Pages

Sunday, May 2, 2010

အမှား အမှန် ကုသိုလ် အကုသိုလ် သင်အိပ်ရာဝင် အိပ်ရာထ စဉ်းစားပါ။။

သင်ကျမ်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်သလို 

သင်အိပ်ရာဝင် အိပ်ရာထမှာ  အသက်ရှူလေ့ကျင့်ပါ


သင်မျက်နှာသစ်တာနဲ့  မေတ္တာလေးပို့ပါ

သင်အချိန်ရရင်တော့  တရားလေးဖွင့်ထားပေါ့

သင်အချိန်မရရင်တော့  သွားရင်းလာရင်း

သင်ဘုရားစာလေးရွတ် ပြီးသွားပါ

သင်လှူစရာကတော့လွယ်ပါတယ်

သင်ဘုရားသောက်တော်ရေလေးကပ်ပါ

သင်သတ္တ၀ါလေးတွေကို မြင်မြင်သမျှ

ကြင်နာတတ်ပါ သနားတတ်ပါ

သင်အသက်အရွယ် ကြီးတဲ့လူများကို

ရိုသေစွာဆက်ဆံပါ ရွယ်တူကို လေးစားစွာဆက်ဆံပါ

သင်ငယ်တဲ့သူများကို ကြင်နာစွာဆက်ဆံပါ ။

ကြုံရင်ကြုံသလိုလှူ  တတ်ပါ။

သင်ဖိတ်စာရိုက်လှူ လူရွေးဖိတ် ချမ်းသာမှပေါင်း

ကိုယ်ထက်သာမနာလို  လိုအပ်ရင်ခေါ်

မြင်သမျှဘ၀င်မကျ အပြစ်တင်တာအရင်

မတွေ့ခင်ကမုန်းချင်ချင် ပြောပြန်ရင်လဲ အဆဲပါချင်

မလုပ်တတ်တာကအရင်  သင်ပေးတော့လဲ စိတ်မ၀င်စား

ပြောပြန်တော့လဲနားမ၀င်  ခိုင်းပြန်တော့လဲမလုပ်ချင်

သင်သိသလားဆို အကုန်သိတယ် တတ်သလားဆို အကုန်တတ်တယ်

သင်ဘာလုပ်သလဲ မေးမယ် ယခုရေးထားသောစာကို

မှားရင်ပြင်နိုင်ပါသည်။။

သင်တနေကုန်လုပ်ခဲ့သောအကြောင်း
အရာများကို

အမှား အမှန် ကုသိုလ် အကုသိုလ်

သင်အိပ်ရာဝင် အိပ်ရာထ စဉ်းစားပါ။။

2 comments:

  1. အော်နားထောင်တယ်ပေါ့..............P

    ReplyDelete