Pages

Wednesday, April 28, 2010

အပြိုင်ပြိုတဲ့ မိုး




သံယောဇဉ်အပူတွေနဲ့

ငါ့ကိုနောက်သလိုပြောင်သလို
လာမလောင်ကျွမ်းပါစေနဲ့ကွာ
အငွေ့ ပျံပျောက်ဆုံးသွားမှာ
ငါကိုယ်ငါ မစိုးရိမ်ပါဘူး
ကောင်းကင်မှာ ငွေ့ ရည်ဖွဲ့ ပြီး
မြေပြင်ပေါ်ပြန်လည်ရွာချတဲ့အခါ
မင်းစိုဆွတ်သွားမှာပဲ
ငါသေလောက်အောင်ကြောက်တယ်...........


သူငယ်ချင်းလေးလက်ဆောင်ပါ
~~~~~~~~~~ဘိုဘိုလေ;~~~~~~~~~~~~



သံယောဇဉ် မိုးရွာ သွန်းဖြိုး
စိုပါစေလေ စိုတဲ့ရေက အေးနေတာမို့ 
ရင်ထဲကအပူ ငြိမ်းပါတယ်
သံယောဇဉ် မိုးရွာ သွန်းဖြိုးတာ
ကောင်းကင်ထက်ကငွေ့ ရည်ဖွဲ့ ပြီး
မိုးရွာတာ နော် မိုးသီးပါလဲ
မမှု့ပါဘူး သံယောဇဉ်အပူ
ရင်လှိုက်ဆူလို့  သေသွားပါစေ
ရိုးရိုးလေးပဲ ချစ်ခဲ့ တာမို့ 
သံယောဇဉ် တမျှင်တန်း
ရှင်ခန်းဘယ်သူဖြတ်နိုင်မယ်
*မ *မျက်ဝန်းကကျတဲ့ မျက်ရည်
မိုးရွာတာထက် များနေတယ်
ကျတဲ့ မျက်ရည်
သံယောဇဉ်မြစ်
်ဖြစ်နေတယ်

ချစ်သူလေးကို
လွမ်းနေတာမို့ 

ရင်နာကြေကွဲ သေသွားတောင်မှ
မင်းစိတ်နဲပဲ ငါသေနိုင်တယ်
သူငယ်ချင်းလေး ချစ်သူရယ်။

မ..မ








11 comments:

  1. ချစ်သူလေးကို
    လွမ်းနေတာမို့ 
    ရင်နာကြေကွဲ သေသွားတောင်မှ
    မင်းစိတ်နဲပဲ ငါသေနိုင်တယ်
    တကယ်ပဲတိုက်ဆိုင်နိုင်လိုက်တာ
    ခံစားသွားပါတယ်မ မ

    ReplyDelete
  2. မိုးလကုန်သွားရင်ကော

    ReplyDelete
  3. အစ်မရေ မျက်ရည်တွေဆိုတာ သွေးကဖြစ်တာလို့ကြားဖူးတယ်နော်
    အရမ်းမငိုစေချင်ဘူးလေ....
    မိုးနဲ့ အပြိုင်ရွာမဲ့မျက်ရည်တွေဆိုတော့
    ရေကြီးမှာတော့ ကြောက်မိတယ်နော်....

    ReplyDelete
  4. တိုက်ဆိုင်မှုကရှိတတ်ပါတယ်......။

    လူတူမရှား နာမည်တူမရှားပေါ့နော်........။

    ReplyDelete
  5. ဆောင်းဆန္ဒ.............။

    ဆောင်းဆန္ဒ.............။


    ဆောင်းဆန္ဒ.............။

    ReplyDelete
  6. မိုးရွာတာထက် ......................များနေတယ်

    ကျတဲ့ မျက်ရည်........။

    သံယောဇဉ်မြစ်ဖြစ်နေတယ်.............။

    ReplyDelete
  7. ကျမျက်ရည်ချောင်းဖြစ်အောင်ကနေ
    ကျမျက်ရည် မြစ်ဖြစ်အောင်ပြောင်းရမယ်
    ဒါမှမလောက်ဘူးဆိုရင်
    ကျမျက်ရည် ပင်လယ်ဖြစ်အောင်ပေါ့
    ထပ်တိုးခြင်သေးရင် ကျွန်းကြီးလေးကျွန်းက
    သမုဒ္ဒရာကြီးလေးစင်းဖြစ်အောင်ပေါ့
    ဟဲဟဲ......

    ReplyDelete
  8. သံယောဇဉ်က...ဘာနဲ့တိုင်းလည်းးးးးးးးးး

    မသိလို့နော်မေးကြည့်တာပါ....

    သူငယ်ချင်းလေး....???????

    ReplyDelete
  9. သံယောဇဉ်ကိုတိုင်းတာပြရရင်
    တံတိုင်းတွေကာနေတယ်လို့
    ပြောရရင် မှားတယ်ဆိုပြန်မှာမို့
    ဒီမေးခွန်းကို ဖြေဘို့ငြင်းပါစေလားဗျာ...

    ReplyDelete
  10. မမြင်ရတဲ့တံတိုင်းတွေ
    ဘယ်လိုကာဆီးပါစေ
    ရေမြေတွေ ဘယ်လောက်ဝေးပါစေ
    ကမ္ဘာတဖက်စီ မိုင်ထောင်ချီလည်း
    မိုင်ပေါင်းကုဋေ
    ဝေးနေခဲ့လည်း
    သံယောဇဉ်အစစ်မို့
    ရင်နင့်အောင်ချစ်ပါတယ်

    ReplyDelete