Pages
Sunday, January 22, 2012
မင်းကိုနိုင်များစွာအတွက် သမ္မတကြီးရဲ့ ၀ိမုတ္တိခြင်တစ်ကောင်(၁)
(၁)
လှောင်ပိတ်ခြင်းကို ဖြစ်စေ၊ နှောင်ဖွဲ့ခြင်းကိုဖြစ်စေ သူက ထိတ်ပြာတတ်မြဲဖြစ်သည်။ လုံခြုံမှု၊သို့မဟုတ် ရာသီဥတုကို ကာကွယ်ရန်၊ သို့မဟုတ် အခြားအကြောင်းတစ်ခုခုအတွက် သူကိုယ်တိုင်ပိတ်ထားမိသော သူ့အခန်းကျဉ်းလေး၏ တံခါးချပ်များကိုပင် မကြာခဏ ထကာ ဖွင့်မိသည်ချည်းပင်..။ မွန်းကြပ်မှုများကို သူ ခံနိုင်ရည်မရှိပါ..။ သို့အတွက် အနှောင်အဖွဲ့နှင့် လှောင်ပိတ်မှုဒဏ်ချက်များ၏ အမှောင်ထုတွင် အေးခဲနေသောနှလုံးသားများကို သူစာနာမိပါသည်။
ဗုဒ္ဓအရှင်သည်ပင် မိဂဒါဝုန်မိုးခိုနေ့ရက်များ ကုန်ဆုံး၍ သာသနာပြုခရီးထွက်ခွာမည့် ရဟန်းတော်များအား သြ၀ါဒမှာတမ်းချွေရာတွင်
'' မုတ္တာဟံသဗ္ဗပါသေဟိ.....တုမှေပိ ဘိက္ခဝေ မုတ္တာ သဗ္ဗပါသေဟိ...(ငါကိုယ်တော် အနှောင်အဖွဲ့ကျော့ကွင်းအားလုံးမှ လွတ်မြောက်ပြီးဖြစ်သလို သင်ရဟန်းတို့လည်း လွတ်မြောက်ပြီးကြလေပြီ'' ဟူသော စကားရပ်တော်ကို တခုတ်တရထည့်သွင်းမိန့်မှာခဲ့သည်ကို သူ ကျေနပ်မိလေသည်။ ငါတို့လွတ်မြောက်ကြပြီ တဲ့...။
မလွတ်မြောက်သေးသော သူစိမ်းတရံစာတို့ရှိရာဆီ တရွေ့ရွေ့ထွက်ခွာကြွသွားသော သာသနာပြုရဟန်းတို့၏ သက်စွန့်ဆံဖျားတောတောင်ခရီးကြမ်းကို သူ လွမ်းလိုက်မိပါသည်..။
အိပ်မက်များ၊ဝေဒနာက္ခန္ဓာများ၊နေရောင်ခြည်နှင့် စိမ်းလန်းသော အပြုံးများဝေးရာဆီမှာ လှောင်ပိတ်မိနေသည့် တီးတိုးအသက်ရှူသံများဆီ သြဒိဿမေတ္တာ၊ တစ်ခါတရံမှာတော့ အနောဒိဿမေတ္တာပို့သမိမြဲပင်ဖြစ်ပါသည်။
(၂)
ယမန်နေ့(၁၃-၀၁-၂၀၁၂) နံနက်ခင်းဆီက သူသည် တိဘက်တက္ကသိုလ်စာသင်ခန်းဆီ တက်ကြွသောခြေလှမ်းကြဲကြဲတို့ဖြင့် ရောက်ရှိသွားခဲ့လေသည်။ တွေ့သမျှ လူတိုင်းကို သိသိ မသိသိ ပြုံးပြဖြစ်ခဲ့သည်။ တစ်ခါမှ သူ၏ နှုတ်ဆက်ခြင်းကို မခံရဖူးသော ဂိတ်စောင့်ကုလားကိုပင် သူက နမာစတေး ဟု နှုတ်ဆက်ဖြစ်အောင် နှုတ်ဆက်လိုက်သေးသည်။
ဂိတ်စောင့်ကုလားက ကြောင်အန်းအန်းဖြစ်ကာ နမာစတေး ဂုရုဂျီဟု ကမန်းကတန်း ဆလံပြန်ပေးလေသည်။
သူ့ပါဠိစာသင်ခန်းလေးသို့ ရောက်သောအခါ ဗုဒ္ဓဂယာဒီဇင်ဘာ ဘုရားဖူး ခရီးသွားကြသော တပည့်လားမားဘုန်းကြီးလေးအချို့က ပြန် ရောက်မလာသေးသည့်အတွက် သူ့သင်ခန်းစာအသစ်မစနိုင်။
ရိဂဆန်ဆန်ဖဲဆိုသော လားမား ဘုန်းတော်ကြီးလေးနှင့် ကျောင်းသူလေးဖန်တောခ်တို့ကို တနင်္လာနေ့မှ စကြမယ်ဆိုလိုက်သည်နှင့် တပည့်ကျော်များ၏ မျက်နှာများက နက္ခတ်ပွဲ သဘင်ဖြစ်သွားဟန် လင်းပသွားကြလေသည်။
သြစတြီးယားတက္ကသိုလ်ကျောင်းသူ မစ္စ်ဒိုရ်တီကတော့ ယခင်နှစ်ဝက်က သင်ယူလက်စ သုတ္တနိပါတ်ကို ဆက်လက်လေ့လာရန် စိတ်အားထက်သန်နေခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ကျောင်းပိတ်ရပါလိမ့်မည်..။ တံခါးချပ်တွေ ကာရံထားသော စာသင်ခန်းကျဉ်းကျဉ်းလေးတွင် သူကိုယ်တိုင်ရော ..သူတပည့်များပါ မည်သူမှ လှောင်ပိတ်မနေကြစေလို..။
ဗုဒ္ဓအရှင်ကတော့ '' ငါတို့ လွတ်မြောက်ကြလေပြီ'' တဲ့.။
သူကတော့ '' သူတို့ လွတ်မြောက်ကြလေပြီ '' ဟု ခပ်ကြွားကြွား ရွတ်ဆိုမိတော့သည်။
အင်တာနက်စာမျက်နှာပေါ်က တံခါးများတစ်ချပ်ပြီးတစ်ချပ်ပွင့်လာသည်။ မင်းကိုနိုင်နှင့် မျှော်လင့်ချက်များ...။ အိပ်မက်များ..။ စည်းလုံးမှုများ..။ အနာဂတ်များ..အပြုံးများ..။ဝေးကနဲ အော်ဟစ်မြူးပျံနေသော အသံချိုချိုပြင်းပြင်းများ..။
ရင်ခုန်ချင်စရာကောင်းသောနာရီလက်တံအရွေ့တိုင်းတွင် သူလည်း မင်သက်ကာမျောပါနေလေသည်..။
မုဒိတာစင်မြင့်တွင် သူအပါအ၀င် အရေအတွက် ကိန်းဂဏန်းအနှိုင်းအဆမဲ့သော ကမ္ဘာ့ပြည်သူတို့ ရပ်နေကြလေသည်ကော..။
ထိုရောအခါမှ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုဆီက ၀ိမုတ္တိခြင်တစ်ကောင်ကို သူအမှတ်ရကာ ရဲရဲပြုံးမိသွားလေသည်။
(ဆက်ရန်)
(၃)
ခရစ်နှစ် ၂၀၀၀ ပြည့်ချိန်တွင် သူ၏ မန္တလေးသာသနာ့တက္ကသိုလ်လေးနှစ်တာပညာသင်ခရီးပြီးဆုံး၍ သာသနာပြုရဟန်းတော်တစ်ပါးအဖြစ် (၂)နှစ်တာ ဆက်လက်တာဝန်ထမ်းဆောင်ရန် ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံ၊(သို့မဟုတ် ) ခေမရဋ္ဌ်သို့ ဦးတည်ခဲ့ရပါလေသည်။ သာသနာ့တက္ကသိုလ်တွင် လေးနှစ်တာ ပညာသင်ယူပြီးပါက (အကယ်၍ မဟာဝိဇ္ဇာတန်းတက်ရန် အရွေးအချယ်မခံရလျင်) တောင်တန်းနှင့် နယ်စပ်ဒေသများသို့ နှစ်နှစ်တာ သာသနာပြုသွားရမြဲဖြစ်ပါသည်။
အချို့သော မိတ်ဆွေရဟန်းတော်များက မဟာဝိဇ္ဇာတန်းတက်ခွင့် မရ၍ စုတ်တသပ်သပ်ဖြစ်နေချိန်တွင် သူကတော့ စာမျက်နှာအသစ်များကို ဖတ်ရန် စိတ်စောနေခဲ့သည်။ အမှန်တကယ်ပင် ထိုနှစ်နှစ်တာကာလသည် သူ့စိတ်ကို အတော်အတန်ရင့်မှည့်စေခဲ့သည်။ ကျောင်းပရိဝုဏ်ပြင်ပက လောက၀ိဟာ ပညာနယ်ပယ်တွင် သူုဖတ်မှတ်နေသော စာအုပ်များထက် ကျယ်ဝန်းလှသည့် သင်ယူစရာပရိယတ်များကို အံ့သြကုန်နိုင်ဖွယ် တွေ့ခဲ့ရလေသည်။
သို့လျင် သူသည် ထေရ၀ါဒဗုဒ္ဓသာသနာပြုရဟန်းတော်ခန့်အပ်လွှာအမိန့်ကြော်ငြာစာရွက်တစ်ရွက်၊ လေယာဉ်လက်မှတ်တစ်စောင်၊ ''သာသနဿ ဘာရော အ၀ဿံ ၀ဟိတဗ္ဗော ''(သာသနာ့ဝန်ကို မချွတ်ထမ်းဆောင်ပါမည်) ဟု ထင်ရှားစွာ ရိုက်နှိပ်ထားသော အ၀ါရောင်သာသနာပြရဟန်းကဒ်တစ်ခု နှင့် ဖတ်မှတ်စရာစာအုပ်အနည်းငယ်ပါသော ၀န်စည်စလွယ်အိတ်ကို ဆွဲကာ ပထမဆုံးအကြိမ် သမားရိုးကျစာသင်သားဘ၀နေ့ရက်များမှ ခွဲထွက်ကာ တောင်တန်းပြာပြာများဆီ ရင်ခုန်စွာ ထွက်ခွာခဲ့လေသည်။
သာသနာပြုခရီးဟူသည် မျက်လွှာကလေးကိုချ၊ သပိတ်ကလေးကို ပိုက်၊ ယတ်တောင်ကလေးကို ထမ်းကာ ပန်းခင်းသောလမ်းကို လျှောက်ရလေသည်မဟုတ်ခဲ့။ သင်းပိုင်သင်္ကန်းကို တိုတိုဝတ်၊ စားနပ်ရိက္ခာဝန်စည်စလွယ်နှင့် ကျောပိုးအိတ်ကို လွယ်၊ လျှိုမြောင်အသွယ်သွယ်၊ တောင်အထပ်ထပ်ကို တောနင်းဖြတ်ရပါလေသည်။ ယခင်က အစိုးရအဆက်ဆက် အာဏာစက် လက်လှမ်းမမှီခဲ့ရာ လားဟူ၊အာခါ၊ ၀ စသော တိုင်းရင်းသားတို့၏ မိုးမြင့်ခေါင်ဖျားက ရွာလေးတွေဆီ သူရောက်ခဲ့ရသည်။
လမ်းခရီးက အင်ဒီယာနာဂျုံးဆန်ဆန်စွန့်စားရသည်မို့ သာသနာပြုကွက်ရွာလေးတွေဆီ ရောက်သည်နှင့် ပြန်လှည့်ရမည့် လမ်းအတွက် သူ မောနေမိတော့သည်။ လေတဟူးဟူးတိုက်ခတ်နေသော တောင်ကုန်းလွင်ပြင်များ၊ နွယ်ကြိုးများကို ဆွဲတက်ရသည့် မတ်စောက်သော တောင်ကမ်းပါးယံများ၊ ချော်ကျသွားလျှင် ဟု အမြဲအတွေးပွားကာ ခြောက်လှန့်နေသော တောင်စောင်းရှိ လူသွားလမ်းကျဉ်းကျဉ်းလေးများ..။ ဟူး....
အသိဥာဏ်မှောင်ပိန်းသော သွေးချင်းများ၏ ဘ၀၊ အဆုံးအမသာသနာမရှိ၊ ယဉ်ကျေးမှုမရှိ၊ အက်တီကက်မရှိ၊ နှစ်ဆယ့်တစ်ရာစုနှင့် ဂလိုဘယ်လိုက်ဇေးရှင်းသည် တောင်ခိုးဝေေ၀ သားချင်းတို့မြေဆီ မရောက်သေး..။
သာသနပြုတာဝန်ဆိုသည်က မောဟအကျဉ်းထောင်တွင် မှောင်ပိန်းလှောင်ပိတ်နေကြသူတွေကို အသိဥာဏ်ဝိဇ္ဇာလွင်ပြင်ဆီ ထုတ်နှုတ်ဆွဲခေါ်နိုင်ရေးပင်မဟုတ်လား..။ ထိုသို့ တွေးမိကာမှ ရွှေပြည်တော်၏ ပြည်မထဲက ရွှေရောင်တ၀င်းဝင်းနှင့် အလုပ်တာဝန်ဟင်းလင်ဖြစ်နေသော သာသနာပြုခေါင်းစီးအောက်က ကျောင်းကြီးဝိဟာတို့ကို သူ ချဉ်စူးစူးဖြစ်ခဲ့မိသေးသည်။ ဇရပ်တဲသာသာ အင်ဖက်မိုး ၀ါးထရံကာ သာသနာပြုကျောင်းလေးတွေမှာ စာအံသံလေးများကြားရဖို့ နှစ်ရှည်လများ ဇွဲသန်စွာ စည်းရုံးသာသနာပြုနေကြသည့် ရဟန်းတော်များကို သူ ဦးညွတ်ခဲ့မိလေသည်။
(၄)
သာသနာပြုလုပ်ငန်းဟူသည် အုပ်ချုပ်သူအစိုးရမင်းတို့၏ အထောက်အပံ့သာ မရလျှင် ပန်းတိုင်ပျောက်စေနိုင်လေသည်။ ဗုဒ္ဓအရှင်သည်ပင် မဇ္ဈိမဒေသ၏ အင်အားကြီးမားလှသောမဂဓတိုင်း၊ ကောသလတိုင်းစသော ဘုရင်ဧကရာဇ်တို့ကို ဓမ္မဖြင့် စည်းရုံးကာ သာသနာပြုလမ်းကြောင်းချဲ့ထွင်နိုင်ခဲ့သည်ကို လင်းလင်းချင်းချင်းရှိကြပေလိမ့်မည်။
သူ ရှမ်းပြည်အရှေ့ပိုင်းသို့ ချေချမိသည်နှင့် စစ်ဘက် နယ်ဘက်ဆိုင်ရာ ဌာနအသီးသီး၊အာဏာပိုင်အဖွဲ့အစည်းအမျိုးမျိုး၊ ပြည်ခိုင်ဖြိုး၊မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ၊ နယ်စပ်စည်ပင်စသော ဝေါဟာရများနှင့် ရင်းနှီးကျွမ်းဝင်ရလေသည်။
သာသနာပြုဗဟိုဌာနတွင် တာဝန်ကျသာသနာပြုရဟန်းတော်လေးပါးတွင် သူက ၀ါအငယ်ဆုံးဖြစ်ရာ (ရံခါ တောင်ပေါ်သာသနာပြုဌာနများသို့ ကွင်းဆင်းရသည်မှအပ) သူဝါသနာပါသည့် သင်ကြားရေးတာဝန်ကို စီနီယာရဟန်းတော်များက လွှဲအပ်ကြသဖြင့် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဖွင့်လှစ်သည့် ဗုဒ္ဓဘာသာသင်တန်းများကို ပို့ချပေးခဲ့ရသည်။
ထိုမျှမက သူက သာသနာပြုဌာနသို့ ရောက်ပြီးမကြာမီမှာပင် အင်္ဂလိပ်စာသင်တန်းလေးများကိုလည်း အတန်းစုံကျောင်းသူကျောင်းသားများအတွက် ဖွင့်လှစ်ဖြစ်ခဲ့သည်။ သာသနာပြုဗဟိုဌာနက တည်ထောင်စ၊ ဆောက်လက်စကျောင်းဆောင်များက မပြီးသေးချိန် စာသင်ရန်နေရာနှင့် စာသင်ခုံအခက်အခဲရှိသည်မို့ သူ့အခန်းကျဉ်းလေးထဲမှာပင် ဆွမ်းစားစားပွဲချကာ သင်တန်းဖွင့်ရလေသည်။
အခြေခံပညာကျောင်းသူ ကျောင်းသားများအတွက် စနေတနင်္ဂနွေနေ့လည် နေခင်းများတွင် အင်္ဂလိပ်စာအခြေခံသဒ္ဒါ သင်ကြားပေးလေ့ရှိပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများ၊ တက္ကသိုလ်ဘွဲ့ကြိုဘွဲ့ရများအတွက်တော့ နေ့စဉ်ညနေခြောက်နာရီတိုင်း အသုံးချဗုဒ္ဓဘာသာနှင့် အင်္ဂလိပ်စကားပြောသင်တန်း (Applied Buddhism and Communicative English Course)ကို ပို့ချဖြစ်ခဲ့သည်။ သူ့သင်တန်းလေးတွင် ကျောင်းဂေါစရဂါမ်မှ ကလေးများသာမက နီးစပ်ရာတပ်နယ်အသီးသီးနှင့်ဌာနဆိုင်ရာဝန်ထမ်းသားသမီးများ၊အခြားဘာသာဝင်ကလေးများလည်း ပျော်ရွှင်စွာ တက်ရောက်ကြသဖြင့် သူကြည်နူးရလေသည်။
သူ့အခန်းကျဉ်းလေးတွင် သင်တန်းဖွင့်လှစ်ပြီး နှစ်ရက်ခန့်အကြာ ညနေခင်းအင်္ဂလိပ်စကားပြောသင်တန်းကို သူတက်ကြွစွာ ပို့ချနေစဉ် သူ့အခန်းးပေါက်ဝတွင် အရိပ်နှစ်ခုကို တွေ့လိုက်ရသည်။ သူ့အခန်းပြတင်းပေါက်မှ လှမ်းမြင်ရသော ကျောင်းရှေ့မျက်နှာစာနေရာအသီးသီးတွင်လည်း အရိပ်များစွာ ရှိနေခဲ့လေသည်။
တြိဂံဒေသတိုင်းစစ်ဌာနချု့ပ်တိုင်းမှုး ဗိုလ်ချုပ်သိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့က သူ့စာသင်ခန်းလေးကို အကဲခပ်နေခြင်းဖြစ်ပါသည်။
သူဖျတ်ကနဲ ကြည့်ကာ သင်လက်စ စာကို ဆက်သင်နေခဲ့လေသည်။ တိုင်းမှူးဇနီးမောင်နှံက သူ့ကို လက်အုပ်ချီနှုတ်ဆက်ကာ စီနီယာသာသနာပြုရဟန်းတော်များကို ဖူးတွေ့ရန် ကျောင်းဆောင်အပေါ်ထပ်သို့ တက်ရောက်သွားခဲ့လေသည်။
(၅)
ပရိယတ္တိစာသင်ခန်းများတွင်သာ ငုတ်လျှိုးပျော်ဝင်နေခဲ့သည့် စာသင်သားငယ်မျှသာဖြစ်သော သူ့လိုရဟန်းအတွက် အာဏာပိုင်အဖွဲ့အစည်းများနှင့်ဖြစ်စေ၊စစ်တပ်အသိုင်းအ၀ိုင်းနှင့်ဖြစ်စေ ပတ်သက်ဆက်နွှယ်ခဲ့ခြင်းမရှိပေ။ သို့သော် သာသနပြုရဟန်းတစ်ပါးအတွက်တော့ နယ်ပယ်က ကျယ်ပြောရပါလိမ့်မည်။ ယခုဆုံမိဆုံတော့ နိုင်ငံတော်ကောင်စီဝင်၊ စစ်တိုင်းဒေသမှူး၊ ပြည်နယ်တစ်ခု၏ အကြီးအကဲတစ်ဦးနှင့် ကြုံရခြင်းဖြစ်လေသည်။
အမှန်စင်စစ် သူ့အမြင်တွင်လည်း အများသူငါလိုပင် စစ်တပ်၏ ပုံရိပ်(Image)က မကြည်လင်လှပါ။ သူတို့ငယ်စဉ်ကလေးဘ၀နေ့ရက်များတွင် တောင်ပြာတန်းပေါ်က ကျောပိုးအိပ်လွယ်ထားသော စစ်သားကြီး၏ အသွင်အပြင်ကို အားကျခဲ့ဖူးသလို ရုပ်ရှင်ပိတ်ကားပေါ်တွင် အာားမန်အပြည့်ချီတက်လာသည့် တပ်မတော်သားကြီးများကိုလည်း လက်ခုပ်လက်ဝါးတီးကာ ကြိုဆိုခဲ့ဖူးလေသည်။
ရန်သူကို ချေမှုန်းမည့်၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မည့် ရဲတင်းအလင်္ကာနှင့် သစ္စာသီချင်းပိုင်ရှင်များဟု အားကျဂုဏ်ယူခဲ့ရလေသည်မဟုတ်လား။
ပျဉ်းမငုတ်တို၊အမိမြေမှ သားကောင်းများ၊အသီးတစ်ရာအညှာတစ်ခု၊ ''စစ်သားကြီးကို ကျနော်မျှော်မှန်းသည်''အစ။ ဂီတစာပေနှင့် ရုပ်ရှင်ပြကွက်တို့၏ လွှမ်းမိုးမှုက သူတို့ကိုရင်လေးများ၏ ကျောင်းပရိဝုဏ်ထဲအထိ ပျံ့နှံ့စိမ့်ဝင်ကာ သင်္ကန်းကို ဘောင်းဘီနှင့်တူအောင် ခါးတောင်မြှောင်အောင် ကျိုက်၊ ခေါင်းအုံးကို ခါးပန်းကြိုးနှင့် ချီနှောင်ကာ ကျောပိုးအိပ်အဖြစ်လွယ်၊ ဘုန်းတော်ကြီးဆောင်းပုသိမ်ထီးကို သေနတ်အဖြစ်ထမ်းကာ အာဇာနည်ဗိုလ်တေဇတို့လမ်းအတိုင်း '' ရဲဘော်တို့ တစ် နေရာယူ၊ နှစ်အသင့်ပြင်၊ သုံး....လေး ငါး ဒိုင်းညှောင့် '' လုပ်ရသည်ကို ပျော်ရွှင်ဂုဏ်ယူတတ်ခဲ့သည်။
သို့သော် သူ မန္တလေးစာသင်သားဘ၀ ( ၈ )လေးလုံးနောက်ပိုင်းတွင်တော့ သူမျှော်ငေးကာ စိတ်နှလုံးတွင် နေရာကျယ်ကျယ်ပေးထားခဲ့သော တပ်မတော်သားကြီးများ၏ လှံစွပ်တပ်သေနတ်ပြောင်းဝကြီးများက ယမ်းခိုးဝေ့ကာ သူ့ဘက်သို့ ချိန်ရွယ်ထားသလို ခံစားရအောင် ကြေကွဲဖွယ်အဖြစ်အပျက်နှင့် အိပ်မက်ဆိုးတို့ကို မျက်မှောက်ပစ္စက္ခ သူမက်ခဲ့ရလေပြီ။
(၆)
အားနည်းချက်များစွာဖြင့် သေးသိမ်ကျဉ်းမြောင်းလှသော အာဏာနိုင်ငံရေးစနစ်ဆိုးအောက်တွင် စစ်တပ်သည် ပထမဆုံးပုံရိပ် ပျက်ယွင်းရသည်ကို ပိဋကတ်စာပေများတွင်လည်း သူ ဖတ်မှတ်သံဝေဂယူရပါလေသည်။
ဗုဒ္ဓအရှင်သည်ပင် ပါဝါလွန်ဆွဲသော အာဏာနိုင်ငံရေးအရှုပ်တော်ပုံများနှင့် ငြိကပ်ထိရှခဲ့ရသေးသည်။ ဗုဒ္ဓခေတ်မဇ္ဈိမ၏ စူပါပါဝါအင်အားကြီးနိုင်ငံများဖြစ်သည့် မဂဓနှင့် ကောသလတို့တွင် ဖခင်းများထံမှ သားများက စစ်တပ်နှင့်ပေါင်းကာ အာဏာသိမ်းပွဲကြီးများဆင်နွှဲခဲ့ကြသည်။ မဂဓတိုင်းတွင် အဇာတသတ်က ဖခင် ဗိမ္ဗိသာရကို အကျဉ်းချထားကာ အာဏာသိမ်းခဲ့သည်။ ဗိမ္ဗိသာရမင်းကြီးကို ပါဠိပိဋကတ်များတွင် သေနိယ(စစ်အင်အားကြီးသူ) ဟု ဖော်ပြလေ့ရှိသည်။ သားကို ချစ်ဇောကြီး၍ စစ်တပ်ကြီးတစ်ခုလုံးကို သားတော်လက်သို့ လွှဲအပ်လိုက်ရာမှ အပြီးအပိုင်အာဏာအသိမ်းခံလိုက်ရခြင်းဖြစ်သည်။ ကောသလတိုင်းတွင်လည်း ၀ိဋဋူပမင်းသားက သေနာပတိချုပ် ဒီဃကာရာယန၏ စစ်တပ်ကျောထောက်နောက်ခံဖြင့် ဖခင် ပသေနဒီကောသလ ဘုရင်မင်းမြတ်ထံမှ အာဏာသိမ်းယူခဲ့သည်။
မဂဓနှင့် ကောသလတိုင်းစစ်တပ်ကြီးများ၏ ပုံရိပ်သည် အာဏာငတ်မွတ်သူတို့၏ သွေးဆာသောအမိန့်ပေးသံအောက်တွင် ပုံရိပ်ကောင်းပျောက်ခဲ့ရသည်။ နောက်ပိုင်းတွင် ၀ိဋဋူပ၏ နယ်ချဲ့စစ်တပ်ကြီးက ဗုဒ္ဓအရှင်၏ မွေးရပ်မြေသက္ကတိုင်း ကပိလ၀တ်သို့ ချီတက်သွားခဲ့သည်။ ဗုဒ္ဓကိုယ်တော်မြတ်က ကပိလ၀တ္ထုနယ်စပ်ရှိ သစ်ခြောက်ပင်အိုအောက်မှာ ထိုင်ရင်း အမိမြေကို ဓမ္မပရိယာယ်ဖြင့် ကယ်တင်တော်မူခဲ့ရှာသေးသည်။
ဝိဋဋူပက မေးလျှောက်သည်။သစ်ကြီးဝါးကြီးတွေ ရှိပါလျက် ဘာဖြစ်လို့ သစ်ခြောက်ပင်အောက်မှာမှ ထိုင်တော်မူရပါသလဲ...။
သစ်ပင်ဝါးပင်အရိပ်ထက် ဆွေရိပ်မျိုးရိပ်က ပိုအေးပါသကွယ် ဟု ဗုဒ္ဓဖြေတော်မူရှာသည်ကို အားနာနားလည်စွာ စစ်တပ်ကြီးပြန်လှည့်သွားခဲ့သည်။
သို့သော် သကျတို့၏ ၀ဋ်ကျွေးနှင့် ၀ိဋဋူပ၏ မပြေနိုင်သော အာဃာတတရားတို့ကို ဗုဒ္ဓအရှင် သုံးကြိမ်ထက်ပို၍ မတားဆီးသာခဲ့ပါ။ ၀ိဋဋူပ၏ စစ်တပ်ကြီးက သကျသာကီဝင်တို့ကို လူမျိုးတုံးစစ်ပွဲကြီးဆင်နွှဲခဲ့ပါလေသည်။ သက္ကတိုင်း၊ ကပိလ၀တ်ပြည်ကြီး စစ်မီးလျှံအောက်တွင် ပြာကျခဲ့သလို အောင်ပွဲခံပြန်လာသော ကောသလ
စစ်တပ်ကြီးသည်လည်း အခါမဲ့ သည်းစွာ ရွာသော အစိရ၀တီမိုးမြစ်ရေကြောတွင် မျောကာ ပျက်သုဉ်းသွားခဲ့ရပါလေသည်။
မဂဓတိုင်းနိုင်ငံရေးက ကြိုတင်ကြံစည်မှုပါသောနိုင်ငံရေးဖြစ်၍ ဖခင်ထံမှ အာဏာသိမ်းယူပြီးချိန်တွင် စစ်တပ်နှင့် အပြိုင် ညီညွတ်သောအင်အားရှိသည့် ဗုဒ္ဓအရှင်၏ သံဃာထုကို အဇာတသတ်က စိုးထိတ်လေသည်။ (သမားတော်ဇီဝက၏ တိုက်တွန်းမှုဖြင့် ဗုဒ္ဓအရှင်ထံ ချဉ်းကပ်ရန် သရက်ဥယျာဉ်ထဲသို့ ၀င်စဉ် တန်ဆောင်တိုင်ညက တိတ်ဆိတ်လှသောကျောင်းတော်ကြီးအတွင်းတွင် လုပ်ကြံခံရမည်ကို စိုးရိမ်မိကြောင်း ပိဋကတ်မှတ်တမ်းရှိသည်။)
သမားရိုးကျဗုဒ္ဓ၀င်ပြကွက်များတွင် ဆရာဖြစ်သူဒေ၀ဒတ်က ဗုဒ္ဓအရှင်ကို လုပ်ကြံ၍ ဘုရားရာထူးကို လုမည့်ဟန် ပုံဖော်ကြသည့်တိုင် ထို့ထက် ပိုနိုင်လေသည်။ ရှင်ဒေ၀ဒတ်သည် မက်ခ်ဗယ်လီကဲ့သို့သော နိုင်ငံရေးသုခမိန်မင်းသားဟောင်းတစ်ပါးဖြစ်လေသည်။ အင်အားကြီးမား၍ ပြည်သူတို့၏ ထောက်ခံကြည်ညိုမှုကို အပြည့်အ၀ရထားသော ဗုဒ္ဓအရှင်နှင့် ညီညွတ်သောသံဃာထုကို ဖြိုခွဲရန် ကြံစည်ခဲ့လေသည်။ သဃာ့ခေါင်းဆောင်အကြီးအမှူးဖြစ်သော ဗုဒ္ဓကို အထောက်တော်များစေလွှတ်ကာ လုပ်ကြံခဲ့၍ မအောင်မြင်သောအခါ သဃာထု၏ ပုံရိပ်(Image)ကို အများပြည်သူတို့အမြင်တွင် သိမ်ငယ်သွားစေရန် ဗုဒ္ဓအရှင်ထံတွင် တောင်းဆိုချက်ငါးမျိုးတင်ပြကာ အကွက်ကျကျဖန်တီးခဲ့ပြန်သည်။
အမှန်စင်စစ် လာဘ်လာဘ ကျောစောမှုနှင့် အရှိန်အ၀ါကို တပ်မက်မောပြီး လောကီကို ညွတ်နူးနေပြီဖြစ်သည့် ရှင်ဒေ၀ဒတ်အနေဖြင့် ဘုရားလုပ်ရန်ထက် ပိုသော ရည်မှန်းချက်ရှိပါလိမ့်မည်။ ဗုဒ္ဓအရှင်နှင့် အဂ္ဂမဟာသာဝကကြီးများ၏ သြ၀ါဒအောက်တွင် ပိပြားညီညွတ်နေသောသံဃာထုကို မဖြိုခွဲနိုင်ခဲ့သဖြင့် မှန်းချက်မကိုက်ဖြစ်ကာ ခါးပိုက်ထဲမှာ ရှိနေပြီဟု ထင်သော အဇာတသတ်၏ ပစ်ပယ်ခြင်းကို ခံခဲ့ရသည်။ အကယ်၍သာ မှန်းသလောက်ပေါက်ခဲ့လျင် အဇာတသတ်လက်ထဲက အာဏာနှင့် စစ်တပ်ကြီးကို မျက်စိကျပြီးဖြစ်ပေလိမ့်မည်။
အာဏာနိုင်ငံရေးတွင် စစ်တပ်က ပထမပုံရိပ်ပျက်ရသည်။
ဒုတိယ ညီညွတ်သောအင်အားစုတို့ကို ဖြိုခွဲရန်၊ သို့မဟုတ် ချိနဲ့စေရန် ၎င်းအင်အားစုတို့၏ ပုံရိပ်ကို ဖျက်ဆီးရသည်။
လွန်ခဲ့သောလက ရွှေပြည်ကြီးသို့ အပြန် ငယ်စဉ်ကနေခဲ့ဖူးသော မြို့လေးသို့ ရောက်သွားခဲ့သည်။
မြို့လေး၏ ကျောင်းကန်သာသနိကအဆောက်အဦးများက သစ်လွင်တောက်ပနေသည်ကို အံ့ဘနန်းတွေ့ရသည်။ မြို့ခံမိတ်ဆွေရဟန်းတစ်ပါးက မှတ်ချက်ပေးသည်။ ဖက်စလီတီ(Facility) သာသနာပေါ့ ငါ့ရှင်ရယ်..။ ငါ့ရှင်တို့ငယ်ငယ်တုန်းက ကျောင်းအိုကန်အိုတိုင်းမှာ ကြားရတဲ့ စာအံသံတွေ ဘယ်မှာ ကြားရတော့လို့လဲ..တဲ့။
''အနှစ်နှစ်ဆယ်ကျော်အတွင်းမှာ ပိုင်ပိုင်နိုင်နိုင် မျက်ခြေဖြတ်ပစ်လိုက်နိုင်တာကတော့ ချီးကျူးစရာပဲ'' ဟု မိတ်ဆွေရဟန်းက ဆက်ပြောပါသည်။
''ဘယ်လိုပါလိမ့်'' ဟု သူက အသိခက်စွာ မေးမိတော့ ''ဒီနေ့ခေတ် စစ်သားလေးတွေ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ရဲဘော်သုံးကျိပ်တို့၊ဖက်ဆစ်တော်လှန်ရေးး၊တရုတ်ဖြူကျူးကျော်စစ်ကာလတွေက တပ်မတော်သားကြီးတွေရဲ့ ပုံရိပ်တွေနဲ့ မျက်ခြေပြတ်သွားသလို ငါတို့သာသနာ့ဝန်ထမ်းတွေကိုလည်း လယ်တီဆရာတော်၊ မစိုးရိမ်ဆရာတော်၊မင်းကွန်းဆရာတော်တို့ဆိုတဲ့ ပုံရိပ်ကြီးတွေနဲ့ မျက်ခြေဖြတ်ခံလိုက်ရပြီလေ..။
ပြည်သူတွေရဲ့အမြင်မှာ စစ်တပ်တစ်ခုထဲ ပုံရိပ်ပျက်နေတယ် မထင်နဲ့...သာသနာ့ဝန်ထမ်း၊ ကျောင်းသားထု၊ပညာရေးဝန်ထမ်း၊ကျန်းမာရေးဝန်ထမ်း. နယ်ပယ်ပေါင်းစုံ ပုံရိပ်ပျက်အောင် မျက်ချေဖြတ်ပြီး ဆွဲခေါ်သွားတာပဲလေ..။''
ပစ္စည်းဝတ္ထု (လာဘ Gain)ပူဇော်မှု (သက္ကာရ Honor)နှင့် ကျောဇော်မှု (သိလောက Fame) သည် ရဟန်းဖြစ်စေ လူဝတ်ကြောင်ဖြစ်စေ ပုထုဇဉ်တိုင်း ကြိုက်နှစ်သက်ကြသောအရာများဖြစ်သည်။ မျှားလိုက်လျှင် ဟတ်ချင်တတ်မြဲဖြစ်သည်။ မုံရွာဇောတိက ဆရာတော်ကြီးက သြ၀ါဒစကား မိန့်ဖူးသည်။ ပုထုဇဉ်ပီပီ လိုချင်တဲ့သတ္တ၀ါတွေချည်းပဲ.. ဒါပေမယ့် ငတ်ကြီးမကျကြနဲ့..။ သို့သော် ထိုအရာများကို ကျော်လွှားနိုင်ဖို့ဆိုသည်မှာ စိတ်ဓါတ်ကိုယ်ခံအားကောင်းပါမှ၊ သို့မဟုတ် လောကဓံ၏ ရိုက်ပုတ်မှုဒဏ်ကို ခံနိုင်ပါမှဖြစ်မည်။
စစ်တပ်က အာဏာသိမ်းပြီး (၈၈)နောက်ပိုင်းနှစ်ကာလများတွင် သာသနာ့ထိပ်ခေါင်တင် ဆရာတော်ဘုရားကြီးများကို ပုံရိပ်ပျက်လမ်းကြောင်းပေါ်သို့ ဘွဲ့တံဆိပ်များ ဖောဖောသီသီကပ်လှူခြင်းဖြင့် ဆွဲခေါ်သွားသည်။ ယခင်က မစိုးရိမ်ဆရာတော်ဘုရား၊ခန္တီးဆရာတော်ဘုရားတို့ကဲ့သို့ တစ်နယ်လုံး တစ်တိုင်းလုံးကျောက်ထီးတန္တုသဖွယ် လေးစားမြတ်နိုးရသည့် အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်ကြီးတစ်ပါးတည်း ရှိရာမှ နှစ်ပါးသုံးပါးဖြစ်လာသည်။
လယ်တီဆရာတော်၊ မန်လည်ဆရာတော်၊အရှင်ဇနကာဘိဝံသတို့ကဲ့သို့သော ကျမ်းပြုနှင့် စာချအကျော်ဆရာတော်ကြီးများကိုသာ ကပ်လှူသည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်များလည်း ဖောင်းပွလာသည်။ ဘုရားရှိခိုးအမျိုးမျိုးနှင့် ကျောင်းစည်းကမ်းပြုစုသော စာတတ်ပေတတ်ကြီးများလည်း အဂ္ဂမဟာပဏ္ဍိတနှင့် အလှမ်းမဝေး။ သို့နှင့် ရထိုက်၊ မရထိုက်သော ပုဂ္ဂိုလ်များရောထွေး ကာ ဘွဲ့ခံပုဂ္ဂိုလ်ကြီးများက သရော်ချင်စရာကောင်းလာတော့သည်။
(၇)
အစိုးရမင်းတို့နှင့် ရင်းနှီးကျွမ်းဝင် ရောနှောချင်သော ရာဇ၀လ္လဘရဟန်းအဖြစ်ထက် အစိုးရမင်းတို့ မြတ်နိုးကိုးကွယ်သော ရာဇဂုရုဆရာရဟန်းအဖြစ်ကိုသာ သာသနာတော်ထမ်းတို့က မျှော်မှန်းကြပေသည်။ မိမိတို့ကို ဦးထိပ်တင်သော ထိုအစိုးရမင်းသည်လည်း ဓမ္မရာဇာတရားမင်းသာ ဖြစ်စေလိုကြသည်။
(၈၈)လွန်ကာလများတွင် ဘွဲ့တံဆိပ်တို့၏ အညှီအနံ့ကို ရှိုက်မိသော ဆရာတော်ကြီးများက ဘွဲ့ခံပုဂ္ဂိုလ်ဖြစ်ရန် ရှက်နိုးတော်မူကြသော်လည်း ဘွဲ့တံဆိပ်နောက်တွင် ချိတ်ထားသည့် အခွင့်အရေးတီထွေးကြီးကို ဟတ်လိုသူကေစိပုဂ္ဂိုလ်အချို့ကလည်း ရှိနေခဲ့ပြန်လေသည်။ သို့နှင့် ဘွဲ့မခံယူလိုသောရဟန်းနှင့် ဘွဲ့ငန်းသောဘုန်းကြီးဟု နှစ်မျိုးဖြစ်လာစေခဲ့သည်။
အများပြည်သူတို့အမြင်တွင် သိက္ခာသုံးရပ် အကျင့်မြတ်ကုံလုံ အရည်အချင်းပြည့်စုံကာ ဘွဲ့ခံပုဂ္ဂိုလ်ဖြစ်ထိုက်သူဟု ကျော်ဇောကိတ္တိရှိသည့် ဆရာတော်ကြီးများကို( ဖိအားပေးကာ) ဘွဲ့အလှူခံစေတတ်ပြီး မိမိကိုယ်တိုင်ဆန္ဒအရဖြစ်စေ၊ပကာသနအရောင် အသွေးကို အလေးပေးတတ်ကြသည့် တပည့်ဒကာဒကာမအသိုင်းအ၀ိုင်း၏ တွန်းအားကြောင့်ဖြစ်စေ ဘွဲ့တံဆိပ်ကို ငန်းမိသောဘုန်းတော်ကြီးအချို့ကိုတော့( လျှောက်လွှာတင်အောက်ကျို့ကာ) ဘွဲ့တောင်းခံစေသည့် စနစ်ကို ကျင့်သုံးခဲ့ပြန်သည်။
ယခင်ဆက်ကပ်မြဲဖြစ်သည့် အထင်ကရဘွဲ့တံဆိပ်တော်ကြီးနှစ်ခုအပြင် ခေါင်းစဉ်အမျိုးမျိုး တပ်ထားသော ဘွဲ့များကို တည်ထွင်လိုက်သောအခါ တစ်ဘွဲ့မဟုတ် တစ်ဘွဲ့က တန်းစီ ဇယားတွင် သေချာချင်တိုင်းသေချာနေတော့သည်။
ဘွဲ့တံဆိပ်များနှင့် ပတ်သက်၍ ရယ်သွမ်းသွေးပုံပြင်လေးတစ်ပုဒ်ကြားဖူးသည်။ အစိုးရက ဘွဲ့များကို လှိုင်လှိုင်ထုတ်လုပ်ပေးခါစ ရွာတစ်ရွာရှိ သီလသမာဓိထင်ရှားသောတောင်ကျောင်းဆရာတော်ကြီးကို ဘွဲ့တံဆိပ်ဆက်ကပ်လေသောအခါ မြောက်ကျောင်းဆရာတော်က ချီးမွမ်းမဆုံး။ ချွန်လိုက်ပါဘိ၊မွန်လိုက်ပါဘိ၊ တော်လိုက်ပါဘိ၊ မော်လိုက်ပါဘိ။
နောက်နှစ်ကူး လွတ်လပ်ရေးရာသီတွင် တပည့်ဒကာဒကာမများက လျှောက်လွှာဖြည့်စွက် တင်သွင်း၍ မြောက်ကျောင်းဆရာတော်ကိုယ်တိုင် ဘွဲ့ခံပုဂ္ဂိုလ်ကြီးဖြစ်လာသည့်အခါမှာတော့ ''ဟို မောင်ရှင်လည်း ငါ့လိုပဲထင်ပါ့ '' ဟု တန်ညှိလေသောဟူ၏.။
(၈)
ဘွဲံ့တံဆိပ်ရ၊ မရပုဂ္ဂိုလ်တို့ကိုလည်း ခွဲခြားဆက်ဆံသဖြင့် လောကဓံကို ခံနိုင်ရည်မမွေးနိုင်သော ဆရာတော်ကြီးများခမျာ စိတ်ဓါတ်စစ်ဆင်ရေးတွင် ကျဆုံးကြရသည်လည်း ရှိတတ်ပေသေးသည်။ ဘွဲ့ရမဟုတ်လျင် မင်းပွဲစိုးပွဲသဘင် မ၀င်ရ၊မကပ်ရ။
ဘွဲ့သင်္ကေတကြာငါးခိုင်တံဆိပ်တုံးမှ မပြနိုင်လျင် ရုံးပြင်ကန္နားက စကားပြောလိမ့်မည်မဟုတ်။ မီးရထားလက်မှတ်ဝယ်သည်ပင် နေရာပေးထည့်သွင်းစဉ်းစားလိမ့်မည်မဟုတ်။ ''ဟွန်း ဘဒ္ဒန္တဘွဲ့ရလည်း ဟုတ်ဘဲနဲ့..။''
မိတ်ဆွေရဟန်းတစ်ပါးက ရန်ကုန်ဘူတာကြီးထဲက မြင်ကွင်းလေးတစ်ခုကို ပြောပြဖူးသည်။ သက်တော်ခြောက်ဆယ်အရွယ်ရှိ ဆရာတော်ကြီးတစ်ပါးကို နောက်ပါတပည့်ရဟန်းသုံးပါးခန့်က အိပ်ဆွဲကာ မီးရထားသို့ လိုက်ပို့ကြသည်။ ထိုအချိန်မှာပင် အုပ်အုပ်ကျက်ကျက် လူထုကြီးခြံရံပြီး ရွှေရောင်စာလုံးရေးထိုးထားသော ယတ်တောင်ကို ဟန်ပါပါကိုင်လျက် သက်လတ်ပိုင်း ဘွဲ့ခံဘုန်းတော်ကြီးတစ်ပါး အထက်တန်းတွဲသို့ ကြွလာသည်။
ဒုတိယဆရာတော်က ပထမဆရာတော်ကို မြင်ဖြစ်အောင် မြင်သလို ပထမဆရာတော်ကြီးကလည်း သတိထားမိလိုက်သည်။ သို့သော် အချင်းချင်းနှုတ်မဆက်ဖြစ်ကြ။ ဒုတိယဆရာတော်က လူအုပ်ကြားတွင် နှုတ်ဆက်လိုဟန် မရှိ။ ဘွဲ့ခံသာသနာ့အာဇာနည်ပုဂ္ဂိုလ်ကြီးကို ပူဇော်နေကြလေသည့် ပရိသတ်လူအုပ်ကြီးကိုသာ သြ၀ါဒနှုတ်ဆက်စကားချွေရလေမည်မဟုတ်လား။
ရထားထွက်ပြီး လူရှင်းပြီဆိုပါမှ ဘွဲ့ခံဘုန်းတော်ကြီးလေးက ဆရာအရှင်ဖြစ်သူ ပထမဆရာတော်ကြီးဆီ ချဉ်းကပ်ကာ ဂါရ၀ပြုရပါလေသည်။ တပည့်များစွာတွင် ပရိယတ်ညံ့ဖျင်းလှသော်လည်း လူမှုရေးကျွမ်းကျင်ပြီး လောကီလည်ဝယ်ဟန်ရှိသော ဘွဲ့ခံတပည့်ကျော်ကို ဆရာအရှင်က ခပ်ရိုးရိုးကြီးကြည့်နေပါလေသည်။ ထိုဆရာတော်ကြီးက သာသနာတော်လောကတွင် ပရိယတ်ပဋိပတ်ထင်ရှားလှသော်လည်း ဘွဲ့တံဆိပ်တော်ကို ညှီစော်နံသော မန္တလေးမြို့က စာချအကျော် မိုးကောင်းဆရာတော်ကြီးဖြစ်ပါသည်။
(အခြားအခြားသောဆရာတော်ကြီးများကတော့ အတန်တန်ငြင်းပယ်သည့်ကြားမှပင် သတင်းစာမှ ပြောင်ပြောင်တင်းတင်းဆက်ကပ်ကာ ဘွဲ့နှင်းသဘင်မတက်မနေရ သဒ္ဓါ အရည်သုတ်လိမ်းထားသော အာဏာချိုချဉ်တော်ကြီးကို မဘုဉ်းပေးရဲဘဲ မနေနိုင်အောင် ပူဇော်ခြင်းခံရလေသည်။)
ယခင်က ဘယ်ကျမ်းပြုဆရာတော်၊ဘယ်စာဝါကို ပို့ချနေသောဆရာတော်၊ ဘယ်တရားကို ဟောတော်မူသောဆရာတော်၊ ဘယ်ပဋိပတ်အကျင့်စခန်းကို လမ်းပြသောဆရာတော်စသည်ဖြင့် အလုပ်ကို ဦးစားပေးခေါင်းစဉ်တပ်ကာ လေးစားပူဇော်ဖွယ်ဖြစ်ခဲ့သော်လည်း ယနေ့ခေတ်တွင်မူ ကိုးဘွဲ့ရ၊ဆယ့်နှစ်ဘွဲ့ရ၊ တစ်ရာ့နှစ်ဆယ်ဘွဲ့ရ၊ ဘွဲ့ပေါင်းတစ်ထောင်ဂုရုကွေးဖြစ်လာရန် အာရုံစိုက်ကြလေသည်အထိ ရေးစီးရေလာပြောင်းလဲခဲ့လေသည်။
အလုပ်ခေတ်ထက် ဘွဲ့ခေတ်ကြီးတွင် သူကိုယ်တိုင်သည်ပင် ချည်ထားသောဘွဲ့တွေ တော်တော်များနေပြီ။ အလုပ်က မည်မည်ရရ ခါးတောင်းမကျိုက်ရသေး၊ ဘ၀သက်တမ်းတစ်ဝက်ကျိုးတော့မည်။
လောကုတ္တရာဘက်တွင် ဘာဘွဲ့မှ မရကြရှာသော လယ်တီတောကျောင်းဘုန်းကြီးလေး အရှင်ညာဏ၊မန်လည်ရွာလေးက အရှင်ဇ၀န၊ ဆာဘိုးသာဇရပ်ကြီးတွင် ကပ်ရပ်စာချခဲ့ရရှာသည့် အရှင်အာဒိစ္စ၀ံသ၊ အတန်းပညာဟူသောလျှောက်လွှာပုံစံတွင် '' မရှိ'' ဟု အမြဲစာရင်းဖြည့်သွင်းရရှာသော တောင်တွင်းကြီးမြို့လေးက ရှင်ဥက္ကဋ္ဌတို့၏ ခြေဖျားလည်းမမှီ။ လောကီရေးရာတွင်လည်း တက္ကသိုလ်ဥပစာတန်းမျှ သင်ယူခဲ့ဖူးရှာသော ကိုရင်သန့်ဝိဇ္ဇာတန်းလေးအောင်ရုံမျှ ဖိုးအောင်ဆန်းနှင့် ဥပဒေတန်းတဖုန်းဖုန်းကျရှာသော ကိုကြီးနုတို့နှင့် မယှဉ်သာ။
အော် ဘွဲ့..ဘွဲ့ရောဂါ...။ ကူးစက်လေစွတကား။ သို့ဖြင့် ဘွဲ့ခံဆရာတော်အချင်းချင်း ဓါတ်သိဘွဲ့ခံများဖြစ်လာက ဂါရ၀နည်းပါးလာသည်နှင့်အမျှ တပည့်သံဃာငယ်များကလည်း အရိုသေတန်သလို ဖြစ်လာခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ လွတ်လပ်ရေးနေ့ သာသနာတော်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ကြေငြာချက်သည်ပင် '' မူလတန်းဂေဇက်'' ဟု အသရေပျက်လာလေတော့သည်။
သံဃာကြီးများနှင့် သံဃာငယ်များကြား ဂါရ၀နှင့် နိဝါတနည်းပါးခြင်းအက်ကြောင်းကြီးပေါ်လာခဲ့သည်။ ယခင်က ဘွဲ့တံဆိပ်ရဆရာတော်ကြီးတစ်ပါး၏ သြ၀ါဒစကားတစ်ခွန်းအောက်တွင် ရဟန်းရှင်လူပြည်သူလူထုက ညီညွတ်ပိပြားကာ တစ်ကြောင်းတည်းသောလမ်းကို လျှောက်ခဲ့ကြသော်လည်း ယခုမူ ဘွဲ့ခံအပါးတစ်ရာ၊ သြ၀ါဒအခွန်းတစ်ရာ၊ လမ်းကြောင်းတစ်ရာ...။
(၉)
နုပျိုတက်ကြွ၍ အနာဂတ်သာသနာ့အညွန့်အညှောက် ရှင်ပျိုရဟန်းပျိုပေါက်စတို့ကို မထေရ်သံဃာတော်ကြီးတို့က မျက်စိနောက်စေအောင်လည်း မလစ်ဟင်းခဲ့ပါ။
'' မောင်ရှင်တို့ ခေတ်ရောက်မှပဲ ဘုရားတရားတော်တွေ ကွယ်ပျောက်ရတော့မှာပါကလားကွယ်ရို့ '' ဟု သာသနာ့ထိပ်ခေါင်တင်မထေရ်ကြီးတို့ ရွှေရင်စို့လောက်သော ဇာတ်ဝင်ခန်းတို့ကို ဖန်တီးခဲ့ပြန်ပါလေသည်။ ပရိယတ္တိပဌမပြန်စာမေးပွဲများ၏ အရည်အသွေးကို လျှော့ချပေးလိုက်ခြင်းဖြစ်ပါသည်။
ကြီးကြပ်ရေး၊အထူးကြီးကြပ်ရေးတင်းကျပ်စွာ ချထားသည့် စာဖြေခန်းထဲတွင် ဇောချွေးထွက်အောင် စဉ်းစားဖွယ်မလိုတော့။ စာမေးပွဲဖြေဆိုမည့်ရဟန်းသာမဏေသီလရှင်များ စိတ်အေးချမ်းသာစွာ ဖြေဆိုစေချင်ပါသည်ဘုရား ဟူသော သာသနာရေးဆိုင်ရာလျှောက်ထားချက်ကြီးကို နာယူခဲ့ရပြီးသော ကြီးကြပ်ရေးဆရာတော်များအနေဖြင့် သတင်းစာတစ်စောင်ကို ဖတ်၊ရေနွေးကြမ်းကို တစ်ခွက်ပြီးတစ်ခွက်သောက်ရင်း မောင်ရှင်၊မယ်ရှင်လေးများကို လစ်လျူရှုခြင်းဖြင့် စောင့်ရှောက်တော်မူရလေသည်ကော။
စာဖြေခန်းအတွင်း ကျောက်သင်ပုန်းကြီးပေါ်တွင် ဘယ်မောင်ရှင်က လက်ဆော့ထားသည်မသိ။ ကဗျာတစ်ပုဒ်ကို ထင်းထင်းကြီးတွေ့ရပါလိမ့်မည်။
စာစစ်ကြွလာ၊ ထေရ်မဟာ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
စာဖြေခန်းတွင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
ကူးထားသည့်စာ၊ အဖြေလွှာ၊ ဘယာဝေးပါစေ။
အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးကြသည့် စာသင်တိုက်ကြီးများကတော့ ထိုလောကဓံကို အံတင်းခံ၍ '' ခေတ်ဘယ်လိုလိုပြောင်းပြောင်း၊ ငါတို့ပရိယတ္တိမူမပြောင်း၊ မသမာစိတ်မွေးလျင် ဂျောင်း '' ဟု ဇွဲသန်သန်လှော်ခတ်နေကြသည်ကို ကြည်ညိုဖွယ်ရာဖူးတွေ့ရဆဲဖြစ်ပါ၏။
သို့သော် ရဟန်းငယ်ရှင်ငယ်များသည်လည်း ဆရာတော်ကြီးများက ဘွဲ့တံဆိပ်တော်နောက် ကောက်ကောက်ပါသလို စာတတ်ခြင်းထက် စာမေးပွဲအောင်ခြင်းကိုသာ ဆာလောင်လေပြီ။စာမေးပွဲအောင်ဖို့လည်း ဘာခက်သနည်း၊ စာဖြေဌာနများစွာ ဖွင့်လှစ်လိုက်လိုက်ပြီ။ ယခင်တစ်နိုင်ငံလုံး အစိုးရစစ်ဟု ဂုဏ်သရေမြင့်ခဲ့ရာမှ တိုင်းနှင့်ပြည်နယ်စစ်သို့ ပြောင်းသွားလေပြီ။ စာဖြေဌာနချင်းကလည်း ဖြေဆိုချိန်မတူ။ နှစ်ဌာနခွဲပြီးလက်မှတ်ထိုးလိုက်လျင် တစ်နေရာရာကတော့ အောင်မည်လက်ခတ်မလွဲ..။ အော် ဒို့ခေတ်ကို ရောက်နေပြီမှာ မလွဲပါ..။
စာတတ်ချင်သောရှင်ငယ်ရဟန်းငယ်လေးများက စာသင်တိုက်ကြီးများတွင် ဇွဲခတ်ကူး၍ စာမေးပွဲတဘုန်းဘုန်းကျနေချိန် သုံးကျောင်းပြောင်းသောရှင်၊ ယောင်ခြောက်ဆယ် မောင်ရင်တို့က တစ်နှစ်တစ်တန်း ပုံမှန်းလှမ်းကာ ဓမ္မာစရိယတန်း ဟုလျှမ်းလျှမ်းတောက်နေကြလေပြီ။
ခင်ကြီးပေါက်နောက် ဒို့နှစ်ယောက်ပုံပြင်ပမာ ငါ့ရှေ့နောင်တော်ဘုရားအလောင်းများသည်ပင် မူးကြတုန်း၊ ငါလည်း ကျင့်နေလို့ ထူးပါဘူး ဟု ခင်ကြီးပေါက် စိတ်ဒုန်းဒုန်းချလိုက်သလိုပင် စာသင်တိုက်မှ စိတ်ဓါတ်မခိုင်ရှာသောမောင်ရှင်လေးများလည်း စာသင်တိုက်ကြီးမှ စာချဘုန်းကြီးများမသိအောင် အခြားစာဖြေဌာနတစ်ခုတွင် လက်မှတ်ထိုးပြန်လေသတည်း၊
(
(၁၀)
သာသနာတော်ထမ်း ရှင်ရဟန်းလောကတွင် မထေရ်ကြီးမထေရ်ငယ်၊ အသွယ်သွယ်အဆင့်ဆင့်တို့ကြား အထင်အမြင်လွဲချော်မှုနံရံ ပိုမိုထူထပ်လာခဲ့သည်မှာ သတိမူသူတိုင်း ဂူကြီးကို တိုက်မိသည်ချည်းပင်။
သို့သော် ပရိယတ္တိအရည်အသွေးကို ထိန်းသိမ်းထားဆဲဖြစ်သော သကျသီဟ၊စေတီယင်္ဂဏ၊ မင်္ဂလာဗျူဟာစသော သီးခြားအသင်းစာမေးပွဲများရှိနေသေးသဖြင့် လင်္ကာရသာမဏေကျော်နှင့် အဘိဝံသအဌကထာပြန်အကျော်မျိုးဆက်တို့ အရောင်အဆင်းလက်နေဆဲဖြစ်၏။ ထိုမငြိမ်းသေးသောမီးစကိုပင် အနာဂတ်သာသနာအတွက် ပြန်လည်ကူးယူထွန်းညှိကြရပေလိမ့်မည်။
ထိုအသင်းစာမေးပွဲများသည် မြန်မာ့ထီးနန်းပျက်သုံး၍ နယ်ချဲ့ ဗြိတိသျှကိုလိုနီအုပ်စိုးမှုအောက် ပရိယတ်လှေတော်ကြီးမမှောက်အောင် စောင့်ရှောက်လှော်ခတ်ခဲ့ကြသည့် အစဉ်အလာကောင်းများရှိခဲ့သည်။
မည်သို့ဖြစ်စေ အုပ်ချုပ်သူအစိုးရ၏ ပေါ်လစီအတိုင်း ကျင်းပရသောစာမေးပွဲများကတော့ ချို့ယွင်းချက်အနာအဆာဖန်တီးခြင်းနှင့် ယိုပေါက်ဖွင့်ပေးခြင်းများကြောင့် အောင်လက်မှတ်အချို့တွင် ချတို့အသိုက်အအုံဖွဲ့နေသည်များပင် ရှိနေတတ်လေသည်။ အစိုးရစာမေးပွဲများတွင် မည်သူတရားပျက်ပျက် ဒို့မပျက်မူအတိုင်း စာမေးပွဲအဆင့်ဆင့်ရိုးသားစွာ ကြိုးစားရင်း အောင်ပန်းကို လှမ်းဆွတ်ခူးယူကြသော ဓမ္မာစရိယအရှင်ကောင်းများစွာကိုလည်း ဦးခိုက်ပူဇော်လိုက်ပါ၏။
ထို့ထက်အလွန် သာသနာ့ဝန်ထမ်းအမည်ခံအချို့၏ ၀ိနည်းကျောခိုင်းလုပ်ရပ်များကို အာဏာစက်က မသိကျိုးနွံပြုခြင်းဖြင့်လည်း လူထုချဉ်ဖတ်အဖြစ်ကို မကြာခဏရောက်စေခဲ့ပါသည်။
မန္တလေး၊ရန်ကုန်နှင့် စစ်ကိုင်းတို့လို မြို့တော်ကြီးများ၏ ပါဠိပထမပြန်စာမေးပွဲရာသီတွင် စာဖြေသံဃာတော်များကို စာဖြေဌာနအသီးသီးသို့ စနစ်တကျကြွရောက်ဖြေဆိုဖို့ စီမံမပေးခြင်းကြောင့် လူဝတ်ကြောင်ကျောင်းသားငယ်များပမာ မတစ်ထောင်သားရှင်ငယ်ရဟန်းတို့ အထိန်းအကွပ်မဲ့ အော်ဟစ်ရမ်းကားကြသည်က ဘာသာတရားကို အလေးထားသူတို့အတွက် အော့နှလုံးနာဖွယ်ရာဖြစ်စေသလို ဘာသာခြားတို့အလယ်တွင် မျက်နှာငယ်စေသောပြယုဂ်တစ်ခုလည်း ဖြစ်ပေသည်။ အမှန်တကယ် စာမေးပွဲရာသီဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ ရှုပ်လေ ကြိုက်လေ။ လူထုအော်ကြောလန်လေ ပေါ်လစီအောင်မြင်လေပင်မဟုတ်ပါလော..။
မီးရထားဘူတာရုံနှင့် အဝေးပြေးကားဂိတ်၊လူစည်ကားရာဈေးများနှင့် အိမ်တံခါးကို ခေါက်၍ ညနေအထိ သပိတ်ပိုက်အလှူခံသော ဖုန်းတောင်းယာစကာပမာ သင်္ကန်းဝတ်များ၊ သာမန်လူဝတ်ကြောင်လောက်မှ အပြုအမူမယဉ်ကျေးသော ဘာသာရေးအရေခြုံများအတွက် အာဏာစက်က ကင်းလွတ်ခွင့် ပေးထားလေသည်။ သာသနာတော်ကို အရိုအသေတန်စေခြင်းသည် မဟာဗျူဟာမြောက်စီမံကိန်းတစ်ရပ်ပင် ဖြစ်ပါ၏။
ဓမ္မစက်တည်းဟူသော အရိုးပျော့တောင်ဝှေးကို ကိုင်၍ အုပ်ချုပ်ကြီးမှူးရရှာသော သံဃနာယကအဖွဲ့အစည်းအဆင့်ဆင့်သည်လည်း အာဏာစက်၏ ပါဝါအမာထည်(Hard Power)ကို မရသဖြင့် နာမည်ပျက်ရုံမျှ သာသနာ့ဝန်ကိုဆောင်ရလေသည်။
ပိုးဖဲကတ္တီပါ၊ သင်္ကန်းထည်လဲ၊ ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားနှင့် လေအေးစက်ပါ မကျန် ကျောင်းကန်တိုက်တာ၊ မော်တော်ကားလည်း မလစ်ဟင်းစေရပါ ၀ိဟာရွှင်ပျော်ဆရာတော်ဘုရားများ ကိုယ်စိတ်နှလုံး ပြုံးပြုံးမြမြ ကြောင့်ကြမဲ့သာ သီတင်းသုံးတော်ကြပါဘုရား..။
အာဏာစက်ဟူသည်က ကြွက်ခုတ်သော ကြောင်သူတော်များအတွက် မဟုတ်ပြီ။ နိုင်ငံရေးတည်းဟူသော ငါးကြော်ကို မထိပါးသမျှ ကြောင်သူတော်တို့ ကြွက်ခုတ်ကြစေ..။ အာဏာစက်ဟူသော ငါးကြော်ကို ထိပါးမိလျှင်တော့ သီတာ(၇)တန် ပင်လယ်သမုဒ္ဒရာခြားပါစေ..မောင်ဖုန်းတို့ ရှောင်မပုန်းသာလေပြီ။
အမှန်စင်စစ် ဤရှုမျှော်ခင်းတို့သည် မြန်မာနိုင်ငံတော်သမိုင်းစာမျက်နှာကို လှန်လိုက်ပါက ညောင်ရမ်းမင်းဆက်ပျက်သုဉ်းချိန် ဟံသာဝတီပါမင်းလက်ထက်က အဖြစ်အပျက်များနှင့် အတူတူဖြစ်ကြောင်းအံ့သြဖွယ်ရာတွေ့ရမည်ဖြစ်ပါ၏။ ပျက်ချိန်တန်ပြီးလျင် ဖြစ်ချိန်လည်း တန်လာပေအံ့ဟု မျှော်ရပေတော့သည်။ ကုန်းဘောင်နေမင်း မတောက်ပမီကာလများနှင့် မကွဲပြားသောဇာတ်ဝင်ခန်းများပေတည်း။
(၁၁)
ယခင်က ဓမ္မကထိကဟူသည် ပုဂ္ဂလ၀ိသေသ ထူးမြတ်လှသော ပုဂ္ဂိုလ်တစ်ပါးအဖြစ် သာသနာတော်က စံထားကာ နေရာပေးရလေသည်။
ဓမ္မကထိကအဖြစ် ပလ္လင်ပေါ်တက်ရန် ဗျတ္တပဋိဗလ ပရိယတ်ပဋိပတ် စွမ်းဆောင်ရည်မြင့်မားကာ ဘုရားအရှင်အလိုတော်ကျ တရားစကားကို ဟောကြားနိုင်ရပေလိမ့်မည်။ ပိဋကတ်စာပေတွင်လည်း ဓမ္မကထိကအင်္ဂါနှင့် လက္ခဏာအမျိုးမျိုးကို သတ်မှတ်ဖော်ပြထားလေသည်။
ရှေးခေတ်က ဆရာတော်များသည် ပရိယတ်၊ပဋိပတ်စွယ်စုံ မာတင်မုန်သောက် ပုဂ္ဂိုလ်ကြီးများပင်ဖြစ်ကြသော်လည်း လာဘ်လာဘနှင့် ပရိသတ်ဒကာဒကာမဆူဖြိုးလှသောဓမ္မကထိကဘ၀ကို မရွေးချယ်လိုကြ။ စာပေပို့ချခြင်း၊ကျမ်းဂန်ရေးသားခြင်း၊ တိုးတိတ်ခြိုးခြံစွာ ဘာဝနာပွားခြင်းဖြင့် သာသနာတော်ကို ရိုးရှင်းစွာ သွန်းလောင်းကြလေသည်။
မလွှဲရှောင်သာသော ဓမ္မကထိကဘ၀ကိုလည်း စာချသက်ရင့်၍ ပဋိပတ်ရေမြင့်မှသာလည်း စကားလုံးကြာချပ်ကို ဖွင့်ကြမြဲဖြစ်လေသည်။ သို့သော် ဓမ္မကထိကလုပ်မိသဖြင့် ဘယ်ဆရာတော်ကြီးက ဘာများပြောလေမလဲ နားစွင့်ရသောဟူ၏။
လယ်တီဆရာတော်ကြီးသည် မြန်မာနိုင်ငံအရပ်ရပ် မိုးခေါင်ရေးရှား ကပ်သုံးပါးဆိုက်၍ ဒုက္ခပင်လယ်ဝေစဉ် မိုးပရိတ်ကမ္မ၀ါစာများကို ကိုယ်တော်တိုင်ပြည်လုံးအနှံ့ ရွတ်ဖတ်သစ္စာဆိုကာ မိုးရွာစေလျက် ပြည်သူတို့ကို ချမ်းသာစေပြီးနောက် အလိုအလျောက်ဓမ္မကထိကအဖြစ်သို့ ရောက်ရရှာလေသည်။ ဓမ္မကထိကတစ်ပါးအဖြစ် အထက်အောက်မြန်ပြည်တစ်ခွင် စုန်ဆန်ကြွသွား၍ တရားစည်ကို ရိုက်ခတ်နေလေရာ ပခုက္ကူဆရာတော်ကြီးက မှတ်ချက်ပေးသည်။
''ကိုလယ်တီတို့ စာချနေတုန်းက သြဒိဿမေတ္တာ (နာမည်ကိုရည်စူး ပို့ရသောမေတ္တာ) များ နေ့စဉ်ပွားရပါသဗျာ။ ခု နယ်လှည့်တရားဟောနေပြီဆိုတော့ သဗ္ဗေသတ္တာ ထဲထည့်လိုက်ပြီ '' ။ သူတော်ကောင်းကြီးတို့စကား သူတော်ကောင်းကြီးတို့သာ နားလည်ပေလိမ့်မည်။
သူတို့ငယ်စဉ်က မင်းကွန်းတိပိဋကဆရာတော်ကြီးဦးဆောင်သောမလွန်ဆန်လှူအသင်းဓမ္မကထိကတို့၏ ဂုဏ်အသရေကို ငေးမျှော်ကြည့်ခဲ့ရဖူး၏။ သီတဂူအရှင်မြတ်သည် ထိုအမြုတေအဖွဲ့အစည်းထဲမှ လက်လက်ထသောကြယ်ပွင့်ကြီးဖြစ်၏။
သို့သော် ယနေ့မျက်မှောက်ခေတ်တွင် ဓမ္မကထိကဖြစ်ရန်အတွက် အရည်အချင်းကန့်သတ်ချက်မရှိ။ သံဃနာယကအဖွဲ့ကလည်း မစိစစ်၊ ပလ္လင်နှင့် ပရိသတ်ရှိလျင် လုံလောက်သော ဓမ္မကထိကအင်္ဂါဖြစ်ပေ၏။ နိပ်ပေစွ..။ သို့နှင့် ဒုလ္လဘရဟန်းနှင့် ပိဋကတ်အိုးခြမ်းကွဲလူဝတ်ကြောင်တို့အပါအ၀င် ဓမ္မကထိကပေါင်းသောင်းခြောက်ထောင်တို့ ပြောင်ရွှန်းဝေသော သမယကြီးဖြစ်ပေ၏။
ဓမ္မကထိကများလာသည်နှင့်အမျှ ဟောပြောချက်အမှားတို့လည်း ဟိမ၀န္တာမြူတို့ပမာ ဆိုင်းလျက် မှိုင်းလျက်ရှိတော့သည်။ ဘုရားအကြိုက်ထက် ပရိသတ်အကြိုက်ဟောရသော အချို့ဓမ္မကထိက၏ တရားသည် ဖျော်ဖြေမှုဆန်၏။ အချို့တရားသည် တိုက်ခိုက်ရေးဘက်နွှယ်ကာ ငါတော် (အတ္တုက္ကံသန)၊သူရှော်(ပရ၀မ္ဘန) ခေါင်းစဉ်အောက်တွင် မျက်နှာပူစရာကြီးဖြစ်ပေ၏။
လွတ်လပ်ရေးရပြီးခေတ် ဓမ္မကထိကအကျော်အမော်များစွာကြားထဲ သီချင်းဆိုသဖြင့် ကဲ့ရဲ့ခံရသောကြာနီကန်ဆရာတော်သည်ပင် ယနေ့ခေတ်ဓမ္မကထိကအချို့နှင့် ယှဉ်ပါက အရိုးသားဆုံး၊အဖြူစင်ဆုံးနှင့် နိဝါတတရားအရှိဆုံးဖြစ်နေလေသည်။ ဘုရားရှင်၏ တရားတော်ကို အနုပညာဖြင့် တင်ပြခြင်းသည်သာ စေတနာအမှားသဖွယ် ပြစ်တင်ခြင်းမလွတ်ဖြစ်ရသည်။
သူကိုယ်တိုင် ရွှေပြည်ကြီးသို့ ပြန်ရောက်၍ ပလ္လင်ပေါ်သို့ မျက်စိမှိတ်တက်ရသောအခါ တရားဟောနည်းအသစ်တစ်ခုကို ပရိသတ်၏ သင်ပြခြင်းခံရသေးသည်။
''အရှင်ဘုရား တရားသားက နည်းနည်း၊ ဗဟုသုတလေးညှပ်။ ရယ်စရာလေးလည်း ပြော၊ ရွှန်းရွှန်းဝေအောင်သောမှ ပရိသတ်က သဘောကျအားရတာကလား"'တဲ့။
သို့ဖြင့် သူက ဆောင်းပါးတစ်ပုဒ်ရေးဖူးသည်၊ ဓမ်ဖိုတိန်မင့်တ်။ ဓမ္မ(Dhamma)+ ဗဟုသုတသတင်းစကား(Information)+ဖျော်ဖြေမှု(Entertainment)=ဓမ်ဖိုတိန်မင့် Dhamfotainment... ဤသည်ပင် ရွှေပြည်ကြီး၏ တရားဟောနည်းဖော်မြူလာအသစ်ပေတကား..။
သို့နှင့် ဓမ္မကထိကဆရာတော်လေး ကြည်ညိုလို့မှ မ၀သေး၊ နာလို့မှ မတင်းတိမ်နိုင်သေး။ ကြော်ငြာဆိုင်းဘုတ်မှ ဆေးမခြောက်သေး။အဓမ္မ၀ါဒဟု ၀ိနိစ္ဆယရုံးတွင် လက်မှတ်ထိုးရပြီ။ နောက်တစ်ခါ ဒီလို မဟောတော့ပါ ဟု ၀န်ခံချက်ပေးရပြီ။
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် မကောင်းလေဟန်တကား..။ အသွင်အပြင်မှားရုံမက တရားပါ မှားကြ..။ အခွံလည်းမှား အဆံလည်း မှား..။ လူတွေ သံသယပွား...။
http://warthawa.multiply.com http://dhammaganga.blogspot.com
http://multiplygroups.multiply.com/journal/item/1556
♥နှလုံးသားလိပ်ပြာ♥
 ♥Heart' butterfly♥
" Darling......
"
Every time you come to me,
bring good luck
my soul feels re-freshness
my heart's rhythm is alive.
Even we live each parts of the world,
heart's beats of our is close;
like two sides of a coin.
when I see you
my mind is beautiful as little flowers,
my heart feels peace
as the cool streams.
my soul feels gentleness
as breezes kiss flowers
with your love presents.
Even I hear your voice
my heart feel happiness
like I am listening to melody.
Every time you come to me,
bring  good luck
Our Sincere love is like diamonds
that can't be broken.
Even no seeing each others
my soul fly to you always.
I am the luckiest one in the world
for getting your love.
Even I die,
Let me fly as a butterfly
right besides of you.......
                                                                            My Darling........
♥written by  ♥ Ma..ma  ♥     
♥နှလုံးသားလိပ်ပြာ♥
ချစ်သူရယ်.............
မင်းကငါ့ဆီကို ကံကောင်းခြင်းတွေ ယူဆောင်လာသူပါ
မင်းနဲ့တွေ့ဆုံရတိုင်း ငါ့နှလုံးသားဟာဆန်းသစ်နုပျိုလာ
တယ်
ငါ့ရဲ့ရင်ခုန်သံဟာ အသစ်တဖန်ပြန်ပြီး ရှင်သန်လာတယ်
မင်းနဲ့ငါ ကမ္ဘာတစ်ဖက်ဆီမှာနေပေမယ့်
 ငွေအကြွေစေ့လေးတစ်ဖက်ဆီမှခေါင်း
နဲ့ပန်းလို
မမြင်တွေ့ရလည်း ခွဲခွါလို့မရပါဘူး
ရင်ခုန်သံခြင်းနီးစပ်တယ်
ချစ်သူရေ.............
မင်းကြောင့် ငါ့နှလုံးသားလေး ပန်းပွင့်လေးလို လှပသွားတယ်
စမ်းချောင်းလေးတွေလိုအေးမြသွား
တယ်
လေပြေလေညှင်းတွေ ပန်းပွင့်လေးကိုနမ်းရှိုက်သလို နူးညံ့သွားတယ်
မင်းရဲ့ အချစ်လက်ဆောင်တွေနဲ့ အတူပေါ့
မင်းအသံလေးကြားရတဲ့အချိန်မှာ ဂီတသံစဉ်လေး နားထောင်လိုက်ရသလို
ငါ့နှလုံးသားလေး ပျော်ရွှင်ရပါတယ်ငါ့အချစ်ရယ်
ချစ်သူရယ်.............
မင်းကငါ့ဆီကို ကံကောင်းခြင်းတွေ ယူဆောင်လာသူပါ
  မင်းနဲ့ငါရဲ့ ဖြူစင်တဲ့ချစ်ခြင်းမေတ္တာဟာ စိန်ပွင့်လေးတွေလို
ခိုင်မာတဲ့ သံယောဇဉ်တွေဖြစ်လာတယ်နော်
တစ်ယောက်ကိုတစ်ယောက် မမြင်တွေ့ရပေမယ့်
ငါ့ဝိညာဉ်က မင်းဆီကို အမြဲပျံသန်းနေတယ်
မင်းရဲ့ချစ်ခြင်းကိုရရှိခဲ့တဲ့
အတွက်
ငါဟာဒီကမ္ဘာပေါ်မှာကံအကောင်းဆုံး
လူသားဖြစ်ခဲ့ပါတယ်
ငါသေဆုံးသွားရင်တောင် မင်းရဲ့အနားမှာ
လိပ်ပြာလေးအဖြစ် ပျံဝဲပါရစေ........
ချစ်သူရယ်............
Thursday, January 19, 2012
♥နှလုံးသားဒိုင်ယာရီ♥
♥Heart's Diary♥
"" Darling ""
I do miss your kind voice
when I heard songs of birds
I put my love words in the poems
I do remember you always
even I forget everything.
darling........
I want to hold you in my arms
with love as the pleasant cool moon lights
I can't restrict my love
as air molecules pass everything;
as water in oceans;
as it flows always.
I could give you kisses,
sweeter than honey.
I love you as the sky is endless
I want to come to you as the speed of sunlight
I  hope to get all your  love
as the world stand forever.
darling.......
I write your name on my heart diary
no body can erase it
If I were a bird,
I would fly quickly to you.
Even though I die,
I want to fly as a bird
right beside of you.
May I get all the love in your heart .
my  darling
....................♥♥
                                 ♥written by  ♥ Ma..ma  ♥     
♥နှလုံးသားဒိုင်ယာရီ♥
ချစ်သူရေ.........
မင်းရဲ့ ကြင်နာတဲ့သံလေးကို ငါအရမ်းလွမ်းနေတယ်
ငှက်လေးတွေရဲ့ တေးသံကိုကြားနေရင်ပေါ့
ငါ့ရဲ့အချစ်စကားလေးတွေကို
ကဗျာထဲမှာထည့်ထားတယ်နော်
အရာရာတိုင်းကို ငါမေ့သွားခဲ့ရင်
မင်းကိုအမြဲသတိရနေမှာပါ။
ချစ်သူရေ..........
ငါ မင်းကိုထွေးပွေ့  ထားပါရစေ
လရောင်လိုအေးမြတဲ့ အချစ်တွေနဲ့ပေါ့
လေမော်လီကျူးလေးတွေကိုတားဆီးလို့မရသလိုငါ့အချစ်တွေကို မတားမြစ်နိုင်ဘူးပင်လယ်ထဲကရေတွေလိုပေါ့ အမြဲစီးဆင်းနေမယ်
ပျားရေထက်ချိုမြိန်တဲ့ အနမ်းတွေ
ငါ မင်းကိုပေးနိုင်ပါတယ် ။
ချစ်သူရေ........
ငါမင်းကိုချစ်တဲ့အချစ်က
မိုးကောင်းကင်လို အဆုံးအစမရှိဘူးနော်
အလင်းရောင်တန်းရဲ့လျှင်မြန်မှုမျိုးနဲ့
 မင်းဆီကို   ငါအရောက်လာချင်တယ်
မင်းနှလုံးသားထဲက အချစ်တွေ
 ကမ္ဘာတည်သ၍ ငါ့တစ်ယောက်ကို
ထာဝရ ပေးပါကွယ်
ချစ်သူရေ.........
ငါ့နှလုံးသားဒိုင်ယာရီမှာ
မင်းကိုရေးထိုးထားတယ်
ဘယ်သူမှ ဖျက်စီးလို့မရဘူးနော်
ငါသာ ငှက်ကလေးတစ်ကောင်ဖြစ်ရင်
မင်းဆီကို အမြန်ဆုံးပျံသန်းလာမှာပါ
ငါသေသွားရင်တောင် မင်းဘေးမှာ
ငှက်ကလေးတစ်ကောင်အဖြစ် ပျံဝဲနေချင်တယ်
မင်းနှလုံးသားထဲက အချစ်တွေ
ငါတစ်ယောက်ထဲပိုင်ဆိုင်ချင်တယ်
ချစ်သူရယ်.............။
မ..မ
Sunday, January 15, 2012
ဆင်လိမ္မာလေးများ S g အမှတ်တရ
.
..
w
.
w
.
..
.
.
.
.
Friday, January 13, 2012
♥♥သူလူ နဲ့ ငါ့လူ♥♥
zinyaw17
♥♥သူလူနဲ့   ငါ့လူ♥♥
မှားနေတာကိုကျိုးကြောင်းပြညွန်  ပြောဆိုဆုံးမလိုက်ရင် 
ဆုံးမမှန်းသိတယ်
ချက်ချင်းပြင်တယ်
သိတာကိုချက်ချင်းပြင်ရင်  လူလိမ်မာခေါ်တယ်
သိနေရက်နဲ့ရှေ့ဆက်မိုက်ရင်  လူမိုက်ခေါ်တယ်
သိသိကြီးနဲ့      မသိဟန်ဆောင်သူကို သူရူးခေါ်တယ်
ဒါကြောင့်ရူးချင်ယောင် ဟန်ဆောင်သူတွေများတယ်
အမြီးကျက်အမြီးစား ခေါင်းကျက် ခေါင်းစားပေါတယ်
အုပ်စုတွေကွဲ ဒုတ်ဆွဲ ဓါးဆွဲပေါတယ်
ဟန်ဆောင်လောကမှာ ရန်ထောင်တတ်သူပေါတယ်
သူခေါင်းစဉ်အောက်ကိုဝင်ရင် သူသဘော
သူအကြိုက် သူကြိုးဆွဲရာ ရွှေ့ပေးရတာ ထုံးတန်းစဉ်လာကိုဖြစ်လို့ပေါ့
စည်းကမ်း   =//   စည်းဆိုတာ ကမ်းနေရင်
အယ့်စည်းကမ်းက ကမ်းနေရော
ကမ်းဆိုမှတော့
ကိုယ်ခင်မင်ရာကိုယ်အရင်ကမ်းမိတတ်တာလူသဘောလေ
ကန်းနေတာကိုး  ကမ်းမိနေတတ်တယ်
သတ်ပုံမှားတဲ့ခေတ်မှာ ကန်းချင်ရာကို အလိုက်သင့်ကမ်းတတ်တာ
ဓလေ့ထုံးတမ်း အစဉ်အလာကိုဖြစ်လို့ပေါ့
ကန်းချင်ရောင်ဆောင်ပြီး ကမ်းမိတာလား
ကမ်းချင်လို့ကမ်းလိုက်တာလားဆိုတာ
ကန်းသူမှပဲသိမှာပေါ့ ဘေးကကြည့်နေမြင်နေမိတာတော့
ကမ်းချင်သူကိုသာ ကန်းနေတာ
 မြင်သိသူက မြင်ရဲ့နဲ့သိနေပါရဲ့ မမြင်ချင်ဟန်ဆောင် လက်ဆင့်ကမ်းပြီး ကန်းနေရော
ဒါကြောင့်မြတ်စွာဘုရားမှ စုံလုံးကန်းတွေမဖြစ်စေနဲ့တဲ့
ခင်ရာမင်ရာနောက်လိုက်ပြီး စုံလုံးကန်းရင် အပ္ပါယ်သာသွားရမယ်တဲ့
သေသည့်သူများအားလုံးဟာ မိမိခင်ရာမင်ရာကို
စွဲလန်းငြိတွယ်သေကြတော့
ရောက်မိရောက်ရာရောက်ပြီး
ခုဘ၀လဲ သူမှသူ ဒီခွေးလေးမှငါ့ခွေး ဒီကလေးမှငါ့ကလေး ငြိတွယ်မိနေတာတဲ့
အယ့်တော့ငြိတွယ်ပြီး ဒီဘ၀လဲ စုံလုံးကန်းမဖြစ်ရအောင် သူမှသူ
ငါ့ကလေးမှငါ့ကလေး
ငါလူမှငါ့လူ
ဆိုတဲ့ဒိဌိသက္ကာရလေးဖြုတ်တတ်အောင်ကျိုးစားပြီး
တဏှာ နည်းနိုင်သမျှနည်းပါးအောင် နေထိုင်ကျင့်ကြံရမယ်တဲ့
သူလူ  ငါ့လူတို့   အတွက် 
 မ..မရေးတတ်သလိုလေးရေးထားတာပါ........................
သတ္တ၀ါအားလုံး ဘေးရန်ကင်းလို့
အမှန်မြင် အမြင်မှန်ကြပါစေ
Tuesday, January 10, 2012
မိုးကုတ်ဆရာတော်ဘုရား ကိုယ့်အရေးထက်သူများအရေးကြီးမိတာ ၀ဋ်သင့်တာ
ိ
မြင်မြင်သမျှခင်တာ သာမညလား စွဲလန်းတာလားဆိုတာကြည့်ပါ
ကိုယ့်အရေးထက်
သူများအရေးကြီးမိတာ ၀ဋ်သင့်တာတဲ့ ။
ဘုရားက ၀ိပဿနာရှု့ကြဟေ့လို့1792 ကြိမ်မှာတယ်  မရှု့ပဲနေရင်ဌိတ္ထဓမ္မ
အကျိုးပေးမှာက သေခါနီးမှာ ကိုယ့်အရေးထက်
သူများရေးဦးစားပေးတဲ့
နေရာတွေရောက်ပြီး
သေခါနီးဆဲဆဲ မသေခင်လေးအချိန်မှာ ငရဲမီးလျှံတို့ တောင်တွေ
ချောက်တွေမြင်ရတယ်။ ခွေးနက်ကြီးတို့မြင်ရတော့
ငါတော့ သူများအရေးကြီးမိလို့
ဒုက္ခရောက်ပြီဆို ငါဖြင့်အနေဆိုးနေလို့
အသေဆိုး သေရတာဆိုပြီး 
ဝမ်းနည်းပြီးမျက်ရည်ကျတတ်တယ်။
ဘုရားက
ဝိပဿနာရှု့ကြဟေ့လို့1792 ကြိမ်တိတိမှာတယ်သားကိစ္စ၊သမီးကိစ္စ
ဆွေမျိုးကိစ္စ
၊သူများကိစ္စနဲ့သာ  နေရသမျှ အချိန်ကုန်နေတာတွေကြောင့် 
သူများအရေးသာဂရုစိုက်
ကိုယ့်အရေး ဂရုမစိုက်တော့  အပါယ်လေးပါးဖြစ်တဲ့ ငရဲ
တိရစ္ဆာန်၊ပြိတ္တာ
အသူရကယ် အပါယ်လေးပါးက မလွတ်တော့ဘူး။
တစ်ယောက်ကိုတစ်ယောက် လောကွတ်လုပ်
အရူးပြုံးပြုံးကာ လောကွတ်လုပ်နေကြတာ
သင်ပေးမယ့်လူ မရှိရင်
အပါယ်လေးပါးသွားရမယ်။
ဘုရားက၀ိပဿနာရှုကြလို့1792ကြိမ်မှာတယ်
အနှစ်တစ်ရာတစ်ကြိမ်ပေါ်တဲ့ သမုဒ္ဒရာမှာ  လိပ်ကမ်းကြီးရှိတယ်
အယ့်လိုပဲ လူဘ၀တစ်ကြိမ်ရဖို့ မလွယ်ဘူး။
ဒါကြောင့် ငါ၏  ချစ်သားတို့
ဝိပဿနာရှု့ကြဟေ့ သားရေးသမီးရေး စီးပွါးရေးကြောင့်
မေ့မနေနဲ့သေခါနီး  ကိုယ်ကျိုးနဲတတ်တယ်  နေခြင်းဆိုးနေသမျှ အသေဆိုးသေပဟဆို
အမောမပြေနိုင်ပဲ  အမောဖောက်လို့  မျက်ရည်ကြီးငယ်ကျလို့ 
နှလုံးမသာမယာဖြစ်ပြီး
 သေချင်းဆိုးသေ ငရဲကျတတ်တယ်။  ဒါကြောင့်ဝိပဿနာ အလုပ်လုပ်ရမယ်
ဝိပဿနာသည်
  ဒုက္ခကို သိမ်းသည် ကျန်းမာနေသခိုက် နာလည်းနာ၊
မှတ်လည်း မှတ်ကြပါ။
ဝဋ်သပုံဏ္ဍားဆီသွားတော့ ရှင်ကြီးဂေါတမ အိပ်နေလည်းသိတယ်
သွားနေလည်းသိတယ်
စားနေလည်းသိတယ် အကုန်သိတယ်ဆိုတော့ မဟုတ်ဘူးကွ
မသိပါဘူးဒိဗ္ဗစက္ကူနဲ့သာသိပါတယ်ပြောတယ် ပုဏ္ဍားကမေးတယ်အရှင်ဘုရား
လူဟာ  လူသံယောဇဉ်မစွန့်ပဲနဲ့   နိဗ္ဗာန်ရပါ့မလား မေးတယ်
လူဟာ ကိုယ့်သံယောဇဉ်  အသီးသီးရှိကြတယ်
လူဟာ  လူသံယောဇဉ်မစွန့်ပဲနဲ့နိဗ္ဗာန်မရဘူးကွလို့ဟောတယ်
သားခင်တာမဝ
သမီးခင်တာမ၀ ပစ္စည်းရှာတာမ၀ ဘယ်တော့မှ အငတ်မပြေဘူး
ငတ်သေနေကြတာ မြေး
မြစ်သားသမီး ခင်လို မင်လို့ပေးလို့ကမ်းလို့မ၀နိုင်ဘူး
သံယောဇဉ်ကကြီးနေတော့   အားလုံးအပ္ပါယ်သွားရတယ်။
လူသံယောဇဉ်စွန်တဲ့အချိန်  ဘုရားမှပြတယ်။
သံယောဇဉ်က အနိစ္စ ရှုတာကမဂ်
   ဒါသံယောဇဉ်စွန့်တဲ့မဂ်
ခင်တဲ့စိတ်ဖြစ်ပျက်ရှု့ပေါ့  သံယောဇဉ်ကဖြစ်ပျက်   ရှု့တာကမဂ်ပေါ့ 
သံယောဇဉ်မလွှတ်ပဲ
ခင်တဲ့စိတ်ပေါ်လာတာကို   ပေါ်လာတိုင်း
ပေါ်လာတိုင်းဖြစ်ပျက်ရှု့ပေးပါ။
မလာတော့ဘူး ။
ခင်လို့မင်လို့သံယောဇဉ်ဖြစ်လာတိုင်း ဖြစ်ပျက်သာရှု့ပါ။
လူဟာလူ့ သံယောဇဉ်စွန့်ရင် နိဗ္ဗာန်ထိရပါတယ် ဒိဌိသံယောဇဉ်ဖြတ်ရင် 
အပါယ်မကျဘူး
တဏှာသံယောဇဉ်ကျန်ချင်  ကျန်ပေ့စေရတယ် ။
ဒိဌိသံယောဇဉ်ကိုသာကြောက်ပါ
  သံယောဇဉ်၂မျိုးရှိတယ် ။
ဒိဌိသံယောဇဉ်ကိုသာကြောက်ပါ ကိုယ့်တဏှာသံယောဇဉ်က
အပါယ်မကျပါဘူး။
ဝိသာခကျောင်းအမ အိမ်ထောင်ရက်သားကျ
လူသံယောဇဉ်စွန့် ခွာသလိုပေါ့။
ငါ  စိတ်မသန်းနဲ့ငါ ကိုယ်တိုင် ငါစွဲငါလုပ်တာ
၊ ငါ့ မာနကြောင့် ငါရတာ ၊ငါစွဲနေတော့
ငါစွဲတာက ဒိဌိပေါ့ ၊ငါလုပ်မှဆိုတာက
ဒိဌိအစွဲပေါ့။ စိတ်ပေါ်မှာ ဒိဌိအများဆုံး ။
ဒါကြောင့်စိတ်ကိုသာရှု့ကြပါ
။ ပုထုဇဉ်ဆိုတာ မှားတတ်တယ်  ဆိုပြီးဧည့်ခံနေတာ။ 
ပုထုဇဉ်စိတ်ပေါ့။  မျက်လုံးမှ မြင်တာ၊
နံတာ၊ စားတာ၊ယားတာ၊ကောင်းတာ ကိုယ်ပေါ်မှာ
ပေါ်သရွှေ့ပေါ့ ။လောဘ၊ ဒေါသ ၊မောဟ
၊ ပေးချင် ၊ကမ်းချင် ၊လှုချင် ၊တန်းချင်
သနားလိုက်တာဆို မေတ္တာ  စိတ်တွေ
မိမိသဏ္ဍာန်မှာ ဘာစိတ်လာလာ ဖြစ်ပျက်ရှု့ပေးပါ။ ၀မ်းထဲ ရှု့ချင်စိတ်၊ ရှိုက်ချင်စိတ်
်ဖြစ်ပျက်သာရှု့ပေါ့ ။ နံစိတ် စားစိတ် ကုသိုလ်ပြုချင်စိတ်ဖြစ်ပျက်သာရှု့ပေးပါ။
ဘာလေးရချင်တာ လောဘစိတ် ရမှ ရပါမလား မောဟ  မရရင်ဒေါသစိတ်
ဘာစိတ်လာလာ
ဖြစ်ပျက်သာရှု့ပေးပေါ့ ဒီဖြစ်ပျက်တွေ မြင်အောင်ရှု့ပေးပါ။
မြင်စိတ်ကြားစိတ်နဲ့အသက်ရှင်နေတာပါ.......မြင်မြင်သမျှခင်တာ သာမညလား ။
စွဲလန်းတာလားဆိုတာကြည့်ပါ.....
လူဟာလူ့ သံယောဇဉ်စွန့်ရင် နိဗ္ဗာန်ထိရပါတယ်။
ခင်လို့မင်လို့သံယောဇဉ်ဖြစ်လာတိုင်း
ဖြစ်ပျက်သာရှု့ပါ
ကိုယ့်အရေးထက်
သူများအရေးကြီးမိတာ
ဝဋ်သင့်တာတဲ့  ဘုရားက၀ိပဿနာရှု့ကြဟေ့လို့1792 ကြိမ်မှာပါတယ်  ။။။။။။။။
မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ  တရားမှ 
မ..မ
နာကြားမိတာလေးကို
ကုသိုလ် မျှဝေတာပါ...............
မိုးကုတ်ဆရာတော်ဘုရား
၏ဈာပနအခန်းအနား
http://www.dhammaransi.com/index.php?option=com_content&view=article&id=204:2009-09-04-23-38-29&catid=41:videos&Itemid=62
Sunday, January 8, 2012
မ..မ ♥အမေနေ့♥ကံကောင်းခြင်းယတြာ မိဘဂုဏ်(၁၂)ပါး ဂုဏ်တွေသိတော့ပိုပြီးလေးစားတက် လာတာပေါ့။
 အမေ့ကို တန်ဖိုးထားလေးစားရာရောက်အောင်
အမေနေ့  ဆိုပြီး  အမှတ်ရနေလျှင် အမေနေ့ကိုမမေ့သလို
အမေကို ယ္ခုအချိန်ထိ ထမင်းခူးကြွေး မခိုင်းပါနဲ့။
အမေကိုအင်္ကျီ လုံခြည် လျှော်ဖွတ်မခိုင်းပါနဲ့။
အမေကို ဥပုဒ်သီလ  ဘာဝနာပွားများနိုင်အောင် 
တစ်ဖက်တစ်လမ်းမှနေ၍  စောင့်ရှောက် တိုက်တွန်းပို့ဆောင်လမ်းပြပေးပါ။
အမေကိုချစ်ရာရောက်အောင် ကိုယ့်တာဝန်ကိုယ် ယူနိုင်တတ်အောင်လေ့ကျင့်ပါ။
 မိမိ ဝေယာဝစ္စ  မိမိဘာသာလုပ်ကိုင်ပါ။
အမေကိုပြုစုစောင့်ရှောက်ရာ ရောက်ပါတယ်။
မိမိဝေယာဝစ္စ ကိုမိဘမှလုပ်ပေးနေရသော သားသမီးများသည်
အောင်မြင်သင့်သလောက် မအောင်မြင်ပေ။
ကောင်းမွန်သော အလုပ်အကိုင် ရရှိနိုင်သော လဘ်လာဘ နည်းပါး၏။
ချက်ချင်းလက်ငင်း သူတပါးနည်းတူ ကံမကောင်းနိုင်ပေ။
 မိဘမှ
ဝေယာဝစ္စ သား၊ သမီးအား ချစ်လို့ပြုမူ ဆောင်ရွက်လုပ်ပေးနေခြင်းကြောင့်
မိမိ၏ ဘုန်းကံမှာ မိဘများ အားစောင့်ရှောက်သောသူနှင့်မယှဉ်ပြိုင်နိုင်ပါ။
မိမိကံကောင်းချင်လျှင် မိခင် ဖခင် အားမခိုင်းစေပါနှင့် မိမိဝေယာဝစ္စ
မိမိသာလုပ်ကိုင်ဆောင်ရွက်ပါ။
အချိန်မအားဘူးဆိုသော လူဖျင်းစကားကို မပြောပါနှင့် မအားသည့်ကြားမှ
တာဝန်ယူလုပ်ဆောင်ကြည့်ပါ၊
အမေနှင့်မှီသော   ကုသိုလ်ကို အမေအဖေရှိသော အခါတွင်အရယူပါ။
ကံကောင်းချင်လျှင် ယတြာမလိုပါ။
မိမိ၏ အမေ  အဖေကို  မိမိ၏ဝေယာဝစ္စ ဘာမှမလုပ်ပဲ
သင်တာဝန် သင်ယူပြီး စောင့်ရှောက်ပါ။
မကောင်းသောကံများ မကောင်းသောဂြိုလ်များသည်  သင့်ဘေးမှ  ရှောင်ရှား၍
သူများထက် သာလွန်သော ကောင်းမွန်သော လုပ်ငန်းဆောင်တာ
 စည်းစိမ်ဥစ္စာ ကံကောင်းခြင်းများရရှိမည်မှာ မြေကြီးလက်ခတ် ဧကန်မလွဲ
အမှန်ပင်  ရရှိပါလိမ့်မည်။
မိတ်ဆွေ
သင် ကံကောင်းချင်လျှင်အမေ၊အဖေကို တန်ဖိုးထားလေးစား  မိမိတာဝန်မှန်သမျှ
သင့်ဝေယာဝစ္စကို  သင်ကိုယ်တိုင်ယူဖြစ်အောင် ယူနိုင်ပါစေ
ဆန္ဒပြုဆုချွေပြီးအမေနေ့မှာ
အမေနှင့် ဆက်စပ်ပတ်သက်သော ကံကောင်းခြင်းများရရှိနိုင်ပါစေမိတ်ဆွေ။
မ..မမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။
မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။
အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ ဘိုးဘွားရိပ်သာ သို့ပို့ထားကြသည်။
အချို့ သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက
မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။
ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါ
သည်။
အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ
၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်.
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦး
ဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီး
ကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိ
ဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။
ဤစာပေနှင့် မွေးမေကျေးဇူးဆပ်ခြင်းပါ။
♥အမေ့ ♥အကြင်နာ ♥မေတ္တာ ♥ချစ်မြတ်နိုးခြင်းပြိုင်ဘက်ကင်း♥
Saturday, January 7, 2012
အလွမ်းနဲ့ငါ
အလွမ်းနဲ့ငါ
အလွမ်းဆိုတာမွေးရာပါ အဖော်တစ်ယောက်
အလွမ်းဆိုတာ စိတ်နာစရာ ဒဏ်ရာတစ်ခု
အလွမ်းဆိုတာ ကြည်နူးခြင်း
တမ်းတခြင်း နာကျင်ခြင်း
မျှော်လင့်ခြင်းတွေနဲ့သူငယ်ချင်း
အလွမ်းဆိုတာ သေရာပါ အမှတ်တစ်ခု
သံသရာ အကြွေးတွေထပ်ပြီး
အတိုးရောအရင်းရောတောင်းနေတော့
အလွမ်းနဲ့ငါခွဲခွါလို့မရဘူး
အလွမ်းတွေက ငါ့နှလုံးအိမ်ကို 
ပင့်ကူတစ်ကောင်လို ရစ်ပတ်တုတ်နှောင်ထားတယ်
ဒီ
အလွမ်းအိပ်မက်က ဘယ်တော့မှလွတ်မြောက်နိုင်ပါ့မလဲကွယ်.......
အလွမ်းဆိုတဲ့ မြွေလေးတစ်ကောင်ကို ချစ်ခင်မြတ်နိုးနေမိတယ်
အဲ့ဒါဟာ ငါ့ရဲ့ချစ်ခြင်းမေတ္တာတရားတွေပေါ့........... .
လွမ်းလို့
 http://api.ning.com/files/v*h8gtqSuCleNjawXIQddlwIJI9VXnL0p*6VIiB*1rqUlUx5*W5E7R6*
SVynlkUXCs3Kd*ezgccqXqq9JcKr2wQfluN2vhw9/lwanloe.swf
အလွမ်းလေးတွေမြင်ကြည့်တတ်ရင်သိလိမ့်မယ်