Pages

Saturday, May 1, 2010

မေလ (၉) ရက်နေ့အမေများနေ့ အတွက် မေမေ နဲ့ပတ်သက်ပြီး အမှတ်တရ

မေလ (၉) ရက်နေ့အမေများနေ့ အတွက် မေမေ နဲ့ပတ်သက်ပြီး အမှတ်တရ


http://images.yinminkhine.multiply.multiplycontent.com/attachment/0/S9wfwgooCkUAAHXdXDw1/motherfm5.jpg?nmid=333872452မေမေ သတိရတာပေါ့နော် မေမေလို့အားရပါးရအော်ခေါ်ချင်လည်း ဘ၀တပါး ကူးပြောင်းသွားတော့ 
မြင့် မိုရ်ရွှေတောင်ပျောက်သလိုပေါ့
အိမ်ပြန်ဖို့ တောင်အိမ်တန်းပြန်ဖို့ ခက်နေတယ် ခေါင်းလေးပွတ်သတ် အမေချော့တာ
သတိရလည်း
ရင်ငွေ့နွေးနွေးပြန်မရပြီ
အမေ့ မေတ္တာငတ်တာကြာပေါ့
အမေ မန်းမှုတ်
ထမင်းဆုတ်ကို
မစားရတာလည်းကြာပြီနော်
နေမကောင်းရင်
ထမင်းလေးမီးဖုတ် ရေအေးလေးနဲ့  မန်းမှုတ်ပြီးတော့ ကျွေးတတ်တယ်
အမေလို့လည်း အော်ခေါ် ရင်းနဲ
အားရပါးရရှိုက်ငင် ငိုကျွေးခဲ့ပါတယ်။
ထူးသူမရှိ ရင်ထဲနာကျင်
လွမ်းမောရင်းနဲ့ 
သမီးတစ်ရောက် အလွမ်းမပြေ အိပ်ရာထက်မှာ ယောင်ယမ်းခေါ်ငင်မိနေတယ်
အမေ အမေ
ရေးမိနေတိုင်း မျက်ရည်
အလိုလိုကျနေတယ်

သတိရနေတယ်

အောက်မေ့နေတယ်
အမေ့ကိုလေလွမ်းနေတယ်
အမေ့မေတ္တာ
ပမာနိုင်းဆိုမပြောလိုဘူး
မြင့်မိုလ်ရွှေတောင်သေးနေတယ်

အမေ့မေတ္တာ
ပမာနိုင်းဆိုမပြောလိုဘူး စမ်းရေထက်လည်း အေးနေတယ်..
ထိုစမ်းနွေခါခမ်းသောကြောင့်

အမေ့မေတ္တာ
ပမာနိုင်းဆိုမပြောလိုဘူး ပန်းရွှေကြာထက်လန်းနေတယ်....
ထိုပန်းရွှေကြာနွမ်းသောကြောင့်

ပြောမပြတတ်အောင်လွမ်းနေတယ်
အမေ အမေ
အော်ခေါ်ရင်းနဲ့  ပြန်မထူးနိုင်တာသိနေတယ်

သူများတစ်ကာထက်လည်း
လွမ်းပါတယ်

အမေပျောက်သူရင်လှိုက်ဆူလို့  အမေမရှိတော့မှပိုသိတယ်
အမေ့ စိတ်ပုတီး သမီးအမွေ ယူထားတယ်
အမေ့ အတွက်
အမေ့အတွက်နဲ့  လှုတိုင်းကုသိုလ်လုပ်ပါတယ်
ခံစားတတ်သူ
ရင်ဘတ်တူ အမေချစ်သူတိုင်းသိပါတယ်။........။

Attachment: motherfm5.jpg

2 comments:

  1. ကျွန်တော်ကတော့ အမေ့ ကို ပဲ ချစ်တယ်။

    ReplyDelete
  2. မှန်ပါ့ အမေကိုလောကမယ်အချစ်ဆုံး အမေကမွေးထဲကရင်ခွင်ထဲထည့်တာလေ

    လောကရဲ့အမိုးအကာပေါ့ဟာ နော်

    ReplyDelete