Pages

Wednesday, May 19, 2010

``လူ`` လို့ ခေါ်လား

 
ငါတို့ နိုင်ငံ ၊ ငါတို့ လူမျိုး

ရေတော့ရှိရဲ့ရေပျောက်နေတယ်

ငွေတော့ရှိရဲ့ငွေပျောက်နေတယ်

နေပူပူမှာ ရေလှုမယ့် သူစောင့်နေတယ်

သေနတ်သံ ဗုံးဒဏ် နေပူဒဏ်

နာဂစ် ကလည်းသိပ်ချစ်နေလို့ ခေါ်ဆောင်တယ်

ဒါငါတို့  ပြည်ရွှေနိုင်ငံတဲ့

မကြုံစဖူးကြားရတယ်

မယုံနိုင်ဘူးတွေ့နေတယ်

ပြောချင်တော့ဘူးငါမောတယ်

အတ္တကြီးတော့ ဒီလိုအဖြစ်မျိုးဖြစ်နေတယ်

မေတ္တာရားလွန်ခေါင်းပါးတော့

လူနဲ့လူချင်းမကြည့်တတ်ဘူးဖြစ်နေတယ်

အတ္တကင်းစင်ဤတိုင်းပြည်တွင်

တတ်နိုင်သမျှကူညီဖို့ ကို

လူအစစ် မှကျင့်နိုင်တယ်

ကိုယ့်ဘာသာကိုယ် ``လူ``လို့ ခေါ်မလား

သေချာစမ်းစစ်ကြည့်ပေါ့ဟယ် .....................

4 comments:

  1. အမရေ....... အရမ်းကောင်းတယ်ဗျာ မ၀ံ့မရဲနဲ့ပဲထောက်ခံလိုက်တယ်နော်.......ဟဲဟဲ

    ReplyDelete
  2. ` လူ ´ ပါ မမခိုင်၊ ဒါပေမယ့် သောကမီး၊ အပူမီး နဲ့ ထိတ်လန့်မီးတွေနဲ့ ၀ိုင်းရံနေတဲ့ လူတွေပေါ့ ။

    ReplyDelete
  3. ခပ်ပြင်းပြင်းကဗျာလေး။ အရမ်းနှစ်သက်မိတယ် မ ရေ။

    ReplyDelete
  4. လူထဲကလူပေမယ့် လူစိတ်ပျောက်နေကြတယ်လို့ ခံစားရတယ် မမရေ။

    ReplyDelete