Pages

Tuesday, May 11, 2010

ချစ်သူအစစ် တကယ်ဖြစ်လို့ ဘာတွေဖြစ်ပေ့စေ ပေါင်းမယ်လေနော်



အချစ်ကို ပုံစံမျိုးစုံနဲ့ တွေ့နေရတယ်  မြင်နေရတယ်  ကြားနေရတယ် ဘာသာတူ လူမျိုးတူတယ်၊

ဘာသာမတူ ၊လူမျိုးကွဲတယ် အသက်ငယ်တယ် အသက်ကြီးတယ် ရွယ်တူ တန်းတူခွဲခြားမနေပါဘူး

ချစ်နေကြတယ် သာတာ နာတာ တွက်တတ်တဲ့ လူရှိသလို

ရာထူးဂုဏ်ထူး ကြည့်တတ်တဲ့လူရှိတယ် ဆင်းရဲ ချမ်းသာ တွက်တတ်တဲ့သူရှိတယ်။

ဆင်းရဲ ချမ်းသာ ထည့် မတွက်တတ်တဲ့သူရှိတယ်။

အပျို အအိုရွေးတတ်တဲ့သူ ရှိသလို အပျို အအို မရွေးပဲ ချစ်တတ်တဲ့သူရှိတယ်။

ချစ်တယ်ပြောပြီး ငွေချူစားတတ်တဲ့သူရှိတယ် ချစ်လွန်းလို့ ပေးကမ်း နေတဲ့ သူတွေရှိတယ်

ယောင်္ကျားခြင်း ချစ်တတ်ကြသလို မိန်းမခြင်း ချစ်တတ်ကြတယ်လေနော်


အချစ်က ရက်စက်တတ်သလို အချစ်ကကြင်နာတတ်တယ် အချစ်ကသနားတတ်သလို

အချစ်က ယုတ်မာတတ်တယ် အချစ်က လှည့်စာတတ်တယ် အချစ်က ကောက်ကျစ်တတ်တယ်
အချစ်က ဟန်ဆောင်တတ်သလို အချစ်က ပွင့်လင်းတတ်တယ်

အချစ်က ခက်ထန်တတ်သလို အချစ်က နူးညံတတ်တယ် အချစ်က စွန့်လွတ်တတ်သလို

အချစ်က ပိုင်ဆိုင်ချင်တတ်ကြတယ် အချစ်က ရယူတတ်သလို အချစ်က အနိုင်ကျင့်တတ်တယ် ။

အချစ်ကို စိတ်ရဲ့ ခံစားချက်အတိုင်း ပုံစံမျိုးစုံ တွေ့နေရပါတယ။်


တကယ်စစ်မှန်တဲ့ အချစ်ကတော့ မိဘလိုတမျိုး မောင်နှမလိုတသွယ်

သူငယ်ချင်းလို တစ်မျိုး မိသားစုလို ဆွေမျိုးလို စောင့်ရှောက် ချစ်ခင်နေထိုင်ပေါင်းသင်နိုင်မှ 

တကယ်အချစ်စစ် တည်မြဲတဲ့ အချစ်ဖြစ်ပါတယ်။

အိမ်ထောင် တစ်ခု ထူထောင်တာ လွယ်ပါတယ် မိသားစုလို နေထိုင်ဖို့ခက်တယ်လေနော်

တစ်မိသားစုနဲ့ တစ်မိသားစု တွေ့ကြတယ် စုံကြတယ်ကောင်းတာလည်း ပါတယ်

ဆိုးတာလည်း ပါတယ်လေနော် ဆင်းရဲတာကို အပြစ်တင်ချင်သလို ချမ်းသာတာကို

ဂုဏ် လုပ်ချင်ကြတယ်လေနော် ပညာ မတတ်တာကို ကဲ့ရဲ့ချင်သလို ပညာတတ်တာကို ကြွားဝါ
ချင်တတ်ကြတယ်လေနော်

မိဘတွေက ကိုယ့်သားသမီးကို အပြစ်ကင်း ပညာတတ် ဂုဏ်ရှိ ကြွယ်ဝ ချမ်းသာ စေချင်ကြတယ်လေနော်

မိဘတိုင်းကလည်း ခြောက်ပြစ်ကင်း သည်းလဲစင် ဒီလိုမျိုးမှကြိုက်နှစ်သက် လက်ခံချင်တတ်ကြပါတယ်။

ကိုယ့်သားသမီးထူထောင်မည့် အိမ်ထောင်ရေးကို ကေင်းမွန်တင့်တယ် စေချင်ကြတယ်လေနော်

ဒါကြောင့် ဘ၀ နှစ်ခုပေါင်းစည်းပြီး တစ်ခုတည်းအဖြစ် တူတူနေထိုင် လောကကိုဖြတ်သန်း

ကျော်လွှား ရင်ဆိုင်ရမှာဖြစ်လို့ ချစ်သူ အစစ်ဖြစ်ဖို့ လိုပါတယ်နော်။


ချစ်သူအစစ်

အပြစ်မမြင် ချစ်ခင်ကြင်နာ

ယုယထွေးပွေ့ ကျိုးကျိုးကမ်းကမ်း

မပြစ်ထား ပူပင်မှု့ဆိုမပေးလို

ကိုယ်စားမယ့် အစာသူတွက်ပါ

ရှာဖွေကျွေးမွေး စောင့်ရှောက်ပေး

ဘ၀မုန်တိုင်း လှိုင်းကြမ်းပါစေ

ချစ်သူအစစ် တကယ်ဖြစ်လို့

ဘာတွေဖြစ်ဖြစ်ပေ့စေ

ပေါင်းမယ်လေ................

2 comments:

  1. ပေါင်းဘူးကွာ
    သူမှ သူပါ ပဲ ကွယ်လို့ 
    စွဲလမ်း နှောင်ရစ် အချစ်ကြီးချစ်မိ----

    ReplyDelete
  2. အေးပါဟယ် စိတ်ချမ်းသာပြီးရော

    ဒါမှကမ္ဘာကြီးငြိမ်းချမ်းမှာ

    ReplyDelete