Pages

Saturday, May 1, 2010

မိုးညင်းမှ အံ့ဖွယ်လူခြောက်ကလေး၏ ရှင်ပြု မင်္ဂလာ


အံ့ဖွယ်လူသားဟုဆိုနိုင်လောက်သော လူခြောက်ကလေး၏ ရှင်ပြုအလှူပွဲတစ်ခု ကချင်ပြည်နယ် မိုးညှင်းတွင် ပြုလုပ် ခဲ့ပါသည်။
လူခြောက်ဟုဆိုသည်နှင့် မြန်မာတို့၏လူမှုရေးနယ်ပယ်တွင် စိတ်ဝင်စားဖွယ်ဖြစ်ကြရသည်။ လူ ခြောက်က လေးမွေးတယ်ဟုဆိုသည်နှင့် လူခြောက်မွေးဖွားသောအိမ်မှာ စီးပွားရေးအလားအလာ ရွှေတောင် တက်ခဲ့ရ သည်ဟု ကြားဖူး နားဝရှိကြသည်။ လူခြောက်၏ဖြစ်စဉ်မှာ ၀ိညာဉ်ပိုင်းဆိုင်ရာသုံးနှုန်းမှုများတွင် 'အ၀ိ ညာဏ က'ဟု ခွဲခြားသတ်မှတ် ရမည့်ဟန် ရှိသည်။ ယခုတွေ့ရှိရသော လူခြောက်ကလေးမှာ လူ့သက်တမ်း ဆယ်နှစ် အရွယ်ရှိနေပြီဖြစ်သော မောင်ငြိမ်းချမ်းဝင်း အမည် ရသူဖြစ်သည်။ ယခုနှစ်မတ်၏ လကုန်ရက်ပိုင်း၌ ကချင်ပြည်နယ် မိုးညှင်းမြို့ပေါ်၌ရှိသော ပညာရောင်ခြည် ပျော်ဖွယ်စာသင် တိုက်၌ သားရှင်ပြုအလှူပွဲတစ်ခုနှင့် ကြုံကြိုက်ခဲ့ရသည်။ မိုးညှင်းမြို့ ပျော်ဖွယ်ရပ်ကွက်နေ ဦးမင်းနိုင်၊ ဒေါ်မမကြီးတို့၏ ရင်သွေးအငယ်ဖြစ်သူ မောင်ငြိမ်း ချမ်းဝင်းမှာ သာမန်မနုဿလူဟုပြော၍မရသော လူခြောက်ဟုအခေါ်ခံရသူဖြစ်သည်။
ထိုလူခြောက်ကလေး မောင်ငြိမ်းချမ်းဝင်းအား မိဘနှစ်ပါးတို့က သင်္ကန်းပရိက္ခရာ စုံလင်စွာဖြင့် သားရှင် ပြုအလှူပွဲကြီးပြုလုပ်ခဲ့သည်။ ပညာရောင်ခြည်စာသင်တိုက်တွင်ရှိနေသော စာသင်စာချသံဃာအပါး ၁၀၀ ကျော်တို့အား ဆွမ်းကပ်၍ အလှူ ကြီးပေးခဲ့သော ပဗ္ဗဇ္ဇမင်္ဂလာပွဲဖြစ်သည်။ မောင်ငြိမ်းချမ်းဝင်းအား ရှင်သာ မဏေပြုပေးရာ၌ သံဃာတော် ကိုးပါးတို့ကိုပင့်၍ သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့သည်။
လူခြောက်ကလေးမောင်ငြိမ်းချမ်းဝင်း၏ ရှင်သာမဏေဘွဲ့တော်မှာ ရှင်ရာဏိန္ဒဟု ကျောင်းထိုင်ဆရာတော် ဦးပညောဘာသက အမိန့်ရှိ၏။ အရပ် ကိုးလက်မ၊ ရင်အကျယ်သုံးလက်မအရွယ်ရှိသော မောင်ငြိမ်းချမ်း ၀င်း၏ ထူးကဲသော ရှင်ပြုပွဲကို ကြားသိရသူ အပေါင်းက စိတ်ဝင်တစားဖြစ်နေခဲ့ကြသည်။ ၂၀၀၁ခုနှစ် ဇန်န၀ါရီ ၁ရက်က မွေးဖွားလာခဲ့သော မောင်ငြိမ်း ချမ်းဝင်းမှာ သားသမီးကိုယ်၌ အငယ်ဆုံးဟုသိရသည်။
Credit : Ygn Media CRAZYFIST

7 comments:

  1. အခုမှ..တွေ့ ဘူးတော့တာဘဲ..ကြားဖူးတယ်ဗျ..
    ကျေးဇူးပါဗျာ

    ReplyDelete
  2. လာလည်တာပြန်ကျေးဇူးတင်ပါတယ်နော်

    ReplyDelete
  3. ထူးဆန်းတယ်နော်။အခုမှမြင်ဘူးတယ်။ကျေးဇူးပါဗျာ။

    ReplyDelete
  4. အင်းတူတူပဲလေခုမှတွေ့ဘူးတာလေဒါကြာင်တင်ထားတာ

    ReplyDelete
  5. ထူးဆန်းမှုကိုမြင်ရပါတယ် ...

    ReplyDelete
  6. ကြားသာ ကြားဖူးတာ တစ်ခါမှ မမြင်ဖူးဘူး .. ဗဟုသုတ ရပါတယ်ဗျာ .. ကျေးဇူးတင်တယ်အမ ရေ ...

    ReplyDelete
  7. အင်းထူးဆန်းတယ်နော်
    ကူးသွားပြန်ပြီအစ်မရေ
    အစ်မဆိုက်ကကျွန်တော့အတွက်တော့ဟန်ကျတယ်နော် အကုန်လုံးနီးပါလိုက်ကူးနေတာ

    ReplyDelete