Pages

Sunday, May 2, 2010

လူတို့ဌာနေ..လူတို့ရွာလေး မေတ္တာလေးဘဲပို့တတ်တယ်....့ 

လူတို့ဌာနေ..လူတိုကရွာတွင်..အချင်းချင်းနှိပ်စက် နေတော့တယ်..

လူတို့ဌာနေ..လူတို့ရွာတွင်..လူအချင်းချင်း စစ်မက် တွေလည်းဖြစ်နေတယ်...

လူတို့ဌာနေ..လူတို့ရွာတွင်..ဒေါသချောင်းစီးလူတွေသေလို့နေတော့တယ်...

လူတို့ဌာနေ..လူတို့ရွာတွင်..၀တ်စားဆင်ယဉ် အမြင်မတင့်  
ကာမ ချောင်းစီး နေတော့တယ်.....


လူတို့ဌာနေ..လူတို့ရွာတွင်..တိုင်းပြည်..နိုင်ငံ.ကာကွယ်ဖို့တဲ့ သွေးချောင်းစီးလို့နေတော့တယ်....

လူတို့ဌာနေ..လူတို့ရွာတွင်..ငလျှင်တွေ့ ကြုံလူတွေသေလို့ နေတော့တယ်....

လူတို့ဌာနေ..လူတို့ရွာတွင်..ပင်လည်သမုဒ္ဒရာရေလှိုင်းဒဏ်ကြောင့် လူတွေသေလို့နေတော့တယ်....

လူတို့ဌာနေ..လူတို့ရွာတွင်..မြေကြီးအက်ကွဲ မြေအောက်ရောက်ပြီး လူတွေသေလို့နေတော့တယ်

လူတို့ဌာနေ..လူတို့ရွာတွင်..မီးတောင်ပေါက်ကွဲ..မီးလောင်မှု့ဖြစ်လူတွေသေလို့ နေတော့တယ်.....

လူတို့ဌာနေ..လူတို့ရွာတွင်..ငတ်မွတ်ခေါင်းပါး ဘေးရန်များလို့နေတော့တယ်..
မိဘ မျက်နှာမထောက်ညှာဘဲ ဆွေမျိုးပျောက် လို့နေတော့တယ်...

လူတို့ဌာနေ..လူတို့ရွာတွင်..မောင်နဲ့နှမ..အမိနဲ့သား..အဖနဲ့သမီး..
ရိုသေရမှန်းသိဘူးကွယ်.


နေထိုင်ကျက်စားလူတို့ရွာကား...တ၀မ်းဝဘို့ပင်ပမ်းတယ်..
လှုပ်ရှားရုန်းကန် လူတို့ရွာကား ပင်ပမ်းဆင်းရဲလှပါတယ်..

နေရာမြဲအောင်ကြိုးစားနေရ..လှုပ်ရှားရုန်းကန်ကြိုးစားနေရ အမှု့အမျိုးမျိုးကြုံနေတယ်.....

ဘ၀ရပ်တည်ကျိုးစားနေရ..ပုံစံမျိုးစုံကကြိုးစုံလင်လှုပ်ရှားရုန်းကန်.နေရတယ်.....

မေတ္တာခေါင်းပါး လူတို့ရွာကား.....ပျက်စီးခြင်းများကြုံနေတယ်..

တိုးတက်ထွန်းကားလူတို့ရွာကား..ပျက်စီးခြင်းများတွေ့ နေတယ်..

စက်မှု့ထွန်းကားလူတို့ရွာကား......ပျက်စီးခြင်းများကြုံနေတယ်..

အဏုမြူထွန်းကားလူတို့ ရွာကား....
လူတွေသတ်လို ပျက်စီးခြင်းများကြုံနေတယ်..


သံသရာအရေးမတွေးခေါ်ဘူး..
လူအခြင်းခြင်းစောက်ရှောက်ဖို ရာမတွေးခေါ်ဘူး..


ကြီးနိုင်ငယ်ညှင်းလုပ်နေတယ်..လူဟာလူမို့ ကြည့်တတ်ရင်တော့မြင်လိမ့်မယ်....

မေတ္တာခေါင်းပါး လူတို့ ရွာကား ကပ်ဘေးတွေလည်း သင့်နေတယ်.....

လူတို့ဌာနေ..လူတို့ရွာတွင်..မကြည့်တတ်လို့ မမြင်ကြဘူးဖြစ်နေတယ်..

လူတို့ဌာနေ..လူတို့ရွာတွင်..မတွေးတတ်လို့မသိကြဘူးဖြစ်နေတယ်..

မသိကြလို့  မဆင်မချင် လုပ်ချင်ရာလုပ်  ပြောချင်ရာပြောဖြစ်နေတယ်...

ဆင်ချင်တုံတရားနည်းလှတယ်..လူတို့ ဌာနေလူတို့ ရွာကို သာယာဝပြောစေချင်တယ်...

လူတို့ ဌာနေလူတို့ ရွာကို..လူအခြင်းခြင်း  သတ်ဖြတ်ခြင်းမှ ကင်းဝေးစေချင်လှပါတယ်...

လူတို့ ဌာနေလူတို့ ရွာကို..သွေးချောင်းစီးတာမကြည့်ချင်တယ်....

လူတို့ ဌာနေလူတို့ ရွာကို..ငတ်မွတ်ဆာလောင်..မြေတွေပြိုကာ
ငလျှင်တွေလှုပ်...
ရေတွေလွှမ်းနဲ့ ..

မမြင်ချင်လည်းမြင်နေရတယ်..မကြည့်ချင်လည်းတွေ့ နေရတယ်...


မေတ္တာ ခေါင်းပါး လူတို့ရွာလေး နှိပ်စက်ခြင်းမှ ဝေးပါစေကြောင်း
သတ်ဖြတ်ခြင်းမှ ဝေးပါစေကြာင်း...


ငတ်မွတ်ခြင်းမှဝေးပါစေကြာင်း..ဆုတောင်း မေတ္တာပို့ လိုက်တယ်.......


လူတို့ဌာနေ..လူတို့ရွာလေး မေတ္တာလေးဘဲပို့တတ်တယ်....

6 comments:

  1. သိပ်ကောင်းတယ်ဗျာ.....မယဉ်မင်းေ၇..ရေးတတ်တယ်ဗျာ

    ReplyDelete
  2. စာစရေးတုန်းက စာလေ ပြန်တင်ထားတာ

    ReplyDelete
  3. အစ်မယဉ်မင်းခိုင် စာစရေးတုန်းကဆိုပေမယ့် ခံစားချက်နဲ့ရေးလို့ထင်ရဲ့ ကွက်ကွက်ကွင်းကွင်းပဲ မြင်ယောင်ခံစားရတယ်...
    စာပိုဒ်ဆုံးထိဖတ်ပြီး ကျနော် ဆွေးဆွေးလေးတောင် ပြုံးမိပါသေးတယ် ... ^_^

    ReplyDelete
  4. ဆွေးသလားမမေးနဲ့ 
    ဘ၀ အဆက်ဆက်

    ဆွေးရတဲ့စစ်လေနော်

    ReplyDelete
  5. လာဖတ်သွားပါတယ်ခင်ဗျာ

    ReplyDelete
  6. ကျေးဇူးတင်တယ်နော်

    ReplyDelete