ့ မှာ......။






Sunday, April 25, 2010

ကျေးဇူးပြု၍ ဒီနေရာလေးမှာ လက်မှတ်ထိုးပေးစေချင်ပါသည်

ကျေးဇူးပြု၍ ဒီနေရာလေးမှာ လက်မှတ်ထိုးပေးစေချင်ပါသည်
ခင်ဗျာ<http://myanmar-myanmar.net/index.php?option=com_petitions&view=...

>

Microsoft Corporation တွင် ‘*လူဦးရေ ၅ သိန်းကျော်က အသုံးပြုသော ကမ္ဘာ့

ဘာသာစကား
အားလုံးကို Microsoft Windows တွင် ထည့်သွင်းပေးရမည်*’ ဆိုသည့် official
policy
ရှိပါသည်။ သို့ပါသော်လည်း အကြောင်းအမျိုးမျိုးးကြောင့် မြန်မာစာ font မှာ
မပါဝင်နိုင်သေးဘဲ ရှိနေပါသည်၊ ကျွန်တော်တို့ ညီအကိုမောင်နှစ်မ များ
အားလုံးက
ဝင်ရောက်၍ သက်ဆိုင်ရာ ဌာန မိုက်ခရိုဆော့သို့ ထိရောက်အောင်
ြ်မန်မာ ဘာသာကို သုံးစွဲသူ ငါးသိန်းကျော်ရှိကြောင်း
ထိရောက်အောင်
တောင်းဆိုမည့် အစီအစဉ်
ဖြစ်ပါသည်။


လက်မှတ် ရေးထိုးသူ အသင့်အတင့် များလာပြီဆိုလျှင်၊ ဤတောင်းဆိုချက်



အပြည့်အစုံကို
စာရွက်ပေါ်တွင် ရိုက်နှိပ်ပြီး၊ ဘီလ်ဂိတ်နှင့် စတီး ဘော်လ်မာ
တို့ထံ ပေးပို့မည်ဖြစ်ပါသည်။
ပြည်တွင်းရှိ မြန်မာ ပညာရှင် လူမျိုး များလည်း မိုက်ကရိုစော့တွင် မြန်မာ
font
ပါဝင်လာအောင
တောင်းဆို ကာ အထူးကြိုးစားနေကြပါသည်


အောက်ပါ URL ကို link လုပ်ပေးပါ ဟုလည်း ကျွန်ပ်တို့မှ မေတ္တာရပ်ခံလို



ပါသည်။
ကျေးဇူးပြု၍ ဒီနေရာလေးမှာ<http://myanmar-myanmar.net/index.php?option=com_petitions&view=...>ကလစ်နှိပ်၍

ဝင်ရောက်၍ လက်မှတ်ထိုးပေးစေချင်ပါသည် ခင်ဗျာ....




မှတ်ချက် (



http://myanmar-myanmar.net
) နှင့် ( Myanmar IT development ) မှ
ဖတ်ရှု့၍ တဆင့် ပြန်လည်ရေးသား ဖေါ်ပြခြင်းဖြစ်ပါသည်ခင်ဗျာ


ချွင်းချက် ။ ။ဆိုဒ်တွင် အကယ်၍ မြန်မာ စာလုံးများအား အစီစဉ်မကျ



မြင်တွေ့နေရပါက
ခေတ္တခဏ စောင့်ဆိုင်းပေးပါ..
ထိုဆိုဒ်တွင် မြန်မာ font မရှိသည့် အတွက် စက်တွင်ပင် မြန်မာလို
ဖတ်ရှု့လို့ရအောင် ဖေါ်ပြထားခြင်းဖြစ်ပါသည်။

မြန်မာအိုင်တီလင့်ခ်များ (ဂျာနယ်စုံ).မြန်မာသီးချင်းဆိုက်လေးပါ***အွန် လိုင်း ဂိမ်းရွှေဈေး၊ဒေါ်လာဈေး(ဓမ္မသီချင်းများ)(ဘောလုံးသတင်း) ***အခြား သော Links များ..။


*ဖတ် လို ကောင်းတဲ့ ဂျာနယ် များ...
www.myanmar.mmtimes.com (မြန်မာတိုင်းစ် ဂျာနယ်ကိုမြန်မာလိုဖတ်မယ်နော်)
www.planet.com.mm (သတင်းလေးတွေစုံတယ်နော်)
www.people.com.mm (မဂ္ဂဇင်း စာအုပ်လေးနော်)
www.khitluneg.org.mm (တွေနဲ့ သတင်းစုံတွေ)
www.popularmyanmar.com (ပေါ်ပြူလာဂျာနယ်လေးနော်)
www.first-11.com
www.weeklyeleven.com (eleven ဂျာနယ်စုံ)
www.snapshop.com(လျှပ်တစ်ပြက်
ဂျာနယ်)
www.myanmar.com(ကြေးမုံ၊မြန်မာ့အလင်းသတင်းစာဖတ်ရအောင်)
၁၀www.mrtv3.net.mm(ဒါလည်း သတင်းစာရောဖတ်လို့ရပါတယ်)
၁၁www.myanmarinternetjournal.com(အင်တာနက်ဂျာနယ်ဖတ်ရအောင်)
၁၂www.soccermyanmar.com(ဘောလုံးသတင်း တွေအစုံပါတယ်)
၁၃www.livescore.com(ဘောလုံးပွဲစဉ်တွေကြည့်မယ်)
၁၄www.asianbookie.com(ဘောလုံးပွဲပေါက်ကြေးတွေ ကြည့်မယ်)
၁၅www.perfetagazineonline.com(အောင်မြင်မဂ္ဂဇင်းလေးနော်)
၁၆www.myamarmedicine.com(ဆေးပညာ အကြောင်းဖတ်ချင်ရင်)
၁၇www.hird.hypermart.net
၁၈www.serenapowers.com
၁၉www.most.gov.mm(နည်းပညာတက္ကသိုလ်အကြောင်းတွေ သိချင်ရင်)
၂၀www.ucsy.edu.mm (ကွန်ပျူတာတက္ကသိုလ်အကြောင်း တွေ ဖတ်ချင်ရင်)
၂၁www.bagan.net.mm(မြန်မာတယ်လီပို့စ်အကြောင်းသိချင်ရင်)
၂၂www.foreverspace.com.mm
၂၃www.redmyanmar.net
၂၄www.thanlwin.com
၂၅www.myanmartraining.com(နိုင်ငံတကာကျောင်းတွေအကြောင်းသိချင်ရင်)
၂၆www.mysuboo.com(ဒါကတော့ စုဗူးလေးနော်)
၂၇www.mmthingyan.com(မြန်မာသင်္ကြန်အကြောင်းဖတ်ချင်ရင်)
၂၈www.ainmat.com(ဘယ်လိုအိမ်မက်တွေမက်ထားလဲ ကြည့်ချင်ရင်
၂၉www.myanmarelottery.com(အွန်လိုင်းကနေထီ တိုက်ရအောင်နော်)
၃၀www.myanmarspace.com(ဆောင်ပါးတွေနဲ့ဗွီဒီယိုတွေကြည့်မယ်နော်)
၃၁www.mysteryzillion.com(နည်းပညာတွေနှီးနှော် ဖလှယ်ရအောင်)
၃၂www.myanmaritpros.com (နည်းပညာအကြောင်းလေးတွေ ဖတ်ရအောင်)
၃၃ www.dhamadarna.net ( ဓမ္မဒါန )
၃၄www.myanmarengineer.org ( မြန်မာ အင်ဂျင်နီယာများအသင်း )
၃၅www.phatpa.com (ဖတ်ပါ့ သတင်းဂျာနယ် )
၃၆www.ourmandalay.net (ကျွန်ုတို့ ရဲ့ မန္တလေး )
၃၇www.myanmarchatonline.org (online သတင်းလေးတွေ )
၃၈www.problemclean.ning.com( နည်းပညာလေးတွေဆွေးနွေးရအောင် )
၃၉www.wikimyanmar.org ( မြန်မာ အွန်လိုင်း စွယ်စုံကျမ်း )
၄၀www.minnkyansis.com ( မင်းကျန်စစ်ရဲ့ ရသကမ္ဘာ )

***သီ ချုင်းတွေ နားထောင်ချင် ၇င်.....
www.alpha.com.mm (ZawGyi Font လေးတွေယူရအောင်)
www.flashband.net (သီချင်းနဲ့ MTV လေးတွေနားထောင်မယ်)
၃.www.myanmarmp3.net (သီချင်းတွေ ဒေါင်းမယ်၊နားထောင်မယ်)
www.yinkhonthanfm.com(FM သီချင်းလေးတွေနားထောင်ရအောင်နော်)
www.myanmar-music.com(သီချင်းလေးတွေပါပဲ)
www.nyakabyar.com ဒါလဲသီချင်းဆိုက်ပါပဲ။ သူငယ်ချင်းအတွက်နော်။
www.khayanpyareinmet.com
www.myanmarmp3.net ဒါလေးကလည်းအတူတူပါပဲနော်။ သီးချင်းပါပဲ။
www.myanmar-music.com ဒါကတော့မြန်မာသီးချင်းဆိုက်လေးပါပဲ။
၁၀www.freemyanmarvcd.com(vcd လေးတွေကြည့်မယ်)
၁၁www.khayanpyareinmat.com(vcd လေးတွေကြည့်မယ်)
၁၂www.shwedream.com(vcd လေးတွေကြည့်မယ်)
၁၃www.burmeseclassic.com(ဓမ္မသီချင်းများ)
၁၄www.shweclassic.com (ဓမ္မသီချင်းများ)

***အလုပ် အကိုင် အတွက် ....
www.studying-singapore.com(ကျောင်းလျှောက်တာ တွေ ကြည့်ချင်ရင်)
www.csstb.gov.mm(၀န်ထမ်း ရွေးချယ်လေ့ကျင့်ရေး က ခေါ်တဲ့ အလုပ်တွေနော်)
csstb.imis.com.mm(နေပြည်တော် ရုံးအမှတ် (၁၇) ရဲ့ ကြေငြာချက်တွေကြည့်မယ်)
www.unjobs.org(NGO ကခေါ်တဲ့ အလုပ်တွေရှာ မယ်)
www.thanzinhlaing.com
www.naykabyar.com
www.journalopportunity.com ( အလုပ်တွေ ရှာ မယ်နော်)
www.myanmarhotjob.com(ဒီမှာလည်း အလုပ်အကြောင်းသိချင်ရင်)
၉.www.iburmese.com
၁၀www.mymyanmar.net
၁၁www.etrademyanmar.com

***အခြား သော Links များ..။
www.myanmarelibrary.com(အင်္ဂလိပ်-မြန်မာအဘိဓာန်)
www.mandalaygazette.com
www.shopping.com.mm
www.healthymyanmar.com
www.jivitahospital.org(ဇီဝိတဒါန ဆေးရုံ အကြောင်း သိချင်ရင်)
www.myanmarbible.net
www.myanmargoal.com
www.myanmarscholarship.com
www.myanmarmyanmar.com
၁၀www.bobo.6te.net (ကလေးများ အတွက် ဘိုဘိုရဲ့ လောကနက်ဂိမ်းနဲ့ ကာတွန်း)
၁၁www.mysuboo.com
၁၂www.myanmarelibrary.com
၁၃http://livescore.com ဒါလေးကလည်းဘောလုံးဆိုက်တွေပါပဲ။
၁၄http://mmopenlibrary.com
၁၅http://en.wikipedia.org/wiki/main_Page
၁၆www.moemaka.com
၁၇http://shwesagar.com
၁၈http://www.mutdfan.com ဒါကတော့ဘောလုံးဆိုက်လေ။
၁၉http://kopyaesone.co.ccဒါလေးကလည်းကျနော်တို့ကိုပြည့်စုံရဲ့ဆိုက်လေးပါပဲ။
၂၀www.searchmyanmar.com ဒီဆိုက်ကလဲကောင်းတယ်နော်။ အသုံးများကတော့
linkပုံစံလုပ်ပေးထားတယ်နော်။
၂၁www.aungsan.com ဒါကတော့ဗိုလ်ချုပ်ဆိုက်လေ။
၂၂http://komoethee.blogspot.comဒါကတော့ ကိုရီးယာမင်းသားမင်းသမီးများရဲ့ဆိုက်တွေပါ။
www.hancinema.com (or) net
www.hanfever.con
၂၃http://lee-junki.com ဒါကတော့ကိုရီးယားစတားလီဂျွန်ကီဆိုက်လေ။
၂၄http://yeinjee.com ဒါလဲကောင်းတာပဲနော်။
၂၅www.thefreesite.com ဆိုက်ပေါ့နော်။ အကုန်လုံး free ရတယ်ပြောတာပဲနော်။
၂၆www.myochitmyanmar.org
ဆိုက်ကတော့နိုင်ငံရေးဆန်တယ်ဗျ။ကြည့်ချင်လည်းကြည့်ပေါ့နော်။
၂၇http://www.ramonnya.co.cc ဆိုက်ကတော့မွန်အကြောင်းထင်တာပဲနော်။ ယူထားလိုက်။
၂၈www.wiki-mysteryzillion.org
၂၉www.edu-mysteryzillion.org ဒီဆိုက်ကတော့နည်းပညာအခမဲ့သင်တယ်ပြောတာပဲနော်။
၃၀www.mmopenxteam.com ဒီဆိုက်ကတော့ဘာသာပြန်တွေများပါတယ်နော်။
၃၁www.mmenglish.net ဒီဆိုက်ကတော့အင်္ဂလိပ်စာသင်ကြားရေးပါ။
၃၂www.ornagai.com ဒါကတော့အဘိဓာန်တွေဝေငှပေးတယ်နော်။ အကုန်လုံးပေါ့။
၃၃www.dems.net.mmဒီဆိုက်ကတော့ကိုယ့်စာရောက်မရောက်ကြည့်လို့ရတယ်ပြောတယ်နော်။
codeနံပါတ်နဲ့ကြည့်လေ။ အမြန်ချောစာမှကြည့်လို့ရတာနော်။
၃၄www.myanmaritpros.com ဆိုက်ကတော့ကွန်ပျူတာအကြောင်းဆွေးနွေးချက်တွေပါနော်။
၃၅www.en.worpress.com ဆိုက်လည်းကောင်းပါတယ်။
၃၆www.photoro.com ဆိုက်လည်းဓာတ်ပုံကောင်းတယ်ပြောတယ်နော်။


***နောက် ထပ် ၇ှာလို ၇တဲံ့  ဆိုဒ် လေးတွေပါ..။
မြန်မာအိုင်တီနှင့်ပါတ်သက်မယ်ထင်တဲ့ဆိုက်လေးတွေပါ။ ဟုတ်လည်းဟုတ်ပါတယ်။
http://kyawnux.blogspot.com
http://tahkharka.blogspot.com
http://platonicloveaugust4.blogspot.com
http://soehtet.blogspot.com
http://khaingzaw.blogspot.com
http://natshinnaung.blogspot.com
http://www.rhythmless.isgreat.org
http://www.peacefulforever.co.cc
http://nyameeeain.blogspot.com
၁၀http://kyawthetlatt.blogspot.com
၁၁http://shwepyithu.blogspot.com
၁၂http://www.winzaw-mdy.blogspot.com
၁၃http://phoelapyae.isgreat.org
၁၄http://www.mgtaryar.iblogger.org
၁၅http://www.koyinnyein.blogspot.com
၁၆http://aungmyohan.myanmarbloggers.org
၁၇http://thuratun.22web.net
၁၈http://noway.mmeyes.net
၁၉http://zawlay.mmeyes.net
၂၀http://kokyawmyintoo.blogspot.com/
၂၁http://zawthureintun.googlepages.com ဆိုက်လည်းကောင်းတယ်.။
အိုင်တ်ီမန်းကိုတည်ထောင်သူလေ။
၂၂http://nnyioo.googlepages.com ဆိုက်လည်းကောင်းတာပဲနော်။
***အွန် လိုင်း ဂိမ်း
http://www.physicsgames.net/
www.123peppy.com
http://www.ferryhalim.com/orisinal/g2/crab.htm

www.freecodesource.com
connect 2
www.123bee.com
လက်စွမ်းပြပါးရိုက်ရအောင်
http://www.dailyarcade.net/
http://www.friv.com/
http://world2.samuraioflegend.com/register.php?REF=7952

နှလုံးသွေးပွက်ပွက်အန်တဲ့ကဗျာ အစစ်

http://images.yinminkhine.multiply.multiplycontent.com/attachment/0/S9QXnAooCkUAAGSqhug1/heart%20broke.jpeg?nmid=332580750
ငါ့ရင်ထဲကငိုသံ
ငါ့ရင်ထဲကရီ(ယ်)သံ
ငါ့ရင်ထဲကရှိုက်ငင်သံ
ငါ့ရင်ထဲကနာကြည်းသံ
ငါ့ရင်ထဲကကြေကွဲသံ
ငါ့ရင်ထဲကငိုညည်းသံ
ငါ့ရင်ထဲကပူဆွေးသံ
ငါ့ရင်ထဲကသောက
ငါ့ရင်ထဲကအက်ကွဲသံ
ဘယ်သူမြင် ဘယ်သူသိမှာလည်း
အဲ့ဒါကဗျာ
ရင်တွင်းက
သွေးတွေနဲ့ရေးတဲ့ကဗျာ
သွေးမျက်ရည်ကျနေတဲ့ကဗျာ
နှလုံးသွးပွက်ပွက်အန်တဲ့
ကဗျာ
အစစ်
Attachment: heart broke.jpeg

Saturday, April 24, 2010

သခင်မြင်လှည့်  ကြင်တော်မူ


သခင်မြင်လှည့်  ကြင်တော်မူ

ညိုးစိတ်ဘ၀င်

ငိုရိပ်ဆင်နေတာကြောင့်

ကျမျက်ရည် ဖြိုင်ဖြိုင်မိုး သွန်းဖြိုးနေတယ်


သခင် 
မချစ်လို့   တမင်ပြစ်တယ်


အပြစ်မဆိုပါဘူး  လှည့်စားတဲ့

ကံကြမ္မာ 

ဝဋ်ရှိလို့  ဆပ်ပါတယ်


သခင်ကို  အပြစ်မဆိုပါ

ချစ်တာကို နှစ်ကိုယ် သိလို့ 

သခင်သိစေမြင်   ကြည့်လေနော်

နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာ


ဘယ်လိုပဲဖြစ်စေ
လူတွေဟာမကြာခဏအကျိုးသင့်အကြောင်း သင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။

သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။

သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….အောင်မြင်အောင်ဆက်ကြိုးစားပါ။

လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ။

သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ဘ၀တစ်ခုကို
တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ။

သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတွေ့ရှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….စိတ်အေးချမ်းအောင်နေပါ။

သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ကောင်းတာကိုပဲဆက်လုပ်ပါ။

လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။

နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တဲ့အတိုင်းပါဘဲ
သင်နဲ့တရားသာအတူရှိတော့တာပါ
ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။ ။

ခွင့်လွှတ်ချင်းများနဲ့ဘ၀ကိုတည်ဆောက်နိုင်ကြပါစေ။

`` တိပ်ခွေ´´ထဲက ``အမေ့အသံ´´လေး

အမေသား  သမီး တွေအတွက်
အမေ        ငယ်ငယ်ထဲက အလုပ်တွေ  ပင်ပင်ပန်းစွာ လုပ်ကိုင် ကျွေးမွေး
စောင့်ရှောက်ခဲ့တဲ့       အမေ ခုတော့နေမကောင်းဖြစ်နေပြီ အမေ နေမကောင်းဘူး မြန်မြန်လာ နော်မမ ဆိုပြီးဖုန်းဆက်ခေါ်တယ်။

ကျွန်မအမေ့အိမ် ရောက်တော့ အမေ နေမကောင်းဘူး ရေဖျဉ်းဖြစ်နေတယ်တဲ့ စီ ပိုးတွေ့ တယ် ဆေးရုံတက်လိုက်ပြန်ဆင်းလိုက်နဲ့ ဆေးရုံမတက်ချင်လို့ အမေစိတ်ဆင်းရဲနေတယ် ။
အမေဆေးရုံမတက်ချင်တဲ့ အချိန် အိမ်မှာခဏခေါ်ထား ရေဖောက်ထုတ်မယ့်အချိန်ဆေးရုံပြန်တက်နဲ့ အမေ့ကြည့်ပြီး ကျွန်မလည်း စိတ်ဆင်းရဲနေတယ် အမေ့ကိုသနား စိတ်ထဲလည်းမကောင်းပါဘူး။

အမေ့ အတွက် အမေမဆုံးခင် ဘာလုပ်ပေးရမလည်း
နေ့ ည သူနာပြု ငှားထားပေးတယ် ကျွန်မ အမေကို ပြုစုပေးရင်လည်း အမေက လက်မခံပါဘူး။

သမီး ဘာမှ မလုပ်ပေးနဲ့  နော် သမီးကနေကောင်းတာ မဟုတ်ဖူးနော်
ကိုယ်ဘာသာနေနော် ပြောနေတော့ ကူညီပေးချင်လည်း ကျွန်
မကို အမေ့ပြုစုမှာစိုးရိမ်နေတာနဲ့  ဘေးနားမှာ ဒီတိုင်းထိုင် နေရပါတယ်။ ညအိပ်ရင်လည်း ဆေးရုံမှာ မအိပ်ရဘူးတဲ့လေ ရောဂါကူးနေမယ် အိမ်ပြန် တော့နော်နဲ့မောင်းထုတ်ပါတယ် သူနာပြုရှိတယ်သမီး ပြန်တော့နော် ခုပြန်နော်နဲ့  ညနေစောင်းတာနဲ့  အိမ်ကိုပြန်ခိုင်းနေတာလေ ဒါနဲ့ ကျွန်မဆေးရုံပေါ်မှာ အိပ်ချင်လည်း မအိပ်ရဘူး ရန်ကုန် ရောက်တုန်းလေး ခဏ အမေ့ အနား နေချင်တယ်လေနော် အမေ ဘေးနားမှာသမီးနေပြီး တရားစာအုပ်ဖတ်ပြမယ်အမေ နဲ့ သမီးတရားမှတ်မယ်နော် ဆေးရုံက အိပ်ရာမှာရိပ်သာ လုပ်ကျတာပေါ့ နော် ဆိုတော့ အမေ ရီ(ယ်)နေတယ်။

အမေ့ကို နာရီဝက်လောက် တရားမှတ် ခိုင်းလို
က် အမေ့ဘေးနား ထိုင်ခုံလေးမှာထိုင်ပြီး သံဝေဂ ကဗျာလေးတွေ ဆိုပြလိုက်နဲ့  အမေပျော်အောင် စလိုက် နောက် ပြောင်လိုက်သမီး အမေ သမီး ပျင်းလာပြီနော် သီချင်းဆိုပြနော်ဆို အမေကရွှေမန်းတောင်ရိပ်ခို သီချင်းလေး ဆိုပြပါတယ်။

နောက်ရက်တွေကျ ထပ်ဆိုခိုင်းရင် အမေ့ အိမ် ကိုပဲ ချစ်သမီး လွမ်းပါ
တယ် ဆိုပြပါတယ် အမေ့သီချင်းဆိုပြနေရင် အမေ့ရှေ့မှာတော့ ကျွန်မ ရီယ်နေလိုက်တယ် ပြီးမှ ကျွန်မ အမေ့ကွယ်ရာမှာ မျက်ရည်ကျနေမိပါတယ်။

အမေကို စိတ်ပျော်ရွှင်အောင် ကျွန်မ ထားပါ
တယ် အမေ့ကို ရောဂါ ဝေဒနာသည် လို့  ဘယ်သူမှ မထင်ရပါဘူး မိုးလင်းတာနဲ့ အမေ ခြေဆုံး ခေါင်းဆုံး သနပ်ခါး လူးနေကျမို့ နံသာဖြူနဲ့ သနပ်ခါး မွေးနေအောင် လူးပေး နောက်ကျောထဲ ၀ိုင်အိုလက်ပေါင်ဒါလူး ပြီးရင် တရားမှတ်ပေါ့ သားအမိနှစ်ယောက် ဆေးရုံမှာအိမ်လို ရိပ်သာလို နေခဲ့ ကျပါတယ်။

အလုပ် ကိစ္စကြောင့် ကျွန်မ ခရီးသွားရရင် အမေ့ကို သတိရနေတယ် စိတ်ထည်း လည်းမကောင်းဘူးလေ အမေနေမကောင်းဖြစ်ထဲက အသည်းအထူးကု ဆရာဝန်ဒေါက်တာ ခင်မောင်ဝင်းကို ကျွန်မ အမေနဲ့ အချိန်ပြည့် မနေရပါဖူး ဆရာ အမေ့သက်တမ်း နေရသမျှပေါ့ ခန့် မှန်းပေးပါဆိုတော့
၁နှစ် စောရင် ၁၀လ တဲ့လေ ကျွန်မနယ်မှာ အလုပ်ကိစ္စနဲ့  နေရတာပါ ဆရာ အမေ့ကိုကျွန်မ  ထားသွားရတိုင်း ကျွန်မ မျက်ရည်ကျနေရတယ် စိတ်ထဲလည်း မကောင်းဖြစ်နေရတယ်  အမေ့ကို ဆရာ့  အပ်ပါတယ်နော် ဆရာ စောင့်ရှောက် ပေးပါနော်ဆရာ ကို  မှာပြီးပြန်သာလာခဲ့ ရတယ် ရင်ထဲမယ် နင့်လို့ ပေါ့
အမေနဲ့ နေရတဲ့အချိန်  တစ်နေ ထက်တစ်နေ့ ဝေးဝေးလာပြီ
အမေနဲ့ အပြီးခွဲခွာရတော့မယ် အချိန်က ဘယ်လောက်မှ မကျန်တော့ဖူးလေ ဒီတစ်ခါ အမေသတိလစ် မေ့ မျောရင်တော့ အမေသွားတော့မယ်
အမေ သားသမီးတွေကို နှုတ်မဆက် လက်မပြ အပြီးတိုင် ခွဲခွာ တော့မယ်လေ

ကျန်တဲ့ သား သမီး တွေက အမေ့နဲ့ တမြို့ တည်းနေကျတာ ကျွန်မတယောက်သာ နယ်မှာနေလို့ဝေးနေ တာလေ အမေ့ကို ကျွန်မ နယ်ပြန်ခါနီး ဆေးရုံပေါ်မှာ
အမေ သေချာ
``ဘုရား ´´ရှိခိုးနော်
`` အမေ့´´ ``ဘုရား``ရှိခိုး တဲ့ အသံလေး နားထောင် ချင်တယ်နော် ဆိုပြီး
အမေ ဘုရား ရှိခိုးနေတုန်း အသံသွင်း ယူထားလိုက်ပါတယ်။

အမေဘုရားရှိခိုး မေတ္တာပို့  ပြီးတော့အမေ့ကို အမေ့ဘုရားရှိခိုးမေတ္တာပို့
့နေတဲ့အသံလေး ပြန်ဖွင့်ပြတော့ အမေရယ်နေတယ။် သမီးကတော်လိုက်တာတဲ့လေ

ကျန်တဲ့မောင်နှမတွေက ဘယ်သူမှ အမေသေဆုံးမှာ ဆိုတာပြောရင် လက်မခံပါဖူး ကျွန်မကို မုန်း ကျပါတယ် အမေ မသေဘူး မ.မသာအရင်သေမှာနဲ့ ရန်တွေ့ ကျပါတယ်။

ဆရာဝန်ကို မယုံ မေးကြည့် လေ ဆိုတော့လည်း မမေး ကျဖူးလေ အမေကို သူတို့ အမြင်မှာ  ၀၀ ဖြိုးဖြိုးလေး ပြုံးပြုံး ရွှင်ရွှင်လေး ရောဂါ ဝေဒနာသည် နဲ့
အမေကမတူပါဘူး ဒါကြောင်
မယုံကြည်ကျဘူး။

ကျွန်မ ပြောတာ လက်မခံနိုင် ကျဘူးလေ ကျွန်မ ဒီတခါနယ် ပြန်သာလာခဲ့ ရတာ အမေ့ကို နောက်ဆုံးခွဲ ရတော့မှာ ဆိုတာသိနေတယ် ခံစားလို့ ရတယ် အိမ်မက် မက်တယ် အမေအိမ်မက်ထဲ မှာ သေသွားတာ
ကျွန်မကငိုလို့  အမေ့ရဲ့ ညီမနှစ်ယောက်ကလည်း ငိုလို့  ဒီအိမ်မက် ထဲမှာ အမေက မငိုနဲ့ သမီးဆိုပြီး အမေကျွန်မ ကိုမှာ နေတယ်။

ဒါကြောင့် အမေ အတွက်ကျွန်မကုသိုလ်လုပ်ရမယ် အမေ  မသေခင်  သမီး ဒီတန်ခူး သင်္ကြန်  ၁၀ရက် တရားစခန်း ရိပ်သာကို မတတ် နိုင်တဲ့ လူတွေကို
ကိုရင် သင်္ဏန်း စီးပေးမယ်နော် ရဟန်း ၀တ်ပေးမယ်နော် အမေက သင်္ဏန်း တစုံ လှုပေးနော် ကျန်တာ သမီး အမေ့ အတွက် လှုပေးမှာနော်။

နေ့ ဆွမ်း လှုမှာနော် တရားရိပ်သာမှာရဟန်း သံဃာ သီလရှင် လူ ပ္ပုင်္ဂုလ်
တွေကို ဆွမ်းလှု ပြီးရင် အမေ့ ကို ဖုန်းခေါ်မှာ အမေ သာဓု ခေါ်ပါနော် ဆိုပြီး ဆွမ်း အလှု တော် သာသနာ ဒါယိကာမ အဖြစ် အမေ့  အလှုနော်ဆိုပြီး
ဖုန်းလှမ်းဆက်ပေးပြီး သာဓု ခေါ်ခိုင်းလိုက်ပါတယ်။

ဆွမ်းကပ်ပြီးတော့လည်း ရိပ်သာက တရားလာအားထုတ်တဲ့သူတွေက
အမေ့အမည် လေးရွတ်လို့  ဆုပေါင်းပြီး ဆွမ်းမစားခင်မယ် ဆုတောင်းမေတ္တာပို ကျပါတယ်။

ကျွန်မ အမေ့အတွက် လုပ်တဲ့ ကုသိုလ်လေ အမေ့အစား လှုပေးတာဆိုတော့
တအားကိုကြည်နူး စိတ်ရွှင်လန်းဝမ်းမြောက်မိပါတယ်။

အမေ မသေဆုံးခင် ကျွန်မ အမေ့အတွက် စပြီးလုပ်ခဲ့တဲ့ တန်ခူးလ နှစ်ဦး
၁၀ရက် ရိပ်သာတရားစခန်း ကိုမတတ်နိုင်တဲ့ လူတွေကို ကုသိုလ် ယူနေတာ
ဒီနှစ်တန်ခူးနဲ့ ဆို ``၁၁´´နှစ်မြောက်ပေါ့နော် အနီးပတ်ဝန်းကျင်က လူ တွေကို ၀တ်ပေးခဲ့တာပါ တနှစ် ၅ ယောက်ရလိုက် ၇ ယောက်ရလိုက်  ၃ ယောက်ရလိုက်ပေါ့နော်။

အနီးပတ်ဝန်းကျင်နားက လူတွေကိုလဲတတ်စွမ်းသလောက် လှုဒါန်း ပေးကမ်း ပါတယ် သီးသန့် ဘယ်သူမှ မလှုပါဖူး ကြုံရင်ကြုံသလို ကူညီ လှုဒါန်းပါတယ်။

တချို့ဆို အသက်က ၂၀ ကျော် ကုန်ပြီ ကိုရင် တောင် မ၀တ်ဘူးပါဘူး
(တချို့ဆိုလူ သေ ရင်လူ ဖြစ်တာ)တဲ့  အသက် ၆၅ ကျော်ပြီ တခါမှ ကိုရင်မ၀တ်ဖူး တဲ့ လူတွေ ကျွန်မရိပ်သာပို့ ပေးတော့ မျက်ရည်တွေကျလို့  ပေါ့နော် ၀မ်းသာ နေကျရှာတယ်။

ဘုရား သာသနာမှာလူဖြစ်ရကျိုးနပ် သွားတယ်တဲ့ လေ လူဘ၀ သာရောက်ရော ဘုရားတရား နားမလည် ဘာသာတရား ဘာမှန်းမသိတဲ့ လူတွေပေါ့နော်
ဒီလိုလူမျိုးတွေကို ကျွန်မ လှု ခဲ့တာပါနော် ကျွန်မရဲ့  ၁၁ ကြိမ်မြောက်
တတ်စွမ်းသလောက် နှစ်ဦး အလှုတော်ကို
`` အမေ ´´သာဓု ခေါ်ပါနော်

သာသနာ နှင့် အလှမ်းဝေးနေသော ချို့ တဲ့သော အမျိုးသားများကို ရှင်ပြုခြင်း
ဒုလ္လဘ ရဟန်းပြုစေခြင်း ပစ္စည်းလေးပါးဒါယကာမ ခံယူလျှက် တရားစခန်းဝင်စေခြင်းတို့ ဖြင့်တစ်ပိုင်တစ်နိုင် သာသနာပြုစောင်
့ရှောက်ပါတယ်။

ကျွန်မ အမေအတွက် ရည်းမှန်းပြီး ခုချိန်ထိလှုဒါန်းတဲ့ ကုသိုလ် အစုစုကို ဘ၀ဟောင်းက တော်စပ်ခဲ့ ဘူးတဲ့ မိခင် ဘခင်တွေ
ဘ၀တပါးပြောင်းလဲ သွားသော  အမေ့ကို ရည်မှန်းပြုလုပ်သော
ကောင်းမှု့ အစုစုကို ၃၁ ဘုံ သား
အားလုံး အမျှ ပေးဝေပါတယ် အမျှ ...... အမျှ ....... အမျှ .......ယူပါ

အမေသာဓုခေါ်ပါနော်............

၃၁ ဘုံသားအားလုံး သာဓု သာဓု သာဓု ခေါ်ပါနော်...


ကျွန်မကတော့`` တိပ်ခွေ´´ထဲ``ကူးသွင်းထား´´တဲ့
အမေ့``ဘုရား´´ရှင်ခိုးနေတဲ့ အသံ
မေတ္တာပို့  အမျှဝေ နေတဲ့ `` တိပ်ခွေ´´ထဲက `
`အမေ့အသံ´´လေး နားထောင်နေရင်း ကျွန်မ အမေကိုကျွန်မရဲ့ဘေးနားမှာ
ရှိသလို ခံစား နေမိပါတယ်။
အမေ့ အသံလေးနားထောင်ရင်း အလွမ်းတွေပြေနေပါတယ်ရှင် အမေ့ ကြောင့်အမေနဲ့  စပ်တဲ့ ကုသိုလ် ကျွန်မရနေပါတယ်ရှင်။

ဘုန်းဘုန်း ဆိုခိုင်းတဲ့ တရားလင်္ကာလေးပေါ့နော်........

အကုသိုလ် ဟူ သမျှ
မြူ မခ ရှောင် ပယ်ခွါ


မြတ်ကုသိုလ်
မှန်သမျှ
မကျန်ရ ပြည့် စုံရာ


မိမိတို့ 
စိတ် ကလေး ဖြူဖြူဖွေး စင်စေရာ


ဘဂ၀ါ မြတ်ဘုရား
ဟော ကြားတဲ့ ဒေသနာ။

မေးလ် ထဲကနေ နှလုံးသားတပ်မဟာတပ်မှုးလေးနိုင်းဆိုဒ်ကပို့ ပေးတာနော်

http://www.30gigs.com:
Storage ပမာဏ 30GB (1GB = 1024MB) ရနိုင်ပါတယ်။

http://www.aussiemail.com
သြစတြေးလျ email service တစ်ခုကနေ ကျောင်းသားသုံး ရည်ရွယ်ပြီး
ဖန်တီးပေးထားတာပါ။

http://www.aim.com:
America Online ရဲ့ service ဟာ အခမဲ့ အသုံးပြုသူတွေအတွက် 5GB ပမာဏပေးထားပြီး
နောင်မှာ unlimited အထိတိုးမြှင့်ပေးပါလိမ့်မယ်။

http://www.bigstring.com:
acount အမျိုးမျိုး ခွဲခြားထားပြီး 2GB ကနေ 20 GB အထိ သိုမှီးပမာဏ
ဖန်တီးပေးထားပါတယ်။ ထူးခြားတဲ့ စနစ်နဲ့ နည်းပညာကို အသုံးပြု တည်ဆောက်ထားတဲ့အတွက်
အသုံးပြုသူဟာစိတ်ချမ်းသာမှု ရစေပါမယ်လို့ ကတိပြုထားပါတယ်။

http://www.bluebottle.com:
spamတွေကို ကာကွယ်ဖို့ မြင့်မားတဲ့ tools တွေကို သုံးစွဲပြီး
ပေးပို့သူနဲ့လက်ခံသူနှစ်ယောက်ြ
ကား မှာရှိတဲ့ ဆက်ဆံရေးကိုမူတည်ပြီး ယုံကြည်
စိတ်ချရမှုရှိ၊ မရှိ ဆိုတာကိုတောင် ရွှေးချယ်ပေးပါတယ်။

http://www.canada.com:
ကနေဒါတစ်နိုင်ငံလုံးမှာ သတင်းမွှေးနေတဲ့ Email တစ်ခုပါ။

http://www.canoe.ca:
ကနေဒါ service provider တစ်ခုရဲ့ လိပ်စာပါ။

http://www.care2.com:
အခမဲ့ သုံးစွဲနိုင်တဲ့ service တစ်ခုဖြစ်သလို user က ယုံကြည်စိတ်ချမှုရှိပြီး
သဘောကျခဲ့မယ်ဆိုရင် တော့အလှူငွေ ပါဝင်လှူဒါန်းနိုင်ပါတယ်။ အဲဒီ ဒါနတရားဟာ
ကမ္ကာတစ်ဝန်းလုံးမှာရှိတဲ့ မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ နေရာတွေအတွက်
ရည်ရွယ်ပါတယ်။

http://www.DCEmail.com:
ဝါရှင်တန်ဒီစီရဲ့အခမဲ့ဝန်ဆောင်မှုတစ်ခုပါ။

http://www.dbzmail.com
ကာတွန်းတို့ ပန်းချီတို့နဲ့ ပက်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့
“out-blaze” ရဲ့ service တစ်ခုဖြစ်ပါတယ်။ ကာတွန်းချစ်သူတွေ အချင်းချင်း
ဆက်သွယ်ပြီး အမြင်တွေကို ဖလှယ်ရင်း ဝေမျှခံစားနိုင်ပါတယ်။

http://www.DidaMail.com
အင်္ဂလိပ်၊ အာရေဗျ ဒီဇိုင်းနှစ်မျိုးနဲ့ နှစ်သက်ရာရွေးချယ်နိုင်ပြီး POP3 acount
တွေကို ပေးပိုနိုင်တယ် လို့ဆိုပါတယ်။

http://www.emailaccount.com
domain အခွဲပေါင်း မြောက်မြားစွာရှိတဲ့ အခမဲ့ဝန်ဆောင်မှုတစ်ခုပါ။

http://www.fastmail.fm:
သိုလှောင်မှုပမာဏ နည်းပါးပေမယ့် စာပို့ခြင်းနဲ့ လက်ခံယူခြင်းတို့မှာ
အလွန်မြန်ဆန်ပြီး လူကြိုက်များပါတယ်။

http://www.gawab.com
ဘာသာစကား ၁၂ မျိုးကျော်နဲ့ သုံးစွဲလို့ရတဲ့ 1GB Mail ပါ။

http://www.Gratfiti.net:
သိုလှောင်မှုပမာဏ 100 MB အထိ ပေးထားပါတယ်။

http://www.hotpop.com:
online သိုလှောင်မှု 100 MB ရရှီစေပါတယ်။

http://www.hushmail.com:
Email တွေနဲ့ ဖိုင်တွေကို လုံခြုံမှုဝှက်စာနဲ့ ပို့ဆောင်ပေးပါတယ်။

http://www.icqmail.com
အခမဲ့ကို 6MB သာ ပေးအပ်ထားပေမယ့် တခြား IM နဲ့ အသုံးဝင်တဲ့ features တွေအများအပြား
ရှိနေပါတယ်။

http://www.inbox.com:
5 GB ပေးထားပြီး IMAP ချိတ်ဆက် ရရှိစေပါတယ်။

http://ww.indiatimes.com:
Calendar တစ်ခုနဲ့ Mail Alert တစ်ခုပါဝင်ပြီးအိန္ဒိယနိုင်ငံရဲ့ ဘာသာစကား အပါအ၀င်
language ပေါင်း ၁၂ မျိုးနဲ့ သုံးစွဲနိင်ပါတယ်။

http://ww.InMail24.com:
POP3/ IMAP တွေကို လက်ခ့တဲ့အတွက် 16 MB သာ ပေးအပ်ထားပေမယ့် ကိုယ့်ရဲ့ Email တွေကို
outlook ကနေ တစ်ဆင့် ချိတ်ဆက်လို့ ရနိုင်ပါတယ်။

http://www.jubli.com:
ဖိုင်တွေကို upload တင်လို့ ရသလို chat နဲ့ voip ကိုပါ ပေးအပ်ထားတဲ့ Email
ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။

http://www.linuxmail.org:
Linux OS ရဲ့ အဆင်အပြင်နဲ့ အခမဲ့ service တစ်ခုပါ။

http://www.litepost.com:
Alpha (စမ်းသပ်ဆဲ ကာလ) အဆင့်သာရှိသေးပေမယ့် online ရဲ့ e-mail သုံးစွဲသူ
လောကမှာတော့သတင်းမွှေးပျံ့လျက်ရှိပါတယ်။

http://www.lycosMail.com:
3 GB ပေးထားပြီး attachments ကိုတော့ limit နကန့်သတ်ဘူးလို့ ကြေညာထားပါတယ်။

http://www.hotmail.com
Microsoft ကုမ္ပဏီရဲ့ ၀န်ဆောင်မှု တစ်ခုပါ။ စတင် ယူယူချင်းမှာ 250 MB ရရှိပေမယ့်
invite letter ရှာဖွေနိုင်ခဲ့မယ်ဆိုရင် 2GB ပမာဏအထိ ရနိုင်ပြီး ကြော်ငြာတွေကိုပါ
လျှော့ချပစ်နိုင်ပါလိမ့်မယ်။

http://www.dora.com:
2 GB ပေးထားပြီးနှစ်သက်ဖွယ်ရာအသွင် အပြင်ရှိပါတယ်။

http://www.mailsnare.net:
အခမဲ့အသုံးပြုသူတွေအတွက် 40 MB သုံးစွဲခွင့် ရှိပါတယ်။

http://www.mailzworld.com:
အဆုံးအစမရှိ သိုလှောင်မှု ပမာဏ ရရှိပါတယ်။

http://www.Merseymail.com:
လီဗာပူးတက္ကသိုလ်ရဲ့ ကျောင်းသားများ အတွက် ရည်ရွယ်ထုတ်ဝေထားခဲ့တဲ့ mail
တစ်ခုပါ။

http://www.muchomail.com:
25 MB သိုလှောင်နိုင်ပါတယ်။

http://www.myway.com:
ရှင်းလင်းသပ်ရပ်တဲ့ Email လှလှ ကလေးတစ်ခုဖြစ်ပါတယ်။

http://webmail.opera.com:
opera browser ကို သုံးစွဲကြသူတွေအတွက်ရည်ရွယ်ထားတဲ့ webmail ဟာ 3 MB
သိုလှောင်မှုပေးပါတယ်။

http://www.outhun.com:
“Out-blaze” ရဲ့ အိမ်ရှင်မတွေအတွက် ရည်ရွယ်ထားတဲ့ ၀န်ဆောင်မှုတစ်ခုပါ။

http://www.postmaser.co.uk:
ရှေးကျတဲ့ e-mail တစ်ခုပါ။ 1 GB သိုလှောင်ခွင့် ပေးထားပြီး provide က UK မှာ
ရှိနေပါတယ်။

http://www.prontomail.com:
attachment ကို 2MB အထိ ပေးထားတဲ့ 25MB ပမာဏ အီးမေးလ်တစ်ခုပါ။

http://www.rediff.com:
1 GB ပမာဏ သိုလှောင်မှုနဲ့အတူ 10 MB attachment ရရှိစေတဲ့ အိန္ဒိယ အခြေစိုက်
ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။

http://www.runbox.com:
10 GB ပမာဏကို စမ်းသပ်ခွင့် သုံးလပေးထားပါတယ်၊၊ အခမဲ့သမားတွေအတွက်အမှန်တကယ်
သုံးစွဲနိုင်တာက 1GB/ 10 MB ဖြစ်ပါတယ်။

http://www.sacmail.com:
3.5 MB အထိ file ချိတ်ဆက်လို့ရတဲ့ e-mail တစ်ခုဖြစ်ပြီး 25 MB ပမာဏ
ပေးအပ်ထာပါတယ်။

http://www.safe-mail.net:
3 MB သာ storage ပေးထားပေမယ့်ပေးပို့သူ တွေအတွက်ကိုတော့ လုံခြုံရေး
မြင့်မြင့်မားမား တည်ဆောက်ထားပါတယ်။

http://www.ureach.com
NGO အဖွဲ့အစည်းတစ်ခုရဲ့ အခမဲ့ ၀န်ဆောင်မှုတစ်ခုပါ။

http://vfemail.net:
15 MB ရှိပြီး up-grade ကိုတော့ ငွေပေးဝယ်ယူရပါမယ်။

http://www.zilladog.com:
ကလေးတွေအတွက် ရည်ရွယ်ပြီး ဂိမ်းတွေ ဆော့ကစားနိုင်စေဖို့သူငယ်ချင်းတွေနဲ့ e-mail
အပြန်အလှန် ပို့ဆောင်စေဖို့ ဖန်တီးထားပါတယ်။

http://www.yahoo.com/mail:
ရှေးအကျဆုံးနဲ့ များပြားတဲ့ domain ပေါင်းစုံရှိနေတဲ့ service ပါ။ yahoo
ကုမ္ပဏီရဲ့အပိုင် ဖြစ်ပါတယ်။

Thursday, April 22, 2010

ဘ၀ အသင်္ချေ "အမေ"

"စိတ်ခွန်အားစောင့်သူ"
အမေ့ရဲ့ စကားလေးတခွန်း
သားအတွက် အားဆေးတဇွန်းပေါ့

အမေ သေသွားတဲ့အခါ
အမေ့ရဲ့နောင်ဘဝက…သားတဲ့။
ဒဿနကြွယ်လွန်းတဲ့ စကားအဆန်း
~~~~~~~~~~ကောင်းကင်ကို~~~~~~~~~~~


ဘ၀ အသင်္ချေ "အမေ"
အမေဆိုတာ ဘ၀ အသင်္ချေ
တော်ခဲ့ ဘူးတယ်
မိန်းမ ဟူသရွှေ့ 
ဘ၀ အသင်္ချေ
အမေတော် ဘူးတယ်
မယုံမရှိနဲ့ မြတ်စွာဘုရား
တရားဟောလို့ ထားခဲ့ ဘူးတယ်
မိန်းမ ဟူသ ၍
ဘ၀ ပေါင်းများစွာ
အမေ တော် လို့ 
စိတ်နဲ့ တောင်မှ မ ညှင်း စဲ နဲ့ 
သံသရာ အဆက်ဆက်
အမေ့နို့ ရည် သောက်သုံးခဲ့ ပြီး
သားမောင်


အသက် ဆက် ဖူး တယ်
မြတ်စွာဘုရား ဒေသနာ
တရား ဟောကြားထား ခဲ့တယ်
အမှန် တရား
လက်ခံထား
ထားတဲ့ သူတိုင်းသိပါတယ်

ဘ၀ အသင်္ချေ "အမေ"တော်လို့  စိတ်နဲ့တောင်  မှမညင်းဆဲနဲ့

ဘ၀ဟောင်းကအမေမို့   ဘ၀ အသင်္ချေ တော်ဘူးတယ်
~~~~~~~~~~~~မ~~~~~~~~~~~~~~`