Pages

Monday, May 17, 2010

လနှင့်သောကြာကြယ် နီးကပ်စွာတည်ရှိမှုကို မြန်မာနိုင်ငံမှ မြင်တွေ့ခဲ့ရ

မေလ ၁၆ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော လနှင့်သောကြာကြယ်
နီးကပ်စွာတည်ရှိမှုကို အရှေ့တောင်အာရှနိုင်ငံအချို့နှင့်အတူ
မြန်မာနိုင်ငံမှလည်း မြင်တွေ့ခဲ့ရသည်။
"မေလ ၁၆ ရက်နေ့ ည ၆ နာရီခွဲလောက်မှာ တွေ့လိုက်ရတာပါ။ လနဲ့သောကြာကြယ်နီးကပ်နေတာကို မိနစ်အတော်ကြာကြာ မြင်တွေ့ခဲ့ရပါတယ်။ ဒါမျိုးမမြင်ဖူးတော့
အနီးနားမှာရှိတဲ့သူတွေတော်တော်များများ စိတ်ဝင်တစားကြည့်ခဲ့ကြပါ တယ်။
ကျွန်တော်တို့လည်း စိတ်ဝင်စားလို့ ရှေ့မီနောက်မီလူကြီးတွေကို မေးကြည့်တော့
ဒါမျိုးဖြစ်စဉ်ဆိုတာကဖြစ်ခဲတဲ့ သတိပြုစရာနမိတ်တစ်ခုလို့ပဲ
ပြောပြခဲ့ကြပါတယ်" ဟု အဆိုပါဖြစ်စဉ်ကို မြင်တွေ့ခဲ့သည့်
ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားခဲ့ပါသည်။အဆိုပါဖြစ်စဉ်ကို ရန်ကုန်၊
မန္တလေးနှင့် နေပြည်တော်ပျဉ်းမနားမြို့တို့တွင် မြင်တွေ့ခဲ့ရသည်ဟု သိရသည်။
မြန်မာနိုင်ငံနည်းတူ အိန္ဒိယနိုင်ငံတွင်လည်း မြင်တွေ့ခဲ့ရကြောင်းသိရပြီး အိန္ဒိယစံတော်ချိန်ညနေ ၃ နာရီ ၃၀ မိနစ်မှ ညနေ ၅ နာရီကျော်အထိ
မြင်တွေ့ခဲ့ရသည်ဟု သိရသည်။ ယင်းဖြစ်စဉ်သည် ကမ္ဘာနှင့်
သောကြာဂြိုဟ်တို့ကြားသို့ လရောက်ရှိ သွားခြင်းကြောင့်ဖြစ်ကြောင်း
သိရသည်။ထို့အပြင် အိန္ဒိယနိုင်ငံအနေဖြင့် အလားတူဖြစ်စဉ်မျိုးကို ၂၀၀၇ခုနှစ်
ဇွန်လ ၁၈ ရက်နေ့က မြင်တွေ့ခဲ့ရဖူးပြီး လာမည့် ၂၀၁၁ ခုနှစ် ဇွန်လ ၃၀
ရက်နေ့တွင် ထပ်မံမြင်တွေ့ရဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

4 comments:

  1. ဟုတ်တယ်ဗျ..မနေ့ကညနေမိုးမချုပ်သေးဘူးရယ်...အတိုင်းသားကိုမြင်နေရတာ...
    လူကြီးတွေကတော့နမိတ်မကောင်းဘူးတဲ့..ဘာမှန်းတော့သိဘူးဗျာ....

    ReplyDelete
  2. အင်းကြောက်စရာကြီး ငြိမ်းငြိမ်းချမ်းချမ်းပဲနေချင်တယ် ခုတောင်ရေမလာ မီးမလာ နဲ့စိတ်ညစ်ရတဲ့ ကြားထဲ

    ReplyDelete
  3. ဘာမှမဖြစ်ပါစေနဲ့ လို့ ဆုတောင်းပါတယ်.. နားတော့မလည်ဖူးဗျ

    ReplyDelete
  4. သောကြာကြယ်ကြီး လ နဲ.နီး ပြည်ကြီးပျက်လတ္တံ. လို.ကြားဖူးပါတယ်။။

    ReplyDelete