Pages

Tuesday, May 4, 2010

မေလ (၉) ရက်နေ့အမေများနေ့ အတွက် မေမေ နဲ့ပတ်သက်ပြီး အမှတ်တရ

မေလ (၉) ရက်နေ့အမေများနေ့ အတွက် မေမေ နဲ့ပတ်သက်ပြီး အမှတ်တရ


http://images.yinminkhine.multiply.multiplycontent.com/attachment/0/S9wfwgooCkUAAHXdXDw1/motherfm5.jpg?nmid=333872452မေမေ သတိရတာပေါ့နော်
မေမေလို အားရပါးရအော်ခေါ်ချင်လည်း
ဘ၀တစ်ပါး
ကူးပြောင်းသွားတော့ 
မြင့် မိုရ်ရွှေတောင်ပျောက်သလိုပေါ့
အိမ်ပြန်ဖို့ တောင်အိမ်တန်းပြန်ဖို့ ခက်နေတယ။် ခေါင်းလေးပွတ်သတ် အမေချော့တာ သတိရလည်း
ရင်ငွေ့နွေးနွေး
ပြန်မရပြီ အမေ့ မေတ္တာငတ်တာကြာပေါ့
အမေ မန်းမှုတ်
ထမင်းဆုပ်ကို
မစားရတာလည်းကြာပါပြီဟယ် နေမကောင်းရင် ထမင်းလေးမီးဖုတ် ရေအေးလေးနဲ့ 
မန်းမှုတ်ပြီးတော့ ကျွေးတတ်တယ်
အမေလို့လည်း အော်ခေါ် ရင်းနဲ့
အားရပါးရရှိုက်ငင် ငိုကျွေးခဲ့ပါတယ်။
ထူးသူမရှိ ရင်ထဲနာကျင် လွမ်းမောရင်းနဲ့ 
သမီးတစ်ယောက် အလွမ်းမပြေ
အိပ်ရာထက်မှာ ယောင်ယမ်းခေါ်ငင်မိနေတယ်
အမေ အမေ
ရေးမိနေတိုင်း မျက်ရည်
အလိုလိုကျနေတယ်

သတိရနေတယ်
အောက်မေ့နေတယ်
အမေ့ကိုလေလွမ်းနေတယ်
အမေ့မေတ္တာ ပမာနိုင်းဆိုမပြောလိုဘူး
 မြင့်မိုလ်ရွှေတောင်
သေးနေတယ်

အမေ့မေတ္တာ ပမာနိုင်းဆိုမပြောလိုဘူး
စမ်းရေထက်လည်း
အေးနေတယ်..
ထိုစမ်းနွေခါခမ်းသောကြောင့်

အမေ့မေတ္တာ ပမာနိုင်းဆိုမပြောလိုဘူး ပန်းရွှေကြာထက်လန်းနေတယ်....
ထိုပန်းရွှေကြာနွမ်းသောကြောင့်

ပြောမပြတတ်အောင်လွမ်းနေတယ်
အမေ
မေမေ
အော်ခေါ်ရင်းနဲ့  ပြန်မထူးနိုင်တာသိနေတယ်

သူများထက်လည်းလွမ်းနေတယ်

အမေပျောက်သူရင်လှိုက်ဆူလို့  အမေမရှိတော့မှပိုသိတယ်
အမေ့
စိတ်ပုတီး
သမီးအမွေ ယူထားတယ်
အမေ့ အတွက် အမေ့အတွက်နဲ့  လှုတိုင်းကုသိုလ်လုပ်ပါတယ်
ခံစားတတ်သူရင်ဘတ်တူသူ အမေချစ်သူသိပါတယ်။........။

4 comments:

  1. သော်တာလည်း အမေဆုံးသွားတာကြာပါပြီ မ။ တကယ်ခံစားပြီးဖတ်ခဲ့တယ်နော်။

    ReplyDelete
  2. တူတူပေါ့ 
    အမေအတွက်သတိတယ
    ရေးနေတော့ သတိရလွန်းလို့ မျက်ရည်ကျတယ်
    ခေါင်းတောင်မထူနိုင်ဘူး ကိုက်ရော
    လောကမယ် အမေကလွဲလို့ ဘယ်သူမှမချစ်တတ်ဘူးလေ
    အမေကို ဘာနဲ့ မှလဲလို့ မရမှန်းသိလိုက်တယ်
    စ္စည်းစိမ်ဥစ္စာနဲ့ လည်းမလည်းနိုင်ဘူး
    အလိုလိုက်တာကအမေ
    အကြိုက်ဆောင်တာကအမေ
    ဆိုးလို့ အကောင်းဆုံးကအမေ
    ချွဲနွဲ့ လိုအကောင်းဆုံးကအမေလေ
    အမေ့ကိုဆိုးတအားဆိုးခဲ့တာလေ
    အဖေကြောက်လေ အမေ့ကိုဆိုးလေပေါ့
    မမက အိမ်မယ် အဆိုးဆုံးလေ
    အမေကမမကိုစကားနဲ့ လေသံမာမာတောင်မသုံးဘူးဘူးလေ
    ခုတော့  ၁၁ နှစ်ရှိပြီ မေမေခွဲ ထားခဲ့တာလေ

    ReplyDelete
  3. မိခင်တန်ဖိုးကြီးမားတာ အမှန်ပါ။

    ReplyDelete
  4. သေချာတယ်
    ဘာမှနဲ့မှမလည်းနိုင်ပါဘူး
    ပစ္စည်းနဲ့အမေ
    ပညာနဲ့ အမေ
    ရာထူးနဲ့အမေ
    ချစ်သူနဲ့ အမေ
    အမေကို ဘာနဲ့မှမလည်းနိုင်ပါဘူး
    တန်ဖိုးထားချစ်တတ်ပါစေနော့

    ReplyDelete