Pages

Tuesday, March 30, 2010

Friday, March 26, 2010

"ကဗျာချစ်သူ စာချစ်သူမို့ ”



"ကဗျာချစ်သူ စာချစ်သူမို့ ”


အစွန်းရောက် အလျှော့မပေးချင်သော
လူသားနှစ်ဦး
မာနပြိုင်ပွဲ
ကလောင်ထမ်းလို့ ဖွင့်ချမိတယ်
ငါမှားတယ်လို့ လုံးဝမထင်ဘူး
ဇွတ်ဆက်တိုးမယ် ငါ့အိမ်မက်လမ်း
သံယောဇဉ်လဲ အမျှင်မတန်းတော့ဘူး
မုဒိတာလဲ မပွားနိုင်တော့ဘူး
ဥပေက္ခာနဲ့ သွားရတော့မယ်
မကူညီချင်နေပါ ကျေးဇူးပြု၍ မနှောင့်ယှက်ပါနဲ့
သာသာနာနာထိုးနေတဲ့ လေတိုးသံတွေ
ဟိုဘက်ကဝင် ဒီဘက်ကပြန်ထွက်သွားတယ်
ဆိုးပေလို့ထင်ရင် တောင်းပန်ပါတယ်
ငါ့ရင်ခွင်ထဲမှာကဗျာတစ်ပုဒ်လာရေးသွားတယ်။
စကားလုံးမဲ့ရင်ခုန်သံနဲ့ပေါ့........
ရုတ်တရက်မမြင်နိုင်တဲ့နွယ်ပင်နဲ့
ရစ်လို့နောင်တွယ်ထားတယ်
စာပေမိတ်ဆွေ ငါ့မိတ်ဆွေမို့ 
ဝါသနာတူ မမြင်ရလည်း
ကဗျာချစ်သူ စာချစ်သူမို့ 
ဇွတ်ဆက်တိုးမယ် ငါ့အိမ်မက်လမ်း။ ။

Sunday, March 21, 2010

၃၇(မင်း )ဘယ် (မင်း) မှ မကိုးကွယ်ပါ

၃၇ မင်းအမေအကုန်ကိုးကွယ်ပါတယ် အပြည်ပြည်
ဆိုင်ရာနတ်မင်းလူမျိုးပေါင်းစုံနတ်အမေကိုးကွယ်ပါတယ် ကျွန်မအမေ့နောက်က အမြဲလိုက်နေရသည်  နတ်ကတော်သွားခေါ်ဆို ခေါ်ပေးရသည်
အမေကိုးကွယ်သောနတ်တွေအကြောင်း ကျွန်မလေ့လာသည့်အခါ တဖြေးဖြေး
အမေနှင့် ကျွန်မအတူတူသာသွားနေတာ နောက်ဆိုအမေ
နောက်သမီးမလိုက်ဖူးနော်..ဟုပြောမိသည်
အမေကအေးပါ နောက်မခေါ်ဘူးရှေ့ ခေါ်မယ်နော် ဟုပြန်စနောက်နေ တတ်သည် နတ်မင်းတွေ နတ်မ တွေကို အမေ ဂရုစိုက်သည် စားတော်တိုက်သည်ဆိုပြီး ကြက်သားကိုနှုတ်သီးမဖြတ်..ချေသည်းမဖြတ်တော့ဒီအတိုင်း ချက်သည်။
လက္ဘက်ဆက်သည် အရက်ဆက်သည် ကြက်ကျော်သည် စားတော်တိုက်သည်ဟုဆိုကာ ချက်ပြုတ်နေသည့်အခါ

ကျွန်မလုပ်တော်တော်ရှုပ်သည် ဟုစိတ်ထဲမှကြည့်နေရင်း မှတ်ထင်လာမိသည် ကိုယ့်အမေမို့ မပြောသာပါ။
တနေ့အမေခေါ်နေ ကြနတ်ကတော်မအားခေါ်၍အမေကသူတူမကိုခေါ်ပြီးနတ်ဝင်ခိုင်းသည်
ကျွန်မကျောင်းကပြန်လာချိန်နှင့် အမေ့ တူမနတ်ဝင်နေချိန်သွားတိုက်ဆိုင်သည်
နတ်ဝင်နေသည့် အမေ၏ တူမသည် အမေ့အားလက်ညိုးထိုး၍ ဆဲနေသည်
အမေဂျမ်းဝင်သည်တဲံ့
ဲ့
“အမေ" လက်အုပ်လေးချီ၍ သူ့တူမအား ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ မိန့်ပါနှင့်

ကန့် တော့နေသည်

ကျွန်မကြည့်နေရင်း ဒေါသ ဖြစ်လာသည် စိတ်တိုလွန်း၍
နတ်ဝင်နေသည့်နတ်ကတော် အသားတုန်မတုန်မသိ ကျွန်မအသားတွေတုန်လာသည် ဘယ်လိုမှ စိတ်တွေ ထိမ်းမရတော့
နတ်တော့မသိဘူး ငါကတော့နင့်ကို သတ်ချင်လာတယ်ဟုပြော၍ အမေ့တူမ
နတ်ဝင်နေသည်ကို ကျွန်မရိုက်နှက်ဖို့ ပြင်တော့ချက်ခြင်း ၀င်နေသည့် “နတ်"သည် ထွက်သွား ပါသည်
"အမေ" ကျွန်မကိုရိုက်နှက်ဖို့ ပြင်ရင်းနင်တော်တော်ဆိုးတယ်ဘာမှနားမလည်ပဲနဲ့ ငါ့လုပ်နေတာ လာနှောက်ယှက်နေတယ် ဒီနတ်တွေက ငါ့ကိုကူညီစောင့်ေ၇ှာက်နေတာ ဒီနတ်တွေဆက်နေလို့ ငါ့လုပ်ကိုင်နေတာ အစစအရာရာလုပ်ငန်းတွေ အဆင်ပြေနေတာလေ


သူတို့လုပ်ကျွေးနေတာလို့ဆိုပါတယ်
"သမီး"တော့အမေအလုပ်လုပ်နေတာပဲမြင်တယ် အမေ့၃၇မင်း နတ်တွေအမေ့အလုပ်ဝင်ကူညီလုပ်တာ တခါမှ မမြင်ဖူးဘူးနော် မမြင်ဖူးပါဘူး နော် အမေအလုပ်လုပ်နေတာပဲမြင်ဖူးတယ် အမေ့တူမက
အမေ့ကိုလက်ညှိးထိုးပြီးဆဲနေတာလေ အမေဂျမ်းဝင်တယ်ဆိုပြီး အမေကအကြီး သူကအငယ် ဘာ ကန်တော့စရာလိုလည်း သူ့ကိုကျွန်မရိုက်ချင်တယ် ဟုဆိုကာကျွန်မပြန်ပြောမိသည်
အမေ့နတ်တွေက ဥပစ္ဆေဒကံနဲ့ သေတာအစိမ်းသေတွေလေ သူတို့ကိုစားစရာ မရှိလို့အမေ ကျွေးတာ ကုသိုလ်ရတယ် အမေကျွေးနေလို့ သူတို့စားရတာလေနော် သူတို့ကိုအမေကျွေးတာ
သူတို့ ကျွေးတာအမေစားတာမဟုတ်ဘူးလေ သူတို့တောင်စားစရာမ၇ှိတာ အမေကို ၃၇ မင်းနတ်တွေကဘယ်လိုကျွေးမလည်း နောက်ဆိုအမေတူမကို

နတ်ဝင်သည်မလုပ်ခိုင်းပါနဲ သမီးမကြိုက်ဘူးအမေ ငယ်တဲ့လူခေါ်နတ်ဝင်ခိုင်း ဦးကုန်းချနဲ့အမေဆက်တဲ့ ကိုကြီးကျော် အရက်ယူသောက်ပြီး အမေ့တူမကို
အရက်ပုလင်းနဲ့ခေါင်းရိုက်ခွဲလိုက်မယ် ကျွန်မနှင့်အမေ

ပြောဆိုနေတုန်း အမေ့တူမ ဘယ်အချိန် ပြန်သွားမှန်းမသိလိုက်
ကျွန်မပြောလိုက်တည်းကအမေ သူ့တူမ သူချွေးမတွေ ကိုနတ် ၀င်သည်မလုပ်ခိုင်းတော့ အမေနှင့်ကျွန်မ အေးအေးဆေးဆေး ဖြစ်တော့မှအမေ နတ်တွေစားဖို့ ဆက်တာကုသိုလ်ရပါတယ် ဘာကုသိုလ်လည်းဆိုတော့အမေချက်ပြုတ်ထားတာ နတ်ဆက်ပြီးသားတွေကိုသူများစားဖို့ပေးလိုက်တဲ့ကုသိုလ်လေ အမေရပါတယ် နတ်ဆက်တယ်ဆိုပြီး အုန်းသီးငှက်ပျောသီးတွေ ထ္မင်းဟင်းတွေ သူများအမေပေးလိုက်တယ်
သူတပါးကျွေးမွေးလိုက်တဲ့ကုသိုလ် အလှုလေ အမေရပါတယ်
၃၇မင်း တွေကိုအမေကုသိုလ်လုပ်တိုင်း အမျှဝေရင် သူတို့ရတယ် အမေကသူတို့ ကိုရှိခိုးရင်သူတို့က မကျွတ်လွတ်တဲ့သူတွေမို့  ကြောက်ပြီးထွက်ပြေးတယ်
နောက်ဆိုနတ်ကတော်လည်းဦးမချနဲ့နော်၃ရ မင်းလည်းမကန်တော့နဲ့နော်အမေအမေမိုးလင်းတာနဲ့ဘုရားရှိခိုး သီလယူ မေတ္တာပို့ နဲ့အမေ့ကိုသကြားမင်းကတောင်ရှိခိုးပါတယ်
သူတို့ ကနတ်မင်းကြီးလေးပါးအောက်က နတ်ပြိတ္တာတွေလေနော်
နောက်ဆို၃၇မင်းကို အမေ
မ၇ှိခိုးနဲ့နော် အမေက နင်ငါ့ကို ဆရာလာမလုပ်နေနဲ့
တဲ့ငါ့ကိုဗိုလ်လာလုပ်ပြန်ပြီတဲ့လေ အမေစိတ်မဆိုးပါနဲ့ အမေရယ် သမီးကလည်းသူတို့ထက်မြတ်တယ် သရဏဂုံအမြဲတည်တဲ့လူ သရဏဂုံမြဲတဲသူကို နတ်တွေကရှိခိုးရတာလေအမေ ဟုပြောမိသည်။အမေ ဘုန်းဘုန်းတို့ ဟောထားတာ ဖတ်ရတာ ရေးထားတဲ့ စာတွေမှာ ၃၇မင်းကိုးကွယ်တဲ့အမေကို့ ဒီလိုမျိုး နားလည်အောင်

ပြောတာသမီးကုသိုလ်ရတယ်တဲ့နော် သမီးဖတ်တဲ့ စာအုပ်မှာဒီအတိုင်း ရေးထားတာလေနော် အမေနဲ့ကျွန်မ ဘုန်းကြီးကျောင်းရောက်တော့
ဘုန်းဘုန်းကိုအမေက ဘုန်းဘုန်းအရှင်ဘုရား တပည့်တော်မ ဘာလုပ်ငန်းလုပ်လုပ်သမီး ကိုတိုင်ပင်ရတယ်ဘုရား
သူပြောတာလုပ်ရင် အစစအရာရာ အဆင်ပြေတယ်ဘုရား လူမစွမ်း
နတ်မတယ်ဆိုတာသူ့ ပြောတာနေလိမ့်မယ်ဘုရား
ဘုန်းဘုန်းက ပြန်ပြောလိုက်သည်မှာ လူမစွမ်း နတ်မတာ မဟုတ်ဘူးတကာမရဲ့ 
လူစွမ်း နေလို့ နတ်မရတာ
မှတ်ထားဟုဆိုသောအခါ ကျွန်မရီနေမိသည် အော် လူစွမ်းရင်နတ် မ
ရသည်တဲ့လေနော်
ကျွန်မ ၃၇ မင်း ဘယ် မင်း မှ မကိုးကွယ်ပါ ဗုဒ္ဓဟူးနေ့  ခေါင်းလျှော်ဆံပင်
ညှပ်ဆိုင်တွင် လူရှင်းသည်

ကျွန်မ ခေါင်းလျှော်သောနေ့သည် ဗုဒ္ဓဟူးနေ့မှ ရွေး၍ ခေါင်းလျှော်ဖြစ်ပါသည်
ဆံပင်ညှပ်ဆိုင်ရှင်က ဗုဒ္ဓဟူးနေ့ တွင် ခေါင်း မလျှော်ကောင်း ဖူးဆိုပြီး လူနည်းနေတာလေ အော်..ဟုတ်လား..ကျွန်မသူငယ်ချင်းတွေလဲ
ဒီအယူအစရှိတယ် ကျွန်မက ဗုဒ္ဓဟူးနေ့ ခေါင်းလျှော်ကောင်းတယ် သိလားဘာကြောင့်လည်းဆိုတော့
အယူအစ မှားတဲ့သူတွေဆံပင်ညှပ်ဆိုင်မလာတော့ လူပါးတဲ့နေဆိုရင်ကျွန်မကိုသေချာဂရုစိုက်ပြီး ခေါင်းလျှော်ပေးတယ်လေနော်
ဒါကြောင့် ကျွန်မ ဗုဒ္ဓဟူးနေ့ကို ခေါင်းလျှော်ရင် ကောင်းပါတယ် စိတ်ရှေစွာနဲ့

ခေါင်းလျှော်နှိပ်နယ်ပေးလို့ပါနော်
ဒါကြောင့် ဗုဒ္ဓဟူးနေ့ကို ခေါင်းလျှော် ရင် ကောင်းတယ် လို့ပြောတာပါနော်..း)

Saturday, March 20, 2010

သံသရာ ၀ဋ်ကျွေး

သံသရာ

ဝဋ်ကျွေး

မပြယ်သေး


သံသရာဝဋ်ကျွေးမပြယ်သေးလို့ ငါပေးဆပ်နေအချစ်သစ်ပင်အညွန့် ထွက်စ(- -)ကာမဘီလူး
တဏှာရူး
အညွန့် ချိုးလို့  ခူးယူစွတ်ခူးစားလိုက်တယ် သံသရာ မုန်တိုင်း
ဂယက် လှိုင်းဝယ်ဘ၀ ပင်လယ်လှုပ်ရှား ရုန်းကန်လောကနှင့် ငါ အံတုပြိုင်မယ်
အံကိုကြိတ် လို့

မာန်ကိုချီတယ်............။

Thursday, March 18, 2010

၂၀၀၉ အတွက် အကောင်းဆုံး ဝက်ဘ်ဆိုက်ဆု

၂၀၀၉ အတွက် အကောင်းဆုံး ဝက်ဘ်ဆိုက်ဆု ----------

http://bobo.6te.net



နိုင်ငံတော်အဆင့် သတ်မှတ်၍ ဆုပေးမည်ဟု ကြေညာထားသော Myanmar ICT Awards 2009 အတွက် အကောင်းဆုံး ၀က်ဘ်ဆိုက် (Website of the Year) ဆုကို လောကနတ် စာပေ၏ ကာတွန်းဘိုဘို ၀က်ဘ်ဆိုက် ရရှိသွားသည်။

သူ့ထက် ကောင်းတဲ့ ဆိုက်တွေ အများကြီး ရှိပါတယ်၊ ၈ ခုလောက် ၀င်ပြိုင်တဲ့ အထဲကမှ ဟိုအချက် မကိုက်လို့ပယ်၊ ဒီအချက်ကိုက်မှ ပေးဆိုတော့ လွတ်လပ်မှု မရှိဘူးလို့ ထင်တယ်၊ တကယ်တော့ ဆုပေးမယ်ဆိုရင် မဲပေးစနစ်နဲ့ လုပ်ပြီးပေးရင် အဆင်ပြေမယ် လို့ထင်တယ်၊ ကျမတောင် အဲ့ဒီဆိုက်ကို ဆုရမှ ရှိမှန်းသိတယ်"ဟု မြန်မာ ပြည်တွင်းမှ အမျိုးသမီး ဘလော့ဂါ တဦးက ပြောသည်။

အဆိုပါ ကာတွန်း ဘိုဘိုဝက်ဆိုက် (http://bobo.6te.net) ၏ အားသာချက်မှာ မြန်မာစာဖြင့် ဖတ်ရှုနိုင်ပြီး ကလေးများ အကြိုက် ဂိမ်းကစား နိုင်ရန် စီစဉ်ထား သော်လည်း သူ့ထက် အစစသာလွန် ကောင်းမွန်သော တခြား ၀က်ဆိုက်များက ဆုမရရှိသည့် အတွက် ဝေဖန်ကြခြင်း ဖြစ်ကြောင်းသူက ဆက်ပြောသည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ ကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ ကွန်ပျူတာ ၀ါသနာရှင်အသင်းများ မှကြီးမှူး ကျင်းပပေးခြင်းဖြစ်ကာ နိုင်ငံတော် အဆင့်သတ်မှတ်၍ Mobile Application of the Year, Website of the Year, Educational Project of the Year ဟူ၍ ဆုအမျိုးအစားသုံးမျိုး ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ အကောင်းဆုံးဝက်ဘ်ဆိုက်ဆု ရရှိသွားမှုအပေါ် Facebook, Forum များ၊ ၀က်ဘ်ဆိုက်များ အသီးသီးမှ အမျိုးမျိုး ဝေဖန် ရေးသားထားသည်။

နည်းပညာဆိုင်ရာ နာမည်ကျော် မြန်မာဘလော့ဂါတဦးဖြစ်သော စေတန်ဂေါ့ဒ် (http://www.saturngod.net) က ယခုဆုရ ကာတွန်း ဆိုက်အပေါ် နည်းပညာဆိုင်ရာ အားနည်းချက်များအား အသေးစိတ်ဝေဖန်မှုများအပြင် ဆုရွေးချယ်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် မသုံးသပ်ဘူးလား၊ ဂျာနယ်များတွင်ကြော်ငြာပါသည့်အထဲကမှ ရွေးချယ်ခြင်းလား စသဖြင့် ယင်း ဘလော့ဂ်ပေါ် မှ ဝေဖန်ရေးသားထားကြောင်း တွေ့ရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပပြီးစီးသွားခဲ့သည့် အဆိုပါ Myanmar ICT Awards 2009 တွင် ရည်ရွယ်ချက်များ (Objective)၊ ပါဝင်သည့်အကြောင်းအရာများ (Features)၊ ဈေးကွက်ရရှိမှုအခြေအနေများ (Market Potential)၊ ထူးခြားချက်များ (Uni- queness)၊ နည်းပညာ (Technology)၊ အကျိုးကျေးဇူး (Benifits) စသည့် အချက် ၆ ချက်ကိုအခြေခံကာ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ကာတွန်းဘိုဘို ၀က်ဘ်ဆိုက်သည် ပြိုင်ပွဲဝင် ၈ ခုအနက်မှ အကောင်းဆုံးဝက်ဘ်ဆိုက်ဆုရရှိခြင်းမှာ လူတိုင်းလုပ်လေ့လုပ်ထမရှိ သော ထူးခြားချက်များ (Uni- queness)၊ ၀င်ရောက်ယှဉ်ပြိုင်သည့် ဆိုက်အများစုမှာ စာပေနှင့်သက်ဆိုင်သည့် ၀က်ဘ်ဆိုက်များ၊ သတင်းထုတ်ပြန်ချက်များအား အသားပေးထားသည့် ၀က်ဘ်ဆိုက်များထဲမှ ကလေးများအတွက် အကျိုးကျေးဇူးဖြစ်စေမည့် ၀က်ဘ်ဆိုက်ဖြစ်စေခြင်း၊ မြန်မာဘာသာဖြင့် ၀င်ရောက်ဖတ်ရှုနိုင်ခြင်း တို့မှာ အကျိုးကျေးဇူး (Benifits) စသည့် အချက်များဖြင့် ကိုက်ညီမှုရှိခြင်းတို့ကြောင့်ဟု သိရသည်။

“ကျနော်တို့က နည်းပညာကောင်းတာတခုတည်းကို ဇောင်းပေးပြီးရွေးလို့မရပါဘူး၊ နည်းပညာဘယ်လောက်ပဲကောင်းကောင်း တခြားအချက်တွေမှာအားနည်းနေရင်လည်းမရပါဘူး၊ ၀က်ဘ်ဆိုက် ဘယ်လောက်ကောင်းကောင်း ကြည့်မယ့်သူ မရှိရင်လည်း အမှတ်ပေးလို့မရပါဘူး၊ သူ့ထက်ကောင်းတဲ့ဝက်ဘ်ဆိုက်တွေရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် ပြိုင်ပွဲမှာ မတင်သွင်းနိုင်ရင်ဘယ်လိုမှ အမှတ်ပေးလို့မရပါဘူး"ဟု Myanmar ICT Awards 2009 ကျင်းပရေးဆပ်ကော်မတီမှ အဖွဲ့ဝင်တဦးဖြစ်သူ ဦးနေထွန်းသိန်းက ပြောသည်။

အဆိုပါပြိုင်ပွဲတွင် အမှတ်ပေးဒိုင်များအနေဖြင့် ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ကွန်ပျူတာလုပ်ငန်းရှင် များ၊ ကွန်ပျူတာပညာရှင်များ အသင်းတို့မှ စုစုပေါင်း ၂၀ ခန့် ပါဝင်ကြောင်းသိရသည်။

“တယောက်တည်းက အမှတ်ပေးလို့လည်း ဘယ်လိုမှ ဆုမရနိုင်ပါဘူး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်နေတဲ့သူပဲဖြစ်ဖြစ်၊ မရှင်းလင်းတဲ့ သူပဲဖြစ်ဖြစ် ရှေ့တပတ်ထဲမှာ ဆုပေးအဖွဲ့ရဲ့ ဆိုက်ဖြစ်တဲ့ www.myanmarictawards.org ကိုဝင်ပြီးတော့ ဆုရတဲ့သူတွေ ဘာကြောင့် ရတယ်ဆိုတာ သုံးသပ် ထားတာတွေကို ပြန်ကြည့်ပေးပါလို့ ပြောချင်ပါတယ်"ဟု ဦးနေထွန်းသိန်းကဆိုသည်။

အကောင်းဆုံးဝက်ဘ်ဆိုက်ဆု ရရှိမှုနှင့်ပတ်သက်၍ လောကနတ်စာပေမှ ဦးဇော်ဝင်းဦးက"ကျနော်တို့အနေနဲ့ နိုင်ငံတကာ အဆင့်မီ နိုင်ဖို့ လိုအပ်သေးတာတော့ အမှန်ပါပဲ၊ ရှိတာလေးနဲ့ဖြစ်အောင် လှအောင်လုပ်ထားတာပါ၊ ရမယ်လို့လည်းထင်မထားပါဘူး၊ ၀င်ပြိုင် လို့ရတယ်ဆိုလို့ ၀င်ပြိုင်ဖြစ်လိုက်တာပါ"ဟု ဧရာဝတီကိုပြောသည်။

Myanmar ICT Awards ၏ အကောင်းဆုံးဝက်ဘ်ဆိုက် ရွေးချယ်ခြင်းများကို ၁၉၉၈ ခုနှစ်ခန့်ကပြုလုပ်ခဲ့သော်လည်း နောက်ပိုင်း တွင် ပုံမှန်ဆက်လက်ပြုလုပ်ခြင်းမရှိဘဲ ယခုမှ ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Mobile Application of the Year ရွေးချယ်ခြင်းမှာ ယခုအကြိမ်သည် ပထဆုံးဖြစ်ကြောင်းသိရသည်။

လိပ်ပြာလေးတွေချစ်ပါတယ်

Photo Images Free Image Hosting Funny PicsFriends18.com Orkut MySpace Hi5 Scrap Images



စိတ်ချမ်းသာလို့တင်ပါတယ်

Tuesday, March 16, 2010

မိဘမဲ့ကလေးသွေးသာရင်းလိုမေတ္တာပေးလို့စောင့်ရှောက်စေလို

http://galaxydonationgroup.ning.com/

ရွှေ မရှိ
ပေမဲ့

 အမေ ရှိလို့

ပျော်ပါသည်


အမေ မရှိ အဖေမရှိ

လောကအလည်

မျက်နှာငယ်


ဆင်းရဲတဲ့သူ အနားကပ်တော့ 

နှာခေါင်းရှုံလို့ရွံရှာတယ်


သားသမီးအရင်းဆို ကျွေးချင်တယ်
 
ကိုယ်ဆွေမျိုးရွှေရှိရင်တော့

မွေးချင်တယ်

အမျိုးကမချစ်တယ်ဆွေကပြစ်ပါယ်


မိမစုံလို့ဘမစုံ


သူများစားတော့ငေးမောကြည့်


မိဘမေတ္တာသူမသိ


မိဘမဲ့ကျောင်းရှိနေပေလို့


သူတို့ဘ၀လေးအေးချမ်းနေရ

လှုမဲ့လူရှိစားရတယ်


ဖြူစင်သည့်ကလေးစားစရာမရှိ


လူလူခြင်းမို့မေတ္တာပေးလို့

မိဘမဲ့ကလေးသွေးသာရင်းလို

မချစ်တောင်မှလှုဒါန်းဓါနပြုပေးကွယ်

နတ်လူသာဓုခေါ်ပါတယ်

မိတ်ဆွေကောင်းဘယ်လိုပေါင်းမလဲ

မိတ်ဆွေကောင်းဘယ်လိုပေါင်းမလဲ
ရိုးသားမှု့နဲ့ပေါင်းပါဟန်မဆောင်ပါနဲ့ မာနမကြီးပါနဲ့သဘာဝကျစွာပေါင်းပါ ။
မျှော်မြင်ဆင်ခြင်နိုင်မှု့နဲ့ပေါင်းပါ။

ကိုယ်ချင်းစာစိတ်ဖြင့်ပေါင်းပါ။
မိသားစုစိတ်ဖြင့်ပေါင်းပါ။

ငယ်ပေါင်းစိတ်နဲ့ပေါင်းပါ။
သူတော်စင်စိတ်နဲ့ပေါင်းပါ။

ဝန်တိုခြင်းကင်းသောစိတ်နဲ့ပေါင်းပါ။
တဘက်သတ်မကျသောစိတ်နဲ့ပေါင်းပါ။

တစ်နပ်စားမကြံသောစိတ်နဲ့ပေါင်းပါ။
မြို့ရွာမည်မျှဝေးဝေးသွေးမအေးပဲပေါင်းပါ။

နှုတ်ကတိပြုသလိုလက်တွေ့မှာလည်းကတိ အတိုင်းပေါင်းသင်းပါ။
မှားနေလျှင်ထိုအမှားကိုပြောပေါင်းသင်းပါ။

မှန်နေတဲ့အခါ ထိုအမှန်ကို ချီးမွမ်းဝမ်းမြောက်စွာ ပြောပြီးပေါင်းသင်းပါ။
သာရေးမသွားဖြစ်တောင် နာရေးကိုဦးစားပေးသွားပါ။

သာရေးနာရေးအရေးကြုံလျှင်ပေါင်း သင်းနိုင်အောင်ပေါင်းသင်းပါ။
ဆန့်ကျင်ဘက်ကိုမပေါင်းနဲ့ မပေါင်းမဖြစ်ပေါင်းရလျှင် အပေါ်ကယှဉ်
အထဲကျဉ်၍ပေါင်းသင်းပါ။

ရန်သူဆိုလျှင် အတွင်းမ၀င်နိုင် အောင်ပေါင်းသင်းပါ။
သစ္စာမဲ့သူကို ကိုယ်က သစ္စာရှိစွာပေါင်းသင်းပါ။

ဥစ္စာငွေကြေးပျက်ပါစေ စရိတ္တမပျက်စေပဲ ပေါင်းသင်းပါ။
ဆင်းရဲသော်လည်း သီလမမွဲက ပေါင်းသင်းပါ။


မေ့လျှော့ မူးယစ်သည်ကိုစောင့်ရှောက်ခြင်း။
မေ့လျှော့သော မိတ်ဆွေ၏ ဥစ္စာကို စောင့်ရှောက်ခြင်း။

ကြောက်လန့်သော မိတ်ဆွေ၏ အားကိုးမှီခိုရာဖြစ်ခြင်း။
ဘေးရန် ဖြစ်ပေါ်လာသော်လည်းမစွန့်ခြင်း။

မိတ်ဆွေ၏ သားသမီးမြေးမြစ်တိုင်အောင်မြတ်နိုးခြင်း။

(ဆောင်ပုဒ်လင်္ကာမှတ်စရာ)

မေ့လျော့ စောင့်လာ ဥစ္စာ စောင့်ရှောက်

ဘေးရောက်ကိုးကွယ် ဘေးတွယ်မပစ်

သားမြစ်စဉ်ဆက် မပျက်ချီးပင့်

ဝတ်ငါးဆင့် ပြုကျင့်မိတ်ဆွေများ။


(ညောင်တုန်း ရွှေဟသ်ာတောရ ဆရာတော်)


သုတေသီဘုန်းမြင့်သွေး
(လူဖြစ်ရကျိုးနပ်မည့်ပေါင်းသင်းဆက်ဆံနည်းလမ်းမှန်)

မိတ်ဆွေစစ်ဆိုတာ .......

(၁) ပေးနိုင်ခဲတဲ့ပစ္စည်းကို ပေးတယ် ။

(၂) ပြုနိုင်ခဲတဲ့အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်ပေးတယ် ။

(၃) သည်းခံနိုင်ခဲတဲ့အမှုကို သည်းခံတယ် ။

(၄) သူ့ရဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောတယ် တိုင်ပင်တယ် ။

(၅) မိမိလျှို့ဝှက်ချက်ကို အခြားသူအား မပြောဘဲ လျှို့ဝှက်ထားတယ် ။

(၆) ဘေးအန္တရာယ်ကြုံလာတဲ့အခါ မိမိကို မစွန့်ခွာဘူး ။

(၇) ဥစ္စာကုန်ခန်းတဲ့အခါ ဆင်းရဲတဲ့အခါ မိမိကိုမထီမဲ့မြင် မပြုဘူး ။


မိတ်ဆွေအတုအယောင် လေးယောက်

(၁) မိမိထံမှပစ္စည်းငွေကြေးကို ယူပဲ ယူတတ်သူ ၊ ပြန်မပေးတတ်သူ ။
(၂) လက်တွေ့မပါ စကားနဲ့ပဲ ပေးတတ်သူ ။
(၃) မှန်မှန် မှားမှား အကြိုက်ကိုပဲ လိုက်ပြီးပြောတတ်သူ ။
(၄) ဘ၀ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူ ။



(၁) ယူပဲယူတတ်တဲ့ မိတ်ဆွေရဲ့သဘောသဘာဝမှာ ....
မိမိကိုနည်းနည်းပေးပြီး မိမိဆီက များများပြန်ရချင်တယ် ။
သူ့အတွက်ဘေးဒုက္ခရောက်မှ ကိုယ့်ကိုသတိရတတ်တယ် ။
သူ့ကိုယ်ကျိုးအတွက်ပဲ ပေါင်းသင်းတယ်။


(၂) စကားနဲ့ပဲပေးတတ်တဲ့ မိတ်ဆွေသဘာဝ ....
လွန်ပြီးတဲ့အရာနဲ့ ချီးမြှောက်တယ် ။
မဖြစ်သေးတဲ့အရာနဲ့ ချီးမြှောက်တယ် ။
အချီးအနှီးဖြစ်တဲ့ လောကွတ်စကားနဲ့ ချီးမြှောက်တယ် ။
ဖြစ်ဆဲကိစ္စ၌ ပျက်ဆီးခြင်းကိုပြတယ် ။


(၃) အကြိုက်ကိုလိုက်၍ပြောတတ်တဲ့ မိတ်ဆွေသဘာဝ ....
မကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ် ။
ကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ် ။
မိမိရှေ့တွင် မိမိကို ချီးမွမ်းပြောဆိုတယ် ။
မိမိကွယ်ရာတွင် မိမိမကောင်းကြောင်းကိုပြောတယ် ။


(၄) ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူမိတ်ဆွေ ....
သေရည်အရက်သောက်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။
အချိန်အခါမဲ့ လည်ပတ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။
ပွဲလမ်းသဘင်ကြည့်ရှုတဲ့အခါမှာ အပါင်းအသင်းဖြစ်တယ် ။
လောင်းကစားလုပ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ်။

~~~~လွမ်းလိုက်တာအမေရယ်.~~~~~~~

~~~~~~~~~~~လွမ်းလိုက်တာအမေရယ်.~~~~~~~~~~

ကျောင်းပြီးပြီ    အလုပ်လုပ်ရန်အတွက် သတင်းစာကို    နံနက်စောစောဝယ်ဖတ်
်အလုပ်ရရှိရန်     အလုပ်တွေလိုက်လျှောက်နေမိသည်     စိတ်မောနေမိသည်

အင်တာဗျူးခေါ်တိုင်း    သွားတွေ့ရတာလည်း         အမောကိုယ်ကိုရွေးပါစေနှင့်
ဆုတောင်းနေရတာလဲအမော
သူငယ်ချင်းတွေထဲမှာ  အလုပ်ရသည့်  သူကရကုန်ပြီ   ကိုယ်ကခုထိအလုပ်မရသေး

အိမ်မှလည်း     ပိုက်ဆံ့ထပ်မတောင်းချင်တော့    အမေ့ကိုသနားသည်
သူငယ်ချင်းတရောက်ဆို    ကိုယ်ထက်ဆိုးသည်     ခုထိကျောင်းသာပြီးရော 

သူကိုဘယ်သူမှအင်တာဗျူးမခေါ်သေး  တစ်ခါတစ်ခါ
စိတ်ဓါတ်တော်တော်ကျနေမိသည်။
အမေကပြန်လာဖို့  ခဏခဏပြောနေသည်    မပြန်ချင်သေးပေ လေယာဉ်စရိတ်ကို
အမေ့ဆီမှ   ထပ်မတောင်းချင်တော့

တစ်ခါတစ်ခါဆို  အိမ်ကိုပြန်ချင်စိတ်နှင့်       မျက်ရည်များ   အလိုလိုကျလာတတ်သည်။
အမေ့စကား နားမထောင်မိတာ  မှားများမှားနေလား  ဟုစိတ်ထဲမှတွေးနေမိသည်။
်အမေက  မြန်မာပြည်မှာပဲ       နေစေချင်သည်

ကျွန်မကသူငယ်ချင်းတွေ  စက်ာပူကျောင်းတက်ဖို့  လျှောက်တော့ကျွန်မလည်း
လျှောက်ကြည့်ချင်သည်  အမေ့ကိုပြောပြရသည် ကျောင်းလျှောက်တိုင်းလဲ  မပါတတ်ပါဘူး  အမေလူတိုင်းလည်းရတာမဟုတ်  သမီးကျောင်းတက်ဖို့လျှောက်မယ်
နော်  အမေဟုပြောမိသည်  အမေသမီးနဲ့မခွဲနိုင်ပါဘူး ။

ထမင်းတစ်လုပ်စားရတာချင်းအတူတူ မိသားစု    အတူတူနေချင်တယ်
ဘယ်မှမသွားနဲ့နော်ဟုပြောသည်  ကျောင်းလျှောက်ထားတာပဲပါ   ပါစေအုန်းအမေရယ်
သူများတွေ  ကျောင်းဝင်ခွင့်  ရဖို့အတွက်ကို ဗေဒင်တွေမေး ယတြာတွေချေနဲ့နော်ဆုတွေတောင်းနဲ့အမေသမီးအတွက်

ကျောင်းဝင်ခွင့်  ပါအောင်ဆုတောင်းပေးနော်ပြောတော့
အမေက  သမီးရယ် နင်ကတစ်ခါလျှောက် တစ်ခါတည်းကျောင်းတက်ဖိုချက်ချင်း အရွေးခံရမယ်  အမေသိတယ်ဟု  ပြောသည်အမေ့ကိုလဲ   မခွဲနိုင်
ကျောင်းတက်ခွင့်လဲရချင်သည်။

အမေပြောသလိုပဲကျွန်မ   ကျောင်းတက်ခွင့်ရခဲ့သည် ကျောင်းတက်ဖို့ ခေါ်စာတွေထွက်လာတော့  ကျွန်မပါသည်  ပျော်လိုက်တာ
ဝမ်းသာလိုက်တာဘယ်လိုပျော်မှန်းမသိ

အတိုင်းမသိပျော်နေမိသည်   အမေကတော့  ငိုနေသည် ။အမေ့ကိုလျှော့ရသည် ကိုယ့်သမီးလေးတော်တယ်  ဆိုပြီးရီလိုက်နော်
အမေ  ကျွန်မ  ကျောင်းတက်ခွင့်ရတာ  ၀မ်းသာရမှာလေနော် 
အမေ သမီးနဲ့မခွဲနိုင်လို့ပါတဲ့ဟုပြော၍အမေငိုပြန်သည်
ကျွန်မကတော့  သူတပါးတိုင်းပြည်   ကျောင်းသွားတက်ရမှာမို့

ပျော်လိုက်သည့်ဖြစ်ခြင်း   ကျောင်းခေါ်စာက  ၂ခုတောင်  ကျလာတာလေနော်
သူများတွေဆို   တစ်ခုဘဲရတာတောင်.ပျော်ကြတာလေနော်........။
ကိုကြိုက်တာ   ရွေးတက်ရုံပေါ့နော်။

လေယာဉ်ပေါ်  တက်ခါနီးအထိ   အမေငိုလို့  ကောင်းနေတုန်း  ကျောင်တက်ဖို့
့ကျောင်းမှခေါ်စာကို   ဆွဲဖြဲပြစ်မည်  လုပ်နေ၍ပြန်လုနေရသည်။

အမေ့ကိုဖြောင်ဖျနေရသည်  ကိုယ့်ဘ၀အတွက်  ကိုယ်လမ်းကိုယ်ဖောက်တာ
ကိုယ်ဘာသာရွေးချယ်တာကို

လေယာဉ်ပေါ်တက်ခါနီး  စိတ်မကောင်းဖြစ်အောင်လုပ်နေတယ်ဟု  အမေ့ကို
ဝိုင်းဝန်းနားချနေကြသည။်
ကျွန်မလည်းငိုနေမိရင်း  အမေ့ကိုကြည့်၍   ငါမှားသွားပြီလားမသိဘူး
မှားသွားပြီထင်တယ်  မသွားတောင်  မသွားချင်တော့ဘူး။

အမေ  တော်ယုံဆိုငိုတာမဟုတ်ဘူး  စိတ်ထဲလည်းဘယ်လိုမှ  စိတ်မကောင်းနိုင်တော့
ကိုယ်ရည်ရွယ်ချက်  ပန်းတိုင်အပျောက်မခံနိုင်  ရောက်အောင်တော့       သွားရတော့မည် ခရီးဆုံးထိပေါ့ဟုစိတ်တင်း၍   လေယာဉ်ပေါ်တက်ခဲ့ရသည်  လေယာဉ်ပေါ်တွင်လည်း ငိုနေမိသည်  လွမ်းလိုက်တာ    အမေလည်းငိုနေမှာပဲ
တွေးလေ     မျက်ရည်ကျလေ ဖြစ်နေသည်။
စက်ာပူ    ရောက်တော့လည်း  အိမ်ကိုပြန်ပြေး  ချင်စိတ်ကို   ခဏခဏထိန်းနေရသည်  အခန်းထည်းမှာလည်း တစ်ရောက်တည်း  တိတ်တိတ်  ငိုနေမိသည်  လွမ်းလိုက်တာအမေရယ်။
်သမီးလွမ်းနေတယ်    အမေ့ကို      ဟုတိုးတိုးလေး      ပြောနေမိသည် အော်ကိုယ်စိတ်နဲ့

ကိုယ့်  ဆုံးဖြတ်ချက်နဲ့  ကိုယ်ထွက်လာရတာ   ကိုယ့်ကိုကိုယ်   အားပေးနေရသည်။
ခုတော့ကျောင်းပြီးပြီ     အချိန်ပိုင်းအလုပ်ဆင်းရင်း သတင်းစာထဲက   အလုပ်ခေါ်တာတွေ  လိုက်ကြည့်   လိုက်လျှောက်နှင့်        အမေ့ဆီကိုလည်းပြန်ချင်မိသည်။
  
အလုပ် လျှောက်ထားတာက  အင်တာဗျူး  ခေါ်ရင်လည်း
ကျွန်မသွားတွေရမည်   အမေ့ဆီပြန်ချင်စိတ်ကို   ထိမ်းနေရသည်။
အမေကပြန်လာခဲ့သမီးလေး   မြန်မာပြည်မှာ    ထ္မင်း   ဟင်းပေါတယ်  

အမေကျွေးထားနိုင်တယ်  ပြန်လာနော်  သမီးလေးနှင့်  ခဏခဏ     ခေါ်နေသည်
တပါတ်တစ်ခါ ဖုန်းဆက်တိုင်းလည်း သူများနိုင်ငံမှာ ဆွေမတော် မျိုးမစပ် သွေးမတော်သားမစပ် တူတူနေနေရတာ        ကိုယ့် နိုင်ငံမှာလို မေတ္တာတရား ဂရုနာတရားထားပြီး  ရိုင်းပင်း  ကူညီကြတာ   မဟုတ်ဘူး
 
လူမှု့ရေးစိတ်ဓါတ်လဲရှိမှာ  မဟုတ်ဘူး  ဘာသာရေးလည်း  နားမလည်
ကိုယ့်  တိုင်းပြည်မှာ  အားချိန်   နားချိန်သူငယ်ချင်းတွေနဲ့   ဘုရားသွား  ကျောင်းသွား ပျော်စရာကောင်းပါတယ်   သမီးရယ်နော်   သူများတိုင်းပြည်မှာ
တာဝန်ကိုယ်စီနဲ့  မအားကြတော့ဘူးလေနော်  ကိုယ့်ကိုကိုယ်   စောင့်ရှောက်ပြီးနေနော်    ဘုရား  တရားလဲမမေ့နဲ့  ကျမ္မာရေး  ဂရုစိုက်ပါပြန်လာနော်။

်သမီးလေးနှင့်  အမြဲမှာသည် ဖုန်းဆက်တိုင်းလည်း  အမေငိုလိုက်  သမီးငိုလိုက်နှင့်
ကျွန်မကပြန်လာမယ်  အမေစိတ်မပူပါနဲ့ ပြန်လာမယ်နော် သမီးမအားလို့
ကျောင်းပိတ်ရက်  ဆိုသူငယ်ချင်းတွေနဲ့   တိုပိုင်းရိုးဖုန်းကြီးကျောင်းသွားတယ်   ခုလဲတစ်ပါတ်တစ်ခါ  သွားတယ်သိလား    ဒီမှာလည်းရိပ်သာရှိတယ်။

ဘုန်းကြီးကျောင်းတွေရှိတယ်  သမီးတို့သူငယ်ချင်းတွေအကုန်
ဘုရား  တရား  လုပ်တယ် နေ့တိုင်း မမေ့ပါဘူးစိတ်မပူနဲ့နာ်
အမေ  သမီးပြန်လာမယ်နော်  ဟုအမေကိုပြောပြီး  အလုပ်တွေဆက်တိုက်
လျှောက်နေမိသည်။

ခုတော့ကျွန်မအလုပ်ရပြီ     အမေ သမီး    အလုပ်ဝင်ရတော့မှာနော်ပြောတော့
အမေ  ကျွန်မ  ထက်ပိုပျော်နေသည်    တော်သေးတယ်     သမီးလေး အလုပ်ရသွားလို့
့အမေပျော်လိုက်တာ  စိတ်ချမ်းသာလိုက်တာ  သမီးအချိန်ပိုင်း  အလုပ်ဆင်းနေတာ
သိရတော့ အမေငိုနေတာတဲ့
အမေ့အသံကြားရတာ  ကျွန်မထက်ပင်  အမေပိုပျော်နေတာ  ကျွန်မသိလိုက်ရသည။်
ကျွန်မနှင့်ခွဲနေရတည်းက  အမေ၏ပျော်ရွင်  ရည်မောသံကို  မကြားရတာကြာပြီဖြစ်သည်။
ခုတော့အမေ၏  ပျော်ရွင်နေသော  အသံကို

ကျွန်မပြန်ကြားရသည်    ကျွန်မအတွက်  စိတ်ပူနေသော  အမေကျွန်မနဲ့ခွဲနေရ၍ ငိုကြွေးနေသောအမေ   ခုအမေပျော်နေသည်တဲ့   ကျွန်မကရော

ကျွန်မလည်း    အမေပျော်နေသည့်  အသံကို   နားထောင်ရင်း  ပါးပေါ် မျက်ရည်တွေ ကျနေမိသည်။

အမေပျော်ရွှင်ပါစေ   အမေချစ်ပါတယ်  အမေရယ်   သမီးပြန်လာမှာပါ
သူတပါး      တိုင်းပြည်မှာ   အပြီးမနေပါဘူး
သမီး     အမေကို      ချစ်ပါတယ်    မခွဲနိုင်ပါဘူးဟု  စိတ်ထဲမှ  အခါခါဆိုရင်း
မျက်ရည်းများ       ပါးပေါ်စီးဆင်းနေသည်.။
...................လွမ်းလိုက်တာအမေရယ်........................

အဲ့ဒါလေ ဘ ၀ ..ဘီယာ ၀ီစကီမဟုတ်ပါ။

အဲ့ဒါလေ ဘ ၀ မ.မ ရေးထားတာ

ဘ ၀ လေနော်

ပင်ပန်းလိုက်တဲ့ဖြစ်ခြင်း

မောပမ်းလိုက်တဲ့ဖြစ်ခြင်း

ပျော်ရွင်လိုက်တဲ့ဖြစ်ခြင်း

ကြည်နူးလိုက်တဲံဖြစ်ခြင်း

ရီနေလိုက်တဲ့ဖြစ်ခြင်း

ငိုကျွေးလိုက်တဲ့ဖြစ်ခြင်း

ကြေကွဲလိုက်တဲ့ဖြစ်ခြင်း

ရှာဖွေလိုက်တဲ့ဖြစ်ခြင်း

စားနေရတဲ့ဖြစ်ခြင်း

လုနေလိုက်တဲ့ဖြစ်ခြင်း

သတ်နေလိုက်တဲ့ဖြစ်ခြင်း

မွေးနေလိုက်တဲ့ဖြစ်ခြင်း

သေနေလိုက်တဲ့ဖြစ်ခြင်း


ဘ၀ရဲ့ဖြစ်တည်ခြင်းပေါ့နော်

ရုန်းကန်ရှာဖွေလုယှက်စားသောက်

တနေရာလေး တည်မြဲရေးတွက်

တ၀မ်းတခါး စာဝတ်ရေးတွက်

လှုပ်တိုင်းမြုတ်နေ နောင်သံသရာမတွေးခေါ်

လူပီသဖို့လိုနေတယ်နော်

Wednesday, March 10, 2010

“အကောင်းဆုံး မြန်မာဘလော့ဂါ အကယ်ဒမီဆု (၂၀၀၉)” ရွေးချယ်ခံခဲ့ရသော မြန်မာဘလော့များ

သတ္တမနည်းပညာရပ်ဝန်း (www.technical-seven.com) နှင့် မြန်မာဘလော့ဂါပရက်စ် (http://www.mmblogpress.org) တို့  စုစည်းစီစဉ် ဆောင်ရွက်၍ မြန်မာသတင်းသမဂ္ဂ၊ ပြင်သစ်နိုင်ငံအခြေစိုက် နယ်ခြားမဲ့သတင်းထောက်များအသင်း (RSF) မှ ပေးအပ်ချီးမြှင့်သော ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ်အတွက် ဒုတိယအကြိမ်မြောက် “အကောင်းဆုံး မြန်မာဘလော့ဂါ အကယ်ဒမီဆု (၂၀၀၉)” ရွေးချယ်ခံခဲ့ရသော မြန်မာဘလော့များမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရပါတယ်။
အကောင်းဆုံး အထွေထွေ ဘလော့ဂါဆု။


အကောင်းဆုံး ဘာသာပြန်ရသ စာပေဘလော့ဂါဆု။

ကိုပီတာရဲ့ အတွေးပုံရိပ်များ (http://kopeter.blogspot.com)

အကောင်းဆုံး အစုအဖွဲ့  ဘလော့ဂါဆု။

ငပေါများဂေဟာ (http://www.crazyvilla.net)

အကောင်းဆုံး ရင်တွင်းဖြစ်ခံစားမှုစာစုများနှင့် ရသကဗျာစာပေဘလော့ဂါဆု။

မြစ်ကျိုးအင်း (http://page-28.blogspot.com)

အကောင်းဆုံး လူမှုဘ၀သရုပ်ဖော် စာပေဘလော့ဂါဆု။

နင်းနဲ့ မာယာ (http://mysterysnow.blogspot.com)

အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေဘလော့ဂါဆု။

မြန်မာစာ မြန်မာစကား (http://myanmarsar.zaung.net)

အကောင်းဆုံး လူမှုအကျိုးပြု ပရဟိတအသင်းအဖွဲ့  ဘလော့ဂါဆု။

စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း (http://www.everyoneit.com)

အကောင်းဆုံး နိုင်ငံအကျိုးပြု သတင်းနှင့် စာပေ ဘလော့ဂါဆု။

စည်းလုံးခြင်းရဲ့  အင်အား (http://photayokeking.org)

အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂါဆု။

သီတဂူစတား (http://www.sitagustar.net)

အကောင်းဆုံး နည်းပညာအကျိုးပြု စာပေဘလော့ဂါဆု။

ညီနေမင်း (http://www.nyinaymin.com)

ပထမအကြိမ်မြောက် “အကောင်းဆုံး မြန်မာဘလော့ဂါ အကယ်ဒမီဆု (၂၀၀၈)” တွင် ရရှိခဲ့သော ဘလော့များမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရပါတယ်။

(၁) အကောင်းဆုံး ဘာသာရေး ဘလော့ဂ်ဆု (Best Religious Blog )

မြတ်ဗုဒ္ဓအဆုံးအမများ ဘလော့ဂ် http://soethuhein.iblogger.org/

(၂) အကောင်းဆုံး ပညာရေး ဘလော့ဂ်ဆု (Best Education Blog )

မသက်ဇင် ဘလော့ဂ် http://www.mathetzin.com/

(၃) အကောင်းဆုံး နည်းပညာ ဘလော့ဂ်ဆု (Best Blog About Blogging )

ညီလင်းဆက် ဘလော့ဂ် http://blog.nyilynnseck.com/

(၄) အကောင်းဆုံး နိုင်ငံရေး ဘလော့ဂ်ဆု (Best Political Blog )

နစ်နေမန်း ဘလော့ဂ် http://www.niknayman-niknayman.blogspot.com/

(၅) အကောင်းဆုံး သတင်း ဘလော့ဂ်ဆု (Best News Blog )

ခေတ်ပြိုင်ဂျာနယ် ဘလော့ဂ် http://www.newskhitpyaing.co.cc/

(၆) အကောင်းဆုံး ပရဟိတ ဘလော့ဂ်ဆု (Best Charity Blog )

ပိုကောင်းမယ့် မနက်ဖြန် ဘလော့ဂ် http://tomorrowplan.blogspot.com/

(၇) အကောင်းဆုံး မြန်မာစာပေ ဘလော့ဂ်ဆု (Best Myanmar Literature Blog )

ဖွဲ့တည်ရာ မဂ္ဂဇင်း http://existencemgz.wordpress.com/

(၈) အကောင်းဆုံး ရသစာပေ ဘလော့ဂ်ဆု (Best Literauture Blog )

မင်းဒင် ဘလော့ဂ် http://www.mindin.info/

(၉) အကောင်းဆုံး ကဗျာ ဘလော့ဂ်ဆု (Best Poem Blog )

ကောင်းကင်ကို ဘလော့ဂ် http://kaungkinko.myanmarbloggers.org/

(၁၀) အကောင်းဆုံး အစုအဖွဲ့ ဘလော့ဂ်ဆု (Best Association Blog )

ကိုမိုးသီး ဘလော့ဂ် http://komoethee.blogspot.com/

(၁၁) အကောင်းဆုံး အထွေထွေ ဘလော့ဂ်ဆု (Best General Blog )

နိုင်းနိုင်းစနေ ဘလော့ဂ် http://nineninesanay.blogspot.com/

Sunday, March 7, 2010

http://myanmarsar.zaung.net

စက်ရုံ အလုပ်ရုံ ၀န်ထမ်း လုပ်ငန်းရှင်များ အောင်မြင် တည်တံ့နိုင်သည့် နည်းလမ်းကောင်း

စက်ရုံ အလုပ်ရုံ လုပ်ငန်းရှင်များ အောင်မြင် တည်တံ့နိုင်သည့် နည်းလမ်းကောင်း


မိမိအလုပ်ရုံ စက်ရုံအပေါ်၌ အာက်ခြေမှစ နားလည်တတ်ကျွမ်းအောင်လေ့လာပါ။

ကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက် လေ့လာခဲ့လျှင် မိမိ လုပ်ငန်း လိုအပ်ချက်ကိုတွေ့ မြင်နိုင်သည်။

အလုပ်သမားဝန်ထမ်း များအပေါ်၌ မိမိအားမှီခိုရပ်တည် စားသောက်နေသည်ဟုမြင်တတ်ပါ။

အလုပ်သမားဝန်ထမ်း များ နေထိုင်စားသောက်နေသည်ကိုလေ့လာပါ။

အလုပ်သမားဝန်ထမ်း အားချီးမွန်းစကားပြောတတ်ပါ။

လုပ်ငန်းရှင်၏ချီးမွန်းစကားသည်အလုပ်သမားအတွက်ခွန်အားဖြစ်စေသည်။

အမှားတွေ့ လျှင်မှားခြင်း၏ နောက်ဆက်တွဲဖြစ်လာနိုင်သည် အကျိုးအပြစ်ကို သေချာစွာရှင်းပြပြောဆိုပါ။

ဒုတိယ အကြိမ်ထပ်ပြီး အမှားတွေ့ လျှင် အလုပ်အပေါ်၌ စိတ်ဝင်စားမှု့ မရှိ
ကြောင်းသူ၏လုပ်ဆောင်မှု့သည် အပြစ်ရှိကြောင်းပြောပါ။

အလုပ်သမားဝန်ထမ်း များသည် လုပ်ငန်းရှင် ရှေ့ တွင်အယောင်ယောင် အမှားမှားဖြစ်တတ်ကြသည် ကို နားလည်ပါ။

မိမိ၏ ရှေ့ တွင်မှ တစုံတခု မှားယွင်းလျှင် အလွှဲအချော် ဖြစ်လျှင်သေချာစွာ ရှင်းပြ ခွင့်လွတ်ပါ။

အလုပ်သမားဝန်ထမ်း များအား ဆူပူအော်ဟစ်ခိုင်းစေ မည့်အစား ပြေပြစ်စွာ
ပြောဆိုခြင်းဖြင့် မိမိ၏ လုပ်ငန်းအား မိသားစုသဖွယ် လုပ်ကိုင်ဆောင်ရွက်နိုင်စေသည်။

တနှစ် တခါ အလုပ်သမားဝန်ထမ်း များအား ဆုချီးမြင့်ပါ
ကြားထဲတွင်လည်းထူးချွန်ထက်မျက်သည့် အလုပ်သမားအား သီးသန့်ဆုချီးမြင့်ပါ။

အလုပ်သမားဝန်ထမ်း များအား ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ လုပ်ကိုင်နေထိုင်
စားသောက် နေခြင်းဖြစ်သည် အားကိုးအားထားပြုနေကြောင်း
လုပ်ငန်းအပေါ်တွင်မိမိ ကိုယ်ပိုင်လုပ်ငန်း သဖွယ်သဘောထား လုပ်ကိုင် ဆောင်ရွက်ဖို့ကိုပြောဆိုပါ။

လိုအပ်လျှင်မိသားစုသဖွယ် အရေးကိစ္စရှိက လာရောက် အကူအညီတောင်းခံနိုင်ကြောင်းအသိပေးပြောကြားပါ။

သင်၏ စက်ရုံ အလုပ်ရုံဖြစ်သည် ဟုမမြင်ပဲ အလုပ်သမားဝန်ထမ်းမျာ၏ စက်ရုံအလုပ်ရုံသာဖြစ်သည်။

ကောင်းမွန်စွာ ထိမ်းသိမ်း လုပ်ကိုင်စောင့်ရှောက်ဖို့ကိုပြောဆိုပါ။

သင်၏ ကူဖော် လောင်ဖက် အဖြစ်မြင်တတ်ပါ။
ထိုအခါ အလုပ်သမားဝန်ထမ်းကောင်း တို့သည် သင်လိုအပ်သည့် အချိန်တိုင်း သင့်ဘေးမှာ အဆင်သင့်ရှိနေနိုင်သည်။

မိသားစုသဖွယ် စောင့်ရှောက်တတ်ပါ သင်၏ စက်ရုံ အလုပ်ရုံ အောင်မြင်နိုင်သည် အလုပ်သမားဝန်ထမ်း ကောင်းရရှိနိုင်သည်။

သို့မှသာ သင်သည် လုပ်ငန်းရှင်ကောင်း သဘောထား ပြည့်ဝသည့် ပိုင်ရှင်ကောင်း တရောက်ဖြစ်လာနိုင်ပါသည်။

(တချို့ နိုင်ငံ တိုင်းပြည်များ တွင် လုပ်အားခ နှင့်လုပ် သည့် အလုပ် ထိုက်တန် ၍ တော်သေးသည။်)



***စိတ် သဘောထားမှန်သော အလုပ်သမားဝန်ထမ်းကောင်း***


စိတ် သဘောထားမှန်သော အလုပ်သမားဝန်ထမ်းကောင်း သင်၏လုပ်ကိုင်နေသော လုပ်ငန်းအပေါ်၌
မိမိအလုပ်ဟု သဘောထား လုပ်ကိုင်ဆောင်ရွက် ပါမိမိကြောင့်
့်မတော်တဆ ဆုံးရှုံးသွားသော ပစ္စည်းကို ကိုယ်ပိုင်ဆိုင်သော ပစ္စည်းဟုသဘောထားလျှင်
သင်သည်နောက်ထပ်မတော်တဆ အမှားမျိုးကျူးလွန်မိမည်မဟုတ် ပျက်စီးဆုံးရှုံးမှု့ထပ်မဖြစ်နိုင်တော့ပေ။

ခိုင်းမှလုပ်သောအလုပ်ထက်မခိုင်းစေပဲ လုပ်ကိုင်ဆောင်ရွက်ခြင်းသည်
သင်ကိုယ်တိုင် ပိုင်ရှင်စိတ် ထားသောကြောင့်ဖြစ်သည်။

သင်၏ ပိုင်ရှင်မခိုင်းစေ ပဲလုပ်သောလုပ်ရပ်က သင်၏ မြင့်မြတ်သော စိတ်ဓါတ် ကိုပြသနေခြင်းဖြစ်သည်။

ခိုင်းမှ လုပ်လျှင် ကျွန် ဖြစ်သည် မခိုင်းပဲ လုပ်လျှင် သခင် ဖြစ်သည်။

ဟုကျွန်ုပ်ကြားဘူးသည့် အတိုင်းသင်၏ စိတ်ဓါတ်သည် လေးစားဖွယ် ဂုဏ် ယူဖွယ်ကောင်း၏

သင်၏ လုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်းအပေါ်သင်၏ လုပ်ဆောင်ချက်ကြောင့်  လုပ်ငန်း အောင်မြင် အောင်သင်၏စက်ရုံ အလုပ်ရုံ လိုသဘောထား ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိ၏ အလုပ်အပေါ် စွမ်းနိုင်သလောက် လုပ်ကိုင်ကူညီဆောင်ရွက်ြခင်း ဟုစိတ်ထားသော ကြောင့်သင်သည် အလုပ်သမားဝန်ထမ်းကောင်းတစ်ရောက်ဖြစ်သည်။




***ရောင်း ၀ယ် ဖောက် ကားမှု့ အောင်မြင်ရေးနည်းလမ်းကောင်း***

ရောင်းချသောအခါဖြစ်စေ ၀ယ်ယူသောအခါဖြစ်စေ ချိုသာသောစကားပြောဆို၍ ရောင်းချဝယ်ယူပါ။

ဝယ်သူအား စိတ်ရှေစွာ ပြောဆို ရောင်းဝယ်ပါ ရောင်းချပါ။
ဝယ်သူ၏ နားမလည်မှု့အပေါ် စိတ်မကွက်ပါနှင့် သင်ကိုယ်တိုင် ၀ယ်ယူနေသည် ဟုစိတ်ထား၍ သူတတ်နိုင်သော ငွေကျေး ပမာဏနှင့်အညီ
ကောင်းမွန်သော ပစ္စည်း သာရောင်းချပါ။

ပို့ ရန် ပေးရန် မှာထားသော ပစ္စည်း အားကောင်းမွန် သေချာ လုံခြုံ ကျနစွာထုပ်ပိုးပြီးပေးပါ။

လမ်းခရီး ဝေးကွာလျှင် ပျက်စီးတတ်၍ဖြစ်သည်။ဝယ်ယူသူ အား အချိန်မှီ ပို့ပေးပါ။

နောက်ကျပါက မိမိ ဘက်မှ အခက် အခဲအား ၀ယ်ယူသူ စိတ် ကျေနပ် သည့်အထိ သေချာ နားလည် သဘောပေါက်အောင် ရှင်းလင်း ပြောဆိုရမည်။

မိမိ ရောင်ချမည့် ပစ္စည်း ပြတ်လတ်မှု့ကိုဝယ်ယူသူ အားကြိုတင် အသိပေးပါ။

ဝယ်သူမှ လည်းလိုအပ်မှ မှာ ယူလျှင် ပစ္စည်း ပြတ်လပ်မှု့နှင့် ကြုံတွေ့ တတ်သည်။

ဝယ်ယူ သူသည် ထ္မင်း လာကျွေးသော ကျေးဇူးရှင်ဖြစ်သည်။

ရောင်းဝယ်သည့် ပစ္စည်းအား သန့်ရှင်းစင်ကြယ်စွာ ထားရှိရမည်။

ငွေကျေး တွက်ချက်ရာတွင် လည်းပို၍ ပါလာလျှင်ပြန်ပေး ရန်မမေ့ပါနှင့်သင့်ထံမှ ၀ယ်ယူ သူမှလည်း စွဲမြဲစွာ ၀ယ် ယူ နိုင်သည်။

ရောင်းသူ ၀ယ်သူ အသံတူကြည်ဖြူ စိတ် ကိုမွေး

ရောင်းသူ ၀ယ်သူ အသံ မတူ ခွင့်လွတ် နားလည်ပေး။

ရောင်းချ ၀ယ်ယူ ရာတွင် စိတ်ရှေပါ သည်းခံပါ

သင်သည် မုချ မသွေ ကြာရှည် တည်တံစွာ ရောင်းချ နိုင် ၀ယ်ယူ နိုင်သည်။

ဝယ်သူ မှ လည်း စွဲမြဲစွာ ၀ယ် ယူ ပေလိမ့်မည်။

သင်သည် မုချ မသွေ အောင်မြင် နိုင်မည့်သူဖြစ်ပ်ါသည်။

**ယဉ်မင်းခိုင်**

Friday, March 5, 2010

သံသရာ မှာ သမုဒ္ဒရာ လေးစင်း မျက်ရည် မြစ်များကျဖူးတယ်

အိပ်မက်လေး

တစ်ရေးနိုးထ နှလုံးသားလေး စူးနင့်နာကျင်
ဘ၀ဟောင်းမှာ ချစ်ဖူးတယ် သခင်
သံသရာဝဋ်ကျွေး မပြယ်သေး
တဖန်တွေ့ဆုံကြုံလာတယ်
အိပ်မက်ထဲမှာ ငိုညည်းနေမိ သူ တစ်ယောက်တွက်
မျက်ရည်တစ်စက် ကျမိခဲ့ရင်
သံသရာမှာ သမုဒ္ဒရာလေးစင်း မျက်ရည် မြစ်များ

ဘ၀ဟောင်းမှာ ကျဖူးတယ်ရှင်


``ဘုရား´´

ဟောတာကြားဖူးတယ်သခင်

ချစ်သူမသိ အိပ်မက်ထဲမှာ ငိုညည်းနေမိ

ဘ၀ဟောင်း ပြန်ပြောင်းသိတော့လွမ်းမိရင်မှာ

အတိတ်ဝဋ်ကြွေး ပေးဆပ်နေတာ

ကြင်သူသိစေချင်လှတာ

ကျောက်သံ ပတ္တမြား အိမ်မှာထားရင် လဘ်ရွှင်စေသည်

ကျောက်သံ ပတ္တမြား

အိမ်မှာထားရင်
  လဘ် ရှိတယ်

ငါ့မိ ငါ့ဘ ပြောဖူးတယ်။

ကျောက်သံ ပတ္တမြား

ဇယ်တောက်

ကစား

မြေပေါ် မြေအောက်

ကောက်ရထား

မိတ်ဆွေ ဖော်ပေါင်း လက်ဆောင်ပေးလို့
ဝယ်ထားတာလဲ ရှိပါတယ်။
ငယ်စဉ်ကာလ

ငါ့မိ ငါ့ဘ ပေးအပ် ထား

ရတနာ စိန် ကျောက်

ဇယ်တောက် လောက်အောင်

မ........... မှာရှိတယ်။
ခဏတဖြုတ်

ဥစ္စာ အပ်နှင်းထားခဲ့ခြင်း

ရောင်းချ သုံးဖြုန်း ပြစ်လိုက်တယ်။
စိတ်ချ ယုံကြည် ထားခဲ့သည်ကို အလွှဲသုံးစား လုပ်လိုက်တယ်။
မင်းးးးးးးးးး မမြင်ဘူး
တန်ဖိုး မသိ

တခါဆက်ဆံ ဆယ်ခါလန်

သူခိုး သူဝှက် အပ်မိထားတော့ ကုန်သွားတယ်လို့

စိတ် ကိုဖြေသိမ့် နေရတယ်

ကျွန်ယုံရင် တဖက်ကန်း
သားသမီး ယုံစုံလုံးကန်း
အိမ်က ခွေးတောင်

သခင်ပစ္စည်း

စောင့် ရှောက်ပေးတယ်။

ခွေးထက်မိုက်တဲ့ လူ ကောင်ရယ်

နောင် သံသရာ ရှူမျော် တွေးနော်
မိဘ ပစ္စည်း

ခိုးဝှက်ယူလဲ ခိုးမှု့မြောက်တယ်။

ငရဲ လမ်း ကိုသွားပေါ့ ဟယ်။

Tuesday, March 2, 2010

ဘ၀ အောင်မြင်မှု့နည်းလမ်း

ဘ၀  အောင်မြင်မှု့  နည်းလမ်း



အောင်မြင်မှု့ဟူသည် သူတပါး၏  အကျိုးစီးပွားကိုမထိခိုက်ပဲ  ရည်မှန်းထားသော
ပန်းတိုင်ကိုရောက်၇ှိစေသည့်  မိမိကိုကျေနပ်နှစ်သိမ့်မှု့
ပေးသောအောင်ပွဲခံခြင်းဖြစ်သည်။
အောင်မြင်မှု့ကို  ငွေကြေး ဥစ္စာ ဓနနှင့်လည်း တိုင်းတာလို့မရ
ထင်ပေါ်ကျော်ကြားမှု့နှင့်လည်း
တိုင်းတာလို့မရပါ   အောင်မြင်မှု့ဆိုသည်မှာ  မိမိလိုလားတောင့်တသော
အခြေအနေကို ရရှိကျေနပ်မှု့ပင်ဖြစ်သည်။









ကြိုတင်လိုအပ်ချက်များ



ဘ၀၌အောင်မြင်လိုသူတိုသည်  မိမိ၏  ကိုယ်  နှုပ်  နှလုံး သုံးပါးစလုံးတွင်
ကြိုတင်ပြင်စင်ထားရှိရမည့်

လိုအပ်ချက်များရှိပါသည်။ယင်းတို့ မှာ။

၁။အကျင့်စာ ရိတ္တကောင်းမွန်ခြင်း ။

၂။မိမိ၏ရှိရင်းစွဲ  ဘ၀အခြေနေ၌မနေတော့ဟု  ဆုံးဖြတ်ရမည့် စိတ်ဓါတ်ပြောင်းလဲမှု့ ။

၃။အခြေအနေနှင့်အချိန်အခါကိုသိနားလည်မှု့ ။

၎။အလုပ်ကိုချစ်မြတ်နိုးမှု့နှင့်။

၅။မိတ်ဆွေသဂ်ဟကောင်း ရှိခြင်းတို့ဖြစ်ပါသည်။



အကျင့်စာရိတ္တ ကောင်းမွန်ခြင်း



စစ်မှန်သော အောင်မြင်မှု့ရယူလိုသူတို့သည် တယုတယ ပျိုးထောင်ထားအပ်သော
အကျင့်စာရိတ္တကောင်းရှိဖို့လိုပါသည်။အကျင့်မကောင်းတဲ့ သူတွေလဲ
ဲအောင်မြင်နေတာပဲဟု စောဒကတက်ဖွယ် ရှိသော်လည်းရေရှည်တည်တံသော ဂုဏ်သတင်း ၊
မွေးပျံသောအောင်မြင်မှု့ဟူသည်  အကျင့်စာရိတ္တကောင်းမွန်ခြင်း၊မြေဆီလွာပေါ်၌သာ
 ပျိုးထောင် ရှင်သန်နိုင်သော  နတ်ပန်း  ဖြစ်သည်။



စိတ်ဓါတ်ပြောင်းလဲမှု့


လူအတော်များများသည်မိမိ လက်ရှိ အနေအထားမှ  ပြောင်းလဲရန်တွန့်ဆုပ်သည့်
သဘောထားရှိကျပါသည်။ကြိုးစားနေလည်းထူးမှာမဟုတ်ပါဘူး  ဒီသင်တန်းတက်ပြီးတော့လည်း
ချက်ညခင်းလက်ငင်း ဘာမှဖြစ်လာမှာမဟုတ်ပါဘူးဆိုကာ ဆင်ခြေအမျိုးမျိုးဖြင့် အပျင်းထူကာ
 မိမိလက်ရှိ နေရာမှ  တလက်မမှ မရွေ့ တမ်းနေကျသူအတော်များပါသည်။
လက်ရှိအနေအထားထက် တိုးမြင့်အောင် လုပ်ဆောင်မည်  ယခုအခြေအနေမှာ
လုံးဝ မနေလိုတော့ဟု ဆုံးဖြတ်ကြိုးစား  သူတို့သာ  အောင်မြင်စမြဲ  ပင်ဖြစ်သည်။



အခြေအနေနှင့်အချိန်အခါကို  သိနားလည်မှု့


အောင်မြင်မှု့ရယူနိုင်ဖို့ အခြေအနေ အချိန်အခါ ပေးသည်ကိုပေးမှန်း
နားလည်တတ်ရန်လိုသည်။
အခွင့်အရေးဟူသည် အတောင်ပံပါသည်ဟု ဆိုရိုးစကားရှိသည်။
ခွင့်သာခိုက်မှမကြိုးစားပါက အောင်မြင်မှု့နှင့် ဝေးရလိမ့်မည်။
အချိန်အခါဟူသည်မှာလည်း  အခြေအနေပေးချိန်တွင် ချက်ချင်းထလုပ်မှသာ
အောင်မြင်နိုင်ပေမည်။


အခွင့်အရေး



လောက၌အရာရာတိုင်းအတွက်  အခွင့်အရေးအခွင့်အလမ် ပေါ်ပေါက်တတ်သည်။
အချို့သောသူတို့မှာ  အခွင့်အရေးကိုအခွင့်အရေးမှန်း  မသိကျော်လွားသွားကျသည်။

အချို့မှာအခွင့်အရေးမှန်းသိသော်လည်း
ဖမ်းဆုပ်ရယူခြင်းမရှိသဖြင့်လက်လွတ်ဆုံးရှုံးခဲ့ရသည်။
အခွင့်အရေးသည် နောက်တကြိမ်လာခဲသဖြင့်  အခွင့်အရေးပေါ်သခိုက်
ဖမ်းဆုပ်ရယူနိုင်ဖို့လိုသည်။




အလုပ်ကိုချစ်မြတ်နိုးမှု့


ဘ၀ ကိုပြီးပြည့်စုံအောင်ဆောင်ရွက်ပေးသောအရာများမှာ  အလုပ်သည်အဓိကကျသည်။
လူသည်  အသိဥာဏ်ကြီးမြတ်သည် မိမိအတွက်မိသားစုအတွက် ပါတ်ဝန်းကျင်အသိုင်းဝိုင်းအတွက်
လောကမှာအ လုပ်လုပ်နေသောကြာင့် အသိဥာဏ် ကြီးမြတ်ရခြင်းဖြစ်သည်။
မိမိ၏ အလုပ်ကို  ချစ်မြတ်နိုးတတ်သူ တန်ဖိုးထားတတ် သူဖြစ်မှသာ သန်
့ရှင်းရေး  အလုပ်သမားဖြစ်စေ။

နိုင်ငံတော်   သမ္မတဖြစ်စေ   ဂုဏ်ယူလေးစား   လောက်ပေသည်။

မိတ်ဆွေသဂ်ဟကောင်းရှိခြင်း

လူသည်မိတ်ဆွေသဂ်ဟများ၊အိမ်နီးခြင်းများ၊လုပ်ဖော်ကိုင်ဘက်များ၊တစ်မြို့
တစ်နိုင်ငံတည်းနေသူများ
နိုင်ငံခြားသားများကိုဆက်ဆံ ပေါင်းသင်းရ၏  မိမိကျင်လည်ရာလောက၌ အလုပ်တခု
အောင်မြင်ေ၇းအတွက်  မိမိအားဝိုင်းဝန်းကူညီမည့် မိတ်ဆွေများ
အကြံဥာဏ်ကောင်းပေးမည့်သူများ။
စိတ်ထားဖြောင့်မတ်စွာမိမိ အောင်မြင်မှု့ကို
နှစ်သက်လိုလားသူများနှင့်အဆွေခင်ပွန်းဖွဲရန်လို၏
မိမိကြီးပွားသည်ကို  မုဒိတာပွားကာ  မိမိအခက်အခဲကြုံချိန်မှာ
နှစ်သိမ့်ထူမည့်  မိတ်ဆွေကောင်းဟူသည် ဘ၀၏  အကြီးမားဆုံး ဆုလာဘ် ဖြစ်သည် ။
တစ်ခုသတိပြုရန်မှာ မိမိကိုယ်တိုင် မိတ်ဆွေကောင်း   ပီသဖို့လိုသည်။

ဘ၀   အိမ်မက်  မျော်လင့်ချက်

မျှော်လင့်ချက်ရည်မှန်းချက်ဟူသည်  လူတဦးစီ၏
ဘ၀ကိုရှေ့သို့တွန်းပို့ပေးသောစွမ်းအားဖြစ်သည်။
မျှော်လင့်ချက်  ရည်မှန်းချက်ကြီးမား  သူတို့မှာ စိတ်ကူးအတိုင်း
ကြီးကျယ်ပေါက်မြောက်အောင်
ကြိုးစားရယူနိုင်သည်။
အောင်မြင်လိုသူတိုင်းသည် အိမ်မက်ကြီးကြီးမက်  ရည်မှန်းချက်ကြီးကြီး ထားရှိရမည်။



အာရုံစူးနှစ်မှု့

လောကီကိစ္စ  လောကုတ္တရာကိစ္စ ဆောင်ရွက်ရာတွင်အာရုံစူးနှစ်မှု့သည်အလွန်အရေးပါသည်။
အာရုံစူးနစ်မှု့မရှိပါက
လောကီကိစ္စ  လောကုတ္တရာကိစ္စ ဆောင်ရွက်ရာတွင်  ဟိုမရောက်ဒီမရောက်ခရီးမပေါက်နိုင်။
မိမိရည်စူးရာရည်သန်ရာကိုသာ တခုတည်းသောစိတ်ဖြင့် စူးစိုက်လုပ်ဆောင်ပါမှ ဘဝ
မှာအောင်မြင်မှု့ပန်းတိုင်ကိုရရှိမည်။

လေ့လာဆည်းပူးခြင်း  ကြိုတင်ပြင်ဆင်ခြင်း

အောင်မြင်လိုသောလူများသည် သိသင့်သိထိုက်သည်  ကိုလေ့လာဆည်းပူးခြင်းသည်
ပထမဦးဆုံးအခြေခံ အုပ်မြစ်ဖြစ်သည်။ မိမိလေ့လာဆည်းပူခဲ့သော အတွေ့အကြုံ  ဗဟုသုတ
ပညာရပ်များကို  မိမိလုပ်မည့်လုပ်ငန်းအတွက်  ကြိုတင်ပြင်ဆင်ရမည်။
မိမိလုပ်ငန်းအတွက်လည်း  ၀န်ထမ်း ဘဏ္ဍာရေး  လုပ်ငန်းစီမံခန့်ခွဲမှု့
စသည်ဖြင့်မည်သို့ထားရှိရမည်
ကြိုတင်ပြင်ဆင်မှသာ  လုပ်ငန်းအောင်မြင်ဖို့နီးစပ်သည်။



ယုံကြည်မှု့နှင့် သန္နိဌာန်


ယုံကြည်မှု့သည်ဘ၀၏တွန်းအားဖြစ်သည်  ။
တစုံတရာကို  ဖြစ်ကိုဖြစ်ရမည်ဟု  ယုံကြည်ကာ  သန္နဌာန်  ချမှတ်ဆောင်ရွက်ပါ။
ယုံကြည်မှု့ပြင်းပြပါက  အခက်အခဲများကို
မဆုပ်မနစ်ကြိုးစားဖြတ်ကျော်နိုင်စွမ်းရှိသည်။
သန္နိဌာန်စွမ်းအားက  လိုရာပန်းတိုင်  ရရှိအောင်မြင်နိုင်အောင်ပံပိုးပေးသည်။


အခက်အခဲ  အမှား  နှင့် ရှုံးနိမ့်မှု့


အခက် အခဲသည်  အောင်မြင်မှု့ကို ပိုမိုရရှိ  စေနိုင်သည်
အောင်မြင်မှု့ ဟူသည် လွယ်လင့်တကူ ရရှိသည့်  အရာမဟုတ်ပါ။
အခက် အခဲ ကို တွေ့ကြုံပြီးမှ ရရှိနိုင်သည် ကများသည်
အောင်မြင်မှု့ ကို လုပ်ဆောင်ရင်း အမှားများနှင့် ကြုံတတ်သည်
မမှားဖူးသူသည် ဘာမှမလုပ်  သူသာဖြစ်သည်
မိမိ၏အမှား သူတပါး၏ အမှား များကိုတွေ့ကြုံ သင်ခန်းစာယူမှ တိုးတက်အောင်မြင်နိုင်သည်
အမှားနှင့်  ရှုံးနိမ့်မှု့သည် အောင်မြင်မှု့ ပန်းတိုင်မရောက်မှီ  တွေ့ကြုံရတတ်သည်
အရေးကြီးဆုံး ကိစ္စမှာ   အခက်အခဲ အမှားများ နှင့်ရှုံးနိမ့်မှု့ကို  လက်ခံပြုပြင်ကာ
အောင်မြင်အောင်  ကြိုးစားမည်ဟု  ပိုင်းဖြတ်ထားသော  စိတ်  ဓါတ်  ပင်ဖြစ်သည်။


ငယ်ငယ်ထဲက ဖတ်ခဲ့ရတာလေးကို  ဝေမျှလိုက်တာနော်