Pages

Friday, August 7, 2020

8888 ၀ိဥာဉ်တွေအသိပါကွယ်.. 8.8.88 လေးလုံး နာကျည်းသံ အာဏာရူး ဘနဖူး သိုက်တူး မိုက်ရူးရဲဟန် တစောက်ကမ်းနဲ့ လက်​ဗလာနဲ့ ရဟန်းရှင် လူ ကျောင်းသားပြည်သူ အသေသတ်လို့ မသေမရှင် မြေမှာချလို့ ရေမှာချသမို့ မိုး​မြေအနှံ့သက်​​သေ တိုင်​တည်​ ၀ိဥာဉ်တွေအသိပါကွယ်.. သွေးမြေတွေပေါ် ထုံးဖြူသုတ် ကတ္တရာတွေ အထပ်ထပ်အုပ်လဲ ၀ိဥာဉ်​တွေရဲ့ဟစ်ကျွေးသံ မိုးနဲ့မြေအနှံ့ သက်သေတိုင်တယ်.. 8.8.88 ​နေ့ရှိပါတယ်​ သူခိုး သူဝှက် မိုက်ရူးရဲတို့ ခေါင်းဖြတ် လူသတ် လုယက် ယူငင် တိုင်းပြည်အသက် လက်မတင်လေးကယ်တင်ပြီ.. 8.8.88 ..​​လေးလုံး ရဲ့ရင်နင့်ဖွယ်ရာ သားပျောက် လင်သေ သမီးသေ အဖေပျောက် သေကွဲ ရှင်ကွဲ ၀က်ဝက်ကွဲမို့ ခိုလှုံ့စရာ တပြည်ပြေးလို့ မိဝေးဖဝေး ကမ္ဘာအဝေးမှာ နာကျည်းသံတွေ ငိုညည်းသံတွေ ပေတရာဆီ လက်ညိုးညွန်လို့ ဒီမိုကရေစီ ချက်ချင်းပေးဖို့ မိုးနဲ့မြေအနှံ့ သက်သေတိုင်တယ်.. ၀ိဥာဉ်တွေအသိပါကွယ်.. သမိုင်းအစဉ်​ရှိ တိုင်းပြည်​အသိမို့ ၀ိညာဉ်တွေနိုးထ ရှင်သန်လာမှ 8.8.88 လေးလုံးနေ့ ကြိုဆိုမယ်.. အရိုင်းခေတ်ဆီ ..တိုင်းသစ်တည်.. တိုင်းပြည်အထိနာပါတယ်.. 8.8.88. လေးလုံးရဲ့ နာကျည်းသံ သမိုင်းဆိုတာရှိလို့ ၀ိဥာဉ်တွေအသိပါကွယ်.. မ..မ